Part.1

Background color
Font
Font size
Line height

                "The one I love" S♡2

.

.

"အချစ်ကို ဖွင့်ဟဝန်ခံခဲ့ဖူးတဲ့ .... နေ့ရက်တွေက
အိမ်မက်ဆိုးလို ခြောက်လန့်လွန်းလို့ ...
နူတ်ဆိတ်ငြိမ်သက်ခြင်းက... ငါ့ရဲ့အဖော်ပဲ!"

                                                🌷Min Suga


"ကျနော်လိုချင်တဲ့အချစ်ကို တခြားဘယ်အရာနဲ့မှ
လဲမယူဘူး!...စစ်မှန်တဲ့မေတ္တာတရားနဲ့ပဲ ခင်ဗျားဆီက
အရယူမှာ!"

                                                     💛Jung Hobi


**************🌷💛***************
.

.

                             (Part.1)
.

.

"Morning...Hobi!"

"Morning!...Hyung!"

တောင်ကုန်းတောင်တန်း အဆင်းအတက်လေးတွေ အတိုင်း တည်ဆောက်ထားပြီး သက်တန့်ရောင်စဥ်လို အရောင်စုံလင်လှတဲ့ အိမ်လေးတွေ။
ထိုရောင်စုံခြယ်သထားတဲ့ အိမ်လေးတွေကြား
စက်ဘီးလေး တစ်စီးမှာ တရွေ့ရွေ့.. ဖြတ်သန်းလို့လာသည်။

ထိုအခိုက် ဖော်ရွေစွာ နူတ်ဆက်လာသူတိုင်းအတွက်
ထိုစက်ဘီးပိုင်ရှင်လေး၏ တုန့်ပြန်မှု...အပြုံးနုနုတို့က နံနက်ခင်း၏ နေရောင်ခြည်လေးလို။

"ဒီနေ့စောလှချည်လား...Hobi!"

"အချိန်သည် လူကို မစောင့်တဲ့ Noonaရဲ့!...
အလုပ်အတွက်ဆို ဝီရိယ ရှိရမှာပေါ့ဗျ!....ㅋㅋㅋ!"

ထိုသို့ နွေးထွေးတဲ့ အပြုံးတစ်ပွင့်က ...Busanမြို့ရှိ
"Gamcheon culture village"လေးထဲ မနက်ခင်းတိုင်း ကောင်းကင်ယံထက်က နေမင်းကြီးနဲ့အပြိုင် တောက်ပလို့ နေခဲ့သည်။
စက်ဘီးလေး ဖြတ်သန်းလာရာ လမ်းတလျှောက်
က ဤမြို့သူမြို့သားတို့က ဒီအပြုံးလှလှလေးအားနေ့စဉ်ရက်ဆက် တွေ့မြင်လို့နေကျပေါ့။

မြင်ရသူတိုင်း၏ ရင်ကို သူ့အပြုံးချိုချိုလေးတို့က
အားအင်ပေးစွမ်းနိုင်တော့ "Gamcheon culture village"လေး၏ ကံကောင်းခြင်းလေးသည်...ထို
"Jung Hobi"..ဆိုသည့် ထိုလူသားလေးပင် ဖြစ်တော့
၏။

Busanမြို့၌ တမူထူးခြားစွာ Colourfulဖြစ်နေသည့်
ထိုနေရာလေးက လှပသည်။ခရီးသွားများစွာကိုလည်း
သူ့အလှတရားဖြင့် ဆွဲဆောင်ထားနိုင်သည်။
သို့သော် ထို့ထက်ပို၍ လှပသည်က Jung Hobi၏
အပြုံးလို့များ ပြောမိရင် ..ထို့မြို့ရှိသူများမှာ သူသူ
ငါငါပင် ဝင်၍ ငြင်းချက်ထုတ်မည် မထင်။

"ဂျာကြီး....ကျနော်ရောက်ပြီ!..."

"အေး!...မင်း Noonaရော?"

"သိတယ် မဟုတ်လား?...မိန်းက‌လေးတို့ ထုံးစံအတိုင်း
မျက်နှာပေါ် ပန်းချီဆွဲနေကြတုန်းပေါ့ဗျာ!...
နောက်က လိုက်လာလိမ့်မယ်!"

"ဪ...အေးပါကွာ!....မိန်းကလေးတွေက
ဒီလိုပါပဲ!"

သူတို့၏ ဆိုင်အပြင်ဘက်၌ ရေးသားထားသည်က..
-Hanbok It House, -Coffee It House,
-Photo It House!
ဒီလိုဆိုပြန်တော့ Hanbok Rental Shopမှာအလုပ်ဝင်နေတဲ့ အစ်မဖြစ်သူ Jung Yeeunတို့က မိန်းမသား
ပီပီ ဆိုင်သို့လာ‌ရောက်မည့် ဧည့်သည်ထပ်ပင် လှချင်
သည်ပေါ့
ယောက်ျားလေးအဖြစ် မွေးဖွားလာတဲ့သူ့အတွက်တော့
ထိုသို့ ပြင်ဆင်ချိန်များစွာ မလိုအပ်သည်မို့ Hobiဆိုင်
သို့ ဦးစွာ ထွက်ခွာလာခြင်းဖြစ်၏။

Jung Hobiကို မြင်သည်နှင့် "Coffee It House"
ဆိုင်မန်နေဂျာက ဤသို့အမေးရှိလာတော့ ...စက်ဘီး
နင်းရလို့ မောလာသည့်ကြားမှ Hobiမျက်နှာလေး
မဲ့ရွဲ့ကာ အဖြေပြန်ပေးလိုက်မိသည်။
ထို့နောက်မှ ထိုင်ခုံတစ်ခုံပေါ်၌ ခေတ္တမျှ အနားယူရင်း
အပြင်ဘက်သို့သာ မျှော်ငေး၍ ကြည့်မိခိုက်...

"ဂျာကြီး!.... Princessတောင် ရည်းစားရသွားပြီနော်!"

"ဟေ!!...ဘယ်တုန်းကလဲကွ?"

"ဟား ဟားးး!....
Mr.Choi... ခင်ဗျားကလေ အဲဒါတွေကြောင့်
ခုအရွယ်ထိ ရည်းစားမရပဲ လူပျိုကြီးဖြစ်နေတာဗျ...
သိလား?"

ကျနော်ပြောသမျှကို ဂျာကြီးတစ်ယောက် နားရော
လည်ပါရဲ့လား မသိ?...ခေါင်းကုပ်ပြီး ကျနော်ရှိရာ မှန်ပြတင်းပေါက်နားထိ ရောက်လာပြီးတော့ ...ကြည့်
ရှာတယ်။
သူ့ကိုပြုံးပြီး ကြည့်မိရင်းက ကျနော် ခွက်ထိုးခွက်လှန်
ရယ်မိတယ်ဗျ။

ဒါကြောင့်လည်း အသက်က40နား ကပ်နေပြီ .....
' ချက် ဆိုနားခွက်က မီးမတောက်တော့ '...ရည်းစား
မရတာပဲ နေမှာ။အခုလည်းကြည့်လေ ရီစရာပြောတာလည်း မရီပဲ...သူက အူကြောင်ကျားလုပ်နေပြန်တော့
ကျနော် စိတ်မရှည်တာနဲ့....

"Gamcheon culture villageမှာလေ Princess
က ဘယ်နှယောက်များရှိလို့လဲ!...စဉ်းစားစမ်းပါဦး?"

"ငါ့ princessကတော့ မင်းရဲ့Noonaတစ်ယောက်ထဲ
ရှိတာလေ!"

"အရေးထဲ ကြော်ငြာက ဝင်ပြန်ပြီ!....
ဟိုမှာလေ...ခင်ဗျား ကြည့်..ကြည့်!"

ကိုယ့်ဆိုင်မန်နေဂျာကို သူငယ်ချင်းပေါင်းပေါင်းနေတဲ့

ကျနော်! ..ရွယ်တူလိုလို သူ့ပုခုံးဖက်ပြီး လက်ညှိုးညွှန်၍
လှမ်းပြလိုက်မိတာက ဟိုးခပ်လှမ်းလှမ်းက လူတစ်ယောက်။အဝေးမှုန်Mr.Choiက မြင်နိုင်ပါ့မလားတော့
မသိပေမယ့်လို့ပေါ့။

Gamcheonရဲ့ landmarkဖြစ်တဲ့ The princessနဲ့
The foxကြား all blackနဲ့လူတစ်ယောက်ကို ကျနော်
လှမ်းမြင်သလို သူရောမြင်မှ မြင်ပါလေစ။
မျက်မှန်ကိုင်းကို တချက်ပင့်တင်ရင်း မျက်လုံးကို အားစိုက်ကြည့်နေရာမှ....

"Hobi....မင်းက ငါ့‌ကို လာနောက်နေတာပဲ!
ခွေးကောင်လေး!...ငါက အဟုတ်မှတ်လို့!"

"ဟောဗျာ....ကျနော် ဘာမှားလို့လဲ?....
Princessနားမှာ လူတစ်‌ယောက် ထိုင်နေတယ်လေ!...
ခင်ဗျား မမြင်ဘူးလား?"

"အဲဒါနဲ့ သူ့ရည်းစား ဖြစ်ရောလား?...
စောစောစီးစီး ရုပ်ထုက ရည်းစားရတယ်လို့များ ...
ငါ့ကို လာစားနေတယ်!...
သွားးး...အလုပ်လုပ်တော့!"

"ဟီး ဟီးး!.......ဟုတ်!"

မျက်နှာကြီး သုန်မှုန်ခါ အနားကထွက်သွားတဲ့ ကျနော်
တို့ရဲ့ ရိုးအလွန်းသော လူပျိုကြီး။
သူ့အား ကြည့်ရင်း ထပ်မံ၍ ရယ်ချင်မိတယ်ဗျ။
ကျောက်ရုပ်က ရည်းစားရတယ်လို့ လျှောက်ပြောမိလို့ ထင်။အရူးလုပ်ခံရတယ် ဆိုပြီး ...တင်းသွားရှာတယ်။

သူ့အဖြစ်ကို ကြည့်ရင်း နူတ်ခမ်းဖျားက ရယ်မော
နေရင်းမှ..မျက်ဝန်းတွေကတော့ အဝေးတနေရာမှာ
ရှိနေတဲ့လူတစ်ယောက်ထံက အကြည့်မခွာချင်ခဲ့ဘူး။
ဘာဖြစ်လို့လဲ ခင်ဗျားတို့ သိလား?...
သူက လွန်ခဲ့တဲ့ တစ်လလောက်က ကားပေါ်မှာ တွေ့ခဲ့တဲ့
လူဆိုးကြီးကို သတိရသွားစေလို့ပဲ။...

ဆိုင်ထဲရှိ စားပွဲတွေ သန့်ရှင်းရေးလုပ်နေရာက All blackနဲ့ ဒီလူကြီးကို ခိုးခိုးပြီး ကြည့်နေမိတယ်ဗျ။
ဆိုင်ရဲ့မှန်ပြတင်းနောက်ကွယ်က...ကျနော့်ကို မြင်နိုင်လောက်တဲ့အစွမ်း သူ့ဆီမှာ ရှိနေမလားရယ်လို့လည်း
သိချင်စမ်းပါတယ်။

ဒါမျိုးဆို ကျနော့်အမြင်အာရုံတွေက သိပ်ကိုကောင်း
လွန်းနေလို့...တဖက်သားရဲ့ အမြင်ကို စပ်စုချင်စိတ်
လေးက လူကို မယိုးမယွ ဖြစ်လာစေတယ်။
ခဏခဏ လည်ပြန်ကြည့်ရင်း အဝေးဆီ အကြည့်
ရောက်မိချိန်....

"Jung Hobi!...
တော်ရုံငမ်းပါကွာ!...ကိုယ့်အလုပ်လည်း
စိတ်ဝင်စားပါဦး!!"

"လက်က လုပ်နေတယ်လေ!...
မျက်လုံးက ကြည့်တာ ဘာဖြစ်လို့လဲဗျ!"

"မင်း ကြည့်တာက အကြောင်းမဟုတ်ဘူး!"

"ဒါဆို... ဘာက အကြောင်းလဲ?"

"ဆိုင်စားပွဲပေါ်က ပန်းအိုးတွေ ကျကွဲကုန်မှာစိုးလို့
ပြောနေရတာကွ!"

"ဟွန်းး!"

မျက်စောင်းတချက် လှမ်းထိုးပြီး နူတ်ခမ်းပါးက
ထော်လာတော့ Jung Hobiပုံစံက မန်နေဂျာကပင်
သူ့ကို ပြန်၍ကြောက်ရမည့် အထာ။
များမကြာမီ တစ်ယောက်တခွန်း ခွန်းတုန့်ခံပြောနေ
တုန်း အစ်မဖြစ်သူ Jung Yeeunတို့ ရောက်လာတော့ ပြောလက်စကားတို့မှာ ပြတ်တောက်လို့ သွားတော့၏။

"မနက်စောစောစီးစီး ဒီနှစ်ယောက် ဆူပုတ်နေကြ
ပါလား?....ထူးဆန်းတယ်ဟေ့!"

ပြောပြောဆိုဆိုနဲ့ Jung Yeeunသူတို့ထံ ရောက်လာ
ချိန် လူပျိုကြီးတို့က သိသိသာသာကို မျက်နှာထားက ပြောင်းလဲသွားတော့....

"ဝန်ထမ်းခြင်း အတူတူတောင်... Mr.Choiတို့က
ခွဲခြားခွဲခြား!"

"ဟဲ့...Hobi!...နင်ဘာတွေပြောနေတာလဲ?"

"ဘာမှမဟုတ်ပါဘူး...Yeeunရယ်!.....
Oppaနဲ့ နင့်မောင်Hobi အချင်းချင်း စနောက်နေတာ!
Oppaတို့ ဘာမှမဖြစ်ပါဘူး...စိတ်ချ!"

ဇွတ်နုချင်နေတဲ့ ဂျာကြီးက Oppaချင်းထပ်အောင် ...
ပြောရင်းYeeunအား ပြာပြာသလဲ ဖြေရှင်းတော့၏။
ဒီတော့ စိတ်ပူနေသည့် Yeeunက ခေါင်းတညိတ်ညိတ်ဖြင့်...

"မတည့်အတူနေ ဆရာတပည့်!...
ပြီးရော ဒါဆို Yeeun ဆိုင်အောက်ပြန်ဆင်းတော့မယ်!
Hobi... Smile!"

ဘုမသိဘမသိနဲ့ Jung Yeeunက 'Smile'လို့ ဆိုပြီး
သူ့အား ပြုံးခိုင်းတော့ အစ်မစိတ်ကြိုက် Hobiပြန်ပြုံး
ပြလိုက်ရ၏။စိတ်ထဲတော့ လူပျိုကြီးကို သိပ်အစာ
မကြေ။ကောက်စရာမရှိ Jung Hobiတစ်ယောက်မှာ .. ရှာကြံကောက်နေသူလို။
လမ်းတစ်လျှောက်တော့ မြင်မြင်သမျှသူတိုင်း အပြုံး
ဖြင့် နေရောင်ခြည်လို စွမ်းအင်ပေးခဲ့သူက ဆိုင်ရောက်
မှ ဂျာကြီးကြောင့် ထဖောက်လာတော့၏။

"ဟာ!....ဘယ်ရောက်သွားပြီလဲ?"

သတိရလို့ အပြင်ဘက်ထပ်မံ၍ ငေးကြည့်မိချိန်..
သူ၏all blackနဲ့လူသားလေးကို မြင်တွေ့ခွင့် မရ
တော့။
နူတ်ခမ်းပါးလေး ပွင့်ဟသွားအောင် အံ့ဩမိရာက
နှမြောတသစွာ တိုးတိုးရေရွတ်လိုက်မိသည်။

တပြိုင်နက်တည်း သူ၏မျက်ခုံးလေးသည်လည်း

ထိစပ်တော့မယ့်အတိုင်း အလိုမကျစွာ တွန့်ချိုးသွား၏။
ထိုအချိန် သူ့အား အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေသူက
မတော်ရသေးသည့် ယောက်ဖဖြစ်သူ!

"သူလည်း တနေကုန် ထိုင်နေနိုင်မလား Hobiရာ!...
အလုပ်ရှိလို့ ...ဖြစ်မှာပေါ့ကွ!"

"မေးလို့လား?...."

"စိတ်ကြီးပဲ!...
မင်းပဲ ငိုတော့မယ့် ရုပ်ကြီးနဲ့ ဖြစ်နေလို့...
ငါက ဖြေပြောတာလေကွာ!"

"‌မလိုဘူး!....
အဲဒါ ... ခင်ဗျားကြောင့်!"

တစ်မနက်လုံး ဆိုင်မှန်ပြတင်းကျယ်ကြီးနား ဝေ့လည်
ကြောင်ပတ်လုပ်နေသူက ... မြင်ချင်တာ ကြည့်ခွင့်မရ
သည်နှင့် နိုင်ရာကိုမဲခါ ဆိုင်နောက်သို့ ဝင်သွားချေပြီ။
ခြေဆောင့်ပြီး ဝင်သွားပုံက အလိုမကျရင် လုပ်နေကျ
အထာ။
ထို့အပြင် သူ့ညီငယ် Jung Hobiတစ်ယောက် ဤသို့
Fall in loveတာက လွန်ခဲ့တဲ့တစ်လခန့်က အမူအရာ
အတိုင်းမို့ ဂျာကြီး ထူးထူးခြားခြား အံ့ဩမနေလိုတော့။

"နောက်နေ့တွင်သာ ဒီအချိန်ရောက်ရင်

Princessနား လာထိုင်မည့်သူကို ဘယ်လိုဘယ်ပုံ

ငမ်းနေဦးမလဲ...Mr.Choi...သိချင်စမ်းသည်!!

ထိုထပ်ပို၍ သိချင်မိတာက မျှော်နေသူသာ

ပေါ်မလာခဲ့ရင် ဤကဲ့သို့ အနီရောင်မြင်တိုင်း

ဝင်ခွေ့ချင်သည့် အကောင်ငယ်လို...

သူမြင်မြင်သမျှ အရာရာအား ...

ငြူစူဦးမလားဆိုတာပင် ဖြစ်ချေတော့သည်!"

.

.

**************💛***************
.

.

Busanဆိုတဲ့ အထင်ကရမြို့လေးသို့ ကျနော်
ရောက်ရှိလို့နေခဲ့တာ ဘာလိုလိုနဲ့ တစ်လခန့်ပင် ရှိခဲ့ပြီ။
Daeguမှာ ကြီးပြင်းခဲ့တဲ့ Daeguသား ကျနော်က
ဒီမြို့လေးနဲ့ သိပ်ရင်းနှီးကျွမ်းဝင်ခြင်းတော့ မရှိသေးဘူးဗျ။သူနဲ့ကျနော်က တစ်ယောက်အကြောင်း၊တစ်ယောက်သိဖို့ ၊ ရင်းနှီးတဲ့မိတ်ဆွေဖြစ်ဖို့ကို အခုမှ ကြိုးစားမိတ်ဖွဲ့
နေတဲ့ သူစိမ်းနဲ့တူနေတယ်။

ကိုကိုတို့ရှိရာ Daeguနဲ့ဝေးရင် ပြီးရောဆိုပြီး ခြေဦး
တည့်ရာ ရှောင်ပြေးလာခဲ့မိတာ sakuraပန်းတွေ မြိုင်
နေအောင် ပွင့်ဝေရာ ဒီလိုမြို့လေးတဲ့လား?
ကျနော်ကိုယ်တိုင်တောင် ဒီမြေပေါ်ကို ဘာကြောင့်များ
ခြေချမိလဲ ခုထိ မတွေးတတ်ခဲ့ဘူး။

ကမ္ဘာလှည့်ခရီးသည်တွေ မျက်စိကျရာ နေရာများစွာ
ရှိပါလျက် ကျနော် ထပ်မံရောက်ရှိနေရာက...
"Gamcheon Culture Village!
သူက တောင်တန်းအနိမ့်အမြင့်တွေနားမှာ အရောင်
စုံလင်နေတဲ့ အိမ်လေးတွေ အစီအရီဆောက်လုပ်ထား
တဲ့ နေရာမျိုးပဲ။

ကျနော်ထိုင်နေတဲ့ နေရာရဲ့ မျက်စိတဆုံးကို လှမ်းမျှော်
ကြည့်ရင် သူကသက်တန့်ရောင်စဉ်လို....ဆေးရေးပန်း
ချီကားချပ်လေး သဖွယ်။
'Gamcheon'မှာ 'ကိုကို'ကြိုက်တဲ့ အပြာရောင်ဆေး
ခြယ်သထားတဲ့ အိမ်လေးတွေရှိသလို၊သူသိပ်ကို ချစ်ရ
တဲ့ 'Seokie'နှစ်သက်တဲ့ အစိမ်းနုရောင်အိမ်လေးတွေလည်း မျက်ဝန်းထဲ နေရာအနှံ့ တွေ့မြင်နေရတယ်။

ဒီတော့ Daeguက သူတို့ကို မေ့ထားချင်လို့ ထွက်ခွာ
လာတဲ့ ကျနော့်အတွက် ဒီအရောင်စုံလေးတွေက မေ့ပျောက်ခြင်းကို အခွင့်မပေးခဲ့ပြန်ဘူး။
နောက်ပြီး အဝါရောင်အိမ်လေးတွေ မြင်တိုင်း မသိစိတ်
ထဲက တစုံတယောက်ကို မကြာခဏဆိုသလို သတိရမိ
စေတယ်။
ထိုသူက တစ်ကြိမ်တစ်ခါတောင် ကျနော် မတွေ့မြင်ခဲ့
ဖူးတဲ့ သူ!...ဒါကို ဘယ်အတွက်ကြောင့်များ သတိရ
စိတ်အား ထိုသူသည်... ဖြစ်ပေါ်လာစေခဲ့ပါသလဲ?

"အချစ်မှာ အစွန်းရောက်ခဲ့တဲ့ ကျနော်!..

သူ့ကို တဒင်္ဂ သတိရမိခြင်းက အချစ်စိတ်ကြောင့်တော့

လုံးဝ လုံးဝ မဟုတ်နိုင်ဘူးလို့...

ကိုယ့်ကိုယ်ကို ...ယုံကြည်ထားလိုက်မယ်!"

အချစ်မှာ တခါကျရှုံးရင် ကျနော့်အတွက် လုံလောက်
သင့်နေပြီလေ။ဒါဆို သံယောဇဉ်ပဲလား?
သံယောဇဉ်ဆိုတာကလည်း ကြာလာရင် အနှောင်အဖွဲ့
တခုလို ဖြစ်လာနိုင်တာမို့ အတွေးထဲတောင် ဘယ်
သူစိမ်းလေးကိုမှ နေရာမပေးချင်တော့ဘူး။

'ခဲ မှန်ဖူးတဲ့ စာသူငယ်လို ' ပထမဆုံးအချစ်မှာ အထိနာ
ခဲ့ရတော့ 'သံယောဇဉ်'ဆိုတဲ့ စကားစုလေးကိုပါ
ဥပေက္ခာပြုလိုက်ပါရစေ။ဒါကြောင့် အဝါရောင်လေး
မြင်တိုင်း စိတ်ရဲ့အတွင်းထောင့် တနေရာမှာ ကပ်ငြိနေတတ်တဲ့သူကို ရက်စက်စွာပဲ မောင်းထုတ်ပစ်လိုက်ချင်တယ်။

အတွေးလှိုင်းထဲက သူ...ထွက်ပြေးသွားဖို့ကိုတော့...
ကျနော့်နှလုံးသားတနေရာမှာ ယခုထိကပ်ငြိနေတဲ့
သူတစ်ယောက် မကြိုက်တဲ့ စီးကရက်မီးခိုးငွေ့တွေကို
အသုံးချလိုက်မိတယ်။
ဘောင်းဘီအိတ်ကပ်ထဲက စီးကရက်ဗူးကို ထုတ်ယူပြီး စီးကရက်တစ်လိပ်ကို ခပ်မြန်မြန် မီးငြှိလိုက်တယ်။
အဲ့ဒီနောက် အဆုတ်ထဲရောက်အောင်ထိ တရှိုက်မက်
မက် ရှိုက်သွင်းရင်း ခုံမင်စွာပဲ သောက်လိုက်မိတယ်ဗျ။

"ကျနော်... Seokieမကြိုက်တဲ့

စီးကရက်တွေ ပြန်သောက်မိနေတယ်....ကိုကို!"

သူကြိုက်တာကို လုပ်သည်ဖြစ်စေ၊သူ မကြိုက်တာကို

လုပ်သည်ဖြစ်စေ။..Seokieမှ သိခွင့်မရနိုင်တော့တာပဲ
မဟုတ်လား?အခုချိန်မှာ ကျနော်တို့က သူစိမ်းထပ်စိမ်း
တဲ့ သူစိမ်းတွေအဖြစ် ကျောခိုင်းခဲ့ကြပြီ။
ဒဏ်ရာအနာတရတွေ အနည်မထိုင်ခင်အထိ အရာရာကို
ကျောခိုင်းထားနိုင်ဖို့ကို ကြိုးစားနေရဆဲပဲ။

ကျနော် သိပ်ချစ်ခဲ့ရတဲ့သူရဲ့ မျက်နှာလေးကို နောက်
ထပ်ဆက်မချစ်မိဖို့ အခုနေ မမြင်ချင်သေးသလို၊
သူ ကြိုက်စေမယ့် ဘယ်အပြုအမူတွေနဲ့မှလည်း
အနား ခစားပြီး သူ့အမိန့်တွေကို ကျနော် မနာခံချင်
တော့ဘူး။

"ကိုကို သိလား?

ကျနော့် အချစ်က Seokieအတွက်...

အသုံးမဝင်လို့ အမှိုက်ပုံးထဲ စွန့်ပစ်လိုက်တဲ့

အမှိုက်တစလိုပဲ!...Hak hak!"

Minကို တိုင်တည်ပြီး အရူးလို ကျနော်ရေရွတ်မိတယ်။
ငြီးတွားမိတယ်...ခပ်ဟဟရယ်မောမိတယ်။
တချိန်က ရက်စက်တဲ့ စကားလုံးတွေက ကျနော့်ညမှာ အိမ်မက်ဆိုးလို ခြောက်လန့်နေတုန်းပဲဆိုတာ ဘယ်သူ
ကများ သိနိုင်ပါ့မလဲဗျာ။

ဒါပေမယ့် တစ်ခုတော့ရှိတယ်။
ကိုကို မသိခဲ့တဲ့၊... Seokie ကြည့်လို့ မမြင်နိုင်ခဲ့တဲ့
ကျနော့်အချစ်ရဲ့ ကျရှုံးခြင်းတွေကို မျက်ရည်ခံထိုးပြီး ဘယ်သူဆီကမှ သနားတာကို ...မလိုချင်ဘူး။
အချစ်စစ်တစ်ခုမှာရတဲ့ စိတ်ဒဏ်ရာဆိုတဲ့ ဆုလာဘ်ကို
မသေရုံတမယ် အလဲလဲအပြိုပြို ခံစားရင်း ကျနော်
ပြန်တည်ဆောက်မယ်။

"အသဲကွဲတဲ့ အရသာက ဒီလိုပဲလား ...Seokie?"

ကျနော့် ခန္ဓာကိုယ်ထက် shirtတစ်ထည်ကို ဝတ်ဆင်
ကြည့်ဖို့ ကြိုးစားရင်...တခါက Seokieဆီကနေ ပြန်ရလိုက်တဲ့ အမုန်းဖက်တဲ့ စကားလုံးတွေက ရင်ကို ဓါးနဲ့
ခွဲနေသလို ခံစားနေရသေးတယ်။
လောကကြီးက နူတ်ဆက်ထွက်ခွာသွားမယ့်သူက
ကျနော်သာဖြစ်ခဲ့မယ်ဆိုရင် ... Seokieက ဘယ်သူ့ကို အပြစ်တင်မှာလဲ?

အဲဒီမေးခွန်းကို ..အကြိမ်ထောင်သောင်းမက စိတ်ထဲ
မှာ မေးခဲ့မိတယ်။အဖြေရှာကြည့်မိတယ်။
နူးညံ့တဲ့ လက်တစ်စုံရဲ့.. ဒေါသအပြည့်နဲ့ အကြမ်းဖက်
မှုကြောင့်...မြေပြင်ပေါ် ပြုတ်ကျသွားတဲ့ အပြစ်မရှိတဲ့
ကြယ်သီးလေးတစ်လုံး။
ဒီအရာက ကျနော် သေစေနိုင်တဲ့အထိ ခံစားသွားစေနိုင်တာ Seokie...တကယ်ပဲ မသိခဲ့တာလား?

ဘာပဲဖြစ်ဖြစ် ဒီနေ့ဒီအချိန်ထိ ကြယ်သီးပါတဲ့ အဝတ်
အစားတွေကို မမြင်ချင်လောက်အောင်ထိ ကျနော်ကြောက်လန့်နေမိတဲ့ စိတ်ဒဏ်ရာကိုတော့ Seokieကို
မသိစေချင်ခဲ့ပါဘူးဗျာ။

"ဒါဟာနောက်ဆုံးအချိန်ထိ ...

Seokieဘက်ကို ကျနော် တွေးပေးချင်ခဲ့လို့ပဲ!

တန်ပြန်ခါ ထပ်တူခံစားစေဖို့တော့ မရည်ရွယ်ဘူး!

အပြစ်မဲ့တဲ့မျက်နှာလေးကိုသာ နောက်တစ်ကြိမ်

ချစ်မိမသွားစေဖို့ပဲ မေ့ပျောက်ခြင်းတရားကို

ကြိုးစားရှာဖွေရတော့မှာ!...

စိတ်ငြိမ်သက်ခြင်းကိုရော

Busanမြို့လေးက တကယ်ပေးနိုင်မှာလား?

Seokieမပါတော့မယ့် ကျနော့် အနာဂတ်

မနက်ဖြန်တိုင်းကတော့... မရေမရာပါပဲ!"

ဟော...ဒီလိုနဲ့ပဲ တစ်နေ့တစ်နေ့ သူ့အကြောင်း မတွေး
တော့ဘူးလို့ ဆုံးဖြတ်ရင်း...မြင်လေရာ အရာရာက အတိတ်ဆီကိုပဲ ခြေဦးလှည့်ချင်တုန်း။
ဒါကြောင့်နာကျည်းစိတ်ကို မွေးမြူရင်း အချစ်ကို
ဝင်မလာဖို့ ကန့်သတ်တားဆီးထားမိတယ်။

အနာဂတ်မှာ ဘာတွေဆက်ဖြစ်မလဲ မတွေးချင်ဘူး။ပစ္စုပ္ပန်ကို စိတ်မဝင်စားနိုင်လောက်အောင် အတိတ်
မှာသာ စိတ်အစဥ် နစ်မြုပ်နေတာကို လွတ်မြောက်
အောင် ရုန်းထွက်လိုက်ချင်တယ်ဗျာ။

"Arrrr...ကျနော် ရူးသွားမှ သူ့ကို မေ့နိုင်မှာလား?"

အတွေးနဲ့ Gamcheon villageလေးကို မေးကြည့်
မိတော့...ဘာပြန်ဖြေသလဲ....အနားက The princess
နဲ့ The foxရော ကြားလိုက်မိမလား?
အဖော်မဲ့နေတဲ့ ကျနော်က သူတို့ကိုပဲ အဖော်ပြုနေရတာဗျ။

အရောင်စုံအိမ်လေးတွေဆီကဖြင့် လှောင်ပြောင်သံ
သဲ့သဲ့ကိုတော့...ထင်ယောင်ထင်မှား ကြားလိုက်မိပါရဲ့။
အဲ့ဒီလိုပဲ 'အချစ်မှာ ရှုံးနိမ့်သူ 'လို့ ခင်ဗျားတော့ရော အထင်သေးမှာလား?...
ကိုကို့ အပိုင်လေးက ကျနော့်တသက် မပိုင်ဆိုင်ရမယ့်...
ဖြစ်တည်မှုလေးမှန်း သေချာခဲ့တော့...ရူးနှမ်းစွာ ခြေဦးတည့်ရာ ပြေးထွက်လာခဲ့မိတယ်။

ဒါပေမယ့် ကျနော့်ကို တစုံတယောက်တော့ ကြိုလင့်ကောင်းပါရဲ့လို့ မမျှော်လင့်မိသလို၊...
ဆုလည်း မတောင်းချင်ဘူး။ဒါဟာ ဘာကြောင့်လဲဆို...
ကျနော်က ဘယ်သူ့သနားခြင်းကိုမှ မခံယူချင်တဲ့
"Min Suga"...ဖြစ်နေလို့ပဲ။

လက်ထဲက စီးကရက်တစ်လိပ်ကို ဖွာရှိုက်ရင်း၊..
Sakuraပန်းတွေအား ပန်းနံရံတံတိုင်းအဖြစ် ကာရံ
ထားတဲ့ မြို့လေးကို တောင်စဉ်ရေမရ အတွေးတို့နဲ့
ငေးမောကြည့်နေမိတယ်။
ဒီနေ့က ဒီGamcheonကိုဘခြေချခဲ့တဲ့ ဒုတိယမြောက်
နေ့လေး။

The Princessနဲ့ The boxတို့ကြားက အဝါရောင် အုတ်ခုံလေးပေါ် ထိုင်ခဲ့ခြင်းကလည်း ဒုတိယမြောက်
နေ့စွဲလေးပေါ့။ ကျနော့် မျက်ဝန်းထဲ colourfulဖြစ်
နေတဲ့ ဒီနေရာလေးထဲမှာ အချိန်အကြာကြီးထိ ရှိနေဖို့တော့ စိတ်ကူးမရှိဘူး။

အပြာရောင်နဲ့အစိမ်းရောင်လေးတွေကို ကျနော်
ကြောက်တယ်။....ကိုယ်ချင်းမစာမနာ Min Suga အဖြစ်သည်းတတ်ရန်ကောလို့လည်း မဝေဖန်လိုက်နဲ့။
ကျနော့်နေရာ ခင်ဗျားတို့သာဆို ရူးတောင်သွားဦးမှာဗျ။

"လွမ်းတယ် ပြောခွင့်မရှိ၊

ချစ်တယ်ဟူ၍လည်း ပြောခွင့်မရှိတဲ့ဘဝ

ပိုင်ဆိုင်ချင်တဲ့သူ... ဘယ်သူရှိမလဲ?"

စိတ်ခိုင်အောင်ထားရင်းမှ ပါးပြင်ထက်သို့ မျက်ရည်
တစက် အရှက်မရှိ အပြေးအလွှားခုန်ချတော့ စိတ်နာ
နာနဲ့ပဲ ကျနော်ဖယ်ရှားပစ်လိုက်မိတယ်။
ပျော့ညံ့ခြင်းက ကျနော်နဲ့အသားမကျဘူး၊မလိုက်ဖက်
ဘူး

You are reading the story above: TeenFic.Net