အခန်း ၂၇

Background color
Font
Font size
Line height

အချစ်ဦးရေ မျှော်ကာနေမယ် ဘယ်နေရာမှာပဲ မင်းရောက်နေ
တစ်ချိန်ချိန်မှာ နင်လေပြန်ခဲ့ မင်းအချစ်တွေထားခဲ့ ငါ့ရင်ထဲ
ပြန်လည်ရှင်သန်ခွင့်ပေးပါ

ဆေးရုံဆင်းရသည် ဟောက်ဆာဂျင် နောက်ဆုံးနေ့မှာ ကျွန်တော်လုပ်နိုင်ခဲ့ပြဆိုပြီး ဝမ်းသားမိခဲ့တယ်။ ပျက်ရက်လည်း မရှိတဲ့ အတွက် နောက် ၃ လလောက်နေရင် ဘွဲ့ယူရပြီ။ ဒါဆို ချယ်ရီဖြစ်စေချင်တဲ့ ဆရာဝန် ဖြစ်ပြီ။ ဆမ သင်တန်းတက်ပြီးရင်တော့ ဆေးပါကုလို့ရပြီ။ အစိုးရမှာအလုပ်ဝင်မယ် ဘယ်လောက်ဝေးတဲ့ နယ်ကိုပို့ပို့ ကျွန်တော်သွားမယ် အဖေမဆုံးခင်ကဆုံးမခဲ့သလို ချယ်ရီဖြစ်စေချင်တဲ့ ဆရာဝန်ကိုဖြစ်ရုံတင် မဟုတ်ဘူး လူလေးစားချစ်ခင်ခံရတဲ့ မွန်မြတ်ပြီး လူသားဆန်တဲ့ စေတနာဆရာဝန်ဖြစ်အောင် ကျွန်တော် ကြိုးစားရမယ်လေ။ ဒါကကျွန်တော်ဖြစ်ချင်တဲ့ ကျွန်တော်သွားချင်တဲ့လမ်းပါ။ ဘဝဟာ ကိုယ်ထင်သလို ဖြစ်မလာတတ်တာကို မတွေါ်မိဘဲ ပျော်ခဲ့မိပါတယ်။

ဘွဲ့ယူရမယ့်ရက်အတွက် ကျွန်တော့်အမေရယ် ဦးလေးလင်မယားရယ် ဝမ်းသားနေကြတဲ့အကြည့်တွေကို ကျွန်တော်တစ်သက်မမေ့ပါဘူး။ အမေကတော့ အဖေသာရှိရင်ဆိုတဲ့ မျက်ရည်ဝဲဝဲလေးတွေကြားထဲက ကျွန်တော့်ကိုပြုံးကြည့်နေတာကျွန်တော်ခံစားမိတာပေါ့။ ဦးလေးကလည်း တောက်လျှောက်သူ့ဆိုင်မှာ အတူတူနေပြီး ကျောင်းတက်ပြီး ခုဘွဲ့တောင်ရတဲ့အတွက် သူလည်း ပျော်ရှာနေသည်။ ကျွန်တော်တို့ ဓါတ်ပုံရိုက်တော့ အမေနဲ့ကျွန်တော်နှစ်ယောက်တွဲရိုက်တော့ အဖေ့ကိုအရမ်းသတိရတဲ့စိတ်က မျက်ရည်ကျမိသည်အထိကျွန်တော်ရော အမေရောခံစားရပြီး နှစ်ယောက်သားဖက်ငိုခဲ့မိသည်။ ဦးလေးတို့ လာဖျောင်းပြပြီး လူစုံပုံလေးရိုက်ပြီး ကားဆီပြန်ခဲ့ကြလေသည်။ လူမစုံတဲ့အတွက် ဘွဲ့နှင့်သဘင်ရဲ့ခန်းနားမှု က ကျွန်တော့်အတွက် ခြောက်သွေ့နေသလိုပါပဲ။ စုံတွဲတွေဓါတ်ပုံရိုက်တာတွေ့တော့လည်း ချယ်ရီ့ကိုသတိ ရတဲ့စိတ်က ဆေးလိပ်မီးနဲ့ ရင်ဘက်ကိုထိုးသလို။ ကျွန်တေ်တို့ကားနားရောက်တော့ နောက်ကနေ မေအောင် မေအောင်ခဏလေးဆိုပြီး ယွန်းမြတ်ခက်ရောက်လာသည်…

''ငါနဲ့အမှတ်တရတစ်ပုံရိုက်ပါဦးဟ နင်ကလဲ နင်နဲ့ငါနဲ့က တစ်နှစ်အောက်ချင်းအတူတူ ကံကိုပါတယ်။ မရိုက်လို့မရဘူး''

ဆိုပြီး သူနှင့်ပါလာသည် ကင်မရာမန်းကို နှစ်ယောက်တွဲပုံတွေရိုက်ခိုင်းလိုက်လေသည်။ ကျွန်တော်လဲ ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ ၄ ၅ ပုံလောက်ရိုက်ပြီးတော့
''ယွန်းမြတ်ခက် အမေတို့စောင့်နေလို့ ငါပြန်နှင့်မယ်လေနော်''
''အော် အင်း ဟုတ်သားပဲ မေအောင် ပုံတွေရရင်ငါလာပေးမယ်''
''အင်းပါ ရပါတယ်''
''ဒါနဲ့ ည နင်သီချင်းဆိုမှာမလား ဒင်နာမှာ…''
''အင်း ငါ့ကိုထည့်ထားတယ် ညတွေ့မယ်လေ''
''အိုကေ မေအောင် ငါအားပေးနေမယ်''
''အင်း''
မေအောင် ကားဆီပြန်ခဲ့လေသည်။ ချယ်ရီနဲ့ရိုက်ချင်တဲ့စိတ်တွေကြောင့် တခြားမိန်းကလေးနဲ့ ဓါတ်ပုံရိုက် နေရသည်ကို စိတ်ထဲ တမျိုးဖြစ်နေမိ တာကြောင့်လဲဖြစ်သည်။ အိမ်ပြန်ပြီး အနားယူပြီး ညအတွက် ရွေးထားသည့် အဝတ်များကို သူဝတ်ဆင်ပြီး… အချိန်စောနေသေးသဖြင့် နုတ် တွေဖြည့်ထားသည့် သီချင်းစာရွက်တွေကို ကြည့်ပြီး သူဆိုမည့် သီချင်းကို ညည်းဆိုလိုက်လေသည်။ ကျောင်းသားဘဝရဲ့ နောက်ဆုံးနှုတ်ဆက်ရမယ့် ပွဲလေးအတွက် သူရေးထားတဲ့သီချင်းလေး။ သူ့ဘဝတွေဒီသီချင်းထဲပါသည်။

မေအောင်ရိုးရိုးလေးသာဝတ်ထားသည်။ အနက်ရောင်စတိုင်လ်ဘောင်းဘီရှည်ရယ် အကျီနက်ပြာရောင် အရောင်ပြေး လက်ရှည်လေးကို လက်တဝက်ခေါက်တင်ထားသည်။ အသားဖြူသည့်မေအောင်နှင့် လိုက်ဖက်လှသည့် အဆင်လေးဖြစ်သည်။ ဆံပင်ကိုတော့ ပုံမှန် နဖူးပေါ်ဝဲကျနေသည့်အတိုင်းမထားဘဲ လှန်ဖီးတင်ထားပြီး ယောင်ယောင်လေး အမောက်ထောင်ထားသဖြင့် မေအောင်မျက်နှာ သွယ်သွယ်ရှည်ရှည်နှင့် တမျိုးကြည့်ကောင်းနေသည်။ မေအောင် ယောက်ကျားပီပီသသဖြစ်နေသဖြင့် မေအောင့်ကို သိသည့် ကျောင်းသားကျောင်းသူတချို့တောင် မေအောင်ကြည့်ကောင်းနေတယ်ဆိုပြီး ပြောကြလေသည်။ သူသီချင်းဆိုမှာလဲ သိထားတာကြောင့် အားပေးနေတယ်ဘာညာဆိုပြီး အားပေးကြလေသည်။ ကောင်းမြင့်တို့အတွဲကိုတွေ့တော့နှုတ်ဆက်လိုက်သည်။ တခြားလူတွေကိုလဲ နှုတ်ဆက်ပြီး မေအောင်တစ်ယောက်ထဲ အေးအေးဆေးဆေးဖြစ်မယ့် နေရာလေးမှာ နေရင်း သူဆိုမယ့်သီချင်းထဲကစားသားတွေကို ခံစားနေစဉ် သူ့နားကို ယွန်းမြတ်ခက်လျှောက် လာတာတွေ့ လိုက်သည်။
အနက်ရောင် ညနေခင်းဝတ်စုံပျော့ဟာ ခြေလှမ်းတိုင်းသွယ်လျတဲ့ သူ့ခြေသလုံးအပြင် ဒူးအထက်နားထိ မြင်ရလေသည်။ ဝတ်ထားသည့်ဝတ်စုံသည်လည်း သူများလို့ ဟော့ဟော့ရမ်းရမ်းလည်းမဖြစ် တချို့လို ဝတ်ကလဲဝတ်ချင်သည် သို့သော် ဆက်ဆီလဲမကျရဲဘဲ ဟိုမရောက်ဒီမရောက်လဲမဖြစ် တချိုလို့ ချစ်စရာကောင်းအောင် တမင်လုပ်ဝတ်ထားသလိုမျိုးလဲမဖြစ်ဘဲ အထက်တန်းကျနေသည်ကလဲ ယွန်းမြတ် ခက်လို့ သိသာစေလေသည်။

''ဝိုးဝိုး လှလိုက်တဲ့ ယွန်းမြတ်ခက် တကယ်ပါ ဆေး ၁ ဂုဏ်တက် ယွန်းမြတ်ခက် ဆိုပြီးပြောကြတာ လုံးဝမလွန်ဘူး နင်အရမ်းလှနေတယ်''
''ဟားဟား အပိုတွေ ဘယ်သူတွေပြောကြလို့လဲ အလကားဟယ် ဆေး ၁ ဂုဏ်တက်ယွန်းမြတ်ခက်တဲ့ ဒါပေါ့ ငါ့ကြောင့် ဆေးကျောင်းဂုဏ်တတ်နေတာလေ ကျောင်းပေါင်းစုံကွင်းပဲဟာ ခစ်ခစ် ဒါနဲ့ဒီနေ့မှဘာစိတ်ကူး ပေါက်ပြီး ဆံပင်တွေ လှန်တင်လာတာလဲ''
''အင်း အပြောင်းအလဲလေးပေါ့…''
'' မိန်းကလေးတွေ နင့်ကိုကြည့် ကြည့်နေကြတယ်''
''ဒါဆိုလဲ ဆေး၁ ဂုဏ်ဆောင် မောင်မေအောင်ပေါ့ဟာ ဟဲဟဲ''
''နင်လဲ မထင်ရဘူး နောက်တီးနောက်တောက်နဲ့ အဲ့တော့ ဆေး ၁ ဂုဏ်တက် ယွန်းမြတ်ခက်နဲ့ ဆေး ၁ ဂုဏ်ဆောင်မောင်မေအောင်တို့ လက်တွဲပြီး ပွဲတက်မယ်လေ ဘယ်လိုလဲ''

''Seriously…?''
''Why not…?''
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြိုင်တူရီလိုက်ကြလေသည်။ မေအောင့်စိတ်ထဲ ယွန်းမြတ်ခက်ကို သူ့ညီမလေးသာဖြစ်လိုက်ရင် သိပ်ကောင်းမှာပဲတွေမိပြီး သူငယ်ချင်းချစ်သည်လည်း အေးမြလှပေသည်လို့တွေးမိလိုက်ပြီး အရင်ကထက်ပိုခင်မိသွားလေသည်။

''ဒါနဲ့ နင့်လဲသီချင်းဆိုမှာမလား နင့်နာမည်လဲတွေ့တယ် နင်ကဒီပွဲရဲ့ ဘုရင်မပဲဖြစ်မှာ…''
''နိုးနိုး မဆိုတော့ဘူး…''
''ဘာလို့လဲ နင်ဒီလောက်လှနေတာ နင်သာစင်ပေါ်မှာဆို အားလုံးမျောသွားမှာ''
''နင်ဆိုမယ်ဆိုတာသိပြီးကတည်းက ငါပြန်ဖျက်လိုက်ပြီ''
''ဟာ မဆိုင်လိုက်တာ''
''ဆိုင်တယ် ငါကနင့် ပရိတ်သတ် နင်ဆိုတာကို ငါနားထောင်မယ် ရီကော့ဒ် ယူမယ် ပြီးရင် အဲ့သီချင်ကို အကြွေးနဲ့သိမ်းမယ် ဒါကြောင့် ငါအလုပ်များမှာ အဲ့တာကြောင့်မို့ မဆိုတော့တာ''
''နင်ကတော့လေ ဆိုဆို နင်မဆိုရင် ငါမပေးဘူး''
''ကတိမဖျက်နဲ့မေအောင် ပြီးတော့ ငါဘာမှပါမလာဘူး ဖြစ်ကလက်တက်ဆန်းမဆိုချင်ဘူး နင်ဆိုမယ့်သီချင်းကိုလဲ ငါမစောင့်နိုင်တော့ဘူး နားထောင်ချင်လွန်းလို့''
''ဟုတ်ပါပြီး ဒါပေမယ့် နားတောင်မထောင်ရသေးဘူး နင်ကယူမယ်ဆိုတာတော့ နဲနဲလွန်တာပေါ့ နင်နဲ့မလိုက်ရင် ဘယ်လိုလုပ်မလဲ''
''နင်ပြင်ပေးပေါ့…''
''စာသားကနင့်ကိုပြင်ပေးလို့တော့ရပါတယ်… ဒါပေမယ့် အင်းပါနင်အရင်နားထောင်ကြည့်ပါ''
''ပြီးရော…''

နှစ်ယောက်သား အပေးအယူတည့်သွားပြီး ညစာစားပွဲ အခန်းအနားအစီအစဉ်တွေကြေငြာနေသည်မို့ အတူတူနေရာသွားယူလိုက်ကြသည်။ အစီအစဉ်တွေအတိုင်း ပွဲကိုကျင်းပလျှက်ရှိရာ နောက်အလှည့်သည် မေအောင့်အလှည့်ဖြစ်သဖြင့် ကြိုတင်နေရာယူဖို့ထရာ ယွန်းမြတ်ခက်က လက်မလေးထောင်ပြီး အားပေး လိုက်လေသည်။ မေအောင်လည်း ခေါင်းပြန်ငြိမ့်ကာ စင်နောက်နားကိုသွားကပ်ပြီး ပွဲစီစဉ်တဲ့သူနှင့် စကားလေးဘာလေးပြောနေစဉ် ယွန်းမြတ်ခက်ကိုလှမ်းကြည့်လိုက်သည်။ ယွန်းမြတ်ခက်က သူ့ကိုကြည့်နေ သည်ကိုတွေ့ရသဖြင့် လက်ပြလိုက်သည်။ ယွန်းမြတ်ခက်ကလည်း ပြန်ပြုံးနေသည်။ သူ့အလှည့် ရောက်တော့ စင်ပေါ်တက်သွားပြီး မိုက်ရှေ့မှာ သူအာရုံကိုစုစည်းလိုက်သည်။ သူ့စာသားတွေသည့် ချယ်ရီကိုရည်ရွယ်သည်… ချယ်ရီရဲ့ အပြုံးတွေ ပုံရိပ်တွေကို မြင်ယောင်ပြီး သံစဉ်ထဲသူလိုက်ပါစီးမျော လိုက်သည်။

ငါယုံကြည်နေပါတယ် မင်းမျက်ဝန်းလေးတွေ
နှစ်ဦးရင်ထဲ ဖွင့်မပြောလည်း သိနေတယ်
ရင်ခုန်သံတွေ ပျိုမြစ်ချိန် လျောက်ခဲ့ကြတဲ့လမ်းတွေ
မမေ့နိုင်ဘူး ခြေရာတွေဟာ အတိတ်မြက်ခင်း

အချစ်ဦးရေ မျှော်ကာနေမယ် ဘယ်နေရာမှာပဲ မင်းရောက်နေ

တစ်ချိန်ချိန်မှာ နင်လေပြန်ခဲ့ မင်းအချစ်တွေထားခဲ့ ငါ့ရင်ထဲ
ပြန်လည်ရှင်သန်ခွင့်ပေးပါ အချစ်များစွာမျှော်ကာနေမယ်
ဘယ်ရင်ခွင်ထဲ မင်းရှိနေ ပြန်လာပါလေ အရင်နေရာက
တံခါးလေးဖွင့်ထားပါတယ် အချစ်ဦးလေးမင်းကို
မမေ့သေးဘူး ယနေ့တိုင်ပဲ......

အချိန်ရာသီ စက်ဝိုင်း အလွမ်းရဲ့မှတ်တိုင်
အနူးညံ့ဆုံး ဆုံမှတ်တို့နီးချင်ပြီ
ရေဆန်လေဆန်ဘဝလမ်းမှာ ပန်းခင်းမဟုတ်တဲ့ အချစ်တွေ
လျှို့ဝှက်ထားတကယ်ဆိုငါတို့ မဝေးလိုပါ.....
မေအောင် သီချင်းဆုံးမှ မျက်လုံးကိုဖွင့်လိုက်သည် ဝေ့နေသည့်မျက်ရည်တို့ စုမိပြီး ပေါက်ခနဲတစ်ချက် ကျသွားသည်။ သူဆိုနေတုန်း ငိုမိမှာဆိုးသည်မို့ မျက်လုံးကိုမှိတ်ထားလိုက်သည်။ ချယ်ရီပုံရိပ်နဲ့တွေကို သူ့စာသားတွေနဲ့ ပေါင်းစပ်လိုက်သည်။ ခံစားချက်တို့ကြောင် နားထောင်သူတိုင်း မျောသွားကြပြီး မေအောင့် ကို လက်ခုတ်တီးကြလေသည်။

စင်အောက်ရောက်တော့လဲ မေအောင် မိုက်တယ်ဆိုပြီး လာအားပေးကြလေသည်။ သူနဲ့ ယွန်းမြတ်ခက် အတူရှိနေသည့်နေရာလေးပြန်လာတော့ ယွန်းမြတ်ခက်ကိုမတွေ့တော့ပေ။ ဖုန်းခေါ်လိုက်သည် ယွန်းမြတ်ခက် ဖုန်းမကိုင် ၂ ခါလောက် မစ်ကောဖြစ်သွားတာမို့ သူဆက်မခေါ်တော့ပေ။ သူလဲပွဲပြီး သူငယ်ချင်းများနှင့်နှုတ်ဆက်ပြီး အိမ်ကိုပြန်လာခဲ့သည်။ ယွန်းမြတ်ခက် ဘာကိစ္စများပေါ်လဲဆိုတာ သူစိတ်ပူမိသည်။ သူပဲနားထောင်ချင်တယ်ဆိုပြီးတော့ ဆိုပြီးသူတွေးမိလိုက်သည်။

နောက် ၂ ရက်လောက်နေတော့မှ ယွန်းမြတ်ခက်ဆီကဖုန်းဝင်လာသည်…

''ယွန်း ဘယ်လိုဖြစ်တာလဲ ဒင်နာထဲကပျောက်လိုက်တာ ငါ့ဖုန်းလဲမကိုင်ဘူး ငါစိတ်ပူနေတာဟ''
''ဖြေးဖြေးပြောပါမေအောင်ရယ် ငါလဲနင့်ကိုအားပေးချင်လွန်းလို့ ငါတောင် မဆိုဘဲနေတာနင်အသိပဲလေ.. အဲ့ညက ငါ့ပါးပါး နေပြည်တော် အသွားအမြန်လမ်းမှာ ကားအက်စီးဒန့်ဖြစ်လို့…ငါတို့ချက်ချင်းလိုက်ပြီး ဆေးရုံတင်ရ တယ် ခုမှစိတ်ချရတဲ့အခြေအနေဖြစ်သွားတာကြောင့်မို့ ငါဆိုအိမ်တောင်မပြန်ဖြစ်ဘူး သူ့မှာ ငါဘွဲယူတာကို ပြန်လာပြီး ဟိုအပြန်မှာဖြစ်တာဟာ''

မေအောင် ဖအေချင်းကိုယ်ချင်းစာမိသည် ယွန်းကိုလဲကိုယ်ချင်းစာမိသည် သူ့တုန်းကလဲ သူတော်တော်ဝမ်း နည်းခဲ့ရသည်မဟုတ်ပါလား…

''နင်အခုဘယ်ဆေးရုံမှာလဲ ငါလာခဲ့မယ်''
''ရပါတယ် နင်မလာပါနဲ့ ဒီမှာလဲ ငါရှိနေတာပဲ အိမ်ကလူတွေလဲရှိတယ်''
''ပြောပါ ငါ့လာခဲ့ချင်လို့''
''အင်း ပြောမရလဲ လာ ….. ဆေးရုံမှာ ဦးမြင့်မိုရ်ဆိုတဲ့နာမည်မေးလိုက်''
''အေး……''

မေအောင် ဆေးရုံရောက်တော့ ယွန်းမြတ်ခက်က အခန်းထဲကခေါ်ထုတ်လာပြီး အပြင်ထွက်စကားပြောကြ သည်။

''ယွန်း နင်ညဖက်တွေမအိပ်ထားဘူးထင်တယ် မျက်တွင်းတွေတောင်ချောင်နေပြီ….''
''ဘယ်အိပ်နိုင်မလဲဟာ လူလဲ စုပ်ပျက်နေတာပဲ ငါခုကျောင်းသွားရင် သူတောင်းစားမဆိုပြီး ရိုက်လွှတ်မယ်ထင်တယ်…''
''အဲ့လောက်တော့အခြေအနေမဆိုးပါဘူးဟာ''
''ဒါဆိုဘာလာရောင်းတာလဲလောက်တော့အမေးခံရမယ်ပေါ့''

မေအောင် ပြုံးပြီး ယွန်းပင်းပန်းတဲ့ကြားထဲကနေ ပြုံးနေတာကို ဂရုနာသက်မိသည်။ ဖခင်အတွက်စိုး ရိမ်စိတ်ကြီးနေတာကိုလဲ သူသတိထားမိသည်

''ယွန်း… စိတ်မညစ်နဲ့ဟုတ်လား ဦးအားလုံးအဆင်ပြေသွားမှာ ပြန်သက်သာသွားမှာပါ ဆရာဝန်ကြီးလဲ ပြောပြသွားပြီးပြီပဲ လူလိုရင်လဲပြော ငါစောင့်ပေးဆိုပေးမယ်''

''အေးပါဟာ ပါးပါးကိုဒီလိုမြင်ရတာသနားလို့ပါ။ လူကမလိုပါဘူး သိတဲ့အတိုင်း ငါတို့အမျိုးတောင့်တယ်။ ဒါနဲ့ နင်သီချင်းငါနားမထောင်လိုက်ရဘူးဟာ။ အဲ့ညက ငါ့အဖေကိစ္စကြောင့်သာငါပြန်လာရတာ နင့်သီချင်းကိုလွတ်သွားတယ် ငါ့သူငယ်ချင်းပြောတာတော့ နင့်ဆိုတာ သူတို့တောင် ရည်းစားဦးတွေအကုန် သတိရကုန်တယ်တဲ့ အဲ့လောက်တောင်လားဟယ်ဆိုတော့ ငါ့ကိုပြောတယ် နင်ကရည်စားဦးဘယ်သူမှန်း တောင်သိလို့လားတဲ့ ကြည့်စမ်းပြောပုံက ငါကမသိရင် အသည်းစားဘီလူးမကြီးကြနေတာပဲ''
''မဟုတ်ဘူးပေါ့''
''မဟုတ်ပါဘူး ငါလဲ လူထဲကလူပါပဲ တစ်ခုပဲ အရမ်းချောနေတာလေးတော့ ရှိတာပေါ့ဟယ် ခစ်ခစ်''
''အဲ့တာမို့နင့်ကို နင့်သူငယ်ချင်းကပြောတာနေမှာပေါ့…''
''ငါ့အကြွေးဆပ်တော့ နင့်သီချင်းပေး''
''ပေးပါ့မယ် နောက်မှပေါ့ နင်လည်းခုအလုပ်တွေရှုပ်နေတာကိုး ဦးကိုသာသေချာပြုစုပါဟာ ဒီသီချင်းနင်မကြိုက်ရင်လဲ ငါဘယ်သူမှပေးမဆိုဘူးဟုတ်ပြီလား…''
''ပြီးရော သီချင်းနာမည်ကဘာလဲ''
''အချစ်ဦး''
''အော်…အချစ်ဦးဆိုတာ ချစ်ဦးသူနဲ့ အဓိပ္ပါယ်မတူဘူးနော် နင်သိတယ်မလား''

ယွန်းမြတ်ခက်မေးတော့ မေအောင်နဲနဲတွေးမိသွားသည်။ ဟုတ်တော့ဟုတ်သည်။

''အဦးဆုံးဆိုပါတော့….''
''အင်းထားပါလေ ဦးဆုံးဆိုတာ အချစ်မှန်းသိသွားမှပေါ့ ဟုတ်လား….ဒါဆို ပထမ်တွေ ဒုတိယတွေက အချစ်ဦးမဖြစ်နိုင်ဘူးလေ ချစ်ဦးသူပဲဖြစ်မှာပေါ့''
''ဟာတွေ့လား ဒါကြောင့် ဒီသီချင်းက နင်ဆိုလို့မရပါဘူးလို့ သီချင်းနာမည်မှာတောင် နင်မှာ မတင်မကျဖြစ်နေပြီ''
'' အဲ့လိုမဟုတ်ဘူးမေအောင် ငါ့အလေးအနက်ထားလို့ နင်လည်း ငါ့သူငယ်ချင်းတွေလိုပါပဲ''
''ဘာကိုလဲ''
''ဘာမှမဟုတ်ဘူး ငါ့အဖေဆီပြန်သွားတော့မယ် နင်လဲစိတ်မပူနဲ့တော့ ပြန်တော့ ဟုတ်ပြီလား''
''အေးပါဟာ နင်ညဖက်တွေလူချိန်းပြီးအိပ်ဦး''
''အွန်း''

မေအောင် ယွန်းမြတ်ခတ်ဆီကပြန်လာတဲ့ လမ်းမှာ အချစ်ဦးဆိုတာ အချစ်တွေရဲ့ ဦးဦးဖျားဖျားလား ဒါဆို အချစ်ဦးမဟုတ်ဘဲ ချစ်ဦးသူလား ဒါမှမဟုတ် ရင်ထဲနင့်သွားအောင် ချစ်မိအောင်ဦးဆုံးလုပ်နိုင်သူကိုလား ဆိုတာကို အဖြေရှာရင်းတစ်ယောက်ထဲ ဦးနှောက်ချောက်သွားလေသည်။ ဒါ့ပေမယ့် သူ့အတွက်တော့ အချစ်ဦးဆိုတာ သူ့ရဲ့ ချယ်ရီကိုရည်ညွန်းတာမို့ ပထမအချစ် အချစ်တွေရဲ့ ဦးဆုံး ဘယ်တော့မှမေ့မရတဲ့ အချစ်ဦး ကိုရည်ညွန်းတာဆိုပြီး ဆက်မတွေးတော့ချေ။ မေအောင့်အတွက်တော့ ချစ်ဦးသူနှင့်အချစ်ဦး တူတူပဲဖြစ်သည်။

အချိန်တွေကုန်တာမြန်သည်... ဆမသင်တန်းတက်ပြီး လက်မှတ်လဲရပြီမို့...သူလည်း အစိုးရအလုပ်ဝင်ဖို့အလုပ်စောင့်ရင်း NGO တစ်ခုမှအလုပ်ဝင်လုပ်ပြီး မော်လမြိုင်ဖက်ကိုသွားရမည်ဖြစ်သည်။ ယွန်းမြတ်ခက်နဲ့လည်း အဆက်အသွယ်သိပ်မရဖြစ်တော့ သူလည်းသူ့ ဝါသနာပါသည့် အနုပညာအလုပ်တွေနဲ့ မအားဖြစ်နေကြောင်းတော့ သိသည်။ မော်လမြိုင်မှာ မေအောင့်အတွက် ခံစားမှုအသစ်အဆန်းတို့ရနေသည်။ အိမ်နှင့်ခွဲပြီး ခုလို ရက်ရှည်လများ မနေဖူးသည်မို့ လွတ်လပ်သည် အိမ်လွမ်းသည် နှင့် အလုပ်လုပ်လိုက် စိတ်လေလိုက်နှင့် ဘောပွဲတွေစလောင်းတတ်လာသည်။
မေအောင်က ဘောပွဲမလောင်းတတ် သူကခံစားချက်ပါသည်။ ဘောပွဲသည် အသင်းစွဲမထားသင့် ကြေးကိုသာကြည့်သင့်သည်ဟု သူ့အလုပ်ထဲကလုပ်ဖော်ကိုင်ဖက်ပြောပေမယ် သူကသူကြိုက်တဲ့ အသင်းဖက်ကပဲနေသည်။ ဘောပွဲနိုင်ပေမယ့် သူ့မှာကြေးရှုံးတာမျိုးဖြစ်တတ်သည်။ အစပိုင်းတော့ သူပိုက်ဆံရှုံးလည်း သူ့အသင်းနိုင်သည်ဆိုပြီး ကျေနပ်သည်။ နောက်တော့သူထိလာသည်။ ပိုဆိုးသည်က
လေနဲ့အရင်ထိုးရတာပဲဖြစ်သည်။


You are reading the story above: TeenFic.Net