[15]

Background color
Font
Font size
Line height


ကုမ္ပဏီက အပြန် minyoung မောင်းတဲ့ ကားပေါ်ထိုင်ရင်း.....အစ်ကို့ကို သတိရရင်း.....

အစ်ကိုက ကျွန်တော့်ကို မီးခိုးရောင် ကုတ်အင်္ကျီတစ်ထည် လက်ဆောင်ပေးသည်။ ဒါက စိတ်ဆိုးလို့ ချော့တာလား ဆိုတော့....မဟုတ်ဘူး  ဒီတိုင်းပေးတာတဲ့။

အခုတလောမှ အစ်ကိုက စက်ဘီးလေးတစ်စီးလည်း ဝယ်ထားပြီး အဲဒါလေးနဲ့ ဟိုသွား ဒီသွား လုပ်နေလေရဲ့။ သူ့စက်ဘီးလေးအကြောင်း အရင်ဆုံးအသိပေးသူက ကျွန်တော်ဖြစ်ခဲ့တာတော့ သီးသန့်ပျော်ရွှင်မှုပေါ့။

"sehun...ငါ ခေါ်နေတာ ကြာလှပြီကွာ"

"ဟင်....အေး...ပြော"

"အန်ကယ်လ်က နောက်အပတ်ထဲက မင်းမွေးနေ့မှာ ပွဲလုပ်မယ်တဲ့....SH Group ရဲ့ တရားဝင် CEO နေရာရော....သူ ထိန်းသိမ်းပေးထားသမျှအကုန်လုံး မင်းကို လွှဲပေးတော့မယ်တဲ့"

"အဲဒါတော့ ငါသိတယ်...ဒါပေမဲ့ ငါ့မွေးနေ့မှာလား"

"ဘာဖြစ်လို့လဲ"

"ဘာမှတော့ မဖြစ်ပါဘူး...အဲဒီနေ့ မလုပ်ချင်လို့"

Minyoung က မကြည်လင်သော်လည်း နားလည်ဟန်ဖြင့်.....

"အန်ကယ်လ်ကို ပြောပေါ့...ဘယ်နေ့လုပ်လုပ် ရတာပဲကို...နေဦး...အချိန်ရပါသေးတယ်...ငါ ဒီမှာ ဝယ်စရာရှိလို့"

သူက ကုန်တိုက်တစ်ခုရှေ့ ကားပါကင်ထိုးပြီး ကျွန်တော့်ကို ခဏစောင့်တဲ့။ CEO လောင်းကို ကားပေါ်ပြန်စောင့်ခိုင်းတဲ့ minyoung က တော်တော်နှင့် ပြန်ပေါ်မလာပေ။

ကျွန်တော် ပျင်းလာသည်နှင့် ကုန်တိုက်ထဲ ဝင်ပြီး လိုက်ရှာရသည်။ ပြောရရင်တော့ ကျွန်တော်က တမင်သက်သက် သွားတွေ့တာကလွဲရင် အစ်ကိုနှင့် အမှတ်တမဲ့ မဆုံတတ်ပါ။ သူပြောသလိုဆိုရင် ကျွန်တော်က မမြင်တာပေါ့လေ။

အခုတော့ တွန်းလှည်းကြီးနှင့် ဈေးဝယ်နေတဲ့ အစ်ကိုက အမြင်ဆန်းစရာ အဖြူဆွတ်ဆွတ် ဘောင်းဘီရှည်အကျပ်နှင့်။ အင်္ကျီကျတော့ အစိမ်းတောက်တောက်ပေါ် ပန်းပွင့်ကြီးကြီးတွေ....ဝတ်ထားပုံက အတော်လေး ဖရိုဖရဲနိုင်လှသည်။

ပြီးတော့ အစ်ကို့လက်တစ်ဖက်နှင့် ပွေ့ထားသော ကလေးငယ်လေးတစ်ယောက်....

မြင်တဲ့သူက ကျွန်တော်မို့လို့သာ လူမမှားကြောင်း သေချာခြင်း ဖြစ်သည်။

"အစ်ကို"

အစ်ကိုက ဖြည်းဖြည်းလေး လှည့်လာပြီး ပြုံးပြသည်။

"အံ့လည်း မအံ့သြဘူး"

"Hun ရဲ့ ဟိုတစ်ယောက်ကို တွေ့လိုက်တယ်"

"အကြည့်တွေက အမြဲတမ်း စူးရှနေတာပဲ...ဒါနဲ့ ကျွန်တော်တို့ မတွေ့တာ ၈ ရက်ပဲ ရှိသေးတယ်...ကလေးတစ်ယောက်နဲ့ပါလား"

အစ်ကို့လက်ပေါ်မှ ငြိမ်ငြိမ်လေး ရှိနေသော ကလေးကို အစ်ကိုက အောက်ချပေးလိုက်သည်။

"သားလေးက ချစ်ဖို့မကောင်းဘူးလား"

"ကျွန်တော့် အစ်ကိုက ကလေးတွေကို ဒီလောက်ချစ်တာ.. အိမ်ထောင်ပြုရင်တော့ သေချာပေါက် ကလေးယူမယ်ထင်တယ်"

အစ်ကိုက ကလေးကို လက်ဆွဲထားရင်း....တွန်းလှည်းကို တွန်းရင်း ဈေးဝယ်မပျက်......

"ဟုတ်လား...အဲလိုမျိုးလား"

အစ်ကိုက စ နောက်သလို ပြန်ပြောရင်း ကလေးငယ် ပူဆာနေသော အရုပ်တွေဆီ ရောက်သွားပြန်သည်။ အစ်ကို ဈေးဝယ်ထွက်တဲ့ ပုံစံက ဒါမျိုးလား။ အတော် ချစ်ဖို့ကောင်းတာပဲ.....

"အရုပ်တွေက ဘာလို့ အများကြီး ဝယ်တာလဲ"

"Linn နဲ့ Yeon တို့ မောင်နှမအတွက်ရော"

ထိုအမြွှာနှစ်ယောက်ကို မမြင်ဖူးဘဲနှင့်တောင် ကျွန်တော်ရင်းနှီးနေပြီ။

"သြော....ဒါနဲ့ ဘယ်လိုလုပ် ဒီအထိ ဈေးလာဝယ်တာလဲ....လိပ်စာပြောင်းသွားတာတော့ မဟုတ်ပါဘူးနော်"

"မဟုတ်ပါဘူး....အခု jongdae ဆီမှာ နေနေတာ...ဟိုတစ်လောက သူ့အလုပ်ကိစ္စနဲ့ နည်းနည်း ထိခိုက်ထားလို့"

"အာ...ဟုတ်လား...jongdae hyung အဆင်ပြေရဲ့လား"

"သူက အဲဒါလောက်တော့ အေးဆေးပါ...တကယ့် အရှုပ်က park chanyeol လေ....သူတို့က တကယ် နာအောင်သတ်ကြ ဆိုတော့လည်း မဟုတ်ဘူး"

"အစ်ကိုကလည်း....ဘယ်လိုကြီးလဲ"

"ကိုယ် တကယ် ပြောတာ...စကားနဲ့ ထိခိုက်တာ ပိုနာတယ်...အဲလိုနဲ့ တကယ်ပင်ပန်းလာရင် ဘယ်လိုလုပ်မလဲ....ကွဲပြဲနေအောင် ထိုးသတ်ကြရင် ပိုခံသာသေးတယ်....hun လည်း ကိုယ့်ကို စိတ်တိုရင် စကားနဲ့ နာအောင် မပြောနဲ့...ထမင်းမစားနိုင်အောင် ဆွဲထိုးပစ်"

တွေ့လား။ အစ်ကိုက အဲဒီအကြောင်းဆို ကျွန်တော်နဲ့ပါ တွဲဖက်တွေးပြီးသားပဲ။ ကျွန်တော်လည်း ဘာမှ မလုပ်ဘဲနဲ့လေ။

"လာပါဦး...ကိုကို့ဆီကို...သားသားက ချစ်စရာကောင်းလိုက်တာ"

ကလေးငယ်က လိမ္မာစွာ ကျွန်တော့်လက်ထဲ အလိုက်သင့် ပါလာသည်။ အစ်ကိုက ဘာတွေကို ဝယ်နေမှန်းလည်းမသိ။

"အစ်ကို...ဒါတွေက အများကြီး ဘာလုပ်ဖို့လဲ"

"အဲဒါက အိမ်နားက ဖွားဖွားအတွက်...ကင်မ်ချီလုပ်ဖို့ လိုတာတွေလေ...ကြုံတုန်း ဝယ်ပေးတာ...ပြီးတော့ ဒီညနေ ကိုယ်ချိန်းထားတာရှိတယ်"

အစ်ကိုက ပစ္စည်းတွေ ပြန်စစ်နေရင်း ကျွန်တော့်ကို မော့ပြောပုံက အလွန်ကို ပျော်ရွှင်ကျေနပ်နေသည့် ဟန်......

"ဘယ်သူနဲ့လဲ"

ကျွန်တော့်ကို ပြန်မဖြေဘဲ ပြုံးပြုံးကြီး တွန်းလှည်းကို တွန်းပြီး ကောင်တာမှာ သွားရပ်သည်။

"ကျွန်တော် ဒီ weekend အစ်ကို့ဆီ မလာတော့ဘူး"

"အင်းပါ....မအားဘူးလား"

"အဲဒီအစား နောက်တစ်ပတ်ကျ တစ်ရက်လုံး အချိန်လိုချင်လို့....မပေးလို့ မရဘူးနော်...တစ်နေ့လုံး လိုချင်တာ"

"ဘယ်နေ့လဲ"

♬ ♬ ♬

သံစဉ်မြည်နေသည့် ဖုန်းလေးကို အစ်ကိုက ခဏငေးကြည့်နေသေးသည်။ အဝေးကို သွားရန်ပြင်ပြီးမှ တန်းစီနေသည့် အလှည့်က နီးနေပြီမို့ အစ်ကိုက ဒီတိုင်း ဖုန်းကိုင်လိုက်သည်။

"အင်း..."

"ရပါတယ်..."

"အင်း.....ရတယ်...နောက်မှပေါ့"

"အဲဒါဆို ဒါပဲနော်"

ကျွန်တော် ရှင်းပေးမည့် ကတ်လေးကို တား၍ အစ်ကိုက သူကိုယ်တိုင် ငွေရှင်းသည်။ ကျွန်တော် ကြည့်မိတော့ အစ်ကိုက အပြုံးဖျော့ဖျော့နှင့် သူ့ဖုန်းလေးကို အသာထောင်ပြသည်။ ' ကိုကို ' တဲ့။

"နောက်အပတ် ဘယ်နေ့လဲ ပြောလေ"

"အင်း...နောက်မှ ပြောမယ်...အချိန်ပေးနိုင်မယ် မဟုတ်လား"

"Ok..."

ကလေးတစ်ဖက်၊ အထုပ်တစ်ဖက်နှင့် အစ်ကိုက ချက်ခြင်းကြီး စိတ်မပျော်မရွှင်ဖြစ်သွားသည်။

"ခဏလေး...အစ်ကို...ကျွန်တော် ဒီနေ့တော့ မအားလို့...jongdae hyung လိပ်စာပေးခဲ့ပါလား...သူ အဆင်ပြေရဲ့လား မေးချင်လို့"

"အင်း.......ကိုယ် သူ့ကို မေးပြီး မက်ဆေ့ချ်ပို့လိုက်မယ်"

"အစ်ကို အခုတော့ ပြန်တတ်ပါတယ်နော်"

ကျွန်တော့်ကို ပြုံးပြသော အစ်ကိုက ဘာကြောင့်ရယ်မသိ၊ လမ်းတွေကို မှတ်သားနိုင်စွမ်း နည်းလေသည်။ အကြိမ်ကြိမ်ရောက်ဖူးနေသော်လည်း နည်းနည်းလေး ချိုးကွေ့လိုက်တာနဲ့ လမ်းပျောက်သွားတာမျိုး။

"ဒီနဲ့ သိပ်မဝေးဘူး..ပိုပြီး တိကျအောင်လို့ပါ....ကိုယ် သွားတော့မယ်"

"အင်း..."

အဲဒါနဲ့ ကိုကို ဆိုတဲ့သူက ဘာအလုပ်တွေများ လုပ်လို့ အစ်ကို့အတွက် ကျွန်တော့်လောက်တောင် အချိန်မပေးနိုင်ရတာလဲ။

အဖြေကလည်း မခက်ဘူး။
အချိန်မပေးနိုင်တာက အချိန်မပေးချင်လို့ပေါ့။

••••••••••••••••••••••••••••••••••••

Date..... ×××××××

အဓိက က အပေါ်ကုတ်ပဲမို့ အဆင်ပြေမည့် အင်္ကျီသာဝတ်လိုက်ပြီး အစ်ကိုပေးသည့် မီးခိုးရောင် ကုတ်လေး ထပ်ဝတ်လိုက်သည်။

မနက်စောစော အစ်ကို့ကို သွားခေါ်ပြီး တစ်နေကုန် အတူတူရှိရမှာတော့ အလွန့်အလွန်ပျော်ပါသည်။

အစ်ကို့အိမ်ရှေ့မှာ ကားရပ်ပြီး အစ်ကို့ကို ဖုန်းခေါ်ရန် ပြင်နေဆဲ.......အခန်းထဲမှ ထွက်လာသည်က အစ်ကိုနှင့် အဒေါ်ကြီးတစ်ယောက်...

အစ်ကိုက အင်္ကျီအဖြူလက်ရှည်ကြီးကို ဖြစ်သလိုဝတ်ထားပုံပေါ်ပြီး အောက်က နီညိုရောင် ဘောင်းဘီတိုလေးနှင့်.....ဆံပင်တွေက ခပ်ပွပွ...

သူက ကျွန်တော်နဲ့တွေ့ရင် အမြဲတမ်း သပ်သပ်ရပ်ရပ်နေတတ်တာ။

လမ်းမပေါ် ရောက်သည်အထိ ပြောမဆုံးတဲ့ စကားတွေ။ အဒေါ်ကြီးက အစ်ကို့ကို စကားအကောင်း ပြောနေတာတော့ မဟုတ်တာ သေချာသည်။ တစ်ခါတစ်ခါ ထုရိုက်နေသေးသည်။

အစ်ကိုကလည်း တစ်ချက်တစ်ချက်သာ မျက်လုံးလေး လှန်ကြည့်ပြီး ဘာမှမပြော။ သူတို့ကိစ္စမို့ အသာစောင့်နေသော်လည်း မှာတမ်းက အချိန်ကြာလာသည်။

ကျွန်တော် အစ်ကို့ဖုန်းကို ခေါ်လိုက်သည်။ သူတို့ ဘာမှ မထူးခြား။ ဖုန်းလည်း အနားရှိပုံမရ။

အဟမ်း.....ကားပေါ်က ဆင်းပြီး အနားလျှောက်သွားတော့ အဒေါ်ကြီးက ကျောပေးထား၍ မမြင်ပေမဲ့ အစ်ကိုက တစ်ချက် ကြည့်လာသည်။

မွေးနေ့မနက်ခင်းလေး၏ တေးသံသာက အစ်ကို့ကို ဆဲဆိုနေသံ ဖြစ်နေတာတော့ အလွန်ဆိုးဝါးပါသည်။ ထိုစကားများကို မျက်လုံးလေးသာ လှန်ကြည့်ပြီး တုပ်တုပ်မလှုပ်သော အစ်ကို့ကိုလည်း လေးစားပါသည်။

"ဒေါ်လေး....ကျွန်တော့် ဧည့်သည်"

လှည့်ကြည့်လာသော အဒေါ်ကြီးကို ပြုံးပြရတာ တကယ်ခက်ခဲသည်။

"အေး...ငါ နောက်ဆုံး ပြောမယ်နော်...kim jonin...နောက်ထပ် မင်းအစ်ကိုကို သွားမရှုပ်နဲ့တော့....ကြားလား"

"ဟုတ်ကဲ့...ကျွန်တော် နောက်မလုပ်တော့ပါဘူး"

ပေါ့ပါးဟန်ဖြင့် ရယ်မောကာ ပြန်ဖြေသော အစ်ကို့ကြောင့် ကျွန်တော့်လက်သီးလေးတွေ ဆုတ်သွားရ၏။ ထွက်သွားသော အဒေါ်ကြီးကို ခါးညွှတ်၍ နှုတ်ဆက်သူက ကျွန်တော့်ကို ရွှင်လန်းစွာ ပြုံးပြသည်။

ကျွန်တော်လည်း ပါးစပ်ပိတ်၍ ခေါင်းညိတ်ပြုံးပြလိုက်ရသည်။

............

"Congratulations.....hun....ကိုယ် တကယ် အများကြီး ဂုဏ်ယူတယ်....နောက်ဆုံးတော့ မင်းအရည်အချင်းတွေ အသိအမှတ်ပြုခံလိုက်ရပြီ"

ကားဘေးတွင် ရပ်စောင့်နေသော ကျွန်တော့်ကို သိုင်းဖက်လာသော အစ်ကို.....
နီးကပ်သွားသော ပါးလေးကို ကျွန်တော့်ပါးဖြင့် ပွတ်သပ်လိုက်ပြီး တင်းတင်းပြန်ဖက်ထားလိုက်သည်။

"အစ်ကို မသိလောက်ဘူး ထင်တာ"

ကျွန်တော် ဖွင့်ပေးသည့် ကားတံခါးမှ ဝင်ထိုင်သော အစ်ကိုက အင်္ကျီအဖြူပေါ်မှ အသားရောင် ကုတ်အင်္ကျီနှင့်....စမတ်ကျနေပြန်သည်။

"အင်း...မနက်က ဖွားဖွားဆီက ပြန်လာတော့ ဒေါ်လေး ရောက်နေတာလေ...သူနဲ့ မဆုံချင်လို့ လမ်းတစ်ပတ်လျှောက်လိုက်တာ....သတင်းစာထဲမှာ တွေ့လာတာ hun ကို"

"မနက်က ပြန်လာတယ် ? ကိုယ့်အိမ်ကို မနက်မှ ပြန်လာတာလား"

"အင်း....ကင်မ်ချီလုပ်တဲ့ ဖွားဖွားအိမ်ကလေ"

"ဖွားဖွားအိမ်မှာ ညအိပ်တာပေါ့"

"ကိုယ်က ကူညီပေးတာပါ...ဖွားဖွားတစ်ယောက်တည်းမို့...နမ်းကြည့်မလား....ကိုယ့်လက်တောင် ကင်မ်ချီနံ့ စွဲနေပြီ"

ကျွန်တော် နှာခေါင်းရှုံ့ပြတော့ အစ်ကိုကရယ်သည်။ စိတ်ထဲတွင် တစ်ချို့မကျေလည်တာလေးတွေက ရှိနေသေးသည်။

"ခုနက အစ်ကို့ဒေါ်လေးလား"

"အင်း..."

"အစ်ကို့ကို ဘာလို့ ဆူနေတာလဲ"

"ဒီတိုင်းပါပဲ...လမ်းကြုံလို့ နေမှာပေါ့...သူ ပြောချင်တာတွေ ပြောနေတာပဲ"

"အစ်ကို စိတ်မဆိုးဘူးလား"

"....."

"ဖြစ်နေကျလား"

"ကိုယ်က စိတ်ဆိုးရင် လက်ပါတတ်တာ....ကိုယ့်အဒေါ်ဆိုတော့ နားထောင်နေရုံပေါ့...စကားနဲ့တော့ ပြန်မပြောချင်ပါဘူး...အဲဒါတွေ ထားပါတော့...hun ကို ဂုဏ်ပြုဖို့လည်း ပြင်ဆင်မထားမိဘူး...ကိုယ်က မနက်ကမှ သိတာဆိုတော့"

အစ်ကိုက မနေ့ကလုပ်တဲ့ ကျွန်တော့်ပွဲကိုပဲ သိပြီး ဒီနေ့ ကျွန်တော့်မွေးနေ့ဆိုတာ မသိဘူး ထင်သည်။

"အဲဒါအတွက် ဂုဏ်ပြုဖို့ မလိုပါဘူးနော်...ဒီနေ့ တွေ့တာကလည်း တခြားကြောင့်ပါ"

"ဘာကြောင့်လဲ"

"ပြီးမှ ပြောမယ်...အရင် တစ်ခုခုစားရအောင်"

................

ဆိုင်ရောက်တော့ အစ်ကို့အတွက် ကျွန်တော်ပဲ မှာပေးလိုက်ပြီး ဂရုတစိုက်ဖြင့် အစ်ကိုစားဖို့ ပြင်ဆင်ပေးနေလိုက်သည်။ အရင်...ကျွန်တော်တို့က တကယ့်ချစ်သူတွေလိုမျိုး အရမ်းတော့ ဂရုစိုက်မပြတတ်ဘူး။

"Hun"

"ဒီနေ့ ကျွန်တော့်မွေးနေ့ အစ်ကိုရဲ့"

"ကိုယ် အခုမှ တွေးမိတယ်...ဘာလို့ ကြိုမပြောတာလဲ"

"အင်း...ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာစိုးလို့....ကျွန်တော် အရင်နှစ်တွေကလည်း မွေးနေ့ဘယ်လိုကျော်သွားမှန်းတောင် မသိဘူး...အခုမှသာ အစ်ကိုနဲ့ အတူရှိချင်လို့"

"အင်း....."

"ဒီနေ့ ကျွန်တော်ဖြစ်ချင်တာတွေ လုပ်ပေးမလား"

အစ်ကိုက ကျွန်တော့်ကို ခပ်ငေးငေး ပြန်ကြည့်သည်။

"မွေးနေ့မှ လုပ်ပေးချင်တာလို့ ထင်တာလား"

"မဟုတ်ပါဘူး....ကျွန်တော် သိပါတယ်"

ကျွန်တော်က မနက်စာကို ကောင်းကောင်းမစားဘဲ အစ်ကို့ကို ခွံ့ကျွေးတော့ မငြင်းဆန်ဘဲ ငြိမ်ငြိမ်လေး စားနေသည်။

"ဒါ ကျွန်တော် ဖြစ်ချင်တာတော့ မဟုတ်ဘူးနော်...မကြိုက်ရင်လည်း ငြင်းလို့ရတယ်"

အစ်ကိုက ငြိမ်ငြိမ်သက်သက်။
လမ်းတစ်ဖက်က ထီးထီးကြီးရှိနေသည့် ရုပ်ရှင်ပိုစတာကြီးကို ကြည့်ရင်း အကြံရလာသည်။

"ကျွန်တော်တို့ ရုပ်ရှင်ကြည့်ကြမလား အစ်ကို"

"......"

"ကျွန်တော်က ဒီတိုင်းပြောတာပါ....ဘာလုပ်ချင်တယ်လို့ ကြိုမစဉ်းစားထားဘူး...အစ်ကို့ အနားရှိရင် ပြီးရော"

"အင်း...ကြည့်ကြတာပေါ့....hun ကိုယ့်ကို ခဏစောင့်ပေးမလား"

"ဟင်"

"ခဏလေးပါပဲ....နာရီဝက်....ကိုယ် ကိစ္စလေးရှိလို့...ဒီကပဲ စောင့်နော်"

ဖုန်းကို ကောက်ယူပြီး ခပ်သွက်သွက် ထွက်ပြေးသဖြင့် ကျွန်တော့်မှာ အူကြောင်ကြောင်နှင့်...
လမ်းမပေါ်က ဆံနွယ်ညိုညိုလေးတွေကို လိုက်ကြည့်မိသေးသည်။

မိနစ်နှစ်ဆယ်အကြာမှာ အစ်ကို ပြန်ရောက်လာသည်။ ကျွန်တော် ခြုံငုံအကဲခတ်လိုက်တော့ ဘာမှ ပြောင်းလဲမသွားပါ။

"ရုပ်ရှင် သွားကြည့်ရအောင် hun"

ကျွန်တော် ခေါင်းညိတ်ပြီး နှစ်ယောက်သား ရုပ်ရှင်ရုံ ရောက်လာကြသည်။

"တကယ်တော့ ကျွန်တော် ရုပ်ရှင်မကြည့်ဖူးဘူး"

"အင်း...ဟုတ်တယ်နော်...ကိုယ်တို့ အတူတူ ရုပ်ရှင်မကြည့်ဖူးဘူး"

"မဟုတ်ဘူး...ကျွန်တော်က တစ်ခါမှ မကြည့့်ဖူးတာ"

"ဟင်...တကယ်ပြောနေတာလား"

"အင်း"

ကျွန်တော် အစ်ကို့ လက်မောင်းကို ချိတ်ထားလိုက်သည်။ လူတော်တော်များများ လက်ချိတ်ထားကြတာပဲ။ ချစ်သူတွေရဲ့ ဒိတ် ဆိုတာမျိုးလား.....

"ကျွန်တော်က ကာတွန်းကားပဲ ကြည့့်တာ.....အမြဲတမ်း happy ending မဟုတ်လား...စိတ်ချမ်းသာရတယ်...Disney ကာတွန်းတွေဆို အရမ်းချစ်တယ်...ကျွန်တော်တို့ ဘဝတွေလည်း ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ happy ending ပဲဆို ဘယ်လောက်ကောင်းမလဲနော်"

"......."

"လက်တွေ့မှာတော့ အဲဒါက မဖြစ်နိုင်ဘူး မဟုတ်လား...အဲဒါကြောင့် ကျွန်တော်က ဇာတ်လမ်းကြည့်ရင်တော့ ချစ်စရာကောင်းတဲ့ အဆုံးသတ်လေးတွေကို ရွေးကြည့်တယ်"

"အင်း.........."

အစ်ကိုက ခဏငြိမ်နေပြီးမှ....

"အခုရော ကာတွန်းကားပဲ ကြည့့်မှာလား"

"အဲဒါက အစ်ကို့သဘောပဲ...ဒီနေ့ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်ပြောပြီးပြီလေ"

အစ်ကိုက မျက်ခုံးလေး အရင်ပင့်သွားပြီးမှ ခပ်ဖြေးဖြေးပြုံးလာသည်။ ကျွန်တော့်ကို ကြည့်ပြီး အစ်ကိုပြုံးတာမျိုးလောက် ရူးသွပ်ဖို့ကောင်းတာ ရှိနိုင်သေးလား။

"ဟုတ်ပါပြီ"

"လက်မှတ်က ဘယ်လိုဝယ်ရတာလဲ...အစ်ကို .....သြော်...couple seat ယူမှာလား"

"အင်း....အစ်ကို ရှင်းမယ်....ဒီနေ့ ရုပ်ရှင်မကြည့့်ဖူးတဲ့ ကလေးကို အစ်ကိုက ရုပ်ရှင်ပြမလို့"

အစ်ကိုက ငွေစက္ကူတစ်ရွက်ကို ဒီတိုင်းပေးလိုက်မှ အစ်ကို့မှာ ပိုက်ဆံအိတ် ပါမလာတာ သတိထားမိသည်။ ဒါလေးတစ်ရွက်ထဲ ကိုင်လာတာ ကျွန်တော်ဘာလို့ မသိပါလိမ့်။

စဉ်းစားနေတုန်း အစ်ကိုက မုန့်တွေဆီ ဆွဲခေါ်လာသည်။ ခုနက ပြန်ရလာသော အကြွေတွေမို့ အစ်ကို့မှာ ထပ်မပါတော့တာ သေချာသည်။

"ကျွန်တော် ပေါက်ပေါက် မကြိုက်ဘူး"

"မကြိုက်လည်း တစ်ခါလောက်တော့ ဒါစားပြီး ရုပ်ရှင်ကြည့်ကြည့်"

အအေးဗူးနှစ်ဗူး ဝယ်ပြီး ကျွန်တော့်လက်ကို ဆွဲခေါ်လာချိန်တွင်တော့ ကျွန်တော် သေချာသဘောပေါက်သွားပြီ ဖြစ်သည်။ အစ်ကို့လက်ကို ဖျစ်ညှစ်ပြီး ရယ်မောလိုက်သည်။

"ဒါပဲ ယူလာတာလား...ကျွန်တော်က မုန့်ထပ်စားချင်သေးရင်ရော"

"မနက်ဖြန်ကျ ဝယ်ကျွေးမယ်"

ကျွန်တော့်ကို ပြုံးရင်းကြည့်သည့် အစ်ကိုက သိပ်ကို ချစ်စရာကောင်းလွန်းပါသည်။

တကယ်တော့.....
ရုပ်ရှင်ကြည့်ရတာ ပျင်းစရာ ကောင်းသည်။

အစ်ကိုကသာ စိတ်ဝင်တစား ငြိမ်သက်စွာ ကြည့်နေခဲ့သည်။ ကျွန်တော်ကတော့ screen လင်းသည့်အခန်းရောက်တိုင်း အစ်ကို့ကို လှည့်ကြည့်ခဲ့သည်။

×××××××××××××××××××

ဘာမှ စီစဉ်မထားဘူးဆို၍ အစ်ကို ကျွန်တော့်ကို ပြန်ခေါ်လာသည့် နေရာက သူ့အခန်းဆီသာ ဖြစ်သည်။

"အစ်ကို့ အခန်းထဲ အလည်လိုက်ရမှာလား"

"ရှုပ်ပွနေတာ hun ရဲ့...မရှင်းရသေးဘူး"

အစ်ကိုက သူ့စက်ဘီးအသေးလေးကို ထုတ်သည်။

"ဘယ်လိုလုပ်ရမလဲ...နှစ်ယောက်စီးရင် စက်ဘီးလေး နာသွားမှာ..."

"အပြင်သွားမယ်ဆို ကျွန်တော့်ကားနဲ့ သွားမယ်လေ"

အစ်ကိုက ခေါင်းယမ်းပြီး......
လမ်းလျှောက်ရအောင် တဲ့။

ဘယ်သွားနေမှန်းမသိဘဲ အချိန်ကြာကြာကွေ့ကောက် လျှောက်ရသည်။ အစကတည်းက မြို့စွန်မှတစ်ဖန် မြို့ပြမှထွက်ကာ ကုန်းမြင့်လေးပေါ် တက်သည်။

ကုန်းမြင့်ပေါ်တွင် မြက်ခင်းစိမ်းစိမ်းနှင့်။ သစ်ပင်ကြီးကြီးလေး၏ အောက်တွင် ခုံတန်းဖြူဖြူလေး...

ကျွန်တော် ကောင်းကင်ပြာပြာကို ဒီလောက်အကျယ်ကြီး မမြင်ခဲ့ရတာ ကြာပြီပဲ။
ဆိုင်ကယ်တစ်စီးနောက်က လွင့်ခဲ့ရသည့် နေ့ရက်တွေ အနားပြန်ရောက်လာသလို.....

"ဟား....သဘောကျလိုက်တာ....အစ်ကို ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ....အစ်ကို လာနေကျလား"

အစ်ကိုက မြက်ခင်းပြင်တွေပေါ် ထိုင်ချလိုက်သည်။

"အင်း...jongdae က တိတ်ဆိတ်တာတွေ သဘောကျတယ်လေ.... မြက်ခင်းတွေလည်း သေချာရှင်းထားရတာ....အဲဒီ ခုံဖြူလေးလည်း အစ်ကိုတို့ လုပ်ထားတာ"

"ဝိုး...."

အထက်တန်းတုန်းက ကျောင်းတစ်ပတ်ပတ်ပြီး အစ်ကိုခေါ်လာသော နေရာတွင် chanyeol တို့ ရန်ဖြစ်နေသည်ကို ပြန်မြင်ယောင်လာသည်။ အဲဒီကတည်းက chanyeol က jongdae hyung ကို နမ်းခဲ့သေးတာနော်။

"တကယ်တော့ jongdae က ဒီနေရာကို chanyeol နဲ့အတူ လာချင်လို့ ပြင်ဆင်ထားတာလည်း ပါတယ်"

"....."

"ကိုယ် တကယ်ပြောတာ"

"အင်းပါ...သူများပြင်ဆင်ထားတာကို အစ်ကိုက ကျွန်တော့်ကို ခေါ်လာတယ်"

"နေရာက ပဲ့သွားတာလည်း မဟုတ်ဘဲ....ပြီးတော့ ကိုယ်လည်း တစ်ဝက်ဆိုင်တယ်"

အရယ်တစ်ဝက်ဖြင့် ပြုံးသောနတ်သားက ကောင်းကင်ပြာပြာအောက်တွင် အလင်းလက်ဆုံး တည်ရှိနေ၏။ ကျွန်တော်လည်း မြက်ခင်းပြင်ပေါ် လှဲချပြီး အစ်ကို့ပေါင်ကို ဆွဲချကာ ခေါင်းအုံးလိုက်သည်။

"အား....ပျော်စရာကောင်းလိုက်တာ"

အစ်ကိုက ကျွန်တော့်ကို ငုံ့ကြည့်၍ ပြုံးနေသည်။

"hun.....ကောင်းကင်ကြီးကို မေ့နေခဲ့တာ ဘယ်လောက်တောင် ကြာပြီလဲ"

"တကယ် ကြာခဲ့ပြီထင်တယ်"

ကျွန်တော့် ကောင်းကင်က အစ်ကို့အပြုံး ဖြစ်နေခဲ့တာ။

ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူ၊ နေခြည်နွေးနွေးအောက်တွင် ကျွန်တော့်ကိုယ်ပေါ်အုပ်မိုးနေသော နတ်သားပျို၏ အပြုံး.....

ထိုအချိန်အခိုက်အတန့်သည် ငြိမ်းချမ်းလွန်း၏။ အပြုံးနွေးနွေးကို အခုလိုမျိုး ခံစားရမည်ဆိုလျှင် ကျွန်တော်နေ့စဉ်ပြန်မွေးဖွားပြီး နေ့ရက်တိုင်းကို ကျွန်တော့်မွေးနေ့ ဖြစ်စေချင်သည်။

"Hun ကို ဝမ်းသာစရာ ပြောရဦးမယ်...ကိုကိုက အိမ်ထောင်ပြုတော့မှာတဲ့...ကိုယ် တူလေးတွေ ရတော့မယ်"

"ဝိုး...ဂုဏ်ပြုပါတယ်...အစ်ကို"

"ကိုကို့မိသားစုလေးလို့ တွေးလိုက်ရင်ကို ရင်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိဘူး"

"အခုကတည်းက ကလေးတွေကို မှန်းပြီး ချစ်နေပြီလား....အစ်ကိုက"

"အင်း....အဲလိုဖြစ်နေတယ် ထင်တယ်"

အစ်ကိုက ကျွန်တော့်အပေါ်မှ အပြုံးကြီးကြီးဖြင့့်အုပ်မိုးထားဆဲ။ ကျွန်တော့်ကောင်းကင်က ဒါဆိုရင် လုံလောက်နေပါပြီ။

"အစ်ကို့မိသားစု ဆိုရင်ရော....သားလေး အရင်ယူချင်လား...ဒါမှမဟုတ် သမီးလေးလား"

အစ်ကိုက အသံထွက်အောင် ရယ်နေတော့သည်။

"ဘာတွေ မေးနေတာလဲ....ကလေး မယူချင်ပါဘူး...ကိုယ့်ကလေးဆိုတဲ့ အတ္တတွေ ပါလာမှာ မကြိုက်ဘူး...ပြီးတော့ ကိုယ်က မိဘဖြစ်လောက်အောင် အဆင်မပြေဘူးလို့ ထင်တယ်"

"ဟင်...........အဲ...ဒါ...ဆို"

"......."

"သူများကလေးတွေ လိုက်ချစ်နေမှာလား"

"Hun...ရယ်...အချစ်တွေက ပေးချင်ရင် ပေးစရာ အများကြီးပါ...ကိုယ်က အချုပ်အနှောင်ကင်းတဲ့ မေတ္တာမျိုးကိုပဲ ပေးချင်တာ"

ခပ်ဖြည်းဖြည်း ပြောသော အစ်ကို့စကားတွေကို အမီလိုက်ရတာလည်း တစ်မျိုးပင်ပန်းသည်။

"ထားပါတော့.....ဒီနေ့ ကျွန်တော် အစ်ကို့ကို မေးစရာတွေရှိတယ်"

"မေးလေ...ဒီနေ့မှ ဖြေပေးတာလည်း မဟုတ်ဘဲ"

"မဟုတ်ဘူး...ဒီနေ့က အစ်ကို ဖြေကို ဖြေရမှာ"

"အင်း.....မေးပါ"

"အမှန်အတိုင်း ဖြေရမှာနော်...အဲ....အစ်ကို အရင်က ကျွန်တော့်ကို လိမ်ပြောဖူးတာ ရှိလား"

"......"

"......"

"တစ်ခုလုံးတော့ မလိမ်ဖူးဘူး....အပြည့်မမှန်တာတွေတော့ ပြောဖူးတယ်"

"ဘယ်လို"

အစ်ကိုက အပြစ်ရှိသူလို ပါးစပ်လေးပိတ်ပြီး ခေါင်းလေး ညိတ်နေသည်။

"ဘာတွေက အပြည့်မမှန်တာလဲ"

"......"

"ဘာလို့ အပြည့်မမှန်တာတွေ ပြောခဲ့တာလဲ"

"......"

သူ ထပ်မဖြေတော့မှာ သေချာနေပါသည်။

"ဒီနေ့တော့ တကယ်အမှန်ကိုပဲ ဖြေရမှာနော်"

အစ်ကိုက နှုတ်ခမ်းလေးကို တင်းတင်းစေ့ပြီး ခေါင်းညိတ်ပြသည်။

"အစ်ကို ကျွန်တော်နဲ့ အတူတူ တစ်ခုခု လုပ်ချင်တာမျိုး ရှိလား"

အစ်ကိုက ငြိမ်သက်ပြီး တွေဝေစဉ်းစားနေသည်။

"မပြောတတ်ဘူး....မစဉ်းစားမိဘူး"

"တစ်ခုခုပေါ့...ကျွန်တော်နဲ့ ပတ်သက်ပြီး ပေါ်လာဖူးတဲ့ ဆန္ဒ"

အစ်ကိုက အကြာကြီး ငြိမ်သက်နေပြန်သည်။

"တကယ် မတွေးတတ်ဘူး"

"တစ်ခုခု ပြောကြည့်ပါ"

"အင်း...."

"......"

"တစ်ခါတော့...."

"........"

"hun အိပ်ပျော်နေတာကို ထိုင်ကြည့့်ချင်တယ်"

မော်ဖူးရသည့် မျက်နှာတော်နုနုက အပြုံးပန်းလှလှဖြင့် ခြွေသည်။ ဘာလို့ ကျွန်တော်က ငိုချင်လာရတာလဲ။

"အဟား...ကျွန်တော် အခု အိပ်မယ်လေ"

"အင်း....အိပ်လေ"

အစ်ကိုက ပြုံး၍ ကျွန်တော့်ဆံပင်တွေကို ခပ်ဖွဖွသပ်ပေးသည်။

"ဒီနေ့တော့ မဖြစ်ဘူး...နှမြောစရာကောင်းတယ်"

"ဟား...ဟား...ဟုတ်ပါပြီ"

"ကျွန်တော်ကြောင့် အပျော်ရွှင်ရဆုံး အချိန်"

"အဲဒါတွေ ရုတ်တရက် မစဉ်းစားတတ်ဘူး....ဒါပေမဲ့ hun က ကိုယ့်ကို စိတ်ညစ်အောင်မှ မလုပ်ခဲ့ဖူးတာ"

"တကယ် ...ကျွန်တော့်ကြောင့် တစ်ခါမှ စိတ်အနှောင့်အယှက် မဖြစ်ဖူးဘူးလား"

"အင်း...တစ်ခါပဲ"

"ဘယ်တစ်ခါလဲ"

"Hun မွေးနေ့ကို ကြိုမပြောပြတဲ့ အခါ"

"အာ...ကျွန်တော်က မွေးနေ့ဆိုပြီး ထူးထူးခြားခြား တစ်ခါမှ မလုပ်ဖူးဘူး...ဒီတိုင်း ကျော်သွားဖြစ်တာပဲ...အဲဒါကြောင့် မှတ်မှတ်ရရ ရှိမနေတော့တာ"

"နောက်ဆို ကျော်မသွားနဲ့....ဘယ်သူ့အတွက်မှ မဟုတ်ရင်တောင် ကိုယ့်ဖြစ်တည်မှုလေးကို ပြန်သတိရစေတဲ့နေ့ပဲ...ထူးခြားစရာမလိုပေမဲ့ သတိတော့ရစမ်းပါ"

"....."

"ဒီအချိန်အထိ အသက်ရှင်နေခဲ့တယ်လို့ အသိအမှတ်ပြုတဲ့ မွေးနေ့ဆုတောင်းလေးတစ်ခုကလည်း အခမ်းနားဆုံး လက်ဆောင်ဖြစ်နိုင်တယ်လေ"

အစ်ကိုက မွေးနေ့ကို အဲလောက်အလေးထားမယ်လို့ ကျွန်တော်တကယ်မသိခဲ့ဘူး။ ဒီနှစ်တွေအတွင်း သူ တစ်ခါမှလည်း မပြောဖူးဘူး။

"အဲဒါဆို အစ်ကို ကျွန်တော့်မွေးနေ့ကို ဘာလို့မသိတာလဲ"

"ကိုယ် မေးတုန်းက hun မှ မပြောတာ"

"ဟင်....ဘယ်တုန်းက "

ကျွန်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့ အစ်ကိုက ပြုံးမလိုလိုနှင့် ငုံ့ကြည့်သည်။

"ကိုယ် မေးဖူးတယ်...ထားလိုက်ပါတော့"

"အင်း....."

"......"

"အစ်ကို့ မွေးနေ့ကရော"

"မရောက်သေးဘူး...ရောက်ရင် ပြောမယ်လေ"

"ပြီးသွားတဲ့ မွေးနေ့ကရော..."

"အဲဒီတုန်းက hun က ခရီးသွားနေတာ..."

"အစ်ကို့ မွေးနေ့မှာ ဘာတွေလုပ်ခဲ့လဲ"

"jongdae နဲ့ အတူတူ အစားကောင်းကောင်းစားပြီး စကားများများ ပြောကြတယ်...ရှင်သန်ခဲ့တဲ့ တစ်နှစ်စာအတွက် အချင်းချင်း ဂုဏ်ပြုကြတယ်"

"ဒါပဲလား....ဘယ်သူတွေဆီက မွေးနေ့ဆုတောင်း ရခဲ့လဲ"

"Jongdae....ကိုကို...ပြီးတော့ noona ဆီက...chanyeol ကတော့ ကျော်သွားမှ လာတောင်းပန်တယ်"

ကျပ်သိပ်သိပ်ဝေဒနာတစ်ခုက ရင်ထဲ ဆို့တက်လာသည်။ ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိ။

"ကျွန်...တော်...က"

"ဟေး...."

ရုတ်တရက် စိတ်မကောင်းဖြစ်လာတာကြောင့် အစ်ကို မမြင်အောင် ခေါင်းကို စောင်းချလိုက်သည်။ အစ်ကိုက ကျွန်တော့်ဆံပင်တွေကို ပွတ်သပ်ပေးနေသည်။

"ကိုယ် သိပါတယ်...hun က ကိုယ့်မွေးနေ့ကိုယ်တောင် အရေးမစိုက်တာကို...ဒါပေမဲ့"

"......"

"ကိုယ် ပြောခဲ့တယ်...hun က သတိမထားမိခဲ့တာ"

"ဟင်...."

"Hun က အလုပ်အရမ်းရှုပ်နေတဲ့ကြားက ကိုယ့်ဆီအမြဲတမ်း လာနေတာ....သေချာ အနားယူစေချင်တယ်...တကယ်ကို စိတ်အေးလက်အေးနဲ့"

ကျွန်တော် ပြန်မော့ကြည့်တော့ အစ်ကိုက လှလှပပ ပြုံးပြသည်။

"မတွေ့ချင်လို့ ပြောတာမဟုတ်ဘူး ဆိုတာတော့.....နားလည်တယ် မဟုတ်လား"

"အင်း....အခု ကျွန်တော့်ကို မွေးနေ့ဆုတောင်း မပေးတော့ဘူးလား"

"ပေးမှာပေါ့....hun က လှဲနေလို့လေ"

ကျွန်တော် အစ်ကို့ပေါင်ပေါ် ခေါင်းအုံးနေရာမှ ထ ထိုင်လိုက်သည်။

အစ်ကိုက ရယ်ပြီး ကျွန်တော့်ကို ကြည့်နေသည်။ ပြီးမှ ရှေ့တိုးလာပြီး သိုင်းဖက်ထားသည်။ နားထဲမှာ အသံတိုးတိုးလေး.....

"ဒီအချိန်ထိ ကျန်းကျန်းမာမာ အသက်ရှင်ပေးလို့

You are reading the story above: TeenFic.Net

#kai #sehun