10

Background color
Font
Font size
Line height


"မင်းက ဘယ်က ဘယ်လို?"

"ငါက ဟိုဖက်ခြံမှာနေတာလေ ဖွားနဲ့လိုက်လာတာ"

"ဪ!! ငါ ညနေကပြောတဲ့ ကောရဲ့ ညီဝမ်းကွဲဆိုတာက ခုမွေးနေ့ရှင်လေ"

"‌ဪ"

"ချန်ချန်!..ရှောင်းကျန့်ပါ ရောက်နေတာလား?"

ကျန်းချန်နဲ့နှစ်ယောက်သားတွတ်ထိုးနေတုန်း ဟိုက်ခွမ်းကောကပါ အနားရောက်လာတယ်။

"ကော! ‌တိုင်ဆိုင်တာများနော် ရှောင်းကျန့်ကလဲ ဟိုဖက်ခြံမှာနေတာတဲ့လေ"

‌ဟိုက်ခွမ်းကောအမေးကို မဖြေရသေးခင် ကျန်းချန်က စကားဖြတ်ပြောလိုက်၍ ရှောင်းကျန့်က အလိုက်တသိနှုတ်ပိတ်နေလိုက်သည်။

"ဟုတ်လား? အတော်ပဲ ကော မိတ်ဆက်ပေးရဦးမယ် တိတိ‌ လာလေ!"

ဟိုက်ခွမ်းက ဒီဖက်ကိုလဲပြောရင်း နောက်ကိုပါလှည့်လို့ ခေါ်လိုက်ကာ..

"ဒါကောညီ ဝမ်ရိပေါ်တဲ့ ဒီညရဲ့ မွေးနေ့ရှင်လေးပေါ့"

suit နဲ့ လူကြီးယောင်ဆောင်ထားတဲ့ ကောင်လေးက ခုတော့လဲ တမျိုးလေးကို ခန့်သန့်နေတာရယ်။

"တိတိ ရှောင်းကျန့်ကိုသိလား? သူလဲဟိုဖက်ခြံမှာနေတာတဲ့ ရှောင်းကျန့်က ကောတို့ကျောင်းတုန်းက ဂျူနီယာလေ ခုလဲ ကောတို့ဆေးရုံမှာပဲ အလုပ်ဝင်နေတာ"

"အင်း..သိတယ်ဆိုပါတော့"

နှုတ်ခမ်းကိုတခြမ်းရွဲ့လို့ ခပ်မဲ့မဲ့ပြုံးကာ ထီမထင်မျက်နှာဘေးနဲ့ ပြန်ဖြေလိုက်တဲ့အသံက ခနဲ့တဲ့တဲ့။

"ရှောင်းကျန့်ရော ရိပေါ်ကိုသိလား?"

"သူက ဒီဝန်းထဲက နာမည်ကျော်ပဲ စီနီယာရယ် မသိရှိပါ့မလား?"

ဟိုက်ခွမ်းကောကတော့ အကြည့်ချင်းစစ်တိုက်နေတဲ့သူနှစ်ယောက်ကို မရိပ်မိပဲ ကောင်းကောင်းကိုမိတ်ဆက်ပေးနေတယ်။

"ဟက်!"

ကိုယ့်အဖြေကို ဟက်ခနဲ့တချက်ရယ်ကာ...

"ကောတို့ အေးဆေးနေလေနော် ကျွန်တော် ဖိုးဖိုးနားသွားလိုက်ဦးမယ်"

"အေး အေး"

သူ့အစ်ကိုကို ပြောရင်းနဲ့ ကိုယ်တွေကိုပါ အသိမှတ်ပြုသလို ခေါင်းတချက်ဆတ်ပြရင်း လှည့်ထွက်သွားတဲ့ ကျောပြင်‌ကို ရှောင်းကျန့် အကြောင်းမဲ့ လိုက်ငေးနေလိုက်မိတယ်။
____________

"ငါ့မှာကွာ ကောညီဆိုတော့ ဆယ်‌ကျော်သက်မှတ်ပြီး လက်‌ဆောင်ကို ကစားစရာ ဝယ်လာမိတာ ခုတော့ အဲ့ဒါကြီး ဘယ်လိုလုပ် ပေးရမယ်မှန်းတောင်မသိတော့ဘူး"

ကျန်းချန်ရဲ့ ငြူစူစူအပြောကို နားထောင်လို့ လွတ်နေတဲ့ဝိုင်းတစ်ခုဆီ ဝင်ထိုင်လိုက်သည်။

"ဘာဖြစ်လဲကွာ ပေးလိုက်ပေါ့ သူဆော့ချင်ဆော့မှာပေါ့"

"မနောက်ပါနဲ့ကွာ ခု မင်းလဲမျက်မြင်ပဲဟာ ဒီကောင်လေးက ကလေးလားကွ သူ့ဗလနဲ့တင် ငါ့တောင်ကိုင်ပေါက်လို့ရနေပြီ"

အားကစားလိုက်စားသူမို့ထင် ထိုကောင်လေးရဲ့အရပ်က ရှောင်းကျန့်ထက်မဆိုသလောက်လေးနိမ့်ပေမယ့် ခန္ဓာကိုယ်အရွယ်အစားကျ ရှောင်းကျန့်ထက်ကို ထွားတာ။ရင်အုပ်ကျယ်ပြန့်ပြန့်နဲ့ပခုံးရိုးကျယ်ကျယ်တို့ရယ် လက်မောင်းအဖုအထစ်တွေက သာမာန်မနက်ခင်း အပြေးလေ့ကျင့်ခန်းလေးတောင်မလုပ်ပဲ တနေ့တနေ့ ဆေးစာအုပ်တွေကြားဗျာများနေတဲ့ ရှောင်းကျန့်တို့ထက်အပုံကြီးသာတာတော့အမှန်ပင်။

"မင်းဝယ်သွားတဲ့ဟာတွေကရော သူ့ပေးဖို့လား?"

"အမ်!"

ငြိမ်နေရာက အဆက်စပ်မဲ့မေးလိုက်တဲ့ ကျန်းချန်အမေးကြောင့် ရုတ်တရက်ကြောင်အသွားပြီးမှ..

"အာ မဟုတ်ပါဘူး တခြားအသိကလေးတစ်ယောက်အတွက်ပါကွာ"

"မသိပါဘူး ငါက ရိပေါ်အတွက်များလားလို့"

"တိုက်ဆိုင်သွားတာကွ ငါအိမ်ပြန်လာတော့ ဖွားက ပြင်ဆင်ထားလို့ ဘယ်သွားမလဲမေးမိရာက သူတစ်ယောက်ထဲဖြစ်နေတယ်ဆိုလို့ ငါလိုက်လာပေးတာ သိပြီလား"

"ဪ အေးပါကွာ အေးပါ မင်းနဲ့သူက အစတည်းကသိကျတာလား?"

"ဟင့်အင်း! မသိပါဘူး ကျင်းလင်းနဲ့သာ ခင်ကျတာ ဘာလို့လဲ?"

"ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲမေးကြည့်တာ"

"မင်းကို ငါ့မဖွားနဲ့ မိတ်ဆက်ပေးမယ် လာ!"

ဟိုက်ခွမ်းကောကလဲ မိတ်ဆက်ပေးပြီးတာနဲ့ ဘယ်ဆီရောက်သွားမှန်းမသိတာကြောင့် နှစ်ယောက်သား ရောက်ရာပေါက်ရာပြောနေရင်းက ကျန်းချန်ကို ဖွားနဲ့မိတ်ဆက်ပေးဖို့သတိရတာမို့ ဖွားထိုင်နေတဲ့ လူကြီးဝိုင်းဆီခေါ်လာလိုက်တော့တယ်။

ပြီးရင်တော့ ဖွားနားကပ်ပြီး ပြန်ဖို့ပြောရမယ်။‌ရှောင်းကျန့်အတွက်က ဒီလိုလူရှုပ်တဲ့ပွဲတွေကိုမကြိုက်တာမို့ လူကနေရတာ သိပ်အဆင်မပြေတော့။

"ဖွား!"

ဖွားကို သိပ်မရှာလိုက်ရပဲ ပွဲရဲ့ထိပ်ဆုံး လူကြီးဝိုင်းမှာ ထိုင်နေတာ တွေ့လိုက်ရသည်။

"မြေး လာ လာ! ဖွားလဲရှာနေတာ မြေးကို ညဆိုတော့ မျက်စိသိပ်မကောင်းလို့လေ နည်းနည်းကြာရင် ဝမ်ဝမ်လေးကို ခေါ်ခိုင်းတော့မလို့"

အစက ဖွားကိုပဲ ဦးတည်ပြီးရှာနေတာမို့ ဖွားနဲ့အတူထိုင်နေသူတွေကို သတိမပြုမိပဲ ဖွားပြောတော့မှ သတိထားပြီးကြည့်လိုက်တော့ ဝမ်ရိပေါ်ရယ် ဝမ်ရိပေါ်နဲ့ ရုပ်ချင်းဆင်တဲ့ အမျိုးသားကြီးနှစ်ယောက်ရယ်ကို တွေ့လိုက်ရတာမို့ ခေါင်းငုံ့ပြီးအရိုသေပြုလိုက်ရသည်။

"ရှောင်မေ နင့်မြေးလေးလား?"

"ဟုတ်တယ် ရှောင်းရန် သားလေ ရှောင်းကျန့်တဲ့ ငါ့မြေးအကြီးပေါ့"

"ဟားး ဟားး ရှောင်မေတို့များနော် မြေးဆရာဝန်ကို ကြွားမဆုံးဘူး"

"ဪ ငါ့ ဒါလေးကြွားစရာရှိတာဟယ် နင်လို ပစ္စည်းဥစ္စာတွေ ကြွားစရာရှိနေတာမှ မဟုတ်တာ"

"ဟားးး ဟားးး ဖြစ်ရလေ ရှောင်မေရယ်"

"မြေး လာ ထိုင်!"

ဖွားမိတ်ဆက်‌ပေးနေသော ထိုလူကြီးက ပျော်တတ်ပုံရပြီး တဟားဟားကို အော်ရယ်နေတော့တာပင်။

"သားက ဖွားကို မိတ်ဆက်ပေးမလို့ ဒါ သားသူငယ်ချင်း ခုလဲ တစ်ဆေးရုံထဲအတူတူအလုပ်လုပ်နေတဲ့ ကျန်းချန်တဲ့"

"ဪ အေး အေး မြေးလေးကျန်းချန် အားကျန့်လေးကိုလဲ စောင့်ရှောက်ပေးပါကွယ်"

"ဟုတ်ကဲ့ပါ ဖွား"

"အားချန်က သားကျန့် သူငယ်ချင်းလား?"

ဝမ်ရိပေါ်နဲ့ ရုပ်ချင်းဆင်တဲ့ ရှောင်းကျန့်ပါးပါးအရွယ် လူကြီးက ဝင်မေးနေတာမို့..

"ဟုတ်ကဲ့ ကျောင်းတက်ဖော်ပါ ခုလဲ အလုပ်ကတစ်နေရာထဲဆိုတော့.."

"ဒါပေါ့ ဒါပေါ့ ကောင်းတယ် သားရေ ကိုယ့်ပညာနဲ့ကိုယ် အလုပ်လုပ်ရတာ မျက်နှာမငယ်ဘူးပေါ့ကွာ"

"သားကရော ခုပညာမတတ်နေလို့လား?"

"မင်းပညာနဲ့ရော မင်းကရှာစားနေလို့လား?"

အမေးကိုအမေးပြန်ဆင့်နေတဲ့ သားအဖကြောင့် ရှောင်းကျန့်နှင့်ကျန်းချန်မှာ ဘာဆက်ပြောရမယ်မသိပဲ အူကြောင်ကြောင်သာလိုက်ကြည့်နေမိသည်။

"‌မင်းဟန်! မင်း တော်တော့ ငါ့မြေးက ပညာတတ်စရာလိုသေးလို့လား ခု သူ့ရှိတာကတောင် မင်းရှာထားထက်များနေတာ မင်းသိရဲ့လား?"

"အဲ့ဒါ ပါးပါးပေးထားတာလေ ကျွန်တော်က သူ့ပညာနဲ့သူရှာထားတာကို ပြောနေတာ လူဆိုတာ ဥစ္စာဘယ်လောက်ပေါပေါ ပညာတတ်မှလဲ အဲ့ဒါတွေကို ထိန်းသိမ်းတတ်မှာလေ"

"ခုရော ကျွန်တော်က ဝလုံးတောင် မတတ်တဲ့သူလား?"

"မင်း! မင်း!!"

ပြောကာဆိုကာ ဝုန်းဒိုင်းကျဲလို့ထ,ထွက်သွားသူက အဖေဖြစ်သူ ပြောတဲ့စကားကိုတောင်ဆုံးအောင် နားမထောင်..

"မင်းဟာလေ ငါ့မြေးကိုဆို အမြဲနှိမ်ချင်နေတယ်"

"ခု အဖေ့မြေးလုပ်သွားပုံကိုပဲ ကြည့်လေ ‌မလေးမစားနဲ့"

"မင်းလုပ်ပုံကရော ဟုတ်နေလို့လား?"

လူကြီးနှစ်ယောက်စကားများနေကျပြီမို့ ရှောင်းကျန့်တို့လဲ အသာလေးပဲလစ်ထွက်လာခဲ့လိုက်တော့တယ်။ဖွားကိုလဲ နောက်မှပဲလာခေါ်တော့မယ်။ဘယ်နှယ့် ကိုယ့်ဖာသာလေး သူငယ်ချင်းကို မိတ်ဆက်ပေးပါတယ် ခုတော့သားအဖတွေရန်ပွဲနဲ့တိုးနေရတယ်။

"ဟက်..ပျော်နေလား?"

"ဘာကို.တုန်း?"

ကျန်းချန်ကို နှုတ်ဆက်လို့ပြန်ဖို့ ခြံဝထွက်လာတုန်းရှိသေး နောက်ဖက်က စကားသံကြောင့် နောက်လှည့်ကြည့်လိုက်တော့ စောနက အရွတ်တုံးကြီးရယ်လေ။

"အနှိုင်းခံရတာကိုလေ"

"ဟက်..ရူးနေလား မင်း ငါ့ဖာသာ ဆရာဝန်ဖြစ်တာနဲ့ လူတိုင်းကို ငါ့လောက်မတတ်ဘူး ငါ့လောက်မတော်ဘူးဆိုပြီး လိုက်အထင်သေးနေရအောင် ငါ့အချိန်တွေပေါမနေဘူး ဟုတ်ပြီနော် ငါ့အလုပ်ငါလုပ် ငါ့လမ်းငါဖောက်နေတာ ဘယ်သူ့ကိုမှ လိုက်မကြည့်အားဘူး ရှင်းပြီလား?"

"မွေးနေ့လာစားပြီး ဘာမှမပေးဘူးလား?"

"ဘာ..ကြီး?"

သူပြောတာကို နားမလည်လိုက်တာမို့ ပြန်မေးလိုက်ပြီးမှ...

"မွေးနေ့လက်ဆောင်"

"အာ..လိုချင်လို့လား?"

"အင်း"

"ငါနဲ့ လိုက်ခဲ့မလား?"

"ဘာလုပ်.ဖို့လဲ?"

"မွေးနေ့လက်ဆောင်.ဆို"

"တကယ်ပေးမလို့လား?"

"အင်း"

"ပြီးရော"

စကားပြောရတာ အဆင်ပြေတယ်ရယ်လဲ မဟုတ်ပေမယ့် သူ့အတွက်လက်ဆောင်ဆိုပြီး တကယ့်ကိုရည်ရွယ်ကာ ဝယ်ထားတာမို့ သူ့လက်ထဲတော့ ထည့်ပေးချင်တာမို့ စကားခေါ်လိုက်တော့လဲ တကယ်လိုက်လာတာမို့ တစ်ဖက်ခြံဆီသာ ကူးလာလိုက်တော့တယ်။

"ခဏ‌.စောင့်"

"အင်း"

ခြံတံခါးတွန်းဖွင့်လို့ ဝင်သွားသူရဲ့ နောက်ကျောကို ကြည့်ရင်း ဘာလို့ ထိုလူ့ကို ဒီလိုပြောလိုက်မိမှန်း ကိုယ့်ကိုယ်ကို ပြန်တွေးနေမိတယ်။မွေးနေ့ပွဲတောင် ဖိုးဖိုးက အတင်းလုပ်ပေးလို့လုပ်ရတာမို့ ဝမ်ရိပေါ်အနေနဲ့က လက်ဆောင်ပစ္စည်းဆိုတာ ထည့်ကို မတွေးထားတဲ့အရာ။ဒါကို ဘာကြောင့် ဒီလူ့ဆီက တကူးတက တောင်းနေမိတယ်မသိ။

"အင့်!"

ပါဆယ်ဘူးကို မယူပဲ မျက်လုံးပြူးလို့ တအံ့တဩကြည့်နေတဲ့ ကောင်လေးက ကလေးရုပ်လေးကမပျောက်ချင်သေး။ပါးဖောင်းဖောင်း နှုတ်ခမ်းထူထူလေးက ဆွဲဖျစ်ညှစ်ချင်စရာ။ခုနကလဲ အတွေးလွန်နေသလို ဝတ်ထားတဲ့ ရှူးဖိနပ်ထိပ်နဲ့မြေကြီးကို ထိုးဆွနေသေးတာ။ရှောင်းကျန့်အသံပေးလိုက်တော့လဲ ဆတ်ခနဲတုန်သွားသေးတာရယ်။

"ရော့..ယူလေ!"

"တကယ်ကြီးပေးတာလား?"

"အင်း မင်းအတွက် ဝယ်ထားတာ ကြိုက် မကြိုက်တော့ မသိ.ဘူး"

"သိနေလို့လား?"

"အင်း မနေ့က ကျင်းလင်ပြောပြလို့"

"အော်"

"...."

"ကျေး.ဇူး"

"အင်း ရတယ်"

"ဝင်တော့လေ အပြင်မှာ ခြင်ကိုက်တယ်"

"အင်း..ဟို..

ဘာလဲ ပြောလေ ဆိုတဲ့သဘော ခေါင်းငုံ့ထားနေရာက မော့ကြည့်လာတာမို့..တအားညှစ်ပစ်ချင်နေတဲ့ ပါးဖောင်းဖောင်းလေးကို ဆတ်ခနဲဆွဲညှစ်လိုက်ရင်း..

"ညက သီချင်းဆိုပြီး က,နေတာ အရမ်းချစ်ဖို့ကောင်းတယ်"

ပြောပြီးတာနဲ့ ပါးပေါ်ကလက်ကိုဖြုတ်လို့ ခြံထဲအသားကုန်ပြေးဝင်လာလိုက်တော့..နောက်နားဆီက စူးစူးဝါးဝါးအော်သံက ကပ်ပါလာတယ်။

"အား!! ရှောင်းကျန့် ! ခင်များ!!.."

ဟားးးး ဟားးးး ဟားးးး

^^^^^^^
ကတိတည်တယ်နော်။Love Knot ကတော့ မနက်ဖြန်မှ အပိုင်းသစ်တင်ပေးမယ်နော်။ဒီနေ့တော့ ဒါလေးနဲ့ပဲ ကျေနပ်ပေးပါ..လို့။
Nora 🌷


Zawgyi



"မင္းက ဘယ္က ဘယ္လို?"

"ငါက ဟိုဖက္ၿခံမွာေနတာေလ ဖြားနဲ႕လိုက္လာတာ"

"ဪ!! ငါ ညေနကေျပာတဲ့ ေကာရဲ႕ ညီဝမ္းကြဲဆိုတာက ခုေမြးေန႕ရွင္ေလ"

"‌ဪ"

"ခ်န္ခ်န္!..ေရွာင္းက်န႔္ပါ ေရာက္ေနတာလား?"

က်န္းခ်န္နဲ႕ႏွစ္ေယာက္သားတြတ္ထိုးေနတုန္း ဟိုက္ခြမ္းေကာကပါ အနားေရာက္လာတယ္။

"ေကာ! ‌တိုင္ဆိုင္တာမ်ားေနာ္ ေရွာင္းက်န႔္ကလဲ ဟိုဖက္ၿခံမွာေနတာတဲ့ေလ"

‌ဟိုက္ခြမ္းေကာအေမးကို မေျဖရေသးခင္ က်န္းခ်န္က စကားျဖတ္ေျပာလိုက္၍ ေရွာင္းက်န့္က အလိုက္တသိႏႈတ္ပိတ္ေနလိုက္သည္။

"ဟုတ္လား? အေတာ္ပဲ ေကာ မိတ္ဆက္ေပးရဦးမယ္ တိတိ‌ လာေလ!"

ဟိုက္ခြမ္းက ဒီဖက္ကိုလဲေျပာရင္း ေနာက္ကိုပါလွည့္လို႔ ေခၚလိုက္ကာ..

"ဒါေကာညီ ဝမ္ရိေပၚတဲ့ ဒီညရဲ႕ ေမြးေန႕ရွင္ေလးေပါ့"

suit နဲ႕ လူႀကီးေယာင္ေဆာင္ထားတဲ့ ေကာင္ေလးက ခုေတာ့လဲ တမ်ိဳးေလးကို ခန႔္သန႔္ေနတာရယ္။

"တိတိ ေရွာင္းက်န႔္ကိုသိလား? သူလဲဟိုဖက္ၿခံမွာေနတာတဲ့ ေရွာင္းက်န႔္က ေကာတို႔ေက်ာင္းတုန္းက ဂ်ဴနီယာေလ ခုလဲ ေကာတို႔ေဆး႐ုံမွာပဲ အလုပ္ဝင္ေနတာ"

"အင္း..သိတယ္ဆိုပါေတာ့"

ႏႈတ္ခမ္းကိုတျခမ္း႐ြဲ႕လို႔ ခပ္မဲ့မဲ့ၿပဳံးကာ ထီမထင္မ်က္ႏွာေဘးနဲ႕ ျပန္ေျဖလိုက္တဲ့အသံက ခနဲ႕တဲ့တဲ့။

"ေရွာင္းက်န႔္ေရာ ရိေပၚကိုသိလား?"

"သူက ဒီဝန္းထဲက နာမည္ေက်ာ္ပဲ စီနီယာရယ္ မသိရွိပါ့မလား?"

ဟိုက္ခြမ္းေကာကေတာ့ အၾကည့္ခ်င္းစစ္တိုက္ေနတဲ့သူႏွစ္ေယာက္ကို မရိပ္မိပဲ ေကာင္းေကာင္းကိုမိတ္ဆက္ေပးေနတယ္။

"ဟက္!"

ကိုယ့္အေျဖကို ဟက္ခနဲ႕တခ်က္ရယ္ကာ...

"ေကာတို႔ ေအးေဆးေနေလေနာ္ ကြၽန္ေတာ္ ဖိုးဖိုးနားသြားလိုက္ဦးမယ္"

"ေအး ေအး"

သူ႕အစ္ကိုကို ေျပာရင္းနဲ႕ ကိုယ္ေတြကိုပါ အသိမွတ္ျပဳသလို ေခါင္းတခ်က္ဆတ္ျပရင္း လွည့္ထြက္သြားတဲ့ ေက်ာျပင္‌ကို ေရွာင္းက်န႔္ အေၾကာင္းမဲ့ လိုက္ေငးေနလိုက္မိတယ္။
____________

"ငါ့မွာကြာ ေကာညီဆိုေတာ့ ဆယ္‌ေက်ာ္သက္မွတ္ၿပီး လက္‌ေဆာင္ကို ကစားစရာ ဝယ္လာမိတာ ခုေတာ့ အဲ့ဒါႀကီး ဘယ္လိုလုပ္ ေပးရမယ္မွန္းေတာင္မသိေတာ့ဘူး"

က်န္းခ်န္ရဲ႕ ျငဴစူစူအေျပာကို နားေထာင္လို႔ လြတ္ေနတဲ့ဝိုင္းတစ္ခုဆီ ဝင္ထိုင္လိုက္သည္။

"ဘာျဖစ္လဲကြာ ေပးလိုက္ေပါ့ သူေဆာ့ခ်င္ေဆာ့မွာေပါ့"

"မေနာက္ပါနဲ႕ကြာ ခု မင္းလဲမ်က္ျမင္ပဲဟာ ဒီေကာင္ေလးက ကေလးလားကြ သူ႕ဗလနဲ႕တင္ ငါ့ေတာင္ကိုင္ေပါက္လို႔ရေနၿပီ"

အားကစားလိုက္စားသူမို႔ထင္ ထိုေကာင္ေလးရဲ႕အရပ္က ေရွာင္းက်န႔္ထက္မဆိုသေလာက္ေလးနိမ့္ေပမယ့္ ခႏၶာကိုယ္အ႐ြယ္အစားက် ေရွာင္းက်န႔္ထက္ကို ထြားတာ။ရင္အုပ္က်ယ္ျပန႔္ျပန႔္နဲ႕ပခုံးရိုးက်ယ္က်ယ္တို႔ရယ္ လက္ေမာင္းအဖုအထစ္ေတြက သာမာန္မနက္ခင္း အေျပးေလ့က်င့္ခန္းေလးေတာင္မလုပ္ပဲ တေန႕တေန႕ ေဆးစာအုပ္ေတြၾကားဗ်ာမ်ားေနတဲ့ ေရွာင္းက်န႔္တို႔ထက္အပုံႀကီးသာတာေတာ့အမွန္ပင္။

"မင္းဝယ္သြားတဲ့ဟာေတြကေရာ သူ႕ေပးဖို႔လား?"

"အမ္!"

ၿငိမ္ေနရာက အဆက္စပ္မဲ့ေမးလိုက္တဲ့ က်န္းခ်န္အေမးေၾကာင့္ ႐ုတ္တရက္ေၾကာင္အသြားၿပီးမွ..

"အာ မဟုတ္ပါဘူး တျခားအသိကေလးတစ္ေယာက္အတြက္ပါကြာ"

"မသိပါဘူး ငါက ရိေပၚအတြက္မ်ားလားလို႔"

"တိုက္ဆိုင္သြားတာကြ ငါအိမ္ျပန္လာေတာ့ ဖြားက ျပင္ဆင္ထားလို႔ ဘယ္သြားမလဲေမးမိရာက သူတစ္ေယာက္ထဲျဖစ္ေနတယ္ဆိုလို႔ ငါလိုက္လာေပးတာ သိၿပီလား"

"ဪ ေအးပါကြာ ေအးပါ မင္းနဲ႕သူက အစတည္းကသိက်တာလား?"

"ဟင့္အင္း! မသိပါဘူး က်င္းလင္းနဲ႕သာ ခင္က်တာ ဘာလို႔လဲ?"

"ဘာမွမဟုတ္ပါဘူး ဒီတိုင္းပဲေမးၾကည့္တာ"

"မင္းကို ငါ့မဖြားနဲ႕ မိတ္ဆက္ေပးမယ္ လာ!"

ဟိုက္ခြမ္းေကာကလဲ မိတ္ဆက္ေပးၿပီးတာနဲ႕ ဘယ္ဆီေရာက္သြားမွန္းမသိတာေၾကာင့္ ႏွစ္ေယာက္သား ေရာက္ရာေပါက္ရာေျပာေနရင္းက က်န္းခ်န္ကို ဖြားနဲ႕မိတ္ဆက္ေပးဖို႔သတိရတာမို႔ ဖြားထိုင္ေနတဲ့ လူႀကီးဝိုင္းဆီေခၚလာလိုက္ေတာ့တယ္။

ၿပီးရင္ေတာ့ ဖြားနားကပ္ၿပီး ျပန္ဖို႔ေျပာရမယ္။‌ေရွာင္းက်န႔္အတြက္က ဒီလိုလူရႈပ္တဲ့ပြဲေတြကိုမႀကိဳက္တာမို႔ လူကေနရတာ သိပ္အဆင္မေျပေတာ့။

"ဖြား!"

ဖြားကို သိပ္မရွာလိုက္ရပဲ ပြဲရဲ႕ထိပ္ဆုံး လူႀကီးဝိုင္းမွာ ထိုင္ေနတာ ေတြ႕လိုက္ရသည္။

"ေျမး လာ လာ! ဖြားလဲရွာေနတာ ေျမးကို ညဆိုေတာ့ မ်က္စိသိပ္မေကာင္းလို႔ေလ နည္းနည္းၾကာရင္ ဝမ္ဝမ္ေလးကို ေခၚခိုင္းေတာ့မလို႔"

အစက ဖြားကိုပဲ ဦးတည္ၿပီးရွာေနတာမို႔ ဖြားနဲ႕အတူထိုင္ေနသူေတြကို သတိမျပဳမိပဲ ဖြားေျပာေတာ့မွ သတိထားၿပီးၾကည့္လိုက္ေတာ့ ဝမ္ရိေပၚရယ္ ဝမ္ရိေပၚနဲ႕ ႐ုပ္ခ်င္းဆင္တဲ့ အမ်ိဳးသားႀကီးႏွစ္ေယာက္ရယ္ကို ေတြ႕လိုက္ရတာမို႔ ေခါင္းငုံ႕ၿပီးအရိုေသျပဳလိုက္ရသည္။

"ေရွာင္ေမ နင့္ေျမးေလးလား?"

"ဟုတ္တယ္ ေရွာင္းရန္ သားေလ ေရွာင္းက်န႔္တဲ့ ငါ့ေျမးအႀကီးေပါ့"

"ဟားး ဟားး ေရွာင္ေမတို႔မ်ားေနာ္ ေျမးဆရာဝန္ကို ႂကြားမဆုံးဘူး"

"ဪ ငါ့ ဒါေလးႂကြားစရာရွိတာဟယ္ နင္လို ပစၥည္းဥစၥာေတြ ႂကြားစရာရွိေနတာမွ မဟုတ္တာ"

"ဟားးး ဟားးး ျဖစ္ရေလ ေရွာင္ေမရယ္"

"ေျမး လာ ထိုင္!"

ဖြားမိတ္ဆက္‌ေပးေနေသာ ထိုလူႀကီးက ေပ်ာ္တတ္ပုံရၿပီး တဟားဟားကို ေအာ္ရယ္ေနေတာ့တာပင္။

"သားက ဖြားကို မိတ္ဆက္ေပးမလို႔ ဒါ သားသူငယ္ခ်င္း ခုလဲ တစ္ေဆး႐ုံထဲအတူတူအလုပ္လုပ္ေနတဲ့ က်န္းခ်န္တဲ့"

"ဪ ေအး ေအး ေျမးေလးက်န္းခ်န္ အားက်န႔္ေလးကိုလဲ ေစာင့္ေရွာက္ေပးပါကြယ္"

"ဟုတ္ကဲ့ပါ ဖြား"

"အားခ်န္က သားက်န႔္ သူငယ္ခ်င္းလား?"

ဝမ္ရိေပၚနဲ႕ ႐ုပ္ခ်င္းဆင္တဲ့ ေရွာင္းက်န႔္ပါးပါးအ႐ြယ္ လူႀကီးက ဝင္ေမးေနတာမို႔..

"ဟုတ္ကဲ့ ေက်ာင္းတက္ေဖာ္ပါ ခုလဲ အလုပ္ကတစ္ေနရာထဲဆိုေတာ့.."

"ဒါေပါ့ ဒါေပါ့ ေကာင္းတယ္ သားေရ ကိုယ့္ပညာနဲ႕ကိုယ္ အလုပ္လုပ္ရတာ မ်က္ႏွာမငယ္ဘူးေပါ့ကြာ"

"သားကေရာ ခုပညာမတတ္ေနလို႔လား?"

"မင္းပညာနဲ႕ေရာ မင္းကရွာစားေနလို႔လား?"

အေမးကိုအေမးျပန္ဆင့္ေနတဲ့ သားအဖေၾကာင့္ ေရွာင္းက်န႔္ႏွင့္က်န္းခ်န္မွာ ဘာဆက္ေျပာရမယ္မသိပဲ အူေၾကာင္ေၾကာင္သာလိုက္ၾကည့္ေနမိသည္။

"‌မင္းဟန္! မင္း ေတာ္ေတာ့ ငါ့ေျမးက ပညာတတ္စရာလိုေသးလို႔လား ခု သူ႕ရွိတာကေတာင္ မင္းရွာထားထက္မ်ားေနတာ မင္းသိရဲ႕လား?"

"အဲ့ဒါ ပါးပါးေပးထားတာေလ ကြၽန္ေတာ္က သူ႕ပညာနဲ႕သူရွာထားတာကို ေျပာေနတာ လူဆိုတာ ဥစၥာဘယ္ေလာက္ေပါေပါ ပညာတတ္မွလဲ အဲ့ဒါေတြကို ထိန္းသိမ္းတတ္မွာေလ"

"ခုေရာ ကြၽန္ေတာ္က ဝလုံးေတာင္ မတတ္တဲ့သူလား?"

"မင္း! မင္း!!"

ေျပာကာဆိုကာ ဝုန္းဒိုင္းက်ဲလို႔ထ,ထြက္သြားသူက အေဖျဖစ္သူ ေျပာတဲ့စကားကိုေတာင္ဆုံးေအာင္ နားမေထာင္..

"မင္းဟာေလ ငါ့ေျမးကိုဆို အၿမဲႏွိမ္ခ်င္ေနတယ္"

"ခု အေဖ့ေျမးလုပ္သြားပုံကိုပဲ ၾကည့္ေလ ‌မေလးမစားနဲ႕"

"မင္းလုပ္ပုံကေရာ ဟုတ္ေနလို႔လား?"

လူႀကီးႏွစ္ေယာက္စကားမ်ားေနက်ၿပီမို႔ ေရွာင္းက်န႔္တို႔လဲ အသာေလးပဲလစ္ထြက္လာခဲ့လိုက္ေတာ့တယ္။ဖြားကိုလဲ ေနာက္မွပဲလာေခၚေတာ့မယ္။ဘယ္ႏွယ့္ ကိုယ့္ဖာသာေလး သူငယ္ခ်င္းကို မိတ္ဆက္ေပးပါတယ္ ခုေတာ့သားအဖေတြရန္ပြဲနဲ႕တိုးေနရတယ္။

"ဟက္..ေပ်ာ္ေနလား?"

"ဘာကို.တုန္း?"

က်န္းခ်န္ကို ႏႈတ္ဆက္လို႔ျပန္ဖို႔ ၿခံဝထြက္လာတုန္းရွိေသး ေနာက္ဖက္က စကားသံေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္ေတာ့ ေစာနက အ႐ြတ္တုံးႀကီးရယ္ေလ။

"အႏွိုင္းခံရတာကိုေလ"

"ဟက္..႐ူးေနလား မင္း ငါ့ဖာသာ ဆရာဝန္ျဖစ္တာနဲ႕ လူတိုင္းကို ငါ့ေလာက္မတတ္ဘူး ငါ့ေလာက္မေတာ္ဘူးဆိုၿပီး လိုက္အထင္ေသးေနရေအာင္ ငါ့အခ်ိန္ေတြေပါမေနဘူး ဟုတ္ၿပီေနာ္ ငါ့အလုပ္ငါလုပ္ ငါ့လမ္းငါေဖာက္ေနတာ ဘယ္သူ႕ကိုမွ လိုက္မၾကည့္အားဘူး ရွင္းၿပီလား?"

"ေမြးေန႕လာစားၿပီး ဘာမွမေပးဘူးလား?"

"ဘာ..ႀကီး?"

သူေျပာတာကို နားမလည္လိုက္တာမို႔ ျပန္ေမးလိုက္ၿပီးမွ...

"ေမြးေန႕လက္ေဆာင္"

"အာ..လိုခ်င္လို႔လား?"

"အင္း"

"ငါနဲ႕ လိုက္ခဲ့မလား?"

"ဘာလုပ္.ဖို႔လဲ?"

"ေမြးေန႕လက္ေဆာင္.ဆို"

"တကယ္ေပးမလို႔လား?"

"အင္း"

"ၿပီးေရာ"

စကားေျပာရတာ အဆင္ေျပတယ္ရယ္လဲ မဟုတ္ေပမယ့္ သူ႕အတြက္လက္ေဆာင္ဆိုၿပီး တကယ့္ကိုရည္႐ြယ္ကာ ဝယ္ထားတာမို႔ သူ႕လက္ထဲေတာ့ ထည့္ေပးခ်င္တာမို႔ စကားေခၚလိုက္ေတာ့လဲ တကယ္လိုက္လာတာမို႔ တစ္ဖက္ၿခံဆီသာ ကူးလာလိုက္ေတာ့တယ္။

"ခဏ‌.ေစာင့္"

"အင္း"

ၿခံတံခါးတြန္းဖြင့္လို႔ ဝင္သြားသူရဲ႕ ေနာက္ေက်ာကို ၾကည့္ရင္း ဘာလို႔ ထိုလူ႕ကို ဒီလိုေျပာလိုက္မိမွန္း ကိုယ့္ကိုယ္ကို ျပန္ေတြးေနမိတယ္။ေမြးေန႕ပြဲေတာင္ ဖိုးဖိုးက အတင္းလုပ္ေပးလို႔လုပ္ရတာမို႔ ဝမ္ရိေပၚအေနနဲ႕က လက္ေဆာင္ပစၥည္းဆိုတာ ထည့္ကို မေတြးထားတဲ့အရာ။ဒါကို ဘာေၾကာင့္ ဒီလူ႕ဆီက တကူးတက ေတာင္းေနမိတယ္မသိ။

"အင့္!"

ပါဆယ္ဘူးကို မယူပဲ မ်က္လုံးျပဴးလို႔ တအံ့တဩၾကည့္ေနတဲ့ ေကာင္ေလးက ကေလး႐ုပ္ေလးကမေပ်ာက္ခ်င္ေသး။ပါးေဖာင္းေဖာင္း ႏႈတ္ခမ္းထူထူေလးက ဆြဲဖ်စ္ညွစ္ခ်င္စရာ။ခုနကလဲ အေတြးလြန္ေနသလို ဝတ္ထားတဲ့ ရႉးဖိနပ္ထိပ္နဲ႕ေျမႀကီးကို ထိုးဆြေနေသးတာ။ေရွာင္းက်န႔္အသံေပးလိုက္ေတာ့လဲ ဆတ္ခနဲတုန္သြားေသးတာရယ္။

"ေရာ့..ယူေလ!"

"တကယ္ႀကီးေပးတာလား?"

"အင္း မင္းအတြက္ ဝယ္ထားတာ ႀကိဳက္ မႀကိဳက္ေတာ့ မသိ.ဘူး"

"သိေနလို႔လား?"

"အင္း မေန႕က က်င္းလင္ေျပာျပလို႔"

"ေအာ္"

"...."

"ေက်း.ဇူး"

"အင္း ရတယ္"

"ဝင္ေတာ့ေလ အျပင္မွာ ျခင္ကိုက္တယ္"

"အင္း..ဟို..

ဘာလဲ ေျပာေလ ဆိုတဲ့သေဘာ ေခါင္းငုံ႕ထားေနရာက ေမာ့ၾကည့္လာတာမို႔..တအားညွစ္ပစ္ခ်င္ေနတဲ့ ပါးေဖာင္းေဖာင္းေလးကို ဆတ္ခနဲဆြဲညွစ္လိုက္ရင္း..

"ညက သီခ်င္းဆိုၿပီး က,ေနတာ အရမ္းခ်စ္ဖို႔ေကာင္းတယ္"

ေျပာၿပီးတာနဲ႕ ပါးေပၚကလက္ကိုျဖဳတ္လို႔ ၿခံထဲအသားကုန္ေျပးဝင္လာလိုက္ေတာ့..ေနာက္နားဆီက စူးစူးဝါးဝါးေအာ္သံက ကပ္ပါလာတယ္။

"အား!! ေရွာင္းက်န႔္ ! ခင္မ်ား!!.."

ဟားးးး ဟားးးး ဟားးးး

^^^^^^^
ကတိတည္တယ္ေနာ္။Love Knot ကေတာ့ မနက္ျဖန္မွ အပိုင္းသစ္တင္ေပးမယ္ေနာ္။ဒီေန႕ေတာ့ ဒါေလးနဲ႕ပဲ ေက်နပ္ေပးပါ..လို႔။
Nora 🌷



You are reading the story above: TeenFic.Net