Unicode
The Book Of Vinc
ဂျီမင်းကအိပ်ရာပေါ်မှာငြိမ်သွားပြီ။
တစ်ညလုံးသူ့မှာအကြောက်လွန်နေသောဂျီမင်းကိုဖက်ထားပေးကာချော့နေသော်လည်းတုန်ရီနေတာကနည်းနည်းမှပျောက်မသွားပေ။
နံနက်ဝေလီဝေလင်းအချိန်မှသူ့အိပ်ရာမှာအိပ်ပျော်သွားသောဂျီမင်းကိုသတိထားနေရသည်။
"သွေးတွေအများကြီးပဲ ဝိန်း
အဲ့ဒီ အဲ့ဒီဇာတ်စင်ပေါ်မှာ..."
"ဝီလီယမ်လည်းရှိတယ်
သူ သူရော သေသွားတာ"
မနေ့ညကဂျီမင်းကယောင်ခြောက်ခြားပြောခဲ့တဲ့စကားများကခေါင်းထဲကိုအစီအရီဝင်လာသည်။
"အစ်ကိုကဘာလို့လဲ"
"အနာဂတ်မှာကျွန်တော်တို့နှစ်ယောက်လုံးအတူတူသေသွားကြတာလား"
"အကယ်၍ဖီးလစ်အစားဂျီမင်းရောက်လာတာကိုအစ်ကိုသိရင်ဘာပြောမလဲသိချင်လိုက်တာ"
သိပ်ချစ်ရသောသူသည်မည်သည့်နေရာတွင်ရောက်နေမှန်းမသိသည့်အချိန်တွင်တစ်ထေရာတည်းတူသူကမိမိအိပ်ရာပေါ်မှာလဲလျောင်းနေသည်။
ဖီးလစ်ကိုမြင်တိုင်းဝီလီယမ်ကမြင်ကွင်းထဲပေါ်ပေါ်လာသည်။
လိပ်ပြာမလုံလွန်း၍ဖြစ်ချင်ရာဖြစ်ဖီးလစ်ကိုနမ်းတိုင်းမျက်လုံးမှိတ်ထားဖို့ပြောမိသည်။
ဖီးလစ်မှာအညိုရောင်မျက်ဝန်းတွေမရှိခဲ့ဖို့ဝိန်းဆုတောင်းချင်သည်။
အညိုရောင်တွေသာမရှိခဲ့ရင်အနည်းဆုံးတော့ဝီလီယမ်နဲ့တူလောက်မှာ...
"အစ်ကို့ကတိကိုကျွန်တော်မတည်ချင်တော့ဘူး
ဖီးလစ်ကအစ်ကိုနဲ့အရမ်းကွဲပြားတယ်
သူတစ်ခါမှအစ်ကို့လိုမရယ်ပြဘူး
တစ်ခါမှနွေးနွေးထွေးထွေးမခံစားရဘူး
တစ်ခါမှလည်းစကားသေချာမပြောဘူး"
"အစ်ကိုထွက်သွားတဲ့နေ့ကစပြီးကျွန်တော်တစ်ရက်မှမပျော်ခဲ့ပါဘူး"
"ဒါပေမယ့်ဖီးလစ်ကိုယ်ထဲဂျီမင်းရောက်လာတဲ့နေ့ကဘာကြောင့်မှန်းမသိဘူး
ကျွန်တော်ပထမဆုံးအကြိမ်လွတ်လွတ်လပ်လပ်ရယ်နိုင်သွားတယ်
ရက်ပေါင်းများစွာပျောက်ဆုံးနေတဲ့အရာကိုပြန်ရှာတွေ့လိုက်သလိုပဲ"
"အစ်ကိုနဲ့ဂျီမင်းကအရမ်းတူတယ်"
အိပ်ရာပေါ်မှာအေးအေးချမ်းချမ်းအိပ်ပျော်သွားတဲ့ဂျီမင်းကိုကြည့်လိုက်ပြီးဝိန်းကခပ်တိုးတိုးရေရွတ်သည်။
"အင်း ရှပ်တီးရှပ်ပြာနိုင်တာကတော့ကွာတာပေါ့"
"ဘာပဲဖြစ်ဖြစ် ကျွန်တော်အဲ့ဒီနေ့အစ်ကို့ကိုရအောင်ကယ်မှာပါ"
စားပွဲပေါ်တွင်တင်ထားသောအဖြူအမည်းကာလာဖြင့်ဓာတ်ပုံလေးကိုတစ်ချက်နမ်းလိုက်ရင်းဝိန်း၏နှုတ်ခမ်းများကနှစ်လိုဖွယ်ကောင်းစွာပြုံးသွားလေသည်။
_____
အိမ်မက်ဆိုးတွေကတစ်ညလုံးဒုက္ခပေးထားသည့်အတွက်ဂျီမင်းသည်မနက်အစောပိုင်းမှအိပ်ပျော်သွား၍နေ့ခင်းလောက်မှပြန်နိုးလာသည်။
ရောက်ရှိနေသည်ကသူ့ကိုပေးထားတဲ့အခန်းမဟုတ်ပေ။
အခန်းတစ်ဝိုက်ကိုဝေ့ဝဲကာကြည့်လိုက်သည်။
အံ့သြစရာကောင်းလောက်အောင်ပင်ဝိန်း၏အခန်းဖြစ်နေသည်။ဟိုတစ်နေ့ရောက်လာတုန်းကလောက်အခန်းကရှုပ်ပွမနေတော့။
"ငါမနေ့ညကဘယ်လိုတောင်ဖြစ်သွားရတာလဲ"
တဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကပုံမှန်မဟုတ်သေး။
အိမ်မက်ဆိုပေမယ့်အိမ်မက်လို့မထင်ရလောက်အောင်ပင်ဖြစ်ရပ်ဆန်လွန်းသည်။
ဦးနှောက်ထဲကျည်ဆန်ဝင်လာတဲ့အချိန်ကအစခေါင်းတစ်ခုလုံးပေါက်ထွက်သွားသည်ဟုပင်ခံစားလိုက်ရသည်။
"နေဦး ငါတကယ်နားမလည်တာကဝိန်းကဝီလီယမ်ကိုချစ်တယ်ဆိုရင်ဖီးလစ်ကိုပါဘာလို့..."
"သူကခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်နေတာလား"
ဂျီမင်းသည်တစ်ခဏလောက်အချိန်ယူစဉ်းစားပြီးသည့်အချိန်တွင်တော့အရာရာတိုင်းကိုနားလည်သွားတော့သည်။
"ဒါတွေရဲ့နောက်ကွယ်ကဝီလီယမ်ပဲ
ဖီးလစ်ကိုဝိန်းကဝီလီယမ်အနေနဲ့သတ်မှတ်ပြီးအစားထိုးထားတာလား"
"မဟုတ်သေးဘူး ဝီလီယမ်ထွက်ပြေးသွားတာဒါနဲ့ဆိုင်နေမလား"
ဂျီမင်းသည်ခေါင်းကိုတဗြင်းဗြင်းကုတ်ကာစဉ်းစားနေပေမယ့်စိတ်တိုင်းကျစရာတစ်ခုတောင်ရှာမတွေ့ပေ။
ဒီလိုမျိုးအချိန်ဆိုရင်၂၁ရာစုကိုပဲအပြေးပြန်ချင်လှသည်။
မဖြစ်သေး....
ဤကိစ္စအားဝိန်းကိုသေသေချာချာမေးကြည့်ရမည်။
စန္ဒရားကိစ္စကတည်းကသဘောပေါက်ခဲ့ရမှာကိုဘာဖြစ်လို့မစဉ်းစားမိပါလိမ့်
ဖီးလစ်ကစန္ဒရားမကြိုက်ဘူးဆိုရင်အဲ့နေ့ကအိမ်မက်ထဲကဖီးလစ်မဟုတ်ဘဲဝီလီယမ်ဖြစ်ခဲ့ပုံပဲ
အစအဆုံးပြန်တွေးကြည့်ရင်သူ့ရဲ့ထင်မြင်ယူဆချက်က၅၀ရာခိုင်နှုန်းလောက်သေချာသည်။
သောမတ်စ်ဝိန်းကတကယ်ကိုမထင်ရဘူး။
ဂျီမင်းသည်ကိုယ့်အခန်းကိုယ်ပြန်ကာရေမိုးချိုးပြီးအောက်ထပ်သို့ဆင်းအလာတွင်မီးဖိုချောင်ထဲမှဝိန်းကိုလှမ်းမြင်လိုက်သည်။
ဝိန်းသည်ဟိုသွားဒီသွားဖြင့်အလုပ်ရှုပ်နေပုံရကာဆင်းလာတဲ့သူ့ကိုတောင်မှမမြင်ပေ။
"ဂျီမင်း"
မီးဖိုချောင်နှင့်ဆန့်ကျင်ဘက်အရပ်သို့ထွက်သွားမည်အပြုတွင်ဝိန်း၏ခေါ်သံထွက်လာသည်။
သူအခုနောက်ကျောပေးထားတာမဟုတ်ဘူးလား
ဘယ်လိုလုပ်မြင်ရတာလဲ
"ဂျီမင်း ကိုယ်ခေါ်နေတယ်လေ"
ဝိန်းရဲ့ပုံမှန်ကြားနေကျလေသံကတောင်အခုချိန်မှာသူ့ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်များကိုရပ်တန့်သွားစေနိုင်သည်။
ဝိန်းကသူ့ဆီကိုလျှောက်လာသည်။
တစ်ပေ နှစ်ပေခန့်သာကျန်တော့သောအကွာအဝေးတွင်ဂျီမင်းနောက်ကိုခြေတစ်လှမ်းဆုတ်မိလိုက်သည်။
ဒုတိယဖီးလစ်မဖြစ်ချင်ပါ။
"ဘာလို့လဲ နေကောင်းလားစမ်းကြည့်ပေးမလို့"
"ကျွန်တော့်ကိုအမှန်တိုင်းဖြေပါ ဝိန်း"
ဝိန်းသည်မနေ့ညကနှင့်မတူထူးခြားစွာပုံစံပြောင်းသွားသောကောင်လေးကိုစိုက်ကြည့်လိုက်သည်။
"ဘာကိုဖြေရမှာလဲ"
"ကျွန်တော်မေးဖူးတဲ့ကိစ္စ
ဝီလီယမ်အကြောင်း"
"မင်းသိစရာမလိုဘူး"
"ဘာကိုလဲ ဖီးလစ်ကိုမချစ်တဲ့ကိစ္စလား
ဝီလီယမ်ကမှဝိန်းရဲ့ချစ်သူမလား"
"ဂျီမင်း မင်း..."
ဝိန်းရဲ့မျက်ဝန်းဝိုင်းတွေကအရောင်ပြောင်းသွားသည်။
ဒါဟာပထမဆုံးအကြိမ်အဖြစ်ဝိန်းရဲ့မျက်ဝန်းတွေဆီကအဓိပ္ပါယ်ကိုဖတ်တတ်ခြင်းပဲ။
"မင်းဘာမှမသိဘူး"
"ကျွန်တော်တကယ်အံ့သြတယ်
ဝိန်းကဒီလိုမျိုးလူစားလား"
"မနေ့ညကအိမ်မက်ထဲမှာဖီးလီးယက်စ်ကရူးသွားခဲ့တယ်။ ဝိန်းရော ဝီလီယမ်ရောသေသွားတဲ့အချိန်မှာသူရောက်လာပြီးအော်ငိုခဲ့တာ"
"မဖြစ်နိုင်တာတွေလာမပြောနဲ့ ဂျီမင်း
ကိုယ်သိတယ် ဖီးလစ်ကအဲ့လိုမျိုးမဟုတ်ဘူး"
"ငြင်းမနေပါနဲ့ ကျွန်တော်သိသွားခဲ့ပြီ"
"အဲ့ဒီလုပ်ရပ်ကမကောင်းဘူး
လူတစ်ယောက်ရဲ့ခံစားချက်ကိုအရုပ်တစ်ရုပ်လိုမျိုးသဘောထားနေတာကောင်းတာမဟုတ်ဘူး"
"ကိုယ်ဘာမှမလုပ်ခဲ့ဘူး"
"ဘာလို့မလုပ်ရမှာလဲ
ဖီးလစ်ကိုတကယ်မချစ်ဘဲနဲ့ဘာလို့ချစ်ဟန်ဆောင်ခဲ့တာလဲ"
"မင်းမသိခဲ့တဲ့ကိစ္စတွေအများကြီးရှိတယ်
ပြီးတော့အဲ့ကိစ္စကိုလည်းနောင်တရနေပြီ"
"တောင်းပန်ပါတယ်"
ဝိန်းရဲ့လေသံကတိုးလျသွားသည်။
မျက်ဝန်းဝိုင်းတွေထဲမျက်ရည်တွေပြည့်နှက်လာခဲ့ပေမယ့်အောက်ထိတော့လျှံကျလာခြင်းမရှိ။
ဝိန်းသည်မျက်တောင်များကိုပုတ်ခတ်လိုက်ပြီးမျက်ရည်တွေကိုပြန်မြိုချလိုက်သည်။
အစ်ကိုနဲ့ပက်သက်လာရင်သူကထိလွယ်ရှလွယ်ဖြစ်နေတုန်းပဲ။
"ကိုယ်steakလုပ်ထားတယ်"
"ဘာအတွက်လဲ"
"မင်းအတွက်"
ရုတ်တရက်စိမ်းကားနေသောအခြေအနေမှတစ်ဆင့်ပုံစံပြောင်းသွားသည်။ဝိန်းရဲ့စကားကြောင့်ရင်ထဲမှာဖိုးသိုးဖက်သတ်ဖြစ်လာသည်။မနက်စာမစားရသေးလို့ဗိုက်ဆာတာနေမှာပါလေ။
အကယ်၍ရင်ခုန်တယ်ဆိုရင်လည်းဒါကplayboyတွေလုပ်လေ့ရှိကြတဲ့အပြုအမူမျိုးမလို့ခေတ္တသာဖြစ်သည်ဟုဂျီမင်းသတ်မှတ်ထားလိုက်သည်။
အခုကြည့်ရရင်ဝိန်းကplayboyမဟုတ်လား
မဟုတ်သေးဘူး playman။
ယခုဆိုရင်အငွေ့တထောင်းထောင်းထနေတဲ့Steakတစ်ပန်းကန်ကသူ့ရှေ့မှောက်ကိုရောက်နေခဲ့ပြီ။
ထိပ်တန်းစားဖိုမှူးတွေရဲ့လက်ရာကဲ့သို့အနံ့ကမွှေးကြိုင်နေသည်။ကြီးကျယ်တဲ့မြို့တော်ဝန်ကဒါတွေလည်းလုပ်တတ်သေးတာလား။
"အိုး မစ္စတာဝိန်း
အနံ့ကအရမ်းမွှေးတာပဲ"
ဂျီမင်းသည်ခက်ရင်းကောက်ကိုင်လိုက်ကာအသားတုံးကိုဖဲ့မည်အကြံတွင်ဝိန်း၏တားမြစ်သံကထွက်လာသည်။
"နေဦး!"
"ဘာလို့လဲ"
"စည်းမျဉ်းနံပါတ်၅ လူကြီးလူကောင်းတစ်ယောက်ကအစားစားတဲ့နေရာမှာလည်းသေသပ်မှုရှိရတယ် စားချင်သလိုစားလို့မရဘူး"
"အခုအဲ့တာကအရေးကြီးနေတာလား"
"ထမင်းစားရင်စကားမပြောနဲ့"
ဂျီမင်းရဲ့ဗိုက်လေးဟာတကြုတ်ကြုတ်မည်နေသည့်တိုင်အောင်ဝိန်းရဲ့မှာတမ်းခြွေနေတဲ့မိန့်ခွန်းတွေကိုထိုင်နားထောင်နေရသည်။
နားမထောင်လို့လည်းမရဘူး
Steakကသူလုပ်ပေးထားတာမလို့။
"အသားစားမယ်ဆိုရင်ခက်ရင်းအမျိုးအစားကိုလည်းရွေးတတ်ရမယ် အလတ်အရွယ်လောက်ရှိတဲ့ခက်ရင်းဆိုရပြီ
ကိတ်မုန့်ဆိုရင်အသေးဆုံးကိုရွေးရမယ်"
"ရပြီလား စားလို့"
"ကိုယ်ပြောတဲ့အတိုင်းစား"
ဘေးနားကဓားနှင့်ခက်ရင်းကိုယူကာစနစ်တကျလှီးဖြတ်လိုက်သည်။အမူအရာကနည်းစနစ်ကျပေမယ့်လှီးဖြတ်လိုက်တဲ့အသားတုံးကတော့ပါးစပ်တစ်ခုလုံးစာအပြည့်ရှိလေသည်။
ဂျီမင်းသည်ထိုအသားတုံးကြီးအားအလွယ်တကူပင်ခက်ရင်းဖြင့်ထိုးကာပါးစပ်ထဲထိုးထည့်လိုက်သည်။
လောလောလတ်လတ်ချက်ပြုတ်ထားသည့်အသားဖြစ်သည်ကတစ်ကြောင်း၊ပါးစပ်တစ်ခုလုံးအပြည့်ဖြစ်သွားသည်ကတစ်ကြောင်းမို့လို့လျှာကျက်သွားရသည်။
ဂျီမင်းရဲ့ပါးစပ်ထဲကအငွေ့များထွက်နေကာထိုအသားတုံးကိုမနည်းဝါးစားနေသည်။
"ပူလိုက်တာ ဝူး"
အကုန်အစင်မြိုချလိုက်ပြီးသည့်နောက်မှာတော့ရေသောက်ဖို့ထလိုက်ရင်းဝိန်းကိုကြည့်မိသွားသည်။
ဝိန်းသည်လက်ပိုက်ထားလျက်သူ့ကိုကြည့်နေကာမျက်မှောင်ကလည်းကြုတ်ထားသေးသည်။
"ဟီး"
သွား၃၂ချောင်းလုံးပေါ်အောင်ဖြဲပြလိုက်သော်လည်းဂေါက်ခနဲမြည်သံနှင့်အတူခေါင်းခေါက်ခံလိုက်ရသည်။
၂၀ရာစုမှာနေရင်းနဲ့သူ့ရဲ့ခေါင်းလည်းအခေါက်ခံရလွန်းလို့ပိန်တောင်ပိန်တော့မှာပဲ။
နာသွားတဲ့ထိပ်ကိုပွတ်ကာဝိန်းကိုလှမ်းကြည့်လိုက်တော့သက်ပြင်းချသံတစ်ချက်ကြားလိုက်ရသည်။
လူကြီးလူကောင်းသင်တန်းနှင့်ပက်သက်ပြီးလက်လျှော့သွားပြီလို့ထင်လိုက်မိပေမယ့်လည်းဝိန်းကအသားတုံးတွေကိုကိုယ်တိုင်လှီးဖြတ်ကာသူ့ကိုခက်ရင်းထိုးပြသည်။
"တွေ့လား ဒီလောက်အနေဆိုရင်ရပြီ"
သူဘာလို့လက်မလျှော့ရသေးတာလဲ။
"မင်းကိုဖီးလစ်သာမြင်ရင်ခက်ရင်းနဲ့ထထိုးလောက်တယ်"
"ဘာဆိုင်လို့လဲ"
"ဖီးလစ်ကအစားစားရင်ညစ်ပတ်တာမကြိုက်ဘူး
ပြီးတော့မင်းသူ့ရဲ့ခန္ဓာကိုယ်ကိုဝင်ယူထားပြီးဒီလိုတွေလုပ်နေတာမြင်ရင်လုံးဝစိတ်ဆိုးလိမ့်မယ်"
"ဆိုးချင်ဆိုးပေါ့ ဘယ်သူကလာချင်ပါတယ်လို့ပြောနေလို့လဲ"
"တော်ပြီ အချိန်ကုန်တယ်
ကိုယ်မြို့တော်ဝန်ရုံးသွားရဦးမှာ"
"စားပြီးရင်လက်ဖက်ရည်သောက်နည်းသင်မယ်"
တောင်းဗန်ပါတယ် သူ့ကိုတစ်ယောက်ယောက်ဒီရာစုနှစ်ကြီးကဆွဲထုတ်ပေးကြပါ။
"အရေးကြီးလို့သင်ပေးနေတာ
ကိုယ်ဒီလောက်စိတ်မရှည်ဘူးနော်"
ဝိန်းကလက်ဖက်ရည်ခွက်ကိုယူကာရေအနည်းငယ်ဖြည့်လိုက်သည်။ဂျီမင်းကိုလည်းခွက်တစ်ခွက်တိုးပေးကာသောက်ခိုင်းသည်။
အထာနပ်သွားပြီဖြစ်သောဂျီမင်းသည်ဖြည်းဖြည်းချင်းယူကာသောက်လိုက်သော်လည်းဝိန်းကစိတ်တိုင်းမကျသေးပေ။
"ဖန်ခွက်ကိုမရင်ဖြည်းဖြည်းမ
ကိုင်ထားတဲ့လက်ကိုင်မှာလက်သန်းကိုထိမနေစေနဲ့
အပြင်ကိုဆန့်ထုတ်ထား
ဘယ်ဘက်လက်ကအောက်ခံပန်းကန်ပြားကိုကိုင်ထားရမယ်"
"ကိုယ်သောက်ပြမယ် လိုက်ကြည့်"
ဝိန်းကလက်ဖက်ရည်ခွက်ကိုဖြည်းညင်းစွာယူကာသောက်ပြသည်။လက်ဖက်ရည်သောက်ခြင်းအနုပညာသည်နူးညံ့သိမ်မွေ့လွန်းကာတော်ဝင်ဆန်သည်။
ဂျီမင်း၏အတွေးထဲတွင်တော့negativeအတွေးများသာရောက်ရှိနေလေသည်။
လက်ဖက်ရည်သောက်တာပဲ
လူကြီးလူကောင်းဆန်စရာလိုလို့လား။
"သောက်ပြ"
သူသေချာမလုပ်မချင်းအဘိုးကြီးလိုတဗျစ်တောက်တောက်ပြောနေဦးမှာဆိုတော့ဒီတစ်ခေါက်သေချာလုပ်ပြလိုက်သည်။ဝိန်းသည်ထိုမှသဘောကျသွားပုံရကာတစ်ချက်ပြုံးလိုက်သည်။
"တော်တယ်"
"ဒါဆိုပြီးပြီလား"
"အင်း ကိုယ်မြို့တော်ဝန်ရုံးကပြန်ရောက်တဲ့အခါစည်းကမ်းချက်တွေအကုန်လုံးကိုပြန်ရွတ်ပြရမယ် ကြားလား"
"ဒါကြီးကတော့အရမ်းလွန်တယ်မထင်ဘူးလား"
"မထင်ဘူး"
ဝိန်းကပြောပြီးချင်းချင်းမီးဖိုချောင်ထဲကထွက်သွားသည်မို့ဆူပွက်နေတဲ့ရေနွေးအိုးလိုတရှူးရှူးတရှဲရှဲဖြစ်နေတဲ့ဂျီမင်းကိုမမြင်တော့ပါ။
"ရှီးပါးလ်ပဲ အဘိုးကြီးသောမတ်စ်ဝိန်းး"
_____
ဂျီမင်းသည်လှုပ်ကုလားထိုင်တစ်ခုပေါ်တွင်ပျင်းရိပျင်းတွဲထိုင်နေသည်။သူ့တွင်တစ်ခြားဘာမှလုပ်စရာလည်းမရှိ၍ဒီအတိုင်းထိုင်နေရုံသာရှိသည်။
'ဒီကမ္ဘာမြေမှာလျှို့ဝှက်ချက်တွေရှိတယ်
ငါ့ကိုလာရှာပါ အဲ့ဒီနောက်မှာဖြစ်ပျက်ခဲ့သမျှကိုမင်းသိလိမ့်မယ်'
အသံတစ်ခုကနားထဲကိုဝင်လာသည်။
မကြားရတာကြာပြီဖြစ်တဲ့စာအုပ်ရဲ့အသံမို့လို့ဂျီမင်းထိုင်နေရာမှဆတ်ခနဲအလိုလိုထရပ်မိလိုက်သည်။
'ငါ့ကိုရှာပါ'
ယခင်ကလိုသူ့ရဲ့နားထဲမှာလာပြောနေတာမျိုးမဟုတ်ဘဲနဲ့ကြားနိုင်လောက်တဲ့အကွာအဝေးကနေစကားပြောနေခြင်းဖြစ်သည်။ထို့ကြောင့်ဂျီမင်းသူ့ရဲ့နားကိုပိုမိုစွင့်ထားလိုက်ရင်းအသံထွက်လာရာသို့ခြေလှမ်းများကိုသွက်လိုက်သည်။
အသံကဝိန်းရဲ့စာကြည့်ခန်းဘက်ကလာတာဖြစ်ပြီးဝိန်းကထိုအခန်းကိုမသွားဖို့သူ့ကိုပြောထားသည်။
အသံကစာကြည့်ခန်းနဲ့နီးလာလေ တရိပ်ရိပ်တိုးလာလေဖြစ်ပြီးမမြင်ရတဲ့အားတစ်ခုကဂျီမင်းအားထိုအခန်းထဲသွားဖို့တိုက်တွန်းနေသည်။
သော့ခတ်ထားတဲ့တံခါးလက်ကိုင်ဘုကိုလှည့်ဖွင့်လိုက်သောအခါအလိုလိုပွင့်သွားသည်။
အင်မတန်ထူးဆန်းလွန်းလှ၍ဂျီမင်း၏ပါးစပ်လေးကပွင့်ဟသွားသည်။
စာကြည့်ခန်းထဲသို့ရောက်သွားပြီးချိန်တွင်နံရံကပ်စာအုပ်စင်ကြီးနှင့်အတူစားပွဲခုံတစ်ခုကိုပါတွေ့လိုက်ရသည်။
ကျွန်းသားချည်းသာသုံးထားသည်ဖြစ်၍အရောင်ကတောက်လွန်းနေကာတော်ဝင်ဆန်ဆန်ကြည့်ရှုဖွယ်ကောင်းနေလေသည်။
အသံကအခုမှရုတ်တရက်ပျောက်သွားကာတိတ်ဆိတ်သွားသည်။ အသံရဲ့ဆွဲငင်ရာနောက်ညှို့ယူခံထားရသလိုလိုက်ခဲ့တဲ့ဂျီမင်းသည်အခုမှကြောက်စိတ်ဝင်လာတော့သည်။
"ဘာာာ...ဘာလဲဟ"
"သရဲခြောက်တာလား"
ပြောလို့မရပေ။
အမွေစံအိမ်ကြီးလိုဖြစ်နေသည့်ဝိန်းရဲ့အိမ်မှာသရဲရှိနေတာကထူးဆန်းတဲ့အကြောင်းအရာမဟုတ်။
ဇာတ်ကားတွေထဲမှာဆိုဒီလိုမျိုးသရဲကအသံပေးပြီးခေါ်တတ်ကြတယ်မလား။
"မဖြစ်ဘူး သရဲဖြစ်နေရင်ဘယ်လိုလုပ်မလဲ
ဟိုအဘိုးကြီးမရှိလို့ငါ့ကိုခြောက်နေတာမလား"
"မဟုတ်သေးဘူး စာအုပ်ကခေါ်နေတာဆိုရင်ရော"
"သရဲခြောက်နေရင်လည်းကြောက်ဖို့မလိုဘူး
အဓိကကငါ၂၁ရာစုကိုပြန်နိုင်ဖို့အရေးကြီးတယ် ဖိုက်တင်း စာအုပ်ကိုရှာတွေ့ရင်ရပြီ"
ဝိန်းရဲ့စာကြည့်ခန်းထဲကစာအုပ်များစွာကိုလိုက်လံကြည့်နေသည်။သို့သော်ဟိုစာအုပ်နှင့်တူဖို့ဝေးစွ ရှိသမျှစာအုပ်တိုင်းကနိုင်ငံရေးစာအုပ်တွေချည်းပဲ။
"ခဏလေး ဟိုစာအုပ်ကိုဖွက်ထားတာရောမဖြစ်နိုင်ဘူးလား"
အရင်ဆုံးစာအုပ်စင်ကိုစူးစမ်းလိုက်မည်။
ရှေးဟောင်းပစ္စည်းတွေလိုဆိုရင်စာအုပ်စင်နောက်မှာပဲဖွက်ထားကြတာလေ။
စာအုပ်တစ်အုပ်အုပ်ကိုဆွဲထုတ်လိုက်ရင်စာအုပ်စင်ကြီးကပွင့်ထွက်လာပြီးနောက်မှာအခန်းတစ်ခုရှိနေမယ်။
အဲ့အခန်းထဲမှာစာအုပ်ကရှိနေလိမ့်မယ်။
ထိုသို့သောအတွေးနှင့်အတူဂျီမင်းသည်စာအုပ်စင်ပေါ်ကစာအုပ်မှန်သမျှကိုဆွဲချဖို့ကြံစည်လိုက်သည်။
ပထမဆုံးအတန်းကိုဆွဲချသည်။
မတွေ့...
ဒုတိယအတန်းကိုဆွဲချသည်။
မတွေ့...
တတိယတန်းကိုဆွဲချသော်လည်းမတွေ့...။
နောက်ဆုံးတန်းကိုဆွဲချပြီးသည်အထိမတွေ့သေးပါ။
စာအုပ်စင်ကြီးတစ်ခုလုံးပြောင်သလင်းခါသွားသည့်တိုင်အောင်ဇာတ်ကားထဲကလိုမျိုးလျှို့ဝှက်တံခါးကပေါ်မလာ။ဆွဲချထားသောစာအုပ်ပုံကြားတွင်ဂျီမင်းနစ်နေသည်။
"ဂျီမင်း!"
ချက်ချင်းဆိုသလိုအောက်ထပ်မှဝိန်းရဲ့အသံကိုကြားလိုက်ရသည့်အတွက်ဂျီမင်း၏ရင်များတုန်လှုပ်သွားသည်။သေပြီ!!
"မင်းအပေါ်ထပ်မှာလား"
ဘာအသံမှပြန်မလာသည့်အတွက်ဝိန်း၏မျက်ခုံးများကျုံ့သွားသည်။
အိမ်ကိုများပြန်သွားတာလား
ဒီကလေး မပြောမဆိုနဲ့။
ဂျီမင်းသည်အသံတစ်ခုမျှတောင်မထွက်နိုင်ဘဲကြောက်နေသည်။ဒီစာအုပ်ပုံကြီးကိုစက္ကန့်ပိုင်းအတွင်းဘယ်လိုရှင်းရမှာလဲ။
တစ်ဖက်မှာလည်းဝိန်းသည်အပေါ်ထပ်သို့တက်လာသည်။ဂျီမင်း၏အိပ်ခန်းတွင်လည်းရှာပြီးပြီဖြစ်၍ကျန်သည်မှာသူ၏အခန်းနှင့်စာကြည့်ခန်းသာဖြစ်သည်။
တစ်ဖက်တစ်ချက်စီမှလှမ်းကြည့်လိုက်တော့စာကြည့်ခန်းတံခါးကဟနေသည်။
"ဒီကောင်လေး..!"
အံကြိတ်လိုက်ရင်းဝိန်းသည်တံခါးရှိရာဆီသို့ခပ်မြန်မြန်လျှောက်သွားသည်။ထင်ထားသည့်အတိုင်းပင်စာကြည့်ခန်းထဲအရောက်တွင်တောင်ကြီးလိုရှုပ်ပွနေသောသူ့ရဲ့စာအုပ်တွေကြားထဲငုတ်တုတ်လေးထိုင်နေတဲ့ဂျီမင်းကိုတွေ့လိုက်ရသည်။
"ဝိန်း ကျွန်တော်တောင်းပန်ပါတယ်"
"ဘာမှမပြောခင်ကျွန်တော်ရှင်းပြတာကိုနားထောင်ပေးပါ"
မျက်နှာငယ်လေးနှင့်ငိုချမတတ်ပြေယလာတဲ့ဂျီမင်းကိုကြည့်ရင်းဝိန်းရဲ့ဆံပင်တွေအားလုံးဖြူချင်သွားသည်။
ဘယ်လိုတောင်ဒုက္ခပေးနိုင်ရတာလဲ။
အစ်ကိုနဲ့တူတယ်လို့ပြောခဲ့တဲ့ကိုယ့်ကိုယ်ကိုယ်တောင်ပြန်ရိုက်ချင်သည်။
"မင်းကိုဒီအခန်းထဲမဝင်ပါနဲ့လို့ပြောခဲ့လား မပြောခဲ့ဘူးလား"
"ဟုတ် ပြောခဲ့ပါတယ်"
ဂျီမင်းသည်လွန်ခဲ့တဲ့နေ့တစ်ပိုင်းကတွေ့ခဲ့သောဂျီမင်းနှင့်လားလားမျှမဆိုင်။အမှားလုပ်ထား၍လေသံကပျော့နေသည်။
စိတ်ရှိလက်ရှိသာလုပ်ရရင်ရစရာတောင်ကျန်မှာမဟုတ်ဘူး။
"ဘာဝင်လုပ်တာလဲပြောစမ်း"
"စာအုပ် စာအုပ်လာရှာတာပါ"
"ဘယ်စာအုပ်လဲ"
"ကျွန်တော့်ကိုခေါ်နေတယ် စာအုပ်ကသူ့ကိုလာရှာပါတဲ့"
"မင်းအဓိပ္ပါယ်မရှိတဲ့အရာတွေနဲ့ထပ်ပြီးလီဆယ်လုပ်ကြံပြောနေပြန်ပြီလား"
"မဟုတ်ဘူး သူကကျွန်တော့်ကိုခေါ်နေတာ"
ဝိန်းသည်ခေတ္တခဏစဉ်းစားအပြီးတွင်အဖြစ်မှန်ကိုသဘောပေါက်သလိုလိုရှိသွားတော့သည်။
"စာအုပ်ကိုမြင်လိုက်လား"
"ကျွန်တော်ဝိန်းကိုပြောပြထားတယ်လေ
စာအုပ် အညိုရောင်အဖုံးနဲ့စာအုပ်"
"အညိုရောင်အဖုံး ရွှေရောင်နာမည်နဲ့"
"အင်း ဟုတ်တယ်"
ဂျီမင်းကခေါင်းကိုဆက်တိုက်ငြိမ့်လိုက်ပြီးမှမျက်လုံးလေးများကထပ်မံပြူးသွားလေသည်။
"နေဦး ဝိန်းကိုပြောတုန်းကစာအုပ်လို့ပဲပြောခဲ့တာလေ
ဘယ်လိုလုပ်ရွှေရောင်နာမည်ရှိတာကိုသိသွားရတာလဲ"
ခါတိုင်းနဲ့မတူညီစွာပဲဝိန်း၏မျက်လုံးများကယောက်ယက်ခတ်နေလျက်ရှိပြီးစိတ်လှုပ်ရှားနေသည်မှာသိသာသည်။
"အဲ့ဒီစာအုပ်ဘယ်ကရသလဲ"
"စာကြည့်တိုက်ကလေ
သမိုင်းစာအုပ်စင်မှာကျွန်တော်စာအုပ်ရှာရင်းနဲ့ပြုတ်ကျ..."
"စာအုပ်မှာဘာနာမည်ရေးထားတာလဲ"
ဂျီမင်းစကားမဆုံးခင်ဝိန်းကဖြတ်မေးလိုက်သည်မို့ဂျီမင်းလည်းခေတ္တမျှကြောင်သွားကာခေါင်းကုတ်ရင်းဖြေလိုက်သည်။
"၂၀ရာစုရဲ့ပျောက်ဆုံးနေသောသမိုင်းကြောင်း လို့ရေးထားတာပဲ"
"သေချာတယ် အဲ့တာက..."
ဝိန်းကဆက်မပြောဘဲရပ်နေသည်မို့ဂျီမင်းသိချင်စိတ်ဖြင့်ဘာမှမပြောဘဲစောင့်ကြည့်နေလိုက်သည်။
"Book of Vinc"
"အမ် ဘာကြီး..."
"Book of Vinc
ဝိန်းမျိုးရိုးအဆက်ဆက်ထိန်းသိမ်းလာခဲ့ပြီးအချိန်ယန္တရားကိုစေစားနိုင်တဲ့စာအုပ်
နောက်တစ်မျိုးပြောရရင်သိပ်ကိုအန္တရာယ်များလှတဲ့စာအုပ်ပဲ"
_____
Zawgyi
The Book Of Vinc
ဂ်ီမင္းကအိပ္ရာေပၚမွာၿငိမ္သြားၿပီ။
တစ္ညလံုးသူ႔မွာအေၾကာက္လြန္ေနေသာဂ်ီမင္းကိုဖက္ထားေပးကာေခ်ာ့ေနေသာ္လည္းတုန္ရီေနတာကနည္းနည္းမွေပ်ာက္မသြားေပ။
နံနက္ေဝလီေဝလင္းအခ်ိန္မွသူ႔အိပ္ရာမွာအိပ္ေပ်ာ္သြားေသာဂ်ီမင္းကိုသတိထားေနရသည္။
"ေသြးေတြအမ်ားႀကီးပဲ ဝိန္း
အဲ့ဒီ အဲ့ဒီဇာတ္စင္ေပၚမွာ..."
"ဝီလီယမ္လည္းရွိတယ္
သူ သူေရာ ေသသြားတာ"
မေန႔ညကဂ်ီမင္းကေယာင္ေျခာက္ျခားေျပာခဲ့တဲ့စကားမ်ားကေခါင္းထဲကိုအစီအရီဝင္လာသည္။
"အစ္ကိုကဘာလို႔လဲ"
"အနာဂတ္မွာကြၽန္ေတာ္တို႔နွစ္ေယာက္လံုးအတူတူေသသြားၾကတာလား"
"အကယ္၍ဖီးလစ္အစားဂ်ီမင္းေရာက္လာတာကိုအစ္ကိုသိရင္ဘာေျပာမလဲသိခ်င္လိုက္တာ"
သိပ္ခ်စ္ရေသာသူသည္မည္သည့္ေနရာတြင္ေရာက္ေနမွန္းမသိသည့္အခ်ိန္တြင္တစ္ေထရာတည္းတူသူကမိမိအိပ္ရာေပၚမွာလဲေလ်ာင္းေနသည္။
ဖီးလစ္ကိုျမင္တိုင္းဝီလီယမ္ကျမင္ကြင္းထဲေပၚေပၚလာသည္။
"အစ္ကို႔ကတိကိုကြၽန္ေတာ္မတည္ခ်င္ေတာ့ဘူး
ဖီးလစ္ကအစ္ကိုနဲ႔အရမ္းကြဲျပားတယ္
သူတစ္ခါမွအစ္ကို႔လိုမရယ္ျပဘူး
တစ္ခါမွေႏြးေႏြးေထြးေထြးမခံစားရဘူး
တစ္ခါမွလည္းစကားေသခ်ာမေျပာဘူး"
"အစ္ကိုထြက္သြားတဲ့ေန႔ကစၿပီးကြၽန္ေတာ္တစ္ရက္မွမေပ်ာ္ခဲ့ပါဘူး"
"ဒါေပမယ့္ဖီးလစ္ကိုယ္ထဲဂ်ီမင္းေရာက္လာတဲ့ေန႔ကဘာေၾကာင့္မွန္းမသိဘူး
ကြၽန္ေတာ္ပထမဆံုးအႀကိမ္လြတ္လြတ္လပ္လပ္ရယ္နိုင္သြားတယ္
ရက္ေပါင္းမ်ားစြာေပ်ာက္ဆံုးေနတဲ့အရာကိုျပန္ရွာေတြ႕လိုက္သလိုပဲ"
"အစ္ကိုနဲ႔ဂ်ီမင္းကအရမ္းတူတယ္"
အိပ္ရာေပၚမွာေအးေအးခ်မ္းခ်မ္းအိပ္ေပ်ာ္သြားတဲ့ဂ်ီမင္းကိုၾကည့္လိုက္ၿပီးဝိန္းကခပ္တိုးတိုးေရ႐ြတ္သည္။
"အင္း ရွပ္တီးရွပ္ျပာနိုင္တာကေတာ့ကြာတာေပါ့"
"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္အဲ့ဒီေန႔အစ္ကို႔ကိုရေအာင္ကယ္မွာပါ"
စားပြဲေပၚတြင္တင္ထားေသာအျဖဴအမည္းကာလာျဖင့္ဓာတ္ပံုေလးကိုတစ္ခ်က္နမ္းလိုက္ရင္းဝိန္း၏နႈတ္ခမ္းမ်ားကနွစ္လိုဖြယ္ေကာင္းစြာၿပံဳးသြားေလသည္။
_____
အိမ္မက္ဆိုးေတြကတစ္ညလံုးဒုကၡေပးထားသည့္အတြက္ဂ်ီမင္းသည္မနက္အေစာပိုင္းမွအိပ္ေပ်ာ္သြား၍ေန႔ခင္းေလာက္မွျပန္နိုးလာသည္။
ေရာက္ရွိေနသည္ကသူ႔ကိုေပးထားတဲ့အခန္းမဟုတ္ေပ။
အခန္းတစ္ဝိုက္ကိုေဝ့ဝဲကာၾကည့္လိုက္သည္။
အံ့ၾသစရာေကာင္းေလာက္ေအာင္ပင္ဝိန္း၏အခန္းျဖစ္ေနသည္။ဟိုတစ္ေန႔ေရာက္လာတုန္းကေလာက္အခန္းကရႈပ္ပြမေနေတာ့။
"ငါမေန႔ညကဘယ္လိုေတာင္ျဖစ္သြားရတာလဲ"
တဆစ္ဆစ္ကိုက္ေနတဲ့ေခါင္းကပံုမွန္မဟုတ္ေသး။
အိမ္မက္ဆိုေပမယ့္အိမ္မက္လို႔မထင္ရေလာက္ေအာင္ပင္ျဖစ္ရပ္ဆန္လြန္းသည္။
ဦးေနွာက္ထဲက်ည္ဆန္ဝင္လာတဲ့အခ်ိန္ကအစေခါင္းတစ္ခုလံုးေပါက္ထြက္သြားသည္ဟုပင္ခံစားလိုက္ရသည္။
"ေနဦး ငါတကယ္နားမလည္တာကဝိန္းကဝီလီယမ္ကိုခ်စ္တယ္ဆိုရင္ဖီးလစ္ကိုပါဘာလို႔..."
"သူကခဲတစ္လံုးနဲ႔ငွက္နွစ္ေကာင္ပစ္ေနတာလား"
ဂ်ီမင္းသည္တစ္ခဏေလာက္အခ်ိန္ယူစဥ္းစားၿပီးသည့္အခ်ိန္တြင္ေတာ့အရာရာတိုင္းကိုနားလည္သြားေတာ့သည္။
"ဒါေတြရဲ႕ေနာက္ကြယ္ကဝီလီယမ္ပဲ
ဖီးလစ္ကိုဝိန္းကဝီလီယမ္အေနနဲ႔သတ္မွတ္ၿပီးအစားထိုးထားတာလား"
"မဟုတ္ေသးဘူး ဝီလီယမ္ထြက္ေျပးသြားတာဒါနဲ႔ဆိုင္ေနမလား"
ဂ်ီမင္းသည္ေခါင္းကိုတျဗင္းျဗင္းကုတ္ကာစဥ္းစားေနေပမယ့္စိတ္တိုင္းက်စရာတစ္ခုေတာင္ရွာမေတြ႕ေပ။
ဒီလိုမ်ိဳးအခ်ိန္ဆိုရင္၂၁ရာစုကိုပဲအေျပးျပန္ခ်င္လွသည္။
မျဖစ္ေသး....
ဤကိစၥအားဝိန္းကိုေသေသခ်ာခ်ာေမးၾကည့္ရမည္။
စႏၵရားကိစၥကတည္းကသေဘာေပါက္ခဲ့ရမွာကိုဘာျဖစ္လို႔မစဥ္းစားမိပါလိမ့္
ဖီးလစ္ကစႏၵရားမႀကိဳက္ဘူးဆိုရင္အဲ့ေန႔ကအိမ္မက္ထဲကဖီးလစ္မဟုတ္ဘဲဝီလီယမ္ျဖစ္ခဲ့ပံုပဲ
အစအဆံုးျပန္ေတြးၾကည့္ရင္သူ႔ရဲ႕ထင္ျမင္ယူဆခ်က္က၅၀ရာခိုင္နႈန္းေလာက္ေသခ်ာသည္။
ေသာမတ္စ္ဝိန္းကတကယ္ကိုမထင္ရဘူး။
ဂ်ီမင္းသည္ကိုယ့္အခန္းကိုယ္ျပန္ကာေရမိုးခ်ိဳးၿပီးေအာက္ထပ္သို႔ဆင္းအလာတြင္မီးဖိုေခ်ာင္ထဲမွဝိန္းကိုလွမ္းျမင္လိုက္သည္။
ဝိန္းသည္ဟုိသြားဒီသြားျဖင့္အလုပ္ရႈပ္ေနပံုရကာဆင္းလာတဲ့သူ႔ကိုေတာင္မွမျမင္ေပ။
"ဂ်ီမင္း"
မီးဖိုေခ်ာင္နွင့္ဆန္႔က်င္ဘက္အရပ္သို႔ထြက္သြားမည္အျပဳတြင္ဝိန္း၏ေခၚသံထြက္လာသည္။
သူအခုေနာက္ေက်ာေပးထားတာမဟုတ္ဘူးလား
ဘယ္လိုလုပ္ျမင္ရတာလဲ
"ဂ်ီမင္း ကိုယ္ေခၚေနတယ္ေလ"
ဝိန္းရဲ႕ပံုမွန္ၾကားေနက်ေလသံကေတာင္အခုခ်ိန္မွာသူ႔ခႏၶာကိုယ္ရဲ႕လုပ္ေဆာင္ခ်က္မ်ားကိုရပ္တန္႔သြားေစနိုင္သည္။
ဝိန္းကသူ႔ဆီကိုေလ်ွာက္လာသည္။
တစ္ေပ နွစ္ေပခန္႔သာက်န္ေတာ့ေသာအကြာအေဝးတြင္ဂ်ီမင္းေနာက္ကိုေျခတစ္လွမ္းဆုတ္မိလိုက္သည္။
ဒုတိယဖီးလစ္မျဖစ္ခ်င္ပါ။
"ဘာလို႔လဲ ေနေကာင္းလားစမ္းၾကည့္ေပးမလို႔"
"ကြၽန္ေတာ့္ကိုအမွန္တိုင္းေျဖပါ ဝိန္း"
ဝိန္းသည္မေန႔ညကနွင့္မတူထူးျခားစြာပံုစံေျပာင္းသြားေသာေကာင္ေလးကိုစိုက္ၾကည့္လိုက္သည္။
ေၾကာင္ေပါက္ေလးလိုကပ္တြယ္ေနခဲ့ေသာသူကယခုက်ားစြယ္လာျပေနသည္။
"ဘာကိုေျဖရမွာလဲ"
"ကြၽန္ေတာ္ေမးဖူးတဲ့ကိစၥ
ဝီလီယမ္အေၾကာင္း"
"မင္းသိစရာမလိုဘူး"
"ဘာကိုလဲ ဖီးလစ္ကိုမခ်စ္တဲ့ကိစၥလား
ဝီလီယမ္ကမွဝိန္းရဲ႕ခ်စ္သူမလား"
"ဂ်ီမင္း မင္း..."
ဝိန္းရဲ႕မ်က္ဝန္းဝိုင္းေတြကအေရာင္ေျပာင္းသြားသည္။
ဒါဟာပထမဆံုးအႀကိမ္အျဖစ္ဝိန္းရဲ႕မ်က္ဝန္းေတြဆီကအဓိပၸါယ္ကိုဖတ္တတ္ျခင္းပဲ။
"မင္းဘာမွမသိဘူး"
"ကြၽန္ေတာ္တကယ္အံ့ၾသတယ္
ဝိန္းကဒီလိုမ်ိဳးလူစားလား"
"မေန႔ညကအိမ္မက္ထဲမွာဖီးလီးယက္စ္ကရူးသြားခဲ့တယ္။ ဝိန္းေရာ ဝီလီယမ္ေရာေသသြားတဲ့အခ်ိန္မွာသူေရာက္လာၿပီးေအာ္ငိုခဲ့တာ"
"မျဖစ္နိုင္တာေတြလာမေျပာနဲ႔ ဂ်ီမင္း
ကိုယ္သိတယ္ ဖီးလစ္ကအဲ့လိုမ်ိဳးမဟုတ္ဘူး"
"ျငင္းမေနပါနဲ႔
You are reading the story above: TeenFic.Net