18-Hold a kiss

Background color
Font
Font size
Line height

Unicode

နီကျားနဂါးနန်းတော်ထဲ တောင်ကြည့် မြောက်ကြည့်ဖြင့် ရှာဖွေနေမိသည်က သူ့ချစ်ရသူ

သူ့အားနေစရာ အိပ်ဆောင်ပေးပြီးသည့်ခဏ နဂါးမင်းကြီး၏ အခေါ်တော်ကြောင့် ထွက်သွားသူသည် ညနေစောင်းသည့်တိုင်အောင် ပြန်ရောက်မလာသေး

သူမနေနိုင်တော့ တွေ့ချင်လွန်းလို့ အတူတူနေချင်လွန်းလို့ အိမ်ပေါ်ကနေတောင် ဆင်းလာတာလေ

ခုထိ ဝေးနေရတုန်းပဲလား

နီကျားသည် သလွန်ထက်တွင်လှဲကာ နှုတ်ခမ်းဆူစိတ်ကောက်လျှက်ရှိချေသည်

နဂါးမင်း၏ အိပ်ဆောင်တွင်တော့

"သားတော်ကို မှာချင်တာက ဘာမှ အရှက်ရစရာတွေမလုပ်ဖို့ပဲ"

"ဖေ ပြောတာ ဘယ်လိုကိစ္စမျိုးလဲ"

"ဒါက ဒီလိုကွာ အရှက်ရစရာက အရှက်ရစရာပေါ့ကွ"

နဂါးမင်း စိတ်မရှည်ကာ အော်မိတော့သည် သူပြောချင်သည့် စကားကို တမင်ပင် မသိတာလား မသိချင်ယောင်ဆောင်နေတာလားဆိုတာကတော့ သားတော်ကိုယ်တိုင်သာ သိလိမ့်မည်

မိမိ၏သားနှင့် အနှီဂြိုလ်နီ‌ေကာင်၏  အကြောင်းကို သိပါသည် ဖခင်တစ်ယောက်အနေဖြင့် တားသင့်တာ တားရမည် ခွင့်ပြုသင့်တာ ခွင့်ပြုရမည် ဖြစ်သည်အတွက်ကြောင့်သာ မိမိအနေဖြင့် သား၏အချစ်ရေး ကိစ္စကို ၀င်မစွက်ဖက်ခြင်း

အခုက ထိုဂြိုလ်ကောင်သည် နန်းတော်ပေါ်ထိ တက်နေနေပြီဖြစ်သောကြောင့် မသင့်တော်တာတွေ အရှက်ရစရာတွေကို နဂါးနန်းတော်မှာတော့ အဖြစ်မခံနိုင်ပါ ဆင်ခြင်သင့်တာ ဆင်ခြင်သင့်သည်လေ

သားတော်က ရူးချင်ယောင်ဆောင်နေသည်ဟုပဲတွေးကာ မိမိစိတ်ကိုပင်လျော့ရသည်

"သွားတော့ ဟိုဂြိုလ် အဲ သူငယ်ချင်းကို နန်းတော်ထဲကနေရာတွေ လိုက်ပြလိုက်အူး"

"ဟုတ်"

ဖေပြောနေသည့် စကားများအဓိပ္ပါယ်ကို သူမသိသည် မဟုတ် သိ၏

သို့ပေမယ့် သူ့ကိုယ်သူတော့ ဖေ့ရှေ့တွင် ဖြူစင်သည့် ကလေးလေးလို ‌ေနပြချင်သေးပါသည်

နန်းတော်ထဲမှာ အရှက်ရစရာတွေဟုတ်လား မလုပ်ပါဘူး နန်းတော်က ဖေ့ပိုင်နက်ပဲဟာ မှော်ကြေးမုံကြီးနဲ့စောင့်ကြည့်နေမှာ သိသား

လုပ်ချင်းလုပ် ဖေမသိအောင် တခြားနေရာမှာ လုပ်မှာပေါ့ ဟွန့်

အောင်ပင့် သူ့အကြံသူ သဘောကျ ကာပြုံးနေမိရင်း သူ့ချစ်သူအား မတွေ့ရသေးသည်ကို သတိရလာသည်

အား ငါ့ကောင်လေး နီကျားကို ပစ်ထားခဲ့မိပြီ

.............................................

အောင်ပင့် ခြေသံကိုဖွကာ နီကျားအခန်းတွင်းသို့ ၀င်လာခဲ့သည် နီကျားသည် သလွန်ပေါ်တွင် လှဲကာ မျက်စိကိုမှိတ်ထားလေသည်

"နီကျား"

"ဟွန့်"

အသံတစ်ချက်ပြုကာ တစ်ဖက်သို့လှည့်သွားသောနီကျား

မျက်စိကတော့ခုထိဖွင့်မလာ

အောင်ပင့် သလွန်ထက် အသာထိုင်ကာ နီကျား၏ စူပုတ်နေသော နှုတ်ခမ်းကိုအသာဖွဖွ ဆွဲညှစ်တော့

"ဘာလဲ"

မျက်စောင်းပစ်ကာ ပြောလာသောနီကျား သူ့ချစ်ရသူဟာ တကယ်ကို ကလေးဆန်လွန်းသည်

"ထတော့ ကလေးဆိုး စိတ်မဆိုးနဲ့"

"ဘယ်သူက ကလေးဆိုးလဲ"

"မင်းလေ"

"ကလေး ဆိုး ဆိုတာ ဒီလိုမျိုးကိုမှ ခေါ်တာ"

"အွန့် အွတ် နီ.. နီ...."

နဂါးသခင်လေး ခဗျာ အသံတို့ပင် ဆက်မထွက်နိုင်တော့ရှာ အသံပိတ် နှုတ်ခမ်းစာ အကျွေးခံလိုက်ရသည်မို့

..….............................................

Zawgyi











မိမိ၏သားနှင့် အနှီဂြိုလ်နီ‌ကောင်၏  အကြောင်းကို သိပါသည် ဖခင်တစ်ယောက်အနေဖြင့် တားသင့်တာ တားရမည် ခွင့်ပြုသင့်တာ ခွင့်ပြုရမည် ဖြစ်သည်အတွက်ကြောင့်သာ မိမိအနေဖြင့် သား၏အချစ်ရေး ကိစ္စကို ၀င်မစွက်ဖက်ခြင်း




"ဟုတ်"


သို့ပေမယ့် သူ့ကိုယ်သူတော့ ဖေ့ရှေ့တွင် ဖြူစင်သည့် ကလေးလေးလို ‌နေပြချင်သေးပါသည်





.............................................


"နီကျား"

"ဟွန့်"




"ဘာလဲ"



"ဘယ်သူက ကလေးဆိုးလဲ"

"မင်းလေ"


"အွန့် အွတ် နီ.. နီ...."


..….............................................


You are reading the story above: TeenFic.Net