Chapter 12

Background color
Font
Font size
Line height

Unicode

တစ်ထပ်တည်းကျခဲ့လေသောရင်ခုန်သံ
အဝေးညမှစန္ဒရားတေးသံများ

ဂျီမင်းစာအုပ်များကိုပြန်စီဖို့အချိန်အတော်ကြာယူလိုက်ရသည်။ညနေအပြီးစီရမည်ဟုဝိန်းကပြောထားသော်လည်းညရောက်သည်အထိစာအုပ်များမှာစီ၍မကုန်နိုင်ချေ။
၈နာရီထိုးခါနီးလောက်တွင်မှပြီးသွားတာကြောင့်ဂျီမင်းမှာပင်ပန်းကာခြေကုန်လက်ပန်းကျသွားသည်။

သူ၏ဗိုက်ကလေးမှာတကြုတ်ကြုတ်မြည်နေသည့်တိုင်အောင်ဘာမှစားချင်စိတ်လည်းရှိမနေတော့ပါချေ။
ထို့ပြင်ဝိန်းကယခုအချိန်ထိအပေါ်ထပ်ကိုမတက်လာသေး။ဒါ့ကြောင့်သူအိပ်ခန်းသို့ပြန်ကာအိပ်လိုက်တာပဲကောင်းလိမ့်မည်။

"ဝိန်း ဝီလီယမ်
အင်း ဒီနှစ်ယောက်ကတော့တကယ်ချစ်ရဲ့သားနဲ့ဘယ်လိုဦးနှောက်တွေနဲ့များလမ်းခွဲခဲ့ကြတာလဲမသိပါဘူး"

"ဘာနေနေ ငါ့အလုပ်မှမဟုတ်တာ
ဦးနှောက်ခြောက်တယ် မစဉ်းစားတော့ဘူး
အိပ်ပြီ"

အိပ်ရာပေါ်တွင်ခေတ္တမျှလူးလိမ့်ပြီးသကာလတွင်ဂျီမင်းသည်ခေါင်းအုံးဖြင့်သူ့မျက်နှာပေါ်ကိုဖိလိုက်သည်။

"မဟုတ်သေးဘူး ဒီလူ ဝီလီယမ်အာသာဆိုတဲ့လူကတော့ဝိန်းကဒီလောက်ချစ်တာကိုဘာလို့ပစ်သွားရတာတုန်း"

"ငါသာဆိုရင်ဒီလိုမြို့တော်ဝန်အကောင်းစားကြီးကိုလုံးဝပစ်မှာမဟုတ်ဘူး ချမ်းလည်းချမ်းသာ
ရုပ်ကလည်းနတ်ဘုရားလိုရုပ်
ငါတို့ခေါတ်မှာဆိုရင် ဘာတဲ့ ရုပ်ရှိရေလျှံဘဲကြီးပေါ့"

"ငါ့ဘဝတစ်လျှောက်လုံးမှာဝီလီယမ်လောက်တုံးတဲ့လူမမြင်ဖူးဘူး"

"ထားပါတော့ သူများအကြောင်းပြောရတာမကောင်းပါဘူး အိပ်တာပဲကောင်းတယ်"

ဤသို့ဖြင့်တစ်နာရီခန့်ဝေဘင်ပြီးနောက်ပိုင်းဂျီမင်း၏လေးလံနေသောမျက်ခွံများလည်းတဖြည်းဖြည်းပိတ်ကျလို့လာခဲ့ပေသည်။
ထိုညကဝိန်းရဲ့အရိပ်အယောင်ကိုလုံးဝမမြင်လိုက်ရပေမယ့်အိမ်မက်ထဲတွင်တော့ပါလာသေးသည်။

စန္ဒရားသံလေးကအခန်းလေးထဲတွင်တလွင့်လွင့်...
ခလုတ်တွေပေါ်ဖြတ်ပြေးနေတဲ့လက်နှစ်ဖက်ဟာလည်းတစ်ထပ်တည်းကျနေလို့။

ဒီတစ်ခါလည်းစန္ဒရားအတီးသင်နေပြန်တာပါပဲ။

"အစ်ကို ကျွန်တော်သံစဉ်အသစ်ထွင်ထားတယ်
နားထောင်ကြည့်မလား"

"အင်း"

"ကျွန်တော် ဒါကိုMidnight Angelလို့နာမည်ပေးထားတယ်"

"တကယ်လှတဲ့နာမည်လေးပဲ"

"အစ်ကို့ကိုရည်ညွှန်းတာပါ"

"...."

"အစ်ကို့ကြောင့်ကျွန်တော်နေထိုင်မှုပုံစံတွေအကုန်ပြောင်းလဲခဲ့တယ် အရင်ကကျွန်တော်ကဘဝင်မြင့်ထောင်လွှားနေခဲ့တဲ့လူတစ်ယောက်လေ အစ်ကိုကျွန်တော့်ကိုပြောင်းလဲပေးခဲ့တာ"

"မင်းစကားတွေအများကြီးပြောနေတာပဲ"

"အစ်ကိုတစ်ယောက်တည်းကိုပါ"

"ဘာကိုလဲ"

"ထာဝရအတွက်ကျွန်တော့်မေတ္တာတွေကအစ်ကိုတစ်ယောက်တည်းကိုပဲသက်ရောက်ပါတယ်"

"ဝိန်း ဘာလို့အစ်ကို့ကိုရှက်အောင်လုပ်နေတာလဲ"

"ကျွန်တော့်ရင်ထဲကလာတဲ့စကားအမှန်တွေပါ"

ဝိန်းကဝီလီယမ်ရဲ့လက်တစ်ဖက်ကိုယူပြီးသူ၏ဘယ်ဘက်ရင်ဘတ်ပေါ်ကိုတင်လိုက်သည်။
ဒုတ်ခနဲမြည်သံကဝီလီယမ်ရဲ့လက်ကိုဖြတ်ပြီးနှလုံးသားအထိတောင်လာရိုက်ခတ်နေသလိုလို။

"ခံစားမိလား"

"ဘာ...ဘာကိုခံစားမိရမှာလဲ"

"အစ်ကိုပြောခဲ့တဲ့ကျွန်တော်ကစစ်မှန်ကြောင်းကိုလေ"

"စန္ဒရားတီးမယ်ဆိုတီးလေ"

"အင်း ကျွန်တော်တီးမှာပါ"

ဝိန်းကစန္ဒရားဘက်သို့မလှည့်သွားသေး။
ဝီလီယမ့်ဘက်သို့သာလှည့်လာပြီးနဖူးထက်တွင်ခပ်ဖွဖွအနမ်းခြွေသည်။ခပ်ကြာကြာလေးထိကပ်ထားပြီးမှပြန်ခွာလိုက်ကာဝီလီယမ်၏မီးခိုးရောင်မျက်ဝန်းတွေထဲကိုဝိန်းကစိုက်ကြည့်နေပြန်သည်။

"လှတယ် မီးခိုးရောင်ကကျွန်တော့်အတွက်တစ်ကမ္ဘာလုံးမှာအလှဆုံးအရောင်ပဲ"

ဝိန်းကသူ၏လက်ချောင်းတို့ကိုစန္ဒရား၏ခလုတ်များပေါ်သို့တင်လိုက်သည်။မရှေးမနှောင်းပင်သာယာငြိမ့်ညောင်းလှသောသံစဉ်တစ်ပုဒ်ကပဉ္စလက်ဆန်စွာဝိန်း၏လက်ချောင်းတို့အကြားမှတိုးထွက်လာသည်။

သံစဉ်ကသစ်ရွက်ကလေးပေါ်ကရေစက်လေးကျသွားတဲ့အသံထက်တောင်မှငြင်သာလို့နေခဲ့ပြီးနွေဦးရွက်ကြွေလေးလိုဖျော့တော့စွာလှပလွန်း၏။
ဝိန်းကတီးခတ်ရင်းမျက်လုံးများကိုမှိတ်လိုက်သည်။
ဝီလီယမ်သည်လည်းထိုနည်း၎င်းသူ၏မီးခိုးရောင်မျက်ဝန်းများကိုမှိတ်လိုက်ကာဝိန်း၏သံစဉ်များကိုလိုက်ပါခံစားနေသည်။

သံစဉ်တစ်ကြောင်းချင်းစီကသူ၏နှလုံးအိမ်သို့လာရောက်ရိုက်ခတ်ပြီးပျော်ဝင်သွားသည်။
သံစဉ်ပြီးဆုံးသွားသောအခါဝယ်နှစ်ဦးစလုံးသည်သူတို့၏မှိတ်ထားသောမျက်လုံးများကိုပြန်ဖွင့်လိုက်ကြသည်။

"ဒါ အစ်ကို့တစ်ယောက်တည်းအတွက်"

"ကျွန်တော်ဒီသံစဉ်လေးကိုအစ်ကိုနဲ့အတူပဲသိမ်းဆည်းထားမှာ ဘယ်သူ့ကိုမှထုတ်မပြဘူး"

"ဒီသံစဉ် အစ်ကို့ကိုကျွန်တော်သင်ပေးမယ်"

အိမ်မက်ကမ္ဘာထဲတွင်တော့ဝိန်း၏လက်ချောင်းတို့ကနူးညံ့စွာအုပ်ကိုင်ထားပေးခဲ့လေသည်။

ဂျီမင်း၏မျက်လုံးများရုတ်တရက်ပွင့်လာသောအခါမနက်မိုးလင်းနေသည်ကိုပင်တွေ့လိုက်ရသည်။
အိမ်မက်ထဲရှိအဖြစ်အပျက်ကသူ့ကိုယခုအချိန်ထိပင်နိုးထခွင့်မပေးခဲ့။
သူ၏လက်ကလေးများမှာခပ်နွေးနွေးလေးရှိနေတုန်း။

ဂျီမင်းသည်မနေတတ်စွာဖြင့်သူ၏လက်ဖမိုးများအချင်းချင်းပွတ်မိလိုက်သည်။
အိမ်မက်ဆိုပေမယ့်တကယ့်ဖြစ်ရပ်ဆန်စွာပဲ သူ့ပါးပြင်ဘေးကဖြတ်သွားတဲ့ဝိန်းရဲ့အသက်ရှူသံလေးတွေ၊ပီပီသသတစ်လုံးချင်းကြားလိုက်ရတဲ့စကားသံတွေ၊အခုထိနွေးထွေးနေသေးတဲ့လက်တစ်စုံစသဖြင့်အရာရာတိုင်းဟာအစစ်အမှန်။

ဂျီမင်းသက်ပြင်းတစ်ချက်ရှိုက်မိလိုက်သည်။
ဒါတွေ..ဒါတွေဟာစစ်မှန်နေခဲ့ရင်ဘယ်သူ့ရဲ့မှတ်ဉာဏ်တွေလဲ။
သေချာပေါက် ဖီးလီးယက်စ်တော့မဟုတ်။

ဖီးလီးယက်စ်ကစန္ဒရားကိုမုန်းတီးလှသည်ဟုဝိန်းကပြောထားသည်မဟုတ်ပါလား။
စန္ဒရားတီးနေတာဝီလီယမ်လေ
နောက်ပြီးတော့ဘာကြောင့်များဝီလီယမ်ရဲ့မှတ်ဉာဏ်အားလုံးကိုသူကအိမ်မက်အဖြစ်နဲ့ပြန်မှတ်မိနေရတာလဲ။

မဟုတ်..မဟုတ်မှလွဲရော
သူကဝီလီယမ်?

ဂျီမင်း၏ခေါင်းတစ်ခုလုံးပွင့်ထွက်သွားသလိုပင်။
သရဲမြင်လိုက်ရသလိုခံစားချက်မျိုးကခြေထောက်မှခေါင်းအထိထိုးတက်လာတာကြောင့်ကြက်သီးများပင်တဖြန်းဖြန်းထသွားသည်။သရဲမြင်လိုက်ရတာမှပင်ပို၍ကောင်းနေဦးမည်။မနေ့ကလေးတင်သူဝီလီယမ်ကိုမျိုးစုံဝေဖန်နေခဲ့ပြီးဒီနေ့မနက်ရောက်တော့ဝီလီယမ်ကသူကိုယ်တိုင်ရဲ့အတိတ်ဘဝမှန်းသိလိုက်ရတဲ့အခါမလန့်ပဲရှိပါတော့မလား။

"ဒီ...ဒီ..ဒီလို...အဓိပ္ပါယ် မ..မရှိတာတွေ"

"ငါကဝီလီယမ်မဟုတ်ဘူး"

ဂျီမင်းသည်အိပ်ရာပေါ်ကဝရုန်းသုန်းကားထကာသူ၏အိမ်ကိုပြန်ပြေးဖို့ကြံစည်လိုက်သည်။

သူအတည်ပြုရမှဖြစ်မယ်
အဲ့ဒီဖီးလီးယက်စ်အိမ်မှာရှိနေတဲ့စန္ဒရား
အိမ်မက်ထဲကစန္ဒရား
Midnight Angelကိုအိမ်မက်ထဲမှာဝိန်းနဲ့အတူသင်ခဲ့တာပဲမဟုတ်လား
သူဘာကိစ္စနဲ့တေးသွားတွေကိုမမှတ်မိနိုင်ရမှာလဲ

တန်းပေါ်တွင်ချိတ်ထားသောအညိုရောင်ကုတ်အင်္ကျီကိုအလျင်စလိုဆွဲယူဝတ်လိုက်သည်။
ဝိန်းရဲ့အသံကိုဒီနေ့မကြားပေ။

ပုံမှန်ဆိုမနက်စောစောဝိန်းကလာနှိုးနေကြပေမယ့်ဒီနေ့ကျမှထူးပြီးလာလည်းမနှိုး လူတောင်မတွေ့။

"အတော်ပဲ သူမရှိတဲ့အချိန်အမြန်သွားရမယ်"

သူ၏ကုတ်အင်္ကျီအိတ်ကပ်ထဲကိုနှိုက်လိုက်တော့သော့တွဲရှိနေသေးသည်။သူ၏အိမ်သော့မပျောက်သေး၍တော်ပါသေးသည်။

အောက်ထပ်ကိုဆင်းလာတော့အိပ်ခန်းထဲကထွက်လာသောဝိန်းနဲ့ဆုံပြန်သည်။
ဝိန်းနဲ့ဆုံပေမယ့်သူ၏အကြံအစည်ကပျက်၍မဖြစ်။
ထို့ကြောင့်လှေကားပေါ်မှအမြန်ပြေးဆင်းကာအိမ်ရှေ့တံခါးကိုဦးတည်လိုက်သည်။

"ဟိုကောင်လေး ဘယ်သွားမလို့လဲ"

အိမ်ရှေ့တံခါးတောင်မရောက်သေးမီဝိန်း၏လှမ်းဖမ်းဆွဲခြင်းကိုခံလိုက်ရပြန်သည်။
ပတ်ဂျီမင်းလေးဟာ၂၁ရာစုမှာအိုလံပစ်အပြေးသမားလေးဖြစ်သော်ငြားလည်း၂၀ရာစုမှမြို့တော်ဝန်၏လက်သွက်မှုကိုတော့မမီနိုင်။
သူ၏လက်ကောက်ဝတ်ကိုဝိန်း၏လက်ငါးချောင်းလုံးကအပြည့်အဝဆုပ်ကိုင်ထားသည်။

"ဖယ် ဖယ် ကျွန်တော်အတည်ပြုစရာရှိတယ်!!"

"ဘာလဲ"

"ခင်ဗျားလက်ဖယ်စမ်းပါ"

"ဘယ်နေရာလဲမပြောရင်မဖယ်ဘူး"

"အိမ်ပြန်မလို့ဗျာ ခင်ဗျားလိုက်မလာနဲ့"

ဂျီမင်းမှာဘယ်နားကရလာမှန်းမသိတဲ့အားအင်များဖြင့်ဝိန်း၏လက်ချောင်းအားလုံးကိုတွန်းဖယ်ပစ်လိုက်နိုင်သည်။ထို့နောက်သူ၏အိမ်ရှိရာသို့သာအမြန်လျှောက်သွားတော့သည်။

ဝိန်းသည်လည်းလိုက်ဖို့ပြင်ပေမယ့်အခြားတစ်ယောက်ကသူ၏အိမ်ရှေ့ကိုတိုက်တိုက်ဆိုင်ဆိုင်ပင်ရောက်ချလာသည်။

"မစ္စတာဝိန်း"

"ဝင်ခဲ့"

အစ်ကို့ကိုရှာခိုင်းထားသူမို့အိမ်ထဲအရင်ဝင်ခိုင်းလိုက်ရသည်။ဟိုကောင်လေးဂျီမင်းကိုတော့ဒီကိစ္စပြီးမှပဲစာရင်းသွားရှင်းတော့မည်။

"မစ္စတာဝီလီယမ်ကိုရှာတွေ့ပါပြီ သူကသိပ်အပုန်းကောင်းလွန်းတော့ကျွန်တော်တို့ခြေရာမမိဖြစ်နေတယ် သူအခုလောလောဆယ်လန်ဒန်မှာရှိနေပါတယ် မစ္စတာဝိန်း"

ဝိန်း၏မျက်နှာတွင်ဖျော့တော့သောအပြုံးရိပ်ကလေးသန်းသွားသည်။
နောက်ဆုံးတော့အပုန်းကောင်းလွန်းတဲ့အစ်ကို့ကိုသူရဇာတွေ့ခဲ့ပြီ။
ဖြစ်နိုင်လျှင်အခုချက်ချင်းလန်ဒန်ကိုပြေးပြီးအစ်ကို့ကိုသွားဆွဲခေါ်လိုက်ချင်သော်လည်းအခွင့်မသာသေးပေ။
ထို့ကြောင့်သူသည်သက်ပြင်းတစ်ချက်သာချလိုက်ပြီးစိတ်ကိုထိန်းလိုက်ရသည်။

"ဆက်ပြီးခြေရာခံလိုက်ထားဦး
ငါတို့လိုက်နေတယ်ဆိုတာသူမသိစေနဲ့
ငါမကြာခင်လန်ဒန်ကိုလာခဲ့မယ်"

"ဟုတ်ကဲ့ မစ္စတာဝိန်း"

"ပြီးတော့သူ့နောက်ကိုလိုက်နေတဲ့လူတွေရှိရင်တစ်ခါတည်းရှင်းပစ်လိုက်
သူဒဏ်ရာမရစေနဲ့"

"မစ္စတာဝီလီယမ်ရဲ့နောက်ကိုလိုက်နေတဲ့သူတွေထဲမှာအစိုးရဘက်ဆိုင်ရာတွေအပြင်အခြားအဖွဲ့အစည်းတွေလည်းရှိသေးတယ်
ကျွန်တော်တို့အစိုးရဘက်ဆိုင်ရာတွေကိုတော့သွားထိလို့မရလောက်ဘူးထင်တယ်"

"သူမထိခိုက်ဖို့ကအရေးကြီးတယ်
ကျန်တာအဆင်ပြေသလိုဖြေရှင်းလိုက်ပါ"

"ဟုတ်ကဲ့ နားလည်ပါပြီ"

"စုံစမ်းခိုင်းထားတဲ့ကိစ္စကရောဘယ်လိုနေလဲ"

"ဟယ်ရီချားလ်စ်ကိစ္စကထင်သလောက်မလွယ်ကူဘူး
ကျွန်တော်တို့မှာမစ္စတာဝီလီယမ်ကဟယ်ရီချားလ်စ်ကိုမသတ်ခဲ့ပါဘူးဆိုတဲ့သက်သေလက်ဆုပ်လက်ကိုင်ပြစရာမရှိဘူး

သူ့ရဲ့သားဟင်နရီချားလ်စ်ကလည်းဟယ်ရီချားလ်စ်လောက်မထက်မြက်ဘူး
သူ့လက်ထက်မှာချားလ်စ်လုပ်ငန်းကယိမ်းယိုင်စပြုနေပြီလုပ်ငန်းစီမံခန့်ခွဲတာညံ့ပုံရတယ်
သူကတစ်ချိန်လုံးသောက်စားမူးယစ်နေတာ
မစ္စတာဝိန်းအနေနဲ့ဒီလူကိုစိုးရိမ်စရာမလိုလောက်ဘူးထင်တယ်"

"ဒါပေမယ့်ဆက်ပြီးစောင့်ကြည့်ထားဦး
အခုကဘယ်သူ့ကိုမှယုံလို့မရတဲ့အခြေအနေ"

"ကျွန်တော်စုံစမ်းရသမျှချားလ်စ်မိသားစုအကြောင်းဒါအကုန်ပါပဲ"

"ကောင်းပြီ"

"ဒါဆိုကျွန်တော့်ကိုပြန်ခွင့်ပြုပါခင်ဗျာ"

_____

တစ်ဖက်တွင်ဂျီမင်းသည်တုန်ရီနေသောလက်များဖြင့်အိမ်တံခါးကိုဖွင့်လိုက်သည်။
ရက်အတော်ကြာလူမနေခဲ့သည်ဖြစ်၍ဖုန်များကလေထုထဲတွင်ပျံ့နှံ့နေသည်။
သို့သော်ဂျီမင်းဒါတွေကိုဂရုမစိုက်အားပါ။

"စန္ဒရား စန္ဒရား ဘယ်မှာလဲ!!"

စီးလာသည့်ရှူးဖိနပ်များကိုတောင်တစ်ဖက်မြောက်တစ်ဖက်ချွတ်ချလိုက်ပြီးလက်တည့်ရာနေရာသို့ပစ်ထားလိုက်သည်။
ထို့နောက်တွင်စန္ဒရားထားသည့်အခန်းထဲသို့ခလုတ်တိုက်လဲတော့မတတ်ပြေးကာဝင်သွားသည်။

တောက်ပြောင်နေသောစန္ဒရားကတော့မမှိတ်မသုန်ပင်ထားသည့်နေရာတွင်သာရှိနေသည်။
မသုံးစွဲသည်မှာကြာပြီဖြစ်၍ယခင်ကလောက်အရှိန်အဝါများရှိမနေခဲ့တာတော့အမှန်။
စန္ဒရားခလုတ်လေးတွေပင်ဖုန်တင်လို့နေပေသည်။

ဂျီမင်းမှာရင်တုန်လွန်းသဖြင့်တဒုတ်ဒုတ်မြည်နေသောနှလုံးခုန်သံကိုတောင်ပြန်ကြားနေရသည်။
သူ၏ဘယ်ဘက်ရင်ဘတ်ကိုဖိလိုက်ကာထိုင်ခုံပေါ်တွင်ဝင်ထိုင်လိုက်သည်။

သူ၏လက်ချောင်းများကိုစန္ဒရားခုံပေါ်သို့တင်လိုက်သည်။
သို့သည့်တိုင်မည်သည့်ခလုတ်ကိုစနှိပ်ရမည်ဆိုတာခေါင်းထဲမှာမပေါ်လာခဲ့ပေ။
ထို့ကြောင့်သူသည်ကြုံရာကျပန်းခလုတ်တစ်ခုကိုနှိပ်လိုက်သည်။

တုန်...

သာယာသောအသံကတော့ရှေးမူမပျက်ဆက်လက်ထွက်ဆဲပင်။
ဂျီမင်းသည်မျက်လုံးကိုမှိတ်လိုက်ကာအိမ်မက်ကမ္ဘာထဲသို့ထပ်မံအလည်သွားလိုက်သည်။
ဝိန်းကသူ့အားလက်ချင်းထပ်ပြီးစိတ်ရှည်စွာတစ်ခုချင်းသင်ပေးနေသည်။

"အစ်ကို..."

လေပြေညှင်းလေးတစ်ခုကသူ့နားအနီးဖြတ်ပြေးသွားခဲ့သလိုပင်။
ဂျီမင်းသည်ယောင်ယမ်းပြီးနှုတ်ခမ်းကိုကိုက်မိသွားသည်။

"ဒီခလုတ်လေးကနေစမယ်"

အိမ်မက်ထဲကအတိုင်းပင်ဂျီမင်းသည်သူ၏လက်ကိုမြှောက်လိုက်သည်။ဝိန်းညွှန်ပေးသောခလုတ်လေးတစ်ခုကိုထိလိုက်ပြန်သည်။တုန်ခနဲမြည်သံတစ်ခုကကပ်၍လိုက်ပါလာသည်။

ပထမတစ်ခု...
ဒုတိယတစ်ခု...
တတိယတစ်ခု...

ထို့နောက်တွင်၆ခုမြောက်ခလုတ်အထိမှန်ကန်စွာဂျီမင်းတီးနိုင်သွားသည်။ဂျီမင်း၏မျက်လုံးအစုံတို့ကမှိတ်ထားဆဲဖြစ်သော်လည်းလက်များကရွေ့လျားနေသည်။

Midnight Angel၏တေးသွားမှာတရိပ်ရိပ်ဖြင့်ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။
တေးသွားမှာနွေဦးရွက်ကြွေလေးလိုနူးညံ့သာယာနေမြဲပင်။

"တကယ်ပဲဝီလီယမ်ဖြစ်နေခဲ့တာကိုး"

ဂျီမင်းသည်တိတ်တဆိတ်တိုးဖွစွာရေရွတ်လိုက်သည်။
ထို့နောက်သူသည်တေးသွားများကိုစိတ်လွတ်စွာဆက်လက်ဖန်တီးနေခဲ့သည်။
ဝိန်းသင်ပေးခဲ့အတိုင်းတစ်ကွက်ချင်းတိတိကျကျလှပစွာ...။

တေးသွားပြီးဆုံးသွားသောအခါအဆုံးသတ်အဖြစ်သူ၏မျက်လုံးများကိုဖြည်းဖြည်းချင်းမှိတ်လိုက်သည်။
မျက်ရည်တစ်စက်ကပါးပြင်ပေါ်မှတစ်ဆင့်စန္ဒရားခုံပေါ်သို့ပေါက်ခနဲကျသွားသည်။

"ဂျီမင်း မင်း...ဒါ.."

ဂျီမင်းတဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သောအခါတံခါးဝတွင်ကြက်သေသေကာရပ်နေသောဝိန်းကိုတွေ့လိုက်ရသည်။
သူ့ကြည့်ရသည်မှာအသက်တောင်ရှူနေသေးရဲ့လားမသိနိုင်။

"ကျွန်တော်...ကျွန်တော်.."

ပြောရမည့်စကားလုံးတို့ကလည်ချောင်းထဲတွင်ပင်တစ်ဆို့သွားသည်။ဝိန်းကိုမြင်လိုက်သည်နှင့်ဝမ်းနည်းခြင်းကရင်ဘတ်ထဲကလှိမ့်တက်လာသည်။

"မင်း ဒါဘယ်ကသိတာလဲ
ဒါ..အစ်ကိုနဲ့....အစ်ကို..တစ်ယောက်တည်းပဲသိတဲ့ဟာ"

ဝိန်းကခြေလှမ်းကျဲကြီးများဖြင့်သူ့အနားလျှောက်လာကာဂျီမင်း၏ပုခုံးကိုအကြမ်းပတမ်းဆုပ်ကိုင်ပြီးလှုပ်မေးသည်။

"ခင်ဗျားကိုလိုက်မလာနဲ့လို့ပြောထား..."

"ဂျီမင်း ကိုယ်မေးနေတယ်
ဒါဘယ်ကသိတာလဲလို့!!"

"ကျွန်တော်မသိဘူး လာမမေးနဲ့"

"အစ်ကိုနဲ့တွေ့တာလား
ဒါလည်းမဖြစ်နိုင်ဘူး
မင်း မင်းဒါဘယ်ကသိတာလဲ"

ဝိန်း၏မျက်စံများကယခင်နှင့်မတူညီစွာယောက်ယက်ခတ်နေပြီးအသက်ကိုတောင်မနည်းရှူနေရပုံပေါက်နေသည်။ဂျီမင်းသည်ထိုအဖြစ်သနစ်ကိုကြည့်ရင်းကြည့်ရင်းဖြင့်ပင်ရင်ဘတ်အောင့်လာသည်။

"မမေးနဲ့ ကျွန်တော်မသိဘူးလို့!!"

ဂျီမင်းကသူ့ပုခုံးပေါ်ရှိဝိန်း၏လက်များကိုဖြုတ်ချလိုက်သည်။ထို့နောက်တံခါးအပြင်သို့ပြေးထွက်ရန်ခြေလှမ်းပြင်လိုက်သည်။သို့ပေမယ့်ခြေလှမ်းတောင်မစရသေးမီလက်ကောက်ဝတ်မှတစ်ဆင့်ဝိန်း၏ဆွဲယူမှုကိုခံရကာရင်ခွင်ထဲသို့ရောက်သွားသည်။
ဝိန်းကသူ့ကိုနစ်နေအောင်ဖက်ထားကာလုံးဝအလွှတ်မပေးတော့။

"အစ်ကို အစ်ကိုမလား"

"မဟုတ်..."

"ကျေးဇူးပြုပြီးထွက်မပြေးပါနဲ့"

သူ၏လည်ဂုတ်ပေါ်သို့အရည်တစ်စက်ကျလာသည်ကိုဂျီမင်းခံစားလိုက်ရသည်။

ဝိန်းကငိုနေတယ်?

ဂျီမင်းသည်လည်းခဏလောက်တည်ငြိမ်သွားပြီးဝိန်းကိုပိုတိုး၍ဖက်လိုက်ကာခေါင်းကိုပွတ်ပေးလိုက်သည်။

"အစ်ကိုမထွက်သွားပါဘူး မငိုပါနဲ့တော့"

နောက်ဆုံးတော့သူကဝီလီယမ်ဆိုတာကိုလက်ခံနိုင်ခဲ့ပြီ။

_____

အားလုံးပဲ ဂျီမင်းရဲ့အတိတ်ဘဝကဝီလီယမ်ပါ
အရှေ့မှာလည်းနည်းနည်းစီအရိပ်အမြွက်ပြထားခဲ့ပါတယ်
ပထမစန္ဒရားတီးတဲ့အခန်းမှာဝီလီယမ်နဲ့ဝိန်းနှစ်ယောက်ပဲရှိတာပါ ဒါပေမယ့်ဂျီမင်းရဲ့စိတ်ကအမြင်မှားပြီးဖီးလီးယက်စ်နဲ့မှားမြင်တာပါ။
ဖီးလီးယက်စ်ကစန္ဒရားကိုသေမလောက်မုန်းပါတယ်။
အဲ့ဒါကြောင့်သူကစန္ဒရားနားကိုလုံးဝမကပ်ပါဘူး
ဒီဟာကကိုယ်ဝှက်ထားတဲ့plot twistလေးတစ်ခုပေါ့ ဟဲဟဲ
.
.
.
Zawgyi

တစ္ထပ္တည္းက်ခဲ့ေလေသာရင္ခုန္သံ
အေဝးညမွစႏၵရားေတးသံမ်ား

ဂ်ီမင္းစာအုပ္မ်ားကိုျပန္စီဖို႔အခ်ိန္အေတာ္ၾကာယူလိုက္ရသည္။ညေနအၿပီးစီရမည္ဟုဝိန္းကေျပာထားေသာ္လည္းညေရာက္သည္အထိစာအုပ္မ်ားမွာစီ၍မကုန္နိုင္ေခ်။
၈နာရီထိုးခါနီးေလာက္တြင္မွၿပီးသြားတာေၾကာင့္ဂ်ီမင္းမွာပင္ပန္းကာေျခကုန္လက္ပန္းက်သြားသည္။

သူ၏ဗိုက္ကေလးမွာတၾကဳတ္ၾကဳတ္ျမည္ေနသည့္တိုင္ေအာင္ဘာမွစားခ်င္စိတ္လည္းရွိမေနေတာ့ပါေခ်။
ထို႔ျပင္ဝိန္းကယခုအခ်ိန္ထိအေပၚထပ္ကိုမတက္လာေသး။ဒါ့ေၾကာင့္သူအိပ္ခန္းသို႔ျပန္ကာအိပ္လိုက္တာပဲေကာင္းလိမ့္မည္။

"ဝိန္း ဝီလီယမ္
အင္း ဒီနွစ္ေယာက္ကေတာ့တကယ္ခ်စ္ရဲ႕သားနဲ႔ဘယ္လိုဦးေနွာက္ေတြနဲ႔မ်ားလမ္းခြဲခဲ့ၾကတာလဲမသိပါဘူး"

"ဘာေနေန ငါ့အလုပ္မွမဟုတ္တာ
ဦးေနွာက္ေျခာက္တယ္ မစဥ္းစားေတာ့ဘူး
အိပ္ၿပီ"

အိပ္ရာေပၚတြင္ေခတၱမ်ွလူးလိမ့္ၿပီးသကာလတြင္ဂ်ီမင္းသည္ေခါင္းအံုးျဖင့္သူ႔မ်က္နွာေပၚကိုဖိလိုက္သည္။

"မဟုတ္ေသးဘူး ဒီလူ ဝီလီယမ္အာသာဆိုတဲ့လူကေတာ့ဝိန္းကဒီေလာက္ခ်စ္တာကိုဘာလို႔ပစ္သြားရတာတုန္း"

"ငါသာဆိုရင္ဒီလိုၿမိဳ႕ေတာ္ဝန္အေကာင္းစားႀကီးကိုလံုးဝပစ္မွာမဟုတ္ဘူး ခ်မ္းလည္းခ်မ္းသာ
ရုပ္ကလည္းနတ္ဘုရားလိုရုပ္
ငါတို႔ေခါတ္မွာဆိုရင္ ဘာတဲ့ ရုပ္ရွိေရလ်ွံဘဲႀကီးေပါ့"

"ငါ့ဘဝတစ္ေလ်ွာက္လံုးမွာဝီလီယမ္ေလာက္တံုးတဲ့လူမျမင္ဖူးဘူး"

"ထားပါေတာ့ သူမ်ားအေၾကာင္းေျပာရတာမေကာင္းပါဘူး အိပ္တာပဲေကာင္းတယ္"

ဤသို႔ျဖင့္တစ္နာရီခန္႔ေဝဘင္ၿပီးေနာက္ပိုင္းဂ်ီမင္း၏ေလးလံေနေသာမ်က္ခြံမ်ားလည္းတျဖည္းျဖည္းပိတ္က်လို႔လာခဲ့ေပသည္။
ထိုညကဝိန္းရဲ႕အရိပ္အေယာင္ကိုလံုးဝမျမင္လိုက္ရေပမယ့္အိမ္မက္ထဲတြင္ေတာ့ပါလာေသးသည္။

စႏၵရားသံေလးကအခန္းေလးထဲတြင္တလြင့္လြင့္...
ခလုတ္ေတြေပၚျဖတ္ေျပးေနတဲ့လက္နွစ္ဖက္ဟာလည္းတစ္ထပ္တည္းက်ေနလို႔။

ဒီတစ္ခါလည္းစႏၵရားအတီးသင္ေနျပန္တာပါပဲ။

"အစ္ကို ကြၽန္ေတာ္သံစဥ္အသစ္ထြင္ထားတယ္
နားေထာင္ၾကည့္မလား"

"အင္း"

"ကြၽန္ေတာ္ ဒါကိုMidnight Angelလို႔နာမည္ေပးထားတယ္"

"တကယ္လွတဲ့နာမည္ေလးပဲ"

"အစ္ကို႔ကိုရည္ညႊန္းတာပါ"

"...."

"အစ္ကို႔ေၾကာင့္ကြၽန္ေတာ္ေနထိုင္မႈပံုစံေတြအကုန္ေျပာင္းလဲခဲ့တယ္ အရင္ကကြၽန္ေတာ္ကဘဝင္ျမင့္ေထာင္လႊားေနခဲ့တဲ့လူတစ္ေယာက္ေလ အစ္ကိုကြၽန္ေတာ့္ကိုေျပာင္းလဲေပးခဲ့တာ"

"မင္းစကားေတြအမ်ားႀကီးေျပာေနတာပဲ"

"အစ္ကိုတစ္ေယာက္တည္းကိုပါ"

"ဘာကိုလဲ"

"ထာဝရအတြက္ကြၽန္ေတာ့္ေမတၱာေတြကအစ္ကိုတစ္ေယာက္တည္းကိုပဲသက္ေရာက္ပါတယ္"

"ဝိန္း ဘာလို႔အစ္ကို႔ကိုရွက္ေအာင္လုပ္ေနတာလဲ"

"ကြၽန္ေတာ့္ရင္ထဲကလာတဲ့စကားအမွန္ေတြပါ"

ဝိန္းကဝီလီယမ္ရဲ႕လက္တစ္ဖက္ကိုယူၿပီးသူ၏ဘယ္ဘက္ရင္ဘတ္ေပၚကိုတင္လိုက္သည္။

ဒုတ္ခနဲျမည္သံကဝီလီယမ္ရဲ႕လက္ကိုျဖတ္ၿပီးနွလံုးသားအထိေတာင္လာရိုက္ခတ္ေနသလိုလို။

"ခံစားမိလား"

"ဘာ...ဘာကိုခံစားမိရမွာလဲ"

"အစ္ကိုေျပာခဲ့တဲ့ကြၽန္ေတာ္ကစစ္မွန္ေၾကာင္းကိုေလ"

"စႏၵရားတီးမယ္ဆိုတီးေလ"

"အင္း ကြၽန္ေတာ္တီးမွာပါ"

ဝိန္းကစႏၵရားဘက္သို႔မလွည့္သြားေသး။
ဝီလီယမ့္ဘက္သို႔သာလွည့္လာၿပီးနဖူးထက္တြင္ခပ္ဖြဖြအနမ္းေႁခြသည္။ခပ္ၾကာၾကာေလးထိကပ္ထားၿပီးမွျပန္ခြာလိုက္ကာဝီလီယမ္၏မီးခိုးေရာင္မ်က္ဝန္းေတြထဲကိုဝိန္းကစိုက္ၾကည့္ေနျပန္သည္။

"လွတယ္ မီးခိုးေရာင္ကကြၽန္ေတာ့္အတြက္တစ္ကမာၻလံုးမွာအလွဆံုးအေရာင္ပဲ"

ဝိန္းကသူ၏လက္ေခ်ာင္းတို႔ကိုစႏၵရား၏ခလုတ္မ်ားေပၚသို႔တင္လိုက္သည္။မေရွးမေနွာင္းပင္သာယာၿငိမ့္ေညာင္းလွေသာသံစဥ္တစ္ပုဒ္ကပဥၥလက္ဆန္စြာဝိန္း၏လက္ေခ်ာင္းတို႔အၾကားမွတိုးထြက္လာသည္။

သံစဥ္ကသစ္႐ြက္ကေလးေပၚကေရစက္ေလးက်သြားတဲ့အသံထက္ေတာင္မွျငင္သာလို႔ေနခဲ့ၿပီးေႏြဦး႐ြက္ေႂကြေလးလိုေဖ်ာ့ေတာ့စြာလွပလြန္း၏။
ဝိန္းကတီးခတ္ရင္းမ်က္လံုးမ်ားကိုမွိတ္လိုက္သည္။
ဝီလီယမ္သည္လည္းထိုနည္း၄င္းသူ၏မီးခိုးေရာင္မ်က္ဝန္းမ်ားကိုမွိတ္လိုက္ကာဝိန္း၏သံစဥ္မ်ားကိုလိုက္ပါခံစားေနသည္။

သံစဥ္တစ္ေၾကာင္းခ်င္းစီကသူ၏နွလံုးအိမ္သို႔လာေရာက္ရိုက္ခတ္ၿပီးေပ်ာ္ဝင္သြားသည္။
သံစဥ္ၿပီးဆံုးသြားေသာအခါဝယ္နွစ္ဦးစလံုးသည္သူတို႔၏မွိတ္ထားေသာမ်က္လံုးမ်ားကိုျပန္ဖြင့္လိုက္ၾကသည္။

"ဒါ အစ္ကို႔တစ္ေယာက္တည္းအတြက္"

"ကြၽန္ေတာ္ဒီသံစဥ္ေလးကိုအစ္ကိုနဲ႔အတူပဲသိမ္းဆည္းထားမွာ ဘယ္သူ႔ကိုမွထုတ္မျပဘူး"

"ဒီသံစဥ္ အစ္ကို႔ကိုကြၽန္ေတာ္သင္ေပးမယ္"

အိမ္မက္ကမာၻထဲတြင္ေတာ့ဝိန္း၏လက္ေခ်ာင္းတို႔ကႏူးညံ့စြာအုပ္ကိုင္ထားေပးခဲ့ေလသည္။

ဂ်ီမင္း၏မ်က္လံုးမ်ားရုတ္တရက္ပြင့္လာေသာအခါမနက္မိုးလင္းေနသည္ကိုပင္ေတြ႕လိုက္ရသည္။
အိမ္မက္ထဲရွိအျဖစ္အပ်က္ကသူ႔ကိုယခုအခ်ိန္ထိပင္နိုးထခြင့္မေပးခဲ့။
သူ၏လက္ကေလးမ်ားမွာခပ္ေႏြးေႏြးေလးရွိေနတုန္း။

ဂ်ီမင္းသည္မေနတတ္စြာျဖင့္သူ၏လက္ဖမိုးမ်ားအခ်င္းခ်င္းပြတ္မိလိုက္သည္။
အိမ္မက္ဆိုေပမယ့္တကယ့္ျဖစ္ရပ္ဆန္စြာပဲ သူ႔ပါးျပင္ေဘးကျဖတ္သြားတဲ့ဝိန္းရဲ႕အသက္ရွဴသံေလးေတြ၊ပီပီသသတစ္လံုးခ်င္းၾကားလိုက္ရတဲ့စကားသံေတြ၊အခုထိေႏြးေထြးေနေသးတဲ့လက္တစ္စံုစသျဖင့္အရာရာတိုင္းဟာအစစ္အမွန္။

ဂ်ီမင္းသက္ျပင္းတစ္ခ်က္ရွိုက္မိလိုက္သည္။
ဒါေတြ..ဒါေတြဟာစစ္မွန္ေနခဲ့ရင္ဘယ္သူ႔ရဲ႕မွတ္ဉာဏ္ေတြလဲ။
ေသခ်ာေပါက္ ဖီးလီးယက္စ္ေတာ့မဟုတ္။

ဖီးလီးယက္စ္ကစႏၵရားကိုမုန္းတီးလွသည္ဟုဝိန္းကေျပာထားသည္မဟုတ္ပါလား။
စႏၵရားတီးေနတာဝီလီယမ္ေလ
ေနာက္ၿပီးေတာ့ဘာေၾကာင့္မ်ားဝီလီယမ္ရဲ႕မွတ္ဉာဏ္အားလံုးကိုသူကအိမ္မက္အျဖစ္နဲ႔ျပန္မွတ္မိေနရတာလဲ။

မဟုတ္..မဟုတ္မွလြဲေရာ
သူကဝီလီယမ္?

ဂ်ီမင္း၏ေခါင္းတစ္ခုလံုးပြင့္ထြက္သြားသလိုပင္။
သရဲျမင္လိုက္ရသလိုခံစားခ်က္မ်ိဳးကေျခေထာက္မွေခါင္းအထိထိုးတက္လာတာေၾကာင့္ၾကက္သီးမ်ားပင္တျဖန္းျဖန္းထသြားသည္။သရဲျမင္လိုက္ရတာမွပင္ပို၍ေကာင္းေနဦးမည္။မေန႔ကေလးတင္သူဝီလီယမ္ကိုမ်ိဳးစံုေဝဖန္ေနခဲ့ၿပီးဒီေန႔မနက္ေရာက္ေတာ့ဝီလီယမ္ကသူကိုယ္တိုင္ရဲ႕အတိတ္ဘဝမွန္းသိလိုက္ရတဲ့အခါမလန္႔ပဲရွိပါေတာ့မလား။

"ဒီ...ဒီ..ဒီလို...အဓိပၸါယ္ မ..မရွိတာေတြ"

"ငါကဝီလီယမ္မဟုတ္ဘူး"

ဂ်ီမင္းသည္အိပ္ရာေပၚကဝရုန္းသုန္းကားထကာသူ၏အိမ္ကိုျပန္ေျပးဖို႔ႀကံစည္လိုက္သည္။

သူအတည္ျပဳရမွျဖစ္မယ္
အဲ့ဒီဖီးလီးယက္စ္အိမ္မွာရွိေနတဲ့စႏၵရား
အိမ္မက္ထဲကစႏၵရား
Midnight Angelကိုအိမ္မက္ထဲမွာဝိန္းနဲ႔အတူသင္ခဲ့တာပဲမဟုတ္လား
သူဘာကိစၥနဲ႔ေတးသြားေတြကိုမမွတ္မိနိုင္ရမွာလဲ

တန္းေပၚတြင္ခ်ိတ္ထားေသာအညိဳေရာင္ကုတ္အက်ႌကိုအလ်င္စလိုဆြဲယူဝတ္လိုက္သည္။
ဝိန္းရဲ႕အသံကိုဒီေန႔မၾကားေပ။
ပံုမွန္ဆိုမနက္ေစာေစာဝိန္းကလာနႈိးေနၾကေပမယ့္ဒီေန႔က်မွထူးၿပီးလာလည္းမနႈိး လူေတာင္မေတြ႕။

"အေတာ္ပဲ သူမရွိတဲ့အခ်ိန္အျမန္သြားရမယ္"

သူ၏ကုတ္အက်ႌအိတ္ကပ္ထဲကိုႏႈိက္လိုက္ေတာ့ေသာ့တြဲရွိေနေသးသည္။သူ၏အိမ္ေသာ့မေပ်ာက္ေသး၍ေတာ္ပါေသးသည္။

ေအာက္ထပ္ကိုဆင္းလာေတာ့အိပ္ခန္းထဲကထြက္လာေသာဝိန္းနဲ႔ဆံုျပန္သည္။
ဝိန္းနဲ႔ဆံုေပမယ့္သူ၏အႀကံအစည္ကပ်က္၍မျဖစ္။
ထို႔ေၾကာင့္ေလွကားေပၚမွအျမန္ေျပးဆင္းကာအိမ္ေရွ႕တံခါးကိုဦးတည္လိုက္သည္။

"ဟိုေကာင္ေလး ဘယ္သြားမလို႔လဲ"

အိမ္ေရွ႕တံခါးေတာင္မေရာက္ေသးမီဝိန္း၏လွမ္းဖမ္းဆြဲျခင္းကိုခံလိုက္ရျပန္သည္။
ပတ္ဂ်ီမင္းေလးဟာ၂၁ရာစုမွာအိုလံပစ္အေျပးသမားေလးျဖစ္ေသာ္ျငားလည္း၂၀ရာစုမွၿမိဳ႕ေတာ္ဝန္၏လက္သြက္မႈကိုေတာ့မမီနိုင္။
သူ၏လက္ေကာက္ဝတ္ကိုဝိန္း၏လက္ငါးေခ်ာင္းလံုးကအျပည့္အဝဆုပ္ကိုင္ထားသည္။

"ဖယ္ ဖယ္ ကြၽန္ေတာ္အတည္ျပဳစရာရွိတယ္!!"

"ဘာလဲ"

"ခင္ဗ်ားလက္ဖယ္စမ္းပါ"

"ဘယ္ေနရာလဲမေျပာရင္မဖယ္ဘူး"

"အိမ္ျပန္မလို႔ဗ်ာ ခင္ဗ်ားလိုက္မလာနဲ႔"

ဂ်ီမင္းမွာဘယ္နားကရလာမွန္းမသိတဲ့အားအင္မ်ားျဖင့္ဝိန္း၏လက္ေခ်ာင္းအားလံုးကိုတြန္းဖယ္ပစ္လိုက္နိုင္သည္။ထို႔ေနာက္သူ၏အိမ္ရွိရာသို႔သာအျမန္ေလ်ွာက္သြားေတာ့သည္။

ဝိန္းသည္လည္းလိုက္ဖို႔ျပင္ေပမယ့္အျခားတစ္ေယာက္ကသူ၏အိမ္ေရွ႕ကိုတိုက္တိုက္ဆိုင္ဆိုင္ပင္ေရာက္ခ်လာသည္။

"မစၥတာဝိန္း"

"ဝင္ခဲ့"

အစ္ကို႔ကိုရွာခိုင္းထားသူမို႔အိမ္ထဲအရင္ဝင္ခိုင္းလိုက္ရသည္။ဟိုေကာင္ေလးဂ်ီမင္းကိုေတာ့ဒီကိစၥၿပီးမွပဲစာရင္းသြားရွင္းေတာ့မည္။

"မစၥတာဝီလီယမ္ကိုရွာေတြ႕ပါၿပီ သူကသိပ္အပုန္းေကာင္းလြန္းေတာ့ကြၽန္ေတာ္တို႔ေျခရာမမိျဖစ္ေနတယ္ သူအခုေလာေလာဆယ္လန္ဒန္မွာရွိေနပါတယ္ မစၥတာဝိန္း"

ဝိန္း၏မ်က္နွာတြင္ေဖ်ာ့ေတာ့ေသာအၿပံဳးရိပ္ကေလးသန္းသြားသည္။
ေနာက္ဆံုးေတာ့အပုန္းေကာင္းလြန္းတဲ့အစ္ကို႔ကိုသူရဇာေတြ႕ခဲ့ၿပီ။
ျဖစ္နိုင္လ်ွင္အခုခ်က္ခ်င္းလန္ဒန္ကိုေျပးၿပီးအစ္ကို႔ကိုသြားဆြဲေခၚလိုက္ခ်င္ေသာ္လည္းအခြင့္မသာေသးေပ။
ထို႔ေၾကာင့္သူသည္သက္ျပင္းတစ္ခ်က္သာခ်လိုက္ၿပီးစိတ္ကိုထိန္းလိုက္ရသည္။

"ဆက္ၿပီးေျခရာခံလိုက္ထားဦး
ငါတို႔လိုက္ေနတယ္ဆိုတာသူမသိေစနဲ႔
ငါမၾကာခင္လန္ဒန္ကိုလာခဲ့မယ္"

"ဟုတ္ကဲ့ မစၥတာဝိန္း"

"ၿပီးေတာ့သူ႔ေနာက္ကိုလိုက္ေနတဲ့လူေတြရွိရင္တစ္ခါတည္းရွင္းပစ္လိုက္
သူဒဏ္ရာမရေစနဲ႔"

"မစၥတာဝီလီယမ္ရဲ႕ေနာက္ကိုလိုက္ေနတဲ့သူေတြထဲမွာအစိုးရဘက္ဆိုင္ရာေတြအျပင္အျခားအဖြဲ႕အစည္းေတြလည္းရွိေသးတယ္
ကြၽန္ေတာ္တို႔အစိုးရဘက္ဆိုင္ရာေတြကိုေတာ့သြားထိလို႔မရေလာက္ဘူးထင္တယ္"

"သူမထိခိုက္ဖို႔ကအေရးႀကီးတယ္
က်န္တာအဆင္ေျပသလိုေျဖရွင္းလိုက္ပါ"

"ဟုတ္ကဲ့

You are reading the story above: TeenFic.Net