Unicode
ကိစ္စတွေအားလုံးရဲ့နောက်ကွယ်ကလူ
ဘာတွန်ကိုပြန်ရောက်ပြီးနောက်ပိုင်းဝိန်းကဂျီမင်းကိုအိမ်တွင်ခေါ်ထားသည်။
ဖီးလီးယက်စ်အိမ်မှအထုပ်အပိုးများကိုလည်းရွှေ့လာစေလိုက်ပြီးအခန်းတစ်ခန်းထဲတွင်ထည့်ထားစေသည်။
"ကိုယ်မြို့တော်ဝန်ရုံးသွားဦးမယ်"
"ဟုတ်"
"လိမ်လိမ်မာမာနေခဲ့"
"ဟုတ်"
"မင်း ရွဲ့နေတာလား"
"မဟုတ်ပါဘူး"
"ကိစ္စရှိရင်မြို့တော်ဝန်ရုံးကိုလူလွှတ်လိုက်
ကိုယ်ပြန်လာခဲ့မယ်"
"ပြန်လာရင်အသားကင်ကျွေးဦး"
"အင်း"
ဂျီမင်းသည်အိမ်တံခါးဝတွင်ရပ်စောင့်နေပြီးဝိန်းကလက်ကိုင်အိတ်ကိုဆွဲလျက်အိမ်အပြင်ထွက်သွားသည်။
ခြံတံခါးဝနားတောင်မရောက်သေးမီပြန်လှည့်လာကာ...
"ဒါလေးမေ့ခဲ့တယ်"
ဂျီမင်းနဖူးကိုဖွဖွနမ်းကာပြုံးပြပြီးပြန်ထွက်သွားသည်။
ကျန်ခဲ့သောလူမှာတော့ရင်ထဲဒူးရင်းသီးကြားဘတ်တာဖလိုင်းတွေဖလူးဖလူးပေါ့။
ဂျီမင်းဘာတွန်ကိုပြန်ရောက်ပြီးကတည်းကဘာမှမလုပ်ဘဲအားယားနေတာတစ်ပတ်ကျော်လောက်ရှိခဲ့ပြီ။
ဖီးလီးယက်စ်၏ရေးလက်စစာအုပ်တွေကိုဆွဲဖတ်လိုက် ဝိန်း၏စာဖတ်ခန်းထဲဝင်ကာဖွလိုက်ဖြင့်အလွန့်အလွန်ကိုအားယားနေခဲ့သည်။
အမှုကိစ္စတွေကလည်းသူနားလည်တာမဟုတ်...
ဝိန်းကိုပဲအားလုံးလွှတ်ထားပေးလိုက်တော့မည်။
တစ်နေ့သူဖီးလီးယက်စ်၏စာအုပ်ပုံကြားမှစာအုပ်တစ်အုပ်ကိုကောက်ရလိုက်သည်။
ထိုစာအုပ်မှာချောကလက်ကိတ်လုပ်နည်းရေးထားသည့်စာအုပ်ပင်။
ဖီးလီးယက်စ်၏ချောကလက်ကိတ်နှင့်ပက်သက်၍ဝိန်းရဲ့မှတ်ချက်ကိုရော ကင်မ်ရဲ့မှတ်ချက်ကိုရောကြားဖူးသည်။
လက်ရာကအမှန်တကယ်ကိုထိပ်တန်းပင်။
သူစမ်းလုပ်ကြည့်ဖို့ကြိုးစားလိုက်သည်။
ဝိန်းပြန်လာရင်သူလုပ်ထားတာပါဟုကြွားဝါ၍ရနိုင်သည်။
ပါဝင်ပစ္စည်းတွေကလည်းအိမ်မှာအစုံအလင်ရှိနေတာကြောင့်အခုချက်ချင်းပဲထလုပ်ဖို့ဆုံးဖြတ်လိုက်သည်။
၂၀ရာစုကနေ နည်းလမ်းတစ်ခုသင်သွားရရင်လည်းသိပ်တော့မဆိုးပါဘူး။
ဤသို့ဖြင့်ဂျီမင်းမီးဖိုချောင်ထဲအချိန်၃နာရီ၄နာရီခန့်ကုန်ဆုံးသွားသည်။
မီးဖိုချောင်တစ်ခုလုံးတွင်လည်းဂျုံမှုန့်များ၊ချောကလက်အမှုန့်များဖြင့်ပေပွလို့...
အဆုံးသတ်တွင်တော့ သူကိတ်မုန့်တစ်လုံးရခဲ့သည်။
အတော်လေးအမြင်မလှပေမယ့်စားလို့ကောင်းမှာဟုတစ်ဖက်သတ်မှတ်ယူလိုက်ကာဝိန်းကိုညနေကျကျွေးဖို့သိမ်းထားလိုက်သည်။
ရှင်းစရာရှိတာများရှင်းလိုက်ကာဝိန်းပြန်အလာကိုပြုံးပြုံးလေးထိုင်စောင့်နေလိုက်သည်။
နောက်တစ်နာရီခန့်ကြာတော့ဝိန်းပြန်ရောက်လာသည်။
ဒီနေ့လည်းအမှုများစွာကိုဖြေရှင်းခဲ့ရဟန်တူသည်။
ဝိန်း၏မျက်နှာကအနည်းငယ်ပြေလျော့နေခဲ့ပြီးပင်ပန်းနေပုံပေါ်သည်။
"ဝိန်း"
"အင်း"
"ဒီနေ့ဟင်းမချက်နဲ့တော့
ကျွန်တော်ကိတ်မုန့်ဖုတ်ထားတယ်"
"ဟုတ်လား"
ဝိန်းကအံ့အားသင့်ဟန်ဖြင့်ဂျီမင်းကိုဆွဲကာဖက်လိုက်သည်။သူ၏ပင်ပန်းနွမ်းနယ်မှုများမှာဤခန္ဓာကိုယ်လေးကိုထိလိုက်ရရုံနှင့်အကုန်ဆွဲယူပျောက်ဆုံးသွားသလိုလို။
"ဖီးလီးယက်စ်စာအုပ်တွေ့လို့ အဲ့ထဲကအတိုင်းလုပ်ထားတာ"
"အင်း"
"ဝိန်း မြန်မြန်ရေချိုးလိုက်တော့
စားကြမယ်"
"ကောင်းပါပြီ"
ရေချိုးခြင်းအမှုပြီးဆုံးသွားသောအခါတွင်ဝိန်းနှင့်ဂျီမင်း ညစာစားပွဲပေါ်တွင်ထိုင်လိုက်ကြသည်။
စားပွဲပေါ်ရောက်ရှိလာသောချောကလက်ကိတ်ကလေးမှာရယ်ချင်စရာပင်။
ချောကလက်များကပန်းကန်အဖြူအထိတောင်ပေကျံနေပြီးခရင်မ်များကလည်းဟိုတစ်ပုံ ဒီတစ်ပုံ။
"အဟမ်း မလှပေမယ့်စားကောင်းတယ်
စားကြည့်"
ဝိန်းကရယ်ချင်စိတ်ကိုထိန်းကာတစ်လုတ်ယူပြီးစားလိုက်သည်။ကိတ်ကလည်ချောင်းမှာတင်တစ်သွားကာရေတစ်ခွက်ယူပြီးသောက်လိုက်ရသည်။
"အဟွတ် အဟွတ်"
"အရသာကောင်းလား"
"အရမ်းဆိုးဝါးတယ်"
"ဘာ...ကျွန်တော်စားကြည့်မယ်"
"ဖွီးး"
ဂျီမင်းလည်းတစ်လုတ်ယူပြီးစားကြည့်လိုက်သည်။
ခါးတူးတူးအရသာကြောင့်ပါးစပ်ထဲရောက်သမျှကိတ်မုန့်များကအပြင်ပြန်ထွက်သွားသည်။
ထိုကိတ်မုန့်များကရှေ့မှဝိန်း၏မျက်နှာချောချောကြီးကိုသွားစင်သည်။
"အယ် အယ် တောင်းပန်ပါတယ် ဝိန်း"
"ရတယ် ရတယ်"
ဝိန်းကထသွားကာမျက်နှာရေသွားသစ်လိုက်သည်။
ထမင်းစားပွဲပြန်ရောက်တော့ဂျီမင်း၏မျက်နှာကပုပ်သိုးနေပြီ။
"ဘာဖြစ်လို့လဲ"
"ဝိန်း ကျွန်တော်တကယ်ဘာမှကိုအသုံးမကျတာပဲ"
"ဘာမှမဖြစ်ပါဘူး"
"ကျွန်တော်ကဝိန်းကိုစားစေချင်လို့ကိတ်မုန့်ဖုတ်ပေးတာကို"
ဂျီမင်း၏ဖြစ်ပျက်နေသောမျက်နှာကိုကြည့်ရင်းဝိန်းကအားရပါးရပြုံးလိုက်သည်။
"ဝိန်းကဘာလို့ပြုံးနေတာတုန်း"
ဂျီမင်းမှာဒေါသထွက်ရတဲ့ကြားထဲဝိန်းကပြုံးပြီးကြည့်နေတာကြောင့်စိတ်တိုတိုနှင့်ဝိန်း၏လက်မောင်းကိုရိုက်လိုက်သည်။
"လာပါ ကိုယ်ခေါက်ဆွဲလုပ်ပေးမယ်"
"မလုပ်နဲ့ မစားတော့ဘူး"
"မရဘူး စားရမယ်"
"မစားဘူး မစားဘူး"
"အဲ့တာဆိုဘာစားချင်တာလဲ"
"ဘာမှမစားဘူး"
"ဘာမှမစားလို့ရမလားကွာ ဂျီမကျနဲ့လေ"
"ကျတော့ဘာဖြစ်လဲ ဝီလီယမ်ဂျီကျတာတော့ခံနိုင်တယ်မလား"
"အစ်ကိုကဂျီမကျဘူး"
"ဘာပဲဖြစ်ဖြစ်ဗျာ သွားပြီ လာမခေါ်နဲ့တော့"
ထွက်သွားတော့မည့်ဆဲဆဲဂျီမင်းကိုဝိန်းကဆွဲယူကာရင်ခွင်ထဲပိုက်ထားလိုက်သည်။
ဂျီမင်းကလည်းရုန်းပြန်သည်။
သူ့ကိတ်မုန့်တူးလို့စိတ်ညစ်ရတဲ့ကြားထဲ...
"ကိုယ်ပင်ပန်းလာတယ် ငြိမ်ငြိမ်နေပေး"
"လွှတ်ပေးလို့"
"ငြိမ်ငြိမ်နေ မနေရင်ကြိုးနဲ့တုပ်ထားလိုက်မယ်"
ဝိန်းကပြောရင်ပြောတဲ့အတိုင်းလုပ်မှာမလို့ဂျီမင်းငြိမ်လိုက်ရသည်။သူ့ရင်ဘတ်ထဲကဒူးရင်းသီးကတော့ပျောက်မသွားဘူး။ပိုတောင်ကြီးလာသေးတယ်။
"ခေါက်ဆွဲပူပူလေးစားကြမယ်လေ"
"မစားဘူး"
"ကိတ်မုန့်လေးပဲကိုကွာ"
ဘာကိုကိတ်မုန့်လေးလဲ အဲ့တာခင်ဗျားအတွက်လုပ်ပေးထားတာလို့
ဒီမကောင်းတဲ့သောက်အဘိုးကြီးဝိန်းရဲ့!!
ဂျီမင်းရဲ့မျက်နှာမှာမဲ့ကျသွားသည်။
ဝိန်းသည်သူ့ကိုမျက်နှာချင်းလည်းမဆိုင် ရုန်းလည်းမရုန်းတော့သောဂျီမင်းကိုအသာလေးဆွဲလှည့်လိုက်သည်။
"ဘယ်လိုမျက်နှာလေးလုပ်နေတာလဲ
"မတူဘူး"
"ဒါဆို မင်းလုပ်လိုက် ကိုယ်ဘေးကကူပေးမယ်
ဟုတ်ပြီလား ကျေနပ်ပြီလား"
ဂျီမင်းကအတော်အတန်ကြာသည်အထိမျက်နှာလွှဲသွားသည်။ထို့နောက်ခေါင်းတစ်ချက်ငြိမ့်ပြသည်။
"အင်း"
ဝိန်းမှာသက်ပြင်းသာချမိတော့သည်။
ဂျီမင်းရောက်လာမှသူ့မှာကလေးလိုက်ထိန်းနေရတဲ့အဖေကြီးကိုဖြစ်လို့...
ဝီလီယမ်နှင့်ဆို သူကဆိုးလာသမျှအခုတော့ပြန်ခံနေရပြီ။
အချိန်တစ်ခုကြာပြီးသောအခါ ကိတ်မုန့်တစ်လုံးရရှိလာသည်။ဝိန်းကကူညီပေးမယ်သာပြော၍သူသာအစအဆုံးလုပ်သွားသည်။ ကိတ်မုန့်ကပထမတစ်လုံးထက်စာရင်တော်တော်လေးအဆင်ပြေတာမို့လို့ဂျီမင်း၏ဟာတာတာဗိုက်ကလေးမှာဂလုံဂလွမ်ဖြင့်အသံပေါင်းများစွာမြည်လာတော့သည်။
ကိတ်မုန့်ကိုတစ်ဇွန်းခပ်၍ဝိန်း၏ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။ကြီးတဲ့လူကိုဦးချရတာပုံမှန်ပဲလေ။
ဝိန်းသည်သူ့ပန်းကန်ထဲရောက်လာသောကိတ်မုန့်တုံးလေးကိုကြည့်ရင်းပြုံးလိုက်သည်။
"မင်းလည်းစားလေ"
"အင်း"
ညစာစားပြီးသွားချိန်တွင်ဂျီမင်းသည်ဝှားခနဲသမ်းဝေလိုက်သည်။သူ့အလုပ်ကစားပြီးရင်အိပ် အိပ်ပြီးရင်စားပဲ။
ဘာမှကိုလုပ်စရာမလို...
"အိပ်ချင်ပြီလား"
"အင်း"
"အိပ်ရအောင်"
ဂျီမင်း၏အိပ်ချင်မူးတူးမျက်လုံးကလေးမှာပြူးကျယ်သွားသည်။ဝိန်းသည်ဘယ်တုန်းကမှသူနဲ့အချိန်တူတူအိပ်လေ့မရှိ။တစ်ညလုံးနီးပါးစာချုပ်တွေ အစီရင်ခံစာတွေကိုကြည့်နေတတ်ကာမနက်ကျရင်လည်းအစောကြီးမြို့တော်ဝန်ရုံးသို့သွားတတ်သည်။
"တူတူအိပ်မှာလား"
"အင်းပေါ့ ဘာဖြစ်လို့လဲ"
"ဟင့်အင်း ဘာမှမဖြစ်ပါဘူး"
ဂျီမင်း၏ပါးပေါ်တွင်ပန်းရောင်အရိပ်လေးများကကူးလူးသွားသည်။
ဤသို့ဖြင့်မအိပ်ခင်ဝိန်းကသူ့ကိုကိုယ်ပေါ်မှာတင်ထားကာအညိုရောင်ဆံပင်လေးများကိုဖွပေးနေသည်။
ဂျီမင်းကတော့ဝိန်းရဲ့ရင်ဘတ်ပေါ်မှာခေါင်းတင်ထားရင်းနဲ့ပဲမျက်လုံးမှိတ်ထားသည်။
ဝိန်းသည်ဂျီမင်းခေါင်းလေးကိုပွတ်သပ်ပေးနေရင်းသက်ပြင်းတစ်ချက်ချလိုက်သည်။
"ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး ကိုယ်နည်းနည်းပင်ပန်းလို့ပါ
နက်ဖြန်သတင်းသွားစုံစမ်းရဦးမယ်"
"ဝိန်းပင်ပန်းရင်အိပ်တော့ ကျွန်တော်ထပေးမယ်"
ဂျီမင်းကနေရာမှထလိုက်ပြီးဝိန်း၏ဘေးနားဝင်လှဲလိုက်သည်။ထို့နောက်အလိုအလျောက်ဝိန်း၏ရင်ခွင်ထဲဝင်သွားသည်။သူ့စိတ်ကိုသူလည်းနားမလည်နိုင်တော့ပါဘူး။
မကြိုက်တော့ဘူးပြောပြီးရင်ခွင်ထဲအရင်ပြေးဝင်ချင်နေတာလည်းသူပါပဲ။
ဝိန်းသည်ကြောင်ပေါက်ကလေးတစ်ကောင်လိုတိုးဝင်လာသောဂျီမင်းကိုဆီးကာဖမ်းထားလိုက်သည်။
ဂျီမင်းကတော့ငြိမ်ငြိမ်လေးနေကာခဏလေးအတွင်းမှာပဲအိပ်ပျော်သွားတော့သည်။
___
လက်ထဲကိုရောက်လာသောစာတစ်စောင်။
စည်းတံဆိပ်မှာချားလ်စ်ဟူသောအမှတ်တံဆိပ်ခတ်နှိပ်ထားသည်။
ဝီလီယမ်၏မျက်ခုံးများတွန့်ကွေးသွားသည်။
ဖွင့်ဖောက်ကာဖတ်ကြည့်တော့ရင်းနှီးနေသည့်လက်ရေးများ။ဟင်နရီထံမှဖြစ်သည်။
ဘာတွန်ကိုပြန်လာခဲ့ပါ ဝီလီယမ်
လီလိဂျိမ်းတိုင်ကြားထားတဲ့ကိစ္စကိုအဖြေသိပြီလို့ငါထင်တယ် လာရင်ဘယ်သူမှမသိအောင်လာပါ။
ဘာတွန်မှာမင်းနောက်ကိုလိုက်နေတဲ့လူတွေအများကြီးပဲ။
ဟင်နရီချားလ်စ်
စာကိုဖတ်ပြီးသည်နှင့်တစ်ပြိုင်နက်မီးရှို့လိုက်သည်။
စည်းတံဆိပ်ကိုတော့အိတ်ကပ်ထဲထည့်ကာသိမ်းထားလိုက်သည်။
ထို့နောက်ထိန်ထိန်သာနေသည့်လပြည့်ဝန်းကြီးကိုတစ်ချက်မော့ကာကြည့်လိုက်မိသည်။
ဒါတွေပြီးဆုံးတော့မှာပါ။
ဝီလီယမ်သည်နောက်တစ်နေ့ချက်ချင်းခရီးထွက်ခဲ့သည်။သူဘာတွန်သို့ရောက်ချိန်တွင်ညနေပင်စောင်းနေခဲ့ပြီဖြစ်သည်။ချားလ်စ်အိမ်ရှေ့ရောက်ချိန်တွင်တော့ညဘက်တောင်ရောက်နေခဲ့ပြီ။
"ဟင်နရီချားလ်စ်ကိုတွေ့ချင်လို့ပါ"
"ဒီဘက်ကိုကြွပါ မစ္စတာ"
သူစည်းတံဆိပ်ကိုထုတ်ကာပြလိုက်သည်။
အစောင့်တစ်ယောက်ကသူ့ကိုရိုသေစွာလမ်းပြပေးတာကြောင့်အဲ့ဒီအစောင့်နောက်ကိုပဲလိုက်သွားတော့သည်။
အခန်းကြီးကမီးရောင်များဖြင့်ထိန်ထိန်လင်းနေသည်။
ဟင်နရီချားလ်စ်ကထိုင်ခုံပေါ်တွင်ခြေချိတ်ထိုင်နေကာဝီလီယမ်ကိုစောင့်နေသည်။
"ဟင်နရီ"
"အော ဝီလီယမ်!
ထိုင်ပါဦး"
ဟင်နရီကသူ့ရှေ့ကထိုင်ခုံကိုလက်ညွှန်ပြသည်။
ဝီလီယမ်လည်းဝင်ကာထိုင်လိုက်သည်။
"မင်းသိရပြီဆိုတာဘာလဲ"
"အလုပ်သမတွေနဲ့ပက်သက်တဲ့ကိစ္စပါ
ဒီမှာ..."
ဟင်နရီကစာရွက်တစ်ထပ်ကိုကမ်းပေးရင်းပြောသည်။
ဝီလီယမ်လည်းလှမ်းယူလိုက်ပြီးတစ်ရွက်စီဖြန့်ကြည့်လိုက်သည်။
"မင်းကအရက်မကြိုက်တော့ ငါအသီးဖျော်ရည်ပဲလုပ်ထားတယ် သောက်ပါဦး"
ဟင်နရီကပန်းသီးဖျော်ရည်တစ်ခွက်ကိုလှမ်းပေးသည်။
ဝီလီယမ်လည်းလှမ်းယူလိုက်ကာသောက်ချင်ယောင်ဆောင်လိုက်သည်။
အအေးခွက်တွေဆိုတာဘယ်တော့မှယုံရတာမဟုတ်။
"အင်း လူတွေအများကြီးပဲ"
"ဟုတ်တယ် အဓိကက ငါတို့ယမ်းစက်ရုံရဲ့ယမ်းမှုန့်ကြောင့်ဖြစ်တာ"
"ပြီးခဲ့တဲ့နှစ်က အဖြူရောင်ကန့်မှုန့်ကို၁၀ရာခိုင်နှုန်းပဲထည့်ခဲ့တယ်
အခုနှစ်ကျ အဖြူရောင်ကန့်မှုန့်ကို၂၅ရာခိုင်နှုန်းထိတိုးလိုက်လို့
အဖြူရောင်ကန့်မှုန့်ကအန္တရာယ်ရှိတယ်
အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တယ် ဒါကြောင့်အလုပ်သမတွေသေကြတာပဲ"
"ဒါဆို ဟယ်ရီချားလ်စ်က..."
"ဟယ်ရီချားလ်စ်အကြောင်းမပြောခင် ပေါက်ကွဲမှုအားအကြောင်းပြောပြမယ်
ဝီလီယမ် ဘယ်ဟာကပိုပြီးရောင်းကောင်းမယ်လို့မင်းထင်လဲ"
"ဘာလို့မေးတာလဲ"
"အဲ့ဒီအဖြူရောင်ကန့်မှုန့်၂၅ရာခိုင်နှုန်းထည့်ထားတဲ့ယမ်းတွေကပိုပြီးပေါက်ကွဲအားကောင်းတယ်
အခုနှစ်ပိုင်းရုရှားကနေအဝယ်တော်တွေအများကြီးရောက်တယ် သူတို့ဘာကိုပိုပြီးအလိုရှိမယ်လို့မင်းထင်သလဲ"
"မင်း..."
"ဒါတွေအကုန်ဟယ်ရီချားလ်စ်ရဲ့ပြဿနာတွေမဟုတ်ဘူး အဲ့အဘိုးကြီးကဘာမှသိတာမဟုတ်ဘူး ငါပဲအကုန်စီစဉ်ခဲ့တာ ဒီနှစ်ပိုင်းချားလ်စ်ကဘာလို့စက်ရုံကြီးဖြစ်လာလဲဆိုရင်ငါ့ကြောင့်ပဲ"
"မင်းမသိခဲ့ဘူးလေ မင်းကဟယ်ရီချားလ်စ်နောက်ပဲလိုက်ဖို့စိတ်အားထက်သန်နေခဲ့တာ နောက်ကွယ်ကလူကငါပဲ ဝီလီယမ်"
"အော် ဟယ်ရီချားလ်စ်ကငါ့ကြောင့်ပဲသေသွားတာလေ
ငါသူ့ကိုသတ်လိုက်တာ"
"မင်းအဖေကိုမင်းကသတ်လိုက်တယ်"
"သူကငါ့ကိုဝင်ရှုပ်နေတာကိုး
"လီလီဂျိမ်းကိုတောင်မတွေ့သေးဘူး အမှုကပေါ်သွားပြီ
ပျော်စရာကောင်းတယ်မလား"
ဝီလီယမ်ကထကာမတ်တတ်ရပ်လိုက်သည်။
သူ၏ခြေထောက်များမှာမခိုင်တော့။ခွေခနဲလဲကျသွားတော့ဟင်နရီကလှမ်းဖမ်းထိန်းပေးထားလိုက်သည်။
"အို ဂရုစိုက်မှပေါ့ ဝီလီယမ်ရယ်"
ဝီလီယမ်၏အမြင်များဝေဝါးလာသည်။
သူ၏ခေါင်းကလည်းချာလပတ်ရမ်းနေကာအနားကပ်လာသောဟင်နရီ၏မျက်နှာကိုတောင်သဲသဲကွဲကွဲမမြင်ရ။
သူအအေးလည်းမသောက်ခဲ့မိပါဘူး။
"မူးနေပြီမလား"
ထို့နောက်ဟင်နရီကဝီလီယမ်ရှေ့ကအအေးခွက်ကိုယူလိုက်ကာသောက်လိုက်သည်။
"မင်းရဲ့သံသယကိုငါသိတယ် ဒါ့ကြောင့်ဆေးကအအေးထဲမှာမဟုတ်ဘူး စောနကငါကမ်းပေးလိုက်တဲ့စာရွက်တွေထဲမှာပဲ"
ဟင်နရီကမ်းပေးလိုက်တုန်းကစာရွက်တွေဟာပိတ်လျက်သားဖြစ်သည်။သူယူကာဖွင့်ကြည့်လိုက်မှဆေးတွေကလေထဲလွင့်ကုန်ကာသူ့အသက်ရှူလမ်းကြောင်းထဲရောက်ကုန်တာဖြစ်နိုင်သည်။
"မင်းဘယ်လိုများလုပ်ရက်ရတာလဲ"
"ငါအသစ်ထွင်ထားတဲ့ဖော်စပ်နည်းလေးလေ
အဆင်ပြေသားပဲ"
ဝီလီယမ်၏မြင်ကွင်းထဲတွင်ဘာမှမရှိတော့။
သူသတိရလိုက်သည်ကသူ၏ပျော့ခွေနေသောခန္ဓာကိုယ်ကိုဟင်နရီကပွေ့ကာကုတင်ပေါ်တင်လိုက်သည့်အချိန်ကိုပဲ။
ဝီလီယမ်၏မြင်ကွင်းမှာအမှောင်ကြီးကျသွားတော့သည်။
လဲလျောင်းနေသောဝီလီယမ်၏မဟူရာရောင်ဆံပင်များကိုသပ်တင်ပေးရင်းဟင်နရီကခပ်ပါးပါးပြုံးလိုက်သည်။
"တောင်းပန်ပါတယ် ဝီလီယမ်
ဒီလိုမှမလုပ်ရင် ငါသောမတ်စ်ဝိန်းကိုနိုင်မှာမဟုတ်ဘူး"
____
ဝိန်း၏မျက်လုံးများပွင့်လာသောအချိန်တွင်မနက်အလင်းရောင်တောင်ထိုးနေပြီဖြစ်သည်။
ရင်ခွင်ထဲမှအသက်ရှူမှန်မှန်နှင့်အိပ်ပျော်နေသောဂျီမင်းကိုငုံ့ကြည့်လိုက်သည်။
မျက်လုံးပေါ်အုပ်နေသောဆံပင်များကိုအသာလေးဖယ်ပေးလိုက်ကာရင်ခွင်ထဲမှဆွဲထုတ်လိုက်သည်။
သူ့ရင်ခွင်ထဲမှလွတ်သွားသည်နှင့်ဂျီမင်းက အင်းအဲ အသံပြုကာဟိုဘက်သို့လှိမ့်သွားသည်။
အိပ်ရာပေါ်မှထလိုက်ပြီးဂျီမင်းပေါ်ကိုစောင်လွှားပေးထားလိုက်သည်။
ရေချိုးကာအဝတ်အစားလဲလိုက်ပြီးမြို့တော်ဝန်ရုံးဆီသို့ထွက်လာခဲ့သည်။အထောက်တော်ကဒီနေ့သတင်းပေးစရာရှိသည်ဟုဆို၍သူ၏ရုံးခန်းထဲမှာတွေ့ဖို့ချိန်းထားတာကြောင့်မနက်စောစောလာခဲ့ခြင်းဖြစ်သည်။
"မစ္စတာဝိန်း"
"အင်း အခြေအနေဘယ်လိုတဲ့လဲ"
"သတင်းဆိုးပါ မစ္စတာအာသာကကျွန်တော်တို့မြင်ကွင်းထဲကပျောက်သွားပါတယ်"
"ဘာ.."
"ကျွန်တော်တို့၂၄နာရီစလုံးတင်းတင်းကြပ်ကြပ်စောင့်ကြည့်နေတာပါ ထူးဆန်းတယ် သူကလေထဲပျောက်သွားသလိုပဲ
အဖွဲ့သားတစ်ယောက်ပြောတာကတော့စာတစ်စောင်ကိုဖွင့်ဖတ်ပြီးပျောက်သွားတာပါတဲ့"
"မင်းတို့အလုပ်ကိုဘယ်လိုတွေလုပ်နေတာလဲ"
"ကျွန်တော်ပေါ့လျော့မိတာပါ
အခုပဲအင်အားတွေဖြန့်ကျက်ပြီးရှာခိုင်းထားပါတယ်"
"နောက်ပြီး မစ္စတာဝိန်းရှာခိုင်းထားတဲ့လီလီဂျိမ်းရဲ့အချက်အလက်တွေပါ"
ဝိန်းကကမ်းပေးလာသောစာရွက်တွေကိုယူကာဖြန့်ကြည့်လိုက်သည်။
"အမျိုးသမီးအဖွဲ့အစည်း"
ဝိန်း၏မျက်ခုံးများတွန့်ကွေးသွားသည်။
ဒီအဖွဲ့အစည်းနာမည်ကိုသူမကြားဖူးတာမဟုတ်။
သို့သော်လည်းဒီအဖွဲ့အစည်းကလွန်ခဲ့တဲ့နှစ်၂၀ကျော်ခန့်ကတည်းကပျောက်ဆုံးသွားခဲ့သောအဖွဲ့အစည်းဖြစ်သည်။
"မြေအောက်အဖွဲ့အစည်းတစ်ခုပါ
နိုင်ငံရေးထဲမှာလည်းတော်တော်လေးဝင်ရောက်စွက်ဖက်ထားသေးပါတယ်"
"သူတို့ရဲ့ရည်ရွယ်ချက်ကလက်ရှိအမျိုးသားဝန်ကြီးတွေ အမတ်တွေကိုဖြုတ်ချပြီးသူတို့အဖွဲ့အစည်းကလူနဲ့အစားထိုးဖို့ပါပဲ"
"ဒါဆိုလီလီဂျိမ်းက..."
"ဟုတ်ပါတယ် အဲ့အဖွဲ့အစည်းရဲ့ခေါင်းဆောင်ပါ"
___
ဒန်တန့်တန့်!!(✯ᴗ✯)
.
.
.
Zawgyi
ကိစၥေတြအားလံုးရဲ႕ေနာက္ကြယ္ကလူ
ဘာတြန္ကိုျပန္ေရာက္ၿပီးေနာက္ပိုင္းဝိန္းကဂ်ီမင္းကိုအိမ္တြင္ေခၚထားသည္။
ဖီးလီးယက္စ္အိမ္မွအထုပ္အပိုးမ်ားကိုလည္းေရႊ႕လာေစလိုက္ၿပီးအခန္းတစ္ခန္းထဲတြင္ထည့္ထားေစသည္။
"ကိုယ္ၿမိဳ႕ေတာ္ဝန္ရံုးသြားဦးမယ္"
"ဟုတ္"
"လိမ္လိမ္မာမာေနခဲ့"
"ဟုတ္"
"မင္း ႐ြဲ႕ေနတာလား"
"မဟုတ္ပါဘူး"
"ကိစၥရွိရင္ၿမိဳ႕ေတာ္ဝန္ရံုးကိုလူလႊတ္လိုက္
ကိုယ္ျပန္လာခဲ့မယ္"
"ျပန္လာရင္အသားကင္ေကြၽးဦး"
"အင္း"
ဂ်ီမင္းသည္အိမ္တံခါးဝတြင္ရပ္ေစာင့္ေနၿပီးဝိန္းကလက္ကိုင္အိတ္ကိုဆြဲလ်က္အိမ္အျပင္ထြက္သြားသည္။
ၿခံတံခါးဝနားေတာင္မေရာက္ေသးမီျပန္လွည့္လာကာ...
"ဒါေလးေမ့ခဲ့တယ္"
ဂ်ီမင္းနဖူးကိုဖြဖြနမ္းကာၿပံဳးျပၿပီးျပန္ထြက္သြားသည္။
က်န္ခဲ့ေသာလူမွာေတာ့ရင္ထဲဒူးရင္းသီးၾကားဘတ္တာဖလိုင္းေတြဖလူးဖလူးေပါ့။
ဂ်ီမင္းဘာတြန္ကိုျပန္ေရာက္ၿပီးကတည္းကဘာမွမလုပ္ဘဲအားယားေနတာတစ္ပတ္ေက်ာ္ေလာက္ရွိခဲ့ၿပီ။
ဖီးလီးယက္စ္၏ေရးလက္စစာအုပ္ေတြကိုဆြဲဖတ္လိုက္ ဝိန္း၏စာဖတ္ခန္းထဲဝင္ကာဖြလိုက္ျဖင့္အလြန္႔အလြန္ကိုအားယားေနခဲ့သည္။
အမႈကိစၥေတြကလည္းသူနားလည္တာမဟုတ္...
ဝိန္းကုိပဲအားလံုးလႊတ္ထားေပးလိုက္ေတာ့မည္။
တစ္ေန႔သူဖီးလီးယက္စ္၏စာအုပ္ပံုၾကားမွစာအုပ္တစ္အုပ္ကိုေကာက္ရလိုက္သည္။
ထိုစာအုပ္မွာေခ်ာကလက္ကိတ္လုပ္နည္းေရးထားသည့္စာအုပ္ပင္။
ဖီးလီးယက္စ္၏ေခ်ာကလက္ကိတ္နွင့္ပက္သက္၍ဝိန္းရဲ႕မွတ္ခ်က္ကိုေရာ ကင္မ္ရဲ႕မွတ္ခ်က္ကိုေရာၾကားဖူးသည္။
လက္ရာကအမွန္တကယ္ကိုထိပ္တန္းပင္။
သူစမ္းလုပ္ၾကည့္ဖို႔ႀကိဳးစားလိုက္သည္။
ဝိန္းျပန္လာရင္သူလုပ္ထားတာပါဟုႂကြားဝါ၍ရနိုင္သည္။
ဤသို႔ျဖင့္ဂ်ီမင္းမီးဖိုေခ်ာင္ထဲအခ်ိန္၃နာရီ၄နာရီခန္႔ကုန္ဆံုးသြားသည္။
မီးဖိုေခ်ာင္တစ္ခုလံုးတြင္လည္းဂ်ံဳမႈန္႔မ်ား၊ေခ်ာကလက္အမႈန္႔မ်ားျဖင့္ေပပြလို႔...
အဆံုးသတ္တြင္ေတာ့ သူကိတ္မုန္႔တစ္လံုးရခဲ့သည္။
အေတာ္ေလးအျမင္မလွေပမယ့္စားလို႔ေကာင္းမွာဟုတစ္ဖက္သတ္မွတ္ယူလို္က္ကာဝိန္းကိုညေနက်ေကြၽးဖို႔သိမ္းထားလိုက္သည္။
ရွင္းစရာရွိတာမ်ားရွင္းလိုက္ကာဝိန္းျပန္အလာကိုၿပံဳးၿပံဳးေလးထိုင္ေစာင့္ေနလိုက္သည္။
ေနာက္တစ္နာရီခန္႔ၾကာေတာ့ဝိန္းျပန္ေရာက္လာသည္။
ဒီေန႔လည္းအမႈမ်ားစြာကိုေျဖရွင္းခဲ့ရဟန္တူသည္။
ဝိန္း၏မ်က္နွာကအနည္းငယ္ေျပေလ်ာ့ေနခဲ့ၿပီးပင္ပန္းေနပံုေပၚသည္။
"ဝိန္း"
"အင္း"
"ဒီေန႔ဟင္းမခ်က္နဲ႔ေတာ့
ကြၽန္ေတာ္ကိတ္မုန္႔ဖုတ္ထားတယ္"
"ဟုတ္လား"
ဝိန္းကအံ့အားသင့္ဟန္ျဖင့္ဂ်ီမင္းကိုဆြဲကာဖက္လိုက္သည္။သူ၏ပင္ပန္းႏြမ္းနယ္မႈမ်ားမွာဤခနၶာကိုယ္ေလးကိုထိလိုက္ရရံုနွင့္အကုန္ဆြဲယူေပ်ာက္ဆံုးသြားသလိုလို။
"ဖီးလီးယက္စ္စာအုပ္ေတြ႕လို႔ အဲ့ထဲကအတိုင္းလုပ္ထားတာ"
"အင္း"
"ဝိန္း ျမန္ျမန္ေရခ်ိဳးလိုက္ေတာ့
စားၾကမယ္"
"ေကာင္းပါၿပီ"
ေရခ်ိဳးျခင္းအမႈၿပီးဆံုးသြားေသာအခါတြင္ဝိန္းနွင့္ဂ်ီမင္း ညစာစားပြဲေပၚတြင္ထိုင္လိုက္ၾကသည္။
စားပြဲေပၚေရာက္ရွိလာေသာေခ်ာကလက္ကိတ္ကေလးမွာရယ္ခ်င္စရာပင္။
ေခ်ာကလက္မ်ားကပန္းကန္အျဖဴအထိေတာင္ေပက်ံေနၿပီးခရင္မ္မ်ားကလည္းဟိုတစ္ပံု ဒီတစ္ပံု။
"အဟမ္း မလွေပမယ့္စားေကာင္းတယ္
စားၾကည့္"
ဝိန္းကရယ္ခ်င္စိတ္ကိုထိန္းကာတစ္လုတ္ယူၿပီးစားလိုက္သည္။ကိတ္ကလည္ေခ်ာင္းမွာတင္တစ္သြားကာေရတစ္ခြက္ယူၿပီးေသာက္လိုက္ရသည္။
"အဟြတ္ အဟြတ္"
"အရသာေကာင္းလား"
"အရမ္းဆိုးဝါးတယ္"
"ဘာ...ကြၽန္ေတာ္စားၾကည့္မယ္"
"ဖြီးး"
ဂ်ီမင္းလည္းတစ္လုတ္ယူၿပီးစားၾကည့္လိုက္သည္။
ခါးတူးတူးအရသာေၾကာင့္ပါးစပ္ထဲေရာက္သမ်ွကိတ္မုန္႔မ်ားကအျပင္ျပန္ထြက္သြားသည္။
ထိုကိတ္မုန္႔မ်ားကေရွ႕မွဝိန္း၏မ်က္နွာေခ်ာေခ်ာႀကီးကိုသြားစင္သည္။
"အယ္ အယ္ ေတာင္းပန္ပါတယ္ ဝိန္း"
"ရတယ္ ရတယ္"
ဝိန္းကထသြားကာမ်က္နွာေရသြားသစ္လိုက္သည္။
ထမင္းစားပြဲျပန္ေရာက္ေတာ့ဂ်ီမင္း၏မ်က္နွာကပုပ္သိုးေနၿပီ။
"ဘာျဖစ္လို႔လဲ"
"ဝိန္း ကြၽန္ေတာ္တကယ္ဘာမွကိုအသံုးမက်တာပဲ"
"ဘာမွမျဖစ္ပါဘူး"
"ကြၽန္ေတာ္ကဝိန္းကိုစားေစခ်င္လို႔ကိတ္မုန္႔ဖုတ္ေပးတာကို"
ဂ်ီမင္း၏ျဖစ္ပ်က္ေနေသာမ်က္နွာကိုၾကည့္ရင္းဝိန္းကအားရပါးရၿပံဳးလိုက္သည္။
"ဝိန္းကဘာလို႔ၿပံဳးေနတာတုန္း"
ဂ်ီမင္းမွာေဒါသထြက္ရတဲ့ၾကားထဲဝိန္းကၿပံဳးၿပီးၾကည့္ေနတာေၾကာင့္စိတ္တိုတိုနွင့္ဝိန္း၏လက္ေမာင္းကိုရိုက္လိုက္သည္။
"လာပါ ကိုယ္ေခါက္ဆြဲလုပ္ေပးမယ္"
"မလုပ္နဲ႔ မစားေတာ့ဘူး"
"မရဘူး စားရမယ္"
"မစားဘူး မစားဘူး"
"အဲ့တာဆိုဘာစားခ်င္တာလဲ"
"ဘာမွမစားဘူး"
"ဘာမွမစားလို႔ရမလားကြာ ဂ်ီမက်နဲ႔ေလ"
"က်ေတာ့ဘာျဖစ္လဲ ဝီလီယမ္ဂ်ီက်တာေတာ့ခံနိုင္တယ္မလား"
"အစ္ကိုကဂ်ီမက်ဘူး"
"ဘာပဲျဖစ္ျဖစ္ဗ်ာ သြားၿပီ လာမေခၚနဲ႔ေတာ့"
ထြက္သြားေတာ့မည့္ဆဲဆဲဂ်ီမင္းကိုဝိန္းကဆြဲယူကာရင္ခြင္ထဲပိုက္ထားလိုက္သည္။
ဂ်ီမင္းကလည္းရုန္းျပန္သည္။
သူ႔ကိတ္မုန္႔တူးလို႔စိတ္ညစ္ရတဲ့ၾကားထဲ...
"ကိုယ္ပင္ပန္းလာတယ္ ၿငိမ္ၿငိမ္ေနေပး"
"လႊတ္ေပးလို႔"
"ၿငိမ္ၿငိမ္ေန မေနရင္ႀကိဳးနဲ႔တုပ္ထားလိုက္မယ္"
ဝိန္းကေျပာရင္ေျပာတဲ့အတိုင္းလုပ္မွာမလို႔ဂ်ီမင္းၿငိမ္လိုက္ရသည္။သူ႔ရင္ဘတ္ထဲကဒူးရင္းသီးကေတာ့ေပ်ာက္မသြားဘူး။ပိုေတာင္ႀကီးလာေသးတယ္။
"ေခါက္ဆြဲပူပူေလးစားၾကမယ္ေလ"
"မစားဘူး"
"ကိတ္မုန္႔ေလးပဲကိုကြာ"
ဘာကိုကိတ္မုန္႔ေလးလဲ အဲ့တာခင္ဗ်ားအတြက္လုပ္ေပးထားတာလို႔
ဒီမေကာင္းတဲ့ေသာက္အဘိုးႀကီးဝိန္းရဲ႕!!
ဂ်ီမင္းရဲ႕မ်က္နွာမွာမဲ့က်သြားသည္။
ဝိန္းသည္သူ႔ကိုမ်က္နွာခ်င္းလည္းမဆိုင္ ရုန္းလည္းမရုန္းေတာ့ေသာဂ်ီမင္းကိုအသာေလးဆြဲလွည့္လိုက္သည္။
"ဘယ္လိုမ်က္နွာေလးလုပ္ေနတာလဲ
ကိုယ္အသစ္ျပန္လုပ္ေပးမယ္ေလ"
"မတူဘူး"
"ဒါဆို မင္းလုပ္လိုက္ ကိုယ္ေဘးကကူေပးမယ္
ဟုတ္ၿပီလား ေက်နပ္ၿပီလား"
ဂ်ီမင္းကအေတာ္အတန္ၾကာသည္အထိမ်က္နွာလႊဲသြားသည္။ထို႔ေနာက္ေခါင္းတစ္ခ်က္ၿငိမ့္ျပသည္။
"အင္း"
ဝိန္းမွာသက္ျပင္းသာခ်မိေတာ့သည္။
ဂ်ီမင္းေရာက္လာမွသူ႔မွာကေလးလိုက္ထိန္းေနရတဲ့အေဖႀကီးကိုျဖစ္လို႔...
ဝီလီယမ္နွင့္ဆို သူကဆိုးလာသမ်ွအခုေတာ့ျပန္ခံေနရၿပီ။
အခ်ိန္တစ္ခုၾကာၿပီးေသာအခါ ကိတ္မုန္႔တစ္လံုးရရွိလာသည္။ဝိန္းကကူညီေပးမယ္သာေျပာ၍သူသာအစအဆံုးလုပ္သြားသည္။ ကိတ္မုန္႔ကပထမတစ္လံုးထက္စာရင္ေတာ္ေတာ္ေလးအဆင္ေျပတာမို႔လို႔ဂ်ီမင္း၏ဟာတာတာဗိုက္ကေလးမွာဂလံုဂလြမ္ျဖင့္အသံေပါင္းမ်ားစြာျမည္လာေတာ့သည္။
ကိတ္မုန္႔ကိုတစ္ဇြန္းခပ္၍ဝိန္း၏ပန္းကန္ထဲသို႔ထည့္ေပးလိုက္သည္။ႀကီးတဲ့လူကိုဦးခ်ရတာပံုမွန္ပဲေလ။
ဝိန္းသည္သူ႔ပန္းကန္ထဲေရာက္လာေသာကိတ္မုန႔္တံုးေလးကိုၾကည့္ရင္းၿပံဳးလိုက္သည္။
"မင္းလည္းစားေလ"
"အင္း"
ညစာစားၿပီးသြားခ်ိန္တြင္ဂ်ီမင္းသည္ဝွားခနဲသမ္းေဝလိုက္သည္။သူ႔အလုပ္ကစားၿပီးရင္အိပ္ အိပ္ၿပီးရင္စားပဲ။
ဘာမွကိုလုပ္စရာမလို...
"အိပ္ခ်င္ၿပီလား"
"အင္း"
"အိပ္ရေအာင္"
ဂ်ီမင္း၏အိပ္ခ်င္မူးတူးမ်က္လံုးကေလးမွာျပဴးက်ယ္သြားသည္။ဝိန္းသည္ဘယ္တုန္းကမွသူနဲ႔အခ်ိန္တူတူအိပ္ေလ့မရွိ။တစ္ညလံုးနီးပါးစာခ်ဳပ္ေတြ အစီရင္ခံစာေတြကိုၾကည့္ေနတတ္ကာမနက္က်ရင္လည္းအေစာႀကီးၿမိဳ႕ေတာ္ဝန္ရံုးသို႔သြားတတ္သည္။
"တူတူအိပ္မွာလား"
"အင္းေပါ့ ဘာျဖစ္လို႔လဲ"
"ဟင့္အင္း ဘာမွမျဖစ္ပါဘူး"
ဂ်ီမင္း၏ပါးေပၚတြင္ပန္းေရာင္အရိပ္ေလးမ်ားကကူးလူးသြားသည္။
ဤသို႔ျဖင့္မအိပ္ခင္ဝိန္းကသူ႔ကိုကိုယ္ေပၚမွာတင္ထားကာအညိဳေရာင္ဆံပင္ေလးမ်ားကိုဖြေပးေနသည္။
ဂ်ီမင္းကေတာ့ဝိန္းရဲ႕ရင္ဘတ္ေပၚမွာေခါင္းတင္ထားရင္းနဲ႔ပဲမ်က္လံုးမွိတ္ထားသည္။
ဝိန္းသည္ဂ်ီမင္းေခါင္းေလးကိုပြတ္သပ္ေပးေနရင္းသက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
"ဘာျဖစ္လို႔လဲ"
"ဘာမွမဟုတ္ပါဘူး ကိုယ္နည္းနည္းပင္ပန္းလို႔ပါ
နက္ျဖန္သတင္းသြားစံုစမ္းရဦးမယ္"
"ဝိန္းပင္ပန္းရင္အိပ္ေတာ့ ကြၽန္ေတာ္ထေပးမယ္"
ဂ်ီမင္းကေနရာမွထလိုက္ၿပီးဝိန္း၏ေဘးနားဝင္လွဲလိုက္သည္။ထို႔ေနာက္အလိုအေလ်ာက္ဝိန္း၏ရင္ခြင္ထဲဝင္သြားသည္။သူ႔စိတ္ကိုသူလည္းနားမလည္နိုင္ေတာ့ပါဘူး။
မႀကိဳက္ေတာ့ဘူးေျပာၿပီးရင္ခြင္ထဲအရင္ေျပးဝင္ခ်င္ေနတာလည္းသူပါပဲ။
ဝိန္းသည္ေၾကာင္ေပါက္ကေလးတစ္ေကာင္လိုတိုးဝင္လာေသာဂ်ီမင္းကိုဆီးကာဖမ္းထားလိုက္သည္။
ဂ်ီမင္းကေတာ့ၿငိမ္ၿငိမ္ေလးေနကာခဏေလးအတြင္းမွာပဲအိပ္ေပ်ာ္သြားေတာ့သည္။
___
လက္ထဲကိုေရာက္လာေသာစာတစ္ေစာင္။
စည္းတံဆိပ္မွာခ်ားလ္စ္ဟူေသာအမွတ္တံဆိပ္ခတ္နွိပ္ထားသည္။
ဝီလီယမ္၏မ်က္ခံုးမ်ားတြန္႔ေကြးသြားသည္။
ဖြင့္ေဖာက္ကာဖတ္ၾကည့္ေတာ့ရင္းနွီးေနသည့္လက္ေရးမ်ား။ဟင္နရီထံမွျဖစ္သည္။
ဘာတြန္ကိုျပန္လာခဲ့ပါ ဝီလီယမ္
လီလိဂ်ိမ္းတိုင္ၾကားထားတဲ့ကိစၥကိုအေျဖသိၿပီလို႔ငါထင္တယ္
You are reading the story above: TeenFic.Net