part~52
Background color
Font
Font size
Line height
ďżź
🔰The Sun Of Flower {Season 2}🔰
🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞
part~52~~~
"အင့်.....ဟင်"
သဘာဝအိပ်ရာကနိုးလာတော့ သူမစိတ်မကောင်းကဖစ်ပြီးဝမ်းနည်းနေပင်မဲ့ ညကထမင်းစားပြီးတဲ့အချိန်တောင်ပြန်မရောက်လာသေးတဲ့ မောင့်ကို စောင့်ရင်အိပ်ပျော်သွားရာက အခုနိုးတော့ လက်ကလည်း သူအိပ်တဲ့နေရာကို စမ်းတော့ အေးစက်နေတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမရှိ။
"မောင် !"
သူမလှဲနေရာက ထကာ သူပြန်မလာတာလား။သူမထက်အရင်နိုးပြီး အောက်ထပ်ဆင်းသွားတာလား။သူမရင်ထဲမှာလည်းအတွေးပေါင်းများစွာနဲ့။သူမမျက်နာလေးကလည်း ချက်ခြင်းစိုးရိပ်ခြင်း ဆုံးရှုံးရမှာကြောက်တဲ့ စိတ်တွေကြောင့် ပါးထက်မျက်ရည်တွေက ထက်ကျရပြန်သည်။သူမကျနေတဲ့မျက်ရည်တွေသုတ်ကာ ရေချိူးခန်းထဲမျက်နာဝင်သစ်ပြီး အောက်ထပ်ကိုဆင်းလာတော့ နှိုင်းယှဥ်တို့ မနက်စာပြင်နေတုန်းရှိသေးသည်။
"မမ နိုးပြီးလား ဒီနေ့နောက်ကျတယ်နော် "
ထမင်းစားခန်းထဲဝင်လာတဲ့ သူမကိုတွေ့တယ်ဆို နှိုင်းယှဥ်တို့ကမေးတော့~~
"အင်း နင်တို့အစ်ကိုလေးရော ဆင်းလာပြီးလား"
"မဆင်းလာသေးပါဘူး မမ"
ဒါဆို မောင် ညကတစ်ညလုံးပြန်မလာခဲ့ဘူးပေါ့။သူပဲ သူမမရှိရင်တစ်ညတောင်မနေနိုင်ဘူးဆိုတဲ့သူက သူမအစားတစ်ခြားမိန်းကလေးကြောင့် နေနိုင်သွားပြီလား မောင်။သူမဘဝမှာ အချစ်ရဆုံး အတွယ်တာရဆုံးက မောင်။သားကိုတောင်မှာ အချိန်တန် ချစ်ရသူကိုတွေ့ရင် သူမကိုထားသွားမှာဆိုပြီး ဖြေသိမ့်ခဲ့တဲ့အပြင် သူမအနားမှာ မောင်တစ်ယောက်ထဲပဲရှိမှာထင်ခဲ့တာ။သူမအသက်ကြီးလာတာက သဘာဝတရားအရလူတိုင်းဆိုတာနားလည်ပင်မဲ့ မောင့်အနားမှာရှိဖို့ သူမအရင်အချိန်တွေသာပြန်လိုချင်လာသည်။
"မမ နေမကောင်းဘူးလားဟင် နားနေလိုက်ပါလား မျက်နာလေးကဖြူဖျော့နေတာပဲ"
ယမှုံပြောတာကို သူမပြုံးပြပြီး ခေါင်းရမ်းက ဖေဖေ တို့ မေမေ တို့စားဖို့သူမပြင်ပေးဖို့လုပ်ရသည်။
နှိုင်းယှဥ်တို့လည်း မျက်နာသိသိသာသာပျက်ယွင်းနေတဲ့ မမပုံစံကိုကြည့်ကာ ဘာဖြစ်နေလဲခန့်မှန်းမရ။အရင်နေ့တွေကဆို မနက်စာပြင်ဖို့ဆင်းလာရင် သနပ်ခါးအမြဲလူးလာတဲ့ မမက အခုမျက်နာပြောင်နဲ့မို့ ပိုအံ့သြရသည်။
သူမတို့ မနက်စာပြင်နေခိုက် မေမေတို့ရော သားရောပါ ထမင်းစားခန်းထဲဝင်လာသည်။သူမလည်း စားဖို့ဆင့်သင့်နေရာချပေးပြီးတာမို့ သူမစားမဲ့နေရာဝင်ထိုင်လိုက်သည်။
ဒေါ်လက်ရာ မနက်စာဝိုင်းဝင်ထိုင်တယ်ဆို ချွေးမဖြစ်သူမျက်နာက အရင်နေ့တွေလိုမဟုတ်တာရယ် သားဖြစ်သူညက ပြန်မလာတာ သိတာမို့~~~
"သမီး ညက နေမင်းလက်ရာ ပြန်မလာဘူးမဟုတ်လား"
"ဟို မောင်က...."
"မကာကွယ်ပေးနဲ့သမီး ဒီကောင်ပြန်မလာဘူးဆိုတာတောင်ဖုန်းမဆက်ဘူးလား ပြန်လာပါလေ့စေဦး! "
သူမ မောင်ပြန်မလာတာ သိမှာဆိုးလို့လိမ်ပြောမလို့ပြင်လိုက်ပင်မဲ့ မေမေက သိပြီးသားထင်သည်။သူမလည်း ဘာမှမပြောတော့ပဲပြင်ထားတဲ့ မနက်စာကိုသာ မိသားစုတွေရှိတာမို့ရဝင်အောင်စားနေရသည်။
"မင်းတမင် ကြံစည်ထားတဲ့ကိစ္စ ငါတာဝန်ယူစရာမလိုဘူး!"
နေရဲ့ ပြတ်သားတဲ့စကားကြောင့် လွှာနှုတ်ခမ်းကိုဖိကိုက်ထားမိကာ~~~
"ဒါဆိုလဲ လွှာတို့အတူတူအိပ်ထားတဲ့ ပုံတွေ လူကြီး မိန်းမဆီကိုပို့မယ်"
သူမစကားကအသုံးဝင်တာပေါ့ လူကြီးသူ့မိန်းမကို ချစ်တာသူမသိလို့ ပြောလိုက်တော့ လူကြီးမျက်နာဖြစ်သွားတာက အားရလိုက်တာ။သူမအခုလိုလုပ်လိုက်တာက လူကြီးကို ကလဲ့စားချေနိုင်သလို သူမချစ်တဲ့လူသားကို အပိုင်ရတော့မည်။ဒီလိုမှန်းသိရင်အစကတည်းကဒီလိုနည်းလမ်းသုံးခဲ့မှာ။
"တောက်စ့် !!! မင်းကွာ အေးမင်းကို ငါတာဝန်ယူမယ် ငါ့မိန်းမကိုပြောဖို့ တစ်ပတ်အချိန်ပေး"
"ရတယ်လူကြီး ပေးပါတယ်"
"မင်းသွားတော့!! ငါ့ရှေ့ကမခုချက်ခြင်းထွက်သွား! တစ်ပတ်မပြည့်ခင်အထိ ငါ့ရှေ့ပေါ်မလာနဲ့"
လူကြီးမျက်နာက ခတ်ထန်နေလိုက်တာ သူမကို အစိမ်းလိုက်သက်ပစ်တော့မဲ့မျက်နာထားမျိူး။သူမ လူကြီးကို ချစ်ပေးတာကို သူမအချစ်ကို အေးဆေးလက်ခံလိုက်ရင်ဘာဖြစ်မှာမို့လဲ။လူကြီး မိန်းမကို ပြောဖို့ လူကြီးအခက်အခဲရှိတယ်မဟုတ်လား~~~~
"ရတယ် လွှာလူကြီးအစားပြောပေးမှာပေါ့"
လို့ စိတ်ထဲကပြောကာ သူမပိုက်ဆံအိတ်ကို ကောက်လွယ်ပြီး လူကြီးရဲ့ နားနေခန်းထဲကနေထွက်လာလိုက်သည်။လူကြီးရဲ့ စကားတွေကြောင့် လူကြီးခံရတယ်မှတ်လိုက်ပါ။
"သဘောမတူနိုင်ဘူး မင်းအခုငါ့အိမ်ကထွက်သွား"
ကို တို့စေ့စပ်ထားဖို့အတွက်တိုင်ပင်မိတာကြောင့် ပါးဘက်က သဘောတူတယ်လို့ပြောထားတာရှိတာကြောင့် သူမ ဒယ်ဒီကို ပြောဖို့ ပါးကို အိမ်ခေါ်ထားခြင်းဖြစ်သည်။ဒါပင်မဲ့ ပါးတောင်ဆိုဖာပေါ်မထိုင်ရသေးခင် ဒယ်ဒီပြောလိုက်တာကြောင့်~~~
"ဒယ်ဒီ သဘောမတူရအောင် ပါးကဘာဖြစ်နေလို့လဲ"
"နေလက်ရာ မိသားစု ကမို့လို့ကိုသဘောမတူတာ မင်းအခုထွက်တာ!"
"တော်သင့်ပြီဒယ်ဒီ!! ပါးကိုနှင်ထုတ်စရာမလိုဘူး ပါးက လူငယ်ဆိုပင်မဲ့ လူစကားနားလည်စွာ အုပ်ထိန်ူသူဆီလာတွေ့တာ ! ရပြီဒီလောက်ဆို ကို စေ့စပ်ပွဲက ကိုယ်ကမိဘမဲ့အနေနဲ့ လုပ်လိုက်ဖို့ပဲရှိတာပေါ့"
ကို ကလည်း ဒယ်ဒီရဲ့တစ်ဖက်သတ် လူငယ်ပြောတဲ့စကားတောင်နားမထောင်နိုင်ပဲငြင်းနေတာကို သူမကလည်း လုပ်မယ်ဆိုတာကိုလုပ်ရမှကျေနပ်တဲ့သူ။
"လင်းရိပ်ကို နင့်ပါးစပ်ပိတ်ထား!"
"မပိတ်ဘူး ဒယ်ဒီ ! လင်းရိပ်ကို ကယူမှာ နေတစင်းကိုပဲ ယောကျာ်းတော်မှာ"
ဆွေးရိပ်သမီးဖြစ်သူကို လက်ပါချင်စိတ်တွေဖြစ်နေပင်မဲ့ မာမီက သူမပြန်ခင်သူ့ကို သတိပေးစကားတွေပြောထားခဲ့တာမို့ သူမှာလက်ပါလို့မရ။
"ဘာစောက်ဆင့်ရှိလို့လည်း အသက်က 20လောက်ရှိပြီ ဖအေရှာတာကိုထိုင်စားနေတဲ့ကောင် သူကိုယူရင် နင်ရှာတာပိုထိုင်စားမဲ့ ငပျင်း!!"
"သူ့အဖေရှာတာ သူ့မသုံးရအောင် သူ့အဖေမှာက မယားငယ်မရှိသလို မယားသမီးလည်းမရှိဘူး သူနဲ့ သူအမေပဲရှိတာ သူမသုံးလို့ဘယ်သူသုံးရမှာလဲ ဒယ်ဒီ! သမီးတို့ကမိဘနေရာထားရိုသေတာကို ဒယ်ဒီဘက်ကကျ အလေးမထားဘူး!! ယူပြီးလို့ သမီးလုပ်စာထိုင်စားလည်းဘာဖြစ်လဲ စားပေါ့ ကိုယ့်ယောကျာ်းပဲ လိုတာက နောက်မီးမလင်းဖို့ပဲ"
လင်းရိပ်ကို စကားတွေက သူကိုတည့်တိုးမပြောပင်မဲ့ သူ့ကိုရွဲ့ပြောနေမှန်း ဆွေးရိပ်ကမ္ဘာသိသည်။သူ့ဘေးက ဒေါ်မေသန္တာလည်း ကို စကားတွေနားထောင်ပြီး လိပ်ပြာမလုံသလိုခံစားနေရသည်။
"အန်ကယ် ကျွန်တော်တစ်ခုပြောမယ်နော် ကျွန်တော်က ဖေဖေလုပ်စာထိုင်စားနေတာမဟုတ်ဘူး ဖေဖေကိုယ်တိုင်က သူ့သားကို အလုပ်မလုပ်စေချင်သေးတာ လွတ်လွတ်လပ်လပ်နေစေချင်တာ သူ့သားအတွက်ဆို မပူမပင်ရအောင်ထားတာ ဖေဖေက သူ့ရဲ့ ဖခင်မေတ္တာကို ဖော်ပြနေတာ အဲ့တာကို အန်ကယ်ကဘယ်နားလည်မလဲ ဖခင်စိတ်မှမရှိတာ!"
ခွပ်
နေတစင်းစကားဆုံးတယ် အနာထိလို့စပ်သွားတဲ့ ဆွေးရိပ်ကမ္ဘာက နေတစင်းကို ထိုးချလိုက်တာကြောင့် ....
"ဒယ်ဒီ သူများသားသမီးကိုလက်မပါနဲ့ ...ပါး ရလား နာသွားလား"
ကို ဒယ်ဒီကိုပြောပြီး ယိုင်သွားတဲ့ ပါးကို သူမပါးလေးကိုကိုင်ကာမေးလိုက်တော့ ပါးစပ်ထောင့်က သွေးစို့သွားပင်မဲ့ ခေါင်းရမ်းပြရှာသည်။
"ကိုယ် ဘာမှမဖြစ်ဘူး Light"
ပါး အပေါ်ခါးခါးသီးသီးဖြစ်နေတဲ့ ဒယ်ဒီကိုကြည့်ကာ သူမစိတ်ထဲစိတ်မကောင်းဖြစ်ရသည်။ပါးဘက်က ကြည်ကြည်ဖြူဖြူ လက်ခံကြပင်မဲ့ သူမဘက်ကကြ ပါးကိုလက်မခံတာမို့ စိတ်ထဲတကယ်မကောင်း။
Ring~~~Ring~~~Ring
နေ့လည်ရောက်တာတောင် မနေ့ကတည်းကပြန်မလာတဲ့ မောင်ကို ဖုန်းလေးတောင်တစ်ချက်မဆက်တာမို့ မေမေတို့ကလည်း မောင်ကို ဒေါသထွက်နေကြကာ မောင်ပြန်လာတာကို ဧည့်ခန်းထဲကစောင့်နေကြသည်။သူမလည်း မေမေတို့နဲ့အတူ သူ့ကိုစောင့်နေခိုက် အိမ်ဖုန်းလာတာကြောင့် သူမကထကိုင်လိုက်သည်။
"Hello နေလက်ရာ ကပါ"
"လူကြီး မိန်းမလား"
ဒီအသံကိုမသိပင်မဲ့ စကားပြောပုံကိုကြည့်တာနဲ့ဘယ်သူဆိုတာ သူမမသိစရာမရှိ။
"အင်း ဘာကိစ္စလဲ"
"ရှင် နဲ့ ကျွန်မဆွေးနွေးစရာရှိတယ် ရှင်လာခဲ့ပါ ဒါမှမဟုတ် နေလက်ရာကို ကျွန်မလာပြောရမလား"
ကိုယ့်ကိုကိုယ် မယားကြီးလိုလိုပြောနေတဲ့ မိန်းကလေးကြောင့် ဒီလာခဲ့လို့ပြောရင် အရှက်ကွဲဦးမည်ဆိုတာကြောင့် သူမကိုလာရမဲ့နေရာပြောခိုင်းကာ သူမဖုန်းကိုချလိုက်သည်။
"သမီးဘယ်သူလဲ ဟိုကောင်လား!"
"မဟုတ်ဘူး မေမေ မိုင်ပါ သမီးကိုပြီးရင်လာခေါ်မယ်ဆိုလို့"
"ဟုတ်လား ဒါဆိုအဝတ်အစားသွားလဲတော့လေ ဒင်းတောင်ပြန်မလာသေးတာ လျှောက်လည်ပစ်သမီး"
မေမေကို ခေါင်းငြိမ့်ပြီး အပေါ်ထပ်တက်လာကာ အခန်းထဲရောက်မှ သူမဖုန်းကိုယူကာ မိုင်ဆီဖုန်းဆက်ကာ အကျိူးအကြောင်းပြောပြီး သူမကို လာခေါ်ဖို့ပြောလိုက်သည်။သူမဘာကိစ္စလည်းမသိပင်မဲ့ ရင်ထဲလေးနေတဲ့ ခံစားချက်ကမကောင်း။
ကံကြမ္မာကြီးရယ် မရက်စက်လိုက်ပါနဲ့.....။
သဘာဝ နဲ့ မိုင် ဟိုမိန်းကလေးချိန်းတဲ့ coffee ဆိုင်ကိုရောက်လာတော့ ခုံနံပတ် 12 မှာထိုင်နေတဲ့ မိန်းကလေးကို တွေ့တာကြောင့် သဘာဝက မိုင်ကို....
"မိုင် ဟိုမှာ"
မိုင်လည်း သဘာဝပြောနေတာကြာပြီဖြစ်တဲ့ မိန်းမကဲမကို အခုတွေ့မှာ အုပ်ထိန်းသူကင်းမဲ့မှန်းသိသည်။မိုင်လည်း ထိုင်ရင်ဘာစကားတွေပြောမှာမသိတာမို့ စိတ်ကိုအတက်နိုင်ဆုံးလျော့ထားရသည်။
မိုင် နဲ့ သူမ ဟိုမိန်းကလေးနဲ့ မျက်နာချင်းဆိုင်မှညဝင်ထိုင်ပြီး သူမရဲ့လည်သာအိတ်ကို ခုံပေါ်တင်လိုက်ကာ.....
"မင်းငါ့ကိုဘာလို့တွေ့ချင်နေတာလဲ"
"ရှင်ကျွန်မပြောတာကို ခံနိုင်ရည်ရှိအောင် နည်းနည်း အားတင်းလိုက်ပါဦး"
စောက်စကားပြောပုံက အချိူးမပြေတဲ့ ကောင်မကို သဘာဝတော့မသိ သူမကဒေါသထွက်လွန်းလို့ ဆံပင်စောင့်ဆွဲပြီး ဂျပန်တွေရိုက်သလို ရိုက်ပစ်ချင်သည်။
"ပြောလေ ငါကဘာကို အားတင်းထားရမှာလဲ"
သူမဘက်က အနိုင်လိုချင်စိတ်နဲ့ပြောနေသလောက် တစ်ဖက်ကလူကြီး မိန်းမကအေးဆေးပြနေတာမို့ သူမမပျော်နိုင်။လွှာ မျက်နာကိုတင်းလိုက်ကာ...
"ဟွန်း ရှင့်ယောကျာ်း နဲ့ ကျွန်မအကြောင့်ပေါ့ မနေ့ညကအိပ်ပြန်လာရဲ့လား ယောကျာ်းမရှိတဲ့ ကုတင်ပေါ်မှာ ရှင်အိပ်ပျော်ရဲ့လား"
"အေး သူကယောကျာ်းမရှိပဲအိပ်နိုင်တယ် နင်ကသာ သူများယောကျာ်းမရှိပဲ မအိပ်နိုင်တာလေ"
မိုင်က နဂိုကတည်းကစွာတဲ့သူမို့ အပျိူလေးတန်မဲ့ စောက်ရှက်မရှိတဲ့ ကောင်မကို ​စိတ်ထဲကပြောချင်နေတဲ့အတိုင်း ပြောချပစ်လိုက်သည်။အဲ့မိန်းကလေးစကားကြောင့် လက်တွေတောင်တုန်နေတဲ့ သဘာဝလက်ကို သူမဖိကိုင်ထားလိုက်သည်။
"ရှင်နဲ့မဆိုင်ဘူးနော် "
"ဘာလည်း နင်သူများလင်ကို ခိုးစားချင်နေတာကို ပြောနေလို့လား"
ပြောတော့ ပျက်ကျသွားတဲ့ ကောင်မမျက်နာကိုကြည့်ပြီး မိုင်မှာ အသဲတယားယား မျက်နာကကုတ်ဖဲ့သတ်ချင်စရာ။
"ပြောမင်းဘက်ကချိန်းတာပြောစရာရှိတယ်လို့ ငါမှာမင်းလိုအချိန်ပေါမနေဘူး မင်းပြောသလိုမျိူးပေါ့ မနေ့ကငါ့ယောကျာ်းကို ငါ့အစားဘယ်သူက ညတာဝန်ထမ်းဆောင်ပေးနေလဲမှာမသိတာ အခုမနက်ပိုင်းအိမ်ပြန်လာရင် ငါ့တာဝန်ပဲ"
သဘာဝရဲ့ ထိထိမိမိအပြောကြောင့် ပန်းရိပ်လွှာက ဒေါသထွက်နေတာကို ထိန်းချူပ်ကာ~~
"ရှင့်ကပွင့်ပွင့်လင်းလင်းပြောလာတော့လဲ ကျွန်မလည်းပြောရတော့မှာပေါ့ ရော့ အဲါစာအိတ်ထဲမှာ ပါတာတွေကြည့်လိုက်"
သဘာဝ နဲ့ မိုင်ရှေ့ကို အဝါရောင် စာအိတ်ကိုချပေးတော့ သဘာဝကယူလိုက်ကာ စာအိတ်ကိုအပေါ်ကနေဖြဲလိုက်ပြီး အထဲကဟာကို ထုတ်ကြည့်လိုက်တော့ ဓာတ်ပုံတွေ။သဘာဝ အပေါ်ဆုံးကဓာတ်ပုံနဲ့တင်အသက်ရူရပ်မတက်ဖြစ်သွားရကာ စာအိတ်ထဲပုံတွေကိုလပြန်ထည့်လိုက်သည်။သဘာဝထဘီပေါ်တင်ထားတဲ့လက်ကလေးကလည်း ကျစ်နေအောင်စုတ်မိသည်။
မိုင်လည်း အထဲကဘာလည်းမသိကြည့်ပြီးတယ်ဆို မျက်နာမကောင်းတော့တဲ့သူငယ်ချင်းဖြစ်သူလက်ထဲက စာအိတ်ကိုယူကာကြည့်လိုက်တော့ မယုံကြည်နိုင်ခြင်းများစွာဖြစ်သွားရသည်။
"ရှင့်အတွက်တော့မသိဘူး ကျွန်မအတွက်တော့ တစ်ညတာထဲဆိုပင်မဲ့ လူကြီးရင်ခွင်ကတော်တော်နွေးတယ်"
"နင့်မှာအရှက်မရှိဘူးလား ငါတို့က ဒီလိုနည်းပညာခေတ်မှာ photo edit လို့ရတာတွေမသိဘူးထင်နေလား ပြီးတော့ နင်နဲ့အိပ်နေတဲ့လူက ငါ့ယောကျာ်းဆိုရင်တောင် ယုံလိုက်ဦးမယ် နေမင်းလက်ရာမို့လို့ကို ယုံစရာမရှိတာ !"
မိုင်စိတ်ထဲကအတိုင်းပြောနေခြင်းပါ။ဒီမိန်းကလေးရှေ့မှာမို့ ကိုယ့်သူငယ်ချင်းအားငယ်မှာဆိုးလို့ဆိုတဲ့ စိတ်နဲ့ပြောနေတာမဟုတ်။တကယ်ပဲ နေမင်းလက်ရာကဘယ်လောက်တောင် မိန်းမနဲ့ပက်သက်ရင်အရှုပ်အရှင်းကင်းခဲ့လည်း သူမသိသည်။
"ဟွန်း မယုံဘူးပေါ့ ယုံအောင်သက်သေပြမယ် ခဏ"
လွှာသူမရဲ့ ပန်းရောင်အလှအိတ်လေးထဲက ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်ကို ရိုက်လိုက်ပြီး သဘာဝအရှေ့ထိုးပြကာ......
"ဒါ လူကြီးဖုန်းနံပါတ်နော် သေချာကြည့် ကျွန်မခေါ်ပြီး မေးပြမယ် ရှင်တို့တိတ်ပြီး နားထောင်နေ"
ဆိုကာ ပန်းရိပ်လွှာဖုန်းခေါ်တာကို သူမ နဲ့ မိုင်ငြိမ်ပြီး နားထောင်နေလိုက်သည်။ဖုန်းခေါ်တာ ချက်ခြင်းမကိုင်ပင်မဲ့ နည်းနည်းကျတော့ကိုင်သည်။
"ဘာလဲ! မင်းကိုတစ်ပတ်ပြည့်မှာဖုန်းဆက်လို့ပြောထားတယ်လေ"
သူမတစ်ခြားသူအသံနဲ့ သူမယောကျာ်းအသံကို ခွဲခြားနိုင်ပါသည်။ဖုန်းနံပါတ်ကလည်း မောင့်ဖုန်းနံပါတ်ဖြစ်သလို တစ်ဖက်ကလည်း မောင့်အသံဆိုတာသေချာသည်။သူမနှလုံးသားတစ်ခုလုံး လမ်းပျောက်နေသလိုဖြစ်နေသည်။
"လွှာတို့ မနေ့ညက....."
"မင်းကိုငါတာဝန်ယူမယ်​လို့မပြောဘူးလား ငါ့မိန်းမကိုပြောဖို့ အချိန်တစ်ပတ်တောင်းထားတယ်လေ ငါ့ကယောကျာ်း ကတိတစ်ခုကို အလွဲသုံးစားမလုပ်တက်ဘူး"
ဆိုကာ မောင့်ဘက်က ဖုန်းချသွားသည်။မောင် ဖုန်းချသွားတယ်ဆို အဲ့မိန်းကလေးကသူမကို ဘာတက်နိုင်သေးလည်း ယုံပြီးလားဆိုတဲ့ပုံစံနဲ့ မျက်ခုံးပင့်ပြသည်။
"မောင်ကိုယုံတယ် တကယ်လို့မှားခဲ့ကြတယ်ဆိုရင်တောင် တမက်သက်သက်မှားချင်လို့မှားတာမဟုတ်ဘူးဆိုတာ ယုံတယ် တကယ်လို့ မင်းပြောသလို မှားချင်လို့မှားတယ်ဆိုရင်တောင် မောင်ကိုငါခွင့်လွှတ်တယ်"
မိုင်လည်း မယုံလိုပင်မရတော့တဲ့အခြေအနေမို့ ကိုယ့်သူငယ်ချင်းကိုသာ သနားမိသည်။နေရယ် အစ်မမင်းကိုအထင်ကြီးခဲ့သမျှ ဒီတစ်ချက်ထဲနဲ့ အကုန်ရိုက်ချသွားသလိုပါပဲလား။သဘာဝက တကယ်အရိုးခံလေးမို့ ဘယ်လောက်ခံစားနေရမလည်း သူမသိသည်။သူမ ထိုမိန်းကလေးမျက်နာမမြင်ချင်တော့တာကြောင့် ဓာတ်ပုံထည့်ထားတဲ့အိတ်ကိုပြန်ပေးကာ သဘာဝပိုက်ဆံအိတ်ကိုယူပြီး သဘာဝနဲ့အတူပြန်ထွက်လာခဲ့တော့သည်။
"ဟင့် ဟင့် ဟင့် "
ကားထဲရောက်တယ်ဆို အသည်းသန်ငိုနေတဲ့ သဘာဝ။သူမ ဘဝမှာ တကယ်ကို မောင်တစ်ယောက်ပဲသာရှိခဲ့တာပါ။အရာအားလုံးဆုံးရှုံးထားတဲ့သူမ ဘဝမှာ မောင်တစ်ယောက်သာအရာရာဖြစ်ခဲ့တာ။သူမ မောင့်ကိုသာဆုံးရှုံးရရင် ဆိုတဲ့အတွေးနဲ့တင် ကမ္ဘာပျက်မတက်။
"သဘာဝ မငိုပါနဲ့ သူမှာလည်းအကြောင်းရှိမှာပါဟာ သူအိမ်ပြန်လာရင် တည့်မေးလိုက်လေ"
မိုင်ပြောတာကို ပါးပြင်ပေါ်မျက်ရည်တွေ တသွင်သွင်ကျနေရင်း ခေါင်းကိုရမ်းလိုက်ကာ....
"ဟင် အင်း မိုင် ငါလေငါ ဟင့် ဟင့် သူ့ဆီကသာ ဟုတ်တယ်လို့ပြောရင် ငါရပ်တည်နိုင်မှာမဟုတ်ဘူး ဟင့် ဟင့် ငါ မောင်ကိုအရမ်းချစ်တာ ဟင့် ဟင့် ကြောက်တယ် တကယ်ပြောတာပါ ဟင့် သူအနားမရှိနိုင်မှာ သေလောက်အောင်ကြောက်တာပါ ဟာ ဟင့်"
သဘာဝရဲ့ ငိုရှိုက်သံနဲ့အတူထွက်လာတဲ့စကားတွေကို နားထောင်ပြီး မိုင်ပါမျက်ရည်ကျလာရသည်။အချစ်ရူးမလေး ယောကျာ်းဆိုတဲ့အမျိူးနဲ့ နေမင်းလက်ရာတစ်ယောက်ထဲနဲ့သာပက်သက်ဖူးတော့ နာကျင်နေရှာမှာ။
"ဟင့် ငါဆုံးဖြတ်လိုက်ပြီ ဟင့်"
"ဘာဆုံးဖြတ်တာလဲ သဘာဝ"
"ငါ့ မောင့်ဆီကပြောလာမဲ့ အရာကိုနားမထောင်တော့ဘူး ဟင့် မောင်လိုအင်တွေဖြည့်စည်းနိုင်တဲ့ မိန်းကလေးနဲ့အတူနေတာ ငါ့ခွင့်ပြုလိုက်တော့မယ် ဟင့် ဒါဆို ငါ့ယောကျာ်းကို ငါမဆုံးရှုံးရတော့ဘူး ဟင့် ဟင့်"
"သူငယ်ချင်းရယ် ဟင့်"
မိုင် သဘာဝကိုယ်လေးကိုသိုင်းဖက်ပြီးသူငယ်ချင်းဖြစ်သူကျောလေးကိုပွတ်ကာ နင့်သိမ့်ပေးရသည်။အနှစ် 20 သံယောဇဥ် နဲ့ အချစ်က နည်းတဲ့ ရိုက်ခတ်မူမှမဟုတ်ပဲ......။
ďżź
🔰The Sun Of Flower {Season 2}🔰
part~52~~~
"အင့်.....ဟင်"
"မောင် !"
"မဆင်းလာသေးပါဘူး မမ"
"ဟို မောင်က...."
"မကာကွယ်ပေးနဲ့သမီး ဒီကောင်ပြန်မလာဘူးဆိုတာတောင်ဖုန်းမဆက်ဘူးလား ပြန်လာပါလေ့စေဉီး! "
"ရတယ်လူကြီး ပေးပါတယ်"
ဆွေးရိပ်သမီးဖြစ်သူကို လက်ပါချင်စိတ်တြွေဖစ်နေပင်မဲ့ မာမီက သူမပြန်ခင်သူ့ကို သတိပေးစကားတွေပြောထားခဲ့တာမို့ သူမှာလက်ပါလို့မရ။
ခွပ်
Ring~~~Ring~~~Ring
"Hello နေလက်ရာ ကပါ"
"လူကြီး မိန်းမလား"
"အင်း ဘာကိစ္စလဲ"
ကိုယ့်ကိုကိုယ် မယားကြီးလိုလိုပြောနေတဲ့ မိန်းကလေးကြောင့် ဒီလာခဲ့လို့ပြောရင် အရှက်ကွဲဉီးမည်ဆိုတာကြောင့် သူမကိုလာရမဲ့နေရာပြောခိုင်းကာ သူမဖုန်းကိုချလိုက်သည်။
"မိုင် ဟိုမှာ"
"ရှင်ကျွန်မပြောတာကို ခံနိုင်ရည်ရှိအောင် နည်းနည်း အားတင်းလိုက်ပါဉီး"
စောက်စကားပြောပုံက အချိုးမပြေတဲ့ ကောင်မကို သဘာဝတော့မသိ သူမကဒေါသထွက်လွန်းလို့ ဆံပင်စောင့်ဆွဲပြီး ဂျပန်တွေရိုက်သလို ရိုက်ပစ်ချင်သည်။
You are reading the story above: TeenFic.Net