For Zawgyi
လမ္းခြဲၾကရေအာင္...
သူ႔စကားအဆံုးမွာ Namjoonကဟက္ဟက္ပက္ပက္ရယ္တယ္..။တကယ္ရူးသြပ္ေပါက္ကြဲေနတဲ့လူတစ္ေယာက္လိုမ်ိဳး...
ထို႔ေနာက္ ေခါင္းငိုက္စိုက္က်သြားကာ ရယ္သံေတြလဲရပ္သြားသည္။ ေဝဝါးေနတဲ့သူ႔ျမင္ကြင္းေတျြပန္ၾကည္လင္လာေတာ့ Namjoonကသူ႔ပုခံုးေပၚမ်က္ႏွာအပ္လ်ွက္ ရပ္ေနသည္။
ထိလိုက္သည္ႏွင့္ၿပိဳလဲက်သြားေတာ့မၫ့္ႏွယ္..
သူလဲဒီအေနအထားနဲ႔ပဲ ေျခေထာက္ေတြထံုက်ဉ္လာတဲ့အထိေနေနမိသည္။ ခနၾကာမွ
"Namjoon "
"အင္း"
အသံရွည္စြဲထူးသံက ေဒါသမပါ
အေမးမရိွ ဒါကပင္သူ႔ကိုရင္နာေစသည္။
" ငါသိပ္ေပ်ာ့ညံ့တယ္လို႔ ေတြးေနလား? မင္းနဲ႔အတူတူဆိုတဲ့ အေတြးေတြကိုငါအခ်ိန္တိုင္းေတြးခဲ့တာပဲ...ဒါေပမဲ့ အေမကငါ့ကိုေတာင္းပန္တယ္...ငါ့ကိုမဆူမရိုက္ပဲနဲ႔ေတာင္းပန္ေနတယ္Namjoonရာ..ငါ ငါ "
"ေတာ္ေတာ့.."
ထိုလူသားက ေလာင္ၿမိဳက္ေနေသာသူ႔စိတ္ကို နားလည္သၫ့္အလား ေက်ာကိုခပ္ဖြဖြပြတ္သပ္ေပးလာသည္။
" ခက္ခဲခဲ့မွာပဲ.."
Namjoonကသူ႔ႏွဖူးေပၚကဆံပင္ေတြကိုသပ္တင္ေပးၿပီး ဖိကပ္နမ္းသည္။ လမ္းမီးေရာင္ေအာက္ကမ်က္၀န္းၾကည္ေတြကလက္ခနဲ..
" ငါ့ေကာင္ေလးက သိပ္သတၲိရိွတဲ့လူပါ "
ရင္ထဲကမြန္းနစ္လာသည္တို႔ကို ဘယ္လိုဖြင့္ထုတ္ရမည္မွန္း SeokJinမသိေတာ့..
ငိုလိုက္ရင္ေပါ့သြားမလား စိတ္ကူးေပမဲ့ မ်က္ရည္ကမထြက္ တကယ္ရယ္ဖို႔ေကာင္းသည္။
" အဲ့စကားေတြအစား မင္းစိတ္ေက်နပ္တဲ့အထိ လက္သီးနဲ႔ထိုးခံလိုက္ရတာမွ ေျဖသာပါအံုးမယ္"
ရယ္ခ်င္စိတ္မရိွေပမဲ့ သူ႔အသံကရယ္သံစြက္သြားသည္။ Namjoonကလဲ ဘယ္လိုေတြးသည္ရယ္မသိ လိုက္ရယ္သည္။
ေနြရနံ ့ကိုသယ္ေဆာင္လာတဲ့ေလေျပၫွင္းေတြက ရင္ထဲထိမေအးျမေစတာေတာ့ အမွန္...
လြင့္ပါလာတဲ့ ပန္းရနံ႔ေတြကလဲ မေမႊးပ်ံ ့ေတာ့တာအမွန္...
"Busမရိွေလာက္ေတာ့ဘူး..
ငါလိုက္ပို႔ေပးမယ္ေလ"
SeokJinမျငင္းျဖစ္ခဲ့ပါ။
သူေခါင္းညိမ့္ျပလိုက္ေတာ့ Namjoonကၿပံဳးသည္။ထို့ေနာက္ ေခါင္းကိုပြတ္သပ္ရင္း
"ဒါဆို တိုက္ခန္းခနျပန္ရအံုးမယ္..
ငါေျခလ်င္ေျပးလာခဲ့မိလို႔"
" ငါလိုက္ခဲ့မယ္ "
Namjoonကဘာမွမေျပာပဲ သူ႔လက္ကိုဆြဲကာ အုတ္လမ္းေလးအတိုင္း ေလ်ွာက္သည္။
ျမင္ေနက်ရႈခင္းေတြက ဒီေန့ညမွပို၍လြမ္းဆြတ္ဖြယ္ေကာင္းေနသလို...ယိမ္းေနေသာ သစ္ပင္အိုေတြကလဲ ၀မ္းနည္းစြာ ႏႈတ္ဆက္ေနသေယာင္ထင္ရ၏။
" စက္ဘီးနဲ႔ပဲသြားရေအာင္"
သူ႔စကားျကားေတာ့ကားေသာ့ယူဖို႔ျပင္ေနတဲ့ Namjoonကလက္ေတျြပန္ရုတ္လိုက္ကာ အိုေက ဟုေျပာရင္း ကပ္လ်ွက္ခ်ိတ္ထားေသာစက္ဘီးေသာ့ေလးကို ေျပာင္းယူလိုက္သည္။
စက္ဘီးနင္းေနေသာNamjoonခါးကို သိုင္းဖက္လိုက္ေတာ့ ကိုယ္ကတစ္ခ်က္တြ န႔္သြားသည္။ ခါတိုင္းလို ရယ္သံေတြေတာ့ထြက္မလာခဲ့ပါေခ်။
" Namjoonေရ ဒီညၾကယ္ေတြစံုတယ္"
ဘာမွမျဖစ္သလိုဟန္ေဆာင္ရင္း စကားရွာေျပာရတာမလြယ္..။
" အင္း ဟုတ္ပါရဲ ့"
သူတို႔ႏွစ္ေယာက္ၾကားတိတ္ဆိတ္ျခင္းကအဆန္းမဟုတ္ေသာ္လည္း ဒီတစ္ေခါက္တိတ္ဆိတ္ျခင္းမွာေတာ့ SeokJinငိုခ်င္လွေလသည္..။
.
.
.
.
.
အခ်စ္တစ္ခုကိုပဲေရွ ့တန္းတင္ၿပီး ေရ႔ွဆက္တိုးဂေအာင္ ဘ၀ဟာရုပ္ရွင္မဆန္လွသည္ကို သူလက္ခံရမည္။
အရွက္ႀကီးတဲ့ေရွးရိုးစြဲအေဖနဲ႔အေမဟာ
သူ႔စိတ္ေၾကာင့္ လံုးပါးပါးရမည္ကိုစိုးသည္။
ၿပီးေတာ့ ပတ္ဝန္းက်င္ရ ဲ့ဒဏ္...
သူတို႔လမ္းထိပ္ေရာက္ၿပီျဖစ္ေသာ္လည္း မသြားေသးပဲ ရပ္ေနေသာသူ႔ကိုNamjoonကခ်စ္စႏိုးၾကၫ့္သည္။
"ေဟ့ ေကာင္ေလး စိတ္ေျပာင္းသြားရင္ကိုယ္ကခိုးေျပးဖို႔အသင့္ေနာ္"
Namjoonနွုတ္ဖ်ားဆိုခဲလွသၫ့္ဟာသစကားေလးကို သူမရယ္ခ်င္ပါ...
ေခါင္းငံု႔လ်ွက္အံႀကိတ္ရင္းသာ ေပရပ္ေနမိေတာ့ Namjoonကစက္ဘီးေဒါက္ကေလးေထာက္ကာ ဆင္းလာသည္။
အေမွာင္ထုေအာက္ကထိုမ်က္လံုးသြယ္ေတြက ၾကယ္ေရာင္ေတြလိုလင္းလဲ့လဲ့...
ဖက္လိုက္ရင္ေနြးေနမၫ့္ထို ခႏၲာကို သူေျပးမဖက္ဖို႔ စိတ္ကအတင္းသတိေပးေနရသည္။
ခ်ိဳးေဖာက္လိုက္မိပါကရုန္းမထြက္ႏိုင္မွာကို ႀကိဳသိေနသည္မဟုတ္ပါလား...
"ေျပာ..ငါ့ကိုဘာေတာင္းဆိုခ်င္သလဲ"
ေတာင္းဆိုရမယ္?ဘယ္လိုမ်က္ႏွာနဲ႔မ်ား ေတာင္းဆိုရက္ပါ့မလဲေလ..?
SeokJinေခါင္းကိုခပ္ျဖည္းျဖည္းယမ္းျပေတာ့ Namjoonကသက္ျပင္းခ်သည္။
"ဒါဆိုငါေျပာတာေလး ခနနားေထာင္ေပးေနာ္"
သူ႔လက္ကို ညင္ညင္သာသာဆြဲကာ ေဆးသားေတြကြာက်ေနေသာ အုတ္ခံုေလေပၚကိုNamjoonကထိုင္ေစလိုက္သည္။
ကိုယ္တိုင္ကေတာ့ သူ႔ေရွ ့တြင္ ဒူးတစ္ဖက္ေထာင္လ်ွက္ထိုင္ခ်ကာ SeokJinလက္တို႔ကိုၿမဲျမံေအာင္ဆုပ္ကိုင္ထား၏။
"SeokJin ငါမင္းကိုသေဘာက်ေနၿပီဆိုတာ သိခဲ့ရတဲ့ေန့ကေနစၿပီး ဒီေန့အထိငါသိပ္ေပ်ာ္ရတယ္..
ဆူညံတာကိုငါသိပ္မုန္းေပမဲ့ မင္းရဲ ့ေျခသံေတြ ရယ္သံေတြကိုပါ သေဘာက်ခဲ့ရတာ...
ေက်ာင္းတံတိုင္းကိုေက်ာ္ၿပီး ခိုးထြက္တတ္တာကိုေရာ အိမ္စာစာအုပ္ေက်ာ္ထပ္တာေလးကအစ ငါတစ္ခ်က္မွမလြတ္ေအာင္ၾကၫ့္ခဲ့ရတာ..
ငါသတ္မွတ္ထားတဲ့စံေတြနဲ႔ေရာ ငါ့ရဲ ့စရိုက္နဲ႔ပါေျပာင္းျပန္ျဖစ္ေနတဲ့မင္းကို အမ်ားႀကီးခ်စ္တယ္..ကာကြယ္ေပးခ်င္တယ္.."
သူ႔လက္ကိုကိုင္ထားတဲ့Namjoonလက္ေတြက တျဖည္းျဖည္း ပါးျပင္ထက္ကိုအုပ္မိုးက်လာေလတယ္..။
" အေပါင္းအသင္းဆိုတာမလိုအပ္ခဲ့တဲ့ငါ့အတြက္ ေဘးမွာမင္းကိုပဲရိွေစခ်င္ခဲ့တယ္။
တျခားသူေတြနဲ႔မင္းရယ္တိုင္း စကားေျပာတိုင္း
ပုခံုးခ်င္းဖက္ၿပီး ငါ့ေရ႔ွကေနျဖတ္သြားတိုင္း
အားငယ္တဲ့ခံစားခ်က္ ေတြ၀င္လာတယ္..
ငါသိခဲ့ရတာ မင္းတစ္ေယာက္တည္းပဲSeokJin..
ျဖစ္ႏိုင္ရင္ မင္းကိုအပိုင္သိမ္းခ်င္တယ္..
အခုခ်က္ခ်င္းဖမ္းၿပီးဖြက္ထားလိုက္ခ်င္တယ္..
ဒီလိုလက္လႊတ္ေပးရတာ ငါ့ပံုစံမဟုတ္ဘူးေလ
ဟား.ဒီစကားေတြေျပာေနရတာလဲ ငါရွက္တယ္
ဘာေမးခြန္းမွမထုတ္ပဲ မင္းစကားအတိုင္းသေဘာတူခဲ့တာ သိပ္ခ်စ္လို႔ဆိုတာေတာ့သိထားေပးစမ္းပါ..."
Namjoonစကားေတြက သူ႔လည္ပင္းကိုၫွစ္ေနသလိုခံစားရသည္။ အသက္၀ေအာင္ရႈေနေပမဲ့ နစ္မြန္းေနေသးသလိုခံစားခ်က္...
ကိုယ့္ကိုသိပ္ခ်စ္ၿပီး ကိုယ္ကသိပ္ခ်စ္ရတဲ့ လူတစ္ေယာက္ကို လမ္းခြဲဖို႔ေျပာရတဲ့ သူကေရာ အဆင္ေျပႏိုင္ပါ့မလားေလ..
"Namjoonေရ..
ငါကမင္းလိုေတာ့မေျပာတတ္ဘူးေလကြာ
ဒါေပမဲ့ ငါ့မွတ္ညဏ္ေတြထဲမွာ မင္းကတသီးတသန႔္နဲ႔ကိုေနရာယူထားတယ္...အရင္ကေရာ အခုေရာ..ေနာင္မွာေရာ..
SeokJinေျပာရင္း အသက္ရႈရခက္လာတာမို႔ ခနရပ္လိုက္သည္။Namjoonေခါင္းကေအာက္ငိုက္စိုက္ေနကာ အသက္ရႈသံခပ္ျပင္းျပင္းကိုလဲၾကားေနရ၏။
"မင္းမႀကိဳက္တဲ့စကားကိုပဲေျပာရမွာပဲ..
ေက်းဇူးပဲ Namjoon..
အခ်စ္ခံရတယ္ဆိုတဲ့ခံစားခ်က္ကို ငါ့ကိုသိျမင္ေအာင္လုပ္ေပးခဲ့လို႔
မင္းရဲ ့ခ်စ္ျခင္းေတြအကုန္ငါ့အေပၚေပးခဲ့လို႔
ေက်း ဇူး ပါ ပဲ "
ညကနက္သထက္နက္လာသည္။
တက်ီက်ီေအာ္ျမည္ေနေသာ ပိုးေကာင္ငယ္တို႔၏အသံနွင့္ ေလအသင့္တရွဲရွဲလြင့္ေနေသာ သစ္ရြက္ေျခာက္မ်ား၏အသံတို့ကပို၍ထင္ရွားလာ၏။
"သြားေတာ့ေလ"
Namjoonကဆုပ္ကိုင္ထားေသာ သူ႔လက္ေတြကို တစ္ေခ်ာင္းခ်င္းဖယ္ရင္းထရပ္သည္။
ၾကၫ့္ရတာဘာစကားမွထပ္မဆိုႏိုင္ေတာ့သၫ့္ဟန္...အၿမဲတမ္းေတာက္ပေနခဲ့တဲ့ပံုရိပ္ဟာ စိုးရိမ္စရာေကာင္းေလာက္ေအာင္ ရီေဝမႈန္မိႈင္းေနသည္။
"Namjoon"
"အင္း"
"နည္းနည္းအတၲႀကီးတဲ့ေတာင္းဆိုခ်က္ျဖစ္ႏိုင္ေပမဲ့..ငါ့ကိုမေမ့ပါနဲ႔ "
"ျဖစ္ႏိုင္ပါ့မလား အရူးေလးရယ္"
Namjoonကေျခလွမ္းအနည္းငယ္ျပန္ဆုတ္ကာ သူ႔ႏႈတ္ခမ္းကိုတမ္းတမ္းတတနမ္းလာသည္။ အတန္ၾကာေသာ အနမ္းတို႔အၿပီးမွာ ခ်ာခနဲလွၫ့္ထြက္ၿပီး စက္ဘီးဆီေလ်ွာက္သြားေတာ့၏။
" လမ္းကေမွာင္တယ္ ဖုန္းမီးဖြင့္သြားေနာ္"
ညနက္သန္းေခါင္ အေဝးႀကီးကိုစက္ဘီးစီးျပန္ရမၫ့္ ကိုယ္တိုင္အတြက္စိတ္မပူပဲ သူ႔ကိုျပန္စိတ္ပူေနပါေသးေသာ Namjoonပါပင္....
SeokJinေခါင္းညိတ္ျပလိုက္ကာ လက္ျပႏႈတ္ဆက္လိုက္သည္။ Namjoonက ၿပံဳးရင္း သူ႔ကိုျပန္၍ လက္ျပသည္။ ထို႔ေနာက္ အေမွာင္ထုထဲသို႔ ေက်ာျပင္ေလးက တိုး၀င္ေပ်ာက္ကြယ္သြားေလ၏။
အခ်ိန္အခိုက္တန႔္ေလးတစ္ခုပါပဲ အခ်စ္ရယ္...
အမွတ္တရေတြအကုန္လံုးကလွပခဲ့ေပမဲ့
ငါတို႔ေတြ လက္ျပႏႈတ္ဆက္ခဲ့ရတယ္..
တကယ္လို႔ မင္းဟာေနတစ္စင္းျဖစ္ခဲ့ရင္
ငါဟာမင္းနဲ႔အၾကၫ့္ခ်င္းဆံုသြားခဲ့တဲ့ ေနၾကာတစ္ပြင့္ျဖစ္ပါလိမ့္မယ္...။
................ Endingမဟုတ္ပါရွင္.........
For Unicode
လမ်းခွဲကြရအောင်...
သူ့စကားအဆုံးမှာ Namjoonကဟက်ဟက်ပက်ပက်ရယ်တယ်..။တကယ်ရူးသွပ်ပေါက်ကွဲနေတဲ့လူတစ်ယောက်လိုမျိုး...
ထို့နောက် ခေါင်းငိုက်စိုက်ကျသွားကာ ရယ်သံတွေလဲရပ်သွားသည်။ ဝေဝါးနေတဲ့သူ့မြင်ကွင်းတြွေပန်ကြည်လင်လာတော့ Namjoonကသူ့ပုခုံးပေါ်မျက်နှာအပ်လျှက် ရပ်နေသည်။
ထိလိုက်သည်နှင့်ပြိုလဲကျသွားတော့မည့်နှယ်..
သူလဲဒီအနေအထားနဲ့ပဲ ခြေထောက်တွေထုံကျဉ်လာတဲ့အထိနေနေမိသည်။ ခနကြာမှ
"Namjoon "
"အင်း"
အသံရှည်စွဲထူးသံက ဒေါသမပါ
အမေးမရှိ ဒါကပင်သူ့ကိုရင်နာစေသည်။
" ငါသိပ်ပျော့ညံ့တယ်လို့ တွေးနေလား? မင်းနဲ့အတူတူဆိုတဲ့ အတွေးတွေကိုငါအချိန်တိုင်းတွေးခဲ့တာပဲ...ဒါပေမဲ့ အမေကငါ့ကိုတောင်းပန်တယ်...ငါ့ကိုမဆူမရိုက်ပဲနဲ့တောင်းပန်နေတယ်Namjoonရာ..ငါ ငါ "
"တော်တော့.."
ထိုလူသားက လောင်မြိုက်နေသောသူ့စိတ်ကို နားလည်သည့်အလား ကျောကိုခပ်ဖွဖွပွတ်သပ်ပေးလာသည်။
" ခက်ခဲခဲ့မှာပဲ.."
Namjoonကသူ့နှဖူးပေါ်ကဆံပင်တွေကိုသပ်တင်ပေးပြီး ဖိကပ်နမ်းသည်။ လမ်းမီးရောင်အောက်ကမျက်ဝန်းကြည်တွေကလက်ခနဲ..
" ငါ့ကောင်လေးက သိပ်သတ္တိရှိတဲ့လူပါ "
ရင်ထဲကမွန်းနစ်လာသည်တို့ကို ဘယ်လိုဖွင့်ထုတ်ရမည်မှန်း SeokJinမသိတော့..
ငိုလိုက်ရင်ပေါ့သွားမလား စိတ်ကူးပေမဲ့ မျက်ရည်ကမထွက် တကယ်ရယ်ဖို့ကောင်းသည်။
" အဲ့စကားတွေအစား မင်းစိတ်ကျေနပ်တဲ့အထိ လက်သီးနဲ့ထိုးခံလိုက်ရတာမှ ဖြေသာပါအုံးမယ်"
ရယ်ချင်စိတ်မရှိပေမဲ့ သူ့အသံကရယ်သံစွက်သွားသည်။ Namjoonကလဲ ဘယ်လိုတွေးသည်ရယ်မသိ လိုက်ရယ်သည်။
နွေရနံ့ကိုသယ်ဆောင်လာတဲ့လေပြေညှင်းတွေက ရင်ထဲထိမအေးမြစေတာတော့ အမှန်...
လွင့်ပါလာတဲ့ ပန်းရနံ့တွေကလဲ မမွှေးပျံ့တော့တာအမှန်...
"Busမရှိလောက်တော့ဘူး..
ငါလိုက်ပို့ပေးမယ်လေ"
SeokJinမငြင်းဖြစ်ခဲ့ပါ။
သူခေါင်းညိမ့်ပြလိုက်တော့ Namjoonကပြုံးသည်။ထို့နောက် ခေါင်းကိုပွတ်သပ်ရင်း
"ဒါဆို တိုက်ခန်းခနပြန်ရအုံးမယ်..
ငါခြေလျင်ပြေးလာခဲ့မိလို့"
" ငါလိုက်ခဲ့မယ် "
Namjoonကဘာမှမပြောပဲ သူ့လက်ကိုဆွဲကာ အုတ်လမ်းလေးအတိုင်း လျှောက်သည်။
မြင်နေကျရှုခင်းတွေက ဒီနေ့ညမှပို၍လွမ်းဆွတ်ဖွယ်ကောင်းနေသလို...ယိမ်းနေသော သစ်ပင်အိုတွေကလဲ ဝမ်းနည်းစွာ နှုတ်ဆက်နေသယောင်ထင်ရ၏။
" စက်ဘီးနဲ့ပဲသွားရအောင်"
သူ့စကားကြားတော့ကားသော့ယူဖို့ပြင်နေတဲ့ Namjoonကလက်တြွေပန်ရုတ်လိုက်ကာ အိုကေ ဟုပြောရင်း ကပ်လျှက်ချိတ်ထားသောစက်ဘီးသော့လေးကို ပြောင်းယူလိုက်သည်။
စက်ဘီးနင်းနေသောNamjoonခါးကို သိုင်းဖက်လိုက်တော့ ကိုယ်ကတစ်ချက်တွ န့်သွားသည်။ ခါတိုင်းလို ရယ်သံတွေတော့ထွက်မလာခဲ့ပါချေ။
" Namjoonရေ ဒီညကြယ်တွေစုံတယ်"
ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း စကားရှာပြောရတာမလွယ်..။
" အင်း ဟုတ်ပါရဲ့"
သူတို့နှစ်ယောက်ကြားတိတ်ဆိတ်ခြင်းကအဆန်းမဟုတ်သော်လည်း ဒီတစ်ခေါက်တိတ်ဆိတ်ခြင်းမှာတော့ SeokJinငိုချင်လှလေသည်..။
.
.
.
.
.
အချစ်တစ်ခုကိုပဲရှေ့တန်းတင်ပြီး ရှေ့ဆက်တိုးဂအောင် ဘဝဟာရုပ်ရှင်မဆန်လှသည်ကို သူလက်ခံရမည်။
အရှက်ကြီးတဲ့ရှေးရိုးစွဲအဖေနဲ့အမေဟာ
သူ့စိတ်ကြောင့် လုံးပါးပါးရမည်ကိုစိုးသည်။
ပြီးတော့ ပတ်ဝန်းကျင်ရ ဲ့ဒဏ်...
သူတို့လမ်းထိပ်ရောက်ပြီဖြစ်သော်လည်း မသွားသေးပဲ ရပ်နေသောသူ့ကိုNamjoonကချစ်စနိုးကြည့်သည်။
"ဟေ့ ကောင်လေး စိတ်ပြောင်းသွားရင်ကိုယ်ကခိုးပြေးဖို့အသင့်နော်"
Namjoonနှုတ်ဖျားဆိုခဲလှသည့်ဟာသစကားလေးကို သူမရယ်ချင်ပါ...
ခေါင်းငုံ့လျှက်အံကြိတ်ရင်းသာ ပေရပ်နေမိတော့ Namjoonကစက်ဘီးဒေါက်ကလေးထောက်ကာ ဆင်းလာသည်။
အမှောင်ထုအောက်ကထိုမျက်လုံးသွယ်တွေက ကြယ်ရောင်တွေလိုလင်းလဲ့လဲ့...
ဖက်လိုက်ရင်နွေးနေမည့်ထို ခန္တာကို သူပြေးမဖက်ဖို့ စိတ်ကအတင်းသတိပေးနေရသည်။
ချိုးဖောက်လိုက်မိပါကရုန်းမထွက်နိုင်မှာကို ကြိုသိနေသည်မဟုတ်ပါလား...
"ပြော..ငါ့ကိုဘာတောင်းဆိုချင်သလဲ"
တောင်းဆိုရမယ်?ဘယ်လိုမျက်နှာနဲ့များ တောင်းဆိုရက်ပါ့မလဲလေ..?
SeokJinခေါင်းကိုခပ်ဖြည်းဖြည်းယမ်းပြတော့ Namjoonကသက်ပြင်းချသည်။
"ဒါဆိုငါပြောတာလေး ခနနားထောင်ပေးနော်"
သူ့လက်ကို ညင်ညင်သာသာဆွဲကာ ဆေးသားတွေကွာကျနေသော အုတ်ခုံလေပေါ်ကိုNamjoonကထိုင်စေလိုက်သည်။
ကိုယ်တိုင်ကတော့ သူ့ရှေ့တွင် ဒူးတစ်ဖက်ထောင်လျှက်ထိုင်ချကာ SeokJinလက်တို့ကိုမြဲမြံအောင်ဆုပ်ကိုင်ထား၏။
"SeokJin ငါမင်းကိုသဘောကျနေပြီဆိုတာ သိခဲ့ရတဲ့နေ့ကနေစပြီး ဒီနေ့အထိငါသိပ်ပျော်ရတယ်..
ဆူညံတာကိုငါသိပ်မုန်းပေမဲ့ မင်းရဲ့ခြေသံတွေ ရယ်သံတွေကိုပါ သဘောကျခဲ့ရတာ...
ကျောင်းတံတိုင်းကိုကျော်ပြီး ခိုးထွက်တတ်တာကိုရော အိမ်စာစာအုပ်ကျော်ထပ်တာလေးကအစ ငါတစ်ချက်မှမလွတ်အောင်ကြည့်ခဲ့ရတာ..
ငါသတ်မှတ်ထားတဲ့စံတွေနဲ့ရော ငါ့ရဲ့စရိုက်နဲ့ပါပြောင်းပြန်ဖြစ်နေတဲ့မင်းကို အများကြီးချစ်တယ်..ကာကွယ်ပေးချင်တယ်.."
သူ့လက်ကိုကိုင်ထားတဲ့Namjoonလက်တွေက တဖြည်းဖြည်း ပါးပြင်ထက်ကိုအုပ်မိုးကျလာလေတယ်..။
" အပေါင်းအသင်းဆိုတာမလိုအပ်ခဲ့တဲ့ငါ့အတွက် ဘေးမှာမင်းကိုပဲရှိစေချင်ခဲ့တယ်။
တခြားသူတွေနဲ့မင်းရယ်တိုင်း စကားပြောတိုင်း
ပုခုံးချင်းဖက်ပြီး ငါ့ရှေ့ကနေဖြတ်သွားတိုင်း
အားငယ်တဲ့ခံစားချက် တွေဝင်လာတယ်..
ငါသိခဲ့ရတာ မင်းတစ်ယောက်တည်းပဲSeokJin..
ဖြစ်နိုင်ရင် မင်းကိုအပိုင်သိမ်းချင်တယ်..
အခုချက်ချင်းဖမ်းပြီးဖွက်ထားလိုက်ချင်တယ်..
ဒီလိုလက်လွှတ်ပေးရတာ ငါ့ပုံစံမဟုတ်ဘူးလေ
ဟား..ဒီစကားတွေပြောနေရတာလဲ ငါရွက်တယ် ဘာမေးခွန်းမှမထုတ်ပဲ မင်းစကားအတိုင်းသဘောတူခဲ့တာ သိပ်ချစ်လို့ဆိုတာတော့သိထားပေးစမ်းပါ..."
Namjoonစကားတွေက သူ့လည်ပင်းကိုညှစ်နေသလိုခံစားရသည်။ အသက်ဝအောင်ရှုနေပေမဲ့ နစ်မွန်းနေသေးသလိုခံစားချက်...
ကိုယ့်ကိုသိပ်ချစ်ပြီး ကိုယ်ကသိပ်ချစ်ရတဲ့ လူတစ်ယောက်ကို လမ်းခွဲဖို့ပြောရတဲ့ သူကရော အဆင်ပြေနိုင်ပါ့မလားလေ..
"Namjoonရေ..
ငါကမင်းလိုတော့မပြောတတ်ဘူးလေကွာ
ဒါပေမဲ့ ငါ့မှတ်ညဏ်တွေထဲမှာ မင်းကတသီးတသန့်နဲ့ကိုနေရာယူထားတယ်...အရင်ကရော အခုရော..နောင်မှာရော..
SeokJinပြောရင်း အသက်ရှုရခက်လာတာမို့ ခနရပ်လိုက်သည်။Namjoonခေါင်းကအောက်ငိုက်စိုက်နေကာ အသက်ရှုသံခပ်ပြင်းပြင်းကိုလဲကြားနေရ၏။
"မင်းမကြိုက်တဲ့စကားကိုပဲပြောရမှာပဲ..
ကျေးဇူးပဲ Namjoon..
အချစ်ခံရတယ်ဆိုတဲ့ခံစားချက်ကို ငါ့ကိုသိမြင်အောင်လုပ်ပေးခဲ့လို့
မင်းရဲ့ချစ်ခြင်းတွေအကုန်ငါ့အပေါ်ပေးခဲ့လို့
ကျေး ဇူး ပါ ပဲ "
ညကနက်သထက်နက်လာသည်။
တကျီကျီအော်မြည်နေသော ပိုးကောင်ငယ်တို့၏အသံနှင့် လေအသင့်တရှဲရှဲလွင့်နေသော သစ်ရွက်ခြောက်များ၏အသံတို့ကပို၍ထင်ရှားလာ၏။
"သွားတော့လေ"
Namjoonကဆုပ်ကိုင်ထားသော သူ့လက်တွေကို တစ်ချောင်းချင်းဖယ်ရင်းထရပ်သည်။
ကြည့်ရတာဘာစကားမှထပ်မဆိုနိုင်တော့သည့်ဟန်...အမြဲတမ်းတောက်ပနေခဲ့တဲ့ပုံရိပ်ဟာ စိုးရိမ်စရာကောင်းလောက်အောင် ရီဝေမှုန်မှိုင်းနေသည်။
"Namjoon"
"အင်း"
"နည်းနည်းအတ္တကြီးတဲ့တောင်းဆိုချက်ဖြစ်နိုင်ပေမဲ့..ငါ့ကိုမမေ့ပါနဲ့ "
"ဖြစ်နိုင်ပါ့မလား အရူးလေးရယ်"
Namjoonကခြေလှမ်းအနည်းငယ်ပြန်ဆုတ်ကာ သူ့နှုတ်ခမ်းကိုတမ်းတမ်းတတနမ်းလာသည်။ အတန်ကြာသော အနမ်းတို့အပြီးမှာ ချာခနဲလှည့်ထွက်ပြီး စက်ဘီးဆီလျှောက်သွားတော့၏။
" လမ်းကမှောင်တယ် ဖုန်းမီးဖွင့်သွားနော်"
ညနက်သန်းခေါင် အဝေးကြီးကိုစက်ဘီးစီးပြန်ရမည့် ကိုယ်တိုင်အတွက်စိတ်မပူပဲ သူ့ကိုပြန်စိတ်ပူနေပါသေးသော Namjoonပါပင်....
SeokJinခေါင်းညိတ်ပြလိုက်ကာ လက်ပြနှုတ်ဆက်လိုက်သည်။ Namjoonက ပြုံးရင်း သူ့ကိုပြန်၍ လက်ပြသည်။ ထို့နောက် အမှောင်ထုထဲသို့ ကျောပြင်လေးက တိုးဝင်ပျောက်ကွယ်သွားလေ၏။
အချိန်အခိုက်တန့်လေးတစ်ခုပါပဲ အချစ်ရယ်...
အမှတ်တရတွေအကုန်လုံးကလှပခဲ့ပေမဲ့
ငါတို့တွေ လက်ပြနှုတ်ဆက်ခဲ့ရတယ်..
တကယ်လို့ မင်းဟာနေတစ်စင်းဖြစ်ခဲ့ရင်
ငါဟာမင်းနဲ့အကြည့်ချင်းဆုံသွားခဲ့တဲ့ နေကြာတစ်ပွင့်ဖြစ်ပါလိမ့်မယ်...။
................ Endingမဟုတ်ပါရှင်.........
You are reading the story above: TeenFic.Net