" Namjoon ရေ "
အိမ်ရှေ့ဆီကခေါ်သံကြောင့် Namjoonသူ့လက်ထဲက စစ်လက်စ စာအုပ်တစ်ထပ်ကို ပေါင်ပေါ်ကနေချရင်း ထလာလိုက်သည်။
ခြံစည်းရိုးနားမှာ ထိုင်ရင်း မြေဆွနေတဲ့ SeokJinက သူရောက်လာတာကိုမသိပဲ နာမည်ကိုခေါ်လို့ကောင်းနေတုန်း...
" ကဲ ပြော ဒီကိုလဲကြည့်အုံး "
ဖြူနုနုမျက်နှာပေါ်မှာ မြေမှုန့်တွေက ပေကျံနေတာ ရယ်စရာတော့ကောင်းသည်။ ကောက်ရိုးခမောက်ကြီးက မျက်လုံးပင်အုပ်မတတ်ဖြစ်နေတာမို့ သူ့ကို ခေါင်းတမော့မော့နဲ့ ကြည့်နေတဲ့ပုံကလဲ အသည်းယားစရာ။
" ဒီမှာ မင်းတပည့်တွေ မနေ့က ငါစိုက်ထားတဲ့ သလဲသီးပင်ပေါက်လေးကို တတ်နင်းသွားတယ် အဲ့တာဒီနေ့လာရင် မင်းဆူပေး "
" ဟောဗျာ...ငါဆူရင်လဲမင်းကအမြဲတားပြီးတော့ "
" ဒီတခါမတားဘူး သေချာတယ်
မင်းရအောင် ဆူနော် "
" အေးပါကွာ...လာဒီကို "
သူလက်ကမ်းပေးတော့ ခပ်မဲ့မဲ့ရုပ်ကလေးကနေ ရယ်ရင်း လက်ကိုပြန်ကမ်းပေးတယ်။
လက်နှစ်ဖက်မှာ ပေကျံနေတဲ့ မြေမှုန့်တွေနဲ့ Namjoonအကျီဖြူဖြူပေါ်ကို ပယ်ပယ်နယ်နယ် လာပွတ်နေတဲ့ SeokJinကို အသာလေးဆွဲဖက်ပစ်လိုက်တယ်။
" ရေချိုးတော့နော်
ညနေစောင်းမှချိုးရင် အအေးမိနေမယ်"
" ရပါတယ်
ဒီမှာ မုန်ညင်းတွေစိုက်ဖို့ကျန်သေးတယ် "
" ဒါဆို ငါကူစိုက်ပေးမယ်လေ"
မနက်ခင်းနေရောင်ခြည်လေးကတကယ်နွေးနွေးထွေးထွေးရှိလှပါရဲ့။
ခြံထောင့်နားလေးက နေကြာပွင့်ငယ်လေးတွေ ယိမ်းထိုးနေတာကိုလဲ မြင်နိုင်တယ်။
အိမ်အ၀င်၀က ကျောက်စိမ်းခေါင်းလောင်းလေးရဲ့ တချွင်ချွင်မြည်သံကိုလဲ ကြားနိုင်တယ်။
ပြီးတော့
" Namjoon "
" ဟင် "
" ရေချိုးပြီးရင် လမ်းလျှောက်ထွက်ရအောင်လေ။ စာသင်ချိန်အမှီပြန်လာရတာပဲ "
" အင်း ကောင်းသားပဲ "
ချစ်ရတဲ့ကောင်လေးတစ်ယောက်ရဲ့ အသံကိုလဲ သူကြားနိုင်တယ်။
ပြီးတော့ မ်ြင်နိုင်တယ် ၊ ထိတွေ့နိုင်တယ်။
နှစ်ပေါင်းများစွာ သူ့ရဲ့ ကောင်ဆိုးလေးအကြောင်းကို အိပ်မက်မက်လာခဲ့ရတာ။
အိပ်မက်တွေက ကြည်နူးစရာတွေပဲအပြည့်။
အသံလေးကိုကြားနိုင်တယ်။
မျက်နှာလေးကို မြင်နိုင်တယ်။
ဒါပေမဲ့ သူ့ဆီကိုလက်လှမ်းလိုက်တိုင်း ပျောက်ကွယ်သွားတတ်တဲ့ ပျောက်ကွယ်သွားတတ်တဲ့ ထိတွေ့ခွင့်မရတဲ့ အိပ်မက်တစ်ခုဖြစ်နေတတ်တယ်။
" ဒါအိပ်မက်လား "
Namjoonလက်ထဲကမြေဆွနေတဲ့ ခက်ရင်းလေးလွတ်ကျသွားတယ်။
ရင်ထဲကအောင့်မျက်မျက်နဲ့ ပူထူလာတယ်။
ဘာအသံမှမကြားချင်လို့ နားပိတ်ထားမိသလို မျက်လုံးတွေကိုလဲမှိတ်ထားပစ်လိုက်မိတယ်။
မနိုးချင်ဘူး..
သူတကယ်ကိုမနိုးချင်ဘူး
သူ့ပုခုံးကို ကိုင်လှုပ်နေတဲ့ ခပ်ကြမ်းကြမ်းအထိအတွေ့ကို ရတယ်။
ပြီးတော့ ကျောပြင်ပေါ်ကျနေတဲ့ နေရောင်ရဲ့ အထိအတွေ့ကို အုပ်မိုးသွားတဲ့ အေးမြမြအရိပ်တစ်ခုရဲ့ ကာကွယ်မှု။
" အိပ်မက်မဟုတ်ပါဘူး Namjoonရယ်။
ငါပါ တကယ်ငါပါ ဒီမှာ ငါ ငါ မင်းကိုဖက်ထားတယ်လေ ဟင် "
ထိုအခါမှ Namjoonရဲ့ မျက်လုံးတွေဖွင့်လာတယ်။ ပြီးတော့ SeokJinကို တအားသိမ်းကြုံးပြီး ဖက်ပစ်ရင်း ပါးပြင်ကိုနစ်၀င်သွားမတတ်နမ်း၏။
SeokJinကခုနကလို အနိုင်ယူချင်တဲ့ ကလေးဆိုးပုံစံမျိုးမဟုတ်တော့ပဲ
နွေးထွေးလုံခြုံလှတဲ့ ဒိုင်းကာတစ်ခု ၊ထီးတစ်လက်နဲ့ တူသွားတယ်။
ညို့မှိုင်းမှိုင်း မျက်၀န်းညိုတွေမှာ
၀မ်းနည်းခြင်းတွေ ဖြည့်စွက်နေရဲ့။
" ဆောရီး ငါ ဒီလိုမဖြစ်ချင်ပေမဲ့
ဘာလို့ ခနခန ငါ့စိတ်က "
Namjoonကသက်ပြင်းချရင်း သူ့ကိုလွှတ်ပေးပြီး မြေဆွေးပွပွတွေပေါ်ကျနေတဲ့ ခက်ရင်းလေးကိုပြန်ကိုင်တယ်။
ကြည်နူးစရာ အိပ်မက်ချိုတွေရဲ့ ညဉ်းပမ်းခြင်းကို နှစ်ရှည်လများ ခံခဲ့ရတဲ့ Namjoonက တစ်ခါတစ်လေ ဒီလိုပဲ လက်တွေ့နဲ့ အိပ်မက်ကို ရောနှောလာတယ်။ ကြောက်စိတ်လို့ပဲ ပြောရမလား?
အခုလက်ရှိမှာ ဖြစ်တည်နေတဲ့အရာတွေက အိပ်မက်တွေဖြစ်သွားမှာကို ကြောက်တဲ့စိတ်။
အဲ့စိတ်က ကြီးစိုးလာတဲ့အခါ သူချစ်ရတဲ့ကောင်လေးက မခံစားနိုင်တော့တဲ့ပုံပါပဲ။
အကုန်လုံးက သူပေးမိတဲ့စိတ်ဒဏ်ရာတွေပါပဲလေ။
ဒီစိတ်နဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်မိတဲ့အခါဒါေလးကခနတာ နာကျင်မှုလေးလို့ Namjoonကသူ့ကိုပြန်ပြီးတောင် နှစ်သိမ့်ပေးလိုက်သေးတယ် ။
SeokJinသူ့လက်နှစ်ဖက်ကို ခပ်ဖြည်းဖြည်းခါလိုက်တယ်။
" Namjoon "
" အင်း "
မျက်နှာကိုလက်နဲ့ဆွဲယူပြီး နှုတ်ခမ်းကို ငုံခဲတော့ ချစ်ခြင်းမေတ္တာငယ်က တသိမ့်သိမ့်တုန်အောင်ရယ်ရှာပါတယ်။
" မင်းနမ်းရင် သိပ်နာတာပဲ။
ဒါကိုက်တာကွ သိလား "
SeokJinရှက်ရမ်းရမ်းကာ ဘေးက မနှုတ်ရသေးတဲ့ မြက်ပင်တစ်အုပ်ကို ဆွဲဆွဲနှုတ်နေမိတယ်။
ဒီလူညစ်ကောင်ကတော့လေ!
လူကိုအမြဲရှက်အောင်လုပ်တယ်။
" ဒါပေမဲ့ မင်းအဲ့လိုနမ်းတိုင်း
ကိုယ်ပျော်ပါတယ် "
" တကယ်လား "
SeokJinလက်ထဲက မြက်ပင်ပေါင်းပင်တွေနဲ့ ပစ်ပေါက်ရင်း မေးလိုက်တယ်။
" အင်း ကိုယ်လိပ်ပြာတစ်ကောင်ဖြစ်သွားသလိုပဲ။ ဒီလို ဒီလို အတောင်ဖြန့်ပြီး ပျံချင်သွားတယ် "
လက်နှစ်ဖက်ကို လိပ်ပြာတောင်ပံခတ်သလို လုပ်ပြီး Namjoonကထပျံတော့မလို လုပ်ပြတယ်။
" မဟုတ်ဘူး..ကိုယ်စွန်ရဲတစ်ကောင်ဖြစ်ချင်တယ်။ ဒါမှ မင်းကိုပါ ကိုက်ချီ ပြီး ခေါ်သွားလို့ရမှာ။ မနိုင်ပါ့မလားတော့မသိဘူး"
Namjoonရဲ့စကားကို သဘောကျတာကြောင့် သူတဟားဟားအော်ရယ်မိတယ်။
ရိုးရိုးရှင်းရှင်း မနက်ခင်းလေးက ခံစားချက်ပေါင်းစုံနဲ့ ကျော်လွန်သွားပြန်တယ်။
မင်းကိုမချစ်နိုင်လောက်မဲ့ အကြောင်းပြချက်တွေ ငါနေထိုင်ရာ ကမ္ဘာမှာ မရှိနိုင်တော့ဘူးဆိုတာ ကို အကြွင်းမဲ့ယုံကြည်လက်ခံထားပါတယ်။
ပျော်ရွှင်စရာအတိပြီးတဲ့ဘ၀ဆိုတာ လက်တွေ့မှာ မရှိတာလဲဖြစ်နိုင်ပါရဲ့။
ဒါပေမဲ့လေ
ဒဏ်ရာတွေကို ကုစားခွင့်ရတာလည်း ကောင်းခြင်းတစ်မျိုးပဲထင်ပါရဲ့။
ဒီနာကျင်၀မ်းနည်းစရာကောင်းတဲ့ သံသရာစက်၀န်းကြီးထဲမှာ ချစ်ခြင်းမေတ္တာက ပျော်ရွှင်ခြင်းတိမ်တိုက်ညိုကလေးဆိုရင် ဒီချစ်ခြင်းကြောင့် ဖြစ်တည်တဲ့ ဒဏ်ရာတွေကလဲ မိုးစက်ကလေးတွေပါပဲ ။
ဒါကြောင့် မင်းကိုလဲချစ်တယ်။
မင်းရဲ့ ဒဏ်ရာတွေနဲ့ အမာရွတ်တွေကိုပါ ချစ်တယ်။
ဒီလိုနဲ့ချစ်ခြင်းမေတ္တာဟာ ယိမ်းနွဲ့နေတဲ့ နေကြာပန်းလေးနှစ်ပွင့်ဖြစ်လာတယ်။
အဲ့သလောက်ကို ရိုးရှင်းပါတယ်။
.
.
.
.
.
စာအံသံ တညံညံနဲ့ သူတို့ခြံ၀န်းလေးက စည်ကားသိုက်မြိုက်နေတယ်။
SeokJinက ဘာမှသင်မပေးရပေမဲ့ ခြံထဲ ခုံတစ်လုံးချပြီး Namjoonလွှတ်လိုက်တဲ့ ပုစိလေးတွေ စာလာပြန်တာကို ကြည့်ပေးရတယ်။
ခနအနားရလို့ ကလေးတွေခြံထဲပတ်ဆော့နေတဲ့ အချိန်ဆို သူစိုက်ထားတဲ့ အပင်တွေ ထိမှာစိုးလို့ စောင့်ကြည့်နေရတာလဲ အလုပ်တစ်ခု။
အဓိကက ခြံသေးသေးလေးခတ်ပြီး စိုက်ထားတဲ့ နှစ်ပွင့်တည်းသော နေကြာငယ်တွေ။
ပွင့်ဖက်ကို ခြွေဖို့ လက်လှမ်းတဲ့ သူနဲ့
အထဲက နေကြာဆံ နုနုအုအုတွေကို လှမ်းနှိုက်ဖို့ ပြင်တဲ့ သူက ပြင်နဲ့မို့ အတော်လေးကို စောင့်ကြည့်ပြီး နေရသည်။
ညနေစောင်းလို့ ကလေးတွေပြန်မှ Namjoonရော သူရောအနားရတော့တာပါပဲ။
ဒါတောင်တခါတလေ မောင်မင်းကြီးသားတွေက မပြန်သေးပဲ ရှိသမျှမုန့်စားသောက်ပြီး ဗြောင်းဆန်အောင်ဆော့သွားကြသေးတာ။
အမှောင်ရိပ်က ကြီးစိုးလာတဲ့အခါ သူတို့ အိမ်ငယ်လေးထဲမှာ မီးရောင်ဝါဝါ လေးတစ်လုံးရဲ့ အလင်းရောင်က ထွန်းပလာတယ်။
လျှပ်စစ်မီးသီး လင်းလင်းထိန်ထိန်တွေထက် ဒီအလင်းမှိန်မှိန်လေးကို ပိုသဘောကျတာမို့ ဒီမီးသီးလေးကိုပဲ တပ်ဖြစ်သည်။
ခြံထဲမှာလဲ Namjoonအလှဆင်ထားတဲ့ မီးကြိုးငယ်လေးတွေက တစ်ဖိတ်ဖိတ်တစ်လဲ့လဲ့။
ဒါကြောင့်အိမ်ကိုစာလာသင်တဲ့ကလေးလေးတွေကပြောကြတာ
'ဆရာတို့ အိမ်ကညကျရင် ပုံပြင်ထဲက အိမ်လေးလိုပဲ'တဲ့။
အင်း ပုံပြင်ဆန်တဲ့အိမ်လေးပေါ့။
လေညှင်းသွဲ့သွဲ့ တိုက်တဲ့အခါ လွင့်ခါသွားတဲ့ အပြာရောင်ခန်းဆီးစကလေးနဲ့ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းသံချိုချိုက ရော ကဗျာ ဆန်လေမလား။
" ဘာတွေငေးနေတာလဲ? "
အိမ်ကပြင်ကွပ်ပျစ်လေးပေါ် Namjoonက ကြွေပန်းကန်လေးထဲမှာ သရက်သီးစိတ်လေးတွေနဲ့ စတော်ဘယ်ရီတွေကို ထည့်လာပြီး သူ့ရှေ့ချပေးတယ်။သရက်သီးပေါတဲ့ ရာသီဖြစ်လို့ ဟိုအိမ်ဒီအိမ်က လာပေးကျတဲ့ သရက်သီးတွေနဲ့တင် သူတို့အိမ်ပြည့်လုနီးပါးဖြစ်နေချေပြီ။
သရက်သီးချိုမြမြအနံ့က နှာ၀ထဲထိ ရစ်အီစွာ တိုး၀င်လာသည်။
" ဒီအတိုင်းပဲ ဟိုတွေးဒီတွေး "
" ဘာလို့ ဟိုတွေးဒီတွေးလုပ်နေမှာလဲ?
ငါ့အကြောင်းပဲ တွေးပါလား "
သေချာပေါက် မင်းအကြောင်းတွေကို ဟိုတွေးဒီတွေးပေါ့။
ဒီစကားတွေကို SeokJinနှုတ်ကဖွင့်မပြောလိုက်တော့ပါ။
တော်ကြာနေ အသီးမစားရပဲ တစ်ရွှတ်ရွှတ်နဲ့ လာနမ်းနေအုံးမည်။
" ကြည့်ပါအုံး လွမ်းစရာကြီး "
ရထားသံလမ်းလေးရှိရာကို ငေးရင်း သူတမ်းတမ်းတတဆိုတော့ Namjoonကပါလိုက်ငေးသည်။
ပိတ်မှောင်နေသော အမှောင်ထုထဲ တောင်တန်းတွေလဲ အိပ်စက်နေလောက်ပြီ။
" Namjoon မင်းလေ မင်း
ငါမရှိတဲ့အချိန်တွေတုန်းက ဒီနေရာမှာ ထိုင်ပြီး
ဒီရှုခင်းတွေကို ငေးဖူးလား "
Namjoonက ခေါင်းငုံ့ရင်းရယ်တယ်။
ပြီးတော့ ဘာမဆိုင်ညာမဆိုင် သရက်သီးတစ်စိတ်ကို ခက်ရင်းနဲ့ထိုးပြီး သူ့ကို လာခွံ့သည်။
" အင်း ငေးဖူးတာပေါ့။ ငေးချင်စရာလေးကိုး။
ဒါပေမဲ့ဒီနေရာကေနတော့ မဟုတ်ဘူး
ဟိုး ခြံထောင့်က နေကြာနှစ်ပွင့်ရှိတဲ့နားမှာ။ မင်းသိမှာပါ ငါတို့ပန်းစိုက်ဖို့လုပ်တော့ ဖယ်ပစ်လိုက်တဲ့ ကျောက်တုံးကြီးလေ..အဲ့ပေါ်မှာထိုင်ပြီး ငေးတာ။ "
SeokJinသူ့မျက်လုံးထဲ ပုံပေါ်လာသလိုပါပဲ။ တိတ်ဆိတ်တဲ့ညနဲ့ ခပ်ဟောင်းဟောင်း အမှတ်တရတွေ။
ဒီအမျိုးသားလေး ဘယ်လောက်တောင်အထီးကျန်ရှာလိုက်မလဲလေ..။
Namjoonကသူ့စိတ်ကို နားလည်နေသလို ရယ်ရင်း
" ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။"
သူ့ရဲ့ အကြည့်စူးစူးက ဒိုင်းခနဲရောက်သွားတော့ Namjoonကလက်တွေတခါခါနဲ့ ရယ်ပြန်တယ်။
" ကိုယ်ပြောတာ ဘေးမှာ
စာအုပ်လေးတစ်အုပ်ရှိတယ် "
" စာအုပ်? "
" အင်း အရင်တုန်းကကွာ
ကိုယ့်ကိုကြိတ်ကြွေနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဒိုင်ယာရီ စာအုပ်လေး"
SeokJinမျက်နှာက သွေးရောင်ခြယ်သွားတယ်။ သူ့စာအုပ်လေးကို Namjoonကောက်ရခဲ့တယ်ဆိုတာကို ပြောထားပေမဲ့ မေ့မေ့ပျောက်ပျောက်ပဲနေခဲ့မိတာ။
ဘာစာတွေရေးခဲ့မိမှန်းတောင် သတိမရချင်တော့။
" ဘယ်သူလဲ သိချင်လား "
" မသိချင်ဘူး။ Namjoonမင်းနော်
ငါစိတ်ဆိုးလိုက်မှာဗျ "
လက်သီးတစ်ပြပြနဲ့ ရန်စောင်တော့လည်း
Namjoonက တမြတ်တနိုးကြည့်နေပြန်တယ်။
" ကိုယ်သိပ်ကံကောင်းတယ်လို့ ခံစားရပါတယ်။ တကယ်ပြောတာ
ဘယ်သူမှ ဘေးမှာရှိမနေရင်တောင်
မင်းကိုယ့်ကိုချစ်နေသေးတယ်ဆိုတာကို ကိုယ်သိနေခဲ့လို့လေ "
" ငါရောပဲ။
မင်းကလေ ငါခိုးချစ်ရတဲ့ ငါ့အချစ်ဦး။
အဲ့အရွယ်တုန်းက မင်းငါ့ကို ပြန်ချစ်မယ် လို့လဲ မထင်ခဲ့ဘူး။ ဒီလိုမျိုး နေ့ရက်တွေ ရှိလာမယ်လဲ မထင်ခဲ့ဘူး။
မင်းကို မေ့နိုင်တဲ့အချိန်ထိ ငါမသိသလိုလေးနေပြီး ချစ်သွားဖို့ ဆုံးဖြတ်ခဲ့တာ..
အားးးရှက်တယ်ကွာ။
ငါစကားပြောတာ တကယ်အစီအစဉ်မကျဘူးမှလား။ အဲ့လိုစကားတွေ ငါမပြောတတ်ဘူး တကယ် ရှက် ဖို့ ကောင်း.."
နွေးထွေးတဲ့လက်တစ်စုံရဲ့ထွေးဖက်မှုကိုခံရလို့ သူ့စကားတွေရပ်တန့်ကုန်ပေမဲ့ ရင်ခုန်သံတွေကတော့ တိုး၍ တိုး၍...။
.
.
.
.
.
.
အိပ်ရာနိုးနိုးချင်း အကျင့်ဖြစ်နေတဲ့ လက်တွေက နံဘေးကို လှမ်းပြီး ဖက်လိုက်ပေမဲ့ လူကမရှိ။
Namjoonအိပ်ချင်နေဆဲ မျက်လုံးကို အားတင်းဖွင့်ရင်း အိမ်ကအမျိုးသားလေးကို ပတ်ရှာရတော့၏။
တွေ့လိုက်ရပါပြီ။
ခြံထောင့်နားလေးမှာ ငုတ်တုပ်လေး။
မျက်နှာကတော့ သစ်ပြီးဟန်တူပါပြီ လန်းလန်းဆန်းဆန်းရှိလှသည်။
" ဘာလို့အစောကြီးထနေတာလဲ?
ကြည့်အုံး မျက်နှာတောင်သစ်ထားပြီးပြီ?"
" တခါတလေအစောကြီးထတာပဲ မရဘူးလားဟ "
" ရပါတယ်ခင်ဗျာ အမိုက်အမဲလေးမို့ မေးမိတာ ခွင့်လွှတ်ပါ "
ဟိုးအရင် အချိန်တွေတုန်းက လူတစ်ယောက်ကသာ Namjoonဒီလိုမျိုး အီစီကလီစကားတွေ ပြောတတ်တယ် လို့ လာပြောခဲ့ရင် SeokJinဗိုက်ကိုဖိနှိပ်ပြီး လှောင်ရယ်ပစ်မိမှာပင်။
ဒါပေမဲ့ အခုတော့ တကယ်ကြီးလက်တွေ့မြင်နေရသည်လေ။
အထူးသဖြင့် အခုနောက်ပိုင်းတွေ
တအားလဲ စကားတွေများလာတယ်။
ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ်ပါ သူကတော့ မျိုးစုံကိုချစ်နေမိတော့တာပါပဲ။
" ဒီမှာ နေကြာတွေကိုကြည့်အုံး
သေတော့မယ်ထင်တယ် "
အားရပါးရကြီးပြောချလိုက်သော စကားကြောင့် Namjoonက တခွိခွိနဲ့ရယ်သည်။
" ပြန်စိုက်ကြမယ်လေ ဒီလိုပဲလုပ်နေကျကို "
" နှစ်တွေအကြာကြီးမညိုးနိုင်မသေနိုင်တဲ့ နေကြာမျိုးလေးမရှိဘူးလားကွာ။ "
" ရှိတယ် "
SeokJinမျက်၀န်းတို့က သိချင်စိတ်တွေနဲ့ ပြည့်နှက်သွားကာ Namjoonအနားတိုးကပ်လာသည်။
" ဘယ်မှာလဲ? "
" ဒီ ထဲ က နေကြာတွေ "
သူ့ရင်ဘတ်သူ လက်ညိုးထိုးပြီး ပြောလိုက်တဲ့ Namjoonစကားကို SeokJinကချက်ချင်းနားမလည်ပဲ အူတိအူကြောင်ပြန်ကြည့်သည်။
ပြီးမှ နားလည်သွားဟန်ဖြင့်
ရှက်ရယ်ရယ်ရင်း
" ဟ ဘာလဲ။ အကောင်းမှတ်လို့ "
"တကယ်ပြောတာ။
မယုံရင် ခွဲကြည့်မလား? "
SeokJinမျက်နှာချောချောက တဖြည်းဖြည်းပတ္တမြားရောင်လွှမ်းလာသည်။ နေရောင်၀င်းလဲ့လဲ့က အရောင်တင်ပေးလို့ တောက်ပနေတဲ့ အဖိုးတန်ကျောက်မြတ်ရတနာလေးလိုပင်။
" မင်း တော်တော်ဖြစ်နေ
ကြက်သီးတွေထလာပြီ ကြည့် "
" ဟားဟားဟား "
သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ မိုးစက်တွေတဖြောင်းဖြောင်းကျလာတာမို့ အိမ်ထဲအမြန်ပြေး၀င်ခဲ့လိုက်ရသည်။
SeokJinကတော့ သူ့အပင်လေးတွေ ရေမြုပ်ပြီး နာကုန်မှာစိုးလို့ မိုးကို အပြစ်တင်နေသည်။
" ဘာလား? အချိန်မဟုတ်အခါမဟုတ်။"
" မိုးပြေးလေးပါ။ ခနနဲ့တိတ်မှာ "
နှစ်ယောက်သား ဘာမှမစားကြရေးသည်မို့ မိုးရွာနေတုန်းNamjoonကမနက်စာစားဖို့ပြင်ရသည်။
အစကဈေးဖက်သွား၍ တစ်ဆိုင်ဆိုင်ထိုင်မည်လုပ်ထားသော်လည်း မိုးကြောင့် ချော်နေမည့် လမ်းတွေကိုတွေးမိကာ သွားဖို့အစစီစဉ်ကိုပယ်ဖျက်လိုက်၏။
ကြက်အူချောင်းတစ်ချို့ကိုကြော်ရင်း ကော်ဖီချိုစိမ့်စိမ့်လေးတစ်ခွက်ကိုဖျော်လိုက်သည်။
ပေါင်မုန့်ကို ထောပတ်ကလေးသုတ်ကာ အပူပေးသည်ဆိုရုံလေးသာ ကင်လိုက်ပြီး
ဘေးနားကနေ ကြက်ဥကြော်တစ်ချပ်ကို တင်လိုက်၏။
ပြီးတော့ အိုးပေါ်တင်ထားတဲ့ နွားနို့တွေကို ဖန်ခွက်ထဲလောင်းထည့်ပြီး စားပွဲပေါ်တင်ပြင်လိုက်တော့သည်။
" မွှေးနေရော။
ဒါပေမဲ့ အအီစာတွေ "
ပြင်ရဆင်ရတာ ချွေးပင်မခြောက်သေး မောင်မင်းကြီးသား သခင်လေးက နှာခေါင်းတရှုံရှုံ့ မျက်မှောင် တကုပ်ကုပ်နဲ့ ၀င်ထိုင်ပြီး ညည်းညူသည်။
" အဆာပြေစားထား။
ကော်ဖီကတော့မသောက်ရသေးဘူးနော်။
ဟိုနေ့ကပဲ ဗိုက်ထဲနေလို့မကောင်းဘူးပြောထားတာမှလား။ နွားနို့ပဲသောက် "
" အေးပါ အေးပါ။
ပင်ပန်းသွားပြီ ငါ့ကောင်လေး "
Namjoonပါးကို ကလေးလေးတွေကိုချော့မြူသလို ခပ်ဖွဖွကုတ်ကာ ချီးကျူးတော့ ပြုံး၍သာ ငြိမ်ခံနေလိုက်သည်။
သူတို့မနက်စာစားအပြီး မိုးကချက်ချင်းတိတ်သွားတာမို့ ဈေးသွားဖို့ ပြင်ရတော့သည်။
တကယ်ဆိုNamjoonကမသွားချင်။
ရွှံ့တွေဗွက်တွေထဲ SeokJinချော်လဲမှာကိုစိုး၍ဖြစ်သည်။ သိသည့်အတိုင်း ဂျစ်တူးတစ်ယောက်ဟာ ဘယ်တော့မှ လမ်းကို ငြိမ်ငြိမ်မသွား ခုန်လိုက်ပြေးလိုက် နဲ့မို့ ။
ဒါကြောင့်နေ့လည်ခင်းနေပွင့်မှသာ သွားချင်တာဖြစ်သည်။
ဒါပေမဲ့လည်း ထီးတစ်လက်ကိုင်ပြီး တတ်ကြွနေတဲ့ ဂျစ်တူးတစ်ယောက်ကြောင့် မငြင်းနိုင်တော့ပဲ ခြံတံခါးကို သော့ပိတ်ပြီး လိုက်ခဲ့ရတော့သည်။
" အပြန်ကျရင် မိုးလေးရွာပြီး မြေလေးပွနေတုန်း ဟိုနေ့က ၀ယ်လာတဲ့ ဇီးချိုသီးပင် စိုက်ရမယ် "
" အင်း။ စိုက်ကြမယ်လေ "
" ပြီးတော့ ငါတို့နေကြာလေးတွေရောနော်။ ခုနကကြည့်လိုက်တာ မိုးဒဏ်နဲ့ ယိုင်နဲ့နေပြီ။ အသစ်ပြန်စိုက်ကြမယ်။ ငါအဲ့လိုကြီးမမြင်ချင်လို့ "
" အင်း။ အပြန်ကျရင် ချက်ချင်းစိုက်မယ် "
SeokJinကကျေနပ်သွားဟန်ဘာမှမပြောတော့ပဲ သူ့လက်တွေကိုသာ တွဲကိုင်လိုက်သည်။ လက်တစ်ချောင်းချင်း အချိုးအဆစ်တစ်ခုချင်းဆီကို သေချာယှက်၍..
" Namjoon "
" အင်း "
" နောက်ဘ၀တွေ ကို ယုံလား "
" ယုံတယ်လဲ မဟုတ်၊ မယုံဘူးလဲမဟုတ် ပါပဲ သိပ်မသေချာဘူးလားလို့ "
" ငါကတော့ ယုံချင်တယ် "
" ဟုတ်လား
ဒါဆို ယုံလိုက်ကြရအောင်လေ "
SeokJinကသူ့လက်ကိုတင်းနေအောင် ဆုပ်ကိုင်လိုက်ပြီး နားသယ်စပ်ကို လှမ်းနမ်းသည်။ ပြီးမှ ဘေးဘီကို ကပျာကယာ ဝေ့ကြည့်ကာ ရှက်ရယ်ရယ်၏။
" နမ်းချင်အောင်စကားတွေသိပ်တတ်မနေနဲ့ "
" ပြောပါအုံး ချစ်တယ်လို့ "
" အေး အများကြီး "
သူများကြားရင်တော့ အဆက်အစပ်မရှိသလို ထင်ရနိုင်ပေမဲ့ ဆိုလိုရင်းကို နားလည်နေတဲ့ Namjoonကတော့ ခပ်ပြုံးပြုံး။
မင်းဆိုတဲ့လူတစ်ေယာက်ကို
၀င်သက်ထွက်သက်တွေအဆုံးထိ ငါ့ရင်ထဲမြတ်နိုးနေအုံးမယ်။
ဒါကို ကတိစကားလားလို့ မင်းကမေးတဲ့အခါ
အမှန်တရား လို့ ကိုယ်ကဖြေပါမယ်။
နောက်ဘ၀တွေသာ တကယ်တည်ရှိခဲ့ရင်
ကိုယ့်ကို တွေ့အောင်ရှာပြီး ချစ်ခြင်းမေတ္တာနဲ့ နေကြာတွေဟာ အိပ်မက်မဟုတ်ကြောင်း မင်းနှုတ်ဖျားကနေ ပြောပြပေးပါအုံး။
အဲ့ဒီ့အခါမင်းဟာ ကိုယ့်အတွက်သီးသန့်ဖြစ်တည်လာခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ကြောင်း ကိုယ်ကပြန်ပြောမှာပေါ့ ဂျစ်တူးရယ်။
_____________________________
ကတိပေးထားတဲ့ extraလေးပါ💛
For Zawgyi
" Namjoon ေရ "
အိမ္ေရွ႕ဆီကေခၚသံေၾကာင့္ Namjoonသူ႕လက္ထဲက စစ္လက္စ စာအုပ္တစ္ထပ္ကို ေပါင္ေပၚကေနခ်ရင္း ထလာလိုက္သည္။
ၿခံစည္းရိုးနားမွာ ထိုင္ရင္း ေျမဆြေနတဲ့ SeokJinက သူေရာက္လာတာကိုမသိပဲ နာမည္ကိုေခၚလို႔ေကာင္းေနတုန္း...
" ကဲ ေျပာ ဒီကိုလဲၾကည့္အုံး "
ျဖဴႏုႏုမ်က္ႏွာေပၚမွာ ေျမမႈန႔္ေတြက ေပက်ံေနတာ ရယ္စရာေတာ့ေကာင္းသည္။ ေကာက္ရိုးခေမာက္ႀကီးက မ်က္လုံးပင္အုပ္မတတ္ျဖစ္ေနတာမို႔ သူ႕ကို ေခါင္းတေမာ့ေမာ့နဲ႕ ၾကည့္ေနတဲ့ပုံကလဲ အသည္းယားစရာ။
" ဒီမွာ မင္းတပည့္ေတြ မေန႕က ငါစိုက္ထားတဲ့ သလဲသီးပင္ေပါက္ေလးကို တတ္နင္းသြားတယ္ အဲ့တာဒီေန႕လာရင္ မင္းဆူေပး "
" ေဟာဗ်ာ...ငါဆူရင္လဲမင္းကအၿမဲတားၿပီးေတာ့ "
" ဒီတခါမတားဘူး ေသခ်ာတယ္
မင္းရေအာင္ ဆူေနာ္ "
" ေအးပါကြာ...လာဒီကို "
သူလက္ကမ္းေပးေတာ့ ခပ္မဲ့မဲ့႐ုပ္ကေလးကေန ရယ္ရင္း လက္ကိုျပန္ကမ္းေပးတယ္။
လက္ႏွစ္ဖက္မွာ ေပက်ံေနတဲ့ ေျမမႈန႔္ေတြနဲ႕ Namjoonအက်ီျဖဴျဖဴေပၚကို ပယ္ပယ္နယ္နယ္ လာပြတ္ေနတဲ့ SeokJinကို အသာေလးဆြဲဖက္ပစ္လိုက္တယ္။
" ေရခ်ိဳးေတာ့ေနာ္
ညေနေစာင္းမွခ်ိဳးရင္ အေအးမိေနမယ္"
" ရပါတယ္
ဒီမွာ မုန္ညင္းေတြစိုက္ဖို႔က်န္ေသးတယ္ "
" ဒါဆို ငါကူစိုက္ေပးမယ္ေလ"
မနက္ခင္းေနေရာင္ျခည္ေလးကတကယ္ေႏြးေႏြးေထြးေထြးရွိလွပါရဲ႕။
ၿခံေထာင့္နားေလးက ေနၾကာပြင့္ငယ္ေလးေတြ ယိမ္းထိုးေနတာကိုလဲ ျမင္နိုင္တယ္။
အိမ္အ၀င္၀က ေက်ာက္စိမ္းေခါင္းေလာင္းေလးရဲ႕ တခြၽင္ခြၽင္ျမည္သံကိုလဲ ၾကားနိုင္တယ္။
ၿပီးေတာ့
" Namjoon "
" ဟင္ "
" ေရခ်ိဳးၿပီးရင္ လမ္းေလွ်ာက္ထြက္ရေအာင္ေလ။ စာသင္ခ်ိန္အမွီျပန္လာရတာပဲ "
" အင္း ေကာင္းသားပဲ "
ခ်စ္ရတဲ့ေကာင္ေလးတစ္ေယာက္ရဲ႕ အသံကိုလဲ သူၾကားနိုင္တယ္။
ၿပီးေတာ့ မ္ျင္နိုင္တယ္ ၊ ထိေတြ႕နိုင္တယ္။
ႏွစ္ေပါင္းမ်ားစြာ သူ႕ရဲ႕ ေကာင္ဆိုးေလးအေၾကာင္းကို အိပ္မက္မက္လာခဲ့ရတာ။
အိပ္မက္ေတြက ၾကည္ႏူးစရာေတြပဲအျပည့္။
အသံေလးကိုၾကားနိုင္တယ္။
မ်က္ႏွာေလးကို ျမင္နိုင္တယ္။
ဒါေပမဲ့ သူ႕ဆီကိုလက္လွမ္းလိုက္တိုင္း ေပ်ာက္ကြယ္သြားတတ္တဲ့ ေပ်ာက္ကြယ္သြားတတ္တဲ့ ထိေတြ႕ခြင့္မရတဲ့ အိပ္မက္တစ္ခုျဖစ္ေနတတ္တယ္။
" ဒါအိပ္မက္လား "
Namjoonလက္ထဲကေျမဆြေနတဲ့ ခက္ရင္းေလးလြတ္က်သြားတယ္။
ရင္ထဲကေအာင့္မ်က္မ်က္နဲ႕ ပူထူလာတယ္။
ဘာအသံမွမၾကားခ်င္လို႔ နားပိတ္ထားမိသလို မ်က္လုံးေတြကိုလဲမွိတ္ထားပစ္လိုက္မိတယ္။
မနိုးခ်င္ဘူး..
သူတကယ္ကိုမနိုးခ်င္ဘူး
သူ႕ပုခုံးကို ကိုင္လႈပ္ေနတဲ့ ခပ္ၾကမ္းၾကမ္းအထိအေတြ႕ကို ရတယ္။
ၿပီးေတာ့ ေက်ာျပင္ေပၚက်ေနတဲ့ ေနေရာင္ရဲ႕ အထိအေတြ႕ကို အုပ္မိုးသြားတဲ့ ေအးျမျမအရိပ္တစ္ခုရဲ႕ ကာကြယ္မႈ။
" အိပ္မက္မဟုတ္ပါဘူး Namjoonရယ္။
ငါပါ တကယ္ငါပါ ဒီမွာ ငါ ငါ မင္းကိုဖက္ထားတယ္ေလ ဟင္ "
ထိုအခါမွ Namjoonရဲ႕ မ်က္လုံးေတြဖြင့္လာတယ္။ ၿပီးေတာ့ SeokJinကို တအားသိမ္းႀကဳံးၿပီး ဖက္ပစ္ရင္း ပါးျပင္ကိုနစ္၀င္သြားမတတ္နမ္း၏။
SeokJinကခုနကလို အနိုင္ယူခ်င္တဲ့ ကေလးဆိုးပုံစံမ်ိဳးမဟုတ္ေတာ့ပဲ
ေႏြးေထြးလုံၿခဳံလွတဲ့ ဒိုင္းကာတစ္ခု ၊ထီးတစ္လက္နဲ႕ တူသြားတယ္။
ညို႔မွိုင္းမွိုင္း မ်က္၀န္းညိုေတြမွာ
၀မ္းနည္းျခင္းေတြ ျဖည့္စြက္ေနရဲ႕။
" ေဆာရီး ငါ ဒီလိုမျဖစ္ခ်င္ေပမဲ့
ဘာလို႔ ခနခန ငါ့စိတ္က "
Namjoonကသက္ျပင္းခ်ရင္း သူ႕ကိုလႊတ္ေပးၿပီး ေျမေဆြးပြပြေတြေပၚက်ေနတဲ့ ခက္ရင္းေလးကိုျပန္ကိုင္တယ္။
ၾကည္ႏူးစရာ အိပ္မက္ခ်ိဳေတြရဲ႕ ညဥ္းပမ္းျခင္းကို ႏွစ္ရွည္လမ်ား ခံခဲ့ရတဲ့ Namjoonက တစ္ခါတစ္ေလ ဒီလိုပဲ လက္ေတြ႕နဲ႕ အိပ္မက္ကို ေရာေႏွာလာတယ္။ ေၾကာက္စိတ္လို႔ပဲ ေျပာရမလား?
အခုလက္ရွိမွာ ျဖစ္တည္ေနတဲ့အရာေတြက အိပ္မက္ေတြျဖစ္သြားမွာကို ေၾကာက္တဲ့စိတ္။
အဲ့စိတ္က ႀကီးစိုးလာတဲ့အခါ သူခ်စ္ရတဲ့ေကာင္ေလးက မခံစားနိုင္ေတာ့တဲ့ပုံပါပဲ။
အကုန္လုံးက သူေပးမိတဲ့စိတ္ဒဏ္ရာေတြပါပဲေလ။
ဒီစိတ္နဲ႕ ကိုယ့္ကိုကိုယ္အျပစ္တင္မိတဲ့အခါဒါေလးကခနတာ နာက်င္မႈေလးလို႔ Namjoonကသူ႕ကိုျပန္ၿပီးေတာင္ ႏွစ္သိမ့္ေပးလိုက္ေသးတယ္ ။
SeokJinသူ႕လက္ႏွစ္ဖက္ကို ခပ္ျဖည္းျဖည္းခါလိုက္တယ္။
" Namjoon "
" အင္း "
မ်က္ႏွာကိုလက္နဲ႕ဆြဲယူၿပီး ႏႈတ္ခမ္းကို ငုံခဲေတာ့ ခ်စ္ျခင္းေမတၱာငယ္က တသိမ့္သိမ့္တုန္ေအာင္ရယ္ရွာပါတယ္။
" မင္းနမ္းရင္ သိပ္နာတာပဲ။
ဒါကိုက္တာကြ သိလား "
SeokJinရွက္ရမ္းရမ္းကာ ေဘးက မႏႈတ္ရေသးတဲ့ ျမက္ပင္တစ္အုပ္ကို ဆြဲဆြဲႏႈတ္ေနမိတယ္။
ဒီလူညစ္ေကာင္ကေတာ့ေလ!
လူကိုအၿမဲရွက္ေအာင္လုပ္တယ္။
" ဒါေပမဲ့ မင္းအဲ့လိုနမ္းတိုင္း
ကိုယ္ေပ်ာ္ပါတယ္ "
" တကယ္လား "
SeokJinလက္ထဲက ျမက္ပင္ေပါင္းပင္ေတြနဲ႕ ပစ္ေပါက္ရင္း ေမးလိုက္တယ္။
" အင္း ကိုယ္လိပ္ျပာတစ္ေကာင္ျဖစ္သြားသလိုပဲ။ ဒီလို ဒီလို အေတာင္ျဖန႔္ၿပီး ပ်ံခ်င္သြားတယ္ "
လက္ႏွစ္ဖက္ကို လိပ္ျပာေတာင္ပံခတ္သလို လုပ္ၿပီး Namjoonကထပ်ံေတာ့မလို လုပ္ျပတယ္။
" မဟုတ္ဘူး..ကိုယ္စြန္ရဲတစ္ေကာင္ျဖစ္ခ်င္တယ္။ ဒါမွ မင္းကိုပါ ကိုက္ခ်ီ ၿပီး ေခၚသြားလို႔ရမွာ။ မနိုင္ပါ့မလားေတာ့မသိဘူး"
Namjoonရဲ႕စကားကို သေဘာက်တာေၾကာင့္ သူတဟားဟားေအာ္ရယ္မိတယ္။
ရိုးရိုးရွင္းရွင္း မနက္ခင္းေလးက ခံစားခ်က္ေပါင္းစုံနဲ႕ ေက်ာ္လြန္သြားျပန္တယ္။
မင္းကိုမခ်စ္နိုင္ေလာက္မဲ့ အေၾကာင္းျပခ်က္ေတြ ငါေနထိုင္ရာ ကမာၻမွာ မရွိနိုင္ေတာ့ဘူးဆိုတာ ကို အႂကြင္းမဲ့ယုံၾကည္လက္ခံထားပါတယ္။
ေပ်ာ္႐ႊင္စရာအတိၿပီးတဲ့ဘ၀ဆိုတာ လက္ေတြ႕မွာ မရွိတာလဲျဖစ္နိုင္ပါရဲ႕။
ဒါေပမဲ့ေလ
ဒဏ္ရာေတြကို ကုစားခြင့္ရတာလည္း ေကာင္းျခင္းတစ္မ်ိဳးပဲထင္ပါရဲ႕။
ဒီနာက်င္၀မ္းနည္းစရာေကာင္းတဲ့ သံသရာစက္၀န္းႀကီးထဲမွာ ခ်စ္ျခင္းေမတၱာက ေပ်ာ္႐ႊင္ျခင္းတိမ္တိုက္ညိုကေလးဆိုရင္ ဒီခ်စ္ျခင္းေၾကာင့္ ျဖစ္တည္တဲ့ ဒဏ္ရာေတြကလဲ မိုးစက္ကေလးေတြပါပဲ ။
ဒါေၾကာင့္ မင္းကိုလဲခ်စ္တယ္။
မင္းရဲ႕ ဒဏ္ရာေတြနဲ႕ အမာ႐ြတ္ေတြကိုပါ ခ်စ္တယ္။
ဒီလိုနဲ႕ခ်စ္ျခင္းေမတၱာဟာ ယိမ္းႏြဲ႕ေနတဲ့ ေနၾကာပန္းေလးႏွစ္ပြင့္ျဖစ္လာတယ္။
အဲ့သေလာက္ကို ရိုးရွင္းပါတယ္။
.
.
.
.
.
စာအံသံ တညံညံနဲ႕ သူတို႔ၿခံ၀န္းေလးက စည္ကားသိုက္ၿမိဳက္ေနတယ္။
SeokJinက ဘာမွသင္မေပးရေပမဲ့ ၿခံထဲ ခုံတစ္လုံးခ်ၿပီး Namjoonလႊတ္လိုက္တဲ့ ပုစိေလးေတြ စာလာျပန္တာကို ၾကည့္ေပးရတယ္။
ခနအနားရလို႔ ကေလးေတြၿခံထဲပတ္ေဆာ့ေနတဲ့ အခ်ိန္ဆို သူစိုက္ထားတဲ့ အပင္ေတြ ထိမွာစိုးလို႔ ေစာင့္ၾကည့္ေနရတာလဲ အလုပ္တစ္ခု။
အဓိကက ၿခံေသးေသးေလးခတ္ၿပီး စိုက္ထားတဲ့ ႏွစ္ပြင့္တည္းေသာ ေနၾကာငယ္ေတြ။
ပြင့္ဖက္ကို ေႁခြဖို႔ လက္လွမ္းတဲ့ သူနဲ႕
အထဲက ေနၾကာဆံ ႏုႏုအုအုေတြကို လွမ္းႏွိုက္ဖို႔ ျပင္တဲ့ သူက ျပင္နဲ႕မို႔ အေတာ္ေလးကို ေစာင့္ၾကည့္ၿပီး ေနရသည္။
ညေနေစာင္းလို႔ ကေလးေတြျပန္မွ Namjoonေရာ သူေရာအနားရေတာ့တာပါပဲ။
ဒါေတာင္တခါတေလ ေမာင္မင္းႀကီးသားေတြက မျပန္ေသးပဲ ရွိသမွ်မုန႔္စားေသာက္ၿပီး ေျဗာင္းဆန္ေအာင္ေဆာ့သြားၾကေသးတာ။
အေမွာင္ရိပ္က ႀကီးစိုးလာတဲ့အခါ သူတို႔ အိမ္ငယ္ေလးထဲမွာ မီးေရာင္ဝါဝါ ေလးတစ္လုံးရဲ႕ အလင္းေရာင္က ထြန္းပလာတယ္။
လွ်ပ္စစ္မီးသီး လင္းလင္းထိန္ထိန္ေတြထက္ ဒီအလင္းမွိန္မွိန္ေလးကို ပိုသေဘာက်တာမို႔ ဒီမီးသီးေလးကိုပဲ
You are reading the story above: TeenFic.Net