မင်းလေးနောက်လှည့်ပြီး ပြန်လာ....
ငါ့ဘဝလေးက မင်းလေးမရှိလို့မဖြစ်တဲ့ဘဝ....
မျှော်လင့်မိတဲ့အချိန်တိုင်း အတွေးလေးနဲ့ရင်မော....
ရင်နစ်စွာနဲ့ချစ်ဆဲ....
နယူးဂျာစီမှာ ဘယ်လိုမှဆက်မနေနိုင်တော့ပဲ နယူးယောက်ကို မေအောင် အမြန်ပြန်လာခဲ့သည်... ကံဆိုသည်ကားကောင်းတခါဆိုးတလှည့်ဆိုကြပေမယ့် မေအောင့်အတွက် အဆိုးနဲ့ အညံ့ တလှည့်စီလားလို့ဆိုရမည်ထင်...ဟိုင်းဝေးလမ်းမရှိ ဥမင်ထဲတွင် ကားအင်းစီးဒင့် အကြီးအကြယ်ထပ်ဆင့်တိုက်မှုများနဲ့ ကြုံတွေ့ရလေသည်.... တချို့ကားများသည် ဆိုးဆိုးရွား တိုက်ခံထားရပြီး ၂စီးကြားညှပ်သည့်ကားကညှပ် မီးထတောက်နေသည့်ကားကတောက်နှင့် ဥမင်ထဲတွင် ကမ္ဘာပျက်နေသည်... ကားတစ်စီးက ထမီးလောက်သဖြင့် မိမိအသက်ထက်အရေးမကြီးဆိုသည့်အတိုင်း ဘယ်လိုမှထွက်မရတော့သည့် ကားများကိုထားကာ ဥမင်အပြင်သို့ ကိုယ်လွတ်ရုန်းကြသည်...တချို့ကား ထွက်မရ ပြေးမရဖြစ်နေကြသည်... တချို့က သတိမေ့နေကြသည်... တစ်ချို့ကား အသက်ပင်ဆိုးရိမ်ရသည့်အခြေအနေ... ဥမင်မီးသည်လည်း ပိတ်သည်ဇုံကပိတ်ကုန်သည်အထိ ကြောက်စရာ ကားအင့်စီးဒန့်ကြီးဖြစ်လေသည်.... မေအောင်ကားသည့် အဝနှင့် သိပ်မဝေးသည်မို့ ကားထားပြီးထွက်သွားလို့ရပေမယ့်... သေလည်းအေးတာပဲဆိုကာ စိတ်ကုန်နေသည့် စိတ်အပြင် နာကျင်ကြောက်လန့်စွာအော်ဟစ်နေကြသည့် လူများအသံကို လျစ်လျူရှုပြီး ရှောင်မထွက်သားချင်သည့် ဆရာဝန်စိတ်နှင့် တာဝန်ယူတတ်သည် စိတ်တို့ကြောင့် တချို့လူသားဆန်သည့်လူများနှင့်အတူ ကားတွေထဲတံခါးတွေညှပ်နေသည့်ကားတွေကို ကူညီဖွင့်ပေးလို့ဖွင့် မှန်များကို ခွဲပြီး ဆွဲထုတ်ပေးလို့ထုတ်ပေးလေသည်... မှောင်နေသည့်နေရာများတွင်လည်း ဖုန်းမီးများဖြင့်လိုက်ကာ ကူညီနေသည်... ထိုသို့ကူညီနေရင်း... ဆေးရုံကားများ ကယ်ဆယ်ရေးများလည်းရောက်လာကြလေသည်...
ထိုစဉ်မေအောင် ကားထဲကနေ လူတစ်ယောက်ကဖေးမဆွဲထုတ်ပြီး ကယ်ဆယ်ရေးတွေထဲလွှဲပြောင်းပေးနေစဉ် ဝါယာရှော့ တဖျက်ဖျက်လက်နေသည့်အတွင်းဖက်.... မေအောင့်နှင့် ကား ၇ စီးလောက်ခြားသည့်အကွာမှ... အိမ်စီးကားလေးထဲမှ မိန်းကလေးလက်တစ်ဖက်ထွက်လာသည်... ထိုမိန်းကလေးလက်ကိုမြင်လိုက်ချိန်မှာ မေအောင် ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းမသိ ခေါင်းတစ်ခုလုံးလဲထူပူသွားကာ ကြက်သီးတို့ ထမိသွားသည်.... သည်လက်ပိုင်ရှင်ကား ဘယ်သူလဲ ဘာလို့ ငါ ရင်တွေခုန်နေတာလဲ... ဆိုပြီး သူ့လက်မှလူကိုကယ်ဆယ်ရေးသမားဆီလွဲပြီး ထိုကားဆီသို့ သိလိုဇောဖြင့် သွားလေသည်.... စိတ်ထဲမှာလဲ အသိတွေဖြစ်နေပြီး အသက်မှရှိသေးရဲ့လား အဲ့ အသိက ချယ်ရီဆိုရင်ဆိုပြီး အရမ်းကို စိတ်ပူမိလေသည်....ထိုကားနားမရောက်ခင် ၄ စီးအလိုတွင်...
''ဒုံးဒုံးဒုံး''.... ''ကယ်ပါဦး...အား....''
ကားတစ်စီးထဲမှ ယောက်ကျားတစ်ယောက် တံခါးကိုကန်ဖွင့်နေသည်... ခေါင်းတစ်ခုလုံးလညး် သွေးတွေဖြင့် ရဲနေသည်... မေအောင်ထားခဲ့မယ်ဆိုပြီးတွေးလိုက်သည်... ပြီးမှမဖြစ်သေးပါဘူး တခါးကူဆွဲဖွင့်ထုတ်ပေးပြီးမှ သွားမယ်ဆိုပြီး အရင်ကူညီလေသည်... တံခါးကို ခက်ခက်ခဲခဲဖွင့်ပေးပြီးမှ လူကိုထုတ်ရလေသည်... နောက်ပြီး သွေးတွေထွက်နေတာကြောင့်ကားထဲတွေ့သည့် ကုတ်အကျီအဖြူဖြင့်ခေါင်းကပေါက်နေသည့်နေရာုဖိပေးထားလေသည်...ကယ်ဆယ်ရေးတွေဝင်လာတော့ ဒီမှာခေါ်သွားပါဦးဆိုပြီး လှမ်းခေါ်လိုက်ရာ ကယ်ဆယ်ရေးသမား၂ ယောက်ရောက်လာကာ လမ်းလျှောက်နိုင်လားမေးတော့ ထိုလူက ခေါင်းငြိမ့်ပြတာကြောင့် မေအောင့်ကို ခင်များပဲ အပြင်ကို တွဲထားပေးပါ... အထဲကလူတွေ ကျွန်တော်တို့ ထပ်သွားရှာရဦးမယ်ဆိုပြီးပြောလေသည်... မေအောင်လဲ ငြင်းရခက်ပြီး သွားရမလို ရှေ့ကားကိုပဲပြေးကြည့်ရမလိုဗျာများနေစဉ် ကားတစ်စီးက မီးဝုန်းခနဲထလောင်တာမို့ ကယ်ဆယ်ရေးသမားတွေကလည်းမေအောင်ကို သွားသွားဆိုပြီးတွန်းထုတ်လိုက်တာကြောင့် မထူးပါဘူး ဆိုပြီး ထိုသူကိုအပြင်ကိုတွဲထုတ်ထားပြီး အပြင်ကိုလဲ ခက်ခက်ခဲခဲထွက်ပြီးမှ နောက်ဆုံးရောက်လာသည့် လူနာတင်ကားပေါ်ထိတင်ပေးလိုက်ရသည်...ထိုသူက မေအောင့်လက်ကိုကိုင်ကာ ကျေးဇူးတင်ကြောင်းပြောလေသည်....လူနာတင်ကားမှ သူနာပြု ဆရာဝန်တို့ က လွှဲပြောင်းယူလိုက်ပြီး ယဉ်မောင်းမှ ကားနောက်တံခါးလာပိတ်သွားတာကြောင့်မေအောင် အမြန်ဖယ်ပေးလိုက်ရသည်... ကားထွက်သွားမှ သူ့လက်ထဲတွင် ဟိုလူ့ ကုတ်အကျီလေးကိုင်လျက်ကျန်နေတာကို သတိထားမိသည်... ကုတ်အကျီကလည်း ဆရာဝန်ဂျူတီကုတ်အကျီဖြစ်နေသည်... ရင်ထိုးကနာမည်က ဒေါက်တာသူရမောင် ဆိုပြီးတွေ့ရသဖြင့် သူကယ်ပေးလိုက်တာ မြန်မာဆရာဝန်တစ်ယောက်မှန်းသိလိုက်သည်... သူကုတ်အကျီကို ကျစ်နေအောင်ကိုင်ထားပြီး ဥမင်ထဲကိုပြန်ပေးဝင်ပြန်ရာ လုံခြုံရေးများလည်း ရောက်နေပြီဖြစ်သဖြင့် အသက်အန္တရာယ်ရှိတာကြောင့် မဝင်ရန်တားလေသည်... မေအောင်လည်း လုံခြုံရေးများအနားကနေ ကယ်ဆယ်ရေးကားတွေနားပြန်လာပြီး သူ့လက်ထဲက ဆရာဝန်ဂျူတီ ကုတ်အကျီကိုဝတ်ကာ ဆရာဝန်ဆိုပြီး ပြောဆိုကာအတင်းတိုးဝင်သွားလေသည်....ဂျူတီကုတ်သည်လည်းတိုင်းချုပ်ထားသလို ကွက်တိဖြစ်နေသည်... ကားနားရောက်တော့ ကားခေါင်းခန်းထဲတွင် သွေးများဖြင့်မြင်မကောင်းအောင် ဖြစ်နေပြီး ရှေ့ကားအောက်ထဲ ခေါင်းဝင်ထားတာကြောင့် ခေါင်းခန်းထဲကလူများသေဖို့များမှန်းတွေးလိုက်မိသည်... ခုဏက မိန်းကလေးလည်းကားထဲမရှိတော့ လူတွေတော့မရှိတော့ ဆွဲထုတ်သွားကြီပြီထင်သည်... နောက်ခန်းထဲမှာလည်းလူတစ်ယောက်မှမရှိပုံထောက်တော့ အကုန်လုံးကယ်ထုတ်သွားလောက်ပြီလို့တွေးလိုက်ပြီး.......ဥမင်အပြင်ကိုထွက်ပြီးလိုက်ရှာကြည်မယ်တွေးလိုက်သည်... တကယ်တော့ ကယ်ဆယ်ရေးက ဟိုဖက်ဒီဖက် ၂ ဖက်လုံးကမို့လို့ မေအောင် ဘယ်ဖက်ကိုသွားရှာရမလဲတွေးရင်း သူကယ်နေသည့်ဖက်ခြမ်းကိုပဲမသွားဘဲ သူသွားမည့် နယူးယောက်မြို့ဖက်ခြမ်းကိုသွားလေသည်....သူနှင့်သိသူတစ်ယောက်မှ မတွေ့တာမို့ တခြားဖက်ခြမး်ကိုလဲပြန်သွားကြည့်ဖို့ကမလွယ်တော့ချေ... နောက်ဆုံးသူလညး်ပင်ပန်းလွန်းလာသည့်အပြင် နယူးယောက်ခ်ထိပြန်ရဦးမှာမို့ လက်လျော့ကာ သူ့စိတ်ကိုသူဖြေကာ နယူယောက်ခ်ကိုပြန်ခဲ့ပြီး... နောက်နေ့ဆေးရုံစုံစမ်းပြီး လူနာတွေကြားထပ်ရှာဖို့ကြံသေးပေမယ့် သရဖီစိုး ဦးလေးကဖုန်းဆက်ပြီး သူတို့ အကြောင်းစုံသိသွားကြပြီမို့ မေအောင့်ကို အထင်လွဲကြသည်... အဲ့ကိစ္စကိုဖြေရှင်းဖို့ရှိလာတာကြောင့် ဂျမေကာကိုပြန်လာခဲ့ရတော့သည်... ကုတ်အကျီကိုလဲ လောင်ဒရီအပ်ကာ လျော်ဖွတ်စေပြီးဆေးရုံတံဆိပ်ပါတာကြောင့် ဟော်တယ်ကိုအကူအညီတောင်းပြီး ဒလီဗာရီ ကိုအပ်ကာပို့ပေးဖို့ခိုင်းပြီး စောပြန်သွားလိုက်ရလေသည်....
....................
အေပရယ်မောင် ဖတ်နေသည့် ဒိုင်ယာရီစာအုပ်လေးကိုပိတ်လိုက်ပြီး
''မာမီ ဦးမေအောင်ကယ်ခဲ့တာ ဒယ်ဒီများလား... ဦးမေအောင်တွေ့ခဲ့တဲ့ မိန်းကလေးလက်ဆိုတာ မာမီများလားဟင်...ဟယ် မာမီရယ်...ဘယ်လိုကံကြမ္မာများပါလိမ့်... ဖတ်ရတာနဲ့တင်... သမီးတောင်ဝမ်းနည်းလွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ဘူး...''
ဆိုပြီး ဒေါ်ချယ်ရီကို ကြည့်လိုက်ရာ မျက်ဝန်းတွေထဲ မျက်ရည်အပြည့်နှင့် ကုတင်ပေါ်က သတိမရနိုင်သေးသည့် ဦးမေအောင်ကို စမ်းတဝါးဝါးဖြင့်စမ်းကာ ပါးချင်းအပ်ကာ ရှိုက်ငိုနေသည်.... အေပရယ်မောင်တစ်ယောက် အမေ့ရဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းနှင့် ချစ်သူနှစ်ဦးတို့ရဲ့ မယုံနိုင်စရာကံတို့ကို အံ့သြလွန်းမကအံ့သြကာ သူပါဝမ်းနည်းကာ ငိုမိလေသည်... ဘေးကအမျိုးသား ကိုဆန်းမှ အေပရယ်မောင်ကို ပွေ့လိုက်တာမို့ ရင်ခွင်ထဲ မျက်နှာအပ်ကာ အေပရယ်မောင် ပါငိုမိလေသည်....ကိုဆန်းမှ အေပရယ်ကိုထိမ်းပြီး....
''အေပရယ် အန်တီကို နှစ်သိမ့်ပေးလိုက်ပါဦးကွယ်...သူအရမ်းခံစားနေရှာမှာ...အော် လွဲမှလွဲတတ်ပါ့ ဦးနဲ့အန်တီတို့ရယ်''
........................
မေလ ၆ ရက်နေ့....
ဦးမေအောင် မူးလဲကျသွားသည်... သူ့ခေါင်းထဲမှောင်မိုက်အတိကျသွားသည်.... သူ့မျှော်လင့်ချက်ဆိုသည့် ချယ်ရီပန်းလေးဟာ ကြွေသွားခဲ့တာ ၃ နှစ်တောင်ရှိခဲ့ပြီတဲ့... ချယ်ရီမရှိဘဲ ၃ နှစ်မပြောနဲ့ ၃ စက္ကန့်တောင်ငါမနေချင်... ငါ့ရှင်သန်ခြင်းရဲ့ အကြောင်းပြချက်က ချယ်ရီတစ်နေ့ပြန်လာတာကို ဒီကနေစောင့်နေဖို့သက်သက်...ထိုစဥ် သေမင်းက လက်တစ်ဖက်ဖြင့် သူ့ရင်ဖက်ကိုထိုးခွဲကာ ပျက်စီးနေသည့် သူ့နှလုံးသားကို မညှာမတာ ဆွဲညှစ်လိုက်သည်...သေမင်းနဲ့သူ ဒီတစ်ခါတော့ နပန်းပြန်မလုံးပဲ ငြိမ်နေသဖြင့် သေမင်းတောင်သူ့ကို အံ့သြသွားလေသည်....လုံးဝအမှောင်အတိကျသွားသည်....
''ကိုဆန်းကိုဆန်းလုပ်ပါဦး...ထူပါဦး ဦးလေးကို...''
အေပေရယ်မောင် တစ်ယောက် သူ့အမေ လွန်ခဲ့တဲ့ ၃ နှစ်က ဆုံးသွားပြီဆိုသည့်စကားကြောင့် မူးလဲကျသွားသည့် ဦးမေအောင်ကိုထူထားပေမယ့် မနိုင်မနင်းဖြစ်နေတော့သည်... ကိုဆန်းလည်း ချက်ချင်းဝင်တွဲလိုက်ရတော့သည်... ထိုအချိန်မှာ သူတို့နှင့်မတိမ်းမယိမ်း အမျိုးသားတစ်ယောက်အပြင်ကရောက်လာက အဖေဆိုပြီး ပြေးဝင်မလေသည်...
''ခင်များတို့ကားပါတယ်မလား လုပ်ဗျာ ဆေးရုံမြန်မြန်ပို့ကြပါ...အဖေ့မှာ နှလုံးရောဂါရှိတယ်ဗျ..''
''လာလာလာ''
ဆိုပြီး ကိုဆန်းနှင့် ဦးမေအောင်သားနှင့်တွဲပြီး အေပရယ် ဖွင့်ပေးထားသည့် တံခါးပေါက်ကနေကားထဲသွင်းကာ... ဦးမေအောင် သားပြသည့်လမ်းကနေ ကားကိုအမြန်မောင်းသွားကြလေသည်.... ဆေးရုံသို့ရောက်သည်နှင့် အရေးပေါ်သို့တန်းသွင်းကြလေသည်... ဦးမေအောင်သည် ဆေးရုံသို့လာနေကျ သို့မဟုတ် ပတ်သတ်မှုကြီးကြီးရှိသူဖြစ်ရမယ်လို့ အေပရယ်တို့တွေးလိုက်မိလေသည်...
ဆရာဝန်က လောလောဆယ်တော့ စောင့်ကြည့်ရမယ်ဆိုပြီး ပြောလာသည်... အေပရယ်လည်း ဦးမေအောင်သားကို မိတ်ဆက်လေသည်....
''အကိုက ဦးမေအောင်သားလားရှင်...''
ငယ်မှန်းကြီးမှန်းမသေချာတာကြောင့် အကိုလို့ပဲမေးလိုက်လေသည်...
''ဟုတ်ပါတယ်... ဒါနဲ့ခင်များတို့က အိမ်ဝယ်ချင်လို့လာတဲ့သူတွေလား... ဒီမှာတစ်ခုတော့ပြောမယ်ဗျာ... ဒီအ်ိမ်ကို ကျွန်တော့်အဖေကရောင်းမှာမဟုတ်ဘူး... ခင်များတို့ငွေပုံပေးလည်းသူရောင်းမှာမဟုတ်ဘူး... ခင်များတို့ဗျာ ခုလောက်ထိတော့ အတင်းအကြပ် မပြောသင့်ပါဘူး... တခြားအိမ်ကောင်းတွေလည်းအများကြီးပါ သွားဝယ်ကြစမ်းပါ... ဒီအိမ်လေးတော့လက်လျော့လိုက်ပါ...''
ဦးမေအောင်သားက သူ့အဖေဆီက အိမ်ကိုအတင်းလာဝယ်နေတာကြောင့် စိတ်မွန်းကြပ်ကာ မူးလဲကျသွားသည်လို့ထင်တာဖြစ်သည်.... သူကပြင်ဦးလွင်မြို့ထဲ ပစ္စည်းတစ်ခုလိုတာကြောင့် ထွက်သွားတုန်းလေး ဖြစ်သွားတာကြောင့် သူထင်တာကိုသူပြောလိုက်ခြင်းဖြစ်သည်... လေသံကတော့တော်တော်လေးမာသွားသည်... ပြောပြီးမှ သူလညး် အားနာမိသည်... ဒါပေမယ့် သူ့အဖေကိုစိုးရိမ်နေရတာကိုး....
ကိုဆန်းက အေပရယ်လက်ကုတ်လိုက်ပြီး... သူကရှေ့တက်ကာ...
''ဒီက နာမည်ဘယ်လိုခေါ်ရမလဲခင်မျာ... ကျွန်တော်ကကိုဆန်းပါ... သူက ကျွန်တော်အမျိုးသမီး အေပရယ်မောင်ပါ... ခင်များနဲနဲလေးတော့ အထင်လွဲနေတာဗျာ ပြောပြပါ့မယ်....''
ကိုဆန်းရဲ့ အေးဆေးတည်ငြိမ်ပြီး လူကြီးသူကောင်းဆန်ဆန်ပြောလာတာကြောင့် သူပိုအားနာသွားသည်...
''ကျွန်တော်က မိုးအောင်ပါ....အဖေ့ကိုစိတ်ပူသွားတာမို့ စကားနဲနဲပြောတာလောသွားတယ် တောင်းပန်ပါတယ်ဗျာ...''
ယဉ်ကျေးသူတို့ အပြုအမူအတိုင်းဦးစွာတောင်းပန်ုလိုက်တာကြောင့် တစ်ဖက်နှင့်တစ်ဖက် စကားပြောလို့ကောင်းသွားလေသည်....
''ရပါတယ်ခင်မျာ ကျွန်တော်တို့ နားလည်ပါတယ်... ကျွန်တော်တို့က အိမ်ဝယ်မလို့လာတာတော့ဟုတ်တယ်ဗျ... ဒါပေမယ့် ဦးမေအောင်မူးလဲသွားတာက သူစောင့်နေတဲ့ ဒေါ်မေချယ်ရီမောင် ဆုံးသွားပြီဆိုတာကိုသိလိုက်ရတာကြောင့်ပါ...''
အေပရယ်ရော ကိုဆန်းရော အံ့သြသွားသည့် ကိုမိုးအောင်က ဒေါ်ချယ်ရီကိုသိနေတာကြောင့်ဖြစ်သည်... မိမိအချစ်ဦးနဲ့ မဆုံဆည်းသူတို့သည် ရင်ထဲကနေ သတိရကြမည် လွမ်းဆွတ်ကြမည် တိုက်ဆိုင်တိုင်းတမ်းတမိကြမည် မိမိခင်ပွန်းတွေသိရင်တောင် သားသမီးထိသိသူကတော့တကယ်ကိုရှားသည်... ခုတော့ ထိုရှားပါးသူထဲ ဦးမေအောင်ပါနေပါလား ဆိုပြီး ဘယ်လိုကြောင့်သိသည် သိချင်နေကြတော့သည်...
''ကို...ကိုမိုးအောင်လည်းမေမေ့ကိုသိနေတာပေါ့''
''မေမေ... မအေပရယ်မောင်က ဒေါ်မေချယ်ရီ့သမီးလား...''
''ဟုတ်ပါတယ်ရှင်...''
''ဟာ...''
၃ ယောက်သားကြားထဲ ခဏတိတ်ဆိတ်သွားသည်... ကိုမိုးအောင်က စကားတော့ အေးဆေးပြောမှဆိုကာ ဆေးရုံဝင်းထဲက ကျောက်စားပွဲခုံလေးတွင်ထိုင်ကာ... ကိုမိုးအောင်ကပဲစပြောလိုက်သည်...
''အဖေက ဒေါ်ချယ်ရီ့ကိုစောင့်နေတာဗျ... သူကျန်းမာရေးမကောင်းတော့တာကြောင့် သူက သူမရှိတော့လို့ ရောက်များရောက်လာခဲ့ရင်ဆိုပြီး ကြိုပြင်ဆင်ထားသေးတယ်...ကျွန်တော်ကလည်း အဖေကမကထလုပ်ထားတဲ့ ပရဟိတ အလုပ်တွေကို အဖေ့ကိုယ်စားလိုက်လုပ်ပေးနေတာဆိုတော့ တစ်ခါတစ်လေ နယ်တွေသွားရတယ်... အဖေလို ဆရာဝန်မဟုတ်တော့ ... ဆေးတော့မကုတတ်ဘူးလေ... အဲ့တော့ လုပ်နိုင်တာလုပ်တတ်တာဆိုလို့... အင်္ဂလိပ်စာသင်တာရယ်... တခါတလေ အဖေ့ရဲ့ ဆရာတော်တွေ နိုင်ငံခြားသွားရင် ဘာသာပြန်သဘောနဲ့လိုက်ပေးရတာတွေရှိပါတယ်... ခုတောင်အဖေကျောင်းတက်တုန်းက ထရစ်သွားခဲ့တဲ့ ကွတ်ခိုင်မှာရှိတဲ့ ရှမ်းဘုန်းကြီးကျောင်းအတွက်လိုအပ်တာတွေသွားပို့ ပြင်ဆင်စရာရှိပြင်ဆင်ရင်း ရသလောက်အချိန်လေးမှာ ကလေးတွေစာပြပြီး ပြန်လာတာ အိမ်ကရေဘုံဘိုင်ခေါင်းလေးပျက်နေတာလဲမလို့ မြို့ထဲသွားနေတုန်းဆိုတော့ ဘာတွေ ပြောလိုက်ကြမှန်းမသိဘဲ စိတ်ထင်ရာပြောမိတာထပ်တောင်းပန်ပါတယ်... ဒေါ်ချယ်ရီဆုံးသွားပြီဆိုတော့ ကျွန်တော်တော့ အဖေ့ကိုလည်းဒီတစ်ခါတော့လက်လွှတ်ရတော့မယ်ထင်ပါတယ်...
ကိုမိုးအောင်မျက်နှာမှာဝမ်းနည်းသွားသည်မှာ အထင်းသားတွေ့ရလေသည်...
''ဘာကြောင့်လဲရှင်....''
''အဖေ့က နှလုံးရောဂါရှိတယ်... သူ့ကိုသမားတော်တွေက စက်ထည့်ဖို့ပြောတယ်... အဖေကခေါင်းမာတယ်...လုံးဝလက်မခံဘူး... ကျွန်တော်လည်းမေးကြည့်တော့... သူဒေါ်ချယ်ရီ့ကို နှလုံးသားအစစ်နဲ့ပဲ လွမ်းချင်တယ်တဲ့ တစ်နေ့သူဆီလာမယ်လို့လဲ သူယုံကြည်နေတယ်တဲ့... အရင်အခါတွေမူးလဲတုန်းကလဲ သူအသက်တော့ပါမသွားသေးဘူး... သူနေနိုင်သလောက်နေပြီး ဒေါ်ချယ်ရီကိုစောင့်မယ်တဲ့လေ ခုတော့ ဒေါ်ချယ်ရီကဆုံးပြီဆိုတော့ အဖေအရင်လို စိတ်ကိုတင်းထားတော့မှာမဟုတ်တော့ဘူးလေ...''
အေပရယ်ရောကိုဆန်းပါ ဦးမေအောင်ရဲ့ အချစ်ကြီးပုံကို ကြားသိရတော့ ပါးစပ်အဟောင်းသားဖြင့် ဘာပြောလို့ပြောရမှန်းမသိအောင်ပင်ဖြစ်သွားကြသည်... အေပရယ်သည် သူ့အမေကို ဦးမေအောင်ဖြင့်သာ ပေါင်းဆည်းဖြစ်ခဲ့ရင်ဆိုသည့်အတွေးတွေလည်းဝင်လာခဲ့လေသည်...
''ဒါနဲ့ကိုမိုးအောင်.... အကို့မှာ တခြားမောင်နှမတွေရော ပြီးတော့ ဦးမေအောင်အမျိုးသမီးရော...''
''ကျွန်တော့်မှာက အဖေပဲရှိတာ.. မိဘအရင်းရော မွေးစားအမေရောဆုံးသွားပြီ...မွေးစားအမေဆုံးသွားတော့ အဖေကပဲကျွန်တော့်ကိုဆက်စောက်ရှောက်ခဲ့တာ... မွေးစားအဖေပဲဆိုပါတော့...''
''ရှင်.... ''
အေပရယ်နှင့်ကိုဆန်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဆုံးဖြတ်ရအခက်တွေ့သည့် ပုံစံတို့ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်...
ညနေလောက်ကျမှ ဦးမေအောင်သက်သာလာသည်... သတိလည်းပြန်ရလာသည်... အေပရယ်စောင့် နေပေးသည်ကိုလညး် သမီးတို့ပြန်နားကြပါဆိုပြီးပြောသဖြင့် ကိုဆန်းလည်းပြန်လာခေါ်ရင်ပြန်မယ်ဆိုပြီးဆက်စောင့်နေရင်း ကိုဆန်းလာခေါ်သဖြင့် ပြန်လိုက်သွားလေသည်.... ဦးမေအောင်သူ့သားကျွေးသည့် စွပ်ပြုတ်ကို ကြိတ်မှိတ်စားပေးကာ ဘေးစောင်းလေးလှဲရင်း ဘဝရဲ့ အစောပိုင်းနေ့ရက်တွေကို ပြန်တွေးရင် မျက်ရည်ပူတွေနဲ့ နွေညတာကို ခက်ခက်ခဲခဲကုန်ဆုံးလျက် မနက်ဖြန် မွေးနေ့သည် သူ့အတွက် နောက်ဆုံးမွေးနေ့ဖြစ်ဖို့များသည်... ဒါကြောင့်ဘယ်လိုပဲဖြစ်ဖြစ် ချယ်ရီပင်ကြီးအောက်ကိုသူသွားရမယ်... ချယ်ရီ့ဝိဉာည်သည်လည်းရှိနေမှာသေချာသည်...မူးလဲကျပြီးဆေးရုံရောက်နေကျမို့ ဆေးရုံတက်ရရင်ဆိုပြီးပြင်ဆင်ထားသည့်အိတ်လေးကို သူထယူလိုက်သည်... အတွင်းဇစ်လေးထဲက ဟာမိုနီကာလေးကိုထုတ်ပြီး အိပ်နေသည့် မိုးအောင် မနိုးအောင် အိတ်ကိုပြန်ထားလိုက်သည်...
မိုးလင်းတော့ သူ့သားအလစ်မှာ သူချယ်ရီလမ်းကိုပြန်လာသည်... သူ့အိမ်ကိုမသွား လမ်းထိပ်က ချယ်ရီပင်ကြီးအောင်ကိုသွားလေသည်... ချယ်ရီ့အတွက်သီချင်းတွေ သူမှုတ်နေရင်းနှင့် ရင်ထဲက တစ်လှပ်လှပ်နှင့်သူမောဟိုုက်လာသည်... သူနားရမယ်ဆိုတာကိုသိသည်... ဒါပေမယ့် ချယ်ရီမရှိသည့် ဘဝမှာ နားပြီးအသက်ဆက်မယ့်အစား ချယ်ရီကြိုက်တဲ့ သီချင်းသံဇဉ်တွေနဲ့ ချယ်ရီ့ရဲ့ ဝိဉာည်ကို ပျော်ရွှင်စေမယ်ဆိုပြီး လဲကျသွားသည်အထိ ဆက်တိုက်မှုတ်လိုက်လေသည်..... ပြန်နိုးမထလာလည်း သူ့အတွက်အကြောင်းမထူးတော့ပြီပဲလေ....
...............
''အဖေဟာ....ဆရာမ ကျွန်တော့်အဖေရော...''
မိုးအောင် သူနာပြုဆရာမအားထွက်မေးလိုက်သည်...
''ဆရာကြီးခုဏရှိပါသေးတယ်.... ထသွားတာတော့သတိမထားမိဘူးရှင်...''
''ဒုက္ခပါပဲ....''
မိုးအောင်ခေါင်းမီးတောက်နေစဉ် ကိုဆန်းတို့ရောက်လာသည်... သူတို့နှင့်အတူ သူ့အဖေနှင့်အရွယ်တူမည့် အမျိုးသမီးတစ်ယောက်ကို အေပရယ် တွဲလာသည်ကိုလည်းတွေ့လေသည်... ကိုဆန်းက
''ကိုမိုးအောင် ဘာဖြစ်လို့လဲ ဦးမေအောင်အခြေအနေမကောင်းဘူးလား...''
အေပရယ်တို့မကြားအောင်ကပ်မေးလိုက်သည်...
''အဖေပျောက်နေတယ် ဆေးရုံမှာမရှိဘူး... ဘယ်ထွက်သွားလညး်မသိဘူး....''
မိုးအောင်ရဲ့စိုးရိမ်စိတ်ကြောင့် အားလုံးကြားသွားသည်...
''ဟင်ဘယ်လိုဖြစ်တာပါလိမ့်...''
ကိုဆန်းနှင့် အေပရယ်တို့လည်း ဘာလုပ်ရမှန်းမသိအောင်ဖြစ်ကုန်သည်....ထိုအချိန်မှာ အေပရယ်ကိုတွဲထားသည့် အမျိုးသမီးကြီးမှ....
''သူဘယ်မှာရှိတယ်ဆိုတာ အမေသိတယ် သမီး....''
ထိုသို့ပြောလိုက်သည်ကို မိုးအောင်ကြားလိုက်သည်တွင် ထိုအမျိုးသမီးကြီးကို ခေါင်းစောင်းကာ အံ့သြခြင်းများစွာဖြင့်ကြည့်လိုက်ကာ....
''အန် အန်တီက'''
You are reading the story above: TeenFic.Net