3-ပျင်းလိုက်တာ

Background color
Font
Font size
Line height

Unicode

"အိမ်တော်ကြီးထဲ ပျင်းကာနေ ဆော့စရာ ကစားဖော်မရှိ နဂါးမင်းကြီးဒေါသကြီး အောင်ပင့်လေးက ကိုယ့်ဆီမလာ ကမ်းစပ်နားဆီ လျှောက်ခါသွား အရိပ်ကလေးတောင် မမြင်ရ "

အစေခံ အချို့ နီကျားရဲ့ ပေါက်ကရ ရေရွတ်သံအချို့ နားဆင်နေရတာ အတော်ကို အဆီအငေါ်မတည့်လှပေဘူး

မသိရင် သူ့ဘ၀ပျက်သွားတဲ့အတိုင်း

မစားမသောက် ပေတီပေစုတ်နေနေတာ သခင်ကြီး သိကြည့်

"ကျားလေး"

"သား"

အခုကြည့်သခင်မခေါ်နေတာတောင် မျက်လုံးပဲစွေကြည့်တယ်

"အောင်ပင့်က..."

"ဟင် အောင်ပင့် လာလည်တာလား"
မျက်၀န်းတို့တောက်ပစွာဖြင့်

စကားတော့ဆုံးအောင်ပြောပရစေလား သားတော်မောင်ရယ်

"ကျားလေး အောင်ပင့်ကမလာပါဘူး"

မှိုင်ကျသွားတဲ့ နီကျားမျက်နှာဟာ သိသိသာသာ

"သားက အောင်ပင့်ကိုခေါ်ထားချင်တာကို အာ့လိုသွားပြောတော့ နဂါးမင်း စိတ်ဆိုးတာ ပေါ့"

တစ်မြို့လုံးရေမလွှမ်းတာ ကံကောင်း

"အခုတော့ သားဆီသူမလာရသလို သူ့ဆီလည်း သားသွားလို့မရဘူးမလား"

"ကျွန်တော်က အောင်ပင့်နဲ့ အတူရှိချင်လို့ပါ သူက သားရဲ့ တစ်ဦးတည်းသောလေ "

သူလည်း ဘာတတ်နိုင်မှာလဲ သူနဲ့အပြိုင်ဆော့နိုင်မယ့် သူငယ်ချင်းကို ခေါ်ထားလို့ရမယ့်နည်း ဘာမဆို အကုန်သုံးမှာပဲ လင်မယားဆိုတာ မခွဲရဘူးဆိုတာ လူတိုင်းသိတယ် ဘယ်နည်းနဲ့ မဆို ခေါ်ထားချင်လို့ ပြောတာ ဒါကို နဂါးမင်းက စိတ်ဆိုးစရာလား

"အမေ ကျွန်တော် ပျင်းတယ်"

"..............."

Zawgyi





"ကျားလေး"

"သား"


"အောင်ပင့်က..."











"..............."

You are reading the story above: TeenFic.Net