Arc-5.14
Background color
Font
Font size
Line height
လီခါဟာလွန်ခဲ့သော်တစ်နှစ်ခန့်မှာတုန်းမှာ သူ့ကိုအနာဂတ်အကြောင်းပြောပြခဲ့တာတွေအားလုံးကို ပြောပြတော့သည်။
" အနာဂတ်မှာငါကဘုရင်ဖြစ်လာမဲ့သူလို့ပြောတယ်..ငါအစကမယုံကြည်ဘူး..ဒါပေမဲ့သူအနာဂတ်မှာဖြစ်လာမဲ့အရာတစ်ချို့ကို ပြောပြတော့ငါသူ့ကိုယုံကြည်ပြီး သူနဲ့ပူးပေါင်းခဲ့တာ..သူလုပ်ခိုင်းတာတွေကိုလည်းငါ့အတွက်အကျိုးရှိမယ်ထင်ပြီး လုပ်ပေးခဲ့တာ..သူပထမဦးလုပ်ခိုင်းတာကမင်းတို့မိသားစုကိုသတ်ခိုင်းတာ..အကြောင်းအရင်းကိုတော့ငါလည်းမသိဘူး..ငါ့အတွက်အရေးမကြီးလို့မမေးခဲ့တာ..
မင်းမိဘနှစ်ပါးသေခဲ့ပေမဲ့မင်းကတော့ အသက်ရှင်ခဲ့တယ်...သူကမင်းအသက်ရှင်နေသေးလို့ငါ့ကိုထက်သတ်ခိုင်းသေးတယ်..ငါကလည်းသူဖြစ်စေချင်တဲ့အတိုင်းမင်းကိုသတ်ဖို့ လုပ်ကြံသူတွေလွှတ်ခဲ့တယ်..ဒါပေမဲ့မင်းကံကောင်းသွားပြီးအသက်ရှင်ခဲ့တယ်..မင်းကိုစရန်တီနာကုသပေးလိမ်မယ်လို့ငါမထင်ထားဘူး.."
" ငါ့ကိုကုသပေးတာစရန်တီနာမဟုတ်ဘူး.."
ဂရမ်နစ်ထိုသို့ပြောလိုက်ရောလီခါအံသြသွားခဲ့တယ်..အောတစ်(ခ်)ကလည်းအံသြသွားပြီး အသက်မဲ့နေတဲ့စရန်တီနာကိုလှည့်ကြည့်လိုက်တယ်..
" ဒါပေမဲ့..သူ..သူပြောတာတော့မင်းကိုသူကယ်ခဲ့တာဆို..."
" သူပြောတိုင်းယုံရအောင်ခင်ဗျားစောက်ရူးလား..သူပြောတဲ့စကားတိုင်းကအမှန်များထင်နေတာလား...တစ်ခါတစ်လေဦးနှောက်ကိုလည်းအသုံးပြုအုန်း.."
" မဖြစ်နိုင်တာမင်းပြောတော့ သစ်ခွပန်းအနံ့ရတယ်ဆို..အဲ့ပန်းအနံ့ကစရန်တီနာဆီမှာပဲရှိနေတာလေ.."
ပြောလိုက်တဲ့သူအောတစ်(ခ်)ဖြစ်သည်။
" ငါတမင်သတ်သတ်လိမ်ပြောလိုက်တာ..ငါ့ကိုဘယ်သူမှလည်းကယ်ခဲ့တာမဟုတ်ဘူး...လုပ်ကြံသူတွေရဲ့အဆိပ်ကိုငါဖြေနိုင်ခဲ့တယ်..ငါ့ကိုဘယ်သူကများသေစေချင်တာလည်းသိချင်လို့ ကုသသူကြောင့်ဆိုပြီးပြောခဲ့တာ..သစ်ခွပန်းအနံံ့ဆိုတာကငါ့ရဲ့လုပ်ကြံဇာတ်ပဲ..ဒါပေမဲ့တစ်ချို့ကတော့လူအထင်ကြီးတာခံချင်တော့ ငါ့ရဲ့လုပ်ဇာတ်ကိုသုံးသွားတာလေ.."
"....."
" နောက်ပြီးငါ့မှာအစထဲက တိရစ္ဆာန်နဲ့စကား​ပြောနိုင်စွမ်းရှိတယ်..တမင်သတ်သတ်ဖုံးကွယ်ထားခဲ့တာ.."
ငါလိမ်တာငါပဲသိတယ်ဘယ်သူမှမသိဘူး
ဂရမ်နစ်ပြောရင်းစရန်တီနာကိုလှမ်းကြည့်လိုက်သည်။ အောတစ်(ခ်)ဟာထိုအခါမှသူနားလည်သွားခဲ့။ စရန်တီနာအရင်ကသူ့ကိုလိမ်ညာပြောခဲ့တာတွေကိုပေါ့။ အောတစ်(ခ်)ဟာသူ့ကိုလိမ်ညာထားတာကိုတော့ ခွင့်လွှတ်ပေးလိုက်တယ်..ဘာလို့လည်းဆိုတော့သူချစ်ရတဲ့သူဖြစ်နေတာကြောင့်ပေါ့။ လီခါဟာဆက်ပြီး..
" စရန်တီနာကငါ့ထက်ညဏ်များတယ်..ကောက်ကျစ်တယ်သူအထက်ကိုရောက်ဖို့သူ့သွေးသားကိုတောင် စွန့်လွှတ်ရဲတယ်..သူ့တိုင်းပြည်ကဘုရင်ကြီးသူ့မှာကုသနိုင်စွမ်းရှိတာကိုသိသွားအောင် သူတမင်သတ်သတ်သတင်းလွှင့်ခဲ့တာ..သူ့ကိုဘုရင်ကြီးနန်းတော်ထဲကိုခေါ်မဲ့နေ့မှာ ငါတို့တိုင်းပြည်ကျူးကျော်လာမှာကိုသူသိတယ်..​အဲ့ဒါကြောင့်မတရားခံရတဲ့မိန်းကလေးတစ်ယောက်လို ဟန်ဆောင်ပြီးဟိုဦးနှောက်မရှိတဲ့ အောတစ်(ခ်)ကိုကပ်ခဲ့တယ်..
သူ့မိဘနှစ်ပါးကသူ့အတွက်အနှောက်အယှက်ဖြစ်စေတယ်လို့သူပြောသေးတယ်..သူ့ကိုကယ်ရင်းနဲ့သေသွားရတဲ့ပုံစံလုပ်ခဲ့တာ..သူ့မိဘနှစ်ပါးကိုသူကိုယ်တိုင်ငါ့ကိုသတ်ပေးဖို့တောင်းဆိုခဲ့တယ်..ငါကတော့မသတ်ပဲလွှတ်ပေးခဲ့တယ်..
ဒါပေမဲ့ကံဆိုးချင်တော့ရဲမက်တွေသတ်ချင်းကိုခံခဲ့ရတယ်..သူကတော့အောတစ်(ခ်)နားမှာသနားစဖွယ်ကောင်မလေးတစ်ယောက်လိုနေနေခဲ့တယ်..ကျန်တာတော့မင်းလည်းသိတဲ့အတိုင်းပဲ သူဘာလို့မင်းကိုသေစေချင်တာလည်း သူပဲသိလိမ်မယ်..ပြီးတော့ဘုရင်ကြီးအဆိပ်ခတ်တာငါမဟုတ်ဘူး စရန်တီနာပဲ..."
" ခင်ဗျားပြောတာကိုကျွန်တော်ယုံပေးလိုက်မယ်..မထင်ထားခဲ့ဘူးအမြဲတမ်းဖြူစင်ချင်ယောင်ဆောင်နေတဲ့ မိန်းမတစ်ယောက်ကမြွေဟောက်တစ်ကောင်ရဲ့အဆိပ်တောင်ပိုကြောက်ဖို့ကောင်းပါလား...အောတစ်(ခ်)မင်းချစ်သူကအရမ်းရမ်းကိုချစ်ဖို့ကောင်းသေးလား..."​
အောတစ်(ခ်)ဟာသူကြားလိုက်ရတဲ့စကားတွေကို မယုံကြည်နိုင်ဖွယ်ဖြစ်နေခဲ့တယ်..ဂရမ်နစ်ပြောတာကိုတောင်သူမကြားပေ။ ဂရမ်နစ်ဟာအဓိကအချိန်ကိုရောက်လာပြီဖြစ်တာကြောင့် စရန်တီနာဘက်ကိုလှည့်လာခဲ့တယ်..စရန်တီနာဟာအခုဆိုရင်ညို့ယူခံထားရတာကြောင့် ဂရမ်နစ်ဘာမေးမေအမှန်အတိုင်းကိုဖြေတော့မှာဖြစ်သည်။
" စရန်တီနာအခုကစပြီးငါမေးသမျှကိုမင်းအမှန်အတိုင်းဖြေ..."
" ဟုတ်ကဲ့..."
" ဂရမ်နစ်ဆိုတဲ့တစ်ယောက်ကိုဘယ်လိုထင်တယ်.."
" မုန်းဖို့ကောင်းတဲ့ကောင်..."
စရန်တီနာဟာညို့ယူခံထားရပေမဲ့ သူ့လေသံဟာမုန်းတီးနေတဲ့လေသံများပါသည်။ နောက်ပြီးမျက်ဝန်းထဲမှာလည်း သတ်ပြစ်ချင်နေတဲ့အရိပ်အရောင်များလည်းရှိနေသည်။
" အို...သူကမင်းကိုဘာလုပ်ထားလို့လည်း..နောက်ပြီးမင်းသူ့ကိုမုန်းရတဲ့အကြောင်းအရင်းအားလုံးကိုပြောပြ..."
" သူကငါ့နေရာကိုယူဖို့လုပ်တယ်.."
" မင်းနေရာ..."
" ဟုတ်တယ်ငါ့နေရာငါနေရမဲ့ မိဖုရားကြီးဆိုတဲ့နေရာကိုသူလုယူဖို့လုပ်တယ်..ငါကသာအောတစ်ခ်ရဲ့မိဖုရားဖြစ်သင့်တာ..သူမဖြစ်ရဘူးသူကယောကျာ်းလေး အောတစ်(ခ်)နဲ့မလိုက်ဖက်သလိုမိဖုရားကြီးဆိုတဲ့နေရာနဲ့လည်းမလိုက်ဖက်ဘူး.."
စရန်တီနာပြောချင်တဲ့ အဓိပ္ပာယ်ကိုသူနားမလည်ပေ။ ဂရမ်နစ်ကဘာလို့အောတစ်(ခ်)နဲ့ညားရမှာလည်းဆိုပြီး စဥ်းစားနေမိတယ်..သေချာတာတစ်ခုကစရန်တီနာအနာဂတ်ကိုကြိုမြင်ပြီးပြောနေတာလို့ဘသူမှတ်လိုက်တယ်..
ဂရမ်နစ်တင်ကြောင်သွားတာမဟုတ် အောတစ်(ခ်)ရောစတားဗစ်(ခ်)ရောပေါ။ စတားဗစ်(ခ်)ဟာသူ့ချစ်သူလေးဂရမ်နစ်က အောတစ်ခ်ရဲ့မိဖုရားဆိုတဲ့စကားကြားရော မဟုတ်မမှန်တာတွေပြောနေတဲ့စရန်တီနာကို သတ်ချင်လို့လက်တွေယားနေလေသည်။ ဂရမ်နစ်ကြောင့်သာငြိမ်နေရတာဖြစ်တယ်..အောတစ်(ခ်)ကလည်းစရန်တီနာပြောလိုက်တဲ့စကားကြောင့် ဂရမ်နစ်ကိုသူကြည့်မိလိုက်တယ်..
ဂရမ်နစ်ဟာသူထက်ပြီးသိချင်လာတာကြောင့်..
" မင်းအနာဂတ်ကိုကြိုမြင်လိုက်တာလား.."
" ဟုတ်တယ်ငါ့အနာဂတ်ကိုကြိုမြင်သလို ဂရမ်နစ်ရဲ့အနာဂတ်ကိုလည်းကြိုမြင်လိုက်တယ်.."
" ဘာမြင်တာလည်း..."
" ဂရမ်နစ်ကအောတစ်(ခ်)နဲ့ချစ်ကြိုက်သွားတယ်..သူတို့နှစ်ယောက်ကအတားအစီးတွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်ပြီး အတူတူနေသွားနိုင်ခဲ့တယ်..အောတစ်(ခ်)ကဘုရင်တစ်ပါးဖြစ်လာပြီး ဂရမ်နစ်ကမိဖုရားတစ်ပါးနေရာကိုရလိုက်တယ်..ငါကတော့လူတစ်စုရဲ့ မဒိန်းကျင့်တာကိုခံခဲ့ရပြီးသေသွားခဲ့ရတယ်..ဘယ်မှာလည်းငါ့အတွက်တရားမျှတမူ့ ဂရမ်နစ်လိုဘာမဟုတ်တဲ့သာမန်လူက မိဖုရားနေရာရပြီးငါ့လို့ အစွမ်းသုံးခုကိုပိုင်ဆိုင်ထားတဲ့သူက သေသွားရမှာလည်း..
သူ့နေရာကငါ့နေရာဖြစ်ရမှာ ငါကသာမိဖုရားတစ်ပါးဖြစ်လာရမှာ..အဲ့ဒါကြောင့်သူတို့မိသားစုကိုသတ်ပြစ်ဖို့လုပ်ခဲ့တယ်..ဒါပေမဲ့သူအရမ်းကံကောင်းတယ် ငါဘယ်လိုပဲသတ်သတ်သူလွတ်မြောက်သွားတယ်..သူသေမှရမှာသူသာသေရင်မိဖုရားနေရာက ငါ့အတွက်ပဲဟားဟား.."
စရန်တီနာညို့ခံထားရပေမဲ့လည်း သူ့ရင်ထဲကခံစားချက်တွေပေါက်ထွက်လာခဲ့တယ်..မသိရင်ဂရမ်နစ်ညို့မထားသိလိုတောင်ဖြစ်နေလေသည်။ အကုန်လုံးဟာစရန်တီနာရဲ့စကားလည်းကြားရော အားလုံးမျက်နှာပျက်သွားခဲ့တယ်..စရန်တီနာကိုနတ်သမီးတစ်ပါးလို့မှတ်ထားတဲ့သူတွေဟာ ရွံသွားကြတယ်..
ဂရမ်နစ်ကတော့သူ့ကိုစရန်တီနာသတ်ချင်ရတဲ့အကြောင်းအရင်းကိုလည်းသိရော ခေါင်းသာခါနေမိတယ်..
' လခွီးအဲ့နေရာကဘာများကောင်းလို့ လိုချင်နေရတာလည်း..သူအဲ့လိုသေမှာသိရင်လည်းမဖြစ်လာအောင်လို့ကြိုးစားလေ အဲ့လိုမလုပ်ချင်ရင်တောင် ဂရမ်နစ်ကိုကပ်ပါလား...'
' bossဂုဏ်ယူပါတယ် နောက်ဆုံးဆန္ဒဖြစ်တဲ့ ဘာလို့သူ့ကိုသေစေချင်တာလည်း သိချင်တယ်ဆိုတဲ့ ဆန္ဒပြည့်သွားပါပြီ..ဆန္ဒအားလုံးပြည့်သွားပြီဆိုတော့ ..ဒီကမ်ဘာကနေချက်ချင်းထွက်သွားရမှာ ..ဒါပေမဲ့bossကိုဒီပြသနာတွေ အားလုံးဖြေရှင်းလို့ရအောင်ကျွန်တော်အချိန်ထက်ပေးမယ်...'
' အာဘွား..ငါ့ရဲ့ရှောင်ပိုင်လေးကစောက်ရမ်းချစ်ဖို့ကောင်းတယ်..'
' လီး... '
သူ့ကိုအချိန်ထက်ပေးတဲ့အတွက် ရှောင်ပိုင်ကိုသူတော်တော်ကျေးဇူးတင်မိတယ်..
စတားဗစ်(ခ်)ဟာစိုးရိမ်ပူပန်သွားခဲ့။ သူ့ကိုထားပြီးအောတစ်(ခ်)ကိုများရွေးချယ်မလားဆိုပြီး ဂရမ်နစ်ကိုမျက်နှာငယ်လေးနဲ့ကြည့်တော့တယ်..ဂရမ်နစ်ဟာသူ့ချစ်သူဘာဖြစ်နေလည်းဆိုတာသိရော သူ့ချစ်သူဆီသွားလိုက်ပြီး..
" ဘာတွေပေါက်ကရတွေးနေတာလည်း သူပြောတဲ့အတိုင်းမဖြစ်လာနိုင်တော့ဘူး..အခုကျွန်တော်နှလုံးသားကိုဗစ်(ခ်)ပိုင်ဆိုင်သွားပြီလေ.."
ဂရမ်နစ်ထိုသို့ပြောလိုက်ရောစတားဗစ်(ခ်)ပျော်သွားပြီး ဂရမ်နစ်ကိုဖတ်လိုက်တယ်..အောတစ်(ခ်)ကတော့ဂရမ်နစ်ကိုမယုံကြည်နိုင်တဲ့အကြည့်တွေနဲ့ကြည့်နေ​တော့တယ်..
သူဘာလို့အဲ့လိုအဲ့အကြည့်နဲ့ကြည့်လည်းဆိုတော့ သူဟာအနာဂတ်မှာဂရမ်နစ်နဲ့ တကယ်ချစ်ကြိုက်သွားလိမ်မယ်လို့ စရန်တီနာပြောလို့မယုံကြည်နိုင်တဲ့အကြည့်နဲ့ကြည့်နေသာဖြစ်သည်။ နောက်တော့အောတစ်(ခ်)ဟာစရန်တီနာကိုတစ်ချက်ကြည့်ပြီး ဂရမ်နစ်ကိုပြန်ကြည့်လိုက်တယ်..ဂရမ်နစ်ကိုခုနကလိုအကြည့်တွေနဲ့ကြည့်တာမဟုတ်ပဲ ဒီတစ်ခါတော့မစားလိုက်ရလို့နှမျှော်နေတဲ့အကြည့်နဲ့ ကြည့်နေတာဖြစ်တယ်..
လီခါဟာအခုမှစရန်တီနာဘာလို့ဂရမ်နစ်ကို အမုန်းကြီးမုန်းနေမှန်းသိသွားတော့တယ်..ထိုနေရာမှာရှိတဲ့သူတွေဟာ အကြောင်းအရင်းအားလုံးကိုလည်းကြားလည်းပြီးရော ဘာဆက်လုပ်ရမလဲမသိဖြစ်နေကြတယ်..အောတစ်(ခ်)ကိုပဲထောက်ခံပေးရမလား စတားဗစ်(ခ်)ကိုထောက်ခံပေးရမလားမသိဖြစ်နေတော့သည်။
ဂရမ်နစ်ဟာစတားဗစ်(ခ်)ရင်ခွင်ထဲကနေ ပြန်ထွက်လိုက်တယ်.. စရန်တီနာကိုညို့ယူထားတာပြန်ဖြေလိုက်တယ်..စရန်တီနာသတိလည်းပြန်ဝင်လာရော ဘာတွေဖြစ်သွားလည်းသိချင်တာကြောင့်​ အောတစ်(ခ်)ကို​မေးဖို့လုပ်တဲ့အချိန် အောတစ်(ခ်)ရဲ့အကြည့်တွေကြောင့်သူထိတ်လန့်သွားခဲ့။
သူ့အကြောင်းများပေါ်သွားပြီလားဆိုတဲ့စိတ်နဲ့ မလုံမလဲဖြစ်လာခဲ့တယ်..ဒါကြောင့်ဂရမ်နစ်ကိုလက်ညိုးထိုးပြီး..
" နင်ဘာတွေလျှောက်ပြောလိုက်တာလည်း..မဟုတ်မမှန်တဲ့အရာတွေနဲ့ငါ့ကို ဒုက္ခမပေးပါနဲ့.."
" ဒုက္ခပေးတယ်ဟားဟား..ငါ့ကိုဒုက္ခပေးတာမင်းမဟုတ်ဘူးလား..ငါကအောတစ်(ခ်)ရဲ့မိဖုရားဖြစ်လာမှာဆိုးလို့ မင်းငါ့ကိုသတ်ဖို့လုပ်တာလေမဟုတ်ဘူးလား.."
" နင်..."
သူတစ်ယောက်ထဲပဲသိတဲ့ကိစ္စကို ဂရမ်နစ်သိသွားလို့တော်တော်လေးထိတ်လန့်သွားတယ်..
" မင်းဘဝကသနားစရာလေးဆိုတော့ သာယာနေတဲ့ငါ့ကိုမနာလိုဖြစ်မှာပဲ မဒိန်းကျင့်ခံရပြီးသေသွားရတာဆိုတော့လေ..ဟန့်.."
ဂရမ်နစ်ရဲ့လှောင်ပြုံးကြောင့် စရန်တီနာဒေါသတွေအလိပ်လိုက်ထွက်လာခဲ့တယ်..သူ့ရဲ့အစွမ်းတစ်ခုဖြစ်တဲ့ တိရစ္ဆာန်လေးတွေနဲ့စကားပြောနိုင်စွမ်းကိုအသုံးပြုပြီး ဂရမ်နစ်ကိုသတ်ပေးဖို့ပြောတယ်..စရန်တီနာဘယ်လောက်ပဲပြောပြော အကောင်တွေဟာတုန့်တုန့်တောင်မလှုပ်ပေ။
" မင်းရဲ့ကံကောင်းမူ့ကဒီမှာတင်ပြီးသွားပြီ.."
စရန်တီနာမှာရှိတဲ့ဇာတ်လိုက်မရှိန်အဝါအားလုံးဟာ ဂရမ်နစ်ဆီကိုရောက်သွားတာဖြစ်သည်။ စရန်တီနာဟာဂရမ်နစ်ကိုမနိုင်တော့ဘူးဆိုတာ မသိစိတ်ကနေခံစားနေမိပေမဲ့ အရှုံးကိုလက်မခံချင်တော့ရှုံးမဲမဲတော့သည်။ အောတစ်(ခ်)ကိုပြောပြီးဂရမ်နစ်ကိုသတ်ပေးဖို့ပြောတယ်..ဒါပေမဲ့အောတစ်(ခ်)ဟာစရန်တီနာရဲ့ ပါးကိုရိုက်ချလိုက်တယ်..သူ့ကိုလိမ်ညာတဲ့အတွက်ရောသူ့အဖေကိုသတ်တဲ့အတွက်ကြောင့် ဒေါသတွေကိုစရန်တီနာဆီပုန်ချလိုက်တယ်..
အောတစ်(ခ်)ဟာစရန်တီနာပေါ်မှာ ချစ်တဲ့စိတ်လေးတွေမရှိတော့ပေ။ စရန်တီနာဟာဒူးထောက်ပြီးအောတစ်(ခ်)ကို အမျိုးမျိုးပြောတယ်..ဂရမ်နစ်လိမ်နေတဲ့အကြောင်းသူတို့နှစ်ယောက်ကို သွေးခွဲတဲ့အကြောင်းတွေ ပြောတော့သည်။ အောတစ်(ခ်)ကတော့စရန်တီနာပြောနေတာတွေကို မကြားသလိုပြုမူပြီးဂရမ်နစ်ဆီသွားတော့သည်။
ဂရမ်နစ်ဟာသူ့ဆီလာနေတဲ့ အောတစ်(ခ်)ကြောင့်မျက်ခုံးတစ်ချက်ပင့်မိလိုက်တယ်..စတားဗစ်(ခ်)ဟာသူ့ဆီကနေ ဂရမ်နစ်ကိုခေါ်သွားမှာဆိုးလို့ ဂရမ်နစ်ရှေ့မှာကာရပ်လိုက်တယ်..အောတစ်(ခ်)ဟာသူတို့အရှေ့လည်းရောက်ရော သူ့ကိုသတ်ဖြတ်ချင်တဲ့အကြည့်တွေနဲ့ကြည့်နေတဲ့ စတားဗစ်(ခ်)ကိုမမြင်ချင်ယောင်ဆောင်ပြီး အနောက်ကဂရမ်နစ်ကိုပြုံးပြကာ...
" မင်းလည်းကြားလိုက်တယ်မှတ်လား..မင်းနဲ့ငါကနောက်အနာဂတ်မှာ အရမ်းချစ်ကြတဲ့သူတွေတဲ့ ငါကဘုရင်ဖြစ်ပြီးမင်းကမိဖုရားတစ်ပါးဖြစ်လာမှာတဲ့.."
" အဲ့တော့ငါကဘာလုပ်ရမှာလည်း.."
ဂရမ်နစ်ဟာအရေးမစိုက်တဲ့လေသံဖြင့်​ ပြောလိုက်တယ်..
" မင်းနဲ့ငါနဲ့ကလိုက်ဖက်တယ်..နောက်ပြီးငါကအခုဘုရင်တစ်ပါး မင်းသာငါ့ကိုလက်ထက်ရင်မင်းငါ့ရဲ့မိဖုရားတစ်ပါး ဖြစ်နိုင်တယ်..ဒါကြောင့်မင်းငါ့ရဲ့လက်ကိုတွဲပါ.."
လို့ပြောပြီးသူ့ရဲ့ညာဘက်လက်ကိုကမ်းပေးလိုက်တယ်...စတားဗစ်(ခ်)ဟာအဲ့လက်ကိုဖြတ်ချင်တဲ့အကြည့်တွေနဲ့ကြည့်လိုက်တယ်..
ဂရမ်နစ်ကတော့တစ်ချက်ရယ်လိုက်ပြီး စတားဗစ်(ခ်)ကိုတွန်းပြီး အောတစ်(ခ်)ရဲ့အရှေ့မှာရပ်လိုက်တယ်..ဂရမ်နစ်ရဲ့အပြုအမူကြောင့် စတားဗစ်(ခ်)ကြောက်သွားခဲ့။ သူ့ကိုထားခဲ့မှာဆိုးလို့ကြောက်သွားတာဖြစ်သည်။ အောတစ်(ခ်)ဟာသူ့ရဲ့ကမ်းလှမ်းမူ့ကို ဂရမ်နစ်လက်ခံမယ်လို့ထင်တာကြောင့် သူ့ရဲ့အပြုံးပိုပြီးပီပြင်လာခဲ့။
အောတစ်(ခ်)ဟာတစ်ကယ်တော့ဂရမ်နစ်ကို သူ့ဘေးနားခေါ်ထားချင်တယ်ဆိုတာက ဂရမ်နစ်ရဲ့စွမ်းအားကြောင့်ဖြစ်သည်။ ကြိုက်တဲ့စိတ်ကြောင့်မဟုတ်ပဲ အသုံးချချင်ယုံသက်သက်သာဖြစ်သည်။ စရန်တီနာကတော့အောတစ်(ခ်)ထိုသို့ပြောလိုက်တဲ့ အတွက်ရူးချင်သွားတော့သည်။
ထိုအချိန်မှာပဲ ဂရမ်နစ်ရဲ့အပြုအမူကြောင့်အောတစ်(ခ်)ရဲ့အပြုံးဟာ တောင့်သွားခဲ့တယ်..ဂရမ်နစ်ဘာလုပ်လိုက်လည်းဆိုတော့ အောတစ်(ခ်)ကမ်းပေးထားတဲ့ လက်ပေါ်တံတွေးထွေးလိုက်တာကြောင့်ပေါ့။
အမတ်များ- (⊙v⊙)
အကောင်လေးများ-(⊙ o ⊙)
ရဲမက်များ-(⊙.⊙(☉_☉)⊙.⊙)
စတားဗစ်(ခ်)- („ಡωಡ„)
ရှောင်ပိုင်- ≧◔◡◔≦
......................................................................
ကလေး- ပြန်ပေါ်လာပါပြီရှင့်ဟီး...မနက်ဖြန်ဒါမှမဟုတ်နောက်တစ်နေ့နောက်တစ်ပိုင်းလာပါမယ်နော်..ဟဲဟဲ...
ရှောင်ပိုင်- ငါကတော့မင်းလင်ရသွားပြီထင်နေတာ..ဘယ်ဟုတ်မလည်းသိုင်းကျင့်နေတာကို....
ကလေး- ဝါသနာအရပါ („ಡωಡ„)
(Zg)
" ငါတမင်သတ်သတ်လိမ်ပြောလိုက်တာ..ငါ့ကိုဘယ်သူမှလည်းကယ်ခဲ့တာမဟုတ်ဘူး...လုပ်ကြံသူတွေရဲ့အဆိပ်ကိုငါဖြေနိုင်ခဲ့တယ်..ငါ့ကိုဘယ်သူကများသေစေချင်တာလည်းသိချင်လို့ ကုသသူကြောင့်ဆိုပြီးပြောခဲ့တာ..သစ်ခွပန်းအနံ့ဆိုတာကငါ့ရဲ့လုပ်ကြံဇာတ်ပဲ..ဒါပေမဲ့တစ်ချို့ကတော့လူအထင်ကြီးတာခံချင်တော့ ငါ့ရဲ့လုပ်ဇာတ်ကိုသုံးသွားတာလေ.."
"....."
" နောက်ပြီးငါ့မှာအစထဲက တိရစ်ဆာန်နဲ့စကား​ပြောနိုင်စွမ်းရှိတယ်..တမင်သတ်သတ်ဖုံးကွယ်ထားခဲ့တာ.."
" ဟုတ်ကဲ့..."
" မင်းနေရာ..."
" ဘာမြင်တာလည်း..."
' လီး... '
" နင်..."
ဂရမ်နစ်ရဲ့လှောင်ပြုံးကြောင့် စရန်တီနာဒေါသတွေအလိပ်လိုက်ထွက်လာခဲ့တယ်..သူ့ရဲ့အစွမ်းတစ်ခုဖြစ်တဲ့ တိရစ်ဆာန်လေးတွေနဲ့စကားပြောနိုင်စွမ်းကိုအသုံးပြုပြီး ဂရမ်နစ်ကိုသတ်ပေးဖို့ပြောတယ်..စရန်တီနာဘယ်လောက်ပဲပြောပြော အကောင်တွေဟာတုန့်တုန့်တောင်မလှုပ်ပေ။
You are reading the story above: TeenFic.Net