16

Background color
Font
Font size
Line height

နံနက်မိုးသောက်၏ ပထမဆုံးအလင်းရောင်နှင့်အတူ အယ်ဗန်နဲ့ဗီဗီယန် အစောကြီးထကာ အိမ်ပြန်ဖို့ သူတို့ ပစ္စည်းတွေ ထုပ်ပိုးပြီး မနက်
စာစားပြီးအခန်းထဲ ပြန်ဝင်လာကျသည်။

အယ်ဗန်ကုတင်အစွန်းမှာထိုင်ပြီး နောက်ဆုံးအကြိမ် အခန်းငယ်လေးကို လှည့်ပတ်ကြည့်နေသည်။ သစ်သားကြမ်းခင်းများ၊ ရိုးရှင်းသောပရိဘောဂများ၊ နူးညံ့သောအဖြူရောင်
အိပ်ယာခင်းများ... အားလုံးသည် တည်းခို
ခန်းမှထွက်ခွာသွားသောအခါ အမှတ်တရတစ်ခုမျှသာဖြစ်တော့မည်။

အပြင်ဘက်မှာတော့ ရွာသားတွေတဖြေးဖြေး နိုးထလာကာ သူမတို့သွားဖို့ အချိန်ရောက်ပြီ ဆိုတာ သေချာနေပြီဖြစ်သည်။သူမသက်ပြင်းကို တိုးတိုးလေး ချလိုက်ရင်း ဒီနေရာကို နှုတ်ဆက်ဖို့ အတွေးက သူမရင်ထဲတွင် ခံစားချက်တွေ ရောထွေးနေခဲ့သည်။

တည်းခိုခန်းထဲက ထွက်လာကြပြီး မနက်ခင်းလေထုက အေးမြလတ်ဆတ်နေပါသည်။ ပုစဉ်းရင်ကွဲတွေရဲ့ အသံက လေထဲမှာ ပြည့်နှက်နေပြီး ကားဆီသို့ လျှောက်လာရင်း ဗီဗီယန်သည် ဒါရိုက်ဘာထိုင်ခုံကို နေရာယူ
လိုက်ပြီး အယ်ဗန်သည် သူမဘေးတွင်နေရာ
ယူလိုက်သည်။

" သွားကြရအောင် "

သူမသည် စက်နှိုးရာတွင် သော့ကို လှည့်လိုက်သည်။ကျဉ်းမြောင်းတဲ့ ရွာလမ်းတွေကို ဖြတ်မောင်းလာခဲ့သည်။

အယ်ဗန်ထိုင်ခုံကိုမှီရင်းနဲ့ ဖြတ်သွားသော ရှုခင်းများကို ပြတင်းပေါက်မှ လှမ်းကြည့်နေ
သည်။ တောင်ကုန်းတွေ လယ်ကွင်းတွေ၊ ရှုခင်းတွေ စွန်းထင်းနေတဲ့ ရွာငယ်လေးနဲ့ ရံဖန်ရံခါ ပျံဝဲနေတဲ့ ငှက်လေးတွေ ဒါမှမဟုတ် တိရိစ္ဆာန်တွေ... သူဖြတ်သွားသမျှကို ကြည့်ပြီး မြင်ကွင်းတိုင်းက လွမ်းဆွတ်မှုတွေနဲ့ ရောပြွမ်းနေခဲ့သည်။

ခရီးဆက်လာသည်နှင့်အမျှ နေမင်းကြီးသည် ကောင်းကင်ယံ၌ တဖြေးဖြေးမြင့်လာပြီး မိုးသားပြင်ကို ရွှေရောင်နှင့် ပန်းနုရောင်တို့ဖြင့် ခြယ်သထားသည်။

နာရီအနည်းငယ်ကြာအောင် ကားမောင်းပြီးနနောက်ဆုံးတွင် သူတို့မြို့ရဲ့အစွန်သို့ ရောက်ခဲ့ကြသည်။ ရှုခင်းတွေဟာ ပြောင်းလာပြီး
သူတို့သွားရောက်ခဲ့တဲ့ ကျေးလက်ဒေသနဲ့ခြားနားစွာအဆောက်အဦးတွေနဲ့ လမ်းတွေ ပြောင်းလာသည်။

သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်တော့နေ့ခင်း ၁၁ နာရီခွဲဖြစ်နေပြီး သူတို့မသိလိုက်ဘဲ အချိန်တွေ ကုန်လွန်သွားခဲ့ကာ အိမ်ပြန်ခရီးက သူတို့မျှော်လင့်ထားတာထက် ပိုမြန်နေပါ
သည်။

ရပ်ကွက်ထဲကို ဝင်လိုက်တာနဲ့ သူတို့မြို့ရဲ့ ရင်းနှီးတဲ့ မြင်ကွင်းက သူတို့ကို လွှမ်းခြုံလာပါသည်။

အိမ်ထဲကို ဝင်လိုက်တာနဲ့ ခြံထဲမှာ ကစားနေတဲ့ အယ်ဗန် ရဲ့သားက သူတို့ပြန်လာတာကို ချက်ချင်းသတိထားမိတယ်။ ကောင်လေး
၏မျက်နှာသည် စိတ်လှုပ်ရှားမှုနှင့်မျက်နှာပေါ်ရှိအပြုံးများဖြင့်အယ်ဗန်ထံသို့ ပြေးသွားခဲ့သည်။

"ဖေဖေ ပြန်လာပြီလား..."

သားဖြစ်သူ၏ နှုတ်ဆက်တာကို ပြန်ပြုံးပြကာ ကောင်လေး၏ ပျော်ရွှင်မှုသည်သူ့ကိုကူးစက်သွားသည် ။သားဖြစ်သူရဲ့ စိတ်လှုပ်ရှားမှုနှင့်ရွှင်မြူးသောအသံကိုကြားလိုက်ရသည်
နှင့် ချက်ချင်းဆိုသလိုပင် သူ့အား စိတ်ဓာတ်များ တက်ကြွစေကာ ခရီးလမ်းမှ ငြီးငွေ့ဖွယ်မှန်သမျှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

"ဟေ့ ပိစိ ဖေဖေကိုစောင့်နေတာလား "

" ဖွားရေ... ဖေဖေ ပြန်လာပြီ! "

ထိုကောင်လေးသည်ပျော်ရွင်စွာဖြင့် အဖွား
ဖြစ်သူအား အော်ခေါ်လိုက်သည်။

ခဏအကြာတွင် သူ့အမေ မီးဖိုချောင်မှ ထွက်လာပြီး အံ့သြကာ ဝမ်းသာနေသည့်အမှုအယာဖြင့် သူတို့နားလျှောက်လာခဲ့သည်။

" မင်းတို့ပြန်လာပြီလား "

သူ့အမေရဲ့အသံမှာ အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်နေသည်။

" မြန်လိုက်တာကော သားနဲ့သမီး "

" အမေတို့ မျှော်လင့်ထားတာထက် စောပြီး ထွက်သွားတော့ ထင်ထားတာထက် မြန်အောင်ပြန်လာခဲ့တာ "

အယ်ဗန် ရဲ့အမေက ခေါင်းညိတ်ပြပြီး အယ်ဗန်အားအပေါ်အောက်မျက်လုံးကကြည့်နေ
ပြီး ပင်ပန်းနွမ်းနယ်မှုနှင့် ဖိစီးမှု လက္ခဏာများ ရှိမရှိ စစ်ဆေးနေသည်။

ဗီဗီယန်သည် ခပ်လှမ်းလှမ်းအကွာတွင် ရပ်ကာ အယ်ဗန်၏မိခင်က သူ့အပေါ် ငြီးတွားနေသည်ကို ကြည့်နေသည်။ သူတို့နှစ်ယောက်ရဲ့ မိသားစုအချစ်နဲ့ ချစ်ခင်မှုကို ပေါ်လွင်ထင်ရှားတဲ့အပြန်အလှန်ဆက်ဆံရေး
ကိုမြင်ရတော့ သူမ မပြုံးပဲမနေနိုင်င်ခဲ့ပေ။

" အန်တီ...ဦးလေးကော "

" အာ...သမီးယောက္ခထီးကုမ္မဏီမှာ ရေမွှေး
အသစ်ထုတ်မယ့် ပရောဂျက်လည်းအောင်
မြင်သွားပြီ "

" သမီးမရှိတုန်း ကုမ္မဏီမှာတော်တော်အလုပ်
များပြီးပင်ပန်းနေတော့မှာပဲ "

" ခနလေးပဲ အစားဝင်ပေးရတာပါ သမီးက
တစ်ချိန်လုံးပင်ပန်းခဲ့ရတာလေ "

" ဒါပေမယ့် သမီးတို့နားသင့်သလောက်နား
ပြီးပြီမို့ မနက်ဖြန်ကစပြီး ဦးလေးကိုအနား

ယူခိုင်းလိုက်တော့နော် "

အယ်ဗန်ရဲ့အမေသည် ပြုံးပြလိုက်ပြီး
သူမအား ခေါင်းငြိမ့်ပြလိုက်သည်။

" နေ့လည်စာသွားစားရအောင် သားနဲ့သမီး
ဗိုက်ဆာနေလောက်ပြီ "

မီးဖိုချောင်ထဲဝင်သွားတော့ ရင်းနှီးပြီးသား
ဖြစ်တဲ့ ထိုနေရာ သူတို့ကို နှုတ်ဆက်သည်။ နေရောင်သည် ပြတင်းပေါက်များမှတဆင့် စိမ့်ဝင်သွားကာ အခန်းတစ်ခုလုံးကို နွေးထွေးပြီး ဆွဲဆောင်မှုရှိသော အလင်းရောင်ကို ပေးသည်။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော အစားအစာများ၏ အနံ့သည် လေထုထဲတွင်တိုးဝှေ့သွားသည်။

ဂျူလီယန်လေးသည်အယ်ဗန်ပြန်လာတာ
ကိုအပျော်မပျက်သေးပဲ သူ့ရဲ့အဖေနားအရိပ်
လိုကပ်တွယ်နေပါသည်။ အယ်ဗန်သတိထား
မိသည်က ဗီဗီယန်ကို ဂျူလီယန်အနေစိမ်း
နေစမြဲဖြစ်ပြီး သူမကလဲ သားကိုဂရုစိုက်သည့်ပုံမပေါ်ပင်။

နေ့လယ်စာစားရင်း​အစားအသောက်တွေကို အာရုံစိုက်လိုက်ပြီး သူ့သားနဲ့အဆက်မပြတ် စကားစမြည်ပြောရင်း အတွေးကိုဖျက်တောက်ဖို့ ကြိုးစားလိုက်သည်။

ညနေစောင်းလာသည်နှင့်အမျှ အယ်ဗန်ရဲ့ဖခင်သည် ကုမ္ပဏီမှပြန်လာပြီး တံခါးအဖွင့်အပိတ်သံသည် အိမ်ထဲသို့ ပဲ့တင်ထပ်သွားသည်။ သူ့မျက်နှာမှာ ပင်ပန်းပေမယ့် ကျေနပ်တဲ့ အရိပ်အယောင်တွေ ရှိနေပြီး သူ့အလုပ်က တစ်နေ့တာ ဖြစ်ထွန်းလာခဲ့တာ ထင်ရှားပါသည်။

သူသည် ပင်ပန်းနွမ်းနယ်နေတာကြောင့်မို့ ရှည်လျားသော သက်ပြင်းကို ထုတ်ကာ  ဧည့်ခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဆိုဖာပေါ်တွင် ထိုင်ကာ စကားစမြည်ပြောကာ ဆော့ကစားနေကြသောသားရယ်ချွေးမ
နှင့် မြေးဖြစ်သူတို့ကို မြင်လိုက်ရသည် ။

အပြုံးတစ်ခုက သူ့မျက်နှာအနှံ့ ချက်ချင်းပြန့်နှံ့သွားပြီး ပင်ပန်းနွမ်းနယ်မှုဟာ သူ့မိသားစုကို မြင်လိုက်ရလို့ ခဏတာ မေ့ပျောက်သွား
ခဲ့သည်။

သူသည် သူ့သားကို စူးစူးစိုက်စိုက်ကြည့်ကာ မျက်လုံးများတွင် စူးစမ်းလိုစိတ်ပြည့်နေ
သည်။

" ပြန်လာပြီလား မင်းတို့​နောက်​ထပ်​ ရက်​အနည်းငယ်​​နေမယ်​ထင်​ထားတာ "

အယ်ဗန်က ရယ်ပြီး အခြေအနေကို ရှင်းပြလိုက်သည်။

" ဟုတ်တယ်  စောစောပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်"
အယ်ဗန်ရဲ့ သားက သူ့ဘေးမှာ ငြိမ်သက်စွာ ဆော့နေဆဲ။

" ကျွန်တော်တို့ ကျေးလက်မှာ ပျင်းနေတော့ ခရီးတိုတိုလေးပဲ ဖြတ်လိုက်တယ် "

ထိုစဥ်အယ်ဗန်ရဲ့မိခင်သည်အပေါ်ထပ်မှ
ဆင်းလာခဲ့သည်။

" လူစုံနေပါလား "

သူမပြောရင်းနဲ့ မိသားစုစကားဝိုင်ထဲဝင်ပါ
လာကာ ဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။

မိသားစုတွေ တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောရင်း ပေါ့ပေါ့ပါးပါး စကားများနေသည်။အယ်ဗန် ၏ဖခင်သည် ရုံးတွင်သူ၏တစ်နေ့တာအကြောင်းကို ပြောပြခဲ့ပြီး မိသားစုနှင့်အချိန်ဖြုန်းရင်း ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားခဲ့သည်။

" ကျေးဇူးပါ ဦးလေးပင်ပန်းခဲ့ရပြီဒီတောအတွင်း "

ဗီဗီယန် ၏စကားကြောင့် ရယ်မောကာ အသိအမှတ်ပြု ခေါင်းညိတ်သည်။

" ဟုတ်တယ် ကုမ္ပဏီက နည်းနည်းတော့ အလုပ်ရှုပ်တယ် "

သူတို့သည် အချိန်အတော်ကြာအောင် ဆက်ပြောနေကြသည်။အလုပ်မှ မိသားစုသို့ ပြောင်းရွှေ့ စကားပြောကြသည်။ထို့နောက်
သတင်းမှ အတင်းအဖျင်းဆီသို့ပြောကျ
သည်။ ညနက်လာသည်နှင့် ဂျူလီယန်သည် ဖြည်းညှင်းစွာ အိပ်ငိုက်လာကာ သူ့မျက်ခွံလေးများ ကျဆင်းလာသည်။

အယ်ဗန်ရဲ့မိခင်သတိပြုမိကာမတ်တပ်ရပ်
လိုက်ပြီး သူမရဲ့မျက်နှာပေါ်မှာ နူးညံ့တဲ့အပြုံးတစ်ခုပြုံးလိုက်သည်။

" ဒီကလေး အိပ်ရာဝင်ချိန်ရောက်ပြီထင်တယ် "

ပြောရင်း အိပ်ငိုက်နေတဲ့ ထိုကောင်လေးကို ပွေ့ချီပြီးအပေါ်ကိုတက်သွားပါသည်။

ဗီဗီယန်နဲ့အယ်ဗန်လဲအဖေဖြစ်သူကိုနူတ်ဆက်ပြီး ဝှီးချဲပေါ်ထိုင်ကာ ကိုယ်စီအိပ်ခန်းထဲကိုဝင်လာခဲ့သည်။

အယ်ဗန်နဲ့ဗီဗီယန် နှစ်ယောက်လုံးဟာတိတ်ဆိတ်စွာဖြင့် ကုတင်ပေါ်တွင်လှဲလျောင်း
ရင်းမျက်နှာကျတ်အဖြူရောင်ကိုကြည့်နေ
ကျသည်။

" ဟမ်း? "

အယ်ဗန် ခေါင်းကို လှည့်ကာ သူမကို ကြည့်လိုက်သည်။

သူမကုတင်ဘေးစားပွဲပေါ်တွင်တင်ထားတဲ့

ဖုန်းကိုယူလိုက်ကာ ဘာမှပြန်မပြောပဲဖုန်း
ကိုနိုပ်နေသည်။

သူမသည် သူ့ကို တက္ကသိုလ်မှာတုန်းက လေ့လာရေးခရီးမှာ ခိုးရိုက်ထားသည့် သူ့ရဲ့ပုံကို ပြလိုက်သည်။

အယ်ဗန် ဖုန်းထဲက ပုံလေးကို ကြည့်ပြီး သူ့မျက်နှာမှာ အပြုံးလေးတစ်ခု ပေါ်လာသည်။

" ကျွန်မခိုးရိုက်ထားတာလေ "

သူမရဲ့စကားကြောင်အယ်ဗန် ရယ်သံလေး
ဖြင့်မေးလိုက်သည်။

" မင်းက ငါ့မသိအောင် ဒီပုံကို ရိုက်ခဲ့တာ
ပေါ့ "

သူမထံမှဖုန်းကိုယူလိုက်ကာ သူ့ရဲ့ပုံကို
သေချာကြည့်နေခဲ့သည်။ သူတခြားပုံတွေ
ကိုကြည့်ဖို့ရွေ့နေရင်း ပုံတိုင်းလိုလိုပင်
အယ်ဗန်ရဲ့ပုံများမကြာခနတွေ့နေရခဲ့သည်။

" ရှင်...ပြန်ပေးတော့ "

သူမဖုန်းကိုပြန်ယူဖို့ကြိုးစား​နေတာမို့အယ်ဗန်
ရယ်လိုက်သည်။

" မင်းမှာ ငါ့ပုံတွေ ဒီလောက်အများကြီးရှိမှန်း ငါမသိဘူး ဗီဗီယန် "

ဗီဗီယန်သည် အနေခက်စွာဖြင့်တိတ်ဆိတ်
နေခဲ့သည်။ အယ်ဗန် ကုတင်ပေါ်မှ သူမအနားသို့နီးကပ်စွာရွေ့လိုက်သည်။

" မင်းငါ့ကို မကြာခဏ အခုလိုဓာတ်ပုံရိုက်
နေတာလား "

" အဲ့တာ...ပုံတွေက...ကြာနေပါပြီ "

အယ်ဗန်သည် ကုတင်ပေါ်ရှိ သူတို့ကြားရှိ ကျန်အကွာအဝေးကိုပို၍နီးကပ်စေကာ
​သူမနှင့် ထိမိနေပြီဖြစ်သည်။အယ်ဗန် သူမကိုကြည့်ရင်း သူ့အကြည့်တွေက ပြင်းထန်နေပြီး
မပြော​ပြနိုင်တဲ့ ခံစားချက်တွေပြည့်နေသည်။

" ဒီပုံတွေအားလုံးကို ဘာလို့သိမ်းထားတာလဲ
တော်တော်များတာပဲ နှစ်နဲ့ချီပြီးတော့ရှိနေပြီ
ထင်တယ် "

ဗီဗီယန်သည်ဘာမှပြန်မပြောနိုင်ဘဲ အယ်ဗန်
နဲ့အလွန်နီးကပ်နေတာကြောင့် တံထွေးမျိုချ
နေရသည်။

သူမရဲ့မျက်နှာပေါ်ကျရောက်နေသည့် ဆံနွယ်တစ်ချို့ကို သူ့ရဲ့လက်ဖြင့် သပ်တင်
ပေးလိုက်ကာ ထပ်မေးလိုက်သည်။

" အကြောင်းပြက...ဘာလို့လဲ "

သူမ အယ်ဗန်ရဲ့အပြုအမှုကြောင့် နှလုံးသား
များဗြောင်းဆန်ကာ စကားများထစ်ငေါ့စွာ
ထွက်လာသည်။

" အဲ့...အဲ့တုန်းက ကျွန်မကို ရှင်သိပါတယ် "

" သိတာပေါ့...ကလေးလိုဂျစ်ဆိုးဆိုးနေပြီး

အမြဲတမ်း ငါ့နားအမြဲကပ်နေတဲ့ တစ်ယောက်
လေ "

သူတို့မျက်နှာတွေက မယုံနိုင်လောက်အောင် နီးကပ်နေပြီး သူတို့နှစ်ယောက်ကြားက အသက်ရှူသံတွေ ရောထွေးနေပါသည်။

သူ့မျက်လုံးများက သူမ၏နှုတ်ခမ်းများဆီသို့စိုက်ကြည့်ကာ နီးကပ်လာသည်နှင့်အတူ
အသက်ရူသံများပြင်းထန်လာခဲ့သည်။
အယ်ဗန်သူ့ကိုယ်သူ ထိန်းချုပ်ထားကာ သူ့အမူအရာသည် ဆန္ဒနှင့် ထိန်းချုပ်မှုတို့ကြားရုန်းကန်နေရသည်။

အယ်ဗန်မခံမရပ်နိုင်တော့ဘဲ ဖြည်းညှင်းစွာ ငုံ့ကာ သူ့နှုတ်ခမ်းများက နူးညံ့သောအနမ်း
တစ်ခုဖြင့် သူမကို ညင်သာစွာ ထိတွေ့လိုက်သည်။ သူမနှုတ်ခမ်းရဲ့ နွေးထွေးမှုကို ခံစားလိုက်ရပြီး သူ့ရင်တွင်းမှာ မီးများ တောက်လောင်နေတဲ့အတိုင် အပူရှိန်မြင့်တက်သွား
ပါသည်။

အနမ်းသည် အစပိုင်းတွင် နူးညံ့သိမ်မွေ့
ပေမယ့် သူမကို ကြာကြာနမ်းလေ ပိုပြင်းထန်လေလေ သူ့ထိန်းချုပ်မှုက တဖြည်းဖြည်း လျော့ပါးလာလေပင်။အယ်ဗန်ရဲ့လက်က
သူမခါးကို ကိုင်ကာ သူ့အနားကို ဆွဲကပ်လိုက်တော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အချင်းချင်း ဖိကပ်နေပြီဖြစ်သည်။

သူတို့နှစ်ယောက်ကြားက စိတ်ခံစားမှုများနဲ့ တင်းမာမှုတွေက ဒီတစ်ခဏအတွင်းမှာ ပျောက်ကွယ်သွားကာ အနမ်းက ပိုအရေး
တကြီးနဲ့ နက်နဲလာသည်။

အယ်ဗန်ရဲ့လက်သည် သူမ၏ဆံပင်များတွင် ရှုပ်ယှက်ခတ်နေပြီး သူ့လက်ချောင်းများက ပိုးသားကြိုးများကဲ့သို့နူးညံ့သော သူမရဲ့
ဆံနွယ်များကို ဆုပ်ကိုင်ထားကာ ဗီဗိယန်ရဲ့
နူတ်ခမ်းဖူးဖူးလေးအား ချိုမြိန်စွာအရသာ
ခံနေခဲ့သည်။

အနည်းငယ်ကြာတော့အနမ်းအားချိုးဖျက်လိုက်ကြပြီး လေထုရဲ့လိုအပ်ချက်ကို လျစ်လျူမရှုနိုင်လောက်အောင် ဖြစ်လာ
ကျသည်။သူတို့နှစ်ယောက်လုံး မောဟိုက်နေပြီး အသက်ရှုသံတွေ တဟုန်ထိုး ထွက်လာသည်။ အယ်ဗန်၏လက်ချောင်းများသည် ဗီဗီယန်၏ဆံနွယ်ထဲတွင်ရှိနေဆဲဖြစ်သည်။

ထိုအနမ်း၏ စွမ်းအားသည် သူတို့နှစ်ယောက်
ကိုလွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။
တယောက်နှင့်တယောက် ခံစားချက်များ၏ ပြင်းထန်မှုသည် ဤအချိန်တွင် ငြင်းလို့မရနိုင်ပေ။

အယ်ဗန်စိတ်ကိုလျှော့လိုက်ပြီး အနမ်းကို ရပ်လိုက်ကာ အနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်။ သူ့ရင်ဘတ်က တဆတ်ဆတ်တုန်နေပြီး သူ့အသက်ရှုသံတွေက တဟုန်ထိုးထွက်နေသည်။ သူ့မျက်လုံးများက သူမမျက်နှာကို လှည့်ကြည့်ရင်း နီမြန်းနေသော ပါးပြင်များ
ကိုကိုင်လိုက်သည်။ ထို့နောက်သူသက်ပြင်း
အရှည်ကြီးချလိုက်သည်။

" အိပ်ကျရအောင် မနက်ဖြန်ကျ ကုမ္မဏီ
ကိုသွားရမှာမလား "

သူကုတင်ပေါ်ပြန်လှဲချလိုက်ပြီး အနမ်းအပြီးမှာတော့ သူ့တစ်ကိုယ်လုံး တုန်ခါနေဆဲပင်။

ဗီဗီယန်တော့ဘာမှပြန်မပြောနိုင်ပဲတိတ်ဆိတ်
ရင်းနဲ့သာ နှလုံးခုန်သံအားထိန်းနေရသည်။

*****

Wattpad@CodyLaura8
FB@LilyLaura


You are reading the story above: TeenFic.Net