[18]

Background color
Font
Font size
Line height

ကျွန်တော် ဘာကိုမှ မတွေးမိအောင် ကြိုးစားနေသော်လည်း ဘာမှန်းမသိသည့် အရာတွေသာ တွေးနေမိသည်။ တစ်ခုခုကတော့ သေချာပေါက် ရှုပ်ထွေးနေသလိုမျိုး....

"sehun.....sehun"

"ဟင်..."

"ဒါ လက်မှတ်ထိုးပေးရမယ်"

Minyong ပြလာသည့် ဖိုင်ကို ဂရုတစိုက်ဖတ်လိုက်ပြီးမှ......

"အခု ဂျပန်သွားမယ်...အဆင်သင့်ပြင်ပေး"

"ဟင်....မင်းကိုယ်တိုင် သွားစရာမလိုဘူးလေ...ဌာနမှူး ဂျို က အကုန်စီစဉ်ပြီး"

"ငါ ကိုယ်တိုင် သွားမယ်လို့"

ကျွန်တော် တစ်ခုခု လုပ်နေမှကို ဖြစ်မှာပါ။

.........

"ဟဲလို....အစ်ကို"

"အင်း...........hun"

ဖြေလာသည့် အသံက အနည်းငယ်တော့ လေးတွဲ့နေခဲ့သည်။ ပတ်ဝန်းကျင်အသံတွေကလည်း ဆူဆူညံညံ.....

"အစ်ကို အခု ဘယ်ရောက်နေတာလဲ"

"ဘာဖြစ်လို့လဲ...."

"......"

"Jongdae နဲ့ အတူတူရှိနေတာပါ......အင်း....ဒီနေ့ သူ ရာထူးတိုးတယ်လေ...အဲဒါနဲ့ ဆိုင်မှာ"

အစ်ကိုသည် နေရာရွှေ့သွားပုံရသည်။ အသံတွေက တိတ်ဆိတ်သွားသည်။

"အစ်ကိုတို့ နှစ်ယောက်တည်းလား"

"အင်း.......ဘယ်သူပါဦးမယ် ထင်လို့လဲ"

"နှစ်ယောက်လုံး အရမ်းမူးနေရင် ဘယ်အဆင်ပြေပါ့မလဲ....ကျွန်တော်လည်း အခု ဂျပန်ရောက်နေလို့"

ကျွန်တော် ဂျပန်ရောက်နေတာ ၄ ရက်မြောက်။ အစ်ကို ကျွန်တော့်အိမ်မှ မနက်အစောကြီး ပြန်သွားပြီးနောက် ပထမဆုံး ဆက်သွယ်မှု။

"ဟား....ဟား....ကိုယ်တို့က အဆင်ပြေပါတယ်...hun စိတ်မပူပါနဲ့"

"အင်း.....ကျွန်တော်က နောက် ၃ ရက်လောက် ထပ်ကြာဦးမှာ"

"အင်းပါ"

ကျွန်တော်တို့မှာ ဘာမှ ပြောစရာ မရှိကြတော့သလို။ ကျွန်တော် နှုတ်ခမ်းကိုက်ထားမိသည်။ မိနစ်တစ်ချို့ စွန်းလာသည်အထိ တိတ်ဆိတ်နေမှုက ထိတ်လန့်ချင်စရာ....

"အဲဒါဆို jongdae hyung စောင့်နေလိမ့်မယ်....ကျွန်တော် ဖုန်းချတော့မယ်နော် အစ်ကို...hyung ကို ကျွန်တော်က ဂုဏ်ပြုပါတယ်လို့"

အစ်ကိုက တိုးသဲ့သဲ့ ရယ်မောသည်။

"ဒါပဲနော်" တဲ့။

•••••••••••••••••••••••••••••••

ထို့နောက်တွင်တော့ အစ်ကိုက ကျွန်တော့်တောင်းဆိုမှုများ ဆက်တိုက် ငြင်းဆန်ခဲ့လေသည်။ ပြဿနာတစ်ခုက ဖြစ်ပြီးသွားတာကိုတောင် ကျွန်တော်က မသိလိုက်သလိုမျိုး....

"အစ်ကို မအားဘူး ဆိုတာ ကျွန်တော့်ကို မတွေ့ချင်လို့လား...ဟုတ်လား"

ဝန်ခံရလျှင် 'ကိုယ် တကယ်မအားတာပါ' ဖြေပေးရန် မျှော်လင့်မိခဲ့ပါသည်။ အပြည့် မမှန်တာပဲ ဖြစ်ဖြစ်....တစ်ခုလုံး လိမ်တာပဲ ဖြစ်ဖြစ်.....

"အင်း....."

သူက ကျွန်တော့်ကို မလိမ်ချင်ဘူးလေ။

"သြော်....အင်းပါ....ကျွန်တော် မနှောင့်ယှက်တော့ဘူး"

ဒါက အထူးအဆန်းလည်း မဟုတ်ပါဘဲ...
ကိုယ်က လက်လွှတ်လိုက်ရင် အားလုံးပြီးဆုံးသွားမည့် ဆက်ဆံရေးက အခုမှ စတင်တာလည်း မဟုတ်ပါဘဲ.....

ကျွန်တော် နာကျင်နေခဲ့သည်။

••••••••••••••••••••••••••••••••

ကျွန်တော် အစမပြုသည်နှင့် ဖြစ်မလာတော့သော ဆက်နွယ်မှုများ.....

ကျွန်တော် ဘာမှမလုပ်ရင်လည်း ဘာမှ ဖြစ်လာတော့မည်မဟုတ်။ အစ်ကိုက ဘာကိစ္စအတွက်နဲ့မှ ကျွန်တော့်ကို သတိရမှာ မဟုတ်တာ......သူက ကျွန်တော်မရှိလည်း အဆင်ပြေသူ မဟုတ်လား။

ဒဏ်ရာမရှိသော်လည်း တမြေ့မြေ့ သေဆုံးတော့မည့် နှလုံးသားကို ထုတ်ပိုး၍ သူအိမ်ရှေ့ရပ်နေရသည်က သူ ဖုန်းစက်ပိတ်ထား၍ ဖြစ်သည်။

တစ်ခါမှ မထိခဲ့ဖူးသော သူ့အိမ်တံခါး ဘဲလ်လေးကို တို့ထိရင်း....

ဖြတ်သွားသည့် ကလေးလေးနှစ်ယောက်က ကျွန်တော့်ကို အထူးအဆန်းလို ကြည့်သည်။

"ဦးဦး jongin က အိမ်မှာ မရှိဘူး"

ကျွန်တော် ဘဲလ်မတီးဖြစ်တော့ဘဲ ကလေးနှစ်ယောက်ဆီ လျှောက်လာဖြစ်သည်။ ဆင်တူသလောက် ရုပ်ရည်နှင့် ကောင်လေးနှင့် ကောင်မလေး....

"Yeon နဲ့ Linn ? ? "

"......"

"ဟုတ်တယ်မလား...ဦးဦး jongin မရှိဘူးလား...သူ အပြင်သွားတာလား"

"ဟုတ်....အပြင်သွားတာ"
"မဟုတ်ဘူး....ခရီးသွားတာလို့ ပြောရတာ...အဝေးကြီးကို သွားတာ"
"ဒါပေမဲ့ ပြန်လာမှာပဲကို"
"အဲဒါ ခရီးသွားတာပဲ"

"ရန်မဖြစ်ပါနဲ့...ကလေးတွေ....ဦးဦး jongin က ခရီးသွားတာ...ပြန်လာမှာပေါ့....သူ ဘယ်တုန်းက သွားတာလဲ သိလား"

"နှစ်ရက်..."
"မဟုတ်ဘူး...တစ်ရက်"
"မနေ့ကရယ်...ဒီနေ့ရယ်...နှစ်ရက်လေ"
"မနေ့က နေ့ခင်း...အခုလည်း နေ့ခင်းပဲလေ"

"အင်း...အင်း....ဦး သိပြီ....သူ မနေ့က ခရီးသွားတာပေါ့...ဟုတ်လား"

ပြိုင်တူ ခေါင်းညိတ်သော ကလေးတွေသည် အစ်ကို သည်းသည်းလှုပ်ရအောင် ချစ်ဖို့ကောင်းပါသည်။

"ပြောစရာ ရှိရင် သမီးတို့ကို ပြောပါ....ဦးဦး jongin ကို ပြန်ပြောပေးမယ်"

ကလေးမလေးက မျက်လုံးတောက်တောက်လေးတွေနဲ့.......စူးစမ်းချင်သလိုလို.....

"ဦးဦးက ဘယ်သူလဲ...သား တို့ကို သိနေတယ်"

ကောင်လေးက မေးခွန်းဖြတ်မေးသည်။

"သား နဲ့ သမီး...မှတ်ထားနော်....ဦးဦး နာမည်က oh sehun တဲ့....ဦးဦး sehun လို့"

"အား...."

နှစ်ယောက်လုံးက စူးရှစွာအော်လိုက်သဖြင့် ကျွန်တော် တကယ်လန့်သွားသည်။ ကလေးနှစ်ယောက်က အချင်းချင်း ဖက်ကာ ခုန်ပေါက်နေသည်။

"သူ တကယ်ပဲ....ဦးဦးနတ်သားကို တွေ့ရပြီ....ဟေး...တကယ်ပဲ...နတ်သားလေး"

နှစ်ယောက်သား လုံးထွေးအော်ဟစ်ကာ ကောင်မလေးရဲ့ လက်ညှိုးလေးက သူတို့နှင့်ညီအောင် ထိုင်နေသော ကျွန်တော့်ပါးကို မရဲတရဲ လာထိသည်။

ချစ်စရာ ကောင်းသော အပြုအမူလေးကြောင့် ရယ်မိတော့....ကောင်မလေးက ထူးထူးဆန်းဆန်း အော်ပြန်သည်။

"တကယ်ပဲ...တကယ် အဲဒီအတိုင်းပဲ"

"ဦးဦးနတ်သား...သားတို့ကို တယ်လီပက်သီ ပြပေးပါ"

"ဘာကြီး"

"တယ်လီပက်သီ"
"ဦးဦး jongin နဲ့ ဆက်သွယ်ပြလေ....နော်...ဦးဦးက သားတို့ ကြည့့်လို့မရဘူးတဲ့...ဦးဦးနတ်သားနဲ့ပဲ ဆက်သွယ်လို့ ရတာတဲ့ "

"စိတ်နဲ့ ဆက်သွယ်တာလား"

ကောင်လေးက ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြတော့ကလေးမလေးက ကောင်လေးကို ပြန်ဆွဲသည်။

"linn...အခု ဆက်သွယ်လို့ မရတော့ဘူးလို့ ဦးဦး jongin က ပြောတယ်လေ..."

ကျွန်တော် ဒီအတိုင်းကြားနေရသော ကလေးမလေး၏ တိုးတိုးပြောသံက ရင်ထဲကို နင့်နင့်နဲနဲ ရောက်ရှိသည်။

ဘယ်အချိန်ကတည်းက ပြောင်းလဲသွားတာလဲ....
တကယ်ပဲ မနီးစပ်နိုင်တော့ဘူးလား....

.................

ဘယ်နတ်ဆိုး စိုးမိုးထားသလဲ မသိသည့် အချိန်က ကျွန်တော့်မှာကြားမှုအတွက် minyong က lee minjae ၏ အချိန်ဇယားကို ရနိုင်သလောက် ပို့ပေးထားသည်။ ကျွန်တော် တကယ် တစ်ခါမှ မကြည့်ခဲ့ဖူးပါ။

အခုတော့ မနေ့က ထိုလူ့ရဲ့ ပြည်ပခရီးစဉ်ကြောင့့်မကြည်မသာ ဖြစ်နေသည်။ ဘာမှလည်း မဟုတ်ပါဘဲ......
အဲဒီလူကပါ ဘာလို့ ခရီးထွက်ရတာလဲ။

အစ်ကိုနှင့်အတူ တွဲဖက်တွေးမိသော......အဖြေရှာနိုင်သော....တရားရုံးဆီရောက်တော့ jongdae hyung က ရုံးဆင်းလာခဲ့သည်။

"hyung ဆီ လာတာလား....sehun"

"အင်း....hyung အချိန်ပေးနိုင်လား"

"Jongin အကြောင်းဆိုရင်တော့ အများကြီး မပြောချင်ဘူး"

"jongdae....ဒါက အမှုသစ်အတွက်"

ဖိုင်တစ်ခုကို အပြုံးနှင့် လက်ခံယူသော jongdae hyung က ကျွန်တော့်ကိုတော့ အများကြီး ပြုံးမပြပါ။

"အစ်ကို ခရီးသွားတယ်ဆိုလို့....ဘယ်ကို သွားတာလဲ သိချင်တာ"

"အင်း.........သူ ပြန်လာမှ မေးကြည့်လေ"

"သူက ကျွန်တော့်ကို မတွေ့ချင်ဘူး"

"ဟုတ်လို့လား....အဲဒါဆိုရင်လည်း မတွေ့သေးနဲ့ပေါ့...သူ တကယ်လည်း အလုပ်သစ်အတွက် အလုပ်ရှုပ်နေတာပါ"

"သူ ဘယ်သွားတာလဲ...Hyung ပြောပြလို့ မရဘူးလား"

Jongdae hyung က စူးရှသော မျက်ဝန်းတွေနှင့် ကျွန်တော့်ကို သေသေချာချာ အကဲခတ်နေသည်။

"မင်း အရမ်းစိတ်ပူနေတာ.....တခြားအတွေးတွေ တွေးမိနေတာလား"

"ဟမ်"

"အိုခေ....hyung ပြောမယ်....မင်း စိတ်ပူစရာမလိုတာ သေချာတယ်...jongin က သူ့ကိစ္စနဲ့သူ သွားတာ....သူ ဘာမှလည်း မဖြစ်ဘူး"

"....."

"မင်းတို့ တခြားတစ်ယောက်ကြောင့် ပြဿနာတက်ထားကြတာလား....ဆိုးလိုက်တာ...အရေးမပါတာတွေကို ဘာလို့ စိတ်ပင်ပန်းခံနေတာလဲ"

ပြောရင်း jongdae hyung က ဟက်ခနဲ ရယ်ကာ ကျွန်တော့်ရှေ့မှ ထွက်သွားသည်။ သို့သော် တရားရုံးတော်ထဲ ခပ်သွက်သွက် ပြေးဝင်သွားသော chanyeol ကို မြင်တော့ သူ ရပ်တန့်သွားသည်။

"မင်းတို့က ဘာလို့ အဲလောက်တူနေတာလဲ"

"Hyung တို့ နှစ်ယောက်ကလွဲရင် တစ်လောကလုံးက အတူတူပဲလို့ hyung တို့က ထင်တယ်လေ"

"မင်းတို့ နှစ်ယောက်ကိုတော့ မပါစေချင်ခဲ့ပါဘူး...မင်းတို့က...မင်းတို့က ပိုဆိုးတယ်"

"......"

"ဘာလို့ ပေးထားတာတွေကို မမြင်ဘဲ လိုချင်တာတွေကိုပဲ ကြည့်နေတာလဲ...တန်ဖိုးသတ်မှတ်မှု ကွာခြားတာလား....တကယ့်တန်ဖိုးက ကွာခြားတာလား"

"......"

"ငါတို့မှာလည်း ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပါတယ်"

အဆုံးသတ်က တိုးသဲ့သဲ့စကားသံနှင့် jongdae hyung က ကျွန်တော်တို့နှင့် ဆန့်ကျင်ဘက်ကို ကျောခိုင်းထွက်သွားသည်။

ရင်ထဲမှ ကျပ်သိပ်နေသည့် ခံစားမှုက.....

ဘာလို့ ကွာခြားမှုတွေကိုပဲ ထုတ်ပြနေကြတာလဲ။
ကျွန်တော်တို့လည်း အတူတူ ရယ်မော ခဲ့ဖူးပါတယ်။

••••••••••••••••••••••••••••
××××××××××××××××××××

ကျွန်တော် အစ်ကိုနှင့် သေချာစကားပြောကြည့့်ချင်ပါသည်။ ကျွန်တော်တို့တွေ ပြန်ဆွေးနွေး၍ ရနိုင်ပါသေးသည်။ အင်း......ရနိုင်ပါသေးသည်။

ဖုန်းကြိုဆက်လျှင် ရှောင်ပုန်းမှာ ကြောက်သဖြင့် အစ်ကို့အခန်းရှေ့မှာ တိတ်တိတ်လေး စောင့်နေခဲ့သည်။ စိတ်ကို ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ထားသော်လည်း ပရောဂျက်အသစ်ရဲ့ ရလဒ်ကို စောင့်ရသည်ထက် ရင်ခုန်ရပါသည်။

အပြင်က ပြန်လာပုံရပြီး အတူတူလမ်းလျှောက်လာသော အစ်ကိုနှင့် jongdae hyung က အေးအေးချမ်းချမ်းပါပဲ။ အစ်ကို ဆေးလိပ်ဖွာနေတာကို မတွေ့တော့တာတောင် ကြာခဲ့ပြီ။

"အစ်ကို..."

ဘာမှမဖြစ်ခဲ့သလို ဝမ်းသာအားရ နှုတ်ဆက်လိုက်သော်လည်း အစ်ကို့ပါးပေါ်မှ ညိုမဲမဲ ဒဏ်ရာတွေကြောင့် ဒေါသထွက်သွားရသည်။

"ဒါက ဘယ်လို ထိခိုက်ထားတာလဲ....ဘယ်သူ့ကြောင့်လဲ"

"Hun...ဘယ်လိုရောက်နေတာလဲ...ဖုန်းလည်း မဆက်ဘူး"

"ဒါက ဘယ်သူလုပ်တာလဲလို့"

အစ်ကိုက jongdae hyung ကို လှမ်းကြည့့်သည်။ jongdae hyung မျက်နှာမှာလည်း ဒဏ်ရာတစ်ချို့ရှိသည်။

သို့သော် Jongdae hyung က ဘာမှမပြောဘဲ အခန်းတံခါးဖွင့်၍ အထဲဝင်သွားတော့သည်။

"ဘယ်သူက ထိခိုက်အောင် လုပ်တာလဲ...ကျွန်တော့်ကို ပြော...အမှန်အတိုင်းပြော...."

"Hun...ah...ကိုယ် ဘာမှမဖြစ်ပါဘူး"

"အစ်ကို...ကျွန်တော် တကယ်မေးနေတာနော်...အစ်ကို့ကို ဘယ်သူက ထိုးတာလဲ...ဘယ်ကောင်က အနိုင်ကျင့်တာလဲ....တောက်"

ဒုန်း...ဒုန်း....

"Jongdae hyung...ခဏထွက်ခဲ့ဦး...ကျွန်တော့်ကို ပြောပြ...အစ်ကို ဘာဖြစ်ခဲ့တာလဲ"

အခန်းတံခါးကို ခပ်ကြမ်းကြမ်း ထုတော့ hyung က တံခါးဖွင့်လာသည်။ ပြီးတော့ ကျွန်တော့်ကို တစ်လှည့် အစ်ကို့ကို တစ်လှည့် ကြည့်သည်။

"မင်း သူ့ကို မမေးဘူးလား"

"hyung ပြော....hyung တို့ ဘယ်သူတွေနဲ့ ဘာဖြစ်ခဲ့ကြတာလဲ"

Hyung က တံခါးကို မှီကာ ဆေးလိပ်ဖွာရင်း ခဏစဉ်းစားနေသည်။ ကျွန်တော့်နောက်က အစ်ကိုကလည်း တိတ်ဆိတ်နေသည်။

"ရန်ဖြစ်တာ hyung ပါ...သူက လက်လွန်မှာစိုးလို့ ဝင်ဆွဲရင်းနဲ့ အထိုးခံရတာ"

"ကျွန်တော့်ကို အမှန်အတိုင်းပြောပါ...hyung တို့က အတူတူရန်ဖြစ်မဲ့သူတွေ မဟုတ်ဘူးလား"

"သူ့ ညီဝမ်းကွဲတွေနဲ့ ဖြစ်တာ....စောက် ကလေးဆိုးလေးတွေက မုန့်ဖိုးတောင်းနေကျပဲ...သူ့ကို စော်ကားပြောဆိုနေလို့"

"သူတို့က အစ်ကို့ကို ဘာပြောတာလဲ"

Jongdae hyung က ကျွန်တော့်ဆီက မျက်နှာလွှဲပြီး မဖွာလိုက်ရဘဲ ကုန်ဆုံးနေသော ဆေးလိပ်ကို ကြည့်နေသည်။ ပြီးမှ တစ်ချက်ပြုံးပြီး မော့ကြည့်လာသည်။

"ငါ ပြောရမှာလား...အဟမ်း....မုန့်ဖိုးပေးတာ နည်းလို့တဲ့....မင်းဆီက ရတဲ့ ငွေတွေ ဘယ်ရောက်သွားလဲ တဲ့"

"ဘာ...."

ရုတ်တရက်တော့ ဘာကိုဆိုလိုမှန်းတောင် ကျွန်တော် စဉ်းစားမရလိုက်။ ဦးနှောက်ထဲမှာ ဆူဝေလျက်.....

"သိတယ်မလား...သူ့အဒေါ်တွေကလည်း စကားများလွန်းတယ်...သူ့ညီလေးတွေက အရိုင်းအစိုင်းလေးတွေ"

"Jongdae...ya"

သဘောပေါက်သွားသော တစ်စုံတစ်ရာက နှလုံးခုန်နှုန်း မြန်လာစေပြီး အင်အားတွေကို ယုတ်လျော့စေသည်။

လှေကားအထစ်သေးသေးလေးတွေဆီက ပြန်ဆင်းခဲ့တော့ အစ်ကိုက ဆေးလိပ်အသစ်ကို မီးညှိနေရင်း ကျွန်တော့်ကို စူးစမ်းကြည့်နေသည်။

"ဘာလို့....ဘာလို့"

အစ်ကို့ မျက်နှာနုနုက မထိရက်စရာ.....

ပျော့ခွေနေသော ခြေထောက်တွေကို အရှုံးပေးလိုက်တော့ အစ်ကို့ခြေရင်းမှာ ဒူးထောက်ကျသွားသည်။

"ဘာလို့ အဲလို အပြောခံနေတာလဲ...အစ်ကိုက အသာကြီးလေ....ဘာလို့ အပြောခံပြီး ဒီအခြေအနေမှာ ရပ်နေတာလဲ...ကျွန်တော့်ကို အဲလောက်တောင် လက်မခံချင်ဖူးလား"

"......."

"ကျွန်တော် ဘာလုပ်ပေးရမလဲ...ဘာတွေ လိုအပ်နေသေးလဲ...အစ်ကို ခွင့်ပြုရင် ကျွန်တော် ချက်ချင်း လက်ထပ်နိုင်တယ်...အစ်ကို့ကို ထိခိုက်အောင်လုပ်နေတဲ့ လူတွေရဲ့ အဆတစ်ထောင်မြင့့်တဲ့ နေရာမှာ ထားနိုင်တယ်....အစ်ကို"

"ထပါ...."

ကျွန်တော့်ကို ဆွဲထူနေတဲ့ အစ်ကို့ပုံစံက တကယ့်ကို ဘာခံစားချက်မှ ရှိမနေဘူး။

"Jongdae....ငါ့ကို စားပွဲပေါ်က အိတ်ယူပေး...အိပ်ယာပေါ်က စာရွက်တွေရော"

"အစ်ကို....ကျွန်တော်တို့ စကားပြောကြရအောင်"

"Hun က ဒီအခြေအနေနဲ့ စကားပြောချင်သေးလို့လား"

"ဘာလို့ ကျွန်တော့်ကို ရှောင်နေတာလဲ...စိတ်ဆိုးနေတယ် ဆိုရင်လည်း တစ်ခုခုတော့ ပြောရမယ်လေ....အစ်ကို"

"အဟား....hun ကို ဘယ်သူက စိတ်ဆိုးရက်မှာလဲ....ကိုယ် တကယ်အလုပ်ရှုပ်နေတာ"

အစ်ကိုက ဆေးလိပ်ငွေ့တွေကို တစ်ဖက်သို့ လှည့့််ကာ မှုတ်ထုတ်လိုက်သည်။ jongdae hyung ကမ်းပေးလာသော အိတ်ကို ယူပြီး....

"ညစာ စားဖို့ မစောင့်နဲ့....ငါ အပြင်က စားခဲ့မှာ"

ထို့နောက်မှ ကျွန်တော့်ကို ရည်ရွယ်လာပြီး....

"ပြန်တော့....hun...ကိုယ်လည်း ပိုက်ဆံ ရှာရဦးမယ်....ကားကို ဂရုစိုက်မောင်း"

တကယ်ကြီး ထွက်ခွာသွားခဲ့သော အစ်ကိုက ကျွန်တော်နဲ့ ဘာမှကို ဆွေးနွေးချင်စိတ် မရှိတော့ဘူး ထင်သည်။

.
.
.

အဖြေတစ်ခုမှ ထွက်မလာရင် ကျွန်တော် အသက်မရှူနိုင်လောက်အောင် မွန်းကျပ်နေခဲ့ပြီမို့......စောင့်သည်။ စောင့်နေခဲ့သည်။

ရင်ထဲက အစိုင်အခဲကို ခြေမွပေးမည့် စိတ်ကူးဖြင့် တတိတိသောက်နေခဲ့သော ပုလင်းက ကုန်တော့မည်။ အစ်ကို ပြန်ရောက်မလာခဲ့သေး။

လမ်းမပေါ် ထိုင်ချရင်း၊ ကားဘီးကို မှီလိုက်တော့ ကျွန်တော့်ပုံစံက တကယ့်ကို ဆိုးဝါးနေလောက်ပြီဟု တွေးမိသည်။ အင်းလေ....ကျွန်တော့် ခံစားချက်တွေလောက်တော့ ဆိုးဝါးနိုင်ဦးမလား။

အစ်ကို့အခန်းထဲမှ ထွက်လာသော jongdae hyung က ကျွန်တော့်ကို မြင်တော့ အနားလျှောက်လာသည်။

"စောင့်နေတုန်းပဲလား....jongin က နောက်ကျဦးမှာ"

"ရောက်လာတဲ့ အထိ စောင့်မှာ"

"အင်း...အင်း...hyung ပြန်ပြီ...နှစ်ယောက်လုံး အဆင်ပြေကြပါစေ"

သူတို့တွေများ ဘာလို့ သွေးအေးနိုင်ကြတာလဲ။
ကျွန်တော်တို့ ရူးသွားရင်တောင် မျက်နှာပျက်ကြပါ့မလား။ ကျွန်တော် ပေါက်ကွဲပစ်ချင်လာသည်။

"JONGDAE HYUNG"

"......"

"ဒီအမှုပြီးသွားရင်တော့ chanyeol ကို အပြီးဆုံးရှုံးရတော့မှာ...သိလား....ခင်ဗျား သူ့ကို ဒီလောက်နာကျင်စေခဲ့တာ မလုံလောက်သေးဘူးလား"

ကိုယ်နှင့် မဆိုင်၍ ဝင်မပါခဲ့သော်လည်း.....

chanyeol က အရူးတစ်ပိုင်း ဖြစ်နေသည်ကို တွေးမိလျှင် သူ အေးဆေးစွာ လမ်းလျှောက်နေသည်ကိုပင် မကြည်ဖြူချင်။

"သူ့ကို နာကျင်စေခဲ့တာ ငါလား....သူ ကိုယ်တိုင်လား.....sehun....အားလုံးက ကိုယ်တိုင်ရွေးချယ်မှုတွေပဲ"

ကိုယ်တိုင် ရွေးချယ်မှု....
ကိုယ်တိုင် ရွေးချယ်မှု.......

ကျွန်တော်တို့ ရွေးချယ်ခဲ့တာ လူသားယောင်ဆောင်ထားတဲ့ နာကျင်မှုတွေများလား။

.
.
.

အစ်ကိုက ကျွန်တော်နဲ့ဆို ည ၉ နာရီအထိတောင် အချိန်မဖြုန်းတတ်တာ.....

အခု ည ၁၁ နာရီ.....

အရာအားလုံး မှိန်ဖျော့ချိန်မှ ပြန်ရောက်လာသော အစ်ကို့ကို lee minjae ဆိုတဲ့ လူက လိုက်ပို့ခဲ့တာ.....

ထိုးကျသွားတဲ့ စိတ်ကို အမြင့်ဆုံးထိ ပြန်ဆွဲတင်ပြီး အစ်ကို့ဆီ လျှောက်လာတော့ အစ်ကိုက ရပ်ကြည့်နေခဲ့သည်။

"ပြန်လာတာ နောက်ကျတယ်နော် အစ်ကို"

"......."

"အဲဒီလူနဲ့ အတူတူရှိရတာ အရမ်းပျော်ဖို့ကောင်းတာပဲလား"

"......"

"သူက မိတ်ဆွေနော်....အစ်ကို့ မိတ်ဆွေနဲ့ ဘယ်လိုတွေ အချိန်ဖြုန်းခဲ့သလဲ ပြောပြပါဦး....ကျွန်တော်နဲ့လိုမျိုး...ညစာ အတူတူစားပြီး စကားပြောခဲ့ကြတာပဲလား...အခုက နောက်ကျနေပြီ"

ကျွန်တော့်ကို မမှိတ်မသုန် စိုက်ကြည့်နေသော အစ်ကိုက စကားပြန်ပြောရန် အစီအစဉ်ရှိပုံမရ။ ဆိုးရွားစွာပင် ခံရခက်အောင် သူ လုပ်နိုင်သည်။

"ဘာလို့ တိတ်ဆိတ်နေတာလဲ...အစ်ကို...ကျွန်တော့်ကို စကားမပြောချင်တော့ဘူးလား....မရဘူး...ပြောမှဖြစ်မှာ...နှိုင်းယှဉ်စရာ မလိုဘူးဆိုတဲ့ အဲဒီလူနဲ့ ကျွန်တော်နဲ့က ဘာများကွာလဲ....သိချင်လို့ ပြောပြပါဦး"

"......"

ကျွန်တော် တကယ် ရူးသွားတော့မှာပဲ။

"အဲလိုမနေနဲ့....စကားပြောစမ်းပါ...အစ်ကို တစ်ခုခု ပြောမှ ဖြစ်မှာ"

"အင်း....ကိုယ် ဘာပြောရမလဲ"

ကျွန်တော် အစ်ကို့ပုခုံး နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်သည်။

"ကျွန်တော်တို့ ရန်ဖြစ်ရအောင်...အစ်ကို"

"အင်း....ဘယ်လိုဖြစ်ကြမလဲ"

အေးဆေးစွာ ပြောလာပုံက....ဆရာကျလွန်းပါသည်။ ကျွန်တော့်မှာ မစခင်က ရှုံးနိမ့်နေသလိုမျိုး.....

"ကျွန်တော့်ကို ဘာလို့ ရှောင်နေတာလဲ...အဲဒီနေ့က နမ်းတာကို စိတ်မဆိုးဘူးဆို"

"မရှောင်ပါဘူး....စိတ်လည်း မဆိုးဘူး"

"ကျွန်တော်နဲ့ မတွေ့ချင်ဘူးဆို"

"အင်း....ခံစားချက်ကို ပြောပြတာ....ကိုယ် သက်သက်မဲ့ ရှောင်မပြေးဘူး"

"ဘာလို့ မတွေ့ချင်တာလဲ"

"......"

"ဖြေလေ....အစ်ကို...ဘာလို့"

"မင်း ပြောတော့ ရန်ဖြစ်မှာဆို....ဘာလို့ ဖြေရှင်းချက် တောင်းနေတာလဲ..."

"ကျွန်တော် အခု ဘယ်လိုခံစားနေရလဲ သိလား.....မသိရင်လည်း အစ်ကို ဘာတွေးနေလဲ ကျွန်တော် သိရမှ ဖြစ်မှာ"

"မင်း......."

"......"

"ပင်ပန်းနေရင် လက်လွှတ်လိုက်တော့"

"ဘာ.....ခင်ဗျား လွယ်လွယ် မပြောစမ်းနဲ့"

အစ်ကိုက ကျွန်တော့်လက်ထဲမှ သူ့ပုခုံးတွေကို ရုန်းထွက်လိုက်သည်။

"အစ်ကို မခံစားရဘူးလား....ကျွန်တော့်ကို မမြင်ဘူးလား...ကျွန်တော် တည်ဆောက်ခဲ့သမျှက ထွက်သွားတော့လို့ လွယ်လွယ်ပြောထွက်ဖို့ပဲလား"

"......."

"ကျွန်တော့်ကို ကြည့်ပါဦး....ဟင်....တစ်ခါလောက်လေး စောက်ဂရုစိုက်ပေးရင်.......ကျွန်တော် ရူးသွားမှာ စိုးလို့လား....ဟုတ်လား"

"......."

"ခင်ဗျား ဘာလို့ အဲလောက်သွေးအေးနိုင်ရတာလဲ"

"အေး....အဲ့လိုကောင်ရဲ့ ဘေးမှာ မင်းက ဘာလို့ နေနေသေးလဲ....ငါ့လိုကောင်ဆီက ဘာရမယ် ထင်လို့ မျှော်လင့်နေတာလဲ"

"အစ်ကို !!"

"....."

"ချစ်လို့ နေနေတာလေ....ကျွန်တော် အစ်ကို့ကို ချစ်လို့.....အစ်ကိုက ကျွန်တော့်ကို မချစ်ဖူးလား"

"......."

"တကယ့်ကို မချစ်ခဲ့ဖူးလား....အား....တကယ်ပဲ...ဘယ်လိုများ ပြောထွက်ရက်တာလဲ"

သက်သာလို သက်သာငြား ကိုယ့်ရင်ဘတ်ကို ထုရိုက်ကြည့်သည်။ တင်းကျပ်နေသည့် ခံစားချက်က......

"ငါ မချစ်တတ်ဘူး....မင်း အချစ်ကိုလည်း မခံစားတတ်ဘူး...ငါက မကောင်းတဲ့သူမလို့ ဖြစ်လိမ့်မယ်"

"တော်ပါတော့"

"......."

သူ ပြောသည့်စကားတိုင်းက ပြင်းထန်လွန်းလိုက်တာ။ ဒါတောင် သူ့မျက်နှာမှာ ဝမ်းနည်း၊ ဒေါသထွက်တဲ့ အရိပ်အယောင် ပေါ်မနေသေးဘူး။ ကျွန်တော် အသက်ပြင်းပြင်းရှူရင်း...

"ကျွန်တော်တို့ ဖြည်းဖြည်းပဲ ပြောကြမယ်....ကျွန်တော် အစ်ကို့ကို ချစ်တယ်...အစ်ကို ဘယ်လိုပဲ ပြောပြော....."

"......"

"အခု ပြဿနာကို အရင်ရှင်းကြရအောင်...အစ်ကို စိတ်ထဲမှာ အစိုင်အခဲဖြစ်နေတာတွေ ကျွန်တော့့်ကို ပြော...အားလုံးကို ရအောင် ပြင်ဆင်မှာမို့"

"ဘာလို့ မင်းအမှားလို့ ပြောနေတာလဲ"

"အဲဒါဆို ဘယ်သူ့အမှားလဲ"

"ငါ တကယ်မဖြေရှင်းတတ်ဘူး...မင်းက ဘာမှမမှားဘူး....မနာကျင်စမ်းနဲ့...စိတ်မကောင်း ဖြစ်စရာလည်း မလိုဘူး....စိတ်နာလိုက်ပါ....ငါ့လိုကောင်ဆီက ဘာမှပြန်မရပါဘူး"

"ဘာလို့ ဇွတ်အတင်း နှင်လွှတ်နေတာလဲ...ကျွန်တော် ဘာများ လုပ်မိလို့လဲ....ဖြေရှင်းဖို့ ကြိုးစားနေတယ်လေ...ခင်ဗျား တစ်ကိုယ်ကောင်းဆန်လိုက်တာ..."

"အခု မင်း သိပြီမလား"

"သိပြီ....သိပြီ....တစ်ချိန်လုံး အဆင်ပြေနေရဲ့နဲ့ အခုမှ ဇွတ်တွန်းထုတ်နေတာ ဘာအကြောင်းကြောင့်များလဲလို့....ဟက်"

မျက်ရည်ရစ်ဝဲနေသည့်ကြားမှ အစ်ကို့လက်သီးတွေ တင်းတင်းဆုတ်လိုက်ကြောင်းကို မြင်လိုက်ရသေးသည်။

"အခုမှ ဒေါသထွက်တာလား...ကျွန်တော့်ကို ထိုးချင်တာလား...ရိုက်ချင်တာလား...လုပ်လေ...ခင်ဗျားက စကားလုံးတွေနဲ့ ဘဝတစ်ခုလုံးသေအောင် လုပ်နိုင်ခဲ့ပြီပဲ"

"......"

"မျှော်လင့်ချက်တွေက သေးသေးလေးဆိုလည်း ဖြစ်မလာရင် နာကျင်ရတယ်တဲ့....ခင်ဗျားပဲ ပြောခဲ့ပြီး...ခင်ဗျားပဲ မျှော်လင့်ချက်တွေ ပေးခဲ့ပြီး............"

"......"

"အခုကျ မချစ်တတ်ဘူး ဆိုတာနဲ့ ပြီးသွားရောလား...အဲလောက်တောင် တာဝန်မဲ့သလား...Kim Jongin"

"......."

"......"

"အင်း.....ရန်ဖြစ်ရတာ အဆင်ပြေသားပဲ.....အခု မင်းသိပြီ.....ငါက တာဝန်မဲ့တဲ့သူ...တစ်ကိုယ်ကောင်းဆန်တဲ့သူ.... မင်းကို နာကျင်စေတဲ့သူ...တန်ဖိုးမထားတဲ့သူ...."

သူက တစ်လုံးချင်း ပြောနေသည်။ ကျွန်တော့်ကို စိုက်ကြည့်နေပြီး.....

"နောက်တစ်ယောက်တွေ့နေလို့ မင်းကို ပစ်ထားတဲ့သူ....မင်းကို မျှော်လင့်ချက်တွေပေးပြီး ကစားခဲ့တဲ့သူ....မင်းကို...................တစ်ခါမှ မချစ်ခဲ့တဲ့သူ....အဲဒီတော့ မင်း ဘာဆက်လုပ်မလဲ"

သွေးလည်ပတ်နှုန်းတွေမြန်လာပြီး နားထင်အထိ သွေးတွေ ဆောင့်တိုးနေသလို.....
တကယ် မတရားဘူး။ သူ တကယ်ကို မတရားဘူး။

တကယ်ပဲ ကျွန်တော့်ရွေးချယ်မိတာ အစ်ကိုယောင်ဆောင်ထားတဲ့ နာကျင်မှုကြီး....

ကျွန်တော် အစ်ကို့လက်တွေကို အသည်းအသန်ဖမ်းဆုပ်လိုက်သည်။

"ဒါလေးတော့ ဖြေပေးပါ....ဒီတစ်ခုပဲ....အစ်ကို ကျွန်တော့်ကို မချစ်ခဲ့ဖူးလား"

နီးကပ်နေမှ အစ်ကို့မျက်လုံးတွေက သွေးကြောနီနီတွေ ယှက်ဖြာနေတာ.....မြင်ရသည်။
ထို မျက်ဝန်းတွေက ခံစားချက်မပါဘဲ ကျွန်တော့်ကို စိုက်ကြည့်သည်။

"အဖြေက.........အခု မင်းထင်နေတဲ့ အတိုင်းပဲ"

"ခဏလေး...ခဏလေးပါ....မရုန်းပါနဲ့....ဒီတစ်ခါ လက်လွတ်သွားရင် ကျွန်တော်.....တကယ်"

"......."

တကယ်....တကယ် ပြောမထွက်ဘူး။ ကျွန်တော် တကယ် အစ်ကို့ကို အဆုံးရှုံးမခံနိုင်တာ။

အစ်ကိုကတော့ သူ့လက်ကို မရရအောင် ရုန်းထွက်သွားပါသည်။

လွတ်ထွက်သွားသည့် ခံစားချက်က ဟာလာဟင်းလင်း ဖြစ်သွားသည်မှာ.....

"အင်း.......ကျေးဇူးပါ"

ခြေလှမ်းတွေက နောက်ပြန်ဆုတ်နေသည်။ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်နေသည်မှာ ဘာကိုမှ ဖမ်းဆုပ်၍ မမိ။

"ကျွန်တော် သွားတော့မယ်"

ကျောခိုင်းလိုက်တော့......
အသက်ဓါတ်က ပါမလာတော့.....

တကယ် အဆုံးသတ်သွားခဲ့ပြီ။














အစ်ကိုရော.....ဘယ်လိုကျန်ခဲ့မှာလဲ....

လမ်းခွဲသည့် နေရာတွင်တောင် နောက်ပြန်လှည့့်ချင်နေသော ကျွန်တော့်မှာလည်း အစ်ကိုကလွဲရင် ဘာမှကို မရှိခဲ့တာပါ။

နောက်တစ်ကြိမ်အတွက် တောင်းဆိုချင်သေးတာ....ဒါပေမဲ့ ကျွန်တော့်မှာ ပေးစရာ ဘာမှ မရှိတော့ဘူး။

ကျွန်တော် မချစ်တတ်ခဲ့ဘူး.....

တစ်ခါလောက် လှည့်ကြည့်ချင်သေးတယ်....

တစ်ခါလောက်........

ဒါ ပြီးရင် ကျွန်တော် သေဆုံးသွားတော့မှာ....

နောက်ဆုံး ဆုံးဖြတ်ချက်နဲ့ လမ်းတစ်ဖက်ရောက်ပြီးမှ ကြိုးစားပြုံးကာ အစ်ကို့ကို လှည့်ကြည့်မိလိုက်သည်။

















အစ်ကိုသည် သူ့နေရာတွင် မျက်နှာကို လက်နှစ်ဖက်ဖြင့် အပြည့်အုပ်ထားပြီး ခေါင်းငုံ့လျက် ရပ်ကျန်နေခဲ့...........

Your Smile 🌟







You are reading the story above: TeenFic.Net

#kai #sehun