Part.13

Background color
Font
Font size
Line height

                          (Part.13)

.

.

"Hoseokie!....
မချမ်းဘူးလား...ကလေးရ?..."

"Hyung!!"

'Hope'ဆေးရုံဝန်းအတွင်းရှိ မေပယ်လ်ပင်တွေ
အောက် ရပ်နေသည့် ကလေးငယ်ဆီကို အဝေးမှ
ပြေးလာရင်းမှ ...Minလှမ်းအော်ခေါ်လိုက်သည်။သူ့hyungအသံကြားတော့ အပင်အောက်က အစာ
ရှာနေသည့် ရှဉ့်ငယ်လို Hoseokieက ချာကနဲနေ
အောင် လှည့်ကြည့်လာ၏။လက်ထဲတွင်တော့ ဘယ်
တုန်းထဲက ကောက်ယူထားမှန်း မသိသည့် မေပယ်လ်
ရွက်နီနီလေးများစွာ ရှိလို့နေသည်။

"ကိုကို့အခန်းပြန်ရောက်တော့ မတွေ့လို့ လိုက်ရှာနေ
တာ....ကလေးရ!"

"ဟီးးး....အခုလာတော့မလို့ပဲ!...
ဒီမှာ hyungအကြိုက် မေပယ်လ်ရွက်လေးတွေ
လှလို့ ကောက်နေတာ!"

"ပြပါဦး!.....
ကိုကို့ကလေး...ဘယ်နှရွက်များ ကောက်ထား
ပြီးပြီလဲ!"

Minတောင်းကြည့်တော့ လက်ဖဝါးနှစ်ဖက်ထဲက
မေပယ်လ်ရွက်လေးကို ဖြန့်ပြတဲ့ Hoseok!!
သူ့လက်ဖဝါးလေးနှစ်ဖက်ကို Minအပေါ်ကအုပ်မိုး
ကာ ဆုပ်ကိုင်လိုက်တော့ ထိုလက်ဖဝါး‌နုနုလေးနှင့်
အတူ သူနှစ်သက်သောသစ်ရွက်နီလေးတွေက လက်
ဝယ် ရောက်ရှိလို့သွား၏။
Daeguမြို့မှာ ဆောင်းရာသီဆို မေပယ်လ်ရွက်တွေ
အနီရောင်အဖြစ်သို့ ပြောင်းလဲပြီး ပိုမိုလှပလို့နေတဲ့
အချိန် HoseokကMinအတွက် ဒီနှစ်လည်း သတိ
တရသိမ်းဆည်းထားချင်ပုံရသည်။

ထို့ကြောင့် နှင်းမှုန်ဖြူဖြူလေးများ ကျဆင်းနေသည့်
ကြားက 'Hope'ဆေးရုံဝန်းအတွင်း သူရောက်ရှိလို့နေခြင်း ဖြစ်သည်။ထိုနေရာပတ်ဝန်းကျင်လေးက Min
အပိုင်နေရာလေးဆိုတော့ မေပယ်လ်ပင်တွေက ဆေးရုံဝန်းအတွင်း၌ အစီအရီနေရာယူလို့ ထားကြသည်။
ဘယ်အချိန်ကြည့်ကြည့် လှမ်းမြင်နိုင်သည့်နေရာမှာ
သူ့ခင်ပွန်းချစ်သော ထိုပိုင်ဆိုင်မှုလေးများ ရှိပါလျှက်
Jung Hoseokတို့က အကဲပိုကာ ဤသို့ ပြုမူမိတော့..

"မေပယ်လ်ရွက်တွေကို ကိုကို ချစ်တာတော့
မှန်ပါတယ်!..ဒါပေမယ့် ဟောဒီက ကလေးလောက်
တော့ ကိုကို မချစ်ဘူးလေကွာ!"

"ဟင်!...
Hyungဘာကိုပြောချင်တာလဲ!"

"ဒီကလေး....ကိုကိုပြောတာ သဘောမပေါက်ဘူး
လား!"

"Nope !"

နားမလည်ဟန်အပြည့်ဖြင့် အူလည်လည်ရုပ်လေးကို
Minကြည့်ရင်း အသဲတယားယား။မိမိဆုပ်ကိုင်ထား
သည့် လက်လေးမှာ အေးစက်နေခြင်းကြောင့် စိတ်ပူ
မိရာမှ ပြောလိုက်မိခြင်းပါ။ထိုသို့တိုင် Hoseokမှာ ဆိုလိုရင်းကို သဘောမပေါက်နိုင်လေတော့....

"အခုကြည့်လေ ...ကလေးလက်တွေက ရေခဲလို
အေးစက်နေပြီကို...ဘာလို့ဒီမှာ အကြာကြီး နေနေတာလဲ!..မတော်တဆ ကလေး,ဖျားနာနေရင်... ဘယ်လို
လုပ်မလဲ!"

"ဒါ Dr.Min ကျနော့်ကို ဆူချင်နေတာလား?...
ㅋㅋㅋ!"

"ဟုတ်တယ် ဆူနေတာ!...
ညီညီငယ်ငယ်တုန်းကလိုဆိုကွာ...တုတ်ကလေးနဲ့
ရိုက်ရိုက်ပြီးကို ဆူချင်တာမျိုးပေါ့!"

"ㅋㅋㅋ!
ကျနော်က အဲ့ကြောင်လောက်ဆိုးလို့လား!"

အရယ်သန်လေးက Minဆူပူအပြစ်တင်တာကိုမှ
မကြောက် ၊တခိုးခိုးတခစ်ခစ် ရယ်လိုက်ပုံက ဆူနေရသည့်သူပင် ကြောင်နနဖြစ်လို့ သွားရပြီ။စိတ်တော်ရုံ
မဆိုးတတ်သည့် Dr.Minက မျက်မှောင်ကြုတ်ပြီး
ကြည့်တော့မှသာ မျက်နှာပိုးသတ်လိုက်ရတယ်။
ခိုးခိုး၍သာ ရယ်နေသေးတော့ သူလုပ်နေပုံက Min
အဖို့ အသဲယားစရာပင် ကောင်းနေသေး၏။

ညီငယ်Garfield ငယ်ငယ်ကဆိုလည်း ခြံထဲအဆော့
သန်လွန်းရင် တုတ်နဲ့ခြောက်ပြီး အိမ်ထဲမရရအောင်
ခေါ်သလို ခေါ်မယ်ပြောမိတော့ Hoseokက ထိန်းမရအောင် ရယ်ပြန်တော့၏။
သို့သော်သူဆုပ်ကိုင်ထားသည့် ကလေးငယ်၏ လက်
ဖဝါးလေးနှစ်ဖက်ကိုဖြင့် Minခုထိ လွှတ်မပေးမိ။

"နောက်ဆို မပြောမဆိုနဲ့အနားက ပျောက်ပျောက်
မသွားနဲ့... Hoseokie!......ကြားလား!"

"ဟုတ်...Dr.Minမကြိုက်ရင် ကျနော်မလုပ်တော့
ပါဘူးခင်ဗျ!...ㅋㅋㅋ!"

"ရယ်မနေနဲ့... ကိုကို့ကို ပေးမယ်ဆို ပေးတော့!...
အလုပ်တွေရှိသေးတယ်...ကလေးရ!....အထဲပြန်ဝင်
အောင်!"

"Nae!!"

Hoseokလက်ထဲက မေပယ်ရွက်လေးတွေကို...
လက်ဖဝါးလေးဖြန့်ပြီး တောင်းခံလိုက်တဲ့ Min!...
အညိုရောင် မျက်ဝန်းက ကြင်နာတဲ့အကြည့်နဲ့ကြည့်
ရင်းနူတ်ဖျားမှလည်း သူအလုပ်မအားကြောင်း အသိ
ပေးပြီးပြောလာ၏။ဒီတော့ ချစ်သောDaegu Angel
၏ ဖြူဥသော လက်ဖဝါးလေးထဲ မေပယ်လ်ရွက်နီနီ
လေးများကို Hoseokအလျင်အမြန် ထည့်ပေးလိုက်မိ၏။

ပင်ယံက ကြွေကျတဲ့ တန်ဖိုးမဲ့တဲ့ သစ်ရွက်လေး...
ဖြစ်စေဦးတော့ ကလေးငယ်ဆီက ပေးအပ်တဲ့လက်ဆောင်မို့ Minအတွက်က ဘယ်အရာနဲ့မျှ
နှိုင်းယှဉ်လို့ မရတဲ့အရာ။ဒါကြောင့် သူတို့နှစ်ဦး
ချစ်စက ထိုကလေးပေးခဲ့သော ဆောင်းဦးက ရွက်
ခြောက်လေးကို တန်ဖိုးထားခဲ့သလို ယခုဆောင်း
ရာသီ၌လည်း ရရှိသော ထိုမေပယ်လ်ရွက်လေးများ
ကို Minနှစ်သက်ရပြန်ပါသည်။

"ကိုကို အိမ်ရောက်ရင် သေချာသိမ်းလိုက်မယ်နော်..
ကလေး!...အခုတော့ ရုံးခန်းမှာပဲ ခဏသိမ်းထားခဲ့မယ်...ရလား!"

"မရဘူး!....မရဘူး!...
အခုချက်ချင်း အိမ်ပြန်သိမ်းပေးဗျာ!"

"တကယ်လား?....
ကောင်းပြီလေ...အိမ်ကို ဒါပြန်သိမ်းပြီးရင် အမြန်ပြန်
လာခဲ့မယ်!...ကိုကို့အခန်းမှာ ကလေး ...ပြန်စောင့်နေလိုက်!"

သူ့ကလေးငယ် တကယ်ခိုင်းတယ်ထင်ပြီး မိမိလက်ထဲ
ဖွဖွဆုပ်ကိုင်ထားသည့် သစ်ရွက်လေးများကို အိမ်အ

ရောက်ပြန်ပို့ ကြိုးစားတော့မည့် Min!..
မှာစရာတချို့မှာပြီး ကားရှိရာပြေးဖို့ လုပ်နေတော့...
သူ့လက်မောင်းအား Hoseokဆွဲ၍ ဟန့်တားရတော့
၏။ဒီလိုမှ မတားရင်လည်း သူ့စကားတခွန်းဆို တခွန်း
လိုက်လုပ်မှာ Jung Hoseokသိနေသည်လေ။

"Stop...stop!...
ကျနော်က hyungကို တမင်စနေတာဗျ...!
ㅋㅋㅋㅋ!"

"ဒီ‌ကလေးတော့ကွာ!"

"ㅋㅋㅋ!"

ခေါင်းလေးကို ဖွဖွပုတ်ပြီး Minက ဆုံးမတော့ Hoseok၏ရယ်သံလွင်လွင်လေး ဆေးရုံ၏ပရဝုဏ်အတွင်း ထွက်ပေါ်လို့လာ၏။......ထိုရယ်သံလေးက Hoseokie အလည်လိုက်လာတိုင်း ...
'Hope'၌ မကြာခဏကြားနေရသည့် Minအတွက်
သံစဉ်ချိုတဲ့တေးသွားလေးတစ်ပုဒ်။
ထိုသို့ ဆေးရုံအုပ်ကြီးနှင့် သူ၏ကလေးဆိုးလေးတို့ ဆေးရုံဝန်းအတွင်း ဒီလိုကျီစားရင်း အချစ်စမ်း၍ နေ
ကြသည်ကလည်း အားလုံးမြင်တွေ့နေကျမို့ အထူး
အဆန်းတော့ မဟုတ်။
ဒါကိုဆေးရုံ၌တာဝန်ကျ ဝန်ထမ်းများ တစ်ယောက်စ၊
နှစ်ယောက်စ မြင်ရတိုင်း အပျော်ကသူတို့ထံသို့ပင်
ကူးစက်လို့သွားမြဲပဲ။

Dr.Minက သူ့ချစ်ခင်ပွန်းJung Hoseokကို ဘယ်လောက်ချစ်တာ နူတ်ကထုတ်ပြောစရာမလို
အောင်ပင် ပေါ်လွင်နေသည်...မဟုတ်ပါလား။အသေးအမွှားလေးကအစ အရိပ်တကြည့်ကြည့် ချစ်တတ်လွန်းသော Minကြောင့် Hoseokieဆိုတာ 'Hope'ဆေးရုံတာဝန်ကျ ‌ဆရာဝန်များနှင့်ဝန်ထမ်းများအကြား ကြိတ်ပြီးအားကျရသည့် အချစ်၏အခွင့်ထူးခံလူသားလေးတစ်ယောက်။

"ကလေး!....
အပြင်မှာ အရမ်းအေးတယ်!
ကိုကို အခန်းထဲမရှိတာနဲ့ အပြင်ထပ်ထွက်ဖို့ စဉ်းစား
မနေနဲ့ဦး!"

"ဒီနေ့မနက် လေလည်း ပိုတိုက်သလိုပဲနော်!...
အခုရက်ရာသီဥတုက တမျိုးဖြစ်နေတယ်!

"Hyungပြောချင်တာ အဲဒါလည်း ပါတယ်!..
ကဲ...ကလေးရေ hyung CABG(coronary artery bypass graft)patientရှိလို့ အခုသွားရတော့မယ်!..
စိတ်ချမယ်..!"

"Nae!...
ဒီကပဲ ပြန်လာတဲ့အထိ ကျနော် စောင့်နေပါ့မယ် ...
စိတ်ချပါ!...Dr.Minသွားတော့...သွားတော့ဗျ!"

"ဒါဆို ကိုကို တကယ်သွားပြီ!..."

"Nae!"

အရေးကြီးတဲ့ ခွဲစိပ်မှုလုပ်ဖို့အတွက် အချိန်နီးနေလို့
အမြန်သွားဖို့ Dr.Minကို သူ့ခါးမှကိုင်ကာ Hoseok
အတင်းတွန်းလွှတ်နေရ၏။
ထို့သို့ဆိုသော်ငြားလည်း စိတ်မချနိုင်သူက စကားအ
မျှင်မပြတ်နိုင်ဖြစ်လို့ နေပြန်သည်။

"ဪ ပြီးတော့...စားချင်တာရှိရင် Seokjinမလာခင်
လှမ်းမှာလိုက်!...သူ ရောက်လာမှာနဲ့ ကလေးဗိုက်ဆာ
မှာနဲ့ဆို အချိန်က ကွက်တိလောက်ကျမှာ!"

"သွားပါတော့ hyungရယ်!...
ကျနော်က ကလေးလား?...မှာနေတာ မပြီးတော့ဘူး!"

"Ok...ok!...
ပြန်လာမှ တွေ့မယ်!...
ကိုကို့ကလေးလေး ချစ်တယ်!....( ˘ ³˘)♥"

"ကျနော်လည်း hyungကို... ချစ်တယ်!..
ဟုတ်ပြီလား!"

လက်ရှိကျနော်တို့ ရှိနေတာက ဆေးရုံတစ်ခုထဲမှာ
အတူတူရှိနေတာပါပဲဗျ။ဒါကိုပဲ သူ့လူနာကိုခွဲစိပ်မှု
မလုပ်ခင် ခရီးဝေးထွက်ရမယ့်သူလို တတွတ်တွတ်
မှာနေတာက ကျနော့်ရဲ့ချစ်ခင်ပွန်း Dr.Min!
ကျနော့်နဖူးကို သူ့နူတ်ခမ်းပါးနဲ့ဖွဖွနမ်းရင်းမှလည်း
နူတ်ဆက်သွားသေးတာ။ဒီ့အပြင် Seokjin hyung
ဆီကိုပါ အစားအသောက် လှမ်းမှာဖို့အထိ လိုက်တွေး
ပူပေးနေတော့ ...ဒီလူကြီးနှယ် ပူတတ်ရန်ကော။

ကျနော်က သူ့အတွက် ဘယ်တော့မှစိတ်မချရတဲ့
ကလေးတစ်ယောက်လို ဖြစ်နေခဲ့တယ်ထင်ပါတယ်။
နာရီပိုင်းလောက် ဝေးရမှာကို ကလေးငယ်အတိုင်း
စိတ်မချလက်မချ ဖြစ်နေပြန်တော့ ဘေးလူတွေဆို
အသဲပိုတယ်လို့ ပြောရော့မယ်။
ဒါပေမယ့် ကျနော်ကတော့ သူ့ဂရုစိုက်ခြင်းကြောင့်
ပြုံးလိုက်မိတယ်။.. Hyungကျနော့်ကို သိပ်ချစ်တာ
ကျနော် သိတာပေါ့...သိနေတဲ့ကြားက ထိုသို့အနမ်း
ခြွေရင်း'ချစ်တယ်'ဟု ပြောလာပြန်တော့ အေးစက်
လွန်းနေတဲ့ ဆောင်းမနက်မှာတောင် နှလုံးသားက
အရည်ပျော်ကျလို့ သွားရပြီ။

"ကောင်းကောင်းသွားပါ..hyung!"

ကိုယ့်ဘက်ကလည်း ချစ်ကြောင်း အပြန်အလှန်
ပြောလိုက်တော့မှ ကျေနပ်သွားဟန်နဲ့ အခန်းထဲက
ထွက်ခွာသွားခဲ့သူ။ဒီလူသားက သူ့ရဲ့ကျောခိုင်းသွား
တဲ့ ကျောပြင်လေးကို ငေးကြည့်ခွင့်ရရင်တောင်မှ
ကျနော့်ရင်ကို ဒီလိုနွေးထွေးနိုင်စေတဲ့ သူမျိုးပဲ။
အခန်းထဲက လူနာရှိရာ operation roomသို့မသွား
မှီ မမေ့မရော့နဲ့ကလေးကို ချော့သလို ထားခဲ့တော့ Dr.Minဆိုသည့် လူကြီးကြောင့် ကျနော်နူတ်ခမ်းပါးထက် အပြုံးတို့က မရပ်တန့်တော့ဘူးဗျ။

ထို့နောက် တစ်ယောက်ထဲသာ ကျန်ရစ်ခဲ့သော ရုံးခန်းအတွင်း coffeeတခွက်နဲ့စာအုပ်တစ်အုပ် အဖော်ပြု
ကာ သူပြန်လာမယ့်အချိန်ကို စောင့်ဆိုင်းနေမိတယ်။
ထိုသို့စောင့်နေရင်းမှ ပျင်းပျင်းရှိလာတော့ hyung
သွားခါနီး အံဆွဲထဲထည့်သိမ်းခဲ့တဲ့ မေပယ်လ်ရွက်လေးတွေကို ပြန်ထုတ်ယူလိုက်မိတယ်။ပြီးတော့ ထိုသစ်ရွက်လေးတွေအပေါ်ကို စိတ်ကူးထဲ ပေါ်လာသမျှ စာသား
လေးတွေကို သူပြန်လာရင်ဖတ်ဖို့...အလွမ်းပြေ ချရေး
လို့နေမိတယ်။

-🍁Min Yoongiကြီးကို ချစ်တယ်!

-🍁Daegu Angelလေး အမြဲတမ်း ပြုံးနေပေးပါ!

-🍁ကျနော့်ရဲ့ချစ်သော လူကြီးမင်းMin!

-🍁အရင်တခါလို လူကို စိတ်ပူရအောင် မလုပ်ပါနဲ့ဗျ!

-🍁ဘယ်တော့ဖြစ်ဖြစ် ကိုကို ကျန်းကျန်းမာမာနဲ့
ရှိနေပေးပါ!

-🍁Yoonseokလေးကို အမြန်ဆုံး တွေ့ခွင့်ရပါစေ!

မေပယ်လ်ရွက်‌ အနီရောင်လေးတွေပေါ် လက်ရေးစာ
လေးတွေရေးလာရင်း ၆ရွက်မြောက်ကို ရောက်တော့ 'Yoonseok'ဆိုတဲ့ နာမည်လေးကြောင့် ကျနော်ထပ်
ပြီး ပြုံးလိုက်မိတယ်။ကျနော့်ကို Dr.Minပူဆာထား
တဲ့ တခုတည်းသော ဆန္ဒလေးကMinမျိုးရိုးဆက်ခံ
မယ့် Yoonseokလေးကို ရရှိဖို့။လောကကြီးထဲ အမှန်
မရောက်ရှိသေးတဲ့ လူသားလေးက စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာတောင် ပြုံးသွားမိစေတဲ့အထိ ချစ်ဖို့ကောင်းသားဗျ။ဒါကြောင့်သာ ကျနော့်ရဲ့Dr.Minကြီးက
ဒီဖြစ်တည်မှုလေးက လက်တွေ့အမှန်တကယ်ဖြစ်လာ
ဖို့ ဆန္ဒပြင်းပြနေပုံရတာပေါ့။

"Hyungက

Yoonseokကို တကယ်လိုချင်တာဆို
ကျနော်က လိုက်လျောပေးရမှာပေါ့!"

နူတ်ကဖွင့်ဟခါ ကတိလို ဝန်ခံလိုက်ပေမယ့် ထိုအနီ
ရောင်သစ်ရွက်လေးအပေါ်မှာတော့ စကားလုံးတွေကို
စာအနေနဲ့ ချလို့ မရေးလိုက်မိဘူး။ဒီအချိန်ထိ ကျနော့်
ဆီကမှ ဖြစ်တည်လာမယ့် ဖန်တီးမှုတခုကို သူ့ဆန္ဒအ
တိုင်း မလိုက်လျောရသေးလို့များ လက်ရေးစာအထိ
ရေးဖို့ ခက်ခဲနေခြင်းလား။ကိုယ်တိုင်လည်း...အတပ်
မသိ။

ဒါပေမယ့် Minအိမ်ရဲ့လူကြီးတွေရဲ့ သဘောကို ဆန့်
ကျင်ပြီးHyungအလိုကို လက်ခံဖို့ကျတော့ရော
ကျနော့်ဘက်က တရားပါ့မလား။ဒါကို အဖန်တလဲလဲ အကြိမ်ကြိမ် တွေးနေမိတယ်ဗျာ။
ဒီအတွေးကပဲ ကျနော်တို့နှစ်ယောက်ဆီ Yoonseok
ရောက်လာဖို့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချဖို့
ကိုယ့်စိတ်ကမရဲ ...ဖြစ်နေရတာပေါ့။

တစ်ဦးတစ်ယောက်ကို လိမ်လည်ခြင်းမျိုးမဟုတ်ပဲ မိသားစုဝင်အများကြီးကို လိမ်ညာရမှာဖြစ်နေလို့တော့
ဒီဆုံးဖြတ်ချက်က ကျနော့်ဘဝရဲ့အကြီးမားဆုံးပုစ္ဆာ
တွေထဲက ခက်ခဲတဲ့ပုစ္ဆာတစ်ပုဒ်ပါပဲ။

"သို့သော် ဒါဟာ လိမ်လည်မှုမြောက်ရင်တောင်...

Min Yoonseokလေးကို

Jungမျိုးရိုး ကျနော့်ဆီကမှ လိုချင်တဲ့...

Hyungရဲ့ရှားပါးတဲ့ ဆန္ဒလေးဖြစ်နေလို့တော့..

ကျနော် လိုက်လျောပေးချင်မိပါရဲ့!...."

.

.

*************🍁💚**************

.

.

Parisက သူငယ်ချင်းLeo ရောက်ရှိလာမည့်နေ့သို့
ရောက်ချိန်...'Gimhae Airport'သို့ Min Suga
ကိုယ်တိုင် ကားမောင်းရင်း Hobiအား လိုက်ပို့ဖြစ်သည်။..Huinnyeoul Villageနဲ့ လေဆိပ်က
မိနစ် 20ခန့်လောက်သာ ကားမောင်းရင် ရောက်နိုင်
သည့်နေရာဆိုသော်ငြား ထိုနေရာသို့ မလိုက်ချင်မိ။
Jung Hobiပူဆာလွန်း၍သာ မတတ်သာလို့ သူ့
ခင်ဗျာ လိုက်လာရတာ Jaehyeongကားကို သူ့ကား‌မောင်းရသလို သဘောမတွေ့တိုင်း တောက်တ
ခေါက်ခေါက်ဖြင့် တဗျစ်တောက်တောက်။

"အိမ်က ကားနဲ့ဆို ...2စက္ကန့်လောက်နဲ့ရောက်မှာကို!
လိပ်လိုကားက.... ရောက်ကို မရောက်နိုင်ဘူး!!"

စိတ်မကြည်တိုင်း ကားကိုအပြစ်ပုံကာ ယိုးမယ်ဖွဲ့၍
လေပူမှုတ်တော့ စင်ရော်တောင်မျက်ခုံးလေးနှစ်ဖက်
ထိစပ်လို့ သွားမတပ်ပင်။အိမ်ကကားစထွက်ထဲက
ဒေါခီးနေတဲ့သူကိုကြည့်ရင်း ကြာလာတော့.....
Jung Hobiပါ စိတ်သိပ်မရှည်ချင်တော့....

"ဟာဗျာ!...
Agust D ကြီးကလည်း ကြံဖန်ကြွားနေပြန်ပြီ!
ရှိတဲ့ကားသာ ....မောင်းစမ်းပါဗျာ!"

"ကျစ်!!...
Jungမျိုးရိုးတွေနဲ့ အဲဒါကြောင့် စကားမပြောချင်
တာ!"

မျက်စောင်းတခဲခဲနဲ့ မဆီမဆိုင် Jungမျိုးရိုးကိုပါ
ထိပါး၍ ပြောလာတော့ Hobiသည်းခံနိုင်တဲ့ အတိုင်း
အတာက ဒီလောက်ပဲ။ဒါကြောင့် အလိုက်အထိုက်
ပြောပေးဖို့ထပ် အရွဲ့တိုက်ခြင်းသာ သူ၏ရွေးချယ်ရာတည်း။

"မပြောနေလေ...!"

"နေတယ်လေ!...
မင်းဘာသာမင်း...လာပြောနေတာ မဟုတ်ဘူးလား?"

"ဟွန်းးး!"

စကားကို ပိုဘုကန့်လန့်တိုက်ခါ ပြောလာသူကြောင့်
Hobi...safety beltတပ်ထားသည့်ကြားက ခန္ဓာ
ကိုယ်ကို တဖက်သို့ စောင်းပြီ မှန်ပြတင်းအပြင်သို့
ကြည့်၍ နေလိုက်၏။
အပြောကတော့ ပြောရဆိုရ လက်ပေါက်ကပ်သည့်
ဒီလူကြီးကို စိတ်ကောက်နေပါသည်ပေါ့။
ဒါကို‌သိငြားလည်း Min Sugaအရင်လို မချော့ဖြစ်။
အကြောင်းရင်းမှာတော့ Leoရောက်ရှိလာခြင်းအပေါ်
သူ မကြိုဆိုမိသောကြောင့်ပင် ဖြစ်၏။
ဒီအခါမှာတော့ သူ၏အမျက်တော်ရှခြင်း ခံရသည်မှာ
Jung Jaehyeong၏ မီးခိုးရောင် HYUNDAIကား
သာ ဖြစ်‌ရပြန်သည်။Jaehyeongဆိုတာက ဒီနှစ်
ယောက် စိတ်မကြည်တိုင်း ကြားက လူတင်သာမက
ကားပါအမျက်ရှခံရသည့်အဖြစ် ဖြစ်လို့နေချေပြီ။

"Airportက ပြန်လာရင် မင်းအစ်ကိုကားကို မင်းပဲမောင်း!"

"ဘာ!!...
ကျနော်မှ မမောင်းတတ်တာ...ဘယ်လိုမောင်းမလဲ!"

"ဟ!!...
ကားစီးတတ်မှတော့ မောင်းတတ်အောင်ပါ
သင်ထားပေါ့!"

"အဲလိုက ရှိမလားဗျ!...
လူတိုင်းမောင်းတတ်မှဖြင့် Driverအလုပ်တောင် ...
ရှိမလာဘူး!"

စကားတတ်လေးက တခွန်းမခံပြန်ပက်တော့ ....
Min Sugaမိမိ ရယ်ချင်စိတ်ကိုဖြင့် မနည်းထိန်းလိုက်ရ၏။မျက်နှာကြော ခပ်တင်းတင်းနဲ့ စိုက်ကြည့်လည်း အကြောတင်းလေးက တချက်ပင် မဖြုံ။
သူ့စိတ်ရင်းအမှန်က ထိုသို့ ဘုကန့်လန့်တိုက် မပြော
ချင်ရင်တောင် Leo‌မကြာခင် သူတို့ကြား ဝင်ရောက်
လာမည့်အရေးကို တွေးလိုက်ရင် ဘယ်လိုမှ စကားအကောင်းပြောထွက်မည် မထင်တော့။

"စကားကို ကပ်မပြောနဲ့!!"

".......!"

"တသက်လုံး သူများဘေးကပဲ အချောင်ခိုပြီး .....
လိုက်စီးဖို့လည်း မစဉ်းစားနဲ့!"

"ဘာဖြစ်လဲ!...
ခုနေ မောင်းတတ်ရင်လည်း မမောင်းဘူးဗျာ!...
ရှင်းလား!"

Jung Hoseokအကြောတင်းတယ်လို့ သူခုထိ
ထင်ခဲ့တာ။ခုတော့ ဘယ်ဟုတ်လိမ့်မလဲ။..
Jung Hobiကမှ တကယ့်‌အကြောတင်းလေး။ကား
မမောင်းတတ်မှန်းသိလိုက်ရလို့သင်စေချင်မိတာ
မေတ္တာနဲ့ချော့ပြောချင်စိတ် မရှိသေးလို့ခြောက်ပြော
လည်း သူကကိုယ့်တပြန်ခြောက်မယ့်သူမို့
Min Suga...မိမိဒေါသကိုသာ လျော့ရတော့၏။
ဟိုက ချော့မရ၊ခြောက်မရတဲ့ ကိုင်တွယ်ရခက်တဲ့
အဆိုးလေးဆိုတော့ သူ မလျော့လို့လည်း ဘယ်လိုမှ
မရ။

"Huh!....Wae?"

"ခင်ဗျားကြီးက အမိန့်ပေးသလိုကြီး ခိုင်းနေတာလေ!...
ကျုပ်လိုလူက အချော့ကြိုက်ဗျ...သေတောင်မမောင်းဘူး!"

"Hak!....

ဆင်ခြေက ....ပေးပြန်ပြီ!"

အရွဲ့တိုက်လိုက်ပုံများ ဂဏန်းက အဖေခေါ်ရမယ့်
လူသားလေးဗျ။ကျနော် ဘယ်လောက်ထိ စိတ်ရှုပ်
နေရသလဲ ဒင်းကလေး မသိဘူး။
မသိလက်စနဲ့ ပေးမသိတော့ပဲ စကားနည်း ရန်စဲပဲ
ကျနော်နေလိုက်ပါတယ်။
Leoအကြောင်းတွေ သူ့ဆီက တစွန်းတစ ကြားဖူး
နားဝရှိလို့ Huinnyeoulအထိ ဆိုက်ဆိုက်မြိုက်
မြိုက်ရောက်လာမယ့် ဧည့်သည်ကို... ကျနော်တော့
မတွေ့ချင်မိဘူး။

ချာတိတ်တခါပြောဖူးတာက Leoက CEO Minကို
သဲသဲလှုပ်ကြိုက်နေတဲ့ Parisက fanboyတဲ့ဗျ။
ကျနော်ကိုယ်တိုင်က CEO Minဖြစ်နေမှတော့ သူနဲ့ဘယ်လိုဆုံတွေ့ချင်ပါ့မလဲ။ကိုယ်ဖုံးကွယ်ထားတဲ့
ဘဝမှန်က အချိန်တန်ရင် Jung Hobiကို ပေးသိမှာ
ဆိုပေမယ့် ခုတော့အသိမပေးချင်မိဘူး။
ဒီတော့ဘဝက 'ဆုပ်လည်း စူး၊စားလည်း ရူး'..အနေ
အထားကို... Leoကြောင့် ရောက်လာခဲ့ရပြီ။

ကျနော့်ကိုသူ မမှတ်မိရင် ကိစ္စမရှိပေမယ့် ....
အကယ်၍သူသာ မှတ်မိနေခဲ့ရင် လူလိမ်လူညာဆိုတဲ့ အထင်လွဲမှုအောက်မှာ Hobiကို ရှင်းပြခွင့်တောင်
မရလိုက်မှာ ‌စိုးရိမ်လာတယ်။နောက်ပြီး ကျနော်ချစ်တဲ့
ဒီချာတိတ်ကို လက်လွတ်လိုက်ရကိန်းလည်း ဆိုက်လာ
နိုင်တယ်။ဒါတွေတွေးပြီး ကျနော့်ရင်ပူလောင်နေရတာ
ဒင်းလေးမသိတော့ စာနာရကောင်းလည်း မသိဘူးပေါ့။ချစ်ရတဲ့သူ အပြစ်လို့ မဆို‌ချင်တော့ Parisက တခါမှတောင် မမြင်သေးတဲ့သူကိုပဲ ကြိုအပြစ်ဖို့နေမိတယ်။Busanလာလည်တဲ့ ဧည့်သည်က ကျနော့်ဘဝထဲဝင်
လာပြီး ဂြိုလ်ဆိုးမမွှေဖို့တော့ ဆုတောင်းရတာပဲ။

"အထဲထိ လိုက်စောင့်ချင်သေးလား?...
...ဒီမှာပဲ ကျန်ခဲ့မှာလား?"

"ရောက်လာမှတော့ အထဲထိ လိုက်မှာပေါ့ကွ...
မေးနေစရာ လိုသေးလား!"

"အင်းး...ဒါဆို လိုက်ခဲ့!"

ကားအတူစီးလာတဲ့ မိနစ်20လောက် အချိန်လေးက ကုန်ဆုံးသွားတော့ ကျနော်တို့ Gimhae Airportသို့ ရောက်ရှိလို့လာပြီ။ကျနော်လည်း Airportရောက်မှ
တချိန်က စပျစ်သီးခြင်းတွေ တပွေ့တပိုက်နဲ့ ကျနော့် မန်နေဂျာHanကို ရုတ်တရက် သတိရမိသွားတယ်ဗျ။
ပြီးတော့ ကျနော့်အခန်းထဲမှာ သိမ်းထားမိတဲ့ ဖဲကြိုး
ဝါလေးတွေစည်းထားတဲ့ ကြိမ်စပျစ်သီးခြင်းလေး
ရယ်..postcardပေါ်က လက်ရေးလှလှလေးတွေရယ် အာရုံမှာ မြင်ယောင်လာမိတယ်။

လူ့ဘဝက ဆန်းကြယ်တာကိုထပ် ဆန်းကြယ်လွန်း
တာပဲ။အတိတ်မှာ ထိုစပျစ်သီးခြင်းလေးတွေ ကျနော့်
ဆီအရောက် ကိုယ်စားပို့ပေးခဲ့တဲ့သူက ခုတော့
ဘေးနားမှာ ရှိနေသလို၊မိနစ်ပိုင်းလောက် အကြာမှာ
လည်း ထိုသို့ပို့ပေးဖို့ စေခိုင်းခဲ့သူမှာလည်း မဖိတ်ခေါ်
ပဲ ရောက်လာတော့မယ်။ဒါဟာ သူတို့သူငယ်ချင်းနှစ်ယောက်နဲ့ ကျနော့်အတွက် ဘယ်လိုရေစက်မျိုးလဲ။

မရေရာတဲ့ စိုးရိမ်စိတ်အချို့ကြောင့် သူမမြင်ကွယ်ရာဘက်သက်ပြင်း ခိုးချရင်း အချိန်တွေကို Leoနဲ့ မဆုံဆည်းနိုင်မယ့်အချိန်အပိုင်းအခြားအထိ နောက်ပြန်
လှည့်ချင်မိတယ်။ဖဲကြိုးဝါလေးတွေထဲက စပျစ်သီး
လေးအတွက် Leoကို ကျေးဇူးတင်မိပေမယ့် သူနဲ့ဆုံဆည်းခြင်းကိုတော့ မသိစိတ်ထဲက အလိုလို မနှစ်မြို့
မိဘူး။ဒါဟာလည်း ဖြစ်တောင့်ဖြစ်ခဲဆန်းကြယ်တဲ့စိတ်ခံစားချက်မျိုးပဲ။..

Kim Eunjiတစ်ယောက်ထဲ အပေါ်မှာပဲ ဒီလိုမကောင်း
တဲ့စိတ်ခံစားချက်ကို ခံစားခဲ့ဖူးတာ မဟုတ်လား။...
Leoအပေါ်မှာရော ဘာကြောင့်များ ဖြစ်ရလဲ။လက်က
နာရီကို တကြည့်ကြည့်နဲ့ မကြိုဆိုချင်သူကို စောင့်ရ
တာ သိပ်မွန်းကျပ်စရာလည်း ကောင်းလွန်းတယ်။
အဲ့ဒီနောက် မကြာခင်အချိန်အတွင်း Parisက ဧည့်
သည်တော်က ရောက်လာတော့မည်လို့တွက်ဆမိ
တော့....

"Hobi!!...
Hyungရေဆာတယ်!...သွားဝယ်ပေးပါလား!"

"ဟွန့်!.... Agust D!
Jung Hobiကို ခိုင်းစားချင်တော့ hyungဖြစ်သွားပြီပေါ့!"

"မဝယ်ပေးချင်ဘူးလား?....
ဒါလောက်လေးတောင် Babyက ပြန်မလုပ်ပေးချင်
ဘူးလား!"

"မဝယ်ပေးဘူးလို့ရော ကျနော်က ပြောမိလို့လားဗျာ!..
ခဏပဲစောင့်....ရစေရမယ်!"

ရေငတ်တယ်၊ရေဆာတယ်ဆိုတာ ဆင်ခြေတခု သက်သက်ပါဗျာ။ကျနော် ဒီချာတိတ်မရှိတုန်း လုပ်
ရမယ့်အလုပ်က ရှိနေတယ်။အဲဒါကတော့ Leoကို Hobiထပ် အရင်ဆုံး တွေ့ဆုံပြီး CEO Minအဖြစ်
ကို ပေါက်ကြားစေမယ့် နူတ်ကို ကြိုတင်တားဆီးဖို့ပဲ။
Hobiမြင်ကွင်းထဲက ပျောက်ကွယ်ပြီး သိပ်မကြာ
လိုက်ခင်မှာပဲ Parisက Leoလို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်ကို ကျနော် လှမ်းတွေ့လိုက်ပြီ။

ဘာကြောင့်မြင်မြင်ချင်း မှတ်မိ‌သလဲလို့ မေးရင်
တော့ ...Jung Hobiဖုန်းထဲက သူ့ပုံတွေ ကျနော်
သေချာ မှတ်မိနေခဲ့လို့ပဲ။သူရော ကျနော့်ကို မြင်မြင်
ချင်းမှတ်မိနေမလားလို့ ခေါင်းပေါ်ဆောင်းထားတဲ့ Ballcapအနက်ရောင်ကို ဆွဲချွတ်လိုက်မိတယ်။
ထိုအခိုက်....မလှမ်းမကမ်းက ...လာကြိုမည့်သူကို
လူကြားထဲလိုက်ရှာနေတဲ့ Leoက..ကျနော့်ကိုမြင်ခိုက် ထင်တဲ့အတိုင်းပဲ။

သူ့သူငယ်ချင်း Jung Hobiမမှတ်မိခဲ့တဲ့...
CEOကျနော့်ကို ဒင်းလေးရဲ့အလှည့်ကျ ကောင်းစွာ
မှတ်မိနေပုံထောက်တယ်။ဖန်ဂေါ်လီလို ဝိုင်းစက်နေတဲ့ မျက်ဝန်းပြာလေးက ကျနော့်ဆီက မြင်မြင်ချင်း၌ပင် အကြည့်မခွာကြတော့ဘူး။
သူ့အနား နီးသထပ်နီးအောင် ကျနော်လျှောက်လာ
လေ....သူ့ရဲ့ မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေကပိုမို ဝိုင်းစက်လို့လာလေ ဖြစ်နေခဲ့တယ်။နောက်ဆုံးတော့
ကျနော့်ဘက်ကပဲ သူ့ကို စပြီး နူတ်ဆက်လိုက်ပါတယ်။

"Hi....Leo!!"

"Hi!..
Mr. ... Mr. Min Suga...ဟုတ်ပါတယ်နော်!"

Huinnyeoulကို ရောက်ထဲက ကိုယ့်နာမည်အရင်း
ကို မေ့နေတဲ့ ကျနော်!...Leoရဲ့ Mr.Min Sugaလို့
ခေါ်ရင်း ပြန်လည်နူတ်ဆက်မှုအောက်မှာ တခဏတော့
ဆွံအသွားတယ်။ဒါပေမယ့် စကားလုံးတို့ ယုတ်ချည်းပျောက်ရှကုန်တာဟာ အဖြေမဟုတ်လို့တော့ ရသမျှ
အချိန်ကို အကျိုးရှိရှိ အသုံးချလိုက်ရတယ်။
သူ့ဘက်က အံ့ဩနေတာကို နားလည်ပေမယ့် ကျနော်လည်းသူ့လိုလိုက်ပြီး အချိန်ဖြုန်းနေလို့တော့ မရ။

ဒါကြောင့်ချာတိတ်ပြန်မလာခင် အချိန်လေးမှာပဲ ...
Leoကို ဖြစ်စဉ်တချို့ တတ်နိုင်သလောက် အတိုချုံ့
ပြောပြရင်း ကျနော့်ရဲ့ ဘဝမှန်ကို ဖုံးကွယ်ပေးဖို့ အကူ
အညီတောင်းလိုက်ရတယ်ဗျ။ပထမတော့ သူ့ကိုကြည့်
ရတာ သိပ်ပြီး လက်ခံချင်ပုံ မရဘူး။
ဒါပေမယ့် နောက်တော့ ကျနော့်ဆန္ဒအတိုင်း နူတ်ဆိတ်
ပေးဖို့ကို လိုက်လျောလိုက်တယ်။ဘာသာစကား3မျိုးလောက် တတ်တဲ့Leoသည်လည်း Jung Hobiလိုပဲ
ခေသူတော့ မဟုတ်ခဲ့ဘူး။

ကျနော်တို့ မိခင်ဘာသာစကားကို

You are reading the story above: TeenFic.Net