part-9
ပြသာနာဖြစ်သွားတဲ့အခြေနေကြောင့်အဖေကိုစိတ်ဆိုးကာကျောင်းကိုတစ်ပတ်တိတိမသွားပဲအခန်းတွင်းသာအောင်းနေမိတယ်။
သို့ပေမယ့်လဲတစ်စုံတစ်ယောက်ကသူ့အတွက်အတွေးများပြီးစိတ်ပူနေတာကိုတွေးမိကာတစ်ဖန်ပြန်စိတ်မကောင်းဖြစ်လာမိတယ်။
တစ်ပတ်ကျော်ကြာသွားပြီးနောက်ကျောင်းကိုအစောဆုံးရောက်လာမိခဲ့သည်အခန်းတွင်းမှာseungminနဲ့Hanieကရှိနေပြီးကျွန်တော်ရဲ့တစ်ုံတစ်ယောက်ကတော့အတန်းထဲမှာရှိမနေသေးပါ။
ကျွန်တော်hanieအနားသွားပြီးနှုတ်ဆက်ကာအခြေနေကိုအကဲခတ်မေးမြန်းကြည့်တော့
ပြသာနာဖြစ်ခဲ့ပြီးရက်တွေထဲကLixieကလဲကျွန်တော်အတွက်စိတ်ပူနေပြီးထိုရက်ကနှုတ်မဆက်ပဲထွက်သွားတဲ့ကျွန်တော်ကြောင့်
စိတ်မကောင်းဖြစ်နေမှန်းသိလိုက်ရကာကိုယ့်ကိုယ်အပြစ်ရှိသွားသလိုအကြီးကျယ်ခံစာလိုက်ရသည်။
သိပ်မကြာခင်ပင်Lixieကအတန်းထဲကိုရောက်လာခဲ့သည်။
ကျွန်တော်ဝမ်းသာသွားကာမတ်တတ်ရပ်လိုက်ပြီးပြုံးကာလှမ်းကြည့်လိုက်ပေမယ့်
ကျွန်တော်ကိုမချက်မျှမကြည့်ပဲလှည့်ထွက်သွားတဲ့မျက်နှာလေးကကျွန်တော်နဲ့အလှမ်းဝေးတဲ့တခြားခုံတစ်ခုမှာနေရာယူကာထိုင်နေတယ်
ဝမ်းနည်းသွားတဲ့ခံစားချက်နဲ့အတူလစ်လျူရူခံရတာကြောင့်ကျွန်တော်ထိုနေရာမှာပင်ပြန်ထိုင်လိုက်ပြီးကျွန်တော်ကိုငြင်းပယ်ထားတဲ့မျက်နှာငယ်လေးကိုပဲစိတ်မကောင်းဖြစ်ကာခနခနလှည့်ကြည့်နေမိသည်။
မကြာခင်ပင်အတန်းစောင့်ဆရာမကအတန်းထဲကိုရောက်လာခဲ့သည်ဆရာမကရုတ်တရက်ကျွန်တော်နမည်ကိုခေါ်လိုက်တာကြောင့်မော့ကြည့်မိလိုက်တော့
"HyunjinသားကclassAကိုပြောင်းရမယ်”
"ဗျာ”
"ဟုတ်တယ်သားအဖေစီစဥ်ပေးသွားတာမင်းကိုClass Aမှာပြောင်းထားပေဖို့ဆရာမတို့အားလုံးစီစဥ်ပေထားတယ် အဲ့တာကြောင့်သားကဒီအခန်းမှာတတ်စရာမလိုဘူး”
ဆရာမစကားကြောင့်ကျွန်တော်အံ့သြမိသွားတယ်အဖေကကျွန်တော်ကိုအခန်းပြောင်းဖို့စီစဥ်ခိုင်းထားသည်ကိုကြားသည်နဲ့တစ်ပြိုင်နက်ထွက်ပေါ်လာတဲ့ဒေါသထွက်မူများကြောင့်အံကိုတင်းတင်းကြိတ်ထားမိလိုက်သည်။
"ကျွန်တော်မပြောင်းနိုင်ပါဘူးကျွန်တော်ဒီအခန်းမှာပဲတတ်မှာ”
"ဒါပေမယ့်သားအဖေက...”
"ကျွန်တော်မပြောင်းနိုင်ပါဘူးဆရာမကျွန်တော်သူငယ်ချင်းတွေရှိတဲ့ဒီအခန်းမှာပဲနေမှာမို့ကျွန်တော်အဖေရဲ့အစီစဥ်ကိုလက်မခံနိုင်ပါဘူး”
အတန်းထဲရှိအားလုံးရဲ့အာရုံဟာကျွန်တော်ဆီရောက်လာပေမယ့်
ဂရုမစိုက်နိုင်အခြေနေကိုဆရာမအားပြန်လှည်တုန့်ပြန်လိုက်ပြီးထိုင်ခုံမှာထိုင်ကာကျွန်တော်ကိုလစ်လျူရူထားဆဲပုံရိပ်ငယ်ဆီပြန်လှည်အကြည့်ပို့လိုက်မိသည်။
အတန်းပြီးတော့ကော်ရစ်တာပေါ်မှာလမ်းရှောက်ရင်းစကားပြောနတဲ့seungminနဲ့hanieအနားကိုသွားကာ
အခြနေကိုသွားမေးခဲ့သည်
"မင်းတို့နှစ်ယောက်ထဲလားlixieကော”
"သူခုနကပဲအသင်းလုတ်စရာရှိလို့ဆိုပြီးအစောကြီးဆင်းသွားတာ”
ကျွန်တော်စကားကိုhanieကပြန်လှည်တုန့်ပြန်လာသည်
"Lixကငါ့ကိုရှောင်နေတာလား”
"ငါတော့အဲ့လိုမထင်ဘူးသူစိတ်ဆိုးလဲခနပေါ့ကွာဒါမဲ့အခုကအဲ့လောက်မရိုးရှင်းလို့ထင်တာပဲ”
Seungminကဝင်ရောက်တုန့်ပြန်လာတာကြောင့်သူတို့စကားမှာကျွန်တော်အတွေးတွေပိုမို့အကြပ်ရိုက်သွားခဲ့တယ်
"အဖွဲ့ကကောဘယ်လိုဖြစ်သွားပြီလဲ”
"မင်းမသိသေးဘူးပဲ....ဒီနှစ်ကျောင်းရဲ့ဖျော်ဖြေမူမှာငါတို့bandကိုဖြုတ်ချလိုက်ပြီလေ”
"ဖြုတ်ချတယ်..ငါမသိလိုက်တာတွေရှိသေးတာလား”
"အဲ့လိုပဲပြောရမှာပေါ့မင်းပြသာနာဖြစ်သွားပြီးနောက်ရက်မှာအတန်းစောင့်ဆရာမကlixဆီလာသွားတယ်သီးသန့်စကားပြောပြီးတော့သူ့မျက်နှာမကောင်းဘူးပြီးတော့ငါတို့အဖွဲ့ကိုလဲဆက်လုတ်ခွင့်မပြုတော့ဘူး”
"ဟုတ်တယ်ငါတို့လဲပြောရတာအားနာပါတယ်ဒါမဲ့ဒီကိစ္စဖြစ်ပြီးlixကမင်းနဲ့မပတ်သတ်ပဲနေတာလို့ငါထင်တယ်”
"သီးသန့်စကားပြောတယ်?”
Hyunjinအခြေနေကိုသဘောပေါက်သွားခဲ့တယ်အဖေကပြသာနာဖြစ်သွားသည့်အကြောင်းရင်းကိုlixကြောင့်ဟုထင်ပြီးကျွန်တော်တို့နှစ်ယောက်ကိုခွဲထားရန်ဒီလိုတွေလိုက်လုတ်နေခြင်းဖြစ်သ်
အဖေကြောင့်lixieကကျွန်တော်ကိုပိုအထင်လွှဲသွားမည်ကိုတွေးမိကာပိုမိုဒေါသထွက်လာကာလက်ချောင်းများကိုတင်းကနဲဆုပ််ထားမိသည်။
"ဒါနဲ့lixကအခုဘယ်မှာလဲ”
"စာကြည့်တိုက်မှာအသင်းသန့်ရှင်းရေးလုတ်နေ..”
Hanieရဲ့စကားကိုပင်ဆုံးအောင်နားမထောင်နိုင်ပဲစာကြည့်တိုက်ရှိရာကိုအမြန်ပင်ပြေးကာသွားလိုက်သည်
စာကြည့်ရှေ့ကိုရောက်တော့မလှမ်းမကမ်းကနေလှမ်းမြင်လိုက်ရတဲ့သေးငယ်တဲ့ခန္ဓာကိုယ်လေးဟာကြက်မွှေးတစ်ချောင်းနဲ့စာအုပ်တွေကြားမှာအလုတ်ရှုတ်နေတယ်ကျွန်တော်အပြေးပင်သူ့အနားကိုသွားလိုက်သည်
"Lixie”
ကျွန်တော်အသံကြောင့်အထူးဆန်းဖြစ်ကာလှည့်ကြည့်လာတဲ့မျက်ဝန်းလေးကထိုအရင်တိုင်းမစိမ်းကားနေကာမတွန်းထုတ်နေပါ
"Hyunjinie”
"ငါတို့စကားပြောလို့ရမလား”
"အော..ငါမအားသေးဘူးလုတ်စရာလေးရှိသေးလို့”
ထိုသို့ပြောကာပြန်လှည့်သွားတဲ့ခန္ဓာကိုယ်လေးကိုနူးညံစွာလက်လှမ်းဆွဲထားမိလိုက်သည်
"ငါဒီလိုအဆုံးသွားချင်တာမဟုတ်ဘူးမင်းငါ့ကိုယုံတယ်မဟုတ်လားအားလုံးကငါ့ဆန္ဒတွေမဟုတ်ဘူးဆိုတာမင်းသိပါတယ်”
ကျွန်တော်စကားတွေကိုအလေးနက်ကြည့်ကာပြန်လစ်လျူရူသွားတဲ့လက်တစ်စုံကိုဒီတစ်ကြိမ်မှာထပ်မဆွဲထားဖြစ်လိုက်ပါ
"ကျောင်းဆင်းရင်ငါတို့ပထမဆုံးဆုံခဲ့တဲ့နေရာမှာရှိနေမယ်ငါရှင်းပြတာတွေကိုနားထောင်ဖို့ဆန္ဒရှိရင်လာခဲ့ပေးပါ”
Lixieကကျွန်တော်စကားကိုဘာမှမတုန့်ပြန်တော့ပဲထိုနေရာကနေထွက်သွားခဲ့သည်။ကျွန်တော်ထိုနေရာကနေသာထွက်ခွာသွားတဲ့ကျောပြင်ငယ်ကိုကြည့်နေမိသည်
အတန်းချိန်ပြီးသွားသည်နဲ့အပြေလွှားပင်ကျွန်တော်တို့ပထမဆုံးစုံခဲ့တဲ့အဆောက်အုံလမ်းကြားထဲမှာစောင့်နေလိုက်သည်။
အိတ်ကပ်ထဲကစီးကရပ်ကိုထုတ်လိုက်ပြီးမီးခြစ်ကိုကိုင်လိုက်တော့တုန်ရီနေတဲ့လက်များစိတ်လှုတ်ရှားနေမှန်းကိုယ့်ကိုကိုယ်သိပြီးသူမလာတော့မှာထက်မရှင်းပြလိုက်ရမဲ့အကြောင်းရာတွေကိုမည်မျှမျိုသိပ်ထားရမည်ကိုမတွေးနိုင်ပါ။
အချိန်ဟာတစ်ရွေ့ရွေ့ကုန်သွားသည်နဲ့အမျှကြေမွှသွားတဲ့စီးကရပ်ခွံတွေဟာမြေကြီးပေါ်မှာအထီးကျန်စွာနဲ့စိုးရိမ်စိတ်ကိုတစ်စတစ်စပင်ပိုပိုတိုးလာစေခဲ့တယ်စိတ်ကိုဒုန်းဒုန်းချကာအခြေနေကိုလက်မခံနိုင်သေးမျက်စိစုံမှိတ်ကာသက်ပြင်းချမိတော့
အေးဆက်တိတ်ဆိတ်နေတဲ့အနီးနားလေထုကနေလမ်းလျှောက်လာတဲ့ခြေလှမ်းသံလေးကကျွန်တော်မျက်လုံးတွေကိုအလျှင်မြန်ပင်
တွန်းဖွင့်သွားစေကာလှည့်ကြည့်လိုက်မိသည်။
You are reading stories on: TeenFic.Net