part~22
Background color
Font
Font size
Line height
{Uni}
🔰The Sun Of Flower {Season 2}🔰
🌞နေနှစ်စင်းရဲ့ချစ်ပုံပြင်🌞
Part_22~~~~🧡
"တောက်စ့်"
သားအပေါ်ထက်တက်သွားတယ်ဆို မောင်ကသူ့ Latop ကို ဧည့်ခန်းကိုယူကာ stickကို ထိုးလိုက်ကာ အထဲကပါ တဲ့ CCTV File ကိုကြည့်ပြီးတော့ တောက်စ့် တစ်ခက်ခက်နဲ့မကျေနပ်နေတဲ့မောင်။သူမလည်း အံ့သြမဆုံး သားကဒီကိုပြန်ရောက်တာ တစ်လလောက်ရှိသေးတာကို ဘယ်သူတွေကများ ရန်ငြိုးတွေထားနေလည်းဆိုတာ။
"သူတို့ တရားစွဲပြီး အမူခေါင်းစဥ်တွေကို တစ်သက်တစ်ကျွန်းကျအောင်ကို လုပ်မယ်"
သားဖြစ်သူကို ထိခိုက်အောင်လုပ်လို့ဒေါသထွက်နေတဲ့မောင်။
ဦးနေမင်းလည်း ဒေါသထွက်ရင်စိတ်ရိုင်းဝင်တက်တဲ့သားဖြစ်သူအကြောင်းသိတာမို့ တားရတော့သည်။
"သား ဒယ်ဒီပြောမယ် စိတ်ကိုတအားမလောနဲ့ အခုသားကိုယ်ချင်းစာတက်ပြီမဟုတ်လား"
"ဘာကိုလည်း ဒယ်ဒီ"
"သားက သားရဲ့သွေးသားကိုထိတော့ဒီလောက်ဖြစ်နေတာ ဒယ်ဒီတို့တုန်းကရောဘယ်လိုခံစားရမယ်ဆိုတာ သားခံစားတက်နေပြီမဟုတ်လား"
သူဒယ်ဒီပြောတာကို ခေါင်းငြိမ့်ပြလိုက်ပြီး...
"သားနားလည်ပါပြီ ဒယ်ဒီတို့အပေါ်ဆိုးခဲ့တဲ့ အချိန်တွေကို တွေးကြည့်ရင် နောင်တမရပါဘူး"
နောင်တရတယ်ပြောမလားလို့မိဘတွေကမှတ်ပါတယ် နောင်တမရဘူးတဲ့။တကယ်ကို နေမင်းလက်ရာဆိုတဲ့ကောင်က လက်ပေါက်ကက်တဲ့ကောင်။
"သားမိဘတွေရဲ့ မေတ္တာတရားကိုနားလည်သွားပါပြီ နောင်တမရဘူးဆိုတာ အဲလိုဆိုးခဲ့လို့လည်း သားမိန်းမလေးရဲ့အချစ်ကိုရတာလေ"
မိဘတွေ မျက်နာမကောင်းဖြစ်သွားတာမြင်တော့ချက်ခြင်းပြန်ရှင်းပြသည်။
"မောင် ဒါဆိုဘာဆက်လုပ်ကြမှာလည်း"
သူမမေးတာကို ခေါင်းငြိမ့်ကာ...
"မောင် ပဲရစ်က ရှေ့နေငှားမယ်"
"မောင်ရယ် နိုင်မယ်မှန်းသိသိရက်နဲ့ ဘာလိုပိုက်ဆံတွေအကုန်ခံမှာလည်း"
"မောင်နိုင်ယုံနဲ့ မကျေနပ်ဘူးမ သူတို့ဘဝတွေစုတ်ပြတ်သတ်သွားအောင်လုပ်မှာ နောက်တစ်ခါသားကိုလာမထိရဲတော့မှာ"
မိန်းမကတားနေတာတောင်တားမရတာမို့ သူတို့လင်မယားတားလည်း အာညောင်းရုံပဲရှိမှမပြောတော့ပဲ ချွေးမဖြစ်သူနဲ့အတူတူ ဘာဖြစ်မလည်း စောင့်ကြည့်ရတော့မှာပေါ့။
တစင်းအခန်းကိုတက်လာပြီး ရေမိုးချိူးကာ ကုတင်ပေါ်ပလက်လှန်နေရင်းသူမဆီကို ဖုန်းဆက်လိုက်သည်။သူ့ဖုန်းဝင်တယ်ဆို တစ်ဖက်သူမကလည်း ကိုင်သည်။
"သက်သာသွားပြီလား နာနေသေးလား"
သူတောင်စကားမပြောရသေးဘူးစိုးရိမ်စိတ်နဲ့ မေးလာတဲ့သူမကြောင့် သူကျေနပ်သွားရကာ...
"အင်း မနာတော့ဘူးကိုယ့် Light လေးရှိတာပဲ"
"အင်းပါ ဆေးသောက်အိပ်ဦးကိုယ်လက်တွေနာနေမယ် နောက်တစ်ခါရန်ဖြစ်ရင် ပြော"
"ဟုတ်ကဲ့ ပါဗျာ ဂရုစိုက်ပါ့မယ် ကိုယ်ရဲ့Lightကဘာလုပ်မလို့လည်း"
"ဝိုင်းချမလို့လေ"
သူက သူရန်ဖြစ်တာကိုတားမယ်ထင်ခဲ့ပင်မဲ့သူမက ရန်ဖြစ်ရင်သူပါ ဝိုင်းချမယ်ဆိုတာကြောင့် သူပြုံးချင်ချင်တောင်ဖြစ်သွားရသည်။ဒါကလည်း သူမရင်ထဲကလာတဲ့စကားဆိုတာခံစားမိတာမို့ သူမရီရက်။
"ဟုတ်ပါပြီ နောက်တစ်ခါကြရင် ဖိုက်တာမလေးနဲ့အတူတူ ချမယ်"
"Fighting တန်ပြန် လက်စားချေမယ် "
ကလေးလေးတစ်ယောက်လိုဖြူစင်တဲ့သူမပုံရိပ်အမှန်ကိုသိခွင့်ရတဲ့သူဟာ ကံကောင်းတဲ့လူသား။သူမ သန်မာချင်ယောင်ဆောင်နေတာပါ။သူမ သန်မာချင်ယောက်မဆောင်ရင် သူမဘဝကိုနင်းချေမဲ့သူတွေရှိတာကြောင့် သူမသန်မာချင်ယောင်ဆောင်ရသည်။
"အင်း ဒါနဲ့ ဖေဖေနဲ့အပြင်မှာဘာတွေသွားပြောကြတာလည်း"
"ပါး ဖေဖေကို light က stick ကလေးတစ်ခုပေးတာ အဲတာ ပါးတို့ဖြစ်တဲ့နေရာက cctv လေ အဲတာဆိုဘယ်သူရန်စလည်းပေါ်ပြီ"
သူမ သူကိုမလိမ်ချင်တာကြောင့် ပွငါ့ပွင့်လင်းလင်းပြောလိုက်သည်။တိမ်ယံဘွားနဲ့တုန်းကတောင် ပွင့်လင်းဖို့နေနေသာသာ ကိုယ်အလုပ်နဲ့ကိုယ်ရှုပ်နေလို့တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ဖို့လည်း သတိမရ။သူသတင်းကြားတယ်ဆို အစည်းအဝေးလည်းပစ်ထားခဲ့ကာ သူဆီကိုရောက်အောင်လာခဲ့သည်။သူမ တကယ်ချစ်တဲ့သူတွေ့တော့ပြောင်းလဲသွားခြင်း။
"ကိုယ့်ကောင်မလေးကတော်သားပဲ"
"သူတို့နဲ့က ရန်ငြိုးရှိတာလား ပါး"
သူမမေးမှ သတိထားမိသွားကာ မြန်မာနပြည်ပြန်လာကတည်းက ရန်ငြိုးရန်စမပြောနဲ့ စကားတောင်တစ်ခြားသူနဲ့များဘူးတာမဟုတ်။ငယ်ငယ်တုန်းကလည်း ဖေဖေတို့ မေမေတို့ကအပြင်သိပ်မထွက်ခိုင်းတညမို့ ရန်လည်းမဖြစ်ဘူး။
သူမမေးတော့တစ်ဖက်ကငြိမ်သွားတာကြောင့်.....
"ပါး  "
သူအတွေးလွန်နေရာမှ သူမအသံသေးသေးလေးထွက်လာမှသတိပြန်ဝင်ကာ....
"ကိုယ့်ဒီရောက်တာ တစ်လကျော်ကျော်လေးရှိသေးတာ ရန်မဖြစ်ဘူးပါဘူး"
"US ကိုမသွားခင်ကရော"
"ဟင်အင်း မဖြစ်ဖူးဘူး ကိုယ်က USကို 12နှစ်သားကတည်းကသွားတက်တာ"
သူမ သူပြောတာတွေက စဥ်းစားပြီး ပါး ထိခိုကရတာသူမနဲ့များဆိုင်နေမလား။ပါးထက်စရာရင်သူများကလူမုန်းပိုများသည်။သူမ တိမ်ယံဘွားနဲ့ ပါးနဲ့စကားများဘူးတာ သတိရသွားကာ ချက်ခြင်းမျက်နာက လူထသတ်တော့မဲ့အတိုင်း။
"ဒါဆို ဂရုစိုက်နေဦး လူဆိုတာပြောမရဘူး သူများကောင်းစားနေရင် မနာလိုတက်တယ် ပါး "
"ဟုတ်ပါပြီ ဗျာ "
"ဒါဆိုရင် ဖုန်းချလိုက်တော့နော် Light ညစာဆင်းစားလိုက်ဦးမယ် ပါးရောမစားရသေးရင်စားတော့လေ ပြီးရင်ဆေးသောက် အိပ်"
"အင်း See you tomorrow"
တီ
သူ Light ဘက်ကဖုန်းချသွားတာနဲ့ အိပ်ရာကထားကာ ဖုန်းကိုလက်တစ်ဖက်ကိုင်ပြီး ညစာစားဖို့ အောက်ထက်ကို ဆင်းလာလိုက်သည်။သူညစာစားဖို့ဆင်းလာတော့ လူစုံနေပြီး ဖြစ်တာကြောင့် သူဖေဖေဘေးဝင်ထိုင်လိုက်သည်။
သူဝင်ထိုင်ယုံရှိသေးလက်ထဲကဖုန်းကထမြည်လာတာကြောင့်....
Ring~~Ring~~Ring
"ပြော မခြယ်ဘာကိစ္စလည်း"
".........."
"ဟုတ်တယ် "
".........."
"ဘာ!! မခြယ်စကားပြောဆင်ခြင်နော်"
တစ်ဖက်ကပြောလိုက်တဲ့စကားကြောင့်သူဒေါသထွက်သွားပြီ မက်တက်ထရပ်လိုက်တော့ မေမေကသူလက်ထဲကဖုန်းတောင်းနေတာကြောင့် မေမေကိုပေးလိုက်သည်။သူမေမေကို ဖုန်းပေးလိုက်ပြီး ဖေဖေဘေးပြန်ထိုင်နေလိုက်သည်။
"သမီး တီတီပါ ဘာဖြစ်လို့လည်း"
"......"
"အင်း ဟုတ်တယ် သမီး သားမျက်နာတော့နည်းနည့်ထိသွားတယ်"
"........"
"အင်းပါ  တီတီသူကိုဆူထားလိုက်မယ်"
လို့သူမပြောတော့ခြယ်လေးက ကျေနပ်သွားကာ ဖုန်းချသွားသည်။သူမ သားကိုဖုန်းပြန်ပေးလိုက်ပြီး.....
"သား ဒီလိုဖြစ်တာ လင်းရိပ်ကို ဆိုတဲ့မိနကလေးကြောင့်ဆို"
မထမေးတဲ့မေးခွန်းကို သားမပြောခင်နေကပဲအရင်ဝင်ပြောလိုက်သည်။
"မ ကခြယ်လေးပြောတာယုံတာပဲလား "
" ယုံတာမဟုတ်ဘူး သေချာလား သားကိုမေးနေတာ"
"အခုကိစ္စက ယောကျာ်းခြင်းဖြစ်တာ Light နဲ့ဘာမှမဆိုင်ဘူး မေမေ အဲ့မခြယ်က သူပုံစံနဲ့ သူများတကာကိုလိုက်နှိုင်းနေတာ အဲတာကြောင့် ကြည့်မရတာ"
သားက လင်းရိပ်ကိုကို Lightဆိုပြီး နာမ်စားသုံးလိုက်တာကြောင့် ဘယ်အခြေအနေမှန်းသူသဘောပေါက်လိုက်သည်။လင်းရိပ်ကို ကလည်း သားပြဿနာဖြစ်တယ်ဆိုချက်ခြင်းရောက်ချလာတာ သားကို တကယ်ချစ်တယ်ဆိုတာ သူယုံသည်။ပြီးတော့ သူမကြောင့်လည်း သားရဲ့ပြဿနာအဖြေရှာတွေ့သွားတာ။
"ငယ်"
မနက်စောစောအိမ်ကိုရောက်ချလာတဲ့ ငယ်ကိုမြင်တော့ တိမ်ယံဘွားဝမ်းသာသွားကာ သူမအနားပြေးသွားပင်မဲ့....
"ဖြန်း ဖြန်း"
သူပါးနှစ်ဖက် နှစ်ချက်ဆင့်ရိုက်ခံလိုက်ရသည်။
ကို မနေ့ကတည်းကဒေါသထွက်နေတာ အခုလည်း မနက်စောစောသူ့အိမ်ကိုလိုက်လာပြီး သူ့မိဘတွေရှေ့မှာတင် နှစ်ချက်ဆင့်ရိုက်လိုက်သည်။
"ငယ် ကိုဘာလုပ်လို့လည်း"
သူကမေးတာကို ကိုကသူ့မျက်နာကို လက်ညှိုးထိုးကာ....
"ရှင်ကဆရာဝန်အမည်ခံနဲ့ လူသတ်သမားပဲ ရှင့်ကြောင့် သူတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလည်း လူယုတ်မာရဲ့"
သူပါးရိုက်ခံရတဲ့အပြင် ငယ်ပြောတာတွေပါနားမလည်တာကြောင့်...
"ကိုယ်ဘာလုပ်လို့လည်း"
"ရှင်မနာလိုနေတာမဟုတ်လား သုကရှင့်ထက်သာလို့လေ မနေ့ကရှင်လူမိုက်တွေငှားပြီး ကားနဲ့တိုက်သက်ခိုင်းတဲ့ ကိစ္စလေ "
သူမပြောပြတော့ အကြောင်းကိုနားထောင်ပြီး  တိမ်ယံဘွား နဲ့ သူမိဘတွေလည်း အံ့သြနေရသည်။
"သူက နေလက်ရာမိသားစုက အမွေဆက်ခံသူမှန်းသိလို့ ရှင်လုပ်တာမဟုတ်လား !"
ဖြန်း
သူမစကားပြောရင်ဒေါသကထက်ထွက်လာတာကြောင့် လက်ကိုလွဲကာ သူပါးကို အားပြင်းပြင်းနဲ့ရိုက်ချလိုပ်သည်။
ဦးတိမ်ယံ နဲ့ ဒေါ်မိုးမခလည်း သူမအနားလျှောက်လာကာ....
"သမီးပြောနေတာတွေက အမှန်သာဆိုရင် သားကို အန်ကယ်ကိုတိုင်အပြစ်ပေးပါ့မယ်"
အန်ကယ် တိမ်ယံကဝင်ပြောလာပင်မဲ့ ကိုက...
"နောက်တစ်ခါ ရှင့်ကြောင့်သာ ပါးတစ်ခုခုဖြစ်လို့ကတော့ ရှင်နောင်တရစေရမယ် လို့ ကျွန်မအသက်နဲ့ ကျိန်ပြောရဲတယ်"
လို့ပြောကာ ဒေါ်မိုးမခကိုတစ်ချက်ကြည့်ပြီး ပြန်လှည့်ထွက်လာလိုက်သည်။သူ့မိဘတွေနေတာင် သူ့သားကိုအထိမခံနိုင်တာ ပါးတို့ မိသားစုကလည်း တစ်ဦးတည်းသောသားကို အခုလို ဒဏ်ရာတွေနဲ့တွေ့တော့ စိတ်ချမ်းသာမှာတဲ့လား။
"မောင်က နက်ပြာနဲ့သိပ်လိုက်တာပဲ"
သူဝတ်ထားတဲ့ နက်ပြောင်ရောင် suit ကိုကြည့်ကာပြောတော့ သူ့မိန်းမလေးကို ရင်ခွင်ထဲထည့်ပြီး နဖူးလေးကို ဖိကပ်နမ်းလိုက်ကာ...
"မ စိတ်မပူနဲ့နော် မောင်ရှိနေသ၍သားဘာမှမဖြစ်စေရဘူးလို့ ကတိပေးတယ်"
"ဟုတ်"
သူမခေါင်းငြိမ့်ပြလိုက်ပြီး သူရင်ခွင်ထဲကထွက်လိုက်တော့ မောင်ကမှန်တင်ခုံရှေ့သွားရပ်က မုန်တင်ခုံပေါ်က သူရေမချိူးခင်ကချွတ်ထားတဲ့ နာရီကိုလက်မှာပတ်လိုက်သည်။နာရီပတ်ပြီးတော့ အင်္ကျီနဲ့ဖုံးလိုက်သည်။
ဒေါက် ဒေါက်
သူမမောင်ပြင်ဆင်နေတုန်းမို့ တံခါးဖွင့်ပေးလိုက်တော့....
"မမ အောက်မှာဧည့်သည်ရောက်နေပါတယ်"
"မမ ဧည့်သည်လား ယမှုံ"
"ဟုတ်ပါတယ်"
"မမဆင်းလာခဲ့မယ်နော်"
"ဟုတ်"
သူမယမှုံထွက်သွားတယ်ဆိုမောင်ဘက်လှည့်ကာ...
"မောင် အောက်ခဏဆင်းလိုက်ဦးမယ် ဧည့်သည်ရောက်နေလို့ မောင်ပြင်ဆင်ပြီး ဆငိးခဲ့နော်"
မောင်ခေါင်းငြိမ့်ပြတယ်ဆို သူမတို့အခန်းထဲကထွက်လာလိုက်ပြီး အောက်ထက်ကိုဆင်းလာလိုက်သည်။အောက်ထက်ရောက်တယ်ဆို  ဧည့်ခန်းအဝင်က မုန်တံခါးကို တွန်းဖွင့်ကာ အထဲရောက်တော့ဆိုဖာမှာထိုင်နေတဲ့ အစ်မသီရီ။
"အစ်မသီရီ"
"ဟင် သဘာဝ မတွေ့တာကြပြီ"
သူမ အစ်မသီရီဘေးဝင်ထိုင်လိုက်သည်။တကယ်လည်း သူမတို့မတွေ့တာတော်တော်ကြာပြီ။သား5နှစ်သားလောက်ကတည်း ရာထူးတိုးပြီး နယ်ပြောင်းသွားရကတည်ူကမတွေ့ဖြစ်တာ။
"ဟုတ်ပ 15နှစ်တောင်ပြည့်တော့မယ်လေ အင်း သဘာဝတို့ကယောကျာ်းကဂရုစိုက်တယ်ထင်တယ် အရင်အတိုင်းလေးလှနေတုန်းပဲ"
သူမ အစ်မသီရီပြောတဲ့စကားကြောင့် ကျေနပ်တဲ့အပြုံးက နှုတ်ခမ်းပါးလေးမှာဖြစ်ထွန်းလျက်။သူမကို လှတယ်လို့ပြောတာကို ကျေနပ်တာမျိူးမဟုတ်ပဲ ယောကျာ်းကဂရုစိုက်တယ်ပြောလို့သာ။
"ဟင်း မောင်ကအရင်အတိုင်းပါပဲ"
"သိပြီးသားပါ ဒါနဲ့ နေနေရော"
"သား လာ USကပြန်လာတာမကြာသေးဘူး အပေါ်ထက်မှာရှိတယ် အစ်မသီရီ ပြီးရင် သူ့အဖေနဲ့ဆင်းလာလိမ့်မယ်"
"တွေ့ချင်နေပြီ ငယ်ငယ်တုန်းကအရမ်းလည်တဲ့ ကောင်လေး အခုတော့ လူပျိူကြီးဖြစ်ရောပေါ့"
သူမ အစ်မသီရီမေးတာကိုဖြေမလို့ရှိသေး ဧည့်ခန်းထဲဝင်လာတဲ့ သားအဖနှစ်ယောက်ကိုတွေ့လိုက်တာကြောင့်...
"အစ်မ ဟိုမှာ"
သူမ သဘာဝမေးငေါ့ပြတဲ့ဆီကိုကြည့်လိုက်တော့ သဘာဝအမျိူးသား နဲ့အတူ ကောင်လေးတစ်ယောက်။
"သူ ကနင့်သားလား"
အံ့သြတကြီးမေးလာတဲ့ အစ်မသီရီကို သူမခေါင်းငြိမ့်ပြလိုက်သည်။ဟိုသားအဖကလည်း သူမတို့မျက်နာချင်းဆိုင်ခုံမှာဝင်ထိုင်ကြသည်။
"သား တီတီကိုမှတ်မိလား"
သဘာဝပြောလိုက်တော့ သားက အစ်မသီရီကို ကြည့်ကာ ချက်ခြင်းပြန်ဖြေသည်။
"ဟွန်း သားမမှတ်မိပဲနေမလား သားမလိုက်ချင်လည်း အတင်းခေါ်တာလေ မှတ်မိတာပေါ့"
"အော် မှတ်မိလို့တော်သေးတာပေါ့ သားနောင်လူပျိူကြီးဖြစ်နေပြီပဲ ဖအေနဲ့ ညီအစ်ကိုကြနေတာပဲ အေးလာရင်းကိစ္စမေ့နေတယ် "
သီရီ သဘာဝဘက်လှည့်ပြီး...
"ငါအခုလာတာ ဆရာမကြီးဆုံးသွားလို့"
"ဆရာမကြီးဆုံးတာလား"
"အင်း ငါ့ကိုကျောင်းကဆရာမတစ်ယောက်ကအကြောင်းကြားလို့ခွင့်တင်ပြီး လာတာ သဘာဝလည်း မသိလောက်ဘူးထင်လို့"
"အင်းး တကယ်မသိတာအစ်မ အရင်ကနေရာတွေကို မရောက်ဖြစ်တာ သားတစ်သက်ပဲလေ ဒါကြောင့်မသိတာ ဘယ်တုန်းကဆုံးတာလည်း"
"မနေ့ကဆုံးတာ ငါ့ကမနေ့ကတည်းကလာဖို့ပဲ မန္တလေးကလာရင်း ပဲခူးမှာအိပ်လိုက်ရလို့ အခုသွားမလို့ ဝင်ခေါ်တာ အစ်မကအဲမှာအိပ်မှာ သဘာဝကအိမ်ကလူလာကြိုခိုင်းလိုက်ပေါ့"
သူမဘယ်သူလိုက်ပို့ခိုင်းရမလည်း စဥ်းစားလိုက်သည်။အိမ်က Driver ကလည်း အသစ်ဖြစ်တဲ့အပြင် သူမနဲ့ မတိမ်းမယိမ်းမို့ မောင်က လွှတ်မှာမဟုတ်။မောင်ကလည်း company သွားဖို့ အဝတ်အစားတောင်လဲပြီးပြီ။သူမ သားကိုလိုက်ပို့ခိုင်းဖို့ဆုံးဖြတ်ကာ ပြောမလို့ရှိသေး။
"မောင်လိုက်ပို့မယ်လေ အတူတူသွားကြတာပေါ့ "
"မောင်က company သွားမှာမဟုတ်လား"
"ရတယ် company မှာအစည်းအဝေးတော့ရှိတယ် သား company မှာ နေ့လည် 1နာရီအစည်းအဝေးရှိတယ် သွားထိုင်ပေးလို့ အားတယ်မဟုတ်လား ပြီးတော့ ဖေဖေ computer ထဲမှာ အစည်းအဝေးမှာပြောရမဲ့ဟာတွေရှိတယ်"
သူ့မိန်းမကိုစိတ်မချလို့လိုက်သွားမဲ့ ဖေဖေက သူ့ကို တာဝန်ပေးတာကြောင့် သူခေါင်းငြိမ့်လိုက်သည်။ပြီးတော့မှ company ဆိုမှ....
"ဖေဖေ company ကဘယ် company လည်း နေလက်ရာ လား Nature Flower လား"
"နေလက်ရာ ကိုသွားရမှာ Nature Flower က ဟိုကောင် ကျော်သူရရှိတယ် အကြောင်းမရှိဘူး "
သူသားမေးတာတွေကို ပြန်ဖြေပြီး မတို့ဘက်လှည့်ကာ...
"မ ကအခုဝတ်ထားတဲ့အတိုင်းသွားမှာလား"
သူမဝတ်ထားတာက ထဘီအနက်နဲ့ အင်္ကျီရင်ဖုံးအဖြူလေးကို တွဲဝတ်ထားပြီး ဆံပင်လေးကိုတော့ ထုံးထားသည်။အးပါးမှာလည်း ပါးကွက်ကလေးက အထူကြီးမဟုတ်ပဲ ကြည့်ကောင်းတဲ့ အနေအထားလေး။
"ဟုတ် မောင်ကရောဒီအတိုင်းကြီးအဆင်ပြေပါ့မလား"
"ဘယ်လိုလုပ်ပြေမှာလည်း မေမေရဲ့ လာဖေဖေသားနောက်လိုက်ခဲ့ သားပြောတာဝတ်လာပါဆိုနေ"
အဖေဖြစ်သူကို ဆွဲခေါ်သွားတာများ သူညီများထင်နေလားမသိ။အစ်မသီရီကတော့ သားအဖနှစ်ယောက်ကိုကြည့်ပြီး သဘောကျနေသည်။သူမကတော့ ဆရာမကြီး ဆုံးသွားတာလကို စိတ်ထဲမကောင်း။သူမအပေါ်ဘယ်လောက်တောင်ကောင်းခဲ့လည်း။သူမဆရာမကြီးအပေါ် တာဝန်မ​ကျေသလို ခံစားနေရသည်။
{Zaw}
🔰The Sun Of Flower {Season 2}🔰
Part_22~~~~🧡
"တောက်စ့်"
ဉီးနေမင်းလည်း ဒေါသထွက်ရင်စိတ်ရိုင်းဝင်တက်တဲ့သားဖြစ်သူအကြောင်းသိတာမို့ တားရတော့သည်။
"ဘာကိုလည်း ဒယ်ဒီ"
"အင်းပါ ဆေးသောက်အိပ်ဉီးကိုယ်လက်တွေနာနေမယ် နောက်တစ်ခါရန်ဖြစ်ရင် ပြော"
"ဝိုင်းချမလို့လေ"
"ပါး  "
"US ကိုမသွားခင်ကရော"
"ဒါဆို ဂရုစိုက်နေဉီး လူဆိုတာပြောမရဘူး သူများကောင်းစားနေရင် မနာလိုတက်တယ် ပါး "
"ဟုတ်ပါပြီ ဗျာ "
"ဒါဆိုရင် ဖုန်းချလိုက်တော့နော် Light ညစာဆင်းစားလိုက်ဉီးမယ် ပါးရောမစားရသေးရင်စားတော့လေ ပြီးရင်ဆေးသောက် အိပ်"
"အင်း See you tomorrow"
တီ
Ring~~Ring~~Ring
".........."
"ဟုတ်တယ် "
".........."
"......"
"........"
"ငယ်"
"ဖြန်း ဖြန်း"
"ကိုယ်ဘာလုပ်လို့လည်း"
ဖြန်း
ဉီးတိမ်ယံ နဲ့ ဒေါ်မိုးမခလည်း သူမအနားလျှောက်လာကာ....
"ဟုတ်"
ဒေါက် ဒေါက်
"မမ ဧည့်သည်လား ယမှုံ"
"ဟုတ်ပါတယ်"
"မမဆင်းလာခဲ့မယ်နော်"
"ဟုတ်"
"မောင် အောက်ခဏဆင်းလိုက်ဉီးမယ် ဧည့်သည်ရောက်နေလို့ မောင်ပြင်ဆင်ပြီး ဆငိးခဲ့နော်"
"အစ်မသီရီ"
"ဟင် သဘာဝ မတွေ့တာကြပြီ"
"တွေ့ချင်နေပြီ ငယ်ငယ်တုန်းကအရမ်းလည်တဲ့ ကောင်လေး အခုတော့ လူပျိုကြီးဖြစ်ရောပေါ့"
"အစ်မ ဟိုမှာ"
You are reading the story above: TeenFic.Net