8

Background color
Font
Font size
Line height

[UNI]

ပင်လယ်ပြင်ဆီမှ တိုက်ခတ်လာသော လေအေးနှင့်အတူ လှိုင်းတို့ကလည်း ကမ်းခြေဆီ ထိစပ်သည်။ အုတ်တိုက်အိမ်များကို ကျော်ဖြတ်ပြီးမှ ပင်လယ်ဆီရောက်မည်ဖြစ်သည်ကြောင့် အအေးဓါတ်တော့ လွန်ကဲမနေဘဲ ပုံမှန်ထက် အနည်းငယ်သာဖြစ်သည်။

တိတ်ဆိတ်နေသော မနက်ခင်းတွင် နိုင်ငံခြားသားတို့၏ မတိုးမကျယ်သော စကားသံတို့သည် အုတ်တိုက်များကြား၌ ထွက်ပေါ်နေသည်။

မနက်ခင်း၏ ထုံးစံအရ ချမ်းအေးလှသည်။ အဖြူရောင် ကုတင်ထက်တွင် အဖြူရောင်စောင်ကို လွှမ်းခြုံထားသူသည် အပြင်ဘက်မှ ခပ်တိုးတိုး စကားသံတို့ကို စိတ်ရှုပ်ဟန်မထင်။

မရင်းနှီးသော ပတ်ဝန်းကျင်တွင် မရင်းနှီးသောစကားသံခပ်တိုးတိုးက နားထဲတွင် သူ့အတွက် ထူးဆန်းနေရုံမှအပ မည်သည့်ခံစားချက်မျိုးမှ မရပေ။ သို့သော်လည်း မျက်စံနက်များကို ကာကွယ်ဖုံးအုပ်ထားသော မျက်ခွံလေးသည် မျက်တောင်များလှုပ်ခါခြင်းကို အစပြုကာ ဖြည်းညင်းစွာ ဖွင့်ဟလာခဲ့သည်။

ထို့နောက် မျက်တောင်နှစ်ချက်ခတ်ကာ အမြင်အာရုံကိုရှင်းလင်းစေ၏။ ပြီးမှ တံတောင်ကို အသုံးပြုကာ ထထိုင်သည်။ အခန်းပတ်လည်ကို ကြည့်မိပြီးမှ သူသည် ခရီးသွားတစ်ယောက် ဖြစ်နေသည်မှန်း ပြန်သတိရသည်အထိ အိပ်ယာပြောင်းနေတာတောင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တာပင်။ မနေ့က ညနေတုန်းက အခြေအနေနှင့် အတူတူပင်ဖြစ်၏။

'ဒေါက် ဒေါက်'

တစ်ယောက်တည်း လာသည့်သူ့ကို လာတွေ့မည့်သူလည်း ရှိမည်မဟုတ်။ တံခါး လာခေါက်သူကို မစဥ်းစားနိုင်။ စားပွဲပေါ်က ဖုန်းကိုယူကြည့်မှ မနက်၈နာရီအချိန်ဖြစ်နေပြီကို သိလိုက်ရသည်။

"ဘယ်သူပါလိမ့် အစောကြီးကို"

ကုတင်ပေါ်ကဆင်းကာ မျက်လုံးနားကိုပွတ်၍ ဆံပင်ကိုနှစ်ချက်လောက် ဆွဲသပ်ပြီးမှ တံခါးသွားဖွင့်ပေးလိုက်သည်။

"အစ်ကို.."

'ဒုန်း!!'

တံခါးပွင့်လာသည်ကြောင့် လက်ထဲပါလာသည့် မနက်စာကို ပေးဖို့ရာ နာမည်ကို ဆုံးအောင်ပင် မခေါ်ရသေး တံခါး ဆောင့်ပိတ်သွားသူကြောင့် မင်းခန့်ကြောင်အသွားသည်။ မျက်နှာတောင် သေချာ မမြင်လိုက်ရပေ။

'ဒေါက် ဒေါက်'

နောက်တစ်ခါ ထပ်ခေါက်တော့ တံခါးပြန်ပွင့်လာပါသော်လည်း မျက်လုံးလေးတစ်ဖက်သာ ပေါ်သော အကျယ်ထိ ဖွင့်လာ၏။

"အစ်ကို နေမကောင်းလို့လား"

"ကောင်းပါတယ်.."

"အာ..ကျွန်တော် မနက်စာ လာပို့ပေးတာ။ အစ်ကို အောက်ဆင်းနေရမှာ စိုးလို့"

"အွန်း..ကျေးဇူး"

ယခုထိ ထိုမျက်လုံးတစ်ဖက်ကလွဲ ဘာမှကိုပေါ်မလာတာဖြစ်သည်။ ထိုမျက်လုံးတောင် တစ်ခြမ်းသာပေါ်သော အနေအထားဖြင့် စကားပြောနေခြင်း ဖြစ်၏။ မဟုတ်မှ..

"အစ်ကို..အခုမှ နိုးတာလား"

"အင်း.."

"မျက်နှာ မသစ်ရသေးလို့လား"

"..."

ပြန်မဖြေတော့ပါ။ ငြိမ်သက်သွားသူကို မင်းခန့်အားနာသွားလိမ့်မည်ဟု ထင်ပါသလား။ ထိုသို့ထင်လျှင် မှားသွားပါလိမ့်မည်။ အသည်းယားလွန်း၍ သူတို့နှစ်ယောက်တည်းသာရှိသော ဤအထပ်တွင် တစ်ခုခုလုပ်လိုက်ချင်စိတ်တွေတောင် ပေါက်ပါ၏။

အရှေ့က အကောင်ပေါက်ကလေး မဟုတ်သေး! သူ့လူပျိုလေးက မျက်နှာမသစ်ရသေးလို့ သူ့မျက်နှာအား မဖော်ခြင်း!

မိဘချင်း သဘောတူထားသည့် မင်းခန့်ပိုင်ဖြိုးအရှေ့တွင် သူ၏မျက်နှာမသစ်ရသေးသည့် ပုံစံကို မမြင်စေချင်သည်လား။ သူ့ထက်အငယ်ဖြစ်နေသည့် မင်းခန့်ပိုင်ဖြိုးအရှေ့တွင် သူ၏ အိပ်ယာထ,ထချင်း ပုံစံကို မမြင်စေချင်သည်လား။

မင်းခန့် အတိအကျ မပြောနိုင်ပါသော်လည်း သူ့အရှေ့က သူ့ထက်၄နှစ်ကြီးသော အစ်ကိုက ရှက်နေတာသေချာပါသည်။ တံခါးကို အတင်းတွန်းဝင်ကာ ဆွဲဆတ် ဖက်နမ်းလိုက်ရပါလျှင် ပြစ်မှုမြောက်သွားပေဦးမည်။

"ပေးမှာဆို.."

"အာ..ဒီဟာလေး"

အကြာကြီး စိုက်ကြည့်မိလိုက်သည် ထင်ပါ၏။ အသံပြု သတိပေးလာသူကြောင့် လက်ထဲက ပေါင်မုန့်နှင့် ကော်ဖီခွက်ကို ကမ်းပေးတော့လည်း တံခါးကို ကော်ဖီခွက်ယူလို့ရသည့် အနေအထားထိသာ ဟပြီး လက်လေးထွက်ကာ လှမ်းယူပါသည်။

"ကျေးဇူး.."

"အဟက်!"

မထိန်းနိုင်တော့စွာ၊ အသည်းယားစွာဖြင့် သူရယ်မောပြီး ပြုံးမိသည်။ ဒါကိုတော့ ပြူးကြည့်နေသေးသည်ကို တစ်ခြမ်းသာပေါ်သော မျက်လုံးကိုကြည့်၍ သိနိုင်သည်။

"ဟို..အစ်ကို့ကို လှောင်တာမဟုတ်ပါဘူး ဒီအတိုင်း.."

"..."

"ချစ်စရာကောင်းလို့"

"ပြန်..ပြန်တော့နော်။ အစ်ကိုမျက်နှာသစ်ချင်လာပြီ"

'ချောက်!'

ဒီလိုမျိုးလေးလည်း စကားလမ်းကြောင်းလွှဲကာ တံခါးပိတ်သွားပါသေးသည်။ ပါးစပ် မစိနိုင်စွာ ပြုံးဖြီးပြီး ကျန်ခဲ့ရသူမှာ မင်းခန့်ပိုင်ဖြိုးသာ ဖြစ်၏။

"ချစ်ဖို့ကောင်းလိုက်တာကွာ..."

အောက်နှုတ်ခမ်းကို ဖိကိုက်ကာ အသည်းယားဟန်ဖြင့် ပိတ်သွားသော တံခါးကို ဖြစ်ညှစ်ချင်ဟန်တောင် လုပ်လိုက်မိသည်အထိ မင်းခန့် ထိန်းမရအောင် အူမြူးနေတာဖြစ်သည်။ သို့သော်လည်း ဆန္ဒကို သိက္ခာနှင့်ထိန်းကာ လက်သီး တစ်ဆုပ်ဆုပ်၊ နှုတ်ခမ်း တကိုက်ကိုက်ဖြင့် သူ့နေရာ ဘေးခန်းထဲ ပြန်ဝင်ရသည်။

ကျန်ခဲ့သော တံခါး၏ အတွင်းဘက်တွင်တော့ ကော်ဖီခွက်နှင့် ပေါင်မုန့်ထုပ်ကို တစ်ဖက်စီကိုင်ကာ တောင့်တောင့်ကြီး ရပ်နေသူရှိသည်။ သွားချွန်လေးတွေပေါ်သည်အထိ လျှပ်တပြတ် ထရယ်သူ၏ အပြုံးက မနက်ခင်း၏ အကြည်ဓါတ်လေးလို။

မနေ့ညကမှ စွပ်စွဲထားမိသည့်သူက ပြန်တွေးတိုင်းမျက်နှာပူရစေပါသည်။ ဒီကြားထဲ ရှုပ်ပွနေသည့် ဆံပင်နှင့် မျက်ချေးလည်းကပ်နေမလား မသိသည့် မျက်နှာကို မပြချင်သည်ကြောင့် သူရုတ်တရက် လုပ်လိုက်မိသည့်အရာက ကလေးဆန်သွားလေမလား။

မင်းခန့်ပိုင်ဖြိုး သူ့အား ဘယ်လိုထင်သွားမည်လဲ။

အတွေးပေါင်းများစွာဖြင့် သူ့မှာ ထိုနေရာက မရွေ့နိုင်သေး။ ကဆုန်ပေါက်နေသည့် ရင်ဘက်ထဲက အကောင်ကလည်း ဆိုးရွားပါသည်။ ဘယ်နှယ့်ကြောင့်ပါလဲ။ အစာမရှိသေးလို့ ရင်တုန်နေတယ် ထင်ပါ၏။ မဖြစ်! မျက်နှာအရင်သစ်ရမည်။

အပြုံးတစ်ခုပေါ် နစ်မြောခဲ့သည့်သူက ယခုမှ သရဲတွေ့လာသည့်သူလို ကယောင်ခြောက်ခြား ဖြစ်နေရပြန်သည်။ ဒီကြားထဲ ရေချိုးခန်းနှင့် မီးဖိုခန်း မှားဝင်မိသေးသည်ကြောင့် လက်ထဲကအထုပ်တွေ ချခဲ့ကာ ရေချိုးခန်းဆီ ပြန်လှည့်ရပြန်သည်။

မနက်စောစောတွင် သူ့ထက်၄နှစ်ငယ်သော ကောင်လေးကြောင့် သူ့မှာ ဗရုတ်ကျနေရတော့သည်။ မင်းခန့်ပိုင်ဖြိုးက အဓိကတရားခံဖြစ်၏။

သွားကို ၂မိနစ်ကြာအောင် တိုက်ပြီးမှ မျက်နှာသစ်ကာ ရေပါတစ်ခါတည်း ချိုးလိုက်တော့သည်။ Bathrobeနှင့်ပြန်ထွက်လာပြီး မနေ့ကအတိုင်း ရှိနေသေးသော Luggageထဲမှ အဝတ်အစားတစ်စုံထုတ်ကာ လဲဝတ်လိုက်ပြီးနောက် အသင့်ရှိနေသော ဗီဒိုအလွတ်ထဲ ပါလာသည့် အဝတ်တွေ ထည့်ပြီးချိန်၌ အချိန်သည် ၈နာရီကျော်နေပြီ ဖြစ်၏။

ဆန္ဒပြလာသည့် ဗိုက်ကြောင့် မီးဖိုခန်းထဲ ထားခဲ့သော ကော်ဖီခွက်နှင့် ပေါင်မုန့်ကို သတိရသည်။ ကော်ဖီသည်အေးသွားပြီ ဖြစ်သော်လည်း ဆာနေသော ဗိုက်ကြောင့်ပဲလား မပြောတတ်။ အရသာရှိသည်။ အကုန်ပြီးစီးသည့်အခါတွင် ၉နာရီထိုး၏။ ဖုန်းကိုယူကာ သူအပြင်ထွက်ခဲ့လိုက်သည်။

အပြင်ရောက်တော့ ဘေးအခန်းကို ကြည့်မိ၏။ ငြိမ်သက်နေသည်ကြောင့် သူ့ထက်အရင် ထွက်သွားပြီ ထင်ပါသည်။ ထို့နောက် အောက်ဆင်းကာ စားသောက်တန်းဘက်သွားသည့်လမ်း မဟုတ်ဘဲ နောက်ထပ်တစ်လမ်းဆီ ဝင်သွားလိုက်၏။ လမ်း၏ထိပ်တွင် ပင်လယ်ပြင်ပုံ ဆိုင်းဘုတ်လေး ထောင်ထားသည်ကြောင့် ဖြစ်သည်။

အဖြူရောင်ဖိနပ်ဖြင့် သန့်ရှင်းနေသော အဖြူရောင်ကတ္တရာထက်တွင် တစ်လှမ်းချင်း လှမ်းနေသည်မှာ အေးအေးဆေးဆေးပင်။ ခရီးသည်များရှိသော်လည်း စားသောက်တန်းမှလွဲ နောက်ထပ် သွားသည့်နေရာမတူတတ်ကြသည်မို့ လူရှင်းသည်။ တစ်ယောက်စ၊ နှစ်ယောက်စသာ ရှိ၏။

အရောင်စုံ အုတ်တိုက်တို့အား ငေးရင်း ထပ်မံတွေ့ရသော လမ်းသွယ်တို့အား မှတ်ရင်း မိနစ်၂၀လောက်လျှောက်ပြီးချိန်တွင် လှိုင်းပုတ်သံကိုကြားနေရပြီ ဖြစ်သည်။ တစ်စွန်းတစ်စ မြင်နေရသော အပြာရောင်လွင်ပြင်သည် ကောင်းကင်နှင့်ထိစပ်နေသည်လို့တောင်ထင်ရသော ပင်လယ်ပြင်ကြီး ဖြစ်၏။ အပြည့်မမြင်ရသေးဘဲတောင် သူ့မှာ တမေ့တမော ငေးကြည့်နေမိတော့သည်။




********************


[ZAWGYI]

ပင္လယ္ျပင္ဆီမွ တိုက္ခတ္လာေသာ ေလေအးႏွင့္အတူ လိႈင္းတို႔ကလည္း ကမ္းေျခဆီ ထိစပ္သည္။ အုတ္တိုက္အိမ္မ်ားကို ေက်ာ္ျဖတ္ၿပီးမွ ပင္လယ္ဆီေရာက္မည္ျဖစ္သည္ေၾကာင့္ အေအးဓါတ္ေတာ့ လြန္ကဲမေနဘဲ ပုံမွန္ထက္ အနည္းငယ္သာျဖစ္သည္။

တိတ္ဆိတ္ေနေသာ မနက္ခင္းတြင္ ႏိုင္ငံျခားသားတို႔၏ မတိုးမက်ယ္ေသာ စကားသံတို႔သည္ အုတ္တိုက္မ်ားၾကား၌ ထြက္ေပၚေနသည္။

မနက္ခင္း၏ ထုံးစံအရ ခ်မ္းေအးလွသည္။ အျဖဴေရာင္ ကုတင္ထက္တြင္ အျဖဴေရာင္ေစာင္ကို လႊမ္းျခဳံထားသူသည္ အျပင္ဘက္မွ ခပ္တိုးတိုး စကားသံတို႔ကို စိတ္႐ႈပ္ဟန္မထင္။

မရင္းႏွီးေသာ ပတ္ဝန္းက်င္တြင္ မရင္းႏွီးေသာစကားသံခပ္တိုးတိုးက နားထဲတြင္ သူ႕အတြက္ ထူးဆန္းေန႐ုံမွအပ မည္သည့္ခံစားခ်က္မ်ိဳးမွ မရေပ။ သို႔ေသာ္လည္း မ်က္စံနက္မ်ားကို ကာကြယ္ဖုံးအုပ္ထားေသာ မ်က္ခြံေလးသည္ မ်က္ေတာင္မ်ားလႈပ္ခါျခင္းကို အစျပဳကာ ျဖည္းညင္းစြာ ဖြင့္ဟလာခဲ့သည္။

ထို႔ေနာက္ မ်က္ေတာင္ႏွစ္ခ်က္ခတ္ကာ အျမင္အာ႐ုံကို႐ွင္းလင္းေစ၏။ ၿပီးမွ တံေတာင္ကို အသုံးျပဳကာ ထထိုင္သည္။ အခန္းပတ္လည္ကို ၾကည့္မိၿပီးမွ သူသည္ ခရီးသြားတစ္ေယာက္ ျဖစ္ေနသည္မွန္း ျပန္သတိရသည္အထိ အိပ္ယာေျပာင္းေနတာေတာင္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္သြားခဲ့တာပင္။ မေန႔က ညေနတုန္းက အေျခအေနႏွင့္ အတူတူပင္ျဖစ္၏။

'ေဒါက္ ေဒါက္'

တစ္ေယာက္တည္း လာသည့္သူ႕ကို လာေတြ႕မည့္သူလည္း ႐ွိမည္မဟုတ္။ တံခါး လာေခါက္သူကို မစဥ္းစားႏိုင္။ စားပြဲေပၚက ဖုန္းကိုယူၾကည့္မွ မနက္၈နာရီအခ်ိန္ျဖစ္ေနၿပီကို သိလိုက္ရသည္။

"ဘယ္သူပါလိမ့္ အေစာႀကီးကို"

ကုတင္ေပၚကဆင္းကာ မ်က္လုံးနားကိုပြတ္၍ ဆံပင္ကိုႏွစ္ခ်က္ေလာက္ ဆြဲသပ္ၿပီးမွ တံခါးသြားဖြင့္ေပးလိုက္သည္။

"အစ္ကို.."

'ဒုန္း!!'

တံခါးပြင့္လာသည္ေၾကာင့္ လက္ထဲပါလာသည့္ မနက္စာကို ေပးဖို႔ရာ နာမည္ကို ဆုံးေအာင္ပင္ မေခၚရေသး တံခါး ေဆာင့္ပိတ္သြားသူေၾကာင့္ မင္းခန္႔ေၾကာင္အသြားသည္။ မ်က္ႏွာေတာင္ ေသခ်ာ မျမင္လိုက္ရေပ။

'ေဒါက္ ေဒါက္'

ေနာက္တစ္ခါ ထပ္ေခါက္ေတာ့ တံခါးျပန္ပြင့္လာပါေသာ္လည္း မ်က္လုံးေလးတစ္ဖက္သာ ေပၚေသာ အက်ယ္ထိ ဖြင့္လာ၏။

"အစ္ကို ေနမေကာင္းလို႔လား"

"ေကာင္းပါတယ္.."

"အာ..ကြၽန္ေတာ္ မနက္စာ လာပို႔ေပးတာ။ အစ္ကို ေအာက္ဆင္းေနရမွာ စိုးလို႔"

"အြန္း..ေက်းဇူး"

ယခုထိ ထိုမ်က္လုံးတစ္ဖက္ကလြဲ ဘာမွကိုေပၚမလာတာျဖစ္သည္။ ထိုမ်က္လုံးေတာင္ တစ္ျခမ္းသာေပၚေသာ အေနအထားျဖင့္ စကားေျပာေနျခင္း ျဖစ္၏။ မဟုတ္မွ..

"အစ္ကို..အခုမွ ႏိုးတာလား"

"အင္း.."

"မ်က္ႏွာ မသစ္ရေသးလို႔လား"

"..."

ျပန္မေျဖေတာ့ပါ။ ၿငိမ္သက္သြားသူကို မင္းခန္႔အားနာသြားလိမ့္မည္ဟု ထင္ပါသလား။ ထိုသို႔ထင္လွ်င္ မွားသြားပါလိမ့္မည္။ အသည္းယားလြန္း၍ သူတို႔ႏွစ္ေယာက္တည္းသာ႐ွိေသာ ဤအထပ္တြင္ တစ္ခုခုလုပ္လိုက္ခ်င္စိတ္ေတြေတာင္ ေပါက္ပါ၏။

အေ႐ွ႕က အေကာင္ေပါက္ကေလး မဟုတ္ေသး! သူ႕လူပ်ိဳေလးက မ်က္ႏွာမသစ္ရေသးလို႔ သူ႕မ်က္ႏွာအား မေဖာ္ျခင္း!

မိဘခ်င္း သေဘာတူထားသည့္ မင္းခန္႔ပိုင္ၿဖိဳးအေ႐ွ႕တြင္ သူ၏မ်က္ႏွာမသစ္ရေသးသည့္ ပုံစံကို မျမင္ေစခ်င္သည္လား။ သူ႕ထက္အငယ္ျဖစ္ေနသည့္ မင္းခန္႔ပိုင္ၿဖိဳးအေ႐ွ႕တြင္ သူ၏ အိပ္ယာထ,ထခ်င္း ပုံစံကို မျမင္ေစခ်င္သည္လား။

မင္းခန္႔ အတိအက် မေျပာႏိုင္ပါေသာ္လည္း သူ႕အေ႐ွ႕က သူ႕ထက္၄ႏွစ္ႀကီးေသာ အစ္ကိုက ႐ွက္ေနတာေသခ်ာပါသည္။ တံခါးကို အတင္းတြန္းဝင္ကာ ဆြဲဆတ္ ဖက္နမ္းလိုက္ရပါလွ်င္ ျပစ္မႈေျမာက္သြားေပဦးမည္။

"ေပးမွာဆို.."

"အာ..ဒီဟာေလး"

အၾကာႀကီး စိုက္ၾကည့္မိလိုက္သည္ ထင္ပါ၏။ အသံျပဳ သတိေပးလာသူေၾကာင့္ လက္ထဲက ေပါင္မုန္႔ႏွင့္ ေကာ္ဖီခြက္ကို ကမ္းေပးေတာ့လည္း တံခါးကို ေကာ္ဖီခြက္ယူလို႔ရသည့္ အေနအထားထိသာ ဟၿပီး လက္ေလးထြက္ကာ လွမ္းယူပါသည္။

"ေက်းဇူး.."

"အဟက္!"

မထိန္းႏိုင္ေတာ့စြာ၊ အသည္းယားစြာျဖင့္ သူရယ္ေမာၿပီး ျပဳံးမိသည္။ ဒါကိုေတာ့ ျပဴးၾကည့္ေနေသးသည္ကို တစ္ျခမ္းသာေပၚေသာ မ်က္လုံးကိုၾကည့္၍ သိႏိုင္သည္။

"ဟို..အစ္ကို႔ကို ေလွာင္တာမဟုတ္ပါဘူး ဒီအတိုင္း.."

"..."

"ခ်စ္စရာေကာင္းလို႔"

"ျပန္..ျပန္ေတာ့ေနာ္။ အစ္ကိုမ်က္ႏွာသစ္ခ်င္လာၿပီ"

'ေခ်ာက္!'

ဒီလိုမ်ိဳးေလးလည္း စကားလမ္းေၾကာင္းလႊဲကာ တံခါးပိတ္သြားပါေသးသည္။ ပါးစပ္ မစိႏိုင္စြာ ျပဳံးၿဖီးၿပီး က်န္ခဲ့ရသူမွာ မင္းခန္႔ပိုင္ၿဖိဳးသာ ျဖစ္၏။

"ခ်စ္ဖို႔ေကာင္းလိုက္တာကြာ..."

ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ကာ အသည္းယားဟန္ျဖင့္ ပိတ္သြားေသာ တံခါးကို ျဖစ္ညႇစ္ခ်င္ဟန္ေတာင္ လုပ္လိုက္မိသည္အထိ မင္းခန္႔ ထိန္းမရေအာင္ အူျမဴးေနတာျဖစ္သည္။ သို႔ေသာ္လည္း ဆႏၵကို သိကၡာႏွင့္ထိန္းကာ လက္သီး တစ္ဆုပ္ဆုပ္၊ ႏႈတ္ခမ္း တကိုက္ကိုက္ျဖင့္ သူ႕ေနရာ ေဘးခန္းထဲ ျပန္ဝင္ရသည္။

က်န္ခဲ့ေသာ တံခါး၏ အတြင္းဘက္တြင္ေတာ့ ေကာ္ဖီခြက္ႏွင့္ ေပါင္မုန္႔ထုပ္ကို တစ္ဖက္စီကိုင္ကာ ေတာင့္ေတာင့္ႀကီး ရပ္ေနသူ႐ွိသည္။ သြားခြၽန္ေလးေတြေပၚသည္အထိ လွ်ပ္တျပတ္ ထရယ္သူ၏ အျပဳံးက မနက္ခင္း၏ အၾကည္ဓါတ္ေလးလို။

မေန႔ညကမွ စြပ္စြဲထားမိသည့္သူက ျပန္ေတြးတိုင္းမ်က္ႏွာပူရေစပါသည္။ ဒီၾကားထဲ ႐ႈပ္ပြေနသည့္ ဆံပင္ႏွင့္ မ်က္ေခ်းလည္းကပ္ေနမလား မသိသည့္ မ်က္ႏွာကို မျပခ်င္သည္ေၾကာင့္ သူ႐ုတ္တရက္ လုပ္လိုက္မိသည့္အရာက ကေလးဆန္သြားေလမလား။

မင္းခန္႔ပိုင္ၿဖိဳး သူ႕အား ဘယ္လိုထင္သြားမည္လဲ။

အေတြးေပါင္းမ်ားစြာျဖင့္ သူ႕မွာ ထိုေနရာက မေ႐ြ႕ႏိုင္ေသး။ ကဆုန္ေပါက္ေနသည့္ ရင္ဘက္ထဲက အေကာင္ကလည္း ဆိုး႐ြားပါသည္။ ဘယ္ႏွယ့္ေၾကာင့္ပါလဲ။ အစာမ႐ွိေသးလို႔ ရင္တုန္ေနတယ္ ထင္ပါ၏။ မျဖစ္! မ်က္ႏွာအရင္သစ္ရမည္။

အျပဳံးတစ္ခုေပၚ နစ္ေျမာခဲ့သည့္သူက ယခုမွ သရဲေတြ႕လာသည့္သူလို ကေယာင္ေျခာက္ျခား ျဖစ္ေနရျပန္သည္။ ဒီၾကားထဲ ေရခ်ိဳးခန္းႏွင့္ မီးဖိုခန္း မွားဝင္မိေသးသည္ေၾကာင့္ လက္ထဲကအထုပ္ေတြ ခ်ခဲ့ကာ ေရခ်ိဳးခန္းဆီ ျပန္လွည့္ရျပန္သည္။

မနက္ေစာေစာတြင္ သူ႕ထက္၄ႏွစ္ငယ္ေသာ ေကာင္ေလးေၾကာင့္ သူ႕မွာ ဗ႐ုတ္က်ေနရေတာ့သည္။ မင္းခန္႔ပိုင္ၿဖိဳးက အဓိကတရားခံျဖစ္၏။

သြားကို ၂မိနစ္ၾကာေအာင္ တိုက္ၿပီးမွ မ်က္ႏွာသစ္ကာ ေရပါတစ္ခါတည္း ခ်ိဳးလိုက္ေတာ့သည္။ Bathrobeႏွင့္ျပန္ထြက္လာၿပီး မေန႔ကအတိုင္း ႐ွိေနေသးေသာ Luggageထဲမွ အဝတ္အစားတစ္စုံထုတ္ကာ လဲဝတ္လိုက္ၿပီးေနာက္ အသင့္႐ွိေနေသာ ဗီဒိုအလြတ္ထဲ ပါလာသည့္ အဝတ္ေတြ ထည့္ၿပီးခ်ိန္၌ အခ်ိန္သည္ ၈နာရီေက်ာ္ေနၿပီ ျဖစ္၏။

ဆႏၵျပလာသည့္ ဗိုက္ေၾကာင့္ မီးဖိုခန္းထဲ ထားခဲ့ေသာ ေကာ္ဖီခြက္ႏွင့္ ေပါင္မုန္႔ကို သတိရသည္။ ေကာ္ဖီသည္ေအးသြားၿပီ ျဖစ္ေသာ္လည္း ဆာေနေသာ ဗိုက္ေၾကာင့္ပဲလား မေျပာတတ္။ အရသာ႐ွိသည္။ အကုန္ၿပီးစီးသည့္အခါတြင္ ၉နာရီထိုး၏။ ဖုန္းကိုယူကာ သူအျပင္ထြက္ခဲ့လိုက္သည္။

အျပင္ေရာက္ေတာ့ ေဘးအခန္းကို ၾကည့္မိ၏။ ၿငိမ္သက္ေနသည္ေၾကာင့္ သူ႕ထက္အရင္ ထြက္သြားၿပီ ထင္ပါသည္။ ထို႔ေနာက္ ေအာက္ဆင္းကာ စားေသာက္တန္းဘက္သြားသည့္လမ္း မဟုတ္ဘဲ ေနာက္ထပ္တစ္လမ္းဆီ ဝင္သြားလိုက္၏။ လမ္း၏ထိပ္တြင္ ပင္လယ္ျပင္ပုံ ဆိုင္းဘုတ္ေလး ေထာင္ထားသည္ေၾကာင့္ ျဖစ္သည္။

အျဖဴေရာင္ဖိနပ္ျဖင့္ သန္႔႐ွင္းေနေသာ အျဖဴေရာင္ကတၱရာထက္တြင္ တစ္လွမ္းခ်င္း လွမ္းေနသည္မွာ ေအးေအးေဆးေဆးပင္။ ခရီးသည္မ်ား႐ွိေသာ္လည္း စားေသာက္တန္းမွလြဲ ေနာက္ထပ္ သြားသည့္ေနရာမတူတတ္ၾကသည္မို႔ လူ႐ွင္းသည္။ တစ္ေယာက္စ၊ ႏွစ္ေယာက္စသာ ႐ွိ၏။

အေရာင္စုံ အုတ္တိုက္တို႔အား ေငးရင္း ထပ္မံေတြ႕ရေသာ လမ္းသြယ္တို႔အား မွတ္ရင္း မိနစ္၂၀ေလာက္ေလွ်ာက္ၿပီးခ်ိန္တြင္ လိႈင္းပုတ္သံကိုၾကားေနရၿပီ ျဖစ္သည္။ တစ္စြန္းတစ္စ ျမင္ေနရေသာ အျပာေရာင္လြင္ျပင္သည္ ေကာင္းကင္ႏွင့္ထိစပ္ေနသည္လို႔ေတာင္ထင္ရေသာ ပင္လယ္ျပင္ႀကီး ျဖစ္၏။ အျပည့္မျမင္ရေသးဘဲေတာင္ သူ႕မွာ တေမ့တေမာ ေငးၾကည့္ေနမိေတာ့သည္။




********************


You are reading the story above: TeenFic.Net