"အားလုံး ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော်"
ကျွန်တော် ကျောပိုးအိတ်ကို လွယ်ရင်း စီနီယာ jongin ကို လိုက်ကြည့်နေမိသည်။
သူက တက်ကြွနေကာ ဟိုပြေး ဒီပြေးဖြင့် အလုပ်ရှုပ်နေသည်။ လိုက်ပါလာသည့် ဆရာ၊ ဆရာမများပင် သူ့အပေါ် တာဝန်အပြည့် လွှဲထားပုံရသည်။
ကျွန်တော်လည်း ပထမဆုံးတောင်တက် အတွေ့အကြုံမို့ ရင်ခုန်နေသည်။
"လူ မကွဲစေနဲ့နော်"
"sehun နဲ့ chanyeol.... ဖြည်းဖြည်းလျှောက်... နား နားပြီး တက်... အစ်ကိုတို့ နောက်က ပါမှာပါ"
စတက်ခါစ တွင် သွက်လက်စွာဖြင့် အဆင်ပြေသော်လည်း အချိန်ကြာလာသည်နှင့် အမောဖောက်လာသည်။ ကျွန်တော်တို့က ဆိုးလ်က လာတဲ့ ကျောင်းသားနုနုလေးတွေ မဟုတ်လား။
"chanyeol...ah...နား ရအောင်"
.....
"sehun....နားဦးမယ်"
နားလိုက်၊ တက်လိုက်ဖြင့် ဒီတောင်သည် မိုးထိများ မြင့်မားနေသလား ထင်လာရသည်။ ဖြတ်ကျော်သွားသော ကျောင်းသားများကြောင့် အရှုံးမပေးချင်သော်လည်း ပင်ပန်းလွန်းသည်။
ခွေချင်လာသော ခြေထောက်များဖြင့် ထိုင်ချလိုက်ရပြန်သည်။ ချွေးများက နဖူးမှနေ၍ တစ်ကိုယ်လုံး နစ်နေသည်။
"ငါတို့ တောင်ထိပ်ရောက်ပါဦးမလား"
chanyeol က စကားပင် မပြန်နိုင်။ ဒါတောင် ခေါင်းမာစွာ ချွေးရွှဲနေသော သူ့အနွေးထည်ကြီးကို မချွတ်သေးပေ။
ကြားလိုက်ရသော ခြေသံကြောင့် ကျွန်တော်တို့ နောက်ဆုံးမဟုတ်သေးဟု တွေးမိကာ ပြိုင်တူပြုံးမိကြသေးသည်။
"ဟေး...."
ရောက်လာသည်က အဖွဲ့ခေါင်းဆောင် စီနီယာ နှစ်ယောက်။
"မောနေပြီလား"
စီနီယာ jongin က ပြုံး၍ မေးရင်း ကျွန်တော့်ဘေးတွင် ထိုင်ချသည်။
စီနီယာ jongdae က ဘာမှမပြောဘဲ သစ်ပင်ကို မှီ၍ ထိုင်နေသော chanyeol အနွေးထည်ကို ချွတ်ပေးနေသည်။ ထို့နောက် ရေတစ်ဗူးနဲ့ ဆေးတစ်ပြားပေးသည်။
စီနီယာ jongin ကလည်း ကျွန်တော့်ကို ရေတစ်ဗူးပေးသည်။ ကျွန်တော်တို့ရေဗူးတွေ ဘယ်ကတည်းက ကုန်သွားမှန်းမသိ။
"ရောက်တော့မှာပါ...အပေါ်ပိုင်းက နည်းနည်းတော့ တက်ရခက်တယ်..ပထမဆုံး တောင်တက်တာလား"
"ဟုတ်တယ်....ပထမဆုံး... အဝေးကြီး လိုသေးတာလား"
"အရင်ကထက်တော့ ပိုနီးနေပါပြီ"
"ဟုတ်လား...ကျွန်တော်က မသိဘူး"
နှစ်ယောက်သား ပြိုင်တူရယ်မိကြသည်။ စီနီယာ jongin က ရယ်လျှင် ပို၍ ချစ်စရာကောင်းသည်။ ဘယ်လောက်ချစ်ဖို့ကောင်းသလဲဆို ကျွန်တော့့်နှလုံးခုန်သံကို ကိုယ်တိုင်ခံစားမိလာသည်အထိ။
"အဟမ်း...ကျွန်တော်တို့ နောက်ဆုံးပဲလား"
"မဟုတ်ဘူး.... ခုနက မင်းတို့ကို ကျော်တက်သွားတဲ့ အဖွဲ့ နောက်ဆုံး"
"ဟင်"
ကျွန်တော် ယောင်တောင်တောင် ဖြစ်သွားသည်ကို ကြည့်ကာ စီနီယာက ရယ်ပြန်လေသည်။ စီနီယာ့ရယ်သံသည် ကျွန်တော့်မောပန်းမှုတွေကို တိုက်စားသွားသလိုပင်။ ချစ်ဖို့ကောင်းလွန်းသည်။
ထိုစဉ် ရှေ့မှ chanyeol က ဘာပြောလိုက်သည် မသိ။ jongdae hyung က chanyeol အောက်ခံတီရှပ်ကိုပါ ချွတ်ပေးနေသည်။ ထို့နောက် ချွေးတွေသုတ်ပေးကာ သူ့ကျောပိုးအိတ်ထဲမှ အင်္ကျီတစ်ထည် ပြန်ဝတ်ပေးသည်။ ဟုတ်လှချည်လား.....
အားလုံးသိမ်းဆည်းပြီးနောက် jongdae hyung က ရေသောက်သည်။ အခုထိ သူ စကားတစ်ခွန်းမှ မပြောသေး။
"Jongdae hyung"
"ဆက်သွားရအောင် jongin"
Chanyeol ခေါ်သံကို လျစ်လျူရှုကာ ဆက်သွားရန် ပြင်သည်။ စီနီယာတွေက ဂျူနီယာတွေကို အရမ်းဂရုစိုက်ပေးတာပဲ။ chanyeol က မရိုမသေ ပြောထားတာတောင်မှလေ....
"သွားမယ်လေ"
Park chanyeol က ကျောပိုးအိတ်ကို မ ရင်း ပြုံးရွှင်တက်ကြွစွာ ထလာသည်။
"မင်း...ဒီအတိုင်းသွား"
Jongdae hyung က chanyeol အိတ်ကိုပါ ယူကာ ပေါင်းလွယ်လိုက်သည်။
"ဟာ...ကျွန်တော့်ကို ပေးပါ...ဒီလောက်တော့ နိုင်ပါသေးတယ်"
"ငါ မင်းကို ကျောမပိုးနိုင်ဘူး....ဒီတိုင်းလျှောက်စမ်းပါ...နောက်ကျနေတော့မယ်"
Jongdae hyung လို လူသေးသေးလေးက အိတ်နှစ်လုံးနှင့် မလိုက်မဖက်။ သို့သော် စိတ်ကြီးစွာဖြင့် သွားနှင့်လေပြီ။
ကျွန်တော် ဘေးက စီနီယာ jongin ကို လှမ်းကြည့်လိုက်သည်။
"မင်းအိတ်ရော ပေးချင်လို့လား... စီနီယာတိုင်းက အဲလောက် ဂရုမစိုက်တတ်ပါဘူးကွာ"
စီနီယာက ရယ်ကျဲကျဲဖြင့် ပြောနေသော်လည်း ကျွန်တော့်မှာ အားနာသွားရသည်။
"ဟာ...မဟုတ်ပါဘူး....ကျွန်တော် ကိုယ့်အိတ်ကို သယ်နိုင်ပါတယ်"
ကျွန်တော့် ဝိဉာဉ်ကို ပိုင်စိုးနိုင်သော ရယ်သံလွင်လွင်ကို ထပ်မံကြားခွင့်ရခဲ့ပြန်သည်။
•••••••••••••••••••••••••••••••••••
နေညိုစပြုလာပြီး လမ်းက ပိုကြမ်းတမ်းလာသည်။ အိတ်နှစ်လုံးနှင့် jongdae hyung က ပင်ပန်း လာပုံပေါ်သော်လည်း chanyeol က အခြေအနေ ပိုဆိုးနေသည်။
တစ်လမ်းလုံး jongdae hyung က တွဲကူနေရသည်။ chanyeol သာ လူသေးသေးလိုဆိုရင် ကျောပိုးသွားမလား မသိ။
ကုန်းကမူ တစ်ခုကို တက်တော့ စီနီယာ jongin က အရင်တက်သွားပြီး ကျွန်တော့်ကို လက်ကမ်းပေးသည်။ သူ့လက်ကို အားပြုရင်းပင်...
"chanyeol က ငယ်ငယ်ကတည်းက အမောမခံနိုင်တာ...အဲဒါကြောင့် မလိုက်ဖို့ jongdae က ပြောတာ...အခုတော့ သူပဲ ပင်ပန်းရတယ်"
ချွေးစများဖြင့် စီနီယာ့အသွင်က ပိုကြည့်ကောင်းနေသလိုပင်။ ကျွန်တော့်မှာတော့ ဟောဟဲလိုက်နေ၍ စကားပြန်ဖို့ပင် အားမရှိ။ ဒူးတွေ ခွေချင်နေပြီ။
"အိတ်ပေး....ကိုယ် သယ်ခဲ့မယ်"
ကျွန်တော် ခေါင်းယမ်းပြလိုက်သည်။ သို့သော် စီနီယာက ကျွန်တော့်အိတ်ကို အတင်းလွှဲပြောင်းယူသွားသည်။
ဝင်လုဆဲဆဲနေမင်းနှင့် စိမ့်လာသော အအေးဓာတ်ကြောင့် jongdae hyung က chanyeol ကို အနွေးထည်ကြီး ဝတ်ပေးပြန်သည်။ ဒါကိုပင် chanyeol က ချွေးစော်နံသည်ဆို၍ အသစ်တစ်ထည် ထုတ်ပေးရပြန်သည်။
ကျွန်တော့်စီနီယာကို ကြည့်မိလျှင် အနွေးထည်ဝတ်ချင်လို့လားဟု မေးနေမည်စိုး၍ chanyeol တို့ကိုသာ ကြည့်နေလိုက်သည်။
jongdae hyung အိတ်က chanyeol အတွက်ချည်းများလား။ ဒီလောက် ဂရုစိုက်တတ်သူနဲ့ဆိုလျှင် chanyeol က Mount Everest တောင် တက်ချင်နေဦးမည်။
"Jonginna.... မှောင်သွားလိမ့်မယ်... ဖြတ်လမ်းက သွားရအောင်"
"ကလေးတွေနဲ့ ဖြစ်ပါ့မလား"
"ကလေးတွေက မှောင်ရင် ပိုဆိုးမယ် ထင်တယ်...တောင်ပေါ်စောစောရောက်မှ အဆင်ပြေမယ်"
"အင်း"
"ဆောရီး.... မင်းရဲ့ sunset တော့ မမီတော့ဘူး....လမ်းကနေပဲ ကြည့်တော့"
စီနီယာ jongin က ဘာမှမဖြစ်ဟန် ပြုံးနေသည်။ ကျွန်တော်တို့ကို ကလေးတွေ ဟု ဆိုနေသောကြောင့် နွေးထွေးနေသလိုလို....
chanyeol ကတော့ ဘာမှ ပူပင်ဟန်မရှိ။
"sehun...လျှောက်နိုင်သေးတယ် မဟုတ်လား...မြန်မြန်လေး သွားရအောင်...ဆရာတွေ စိတ်ပူနေမယ်"
ညမှောင်လာမှာ ကျွန်တော်လည်း ကြောက်သဖြင့် ခပ်သွက်သွက်လျှောက်ဖို့ ကြိုးစားရသည်။ လမ်းက အနည်းငယ် ပိုကြမ်းသော်လည်း စီနီယာတွေ အကူအညီဖြင့် အဆင်ပြေနေသေးသည်။
သို့သော်.....
တုန်လာသော ခြေထောက်တို့ကို ဖုံးကွယ်ရန် ကျွန်တော် ဒူးကွေးထိုင်လိုက်သည်။ အိတ်တွေကို အရင်ပစ်ချကာ စီနီယာ နှစ်ယောက်က သွက်လက်စွာ ချောက်လေးထဲ ဆင်းသွားသည်။
မှောင်ရီရီ ပတ်ဝန်းကျင်၊ မူးနောက်နောက် ခေါင်းတို့ဖြင့် ယင်းချောက်လေးသည် ကျွန်တော့်အတွက် နက်ရှိုင်းနေသည်။ မောပန်းလွန်းသဖြင့် ရင်ထဲကလည်း တလှပ်လှပ်တုန်နေသည်။
ရုတ်တရက် လက်ကို လာထိသော အေးစက်စက် အထိအတွေ့။ chanyeol လက်တွေ အေးစက်နေပါလား။
"မင်း တုန်နေတယ် sehun"
"မင်းလက်တွေလည်း အေးနေတယ်"
"ကလေးတွေ ဆင်းခဲ့လေ....အစ်ကိုတို့လို ဆင်းခဲ့...တွေ့လိုက်တယ် မလား"
အနက်က စီနီယာ အရပ်ထက် အနည်းငယ် ပိုမြင့်သေးသည်။ ကျွန်တော် ပတ်ဝန်းကျင်ကို ကြည့့်လိုက်သည်။
စီနီယာနောက် ဝါးတစ်ပြန်စာ အကွာအဝေးတွင် ချောက်ကြီးတစ်ခုရှိသည်။ ဒါက ထင်ယောင်ထင်မှား မဟုတ်သည့် တကယ့်အစစ်.....
ထိုမှတစ်ဆင့် နောက်ဆုံး အလင်းမျှင်လေး ပေးနေသော နေမင်းကြီး နှင့် တိမ်မြူတစ်ချို့။
"ဆင်းခဲ့လေ...ကလေးတွေ... ဘာဖြစ်လို့လဲ"
"......"
"အဲ...မဆင်းရဲဘူး ထင်တယ်....အစ်ကိုတို့ ရှိတယ်လေ...အစ်ကိုတို့ ထိန်းပေးမှာ...ဘာမှ မကြောက်နဲ့...ဒါမှမဟုတ်ရင် ခုန်ချလိုက်..အစ်ကိုတို့ ဖမ်းပေးထားမယ်...jongdae...chanyeol ကို ပြောလေ"
"ငါ....ငါ သူ့ကို မနိုင် လောက် ဘူး လေ"
ထိတ်ထိတ်ပျာပျာ ပြောနေသော jongdae hyung ကြောင့် ကျွန်တော် ကြောက်နေတာတောင် ရယ်ချင်သွားသည်။ စီနီယာ jongin ပင် အူကြောင်ကြောင်.....
"အင်...ငါ ဖမ်းပေးပါ့မယ်....ငါ နိုင်ပါတယ်....ကလေးတွေ....မှောင်တော့မယ်"
ကျွန်တော် ခုန်ချလိုက်လို့များ အရှိန်လွန်ကာ ဟိုးချောက်နက်ကြီးထဲ ကျသွားပါလျှင်....
တိမ်မြူတွေကြား မျောသွားလေမလား.....
ဝါးတစ်ပြန်စာလောက်ကြီး အရှိန်မလွန်နိုင်မှန်း သိသော်လည်း ကြောက်တာက ကြောက်တာပဲ ဖြစ်သည်။
ဇောချွေးတို့ကြောင့် ခန္ဓာကိုယ်က အေးစက်လာသည်။ chanyeol က တော့ ဘယ်လိုတွေးကြောက်နေသလဲ မပြောတတ်ပေမဲ့ သူလည်း ဒူးတွေတုန်နေသည်။
"sehun....ငါတို့ ဘယ်လို လုပ် မလဲ"
သူ့အမေးကို မဖြေနိုင်။ ကျွန်တော်တို့ကို ကြည့်ရင်း jongdae hyung က ပင်ပန်းစွာ ထိုင်ချလိုက်သည်။
"sehun...အစ်ကို့ကို ကြည့်"
ကျွန်တော့် အစောင့်အရှောက်နတ်သားက ခေါ်နေသည်။
"အစ်ကို့ကိုကြည့်....sehun...အစ်ကို့ကို ယုံတယ် မလား....မင်း ဘာမှ မဖြစ်စေရဘူး...အစ်ကို အာမခံတယ်...အစ်ကို့ပေါ်ကို ခုန်ချလိုက်...နော်....အစ်ကို့ကို ယုံ"
ခံစားမှု အနည်းငယ် ပြင်းထန်နေပုံရသော်လည်း အစ်ကိုနှုတ်ခမ်းတွေက ပြုံးယောင်ယောင်ဖြစ်နေသေးသည်။
"အစ်ကို"
"အင်း....အစ်ကို့ကို ယုံတယ်မလား"
ကျွန်တော့်ခေါ်သံကြောင့် ပိုတက်ကြွသွားဟန် အစ်ကိုက ပိုပြုံးလေသည်။ ဒီလိုအပြုံးတွေထက် ဘာများ ပိုမက်မောရပါ့မလဲ။
ကျွန်တော် အစ်ကို့မျက်ဝန်းတွေကို တည့်တည့့်ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"အစ်ကို့ကို ယုံတယ်"
ကျွန်တော့်စကားအဆုံး ဖြစ်ပေါ်လာသော အစ်ကို့ အပြုံးကို တစ်ဝငေးလိုက်စဉ်......
"sehun....မင်း တကယ် ခုန်ချမလို့လား"
"အင်း"
အရှိန်လွန်သွားရင်ရော။ ဟင့်အင်း။ ကျွန်တော် ဘာအတွက်မှ နောင်တရမည် မဟုတ်။
"ကျွန်တော် ခုန်ပြီနော် အစ်ကို"
အစ်ကို ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် အစ်ကို့အပေါ် တည့်မတ်စွာ ကျွန်တော်ခုန်ချလိုက်သည်။
'အင့်'
လက်တွေ ဆန့်တန်းပေးထားသော အစ်ကို့ရင်ခွင်ထဲ တန်းရောက်သွားသည့် အခိုက်အတန့်တွင် အရှိန်လွန်ကာ တိမ်မြူတွေထဲသို့ မျောပါချင်မိ၏ ။ ဒီအတိုင်းလေး.... အတူတူ
အနီးကပ်ဆုံး မြင်ရသည့် အချိန်ခဏလေးတွင် အစ်ကိုက ပြုံး၍ ကျွန်တော့်ကို မြေပေါ်ချပေးလိုက်သည်။
"ကဲ....ဘာမှ မဖြစ်ဘူး တွေ့လား....အစ်ကို့ကို ယုံပါဆို"
တုန်ယင်နေသော ခြေထောက်တွေကြောင့် jongdae hyung ဘေး ထိုင်ချလိုက်ရင်း....
ကျွန်တော် အခု ဒီရင်ခွင်ထဲမှာဆို သေလည်း ရတယ်လို့ တွေးလိုက်တာလား.....
oh sehun ရေ.....ရူးများသွားပြီလား....
"ဘာမှ မဖြစ်ဘူး....ဘာမှ မဖြစ်ဘူး....
အသက်မှန်မှန် ရှူ"
နောက်ကျောတစ်ပြင်လုံးကို ပွတ်သပ်ပေးနေသည့် အစ်ကိုရဲ့ နွေးထွေးသော လက်တစ်ဖက်....
Jongdae hyung ကမ်းပေးသော ရေဗူးကို တစ်ခါတည်း မော့သောက်လိုက်ရသည်။
အစ်ကို့က ပေါ့ပါးစွာဖြင့် ထရပ်သည်။
"ကဲ...chanyeol...ဆင်းခဲ့တော့...sehun တောင် ဘာမှ မဖြစ်ဘူး တွေ့လား...မင်း အေးဆေးပါ...ပင်ပန်းလွန်းလို့ အားနည်းနေတာပါ"
"Jongin hyung...ကျွန်တော် တကယ် ကြောက်နေတာ"
ဟုတ်တယ်။ chanyeol က တကယ်ကြောက်နေတာ။ ကျွန်တော် အနားထိုင်နေသည့် jongdae hyung ကို လှမ်းကြည့်လိုက်သည်။
"ငါ တောင်တက်လာတာ ငါးခါမကတော့ဘူး...တစ်ခါမှ ဒီလောက် မပင်ပန်းဖူးဘူး"
တီးတိုး ညီးညူနေသော jongdae hyung ကို သနားသွားရသည်။ တကယ် သူ အပင်ပန်းဆုံးပဲ။
"အဲဒါဆိုလည်း sehun လိုမျိုး ငါ့ပေါ် ခုန်ချလိုက်...မင်းကတော့ ငါ့ကို ယုံတယ် မဟုတ်လား...ငါ ပစ်မချပါဘူး...ရှောင်လည်း မပြေးဘူး"
"Hyung"
"အကောင်းပြောတာ... hyung အပေါ် ခုန်ချလိုက်...ငယ်ငယ်က ကစားသလိုပဲကွာ...ဘာမှမဖြစ်ဘူး...hyung အာမခံတယ်..ဟုတ်လား"
"Jongdae hyung"
Chanyeol ၏ တိုးညင်းသော အသံကြောင့် jongdae hyung မျက်လုံးပြူးသွား၏။
"ငါ...."
"လာဦး...jongdae....chanyeol လေး...jongdae hyung အပေါ် ခုန်ချလိုက်...သူက chanyeol လေး ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး...သိတယ်မလား"
Jongdae hyung က ဘာမှမပြောတော့ဘဲ ဆီးကြိုဖမ်းထားရန် လက်တွေ ဆန့်တန်းပေး၏။
ဒီ size နှင့် ဒီ size.....
Jongdae hyung အစား ကျောချမ်းမိသည်။
"Hyung....ခုန်မယ်နော်"
အစ်ကိုက ဘေးမှ အသင့်အနေအထားဖြင့် စောင့်ပေးနေသည်။
"1....2....3"
chanyeol မျက်စိမှိတ်ကာ ခုန်ချလိုက်သည်က အစ်ကို့အပေါ် တည့်တည့်။ ဘုန်းခနဲ အသံဖြင့် ကြိုပြင်ဆင်ထားပုံမရသော အစ်ကို....နှစ်ယောက်ပူးကြီး လဲတော့သည်။
Jongdae hyung က အူကြောင်ကြောင် ရပ်လျက်.......
"Park chanyeol....မင်းပဲ jongdae hyung ဆို"
ဖုန်တွေလူးသွားသော အစ်ကိုက ဒေါသထွက်နေပုံမှာလည်း ကြည့်ကောင်းနေပြန်သည်။
"ကျွန်တော့် weight နဲ့ဆို ကျွန်တော့် hyung နာသွားမှာပေါ့....ဟီး"
"အေးပါ...မင်း hyung ထားတော့....ငါ့ပေါ်ပဲ ခုန်လို့ ငါပြောတယ်လေ...မင်းပဲ"
ကျောနာသွားပုံရသော အစ်ကို့ကို jongdae hyung က စစ်ဆေးပေးနေ၏။ အစ်ကိုက chanyeol နှင့် စကားများဆဲ။
"ကျွန်တော် jongdae hyung ပေါ် ခုန်ချမယ်လို့ မပြောပါဘူး"
"မင်း သူ့ကိုပဲ ကြည့်နေတာလေ"
"အဲဒါက ကြောက်လို့လေ...sehun က hyung ကို ပြူးကြည့်ပြီး ခုန်ချတော့ ကျွန်တော်လည်း"
"အေးပါ....မနက်မှ မင်းတို့သွေးပျက်နေတဲ့ ချောက် ဘယ်လောက်နက်လဲ လိုက်ပြစမ်းမယ်...အရပ်တွေနဲ့ မလိုက် ကြောက်ပြနေကြတာ"
အစ်ကို့၏ စူပုပ်ပုပ်နှုတ်ခမ်းကလည်း ကြည့်ကောင်းနေပြန်သည်။
ဘုရား...ဘုရား....
အစ်ကို jongin ရဲ့ အစိတ်အပိုင်းတစ်ခု အမူအရာတစ်ခုတိုင်းက လှပလွန်းနေတာလား။
အစ်ကိုက ကျွန်တော်ရူးသွပ်ဖို့ လူဖြစ်လာတာများလား။
"အားလုံး ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော်"
ကျွန်တော် ကျောပိုးအိတ်ကို လွယ်ရင်း စီနီယာ jongin ကို လိုက်ကြည့်နေမိသည်။
သူက တက်ကြွနေကာ ဟိုပြေး ဒီပြေးဖြင့် အလုပ်ရှုပ်နေသည်။ လိုက်ပါလာသည့် ဆရာ၊ ဆရာမများပင် သူ့အပေါ် တာဝန်အပြည့် လွှဲထားပုံရသည်။
ကျွန်တော်လည်း ပထမဆုံးတောင်တက် အတွေ့အကြုံမို့ ရင်ခုန်နေသည်။
"လူ မကွဲစေနဲ့နော်"
"sehun နဲ့ chanyeol.... ဖြည်းဖြည်းလျှောက်... နား နားပြီး တက်... အစ်ကိုတို့ နောက်က ပါမှာပါ"
စတက်ခါစ တွင် သွက်လက်စွာဖြင့် အဆင်ပြေသော်လည်း အချိန်ကြာလာသည်နှင့် အမောဖောက်လာသည်။ ကျွန်တော်တို့က ဆိုးလ်က လာတဲ့ ကျောင်းသားနုနုလေးတွေ မဟုတ်လား။
"chanyeol...ah...နား ရအောင်"
.....
"sehun....နားဦးမယ်"
နားလိုက်၊ တက်လိုက်ဖြင့် ဒီတောင်သည် မိုးထိများ မြင့်မားနေသလား ထင်လာရသည်။ ဖြတ်ကျော်သွားသော ကျောင်းသားများကြောင့် အရှုံးမပေးချင်သော်လည်း ပင်ပန်းလွန်းသည်။
ခွေချင်လာသော ခြေထောက်များဖြင့် ထိုင်ချလိုက်ရပြန်သည်။ ချွေးများက နဖူးမှနေ၍ တစ်ကိုယ်လုံး နစ်နေသည်။
"ငါတို့ တောင်ထိပ်ရောက်ပါဦးမလား"
chanyeol က စကားပင် မပြန်နိုင်။ ဒါတောင် ခေါင်းမာစွာ ချွေးရွှဲနေသော သူ့အနွေးထည်ကြီးကို မချွတ်သေးပေ။
ကြားလိုက်ရသော ခြေသံကြောင့် ကျွန်တော်တို့ နောက်ဆုံးမဟုတ်သေးဟု တွေးမိကာ ပြိုင်တူပြုံးမိကြသေးသည်။
"ဟေး...."
ရောက်လာသည်က အဖွဲ့ခေါင်းဆောင် စီနီယာ နှစ်ယောက်။
"မောနေပြီလား"
စီနီယာ jongin က ပြုံး၍ မေးရင်း ကျွန်တော့်ဘေးတွင် ထိုင်ချသည်။
စီနီယာ jongdae က ဘာမှမပြောဘဲ သစ်ပင်ကို မှီ၍ ထိုင်နေသော chanyeol အနွေးထည်ကို ချွတ်ပေးနေသည်။ ထို့နောက် ရေတစ်ဗူးနဲ့ ဆေးတစ်ပြားပေးသည်။
စီနီယာ jongin ကလည်း ကျွန်တော့်ကို ရေတစ်ဗူးပေးသည်။ ကျွန်တော်တို့ရေဗူးတွေ ဘယ်ကတည်းက ကုန်သွားမှန်းမသိ။
"ရောက်တော့မှာပါ...အပေါ်ပိုင်းက နည်းနည်းတော့ တက်ရခက်တယ်..ပထမဆုံး တောင်တက်တာလား"
"ဟုတ်တယ်....ပထမဆုံး... အဝေးကြီး လိုသေးတာလား"
"အရင်ကထက်တော့ ပိုနီးနေပါပြီ"
"ဟုတ်လား...ကျွန်တော်က မသိဘူး"
နှစ်ယောက်သား ပြိုင်တူရယ်မိကြသည်။ စီနီယာ jongin က ရယ်လျှင် ပို၍ ချစ်စရာကောင်းသည်။ ဘယ်လောက်ချစ်ဖို့ကောင်းသလဲဆို ကျွန်တော့့်နှလုံးခုန်သံကို ကိုယ်တိုင်ခံစားမိလာသည်အထိ။
"အဟမ်း...ကျွန်တော်တို့ နောက်ဆုံးပဲလား"
"မဟုတ်ဘူး.... ခုနက မင်းတို့ကို ကျော်တက်သွားတဲ့ အဖွဲ့ နောက်ဆုံး"
"ဟင်"
ကျွန်တော် ယောင်တောင်တောင် ဖြစ်သွားသည်ကို ကြည့်ကာ စီနီယာက ရယ်ပြန်လေသည်။ စီနီယာ့ရယ်သံသည် ကျွန်တော့်မောပန်းမှုတွေကို တိုက်စားသွားသလိုပင်။ ချစ်ဖို့ကောင်းလွန်းသည်။
ထိုစဉ် ရှေ့မှ chanyeol က ဘာပြောလိုက်သည် မသိ။ jongdae hyung က chanyeol အောက်ခံတီရှပ်ကိုပါ ချွတ်ပေးနေသည်။ ထို့နောက် ချွေးတွေသုတ်ပေးကာ သူ့ကျောပိုးအိတ်ထဲမှ အင်္ကျီတစ်ထည် ပြန်ဝတ်ပေးသည်။ ဟုတ်လှချည်လား.....
အားလုံးသိမ်းဆည်းပြီးနောက် jongdae hyung က ရေသောက်သည်။ အခုထိ သူ စကားတစ်ခွန်းမှ မပြောသေး။
"Jongdae hyung"
"ဆက်သွားရအောင် jongin"
Chanyeol ခေါ်သံကို လျစ်လျူရှုကာ ဆက်သွားရန် ပြင်သည်။ စီနီယာတွေက ဂျူနီယာတွေကို အရမ်းဂရုစိုက်ပေးတာပဲ။ chanyeol က မရိုမသေ ပြောထားတာတောင်မှလေ....
"သွားမယ်လေ"
Park chanyeol က ကျောပိုးအိတ်ကို မ ရင်း ပြုံးရွှင်တက်ကြွစွာ ထလာသည်။
"မင်း...ဒီအတိုင်းသွား"
Jongdae hyung က chanyeol အိတ်ကိုပါ ယူကာ ပေါင်းလွယ်လိုက်သည်။
"ဟာ...ကျွန်တော့်ကို ပေးပါ...ဒီလောက်တော့ နိုင်ပါသေးတယ်"
"ငါ မင်းကို ကျောမပိုးနိုင်ဘူး....ဒီတိုင်းလျှောက်စမ်းပါ...နောက်ကျနေတော့မယ်"
Jongdae hyung လို လူသေးသေးလေးက အိတ်နှစ်လုံးနှင့် မလိုက်မဖက်။ သို့သော် စိတ်ကြီးစွာဖြင့် သွားနှင့်လေပြီ။
ကျွန်တော် ဘေးက စီနီယာ jongin ကို လှမ်းကြည့်လိုက်သည်။
"မင်းအိတ်ရော ပေးချင်လို့လား... စီနီယာတိုင်းက အဲလောက် ဂရုမစိုက်တတ်ပါဘူးကွာ"
စီနီယာက ရယ်ကျဲကျဲဖြင့် ပြောနေသော်လည်း ကျွန်တော့်မှာ အားနာသွားရသည်။
"ဟာ...မဟုတ်ပါဘူး....ကျွန်တော် ကိုယ့်အိတ်ကို သယ်နိုင်ပါတယ်"
ကျွန်တော့် ဝိဉာဉ်ကို ပိုင်စိုးနိုင်သော ရယ်သံလွင်လွင်ကို ထပ်မံကြားခွင့်ရခဲ့ပြန်သည်။
•••••••••••••••••••••••••••••••••••
နေညိုစပြုလာပြီး လမ်းက ပိုကြမ်းတမ်းလာသည်။ အိတ်နှစ်လုံးနှင့် jongdae hyung က ပင်ပန်း လာပုံပေါ်သော်လည်း chanyeol က အခြေအနေ ပိုဆိုးနေသည်။
တစ်လမ်းလုံး jongdae hyung က တွဲကူနေရသည်။ chanyeol သာ လူသေးသေးလိုဆိုရင် ကျောပိုးသွားမလား မသိ။
ကုန်းကမူ တစ်ခုကို တက်တော့ စီနီယာ jongin က အရင်တက်သွားပြီး ကျွန်တော့်ကို လက်ကမ်းပေးသည်။ သူ့လက်ကို အားပြုရင်းပင်...
"chanyeol က ငယ်ငယ်ကတည်းက အမောမခံနိုင်တာ...အဲဒါကြောင့် မလိုက်ဖို့ jongdae က ပြောတာ...အခုတော့ သူပဲ ပင်ပန်းရတယ်"
ချွေးစများဖြင့် စီနီယာ့အသွင်က ပိုကြည့်ကောင်းနေသလိုပင်။ ကျွန်တော့်မှာတော့ ဟောဟဲလိုက်နေ၍ စကားပြန်ဖို့ပင် အားမရှိ။ ဒူးတွေ ခွေချင်နေပြီ။
"အိတ်ပေး....ကိုယ် သယ်ခဲ့မယ်"
ကျွန်တော် ခေါင်းယမ်းပြလိုက်သည်။ သို့သော် စီနီယာက ကျွန်တော့်အိတ်ကို အတင်းလွှဲပြောင်းယူသွားသည်။
ဝင်လုဆဲဆဲနေမင်းနှင့် စိမ့်လာသော အအေးဓာတ်ကြောင့် jongdae hyung က chanyeol ကို အနွေးထည်ကြီး ဝတ်ပေးပြန်သည်။ ဒါကိုပင် chanyeol က ချွေးစော်နံသည်ဆို၍ အသစ်တစ်ထည် ထုတ်ပေးရပြန်သည်။
ကျွန်တော့်စီနီယာကို ကြည့်မိလျှင် အနွေးထည်ဝတ်ချင်လို့လားဟု မေးနေမည်စိုး၍ chanyeol တို့ကိုသာ ကြည့်နေလိုက်သည်။
jongdae hyung အိတ်က chanyeol အတွက်ချည်းများလား။ ဒီလောက် ဂရုစိုက်တတ်သူနဲ့ဆိုလျှင် chanyeol က Mount Everest တောင် တက်ချင်နေဦးမည်။
"Jonginna.... မှောင်သွားလိမ့်မယ်... ဖြတ်လမ်းက သွားရအောင်"
"ကလေးတွေနဲ့ ဖြစ်ပါ့မလား"
"ကလေးတွေက မှောင်ရင် ပိုဆိုးမယ် ထင်တယ်...တောင်ပေါ်စောစောရောက်မှ အဆင်ပြေမယ်"
"အင်း"
"ဆောရီး.... မင်းရဲ့ sunset တော့ မမီတော့ဘူး....လမ်းကနေပဲ ကြည့်တော့"
စီနီယာ jongin က ဘာမှမဖြစ်ဟန် ပြုံးနေသည်။ ကျွန်တော်တို့ကို ကလေးတွေ ဟု ဆိုနေသောကြောင့် နွေးထွေးနေသလိုလို....
chanyeol ကတော့ ဘာမှ ပူပင်ဟန်မရှိ။
"sehun...လျှောက်နိုင်သေးတယ် မဟုတ်လား...မြန်မြန်လေး သွားရအောင်...ဆရာတွေ စိတ်ပူနေမယ်"
ညမှောင်လာမှာ ကျွန်တော်လည်း ကြောက်သဖြင့် ခပ်သွက်သွက်လျှောက်ဖို့ ကြိုးစားရသည်။ လမ်းက အနည်းငယ် ပိုကြမ်းသော်လည်း စီနီယာတွေ အကူအညီဖြင့် အဆင်ပြေနေသေးသည်။
သို့သော်.....
တုန်လာသော ခြေထောက်တို့ကို ဖုံးကွယ်ရန် ကျွန်တော် ဒူးကွေးထိုင်လိုက်သည်။ အိတ်တွေကို အရင်ပစ်ချကာ စီနီယာ နှစ်ယောက်က သွက်လက်စွာ ချောက်လေးထဲ ဆင်းသွားသည်။
မှောင်ရီရီ ပတ်ဝန်းကျင်၊ မူးနောက်နောက် ခေါင်းတို့ဖြင့် ယင်းချောက်လေးသည် ကျွန်တော့်အတွက် နက်ရှိုင်းနေသည်။ မောပန်းလွန်းသဖြင့် ရင်ထဲကလည်း တလှပ်လှပ်တုန်နေသည်။
ရုတ်တရက် လက်ကို လာထိသော အေးစက်စက် အထိအတွေ့။ chanyeol လက်တွေ အေးစက်နေပါလား။
"မင်း တုန်နေတယ် sehun"
"မင်းလက်တွေလည်း အေးနေတယ်"
"ကလေးတွေ ဆင်းခဲ့လေ....အစ်ကိုတို့လို ဆင်းခဲ့...တွေ့လိုက်တယ် မလား"
အနက်က စီနီယာ အရပ်ထက် အနည်းငယ် ပိုမြင့်သေးသည်။ ကျွန်တော် ပတ်ဝန်းကျင်ကို ကြည့့်လိုက်သည်။
စီနီယာနောက် ဝါးတစ်ပြန်စာ အကွာအဝေးတွင် ချောက်ကြီးတစ်ခုရှိသည်။ ဒါက ထင်ယောင်ထင်မှား မဟုတ်သည့် တကယ့်အစစ်.....
ထိုမှတစ်ဆင့် နောက်ဆုံး အလင်းမျှင်လေး ပေးနေသော နေမင်းကြီး နှင့် တိမ်မြူတစ်ချို့။
"ဆင်းခဲ့လေ...ကလေးတွေ... ဘာဖြစ်လို့လဲ"
"......"
"အဲ...မဆင်းရဲဘူး ထင်တယ်....အစ်ကိုတို့ ရှိတယ်လေ...အစ်ကိုတို့ ထိန်းပေးမှာ...ဘာမှ မကြောက်နဲ့...ဒါမှမဟုတ်ရင် ခုန်ချလိုက်..အစ်ကိုတို့ ဖမ်းပေးထားမယ်...jongdae...chanyeol ကို ပြောလေ"
"ငါ....ငါ သူ့ကို မနိုင် လောက် ဘူး လေ"
ထိတ်ထိတ်ပျာပျာ ပြောနေသော jongdae hyung ကြောင့် ကျွန်တော် ကြောက်နေတာတောင် ရယ်ချင်သွားသည်။ စီနီယာ jongin ပင် အူကြောင်ကြောင်.....
"အင်...ငါ ဖမ်းပေးပါ့မယ်....ငါ နိုင်ပါတယ်....ကလေးတွေ....မှောင်တော့မယ်"
ကျွန်တော် ခုန်ချလိုက်လို့များ အရှိန်လွန်ကာ ဟိုးချောက်နက်ကြီးထဲ ကျသွားပါလျှင်....
တိမ်မြူတွေကြား မျောသွားလေမလား.....
ဝါးတစ်ပြန်စာလောက်ကြီး အရှိန်မလွန်နိုင်မှန်း သိသော်လည်း ကြောက်တာက ကြောက်တာပဲ ဖြစ်သည်။
ဇောချွေးတို့ကြောင့် ခန္ဓာကိုယ်က အေးစက်လာသည်။ chanyeol က တော့ ဘယ်လိုတွေးကြောက်နေသလဲ မပြောတတ်ပေမဲ့ သူလည်း ဒူးတွေတုန်နေသည်။
"sehun....ငါတို့ ဘယ်လို လုပ် မလဲ"
သူ့အမေးကို မဖြေနိုင်။ ကျွန်တော်တို့ကို ကြည့်ရင်း jongdae hyung က ပင်ပန်းစွာ ထိုင်ချလိုက်သည်။
"sehun...အစ်ကို့ကို ကြည့်"
ကျွန်တော့် အစောင့်အရှောက်နတ်သားက ခေါ်နေသည်။
"အစ်ကို့ကိုကြည့်....sehun...အစ်ကို့ကို ယုံတယ် မလား....မင်း ဘာမှ မဖြစ်စေရဘူး...အစ်ကို အာမခံတယ်...အစ်ကို့ပေါ်ကို ခုန်ချလိုက်...နော်....အစ်ကို့ကို ယုံ"
ခံစားမှု အနည်းငယ် ပြင်းထန်နေပုံရသော်လည်း အစ်ကိုနှုတ်ခမ်းတွေက ပြုံးယောင်ယောင်ဖြစ်နေသေးသည်။
"အစ်ကို"
"အင်း....အစ်ကို့ကို ယုံတယ်မလား"
ကျွန်တော့်ခေါ်သံကြောင့် ပိုတက်ကြွသွားဟန် အစ်ကိုက ပိုပြုံးလေသည်။ ဒီလိုအပြုံးတွေထက် ဘာများ ပိုမက်မောရပါ့မလဲ။
ကျွန်တော် အစ်ကို့မျက်ဝန်းတွေကို တည့်တည့့်ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"အစ်ကို့ကို ယုံတယ်"
ကျွန်တော့်စကားအဆုံး ဖြစ်ပေါ်လာသော အစ်ကို့ အပြုံးကို တစ်ဝငေးလိုက်စဉ်......
"sehun....မင်း တကယ် ခုန်ချမလို့လား"
"အင်း"
အရှိန်လွန်သွားရင်ရော။ ဟင့်အင်း။ ကျွန်တော် ဘာအတွက်မှ နောင်တရမည် မဟုတ်။
"ကျွန်တော် ခုန်ပြီနော် အစ်ကို"
အစ်ကို ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် အစ်ကို့အပေါ် တည့်မတ်စွာ ကျွန်တော်ခုန်ချလိုက်သည်။
'အင့်'
လက်တွေ ဆန့်တန်းပေးထားသော အစ်ကို့ရင်ခွင်ထဲ တန်းရောက်သွားသည့် အခိုက်အတန့်တွင် အရှိန်လွန်ကာ တိမ်မြူတွေထဲသို့ မျောပါချင်မိ၏ ။ ဒီအတိုင်းလေး.... အတူတူ
အနီးကပ်ဆုံး မြင်ရသည့် အချိန်ခဏလေးတွင် အစ်ကိုက ပြုံး၍ ကျွန်တော့်ကို မြေပေါ်ချပေးလိုက်သည်။
"ကဲ....ဘာမှ မဖြစ်ဘူး တွေ့လား....အစ်ကို့ကို ယုံပါဆို"
တုန်ယင်နေသော ခြေထောက်တွေကြောင့် jongdae hyung ဘေး
You are reading the story above: TeenFic.Net