Part.8

Background color
Font
Font size
Line height

                                 (Part.8)

>>>>3 months ago>>>>

.

.

ကိုယ်ပိုင်ဆေးရုံသစ် ဖွင့်လှစ်ဖို့ Min အလုပ်ရှုပ်ခဲ့ရတဲ့
နေ့တွေ အဆုံးသတ်သွားတော့  Daegu၌  'Hope'ဟု အမည်ရသည့်ဆေးရုံလေးတစ်ရုံ.... ရုပ်လုံးပေါ်လာချေပြီ။..Daeguမြို့ပြင်ရှိ အပန်းဖြေစံအိမ်လေး၌ အလည်
အပတ်ခရီးစဉ်လေး ပြီးဆုံးထဲက ဆေးရုံနဲ့အိမ် ကူးချည်သန်းချည်လုပ်ရင်းအလုပ်များခဲ့ရသည့်....Min!
အခုမှ မကြာခင်ဖွင့်လှစ်ခွင့်ရတော့မည့်  ကိုယ်ပိုင်ဆေးရုံလေးကိုကြည့်ရင်း ရင်၌ပီတိဖြစ်လို့ နေသည်။

"Hyung!....
Hopeက ဘယ်နေ့စဖွင့်မှာလဲ?"

"ခုလာမယ့် စနေနေ့ကိုတော့ ...hyungရွေးထားတယ်!
ဘာဖြစ်လို့ ကိုကို့ကလေးက မေးတာလဲ?"

"ဘာမှတော့ မဟုတ်ပါဘူး!....
ဒီအတိုင်း ဖွင့်မယ့်ရက်ကို သိချင်လို့ ...မေးကြည့်
တာ!"

ချစ်ရသူလက်ကိုတွဲရင် ဆေးရုံပရဝုဏ်အတွင်း လှည့်
ပတ်၍ကြည့်စဉ်  Minအား Hoseok ထိုသို့ အမေးရှိလာ၏။ပြုံးတုန့်ပြုံးလှည့်ဖြင့် Min ပြန်ဖြေသော်လည်း Hoseokမျက်နှာလေး မှိုင်နေမှန်း သတိထားမိသည်။ထို့ကြောင့်မေးလာသော အမေးသည် ဆေးရုံဖွင့်မည့်
ရက်ကို သိချင်ရုံထပ်များ ပိုနေမလားဟုသူ စတင်တွေးလိုက်မိ၏။ထို့နောက် Hoseok၏ ခေါင်းလေးကို သူ့လက်ဖြင့် ခပ်ဖွဖွပုတ်ကာ...

"ညီညီ့ကို ...ပြန်လာစေချင်လို့လား...ကလေး?"

"ဟင်?"

မျက်ဝန်းဝိုင်းလေးများဖြင့် Hoseokသူ့အား ကြည့်
လာချိန်Minက Gummy smileလေးဖြင့်  ချစ်ရသူ
အား အလှပဆုံးပြုံးပြလိုက်သည်။မြိုသိပ်ထားသော အမေးတစကို လူမိသွားသော မျက်နှာလေးက အံ့ဩ
ခြင်း ပြည့်နှက်နေ၏။သူ့ရှေ့၌ ခံစားချက်ကို လိမ်ညာဖုံးကွယ်၍မရကြောင်း ချစ်သောကလေးငယ်ကို...
Min သိပ်သိစေချင်ပါသည်။
Jung Hoseokမျက်နှာသာ တစ်ကမ္ဘာနေလာသော သူ့အဖို့ အသက်ရှူသံတိုးတိုးလေး၏ ..အဓိပ္ပါယ်ကိုတောင် ဘာသာပြန်နိုင်တဲ့အစွမ်း ရှိပြီးဖြစ်သည်။

"သူ့ကို ပြန်လာစေချင်တယ်လို့.... Hyungဘယ်လို
သိလဲ?"

"ကိုကို ခဏခဏ ပြောဖူးပါတယ်!...
Jung Hoseokအကြောင်းကို ကိုကို့လောက် ဘယ်သူမှ
မသိနိုင်ပါဘူးလို့!"

"အင်းး...အဲဒါတော့ ဟုတ်တယ်!...
အခုပဲကြည့်လေ ကျနော်ဘာဖြစ်နေလဲ မပြောရသေး
ဘူး...Dr.Minကြီးက သိနေပြီ!"

ကျနော့်လက်ကို တွယ်ချိတ်ရင်း စကားပြောတတ်တာ အချွဲသန်တဲ့ ကလေးငယ်လေးရဲ့ အကျင့်ဗျ။
မျက်နှာလေး မော်မော်ပြီး နူတ်ခမ်းချွန်ခါ စကားပြော
ရင် ပိုလို့တောင် အချစ်ပိုရသေးတယ်။...
ဒီလို သူ့အပြုအမူတိုင်းက ကျနော့်ရဲ့ အားနည်းချက်ပဲပေါ့။

"ကိုကိုက ပိုချစ်တာကိုးကွ!...သိရမှာပေါ့!"

ဒီနေ့တော့ ဖွင့်လှစ်ခြင်း မရှိသေးတဲ့  ဆေးရုံရဲ့ ခြံဝန်း
လေးထဲ ကျနော်တို့နှစ်ယောက်ပဲ ရှိနေချိန်၌ ပန်းခြံနဲ့ပင်
ဒီကလေးငယ်က အမှတ်မှားနေသယောင်။
လာမယ့်စနေနေ့ကျ လူအုပ်ကြီးကြားထဲ အတူရှိနေရင်ရော... ဒီလိုများ ချွဲနေဦးမလား သိချင်ပါသေးရဲ့ဗျ။

"ဒါပေမယ့် ကိုကိုပဲ သိနေတာလဲ... ဟုတ်ချင်မှဟုတ်
မှာပါ!"

"Waeyo?"

" ညီညီလည်း သူ့သူငယ်ချင်း Seokie...ဘာဖြစ်ချင်လဲ
မျက်နှာကြည့်ရုံနဲ့ သိရင်သိခဲ့မှာ!"

ကျနော်လည်း တခါတလေ ရစ်ကြည့်ချင်တယ်လေ
ဗျာ။ဒီကလေးငယ်လေးပဲ ကျနော့်ကို အချိန်ပြည့် ရစ်
နေတာ‌လေ။သူ့ကိုအသိဆုံးသူက ကျနော်ဖြစ်နေရင်
တောင် သဝန်တိုချင်တဲ့စိတ်လေးက ဝင်လာရင်
ညီငယ်နဲ့ဖြစ်ဖြစ် ကြေးတန်းတိုက်ပြီး ‌ပြောချင်လာမိတယ်။တကယ် ဟုတ်တာမဟုတ်တာတွေ ဘေးဖယ်
ထားလိုက်။
Jung Hoseokလိုပဲ ကျနော်... ကလေးဆန်ကြည့်ချင်
မိတယ်။ဒီတော့ ပြာယာခတ်သွားတဲ့ ကလေးငယ်က
ကျနော်အထင်လွဲမှာကိုတော့ ကြောက်သားလားဗျ။

"ပေါက်ကရလေးဆယ် မပြောစမ်းပါနဲ့.....hyungရယ်!
အဲ့ကြောင်ပေါက်သာ သိမယ်ဆို လူကို အလကားနေ
စိတ်မကောင်းဖြစ်အောင်လို့ ....အဆက်အသွယ်ဖြတ်
ခဲ့ပါ့မလား?"

"ဒါတော့ ညီညီနဲ့တွေ့မှ.... ကိုကို မေးကြည့်မယ်!!..
Hoseokieကို သူဘယ်လောက်ထိ နားလည်ထား
လဲလို့!"

"အင်းး....တွေ့ခဲ့ရင် ဆက်ဆက်မေးကြည့်!....
ကျနော်လည်း နားလည်ရခက်တဲ့ သူ့စိတ်ကို
သိချင်တယ်!"

ဪ...သိချင်စိတ်လေးတော့ မကုန်သေးဘူးဗျ။
ဒင်းကလေးကကျနော့်အပိုင်လေး ဖြစ်နေလို့ပဲ။မဟုတ်
ရင် Min Yoongiဆိုတဲ့ ကျနော် ....သဝန်တိုလို့ ရူးမ
လားပဲ။ဒါပေမယ့် သဝန်တိုစိတ်ရဲ့ အခြားတဖက်မှာ
လည်း ဘယ်ရောက်နေမှန်းမသိတဲ့ အိမ်ကကြောင်ပေါက်ကို လွမ်းလွန်းလို့ သေရတော့မယ်။

ကိုယ်က အဖြစ်သည်းပြလိုက်ရင် ကျနော့်ကလေးက
ပိုစိတ်မကောင်းဖြစ်မှာ စိုးလို့သာ ခံစားချက်ကို မြိုသိပ်
နေခဲ့ရတာပါ။သူ့အကြောင်းကို အချိန်ရရင် ရသလို
အမြဲစုံစမ်းနေခဲ့တာတော့.... Garfieldမှ သိပါလေစ။
ခြေရာဖျောက်သွားတဲ့သူက အပုန်းကောင်းတော့ ခုထိ
ကို မတွေ့နိုင်သေးဘူး။...

Jung Hoseokတို့ကလည်း သူငယ်ချင်းကို အိမ်အမြန်ဆုံးပြန်လာစေချင်နေတော့ သူတို့နှစ်ယောက်ကြား
ကျနော်.......ဗျာများလို့နေရတာက အရင်အတိုင်းပဲ။လက်ထပ်လိုက်တယ် ဆိုရင်တောင် ညီညီတကယ်လက်လွှတ်ပါ့မလားလို့ စိုးရိမ်စိတ်က ကြီးစိုးနေတုန်းပဲ။

"ကလေး!!...
ကိုကို့ရဲ့ကြောင်ပေါက်ကို... အိမ်အရောက်ပြန်ခေါ်လာ
စေချင်လား?"

"သူ့ခြေထောက်နဲ့သူ ထွက်သွားတာပဲ!...
ဘယ်သူက နှင်နေလို့လဲ!.....
ပြန်လာချင်လည်း သူ့စိတ်နဲ့သူ လာပါစေ!"

"အမလေးဗျာ!...
ဒီကလေးက ဂျစ်တိုက်စရာမရှိ တိုက်နေပြန်ပြီ!
Joonက တခုခုတော့ သိထားလောက်‌ပါတယ်...
ကိုကို သေချာမေးကြည့်ဦးမယ်!"

"မေးမနေနဲ့ hyung!...
တကျိပ်တည်း တဉာဏ်တည်းတွေ!...

Garfieldရဲ့လူယုံတော်တောင် သူ့လောက်သစ္စာရှိမှာ မဟုတ်ဘူး!...ဟွန်းးးး!"

ပြောနေရင်းက တရှူးရှူးတရှဲရှဲနဲ့ ဒေါပွသွားတဲ့....
ကလေးငယ်။သူ့သူငယ်ချင်းတွေကို အလိုမကျတိုင်း
မျက်စောင်းတခဲခဲ အလုပ်ခံနေရတာက ကျနော်ဖြစ်
မှန်းမသိ ဖြစ်နေပြီ။သူတို့အဖွဲ့ကိုလည်း အမုန်းမဖက်ပဲ
အရင်လို ချစ်ချစ်ခင်ခင် ပြန်ဆုံစေချင်ပါပြီ။
ကျနော့်ကြောင်ပေါက်လေးရော ဘယ်အချိန်ထိ ရှောင်
ပြေးနေမှာလဲ တွေးမိခိုက်...လေးလံသွားတဲ့စိတ်ကြောင့် ပြုံးလို့ပင် မနေနိုင်တော့ပြီ။

📱📲

ထိုစဉ် ရုတ်တရက် Seokjinဆီက ဖုန်းဝင်လာတော့ ...
ကျနော်နဲ့သူ ဖုန်းပြောပြီး ဆေးရုံရဲ့အဆောက်အဦးထဲ
ပြန်ဝင်လာခဲ့ကြတယ်။ကလေးငယ်လေးလည်း ကျနော့်လက်ကို ချိတ်ထားရင်း ဝင်ခဲ့စဉ်ပေါ့။....အရင်ဆုံး မြင်လိုက်ရတာက Seokjin!
တဆက်တည်း သူ့နောက်မှ ရပ်ခါ ပြုံးပြနေသူမှာတော့ ဝမ်းကွဲညီမတော်စပ်သူ.....  Dr.Kim Eunju!

"Min Yoongi!....
မင်းတို့က သာယာနေကြတယ်ပေါ့လေ!"

"ဒါပေါ့ကွာ....မင်းက မနာလိုဖြစ်နေတာလား?"

အေး ဟုတ်တယ်!...
ငါ့ချစ်သူလေးက မအားတော့.....မင်းတို့လို အချိန်ပြည့်
အတူမရှိရဘူးလေ....အားကျရတာပေါ့!"

"ဟား...ဟား!...
ဒါတော့ကိုယ့်ကုသိုလ်နဲ့ကိုယ်ပဲ‌...မတတ်နိုင်ဘူး!"

ချစ်သူရှိတာကို  သတိပေးပြီး....အရင်လိုFAမဟုတ်ကြောင်းပါသွယ်ဝိုက်ပြောလိုက်သော  Seokjin!....
သူ့အဖြေကြောင့်ကျနော် ရယ်လိုက်မိပေမယ့် တစက်ယလေးမှ လိုက်မရယ်တာက ဘေးက အရယ်သန်သူလေး။
ခပ်ပြုံးပြုံးနဲ့ ဘေးက ရပ်၍နေသော .... Seokjinညီမငယ် Kim Eunjuကိုသာ  အကဲခတ်၍ ကြည့်နေသည်။Eunjuဆိုတာက ကျနော်တို့လို ဆရာဝန်တစ်ယောက်ပဲ။

SeoulကနေDaeguကို အလုပ်တာဝန်နဲ့ ပြောင်းရွှေ့
လာတာ ခုဆို နှစ်ဝက်လောက်ပင် ရှိခဲ့ပြီ။ပရဟိတအနေ
နဲ့ဆေးကုပေးရင်း နှစ်ခါလောက်ဆုံဖူးတော့ သူနဲ့ကျနော်က သိပ်မစိမ်းဘူး။သို့သော်လည်း ကျနော့်ကလေးငယ်အတွက်တော့ ခုမှသိကျွမ်းရမယ့်သူ ဖြစ်နေသည်လေ။
ထို့ကြောင့် စုံထောက်Jung ၏ မျက်ဝန်းအကြည့်စူးစူး
မှာမူ သူမ၏ ဦးခေါင်းဆံစထက်မှ ခြေဖဝါးထိ အစုန်အဆန် ပြေးလွှားနေကြသည်။...

"Eunjuရော ပါလာတာလား?...
Long time no see!"

"Nae...Oppa!"
မတွေ့ဖြစ်တာတော့ တကယ့်ကို ကြာနေပြီ...
ဟုတ်တယ်!......Oppaရော နေကောင်းတယ်နော်!"

"ဒေါင်ဒေါင်မြည်ကို ကောင်းပါရဲ့ဗျာ!...
ကဲ ...အေးဆေးစကားပြောရအောင် လာထိုင်ကြဦး!"

Eunjuကို နူတ်ဆက်ပြီး ဆေးရုံမြေညီထပ်က ဧည့်ခန်းဆောင်ထဲ အရင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်မိတယ်။
အဲဒီအချိန် ကလေးရဲ့လက်ဖဝါးကို ဆွဲပြီး အတူတူလိုက်
ဖို့ ခေါ်မိတော့.... ပေကပ်ကပ်လုပ်ခါ သိပ်မလိုက်ချင်။
အလုပ်အကြောင်း ဆွေးနွေးတဲ့အချိန်လည်း Seokjin
ကိုတော့ တချက်မှပင် မကြည့်သလောက် Eunjuကို
တော့ဖြင့် စားမတပ်၊ဝါးမတပ် ကြည့်နေသူက ထူးတော့ထူးခြားသည်။

ထိုမျက်ဝန်းအကြည့်၏ အဓိပ္ပါယ်ကို ကျနော်ဘာသာပြန်ဆိုရလျှင်မူ များမကြာမှီတွင် အရစ်ခံရကိန်းဆိုက်ဖို့ ရာနူန်းပြည့် စိုးရိမ်ရသည့် အခြေအနေပင် ဖြစ်၏။
သို့သော်Jung Hoseokတို့က အနည်းငယ် လူကြီးဆန်လာတော့ လူရှေ့သူရှေ့တော့ သူဘယ်လိုမှ မနေသည့်အထာ။မှင်သေသေဖြင့် တခွန်းတပါဒမျှ ဝင်မပြော။
ထိုသို့ဆိုငြားလည်း သဝန်တိုနေတာကို အတပ်သိနိုင်သိသည်က တင်းတင်းစေ့ပိတ်ထားသည့် နူတ်ခမ်းပါးလေးကြောင့်ပင်။

"မင်းနဲ့ Eunjuကို ငါ့ဆေးရုံမှာ လာကူညီပေးဖို့ ပြောထားတာ တိုင်ပင်‌ပြီးကြပြီလား?"

"အင်း....ငါတို့မောင်နှမ တိုင်ပင်ပြီးပြီ!...
Eunjuကလည်း လူနာတွေအတွက်ဆို  ကူညီပေးဖို့ အသင့်ပဲတဲ့!"

"ဟုတ်တယ်...Oppa!...
Eunjuတတ်နိုင်တဲ့ဘက်က ကူညီပေးပါ့မယ်!"

Kim Eunjuက  ပရဟိတစိတ်ရှိတော့ စိတ်အားထက်
သန်စွာကူညီပေးဖို့ကို ပြောလာတယ်ဗျ။...'Hope'က ပုဂ္ဂလိကဆေးရုံအနေနဲ့ ဖွင့်လှစ်မှာဖြစ်ပေမယ့်...
ငွေရေးကြေးရေး အဆင်‌မပြေတဲ့သူတွေ အတွက်သာ
ဖွင့်ပေးချင်တာက ကျနော့်ရဲ့အဓိက ရည်ရွယ်ချက်။
ဒါကြောင့် ဆရာဝန်တွေကို လစာကောင်းကောင်းပေး
ပြီး မငှားရမ်းနိုင်တဲ့ အခြေအနေမျိုးရှိလို့...ပွင့်ပွင့်လင်းလင်း Seokjinနဲ့ တိုင်ပင်ဖြစ်ခဲ့ကြတယ်။
ဒါကိုပဲ Eunjuက အကူအညီကို လက်သင့်ခံတော့
ကျနော်... ဝမ်းသာရတာပေါ့။

"ဒီလိုဆိုရင်တော့  လူနာတွေအစား Oppaကပဲ
ကျေးဇူးအများကြီးတင်ပါတယ် Eunju!..."

"အချင်းချင်း... ကျေးဇူးတင်စရာ မလိုပါဘူး...Oppaရ!"

Kim Eunjuက Seokjinညီမဆိုတာနဲ့ ကလေးငယ်
ကလည်းတစုံတယောက်ကို ပြေးမြင်နေမှာ အသေ
အချာ။....အတိတ်က ရေစက်ဆိုးကြောင့်  မဆိုင်တဲ့
Eunjuအပေါ်မှာလည်း အမြင်ကြည်လင်ပုံ မရဘူး။
မြန်မြန်ပြန်ပါစေလို့များ သူ့ စိတ်ထဲကြိတ်ဆုတောင်း
နေမလားပဲ။ခုထိတော့ နူတ်ပိတ်ပြီး နေနေသလောက် ဧည့်သည်ပြန်သွားရင်တော့ မေးချင်တဲ့ မေးခွန်းပေါင်း
များစွာဖြင့်  စကားနဲ့စစ်ခင်းလာမည်မှာ မလွဲပြီ။

"ဪ ဒါနဲ့ Eunjuကို မိတ်ဆက်ပေးရဦးမယ်!....
ဒါOppaနဲ့ မကြာသေးခင်ကမှ  လက်ထပ်ထားတဲ့
လက်တွဲဖော်လေး!...
နာမည်က Jung Hoseokလို့ခေါ်တယ်!"

'ပိုင်ရှင်ရှိတာကို လူပျိုလုပ်နေတယ်'လို့ အပြစ်တင်
စကားမကြားရခင် ကိုယ့်ဘက်ကစပြီး married
ဖြစ်ကြောင်း၊Singleမဟုတ်ကြောင်း ဖော်ပြရတယ်ဗျ။
သူ့ပုခုံးလေး အသာအယာဖက်ပြီး မိတ်ဆက်ပေးချင်
ပေမယ့် ပျော့ပျော့ပျောင်းပျောင်း အလိုက်သင့်မရှိတဲ့ ကလေးငယ်။ခန္ဓာကိုယ်ကို တောင့်တောင့်ကြီးလုပ်ခါရပ်နေတော့  ကြိတ်ရယ်လိုက်မိတာပေါ့။

"Oh!..... တကယ့်ကို အချောလေးပဲ!
Eunjiပြောပြောနေထဲက Oppaရဲ့ချစ်သူကို Eunjuအရမ်းတွေ့ဖူးချင်နေတာ!"

"ချစ်သူ?.....No no!..
ချစ်သူ မဟုတ်ဘူးဗျ!...လူသိရှင်ကြား လက်ထပ်
ထားတဲ့ Dr. Min Yoongiရဲ့ ခင်ပွန်းပါ!"

"ㅋㅋㅋ!...
ဟုတ်...ဟုတ်....Eunjuစကားပြောမှားသွားပြီ
ထင်တယ်!..တောင်းပန်ပါတယ်... Hoseok Shi!"

အဲဒါမှ Jung Hoseokအစစ်....ခုနထိ သည်းခံပြ
နေတာကJung Hoseok အတုပေါ့ဗျာ။
'Eunju'သာ မြန်မြန်ပြန် မတောင်းပန်ရင်ဘယ်လောက်

ထိ  အစွာခံရဦးမည် မသိ။အပြုံးနဲ့စကားမှားကြောင်း ဝန်ခံတဲ့ Eunjuက Eunjiလိုတော့ ချေမိုးမနေလို့သာ
ရင်အေးရတာ။
ထို့နောက် Seokjinမျက်နှာကြောင့် မကျေနပ်သမျှကို မတတ်သာတဲ့အဆုံး ကလေးက မြိုသိပ်လိုက်ရတဲ့ပုံ။အလုပ်အကြောင်း ဆက်လက်ဆွေးနွေးတဲ့ တောက်
လျှောက် ကျနော့်ဆီ သူ့ရဲ့အကြည့်က မရှိခဲ့ဘူး။..

သူ့အမူအရာကို သတိမထားမိတဲ့  Kim Eunjuရဲ့
မျက်နှာကိုသာ ရန်လိုနေသလို စိုက်ကြည့်နေခဲ့တယ်။ကြည့်နေတဲ့ အကြည့်ရဲ့ အနက်အဓိပ္ပါယ်က ကျနော့်
အနားက ဝေးဝေးနေဖို့ကို သူ ပြောချင်နေသယောင်။
ဆေးရုံနဲ့ပက်သက်တဲ့ အကြောင်းသာ ဆွေးနွေးရှင်းပြ
နေကြတဲ့ Kimမောင်နှမကလည်း  ဒါကိုရိပ်မိဟန်မရ။နာရီဝက်လောက် လိုရင်းတိုရှင်း ဆွေးနွေးပြီးကြတဲ့
နောက်မှာတော့ Seokjinတို့ ပြန်ဖို့ အချိန်ကို ရောက်
လာခဲ့ပြီ။ဒါကများ ချစ်ရတဲ့ ကလေးငယ်လေး လိုချင်
နေတဲ့ဆန္ဒ ပြည့်ဝသွားခြင်းလေလား?ကျနော်တို့‌အချင်း
ချင်း နူတ်ဆက်ပြီးနောက်...Seokjinက...

"Hoseok!....
Hyungတို့ ပြန်ပြီကွာ!....
ဖွင့်ပွဲရက်ကျမှ... ထပ်တွေ့ကြမယ်!"

သူ့အနားလာရပ်ခါ ပုခုံးဖက်ပြီးပြောလာတဲ့ Seokjin
ကြောင့် ပျက်ယွင်းနေတဲ့ဟန်ပန်ကို ကြိုးစားထိန်းလိုက်ရင်း ကလေးငယ်က ပြုံးပြလာတယ်။ဒါပေမယ့် အရင်
လို စိတ်လိုလက်ရပြုံးတဲ့ အပြုံးမျိုးတော့ မဟုတ်ဘူး။
မချိသွားဖြဲ ဟန်ဆောင်ရင်း ပြုံးလိုက်ရတဲ့ ရုပ်လေး။သဝန်တိုခြင်း ဒီရေသည် နားလည်မှုဆိုသည့်  ကမ်းပါး
သို့ပင် ကျော်လွန်လို့လာနေဟန်။

"Nae... Hyung!"

"ကျမတို့ကို ခွင့်ပြုပါဦး....Hoseok Shi!"

"ဟုတ်ကဲ့ ခင်ဗျ!...ကောင်းကောင်း သွားကြပါ!"

"Yoongi Oppa! ....
Eunjuတို့ကို ခွင့်ပြုဦးနော်!...
ဖွင့်ပွဲရက်ကျမှ လာခဲ့ပါမယ့်!"

Kim Eunju?....နာမည်က Kim Eunjuဖြစ်တဲ့
အပြင် Seokjin Hyungရဲ့ ညီမပဲဆိုတော့ ကျနော်အံ့အားသင့်မိတယ်။ပြီးတော့ အတိတ်က မေ့ထားခဲ့တဲ့ Kim Eunjiကို ပြန်အမှတ်ရလာမိတယ်ဗျ။ရုပ်ချင်း
မဆင်ပေမယ့် ခပ်ဆင်ဆင် ဖြစ်နေ‌တဲ့ နာမည်အတွက်တော့ စိတ်အနှောက်အယှက် အရမ်းဖြစ်ရတယ်။
ဒီလို အတိတ်နဲ့ရေစက်ဆိုးမျိုး ဘယ်လိုလူက ပြန်အမှတ်
ရချင်မှာတဲ့လဲ။

ဒါပေမယ့် အမှတ်မရှိတဲ့လူကြီးက ကျနော့်အနားက
ထွက်ခွာသွားတဲ့ သူတို့ကို ကားနားရောက်တဲ့ထိအောင် လိုက်ပို့ပေးနေတယ်။...Dr.Minက အမှတ်သည်းခြေ
တစက်လေးပင်... မရှိသူလို။
Kim Eunjuရဲ့Oppaခေါ်သံမှာ အရည်ပျော်ကျနေတဲ့
ရေခဲတုံးကြီး Min Yoongiကို ခင်ဗျားတို့ တွေ့ကြလားဗျ။

"ကလေး!!..."

"ဘာလဲ...Oppa!"

"ဟား ဟား!...
ဘာလို့ Seokjinတို့ကို လိုက်မနူတ်ဆက်တာလဲ?"

Oppaလို့ ခေါ်တော့ ရှိသမျှ သွားအကုန်ပေါ်အောင်ထိ ပြုံးရယ်သွားတဲ့ ကျနော့်ရဲ့....Daegu Angel!
မျက်စောင်းနဲ့ထိုးတာကို ပန်းနဲ့ပေါက်သည်များ ထင်
နေရော့သလား။..... Seokjin hyungကို ကျနော်
ဘာလို့လိုက်မပို့တာ အဖြေမပြောလည်း သူ သိသင့်
တယ်မထင်ဘူးလား။ဒါကြောင့်စိတ်မရှည်တဲ့ လေသံ
မျိုးနဲ့ သူ့အား....

"Seokjin hyungကိုတော့ အားနာပါတယ်!...
ဟိုမိန်းမကို ...ကြည့်မရလို့ မလိုက်တာ!"

"ဘယ်လိုဖြစ်ရပြန်တာလဲ....ကလေးရယ်!...
Eunjuက ကလေးကြည့်မရအောင် ဘာလုပ်ပြနေလို့
လဲ?"

"Hyung!...
Hyungပြောတော့ ကျနော့်မျက်နှာကြည့်တာနဲ့
ဘာဖြစ်နေလဲ...သိတယ်ဆိုဗျ!...
ကျနော်ဘာဖြစ်နေလဲ အခု တကယ်မသိဘူးလား?"

"Hyungမသိဘူးလို့ ထင်ရင် ကလေး မှားသွားမှာ
ပေါ့!!...Eunjuက Kim  Eunjiနဲ့ အကျင့်စရိုက် မတူ
ပါဘူးကွာ!...သူက Seokjinလိုပဲ စိတ်သဘောထားကောင်းရှာပါတယ်!"

ဘယ်ချိန်လောက်တည်းကများ ရင်းနှီးနေခဲ့ကြလို့
ဟိုမိန်းမသဘောကောင်းသလား၊မကောင်းဘူးလားက
အစ လူကြီးကသိနေပြန်သလဲ တွေးမရ။
တော်ပါတယ်ဆိုပြီး ချီးကျူးနေတာကို ယောက်မ မြင်း
စီးထွက်တဲ့ Dr.Min!....အလိုက်မသိ Eunjuကိုသာ ချီးကျူးနေတော့ စိတ်တိုဖို့ကောင်းလိုက်တာဗျာ။

"ဪ ....ဟုတ်လား?.....
သူ့အကြောင်း hyungက သိပ်သိနေပါလား?"

"Jung Hoseokတို့ ....သဝန်တိုနေပြန်ပြီ!
ကိုကို့ဘက်က ရိုးသားတယ်နော်!...မိန်းမ အရှုပ်အရှင်း
ကိစ္စတွေ....ကလေး စိတ်မပူလို့ ရတယ်!... "

"ကိုကို့ဘက်က ရိုးသားတယ်ဆိုတော့?...
အဲ့မိန်းမဘက်က မရိုးသားဘူးလို့...ဆိုလိုတာလား?"

"ဟော..ဒီကလေး ‌ပြောလေကဲလေ ..ပါလားကွာ!"

"မသိဘူး...မသိဘူး!..."

"Seokjinရဲ့ ညီမလေးဆို ကိုကို့အတွက်လည်း 
Eunjuက ညီမလေးပါပဲ!...သူလည်း ရိုးရိုးသားသား အလုပ်အကြောင်း  လာဆွေးနွေးတာပါ!"

"Kim Eunjiဖြစ်ဖြစ် Kim Eunjuဖြစ်ဖြစ်
ကျနော်တော့ ကြောက်တယ်!....သူ့ကြောင့်မို့ ကျနော်
ချစ်တဲ့ hyungကို ဆုံးရှုံးရမလို ဖြစ်ခဲ့တာ!...
ဘယ်လိုလုပ် နောက်တစ်ယောက်နဲ့ထပ်ပြီး ပက်သက်
ရဲမှာလဲ hyungရယ်!"

"ကလေး!"

သူပြောတာကို လက်သင့်မခံပဲ နားပိတ်ပြီးသာ
ပြောချင်ရာ ပြောမိတော့ hyungက ကျနော့်အနား
ထိုင်ခါ စကားပြောနေရာမှ  မပြောမဆို ဆွဲဖက်ပစ်
လိုက်တယ်ဗျ။...သူ့ရင်ခွင်ထဲ ရောက်သွားခဲ့ချိန်
ကျနော့်မျက်ရည်တွေက အလိုလို စီးကျလာခဲ့တယ်။ဝမ်းနည်းစိတ်က အတိတ်က ဖြစ်ရပ်ဆိုးကို တဖန်
ပြန်မှတ်မိပြီး နာကျင်ခြင်းကို အသက်သွင်းခဲ့တယ်။
ထို့ကြောင့်Emergency roomထဲက hyungရဲ့

အသက်လုနေရတဲ့ ပုံရိပ်တွေနဲ့အတူ..Garfieldအပေါ်
ပုံချမိတဲ့ ကျနော့်ရဲ့အမြတ်ဒေါသတွေကိုပါ ပြန်‌မြင်လာ
ရတယ်။ဒါဟာ ကျနော်မေ့ပစ်ချင်ခဲ့တဲ့ အတိတ်ဆိုးပဲ။

"ကလေး!...
ကိုကို ခေါ်နေတာ ပြန်ထူးဦးလေ!"

"ဟင်...!"

"ကိုကို့ကလေး ....ငိုနေပြန်ပြီလား?...
ဘာလို့မဖြစ်နိုင်တာတွေကို တွေးပူနေတာလဲ?...
ကိုကို့ ကို ကလေးက မယုံလို့လား?...Min Yoongiက
အဲလောက်လေးတောင် ယုံကြည်စရာ မကောင်းဘူး
လား?"

"မဖြစ်နိုင်တာလား...မဖြစ်သေးတာလားဆိုတာ
ကျနော်မှမသိနိုင်တာ Hyungရဲ့!....ကျနော် ကြောက်
တာပဲ သိတယ်!"

"ကလေးရဲ့ကိုကိုရှိနေတယ်လေ...ဘာကို ကြောက်နေ
မှာလဲ?...သေခြင်းတရားရဲ့ အရှေ့မှာတောင် ကိုကို‌
မင်းအတွက် ရပ်နေပေးခဲ့တာပဲ!..ဘယ်သူက ကလေး
ကိုထိခိုက်အောင် လုပ်နိုင်မှာလဲ?"

"ကိုကို....!!"

မစိုးရိမ်ဖို့၊မကြောက်ဖို့  နှစ်သိမ့်ပေးနေလည်း ရင်ခွင်
ထဲတိုးဝင်ခါ ငိုနေတဲ့ကလေးငယ်။သေမင်းရဲ့တံခါးဝ
နားအထိ ရောက်ခဲ့တဲ့ ကျနော့်ထပ် သူ ပိုကြောက်နေခဲ့တယ်ဗျ။ဒါပေမယ့် နုနယ်တဲ့ ဟောဒီကလေးငယ်ရဲ့စိတ်
ကို ...ဟိုးကတည်းက ကျနော် နားလည်နေခဲ့ပါတယ်။
သူ စိုးရိမ်တာက ကျနော့်ကို ဆုံးရှုံးရမှာ။သူ ကြောက်ရွံ့
နေတာကတော့ အတိတ်ကလို  ထိခိုက်မှုမျိုးဖြစ်လာမှာ
ကို တွေးကြောက်နေခြင်းမျိုးပဲ။

ဆုံးရှုံးခဲ့တာက ကျနော့် အသက် မဟုတ်ခဲ့ပေမယ့်၊
ညီညီနဲ့ကြားက ခင်မင်မှုမှာတော့ အက်ကြောင်းတချို့ ထင်ဟပ်ခဲ့ပြီပဲလေ။အဲ့ဒီအရာက သူ့ကိုပြန်တွေးတိုင်း ဝမ်းနည်းစေတော့ ဖွင့်မပြောပြလည်း ကလေး သိပ်ကို
မွန်းကျပ်နေရှာမှာပါ။
ဒါကိုသိနေလို့ တသိမ့်သိမ့်တုန်ယင်ခါ.... ငိုရှိုက်နေတဲ့
ခန္ဓာကိုယ်လေးကို တယုတယထွေးပွေ့ရင်း နှစ်သိမ့်ပေး
မိတယ်။

"တိတ်ပါတော့ ကလေးရယ်!...
ဘာကို ဝမ်းနည်းနေတာလဲ  ကိုကို သိတယ်!
ဘာကို စိတ်မကောင်းဖြစ်နေတာလဲ ဆိုတာပါ  သိလို့
ဒီလောက်ပဲ ငိုပါတော့ကွာ!...‌"

"ဖြစ်နိုင်ရင်လေ အလုပ်ကိစ္စက လွဲရင် သူတို့ညီအစ်မ
တွေနဲ့ ဝေးဝေးနေပေးပါလား ..Hyung!..
ကျနော်သူတို့ကို.... ကြောက်လို့ပါ!"

ချက်ချင်းပဲ သူ့စကားကို ကျနော် သဘောတူလိုက်ပါတယ်။သာမန်ခေါင်းညိတ်ခေါင်းခါ  ကိုယ်အမူအရာ
တခုသက်သက်တော့ မဟုတ်ဘူး။ကတိစကားတခွန်း
တပါဒမှ မဆိုပါပဲ ..ချစ်ရသူကို  ဘယ်လိုအရှုပ်အရှင်း
မျိုးမဆို လက်မခံပါဘူးလို့ ဝန်ခံသစ္စာပြုလိုက်မိတာ။
ကလေးငယ် မသိပေမယ့်...ဒါဟာ ကျနော့်ရဲ့သူ့အပေါ်
မှာထားတဲ့ လေးနက်တဲ့ ချစ်ခြင်းပဲ။

ဘယ်သူများ သူ့နေရာကို အစားထိုးနိုင်ပါ့မလဲဗျာ။
ဒါကိုသူ သိစေချင်လိုက်တာ။ဝမ်းနည်းတတ်လွန်းတဲ့
ဒီလူသားလေးကို ကျနော်ဘယ်လောက်ထိ ချစ်ပေးမှ
ပျော်ရွှင်စေမှာလဲ?
အချစ်ကို အချစ်စစ်နဲ့ တုန့်ပြန်ချစ်ပေးပြီးသူ့အသက်ကို ကျနော့် အသက်နဲ့ရင်းပြီး ချစ်ပြခဲ့ပြီးပြီ။ဒါကြောင့်..သူ့
အကြောက်တရားတွေ၊ ဝမ်းနည်းခြင်းတွေကို ဒီနေရာပဲ အဆုံးသတ်ပေးလိုက်ချင်ပြီ။

"ကျနော့်ရင်ခွင်ရဲ့အရိပ်လေးထဲ၌ ...

ချစ်သောကလေးငယ်လေး...ပျော်ရွှင်ဖို့ကို

သူ့ နဖူးပြင်ကို..... အနမ်းဖွဖွ ခြွေရင်းသာ

ဆုတောင်းမိလိုက်ပါရဲ့ဗျာ!"

.

.

*************🌷💛*************

.

.

‌"Hyung!....ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ?"

"အရင်က အသိ‌မိတ်ဆွေတစ်ယောက်နဲ့ပါ!"

"ဪ!...ပြောလို့ပြီးရင် လာတော့!...
Appaတို့ဆီ ကျနော့်ကို လိုက်ပို့ပေးပါဦး!"

Daeguက Joonဖုန်းဆက်လို့ ပြီးပြီးချင်းမှာပဲ
အိမ်အပြင်ရပ်နေတဲ့ ....ကျနော့်ကို မေးလာတဲ့သူ။
ဘယ်သူဘယ်ဝါဆက်တာပါလို့ အတိအကျ ပြောပြရင်ရော ဒင်းလေးက သိမှာမို့လား။..ဒါကြောင့် Joonဆက်တယ်လို့ မပြောပဲအသိတစ်ယောက်ဆက်တယ်..ဟုသာ ဝတ်ကျေတန်းကျေ ပြောလိုက်မိတယ်။

Jung Hobiတို့က သူ့အိမ်ငှားနေတယ်ဆိုပြီး လူကို
အမျိုးမျိုးကို ခိုင်းစားနေတာဗျ။သူ့ကျောင်းပိတ်ရက် ရောက်လာမှာကို ဒါကြောင့်ကျနော် အကြောက်ဆုံးပဲ။
ဒီကျောင်းဆရာရဲ့ကျောင်းအကြိုအပို့ကလည်း ကျနော့်တာဝန်ဖြစ်လာသလို၊...ခုလိုပိတ်ရက် ဦးလေးJungရှိတဲ့ဆီ အလည်သွားချင်ရင်လည်းပို့ပေးရမယ့် တာဝန်က
ကျနော့် ပုခုံးပေါ်ပဲ ကျလာတယ်။

ဒါတွေ ဖြစ်လာရခြင်းရဲ့ အဓိကတရားခံကတော့ လွန်ခဲ့
တဲ့ 2လခန့်က ဝယ်ခဲ့မိတဲ့ ဆိုင်ကယ်တစ်စီးကြောင့်ပဲ။
ဘယ်သူလျှာရှည်ပြီး ဝယ်သလဲလို့တော့ မမေးနဲ့တော့..
ကိုယ့်ဒုက္ခကိုယ်ရှာပြီး ဝယ်မိသူက ကျနော်ကိုယ်တိုင်ပဲ။
ခုများတော့ Jung Hobiဘယ်နေရာသွားသွား  လိုက်နေ
ရတော့ လစာမရတဲ့ဝန်ထမ်းသည်လည်း ကျနော်ပဲ။

"တပတ်တလေလေး.... အိမ်မှာနားပါလားကွာ!"

"မနားချင်ပါဘူး!....
ကျောင်းပိတ်ရက်လေးပဲ Appaဆီ သွားရတာဗျ!"

"မင်းမနားချင် နေလေ....ငါ့ကိုတော့ ပေးနားဦးမှပေါ့!"

"ခင်ဗျားလည်း မလိုက်ချင်နေလေ!...
သော့ပဲပေးလိုက်!...
Jaehyeong hyungကို လိုက်ပို့ခိုင်းလိုက်မယ်!"

"ကျစ်!!
နေပါစေတော့....မနားတော့ဘူး!
ငါပဲ လိုက်ပို့မယ်...တကယ့်ချီးထုပ် ကျောင်းဆရာ!"

"ဘာ!!...
ခင်ဗျားနော်....အဲ့ကျောင်းဆရာကို မခေါ်ပါနဲ့ဆိုတာ
မှတ်မထားဘူးလား!"

"........!"

သူကဖြင့် ခင်ဗျား...ခင်ဗျားနဲ့ စိတ်ရှိတိုင်း ခေါ်နေပြီး
သူ့အလှည့်ကျ အရမ်း အရမ်းကို နာနေတာဗျ။
အတော်တရားကျဖို့ ကောင်းတယ်။ရန်စကားကို ဆက်
မဆိုပဲ အသံတိတ်သူ့ရှေ့ကနေ လှည့်ထွက်လာမိတော့ ထပ်ချပ်မကွာ လိုက်မြဲလိုက်တယ်။
ကျနော်လိုက်မပို့လဲ သူ့အစ်ကိုJaehyeongကို မရမက လိုက်ပို့ခိုင်းမယ့် တဇွတ်ထိုးလေးပဲလေ။ဒီတော့တားမရမယ့်အတူတူ ကိုယ်ပဲ လိုက်ပို့ပေးရတော့မှာပေါ့။

"သော့ပေးပါဆိုဗျာ!...လိုက်ဦးမလို့လား?"

"အသားမနာချင်ရင်... မင်းပါးစပ်ပိတ်ထား!"

"လုပ်ကြည့်လိုက်လေ...လိုက်လိုက်စမ်းပါ!...
ကျနော်ပဲ နာမလား....hyungပဲ နာမလားလို့!"

You are reading the story above: TeenFic.Net