Vampires love

Background color
Font
Font size
Line height

Part–4

Uni

#ကျနော်တို့မိသားစုလေးကခင်များတို့ထင်သလောက်တော့မရိုးရှင်းဘူးဗျ
ခင်များတို့vampires ဆိုတာတော့ကြားဖူးကြမှာပေါ့ ခင်များတို့သိထားတဲ့vampiresဆိုတာက သွေးသောက်မရ် လူတွေကိုဒုက္ခပေးမရ် သူတို့ခန္ဓာကိုယ်ကနေရောင်နဲ့မထိနိုင်ဘူး အကယ်၍နေရောင်နဲ့သာထိမိရင်လောင်ကျွမ်းပြာကျသွားမရ် အဲ့လိုပဲခင်များတို့ကသိထားတာ ဒါပေမဲ့ခင်များတို့မသိသေးတဲ့vampiresအကြောင်းတွေရှိသေးတယ် ဘာလို့ကျနော်အဲ့လိုပြောနိုင်လဲဆိုတော့ ကျနော်ကိုယ်တိုင်ကခင်များတို့မသိသေးတဲ့vampiresမျိုးထဲမှာပါလို့ပဲ ကျနော်တို့ကလူတော့လူပဲ သာမန်လူတွေမဟုတ်ဘူးပေါ့ ကျနော်တို့ရဲ့ပါပါးကvampiresတော်ဝင်မျိုးနွယ်တစ်ယောက်ပဲ Fire vampires လို့ခေါ်တဲ့မျိုးနွယ်ပေါ့ Fire vampiresဆိုလို့ ဟိုဇာတ်ကားတွေထဲကလိုမီးတွေထွက်လာတာတို့ ခန္ဓာကိုယ်ကမီးတွေတောက်လာတာတို့ အဲ့လိုမျိုးစွမ်းအားရှင်တွေမဟုတ်ဘူးနော်
Fire vampiresဆိုတာကတင်စားပြီးခေါ်တဲ့အခေါ်အဝေါ်တစ်ခုပဲ ဘာလို့ဆိုvampiresတွေထဲမှာမှအင်အားကြီးတဲ့vampiresမျိုးနွယ်မို့ သာမန်vampiresတွေနဲ့မတူဘူး Fire vampiresတွေကလူတွေနဲ့တန်းတူသွားလာနိုင်တာမျိုး ပြီးတော့မီးလိုပဲ ကူးစက်နှုန်းမြန်တယ်ပြောချင်တာကကွာ ဒေါသထွက်လွယ်တယ်ပေါ့ပြီးတော့သူတို့ကိုရန်သွားမစမိစေနဲ့သူတို့ကိုရန်စတာက မီးထဲကိုမီးစာတွေပစ်ထည့်ပေးနေသလိုပဲ သူတို့သာဒေါသထွက်ရင်သူတို့ကိုဒေါသထွက်အောင်လုပ်တဲ့သူကတော့သွားပြီပဲ အဲ့လူက လူဖြစ်ဖြစ် vampiresဖြစ်ဖြစ် မညှာတာတော့ဘူး
Fire vampiresတွေကမသေမျိုးတွေ သူတို့ကိုသေအောင်လုပ်နိုင်တာက ဒီကမ္ဘာပေါ်မှာတစ်မျိုးပဲရှိတယ် အဲ့တာကတော့ wild wolf လို့ခေါတဲ့ဝံပုလွေမျိုးနွယ်စုတွေပဲ wild wolfလို့ဘာကြောင့်ခေါ်လဲဆိုတော့ wildဆိုတဲ့အတိုင်းပဲ သူတို့ကရိုင်းကြတယ်  လပြည့်ညတွေမှာသူတို့အသွင်ပြောင်းပြီးတဲ့အချိန်ကြရင်လူတွေကိုလိုက်သတ်တယ် ပြီးတော့ vampiresတွေကိုရောပဲ သူတို့ကလပြည့်ညမှာစွမ်းအင်အပြည့်ဝဆုံးပဲလေ  အဲ့တော့အဲ့ညဆိုသူတို့လုပ်ချင်တာလုပ်ကြတယ် wild wolfတွေလည်းဘဲ လူတွေနဲ့အတူသွားလာလှုပ်ရှားနိုင်တယ် သူတို့တွေကလည်းအင်အားကြီးမျိုးနွယ်စုတစ်ခုပဲ သိကြတဲ့အတိုင်း wolfနဲ့vampiresဆိုတာက ၃ နဲ့ ၄ လိုပဲဘယ်တော့မှတည့်ကြမှာမဟုတ်တဲ့မျိုးနွယ်တွေ
Fire vampiresကိုသတ်ချင်တယ်ဆိုရင် wild wolf တစ်ကောင်ရဲ့သွေးလိုတယ် အဲ့လိုပဲ wild wolfတွေကိုသတ်ချင်ရင် Fire vampiresရဲ့သွေးလိုတယ် ပြောရရင် Fire vampiresတွေအတွက် wild wolfရဲ့သွေးကအဆိပ်ပဲ အဲ့လိုပဲ wild wolfတွေအတွက်လည်းFire vampires ရဲ့သွေးကအဆိပ်ပဲပေါ့   ကျနော်တို့ရဲ့ပါပါးကလည်းအခုလိုလုပ်ကြံခံခဲ့ရတာပဲwild wolfရဲ့သွေးကိုသောက်ခဲ့မိလို့ အဲ့တုန်းက ကျနော်တို့ဘာမှမသိသေးဘူး ဘာလို့ဆိုFire vampiresတွေကအသက်(18)လောက်မှသူတို့ရဲ့ဗီဇကပြောင်းလဲလာတာ ပါပါးကကျနော်တို့အထက်တန်းနောက်ဆုံးနှစ်မှာဆုံးသွားတာလေကျနော်တို့အနေနဲ့အသက်(16)နှစ်ပဲရှိသေးတော့ပါပါးဆုံးသွားတယ်လို့ပဲသိခဲ့ကြတာပါးပါးကိုဘယ်သူလုပ်ကြံလဲဆိုတော့ ပါပါးရဲ့အတွင်းရေးမှူးပေါ့ အဲ့အတွင်းရေးမှူးဆိုတဲ့လူက ပါပါးသောက်မဲ့သွေးထဲမှာwild wolfရဲ့သွေးကိုထည့်ထားခဲ့တာ ပါပါးအတွင်းရေးမှူးကပါပါးဟာFire vampiresဆိုတာသိထားခဲ့တယ်လေ ဒီအကြောင်းတွေကိုတောင်ကျနော်တို့လွန်ခဲ့တဲ့(၂)နှစ်လောက်ကမှသိခဲ့တာ မာမားပြောပြခဲ့တာပေါ့ အဲ့တုန်းကဆိုကျနော်တို့အရမ်းခံပြင်းခဲ့ရတာ အဲ့အတွင်းရေးမှူးကိုသွားသတ်ချင်လောက်တဲ့အထိပဲ အဲ့အတွင်းရေးမှူးနာမည်က ရန်ချင်း တဲ့ပါပါးရှိစဥ်တုန်းက ပါပါးရဲ့အတွင်းရေးမှူးရန်ချင်း ဆိုပြီးသိထားတာ သူ့အကြောင်းတော့မသိဘူးပေါ့ မာမားဆီကသိသိချင်းသူ့အကြောင်းစုံစမ်းကြည့်တော့ သူကYAN companyမှာ CEOတဲ့လေ YAN companyဆိုတာက သူလုပ်ကြံလို့သေသွားခဲ့ရတဲ့ ကျနော်တို့ရဲ့ပါပါး ဝမ်ရိချန်ရဲ့ Wang companyပေါ့ ပါပါးဆုံးပြီးတော့ပါပါးရဲ့companyကိုသူလက်ဝါးကြီးအုပ်လိုက်တယ်လေ  ပြီးတော့ပါပါးက companyရဲ့ငွေတွေကိုအလွဲသုံးစားလုပ်ပါတယ်ဆိုပြီးတော့ ကျနော်တို့ရဲ့အိမ်တွေ ကားတွေ ပိုင်ဆိုင်မှုတွေကို companyရဲ့ငွေတွေအဖြစ်နဲ့သိမ်းလိုက်တယ် သူကတော့companyရဲ့shareအများဆုံးသူအဖြစ်နဲ့companyရဲ့CEOတက်လုပ်လိုက်တယ် အဲ့လူကလေပါပါးရှိစဥ်တည်းကcompanyထဲမှာshareတွေခိုးထည့်ထားခဲ့တာ တကယ်မလွယ်တဲ့လူ သူ့မိသားစုအကြောင်းစုံစမ်းကြည့်တော့ သူ့မှာသမီးတစ်ယောက်ရှိတယ်တဲ့ သူ့မိန်းမကwild wolf မျိုးနွယ်ဝင်တစ်ယောက် ခုသူ့သမီးလည်းပဲwild wolfမျုးနွယ်ဝင်ပေါ့ အဲ့တုန်းကသူတို့တစ်မိသားစုလုံးပေါင်းကြံကြတာနေမှာ
ရန်ချင်းဆိုတဲ့လူကလေကြောက်တော့ကြောက်တတ်သား ခုကျနော်တို့အရွယ်ရောက်လာလို့သူ့အကြောင်းတွေသိသွားမရ်ဆိုတာကိုသူကြိုသိလို့ထင်တယ် လွန်ခဲ့တဲ့သုံးနှစ်လောက်တည်းက သူတို့မိသားစုလိုက် Americaကိုပြောင်းသွားကြတာ YAN companyကိုတော့ Americaကနေပဲသူဦးစီးနေတယ်လို့ကြားတယ်  ဟက်😏 သူများမိသားစုကိုတော့ဖျက်ဆီးခဲ့ပြီး သူ့မိသားစုတစ်ခုခုဖြစ်မှာကြကြောက်တယ် ကျနော်တို့ခုလိုငြိမ်နေတာက ခင်များတို့ကိုခွင့်လွှတ်လိုက်ပြီလို့တော့မထင်နဲ့နော် အချိန်မကျသေးလို့ အချိန်ကျတဲ့တစ်နေ့ ခင်များတို့ကိုမြေလှန်ရှာပြီးတော့ကိုလက်စားချေပြမရ်

yibo–"taetaeငါတို့ဒီည club သွားရမှာနော်"ဟုyiboအဝတ်လဲရင်းနဲ့ပြောလိုက်သည်

taehyung–"imm ဟုတ်တယ်
ငါတို့ဒီနေ့စောစောသွားရအောင်"

yibo–"သွားမရ်လေ"
Aww ကျနော်တို့clubသွားတယ်ဆိုလို့အပျော်သွားတာမဟုတ်ဘူးနော် အလုပ်ကိစ္စ
ကျနော်တို့ကclubမှာအချိန်ပိုင်းအနေနဲ့အလုပ်တစ်ခုလုပ်သေးတယ် အဲ့အလုပ်ကကျနော်တို့နဲ့ကိုက်တယ်လေ ပိုက်ဆံရသလိုကျနော်တို့ဝါသနာပါရာလည်းလုပ်နေရတာမို့လို့

အမြွာတွေကအများအားဖြင့် ရုပ်တူတဲ့သူတွေဆိုရင်အကြိုက်မတူကြဘူး အကြိုက်တူတဲ့အမြွာတွေကြပြန်တော်လည်းရုပ်မတူကြဘူး ကျနော်နဲ့taetaeနဲ့ကရုပ်တော့မတူပါဘူး ဒါပေမဲ့ရီလိုက်ရင်ပေါ်လာတဲ့အသဲပုံနှုတ်ခမ်းလေးတော့တူတယ် အဲ့တစ်ခုကလွဲဘာမှမတူဘူး အသားအရောင်ကျတော့ကျနော်ကနည်းနည်းပိုဖြူတယ် ကျနော်နဲ့taetaeကအကြိုက်တွေလည်းအများအားဖြင့်တူကြပါတယ် ဝါသနာလည်းတူတယ် ကျနော်တို့ငယ်ငယ်တုန်းကdancerအရမ်းဖြစ်ချင်ခဲ့တာ ဒါပေမဲ့အဲ့တုန်းကသိတဲ့အတိုင်းပါပါးကcompanyကိုပဲဦးစီးရမရ်ဆိုပြီးအမိန့်ထုတ်ထားခဲ့တာလေ ဒါပေမဲ့အခုတော့ ကျနော်တို့ဝါသနာပါတဲ့dancerဖြစ်နေပြီလေ clubမှာအချိန်ပိုင်းdancerအနေနဲ့လုပ်တာ တစ်ပတ်ကိုနှစ်ရက်ပေါ့ friday and saturdayပေါ့ ပိုက်ဆံကတော်တော်ကိုရတယ်
dancerဖြစ်ချင်ရတဲ့အကြောင်းအရင်းက ကျနော်တို့ကနေတဲ့အချိန်မှာဆိုစိတ်ကပေါ့ပါးသွားသလိုပဲ သံစဥ်ထဲမှာမျောသွားတော့ကျန်တာတွေအကုန်မေ့သွားတယ်လေ ဒါကတော့ကျနော်ကနေတဲ့အချိန်ဖြစ်ပေါ်တဲ့ခံစားမှုလေးကိုပြောပြတာ ခင်များတို့ကတော့နားလည်မှာမဟုတ်ပါဘူး ပြောနေရင်လေကုန်တယ်

taehyung–"yibo ပြီးရင်သွားမယ် "

yibo–"ပြီးပြီ သွားရအောင်"

yiboတို့အိမ်မှထွက်၍taxiငှားလိုက်ပြီး 7days club ဆီသို့
.
.
.
.
.
At 7days club

yibo–"taetaeငါတို့ပရိတ်သတ်တွေတော်တော်များတာပဲနော်"

taehyung–"အေ ဟုတ်တယ် ဒီနေ့ငါတို့ဖျော်ဖြေမှာသိလို့ထင်တယ်"

yibo–"နေမှာပေါ့ ငါတို့ကနာမည်ကြီးပဲကို" ဟုဂုဏ်ဆာနေသောရုပ်ဖြင့်ပြောလိုက်သည်
ဟုတ်တယ်လေ clubထဲကိုဝင်လိုက်တာနဲ့လူတွေကြိတ်ကြိတ်တို့ပဲ ပြီးတော့ manager ကလည်းပြောတယ် ကျနော်တို့ဖျော်ဖြေတဲ့နေ့ကသူတို့clubလူပြည့်တဲ့နေ့ပဲတဲ့

manager–"aww မင်းတို့ရောက်လာကြပြီလား လာကြ ဟိုမှာမင်းတို့ပရီတ်သတ်တွေကစောင့်နေကြပီ "

taehyung–"ဟုတ်အကိုရေ ကျနော်တို့ ဒါတောင်စောစောလာခဲ့တာ "

manager–"မင်းတို့ကသာစောလာတာ သူတို့အတွက်ကနောက်ကျနေပြီ သွားသွားအဝတ်လဲတော့ "

yibo/taehyung–"ဟုတ် အကို"

ကျနော်တို့ကclubမှာ 2mask dancerအဖြစ်နာမည်ကြီးတယ် ဘာလို့ 2maskလဲဆိုတော့ကျနော်တို့ကရင်မျက်နှာဖုံးတပ်ထားတယ်လေ ပရိတ်သတ်တွေကကျနော်တို့ဘယ်သူလဲဆိုတာအရမ်းသိချင်တာ အာ့ကြောင့်မျက်နှာဖုံးချွတ်ပြမဲ့နေ့ကိုသူတို့စောင့်နေကြတာ သူတို့စောင့်လဲအလကားပါ ကျနော်တို့ကဘယ်တော့မှမျက်နှာဖုံးချွတ်မှာမဟုတ်ဘူး ပရိတ်သတ်တွေကိုတော့အားနာပါတယ်

yiboတို့အဝတ်လဲပြီးတော့ စင်ပေါ်တက်ဖို့ပြင်လိုက်သည် ကျတော်တို့ဝတ်ထားတာကအဖြူနဲ့အမဲ နှစ်ယောက်လုံးရဲ့မျက်နှာမှာတော့မျက်နှာဖုံးတွေနဲ့ပေါ့

ဒီလိုမျက်နှာဖုံးလေးနဲ့လို့မြင်ပေးကြပါ

taehyungနဲ့yiboစင်ပေါ်တက်လိုက်တယ်ဆိုရင်ပဲ စင်အောက်ကလူတွေဆီကအော်သံတွေလက်ခုပ်တီးသံတွေနဲ့clubတစ်ခုလုံးကိုဆူညံသွားသည် taehyungနဲ့yiboလည်းသူတို့ကရန်အသင့်အနေအထားနေလိုက်သည်
သီချင်းသံကိုကြားရတယ်ဆိုရင်ပဲ့ခုနကလူအုပ်ကြီးကလုံးဝကိုငြိမ်ကျသွားပြီး စင်ပေါ်မှလူသားနှစ်ယောက်ကို စိတ်ဝင်စားစွာဖြင့်ကြည့်ရှုနေကြသည်

Versace on the floor ဆိုတဲ့သီချင်းလေးပါ နှစ်ယောက်လုံးကနေတယ်လို့ပဲတွေးပေးကြပါနော်

သီချင်းသံစလာတာနဲ့ စင်ပေါ်ကကောင်လေးနှစ်ယောက်ကသံစဥ်အတိုင်းခန္ဓာကိုယ်ကိုလိုက်ပါစီးမြောရင်းအရာအားလုံးကိုမေ့ရော့သွားတော့တယ် အဲ့လိုပဲစင်အောက်ကလူတွေအားလုံးကလဲစင်ပေါ်ကကောင်လေးတွေရဲ့အကမှာနှစ်မြောသွားခဲ့တယ်
.
.
သီချင်းသံဆုံးသွားတာနဲ့clubတစ်ခုလုံးအော်သံတွေ လေချွန်သံတွေ လက်ခုပ်တီးသံတွေနဲ့လွှမ်းမိုးသွားခဲ့တော့တယ် တစ်ချို့ဆိုyiboတို့အကမှာဘယ်လောက်တောင်မြောသွားလဲဆိုရင် လက်ခုပ်တီးဖို့တောင်မေ့နေခဲ့ပြီးသူများလက်ခုပ်တီးသံတွေကြားမှသတိဝင်လာပြီးလက်ခုပ်ထတီးတာမျိုး အဲ့လိုမျိုးကိုyiboနဲ့taehyungကစွမ်းပါတယ်

yiboနဲ့taehyungစင်ပေါ်ကဆင်းလာတော့managerအကိုကပြောပါတယ်

manager–"မင်းတို့ဒီမှာညတိုင်းလာကပေးပါလားကွာ ပိုက်ဆံကိုမင်းတို့လိုချင်သလောက်ငါပေးပါမယ်"

ဒါကတော့managerအကိုပြောနေကြစကားပါပဲ ကျနော်တို့ကလဲ ငြင်းနေကြအတိုင်းပဲ

taehyung–"အာ အကိုကလည်းကျနော်တို့ညတိုင်းရီးတော့မကနိုင်ဘူးလေဗျာ မနက်ဆိုလည်းကျောင်းသွားရသေး ကျောင်းမှာပဲတစ်နေကုန်နေရတော့ ကျတော်တို့အတွက်နားချိန်ကညဘက်ပဲရှိတော့တာ"

yibo–"ဟုတ်တယ်လေအကိုရာ ဘာလဲကျနော်တို့ကိုပင်ပန်းပြီးသေစေချင်လို့လား" လို့ပြောလိုက်တော့ managerအကိုမှာပျာပျာသလဲနဲ့

manager–"အဲ့လိုမဟုတ်ပါဘူးကွာ ငါကမင်းတို့ကိုဒီမှာညတိုင်းလာကစေချင်လို့ပါ လုပ်တာမလုပ်တာကမင်းတို့သဘော ငါကဒီတိုင်းပဲပြောတာပါကွာ ဒါပေမဲ့နော်မင်းတို့ကျောင်းပြီးသွားရင်တော့ငါပြောတာလက်ခံစေချင်တယ်"

taehyung–'တွေ့လား အဲ့managerအကိုကအဲ့အတိုင်းပဲ' "ဟုတ်ကဲ့ပါ ကျနော်တို့စဥ်းစားပါရစေအုံး "

yibo–"ဟုတ်တယ် စဥ်းစားခွင့်လေးတော့ပေး ခုတော့အဝတ်သွားလဲလိုက်အုံးမရ်" ဆိုပြီးအဝတ်လဲခန်းသို့နှစ်ယောက်သားခပ်သွက်သွက်ထွက်လာခဲ့ရသည် မဟုတ်ရင်အဲ့managerစကားကြောရှည်နေမှဖြင့်သူတို့အိမ်ရောက်မှာမဟုတ်တော့ဘူး

taehyungတို့အဝတ်စားလဲပီးmanagerအကိုဆီကသူတို့ရဲ့လုပ်အားခကိုယူပြီးပြန်လာခဲ့ကြသည် အပြန်လမ်းတွင် yiboမှစ၍ပြောလိုက်ခြင်း

yibo–"taetaeမနက်ဖြန် ငါတို့ရဲ့မိတ်ဆွေကြီးဆီကိုသွားရအောင် "

taehyung–"umm သွားမရ်လေ ငါတို့လည်းအင်အားတွေပြတ်ချင်နေပြီ ပြီးတော့မာမားအတွက်လည်းစားကောင်းတာလေးတွေဝယ်ကျွေးရမရ်"ဟုသူကိုင်ထားတဲ့အိတ်ထဲကပိုက်ဆံတွေကိုမြှောက်၍ပြောလိုက်သည်

yibo–"ဟုတ်တယ် ပြီးတော့လေ taetaeငါ အမဲသည်းခြေစားချင်တယ်"ဟု puppy eyesလေးဖြင့်

taehyung–"သိတယ်လေ မင်းပြောလာမယ်ဆိုတာ အာ့ကြောင့်ငါမနက်ဖြန်ဝယ်ဖို့လုပ်ထားတယ် "ဟုတ်တယ် သူလည်းစားချင်တယ်လေ

yibo–"ဟီးဟီးtaetaeအကောင်းဆုံး"လက်မနှစ်ချောင်းထောင်ကာပြောလိုက်သည် taehyungကတော့ ခေါင်းအသာခါလျက်
.
.
.
.


Part–4

Zawgyi



taehyung–"imm ဟုတ်တယ်

yibo–"သွားမရ်လေ"




.
.
.
.
.
At 7days club













.
.












You are reading the story above: TeenFic.Net