4

Background color
Font
Font size
Line height

"ကျန်းမေရီ!!!"

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း နံဘေးကအော်ခေါ်လိုက်သံကြောင့် ဝမ်မင်းဟန် လန့်နိုးသွားရတယ်။

"ဟင်!ဒါတွေက ဘယ်လိုဖြစ်သွားတာလဲ?"

ခွပ် ခွပ်
"ဘာ!! ဒီမေးခွန်းက ငါမေးရမှာကွ မင်းကပြန်မေးရတယ် ဖြစ်ရသေးတယ်"

ဒေါသထွက်နေတဲ့ ကျန်းလူကြီးမင်းကို လျစ်လျူရှု့လို့ ဝမ်မင်းဟန်ကတော့ ဘေးကစောင်ခြုံထဲ တရှုံ့ရှုံ့ငိုနေတဲ့ ကျန်းမေရီကိုသာ မေးခွန်းတွေ ဆက်တိုက်မေးနေမိတယ်။

"မေရီ ဘယ်လိုက ဘယ်လို? ပြော! နင်ပြောလေဟာ ဟဲ့ ငိုမနေနဲ့ ပြောလို့!!"

ဘယ်လောက်မေးမေး အဖြေပြန်မပေးပဲ ငိုနေတဲ့သူကို စိတ်မရှည်စွာပခုံးကတွန်းထုတ်လိုက်ရင်း အနီးကဘောင်းဘီကိုကောက်ဆွဲဝတ်ကာ ထ,လိုက်မိတော့။

"ဟေ့ကောင်! ဒါဘယ်သွားမလို့လဲ မင်းကိစ္စ မင်းရှင်းလေ"

"ပါး!!"

ကျန်းလူကြီးမင်း နောက်ကထွက်လာတဲ့ အဖေ့ကိုမြင်လိုက်တော့ သူ့မှာအားကိုးတွေ့သွားသလို ဝမ်းသာသွားမိတယ်။

"ဘာမှ ပါး,လုပ်မနေနဲ့ မင်း ယောက်ျားမဟုတ်ဘူးလား? ယောက်ျားဆိုတာ ကိုယ့်တာဝန်ကိုယ်ယူတတ်ရတယ်ကွ"

"ပါး! ပါး ဘာတွေပြောနေတာလဲ? ကျွန်တော် တခုမှ နားမလည်ဘူး ပါး"

"ဘာ! မင်း ငါ့ သမီးကိုခိုးပြေးသွားပါတယ်ဆိုလို့ ငါတို့လိုက်လာတာလေ ခု ဒီလိုပုံနဲ့‌တွေ့နေရတာတောင် ငြင်းချင်သေးတာလား မင်းက!"

"ဘာ!!!"

ကျန်းလူကြီးမင်းအပြောကြောင့် ခေတ္တခဏဆွံ့အသွားပြီးတဲ့ နောက် အရာရာကို နားလည်သွား‌တော့တယ်။

"ဟားး ဟားး မေရီ မေရီ! မင်းသိပ်တော်တဲ့မိန်းမပါလား ဟင်း ဟင်း သိပ်ကိုတော်ပါတယ် မေရီရာ!"

"မ..မဟုတ်ပါဘူး မဟုတ်ပါဘူးဟာ"

"ကိုယ့်ညီမရည်းစားကို ဆေးခတ်ပြီး အပိုင်သိမ်းလိုက်ရလို့ သိပ်ပျော်နေတယ်မလား ငိုမနေပါနဲ့ ဒီအချိန် နင်ရယ်နေရမှာဟ ရယ်စမ်းပါ! အောင်ပွဲခံလိုက်စမ်းပါဟ! လုပ်လေ လုပ်လိုက်စမ်းပါ ကျန်းမေရီရ!! ဟားး ဟားးး ဟားးး"

ဝမ်မင်းဟန်ရဲ့မချိတင်ကဲပြောလိုက်တဲ့ စကားအဆုံးမှာတော့ နှစ်ဖက်မိဘတွေထဲ ကျန်းမေရီရဲ့ အဖေကတော့ ခေါင်းတောင်မဖော်ဝံ့တော့တဲ့ အဖြစ်ပါလေ။

"လက်ထပ်မယ် ဒါပေမယ့် မင်္ဂလာပွဲမလုပ်ဘူး"

"ဖြစ်မလား သားရယ်"

"ဒါ သား အတတ်နိုင်ဆုံး လိုက်လျောတာပဲ မား ဒါကိုမှ သဘောမတူဘူးဆိုရင်တော့ သူတို့တရားစွဲလဲ သားထောင်ကျခံမယ်!"

အဖြစ်အပျက် အလုံးစုံကိုသိပြီးတဲ့ နောက်မှာတော့ ကျန်းလူကြီးမင်းတို့ဖက်ကလဲ ဝမ်မင်းဟန်တောင်းဆိုသမျှကို လိုက်လျောပေးဖို့သာ ပြင်ရတော့သည်။

"မိုက်လိုက်တာ!! ခွေးထက်မိုက်တဲ့ သမီး! လုစရာရှားလို့ ညီမရည်းစားကိုမှတဲ့ လူကြားလို့မှမကောင်းကွာ ရှက်တယ်! ငါရှက်တယ်ကွ!!"

ဒုန်း!!
ကျန်းမေရီအဖေရဲ့ဒေါသတကြီးအော်ဟစ်သံနဲ့အတူ ကွဲကြေသွားတဲ့ ဧည့်ခန်းထဲက ရှေးဟောင်းပန်းအိုးကြီးကတော့ မွမွကိုကြေလို့။

"ညည်းအေ ကိုယ့်ညီမရည်းစားကိုမှ စိတ်ကြွဆေးခပ် လင်လုပ်ရတယ်လို့ တို့အမျိုးထဲ ဒါမျိုးကြားတောင် မကြားဖူးပါဘူး ရှက်ဖို့ကောင်းလိုက်တာ မေရီရယ် ဝမ်မိသားစုကို ကျုပ်ဘယ်လို မျက်နှာပြရမှာတုန်း ပြီးတော့ ဟွားဟွားလေး ငါ့သမီးလေး သနားဖို့ကောင်းတဲ့ မားသမီးလေးရယ်"

အကြီးမရဲ့ ဝမ်မင်းဟန်နဲ့ခိုးပြေးသွားပါပြီဆိုတဲ့ စာကို ပထမဆုံးဖတ်မိလိုက်တဲ့ ကျန်းမေဟွားက သူ့ကိုယ်သူသေကြောင်းကြံခဲ့တာမို့ ခုချိန်မှာတော့ ဆေးရုံကုတင်ပေါ်မှာ အရေးပေါ်အခြေအနေနဲ့ စောင့်ကြည့်နေရပြီး။သမီးအကြီးမရဲ့ သတင်းကြားလို့ လိုက်သွားခဲ့တဲ့ ခင်ပွန်းဆီက ပြန်ကြားရတဲ့သတင်းကလဲ ကိုယ့်သမီးဖက်က အလွန်ဖြစ်နေတာမို့ သူတို့မှာလဲ မလူးသာမလွန့်သာအခြေနေရယ်ပါ။

"ကဲ ဘာဆက်လုပ်ကျမလဲ အကိုကြီး"

"ဘာဆက်လုပ်ရမလဲကွ! ဟိုဖက်က အကြောင်းပြန်လာတာကိုပဲ စောင့်ရတော့မှာပေါ့ ခုချိန် ငါတို့က သူတို့သားကိုတရားစွဲရင်တောင် ကိုယ့်ဖက်က အရှုံးဖြစ်မယ့်ဟာ"

ခင်ပွန်းသည်အပြောကလဲ အမှန်တွေပဲမို့ ပါးစပ်ပိတ်လို့ ရှေ့ကပြဿနာတွေရဲ့ အစ ကျန်းမေရီကိုသာ သူမ စိုက်ကြည့်နေလိုက်မိတယ်။

လက်ထပ်တယ်ဆိုရုံ လူကြီးစုံရာရှေ့လက်မှတ်ထိုးပြီး ပြီးသွားခဲ့တဲ့ လူနှစ်ဦးပေါင်းစပ်မှု့က ရှေ့ဆက်ဘယ်လိုခရီးသွားကျမလဲဆိုတာ မိဘတွေအတွက်တော့ ရင်တမမနဲ့စောင့်ကြည့်နေရတဲ့ နေ့ရက်တွေပါပဲ။

ဆေးရုံကဆင်းလာပြီဖြစ်တဲ့ သမီးငယ်လေးကလဲ ဒီမှာမနေချင်လို့ ရှန်ဟိုင်းကို ကျောင်းတက်ဖို့ထွက်သွားခဲ့ပါပြီ။

၃နှစ်တာကာလကို လွန်လာပြီးတဲ့နောက်မှာတော့ သမီးစိတ်ကြောင့် ရှက်လွန်းမက ရှက်ကာဆုံးပါးသွားတဲ့ ခင်ပွန်းသည်ရဲ့ ကျန်ရစ်လုပ်ငန်းတွေကိုတော့ သားမက်ဖြစ်သူကို ဦးစီးဦးဆောင်ပြုစေကာ ကျန်းမိသားစုက အခြေနေမပျက်ရပ်တည်နေသော်လဲ မေရီတို့အိမ်ထောင်ရေးကတော့ ကွဲသွားတဲ့ မှန်တချပ်ကို သေချာပြန်ဆက်ထားပေမယ့်လဲ အက်ရာတွေကတော့ ဗရပွနဲ့သာ။

သားလေးဝမ်ရိပေါ် ၂နှစ်။
မေဟွားကတော့ ကျောင်းတက်ဖို့ထွက်သွားပြီးတည်းက အဖေဆုံးတဲ့တခါပဲ ပေကျင်းကိုပြန်လာခဲ့သည်။

"အကို တောင်းပန်ပါတယ် ဟွား"

"ဘာများမှားခဲ့လို့ တောင်းပန်နေရတာလဲ အကိုရယ်"

"ယုံခဲ့မိတယ် သူ့ကိုယုံခဲ့မိတာဟာ အကို့ရဲ့အကြီးမားဆုံးအမှားပါ ဟွား"

"မဟုတ်ဘူး အကို ဘယ်သူ့အမှားမှ မဟုတ်ပါဘူး ကံကြမ္မာကသတ်မှတ်ပြီးသား ဖူးစာဖက်တွေမို့ ဟွားတို့ဝေးခဲ့ကျတာပါ"

"မဟုတ်ဘူး ဟွား မဟုတ်ဘူး!"

"မငြင်းပါနဲ့တော့ အကိုရယ် ဘာပဲဖြစ်ဖြစ်ပျော်အောင်နေပါ ဟွားလဲ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့ပါဘူး သားသားလေးလဲရနေပြီမို့ ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်ပေးလိုက်ပါ‌"

"ခွင့်မလွှတ်ဘူး ဟွား ကိုယ်က သေတဲ့ထိကို သူ့ကိုမုန်းနေမှာ"

ညီမနဲ့ခင်ပွန်းက ကိုယ့်အပေါ်မဖောက်ပြားဘူးဆိုပေမယ့် မယုံကြည်စိတ်နဲ့လိုက်ချောင်းမိတဲ့ မေရီ့အတွက်ကတော့ ဝမ်မင်းဟန်စကားတွေက သွေးထွက်နေဆဲနှလုံးသားအတွက် ထပ်မွှန်းလိုက်တဲ့ဓားချက်တွေပါပဲ။

'အဲ့လောက်တောင်ပဲ စိတ်နာနေတာတဲ့လား မောင်ရယ်'

ဝမ်ရိပေါ်လေး ၃နှစ်။
နှလုံးရောဂါနဲ့လုံးပါးပါးလို့ ဆုံးပါးသွားတဲ့ ကျန်းမေရီရဲ့ တခုတည်းသော သေတမ်းစာက သူသေရင် သားဝမ်ကို အကိုနဲ့ဟွားဟွားက ပေါင်းစည်းလို့ စောင့်ရှောက်ပေးပါတဲ့လေ။

ဝမ်ရိပေါ်လေး ၅နှစ်။
အမရဲ့သေတမ်းစာကို မမြင်ဟန်ပြုလို့ အကြိမ်ကြိမ်ငြင်းပယ်ခဲ့ပေမယ့် ကျန်းမာရေးကြောင့်နောက်ဆုံးအခြေနေဖြစ်နေတဲ့ မိခင်ကြီးရဲ့တောင်းဆိုမှု့ကို မပယ်ရှားနိုင်ခဲ့တဲ့ ဟွားဟွားတစ်ယောက် ဝမ်မင်းဟန်ကို လက်ခံခဲ့ရတယ်။

လက်ထပ်ပွဲအကြီးအကျယ်လုပ်လို့ ဝမ်အိမ်ရဲ့တရားဝင်ချွေးမဘွဲ့ခံယူခဲ့တဲ့ ဟွားဟွားကို မကျေနပ်ကျသူတွေကတော့ ရှေ့တင်တမျိုး နောက်ကွယ်တမျိုး အတင်းအဖျင်းပြောကျပေမယ့်လဲ ဝမ်မိသားစုရဲ့ဂုဏ်ရှိန်ဝါနဲ့ကြွယ်ဝမှု့ ကျန်းမိသားစုရဲ့ချမ်းသာမှု့တွေကြောင့် ပြောတဲ့သူတွေစကားက ကြာတော့လဲ လေထဲတင်ပျောက်ကွယ်သွားခဲ့ရတော့တာပါပဲ။

"ဒါဆို ဘာလို့ ဝမ်ရိပေါ်က သူ့အဒေါ်ကို မုန်းနေတာလဲ ဟင်"

"ဝမ်ဝမ်လေးက အရင်က ဟွားဟွားကို အရမ်းချစ်တာ အသက်၃နှစ်တည်းက မိခင်ဆုံးပြီး အဒေါ်လက်ထဲပဲကြီးလာရတော့ ဟွားဟွားကိုခင်တွယ်တာပေါ့ကွယ် အဲ့လိုတွေကြောင့်ပဲ ဟွားဟွားအမေက သူ့သမီးအပျိုလေးကို သားမက်လက်အပ်ခဲ့တာပေါ့ ဒါပေမယ့် သိတယ်မလား မြေးရယ် ပတ်ဝန်းကျင်ပေါ့ ကိုယ့်ထက်သာ မနာလိုကျတဲ့ပတ်ဝန်းကျင်က ဖြူစင်တဲ့ကလေးလေးကို အရောင်အမျိုးမျိုးဆိုးလိုက်ကျတယ်လေ အဲ့ကနေစ,ပြီး ဝမ်ဝမ်လေးက သူ့အဖေကိုအရွဲ့တိုက်တော့တာပါပဲ မြေးလေးရယ်"

"......"

"အစ ပထမ ဝမ်လေးက အဲ့လောက်မဆိုးသွမ်းသေးပါဘူး နည်းနည်းအရွဲ့တိုက် ဂျစ်ကန်ကန်လုပ်ရုံသာလုပ်ပေမယ့် သူအထက်တန်းအောင်ပြီးတဲ့နှစ်မှာတော့...

"မင်းက ဝမ်မင်းဟန်သားမလား?"

"ဦးက ကျွန်တော့်ကို သိလို့လား?"

စာမေးပွဲပြီးလို့ bar သွားပြီး တခွက်တဖလားမော့နေတုန်း ပါးပါးအသိကလာမိတ်ဆက်တာမို့ ရိုရိုသေသေပြန်ပြောလိုက်ကာမှ..

"သိတာပေါ့ကွ မင်းအဖေက ငရှုပ်ကွ အမနဲ့ညားနေရက်နဲ့ ခုမင်းမေမေလေးနဲ့ ရှုပ်ကျတာမှကွာ ခိုးပြေးတဲ့ထိဖြစ်လို့ ငါတို့တောင်လိုက်ပေးရသေးတယ် အဲ့ဒါကြောင့် မင်းအမေရဲ့အဖေလဲသေသလို မင်းအမေကလဲနှလုံးရောဂါရခဲ့တာပေါ့ ဟော ခု သူကတော့ ညီအမနှစ်ယောက်လုံးကိုအပိုင်ရတဲ့အပြင် အပိုဆောင်းအဖြစ် ကျန်းမိသားစုရဲ့ အမွေတွေတောင်ရလိုက်သေး ဟားးး ဟားး ဝမ်မင်းဟန်က အကြံကြီးချက်ကွာ"

"ဘာ!! တောက်!!"

^^^^^^^^
Nora 🌷

Zawgyi

"က်န္းေမရီ!!!"

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတုန္း နံေဘးကေအာ္ေခၚလိုက္သံေၾကာင့္ ဝမ္မင္းဟန္ လန႔္နိုးသြားရတယ္။

"ဟင္!ဒါေတြက ဘယ္လိုျဖစ္သြားတာလဲ?"

ခြပ္ ခြပ္
"ဘာ!! ဒီေမးခြန္းက ငါေမးရမွာကြ မင္းကျပန္ေမးရတယ္ ျဖစ္ရေသးတယ္"

ေဒါသထြက္ေနတဲ့ က်န္းလူႀကီးမင္းကို လ်စ္လ်ဴရႈ႕လို႔ ဝမ္မင္းဟန္ကေတာ့ ေဘးကေစာင္ၿခဳံထဲ တရႈံ႕ရႈံ႕ငိုေနတဲ့ က်န္းေမရီကိုသာ ေမးခြန္းေတြ ဆက္တိုက္ေမးေနမိတယ္။

"ေမရီ ဘယ္လိုက ဘယ္လို? ေျပာ! နင္ေျပာေလဟာ ဟဲ့ ငိုမေနနဲ႕ ေျပာလို႔!!"

ဘယ္ေလာက္ေမးေမး အေျဖျပန္မေပးပဲ ငိုေနတဲ့သူကို စိတ္မရွည္စြာပခုံးကတြန္းထုတ္လိုက္ရင္း အနီးကေဘာင္းဘီကိုေကာက္ဆြဲဝတ္ကာ ထ,လိုက္မိေတာ့။

"ေဟ့ေကာင္! ဒါဘယ္သြားမလို႔လဲ မင္းကိစၥ မင္းရွင္းေလ"

"ပါး!!"

က်န္းလူႀကီးမင္း ေနာက္ကထြက္လာတဲ့ အေဖ့ကိုျမင္လိုက္ေတာ့ သူ႕မွာအားကိုးေတြ႕သြားသလို ဝမ္းသာသြားမိတယ္။

"ဘာမွ ပါး,လုပ္မေနနဲ႕ မင္း ေယာက္်ားမဟုတ္ဘူးလား? ေယာက္်ားဆိုတာ ကိုယ့္တာဝန္ကိုယ္ယူတတ္ရတယ္ကြ"

"ပါး! ပါး ဘာေတြေျပာေနတာလဲ? ကြၽန္ေတာ္ တခုမွ နားမလည္ဘူး ပါး"

"ဘာ! မင္း ငါ့ သမီးကိုခိုးေျပးသြားပါတယ္ဆိုလို႔ ငါတို႔လိုက္လာတာေလ ခု ဒီလိုပုံနဲ႕‌ေတြ႕ေနရတာေတာင္ ျငင္းခ်င္ေသးတာလား မင္းက!"

"ဘာ!!!"

က်န္းလူႀကီးမင္းအေျပာေၾကာင့္ ေခတၱခဏဆြံ႕အသြားၿပီးတဲ့ ေနာက္ အရာရာကို နားလည္သြား‌ေတာ့တယ္။

"ဟားး ဟားး ေမရီ ေမရီ! မင္းသိပ္ေတာ္တဲ့မိန္းမပါလား ဟင္း ဟင္း သိပ္ကိုေတာ္ပါတယ္ ေမရီရာ!"

"မ..မဟုတ္ပါဘူး မဟုတ္ပါဘူးဟာ"

"ကိုယ့္ညီမရည္းစားကို ေဆးခတ္ၿပီး အပိုင္သိမ္းလိုက္ရလို႔ သိပ္ေပ်ာ္ေနတယ္မလား ငိုမေနပါနဲ႕ ဒီအခ်ိန္ နင္ရယ္ေနရမွာဟ ရယ္စမ္းပါ! ေအာင္ပြဲခံလိုက္စမ္းပါဟ! လုပ္ေလ လုပ္လိုက္စမ္းပါ က်န္းေမရီရ!! ဟားး ဟားးး ဟားးး"

ဝမ္မင္းဟန္ရဲ႕မခ်ိတင္ကဲေျပာလိုက္တဲ့ စကားအဆုံးမွာေတာ့ ႏွစ္ဖက္မိဘေတြထဲ က်န္းေမရီရဲ႕ အေဖကေတာ့ ေခါင္းေတာင္မေဖာ္ဝံ့ေတာ့တဲ့ အျဖစ္ပါေလ။

"လက္ထပ္မယ္ ဒါေပမယ့္ မဂၤလာပြဲမလုပ္ဘူး"

"ျဖစ္မလား သားရယ္"

"ဒါ သား အတတ္နိုင္ဆုံး လိုက္ေလ်ာတာပဲ မား ဒါကိုမွ သေဘာမတူဘူးဆိုရင္ေတာ့ သူတို႔တရားစြဲလဲ သားေထာင္က်ခံမယ္!"

အျဖစ္အပ်က္ အလုံးစုံကိုသိၿပီးတဲ့ ေနာက္မွာေတာ့ က်န္းလူႀကီးမင္းတို႔ဖက္ကလဲ ဝမ္မင္းဟန္ေတာင္းဆိုသမွ်ကို လိုက္ေလ်ာေပးဖို႔သာ ျပင္ရေတာ့သည္။

"မိုက္လိုက္တာ!! ေခြးထက္မိုက္တဲ့ သမီး! လုစရာရွားလို႔ ညီမရည္းစားကိုမွတဲ့ လူၾကားလို႔မွမေကာင္းကြာ ရွက္တယ္! ငါရွက္တယ္ကြ!!"

ဒုန္း!!
က်န္းေမရီအေဖရဲ႕ေဒါသတႀကီးေအာ္ဟစ္သံနဲ႕အတူ ကြဲေၾကသြားတဲ့ ဧည့္ခန္းထဲက ေရွးေဟာင္းပန္းအိုးႀကီးကေတာ့ မြမြကိုေၾကလို႔။

"ညည္းေအ ကိုယ့္ညီမရည္းစားကိုမွ စိတ္ႂကြေဆးခပ္ လင္လုပ္ရတယ္လို႔ တို႔အမ်ိဳးထဲ ဒါမ်ိဳးၾကားေတာင္ မၾကားဖူးပါဘူး ရွက္ဖို႔ေကာင္းလိုက္တာ ေမရီရယ္ ဝမ္မိသားစုကို က်ဳပ္ဘယ္လို မ်က္ႏွာျပရမွာတုန္း ၿပီးေတာ့ ဟြားဟြားေလး ငါ့သမီးေလး သနားဖို႔ေကာင္းတဲ့ မားသမီးေလးရယ္"

အႀကီးမရဲ႕ ဝမ္မင္းဟန္နဲ႕ခိုးေျပးသြားပါၿပီဆိုတဲ့ စာကို ပထမဆုံးဖတ္မိလိုက္တဲ့ က်န္းေမဟြားက သူ႕ကိုယ္သူေသေၾကာင္းႀကံခဲ့တာမို႔ ခုခ်ိန္မွာေတာ့ ေဆး႐ုံကုတင္ေပၚမွာ အေရးေပၚအေျခအေနနဲ႕ ေစာင့္ၾကည့္ေနရၿပီး။သမီးအႀကီးမရဲ႕ သတင္းၾကားလို႔ လိုက္သြားခဲ့တဲ့ ခင္ပြန္းဆီက ျပန္ၾကားရတဲ့သတင္းကလဲ ကိုယ့္သမီးဖက္က အလြန္ျဖစ္ေနတာမို႔ သူတို႔မွာလဲ မလူးသာမလြန႔္သာအေျခေနရယ္ပါ။

"ကဲ ဘာဆက္လုပ္က်မလဲ အကိုႀကီး"

"ဘာဆက္လုပ္ရမလဲကြ! ဟိုဖက္က အေၾကာင္းျပန္လာတာကိုပဲ ေစာင့္ရေတာ့မွာေပါ့ ခုခ်ိန္ ငါတို႔က သူတို႔သားကိုတရားစြဲရင္ေတာင္ ကိုယ့္ဖက္က အရႈံးျဖစ္မယ့္ဟာ"

ခင္ပြန္းသည္အေျပာကလဲ အမွန္ေတြပဲမို႔ ပါးစပ္ပိတ္လို႔ ေရွ႕ကျပႆနာေတြရဲ႕ အစ က်န္းေမရီကိုသာ သူမ စိုက္ၾကည့္ေနလိုက္မိတယ္။

လက္ထပ္တယ္ဆို႐ုံ လူႀကီးစုံရာေရွ႕လက္မွတ္ထိုးၿပီး ၿပီးသြားခဲ့တဲ့ လူႏွစ္ဦးေပါင္းစပ္မႈ႕က ေရွ႕ဆက္ဘယ္လိုခရီးသြားက်မလဲဆိုတာ မိဘေတြအတြက္ေတာ့ ရင္တမမနဲ႕ေစာင့္ၾကည့္ေနရတဲ့ ေန႕ရက္ေတြပါပဲ။

ေဆး႐ုံကဆင္းလာၿပီျဖစ္တဲ့ သမီးငယ္ေလးကလဲ ဒီမွာမေနခ်င္လို႔ ရွန္ဟိုင္းကို ေက်ာင္းတက္ဖို႔ထြက္သြားခဲ့ပါၿပီ။

၃ႏွစ္တာကာလကို လြန္လာၿပီးတဲ့ေနာက္မွာေတာ့ သမီးစိတ္ေၾကာင့္ ရွက္လြန္းမက ရွက္ကာဆုံးပါးသြားတဲ့ ခင္ပြန္းသည္ရဲ႕ က်န္ရစ္လုပ္ငန္းေတြကိုေတာ့ သားမက္ျဖစ္သူကို ဦးစီးဦးေဆာင္ျပဳေစကာ က်န္းမိသားစုက အေျခေနမပ်က္ရပ္တည္ေနေသာ္လဲ ေမရီတို႔အိမ္ေထာင္ေရးကေတာ့ ကြဲသြားတဲ့ မွန္တခ်ပ္ကို ေသခ်ာျပန္ဆက္ထားေပမယ့္လဲ အက္ရာေတြကေတာ့ ဗရပြနဲ႕သာ။

သားေလးဝမ္ရိေပၚ ၂ႏွစ္။
ေမဟြားကေတာ့ ေက်ာင္းတက္ဖို႔ထြက္သြားၿပီးတည္းက အေဖဆုံးတဲ့တခါပဲ ေပက်င္းကိုျပန္လာခဲ့သည္။

"အကို ေတာင္းပန္ပါတယ္ ဟြား"

"ဘာမ်ားမွားခဲ့လို႔ ေတာင္းပန္ေနရတာလဲ အကိုရယ္"

"ယုံခဲ့မိတယ္ သူ႕ကိုယုံခဲ့မိတာဟာ အကို႔ရဲ႕အႀကီးမားဆုံးအမွားပါ ဟြား"

"မဟုတ္ဘူး အကို ဘယ္သူ႕အမွားမွ မဟုတ္ပါဘူး ကံၾကမၼာကသတ္မွတ္ၿပီးသား ဖူးစာဖက္ေတြမို႔ ဟြားတို႔ေဝးခဲ့က်တာပါ"

"မဟုတ္ဘူး ဟြား မဟုတ္ဘူး!"

"မျငင္းပါနဲ႕ေတာ့ အကိုရယ္ ဘာပဲျဖစ္ျဖစ္ေပ်ာ္ေအာင္ေနပါ ဟြားလဲ ဘယ္သူ႕ကိုမွ အျပစ္မတင္ခ်င္ေတာ့ပါဘူး သားသားေလးလဲရေနၿပီမို႔ ခြင့္လႊတ္နိုင္ရင္ ခြင့္လႊတ္ေပးလိုက္ပါ‌"

"ခြင့္မလႊတ္ဘူး ဟြား ကိုယ္က ေသတဲ့ထိကို သူ႕ကိုမုန္းေနမွာ"

ညီမနဲ႕ခင္ပြန္းက ကိုယ့္အေပၚမေဖာက္ျပားဘူးဆိုေပမယ့္ မယုံၾကည္စိတ္နဲ႕လိုက္ေခ်ာင္းမိတဲ့ ေမရီ႕အတြက္ကေတာ့ ဝမ္မင္းဟန္စကားေတြက ေသြးထြက္ေနဆဲႏွလုံးသားအတြက္ ထပ္မႊန္းလိုက္တဲ့ဓားခ်က္ေတြပါပဲ။

'အဲ့ေလာက္ေတာင္ပဲ စိတ္နာေနတာတဲ့လား ေမာင္ရယ္'

ဝမ္ရိေပၚေလး ၃ႏွစ္။
ႏွလုံးေရာဂါနဲ႕လုံးပါးပါးလို႔ ဆုံးပါးသြားတဲ့ က်န္းေမရီရဲ႕ တခုတည္းေသာ ေသတမ္းစာက သူေသရင္ သားဝမ္ကို အကိုနဲ႕ဟြားဟြားက ေပါင္းစည္းလို႔ ေစာင့္ေရွာက္ေပးပါတဲ့ေလ။

ဝမ္ရိေပၚေလး ၅ႏွစ္။
အမရဲ႕ေသတမ္းစာကို မျမင္ဟန္ျပဳလို႔ အႀကိမ္ႀကိမ္ျငင္းပယ္ခဲ့ေပမယ့္ က်န္းမာေရးေၾကာင့္ေနာက္ဆုံးအေျခေနျဖစ္ေနတဲ့ မိခင္ႀကီးရဲ႕ေတာင္းဆိုမႈ႕ကို မပယ္ရွားနိုင္ခဲ့တဲ့ ဟြားဟြားတစ္ေယာက္ ဝမ္မင္းဟန္ကို လက္ခံခဲ့ရတယ္။

လက္ထပ္ပြဲအႀကီးအက်ယ္လုပ္လို႔ ဝမ္အိမ္ရဲ႕တရားဝင္ေခြၽးမဘြဲ႕ခံယူခဲ့တဲ့ ဟြားဟြားကို မေက်နပ္က်သဴေတြကေတာ့ ေရွ႕တင္တမ်ိဳး ေနာက္ကြယ္တမ်ိဳး အတင္းအဖ်င္းေျပာက်ေပမယ့္လဲ ဝမ္မိသားစုရဲ႕ဂုဏ္ရွိန္ဝါနဲ႕ႂကြယ္ဝမႈ႕ က်န္းမိသားစုရဲ႕ခ်မ္းသာမႈ႕ေတြေၾကာင့္ ေျပာတဲ့သူေတြစကားက ၾကာေတာ့လဲ ေလထဲတင္ေပ်ာက္ကြယ္သြားခဲ့ရေတာ့တာပါပဲ။

"ဒါဆို ဘာလို႔ ဝမ္ရိေပၚက သူ႕အေဒၚကို မုန္းေနတာလဲ ဟင္"

"ဝမ္ဝမ္ေလးက အရင္က ဟြားဟြားကို အရမ္းခ်စ္တာ အသက္၃ႏွစ္တည္းက မိခင္ဆုံးၿပီး အေဒၚလက္ထဲပဲႀကီးလာရေတာ့ ဟြားဟြားကိုခင္တြယ္တာေပါ့ကြယ္ အဲ့လိုေတြေၾကာင့္ပဲ ဟြားဟြားအေမက သူ႕သမီးအပ်ိဳေလးကို သားမက္လက္အပ္ခဲ့တာေပါ့ ဒါေပမယ့္ သိတယ္မလား ေျမးရယ္ ပတ္ဝန္းက်င္ေပါ့ ကိုယ့္ထက္သာ မနာလိုက်တဲ့ပတ္ဝန္းက်င္က ျဖဴစင္တဲ့ကေလးေလးကို အေရာင္အမ်ိဳးမ်ိဳးဆိုးလိုက္က်တယ္ေလ အဲ့ကေနစ,ၿပီး ဝမ္ဝမ္ေလးက သူ႕အေဖကိုအ႐ြဲ႕တိုက္ေတာ့တာပါပဲ ေျမးေလးရယ္"

"......"

"အစ ပထမ ဝမ္ေလးက အဲ့ေလာက္မဆိုးသြမ္းေသးပါဘူး နည္းနည္းအ႐ြဲ႕တိုက္ ဂ်စ္ကန္ကန္လုပ္႐ုံသာလုပ္ေပမယ့္ သူအထက္တန္းေအာင္ၿပီးတဲ့ႏွစ္မွာေတာ့...

"မင္းက ဝမ္မင္းဟန္သားမလား?"

"ဦးက ကြၽန္ေတာ့္ကို သိလို႔လား?"

စာေမးပြဲၿပီးလို႔ bar သြားၿပီး တခြက္တဖလားေမာ့ေနတုန္း ပါးပါးအသိကလာမိတ္ဆက္တာမို႔ ရိုရိုေသေသျပန္ေျပာလိုက္ကာမွ..

"သိတာေပါ့ကြ မင္းအေဖက ငရႈပ္ကြ အမနဲ႕ညားေနရက္နဲ႕ ခုမင္းေမေမေလးနဲ႕ ရႈပ္က်တာမွကြာ ခိုးေျပးတဲ့ထိျဖစ္လို႔ ငါတို႔ေတာင္လိုက္ေပးရေသးတယ္ အဲ့ဒါေၾကာင့္ မင္းအေမရဲ႕အေဖလဲေသသလို မင္းအေမကလဲႏွလုံးေရာဂါရခဲ့တာေပါ့ ေဟာ ခု သူကေတာ့ ညီအမႏွစ္ေယာက္လုံးကိုအပိုင္ရတဲ့အျပင္ အပိုေဆာင္းအျဖစ္ က်န္းမိသားစုရဲ႕ အေမြေတြေတာင္ရလိုက္ေသး ဟားးး ဟားး ဝမ္မင္းဟန္က အႀကံႀကီးခ်က္ကြာ"

"ဘာ!! ေတာက္!!"

^^^^^^^^
Nora 🌷


You are reading the story above: TeenFic.Net