Chapter 19+20

Background color
Font
Font size
Line height

Chapter 19 : The Competition
((ပြိုင်ပွဲ...))

မြေစိုက်တဲက နှစ်ယောက်အိပ်တဲ ဖြစ်သည့်အပြင် အတွင်းထဲမှာ မွေ့ယာပါးလေးတစ်ခုတောင်ထဲ့ပေးထားသေးသည် ... ကွင်းပြင်မှာ တဲထိုးပြီးနေခြင်းက လန်ကောအတွက် ပထမဆုံးအတွေ့အကြုံမို့ သူစိတ်ဝင်တစားဖြစ်လို့နေတယ်...
တဲကို သေချာဆောက် ၊ အတွင်းထဲမှာ သေချာပြင်ဆင် ခင်းကျင်းပြီးသည့်နောက် နှစ်ယောက်အိပ်တဲကြီးကို မော့ကြည့်ပြီး လန်ကော သဘောတွေ့နေမိတယ် ... သူ့ဘေးမှာ ရပ်နေသော ဖာ့ဟွားကို တစ်ချက်ငဲ့ကြည့်ပြီး ခေါင်းမော့ ရင်ကော့ ဂုဏ်မြှောက်စွါ တဲထဲသို့ ဝင်ခဲ့၏ ...

ဖာ့ဟွား က ဘာစကားတစ်ခွန်းမှ မဆိုပဲ တဲနှင့်မလှမ်းမကမ်းရှိ သစ်ပင်ကြီးတစ်ပင်အောက်သွားကာ တရားထိုင်တယ်..

လန်ကော တဲထဲကနေ ခေါင်းအသာပြူထွက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် -
"အိုး ... တဲထဲမှာ နေရတာ အရမ်းဇိမ်ကျတာပဲ!! လေဒဏ် မိုးဒဏ် ကနေလည်း ကာကွယ်ပေးလို့ သက်သောင့်သက်သာအိပ်စက်နိုင်တယ်...တချို့ တချို့တွေများကျတော့ သစ်ပင်အောက်မှာပဲ ချို့ချို့ငဲ့ငဲ့နေကြရရှာတယ်... ကျွတ် ကျွတ် ... သနားဖို့ကောင်းလိုက်တာ..."

လန်ကော က ဖာ့ဟွားကို လှမ်းရန်စပြီးပြောနေတာဖြစ်ပေမဲ့ ဖာ့ဟွားပြန်ရန်တွေ့လာမည့် အသံကိုမကြားချင်တာမို့ သူက နားကို လက်နှစ်ဖက်နဲ့ပိတ်ထားတယ် ... ဒါပေမဲ့ ...

"အရူး"

ဆိုသည့် ဖာ့ဟွားရဲ့အသံကို သူ့ခေါင်းထဲမှာ ထင်ထင်ရှားရှားကြီးကို ကြားလိုက်ရ၏...

လန်ကော မွေ့ယာပေါ် လှဲအိပ်နေရာမှ ဖာ့ဟွားရှိရာဆီ ခေါင်းထောင်ကြည့်လိုက်တော့ ... ဖာ့ဟွားက ရွှေရောင်သင်္ကေတကို ဆင့်ခေါ်ထားပြီး သူ့လက်တစ်ဖက်က အရှေ့မှာပေါ်နေတဲ့ ရွှေရောင် သင်္ကေတ ကို ထိထားကာ လန်ကောကို စိတ်ချင်းလှမ်းဆက်သွယ် ပြောလိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသည်...
လန်ကော ရဲ့ အရှေ့မှာလည်း ရွှေရောင်သင်္ကေတ လာပေါ်နေတာဖြစ်ပေမဲ့ သူက မျက်စိပိတ် နားပိတ် အော်နေလို့ မသိခဲ့ခြင်းသာ ...

"ငါ ..."
လန်ကော သူ့ကိုယ်သူ နဲနဲတုံးတယ်လို့ လက်ခံမိသွားတယ်... သူနဲ့ဖာ့ဟွားကြား တုနှိုင်းမဲ့ပုလဲ ဆက်သွယ်မှုရှိနေတာကို မေ့ပြီး နားပိတ် မျက်စိပိတ် ပြီး ရန်တွေ့ခဲ့မိတယ်...

ဖာ့ဟွား က လန်ကော ကို သနားစရာ ငတုံး သတ္တဝါ တစ်ကောင်လို တစ်ချက်သာ လှမ်းကြည့်ပြီး ရှေ့တူရှူကို ပြန်လှည့် ၊ မျက်စိမှိတ် ၊ စိတ်ကြည်လင်အောင်လုပ်ပြီး ကျင့်ကြံခြင်းကို စလိုက်တယ်...

ညရောက်သော်>>>

"သူတော်စင် အစားအစာ ! သူတော်စင် အစားအစာ ! အရည်အသွေး အရသာကောင်းပြီး စျေးသက်သာတယ်နော်!!သူတော်စင် အစားအစာတွေ ရမယ်!"

ညစျေးသည်တွေရဲ့ အသံစာစာတို့ထွက်လာချိန် တဲအိမ်တွေထဲကနေ လူပေါင်းစုံ ထွက်လာကြကာ ညအချိန်က အသက်ဝင်လှုပ်ရှားလို့သွား၏...
ဧည့်သည်တွေက သူတို့ရဲ့ညနေစာကို ညစျေးသည်တွေဆီကနေ ဝယ်စားရင်း အလွယ်ဖြေရှင်းလိုက်ကြတယ်...

ညစျေးသည်တွေက သိပ်ကို စျေးကွက်မြင်ကြတယ် ... သူတို့က တဲအိမ်တွေစိုက်ရာ မြေကွက်လပ်နှင့် မနီးမဝေးမှာ လာရောင်းကြသည်မို့ သူတို့ဆီကနေ ဟင်းနံ့ မုန့်နံ့တွေက ကွင်းပြင်အနံ့ လှိုင်လှိုင်ထ မွှေးကြိုင်လို့နေသည်...

"အနံ့မွှေးလိုက်တာ..."
လန်ကော တဲထဲကနေ ခေါင်းပြူထွက် အနံ့ခံရင်း တရားထိုင်နေတဲ့ဖာ့ဟွားကိုလည်း တစ်ချက်လှမ်းကြည့်မိပေမဲ့
ဖာ့ဟွားကို ရန်စဖို့ သူစိတ်မကူးတော့ပဲ တဲထဲကနေ ထွက်ကာ ညစျေးသည်တွေဆီ သွားလိုက်၏...

ညစျေးတန်းမှာ လူတွေကလည်း ကြိတ်ကြိတ်တိုး ၊ စျေးသည်တွေကလည်းများ ၊ အစားအသောက်တွေကလည်း စုံလင်လှ၏... အရသာအစုံမြည်းစမ်းချင်သည်မို့ လန်ကော နဲနဲစီနဲ့ အစုံအလင် ဝယ်ချခဲ့တယ်...
အရသာတွေက တမူထူးခြားပြီး ကောင်းနေတာမျိုးမဟုတ်ပေမဲ့ အခြောက်အခြမ်းတွေ စားနေရတာထပ်တော့ သာသည်မို့ လန်ကော ကျေနပ်မိတယ်...

နယ်မြေ (၃)ခု ပြိုင်ပွဲကို ခမည်းတော် အကြပ်ကိုင်ပြီး လွှတ်တုန်းက လန်ကော အတော်လေး စိတ်ညစ်ခဲ့ရသော်လည်း အခုလို အစားအသောက်ပေါင်းစုံ လိုက်ဝယ်စား လိုက်ရသည့်အချိန်မှာတော့ ဒီခရီးထွက်လာရတာကို သူကျေနပ်သွားပြီ ...

လက်ထဲကော ဗိုက်ထဲမှာပါ အစားအသောက်တွေ တပွေ့တပိုက်နှင့် တဲဆီပြန်ဖို့ ခြေလှမ်းစလိုက်ချိန် သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ် ...
ဟိုတစ်ယောက် ... သူ့ဆီမှာ ပိုက်ဆံ မရှိတော့ဖူးလို့ ပြောတယ်မလား? တကယ်မရှိတာလား ဟန်ဆောင်နေတာလား? ညစာစားဖို့တောင် ပိုက်ဆံမရှိနေတာမျိုးလား?

အတွေးနှင့်အတူ လန်ကော ခြေသံဖော့ဖော့နင်းကာ တဲအနား သစ်ပင်ကြီးအောက်ထိုင်နေတဲ့ ဖာ့ဟွားကို အသာချောင်းကြည့်လိုက်တယ်...
ဖာ့ဟွား က တရားထိုင်ကျင့်ကြံနေဆဲဖြစ်ပြီး တုပ်တုပ်မှမလှုပ် ... သူ့ခန္ဓာကိုယ်ကနေ ရွှေရောင်အငွေ့အသက်တစ်ချို့တော့ ခပ်ပါးပါးလေး ထွက်နေတာကို တွေ့ရတယ်...

"ဟေး ... မင်း ဘာမှမစားဖူးလား?"
လန်ကော မနေနိုင်စွါမေးကြည့်လိုက်တယ်...

ဖာ့ဟွားဆီက တုံ့ပြန်မှုမရှိ ...

လန်ကော ဖာ့ဟွားအရှေ့ထိလာရပ်ပြီး -
"မင်းတကယ် ဘာမှ မစားတော့ဖူးလား?"

ထိုအခါမှ ဖာ့ဟွား မျက်လုံးတွေဖွင့်လာပြီး -
"တိတ်တိတ်နေ"

လန်ကော အံ့အားသင့်သွားရကာ -
"မဖြစ်နိုင်တာ! မင်းမှာ ညစာဝယ်စားဖို့တောင် ပိုက်ဆံ တကယ်ကြီး မရှိနေတာလား?? တကယ် အခြေအနေမကောင်းတာပဲ!!"

ဖာ့ဟွား သူ့ဘေးမှာချထားသည့်အိတ်ထဲ လက်နှိုက်ကာ မုန့်ခြောက်တစ်ခုကို ထုတ်ပြီး ကိုက်စားပြလိုက်၏...

"ရိက္ခာခြောက်ပါလာတာလား? ငါက မင်းဗိုက်ဟောင်းလောင်းဖြစ်နေတယ်ထင်လို့"

လန်ကော မထိတထိလှမ်းစတော့ ဖာ့ဟွား က ပေါ့ပေါ့ပါးပါးလေသံဖြင့် -

"ငါက ငတုံးမဟုတ်ဖူး"

လန်ကောရဲ့ နှုတ်ခမ်းဒေါင့် တစ်ချက်တွန့်သွားတယ်... ဒါဘာအဓိပ္ပါယ်လဲ? သူက ငတုံးမဟုတ်ဖူးဆိုတော့ ဘယ်သူက တုံးနေလို့လဲ??
ဒါပေမဲ့ လန်ကော သင်ခန်းစာတွေ အများကြီးရထားပြီးပြီမို့ ဖာ့ဟွားနဲ့ ရန်ထပ်မဖြစ်အောင် သူကပဲ အရင်ရှောင်ထွက်ဖို့ ဆုံးဖြတ်ချက် ချလိုက်၏..

🌹

(၅)ရက်ဆိုသည့် အချိန်က မြန်မြန်ဆန်ဆန်ပဲ ကုန်လွန်သွားပြီး ပြိုင်ပွဲစတင်မည့် နေ့ ရောက်လာခဲ့သည်...
ပွဲရက်နီးလာသည်နှင့် တဲစိုက်ရာ ကွင်းပြင်သည်လည်း တစ်နေ့တစ်ခြား တဲအိမ်တွေ တိုးတိုးလာပြီး ကျယ်ပြန့်လာခဲ့တယ် .. ဖာ့ဟွားက သစ်ပင်ကြီးအောက်မှာသာ ထိုင်နေသူမို့ နေရာမပျောက်ခဲ့ ...

လန်ကော သတိထားကြည့်မိသလောက် - ဖာ့ဟွား တစ်နေ့တစ်ကြိမ် သစ်ပင်အောက်ကနေ ပျောက်ပျောက်သွားတတ်ပြီး ပြန်ရောက်လာသည့်အခါ သန့်ရှင်းစင်ကြယ် လာတာကိုသူသတိထားမိတယ် ... ဟမ်း ... သူက သစ်ပင်အောက်မှာသာနေရပေမဲ့ အသန့်အပြန့်တော့ အတော်ကြိုက်သကိုး...

"ပြိုင်ပွဲတွေ ဒီနေ့စပြီ .. မင်းသွားကြည့်ချင်လား?"
လန်ကော ဖာ့ဟွားကို စကားစတယ်..

ဖာ့ဟွား မျက်လုံးကိုမှိတ်ထားရင်းနဲ့ပဲ -
"မကြည့်ဖူး"

"ဒါဆို ငါသွားတော့မယ်"
လန်ကော က တကယ်တက်ကြွလို့နေတယ်... တစ်ဦးချင်းယှဉ်ပြိုင်ပွဲအတွက် လန်ကော မပါဝင်ထားပေမဲ့ ပွဲကြည့်ပရိသတ်တော့ သေချာပေါက်သွားလုပ်အုံးမည်...

ယှဉ်ပြိုင်ပွဲတွေက အကုန်စိတ်ဝင်စားဖို့ကောင်းပြီး တစ်ဦးချင်းပွဲ တွေက ယနေ့ မနက်ပိုင်းမှညနေပိုင်းအထိ ရှိမည်... ထိုတစ်ဦးချင်းပွဲထဲမှာ လန်ကော ရင်းနှီးနေသည့် မျက်နှာတစ်ခုကို တွေ့ခဲ့တယ် ...
ဒီမိန်းကလေးက အမည်မသိကျွန်းမှာ ဆုံခဲ့ဖူးတဲ့ ယင်လျင်းဂိုဏ်းက ကြာပန်းဖြူသူတော်စင်မ ဆိုတဲ့ တစ်ယောက်မဟုတ်လား??

ရှန့်လျင်း သူမရဲ့ ပြိုင်ဖက်ကို အလွယ်တကူပဲ အနိုင်တိုက်ပြီး ဒုတိယပွဲစဉ်ကို တက်သွားတယ်...
လန်ကော သူမရဲ့ တိုက်ခိုက်မှုကို သေချာလေ့လာကြည့်ပေမဲ့ ... ပြိုင်ဖက်ကပဲ အားနည်းလွန်းလို့လားတော့မသိ ... သူမ က အလွယ်လေး ပွဲသိမ်းခဲ့တာမို့ ဘာမှ လေ့လာခွင့်မရလိုက် ...

နယ်မြေ (၃)ခု ပြိုင်ပွဲတွေဟာ ပြီးခါနီးမှသာ ပိုစိတ်ဝင်စားဖို့ ကောင်းလာမည်...

🍃

မနေ့က တစ်ဦးချင်းပြိုင်ပွဲ ပထမနေ့ ကျင်းပခဲ့ပြီးပြီမို့ ဒီနေ့က တစ်ဦးချင်းပြိုင်ပွဲ နားပြီး နှစ်ယောက်တွဲယှဉ်ပြိုင်မှု  ရဲ့ ပထမနေ့ ပထမပွဲစဉ် စမည်...

ရင်ပြင်ရဲ့ ကြော်ညာဘုတ်ကို တစ်ချက်ကြည့်ရုံနဲ့ နှစ်ယောက်တွဲအဖွဲ့ ၄၈ဖွဲ့ ရှိတာကို တွေ့နိုင်မှာဖြစ်ပြီး
ပွဲစဉ် (၄) ခု ယှဉ်ပြိုင်တိုက်ခိုက်ရမည်... ထိုကနေ semi final ကို (၃)ဖွဲ့ တက်လာမှာ ဖြစ်ပြီး ထို (၃)ဖွဲ့ ထပ်ယှဉ်ပြိုင်ကာ နောက်ဆုံးအနိုင်ရသည့် တစ်ဖွဲ့က Final ချန်ပီယံ ဖြစ်လာမည်...

လန်ကော သူ့ဘေးနားမှာရပ်နေသည့် ဖာ့ဟွားဖက်အသာလှည့်ကာ -
"သစ်ပင်အောက်မှာ နေ့နေ့ညည ထိုင်နေတာ ခြေထောက်တွေ မနာဖူးလား?"

ရှန်ဖရင်ပြင်ကြီးပေါ်မှာ ပြိုင်ကွင်း(၄) ခု ပြုလုပ်ထားပြီး ယှဉ်ပြိုင်မှု (၄)ခု ကို တစ်ချိန်တည်း ကျင်းပမှာဖြစ်တယ်..

လန်ကော နှင့် ဖာ့ဟွား တို့က ပခမအသုတ် တတိယကွင်းတွင် ယှဉ်ပြိုင်ရမှာဖြစ်ပေမဲ့ မနက်အစောကတည်းက ရောက်နှင့်နေသော သူတို့နှစ်ယောက် စောင့်နေရတာကို အတော်ငြီးငွေ့နေပြီ...

"ပျင်းဖို့ကောင်းတယ်"
ဖာ့ဟွား ခပ်တိုးတိုးပြောတာကို လန်ကော ကြားလိုက်ပြီး ၊ ဖာ့ဟွားရဲ့ ပုခုံးကို အသာပုတ်ကာ -

"မင်းကြာကြာမတ်တပ်မရပ်နိုင်တော့ဖူးမဟုတ်လား?"

ဖာ့ဟွား လန်ကောကို လျစ်လျူရှူထားလိုက်တယ် ... ပြိုင်ပွဲဝင်ရမဲ့နေ့မို့ လန်ကော နှင့် သူ ရန်မဖြစ်ချင်...

ရှန်ဖရင်ပြင်ကျယ်ကြီးထဲတွင် ပြိုင်ကွင်း (၄)ခုသာမက ရင်ပြင်၏ အရှေ့ခြမ်းတွင် စင်မြင့်တစ်ခုလည်းရှိသည်... ထိုစင်မြင့်ကြီးက လူ ၁၀၀ ဆန့်သည်အထိ ကျယ်ပြီး ပြိုင်ပွဲတွေကို ရှူစားဖို့ အကောင်းဆုံးနေရာလည်းဖြစ်တယ်...
ထိုစင်မြင့်ကြီးကို လှေကားထစ်သဖွယ် အဆင့်(၃)ဆင့် ဆောက်လုပ်ထားပြီး ဒုတိယအဆင့်တွင် နယ်မြေ(၃)ခု ကိုယ်စားပြုအနေဖြင့် တက်ရောက်သည့် အကြီးအကဲ ၊ မိစ္ဆာနယ်မြေမှ အကြီးအကဲ​ ..စုစုပေါင်းအယောက် (၃၀) အတွက် ခုံနေရာရှိ၏...
ပထမဆုံးအဆင့်မှာတော့ သလွန်တစ်ခုသာချထားသည်...

လန်ကော ဘေးကနေ စကားတွေပွစိပွစိပြောနေစဉ် ဖာ့ဟွားက ထိုသလွန်ရှိရှာဆီ လှမ်းကြည့်နေရင်း လူတစ်ယောက် ထိုသလွန်ဆီသွားကာ ထိုင်ချလိုက်သည်ကို မြင်လိုက်ရတယ်...ဒီလူကို ငါမြင်ဖူးနေသလိုပဲ ...
ထိုလူရဲ့ ဘေးမှာ အစောင့်သဖွယ်ရပ်နေသည့် မျက်တစ်လုံးဘီလူး ကို တစ်ပါတည်း မြင်လိုက်သည့်အချိန်မှ ဖာ့ဟွား ခေါင်းထဲ လက်ခနဲဖြစ်သွားပြီး - ဒီမြို့ကို ရောက်ရောက်ချင်းနေ့ လမ်းမပေါ်မှာ ကြုံခဲ့ရတဲ့ ဝေါယာဉ်အဖွဲ့ပဲ...

သလွန်ပေါ်ကသူသည် - ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်သွယ်သွယ် နှင့် အတော်ခန့်ညားချောမောတယ် ... ဒါပေမဲ့ တစ်ခုချင်းသေချာကြည့်မယ်ဆိုရင် - ထိုသူ့မျက်နှာက သွယ်ပြီး မျက်လုံးတွေက ကျဉ်းမြောင်းတယ်...
ငွေမင်ရောင်ဆံနွယ်ရှည်တွေကို သပ်သပ်ရပ်ရပ် ပိရိစွါ အနောက်လှန်ဖြီးထားပြီး ဖြန့်ချထား၏...
သူ့ရဲ့အရေပြားက ငွေမင်ရောင် လက်နေလားလို့???

လမ်းလျှောက်တဲ့ဟန်ပန် ၊ ခါးလှုပ်ရှားမှုတွေက သာမာန်လူတစ်ယောက်နဲ့ မတူဖူး ...

ဖာ့ဟွားသေချာ စိုက်ကြည့်နေရင်း - ဒီလူက မိစ္ဆာနယ်မြေသား ဟု အတပ်သိလိုက်တယ် ..မိစ္ဆာနယ်မြေသား တောင်မှ ရိုးရိုးမိစ္ဆာမဟုတ်နိုင်... တော်ဝင်မျိုးနွယ် ၊ မျိုးရိုးမြင့်မြင့်ထဲကသာဖြစ်မည်...
ဆိုစတမ်းရှိတာကတော့ - မိစ္ဆာ တွေထဲမှာ လူပုံစံနဲ့ပိုတူလေ သွေးသန့်ပြီးစွမ်းအားကြီးလေတဲ့ ...
ဒါကြောင့်မို့လည်း မြင့်မြတ်နယ်မြေသား တွေက သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ မိစ္ဆာတွေဖြစ်မည်ဟု ယုံကြည်သက်ဝင်နေကြခြင်းလည်းဖြစ်တယ်...

ထိုသူသလွန်မှာထိုင်လိုက်ပြီးနောက် ဒုတိယအဆင့် အယောက်(၃၀)နေရာသည်လည်း အသီးသီးနေရာလာယူကြပြီး ချက်ချင်းခုံပြည့်သွားတယ်... အများစုက မိစ္ဆာတွေသာဖြစ်ပြီး မြင့်မြတ်နယ်မြေ ၊ မှော်နယ်မြေ ၊ အပြာရောင်နယ်မြေ က အကြီးအကဲတွေက အနည်းအကျဉ်းသာ ရှိ၏...

စင်မြင့်ပေါ်က အနေအထားကို လန်ကောလည်း သတိထားမိသည်မို့ သူက နှုတ်ခမ်းတစ်ချက်မဲ့ကာ -
"တစ်နေ့မှာ လူသားတွေလည်း စွမ်းအားကြီးလာကြမှာပါ!!"

လန်ကောကို ဖာ့ဟွား လှည့်ကြည့်လာပေမဲ့ ထူးထူးခြားခြား ဘာမှတ်ချက်မှ မပြုခဲ့ ...

ပွဲကြည့်စင်၏ အောက်ခြေတတိယအဆင့်သို့ အဝတ်အစား တောက်တောက်ပြောင်ပြောင်ဝတ်ထားသည့် အမျိုးသမီးတစ်ဦးတက်လာပြီး ကျယ်လောင်သည့် အသံဖြင့် -
"ယနေ့ဟာ နယ်မြေ(၃)ခု ပြိုင်ပွဲရဲ့ ဒုတိယပြိုင်ပွဲနေ့ဖြစ်ပြီး နှစ်ယောက်တွဲယှဉ်ပြိုင်မှုရဲ့ ပထမပွဲစဉ် ဖြစ်ပါတယ်... ပြိုင်ပွဲဝင်အဖွဲ့ စုစုပေါင်း ၄၈ တွဲ ရှိတာမို့ ဒီပထမပွဲစဉ်မှာအပြီးမှာ ၂၄ တွဲ တင်ကျန်ခဲ့မှာပါ...
ပထမပွဲစဉ် မကြာခင်စတင်တော့မှာမို့ ပြိုင်ပွဲဝင်တွေ ကျေးဇူးပြုပြီး အသင့်နေရာယူထားကြပါ!!!"

ပြိုင်ပွဲစဉ် နည်းစနစ်က ရိုးရိုးရှင်းရှင်းသာ...

ကြေညာချက်အဆုံး ဖာ့ဟွားနှင့်လန်ကော သူတို့ ယှဉ်ပြိုင်ရမည့် ပြိုင်ကွင်း (၃) ကိုသွားကာ အသင့်နေရာယူလိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တယ်...

ဘာလို့မှန်းတော့ မသိပေမဲ့ သူ့တို့ရင်ထဲမှာ တလှပ်လှပ်နဲ့ အတော်စိတ်လှုပ်ရှားနေမိ၏...ဘယ်လိုပဲပြောပြော ဒါက သူတို့ နှစ်ယောက်တွဲပြီး အတူတကွ တိုက်ခိုက်ယှဉ်ပြိုင်ရမဲ့ ပထမဆုံးပွဲ မဟုတ်လား...

လန်ကော က အပြာရောင်ဝတ်စုံကို အကျအန ဝတ်ဆင်ထားပြီး ခန့်ညားချောမော ရုပ်ဖြောင့်နေသလို
ဖာ့ဟွား သည်လည်း အဖြူသန့်သန့်ဝတ်စုံကို ဝတ်ဆင်ထားကာ တည်ငြိမ်ရင့်ကျင်မှုတို့နှင့်ကြော့ရှင်းလို့နေ၏...

ဖာ့ဟွား နှင့် လန်ကော စင်(၃) ပေါ်ကို တက်လိုက်ပြီး စင်ရဲ့ ဒေါင့်တစ်နေရာမှာ နေရာယူလိုက်စဉ် သူတို့ရဲ့ပြိုက်ဖက်အတွဲကလည်းမျက်နှာချင်းဆိုင်ဒေါင့်မှာ အသင့်နေရာယူလျက်ရှိတယ်...

ပြိုင်ဖက်အတွဲက အမျိုးသားနှင့်အမျိုးသမီးအတွဲဖြစ်ပြီး မြင့်မြတ်နယ်မြေသားတွေ ဖြစ်တယ်...
အမျိုးသားဖြစ်သူက ဗလတောင့်တောင့် အရပ် ၂မီတာခန့်ရှည်ပြီး ခေါင်းပေါ်မှာလည်း ကျစ်ဆံမြီးများစွါကျစ်လို့ထားသည်...
အမျိုးသမီး ကတော့ သေးသေးသွယ်သွယ် ၊ သူမရဲ့ခေါင်းပေါ်မှာလည်း ကျစ်ဆံမြီးရောင်စုံတွေနဲ့ဖြစ်တယ်...
သူတို့နှစ်ယောက်ကိုကြည့်ရတာ အသက် ၂၇ ၊ ၂၈ လောက်ရှိလောက်ပြီး ထူးခြားတဲ့ သွင်ပြင်ရယ်လို့ မရှိပေမဲ့ နှစ်ယောက်ကြားမှာ လိုက်ဖက်တဲ့ ၊ စည်းချက်ညီ တဲ့ ဆက်နွယ်မှုရှိနေတယ်လို့ ခံစားမိစေတယ်...

နှစ်ယောက်တွဲယှဉ်ပြိုင်မှုကို လာပြိုင်ကြသည့်အတွဲတိုင်း သူတို့တွေကြားထဲမှာ အားကောင်းတဲ့လိုက်ဖက်ညီမှုရှိကြလို့ သာဖြစ်ပြီး ထိုအရာကို လုံးဝမှ သံသယမဝင်မိစေနဲ့ ...
များသောအားဖြင့် ထိုအတွဲတွေဟာ နယ်မြေ (၃)ခုမှာ ထိပ်သီးသမားတွေသာဖြစ်ကြ၏...

ဖာ့ဟွား နှင့် လန်ကော ရဲ့ မျက်လုံးအကြည့်တွေ ရုတ်ချည်းလေးနက်လို့သွားတယ်...

ဒိုင်ဖြစ်သူ စင်အလယ်ကို ရောက်လာပြီး -
"မြင့်မြတ်နယ်မြေ မှ မုန်ကျူ ၊ ဝေ့လျန်း အဖွဲ့ နှင့် မှော်နယ်မြေ မှ ဖာ့ဟွား ၊ အပြာရောင်နယ်မြေ မှ လန်ကော တို့ အဖွဲ့ ... ယှဉ်ပြိုင်တိုက်ခိုက်မှာဖြစ်ပါတယ်"

စင် (၃) ဒိုင်ရဲ့ မိတ်ဆက်ပေးမှုအပြီး ပွဲကြည့်စင် ပထမအဆင့် သလွန်ပေါ်မှာထိုင်နေသည့် လူငယ်ရဲ့ အကြည့်တွေက စင်(၃) ဆီ ...

ကြေညာချက်ပြီးသည်နှင့် ဒိုင် က ကျယ်လှောင်စွါဖြင့် -
"ပြိုင်ပွဲ စ တင်ပြီ !!!"

T/N : သများတွေက အတွဲတွေ ၊ အမွှာတွေ ၊ မောင်နှမတွေ ၊ စိတ်ချင်းနီးသူတွေ လာပြိုင်ကြတာ ... သူတို့ကျမှ ရန်ဖက်တွေဖြစ်ပြီး လာပြိုင်ကြတာ😌

🔱

Chapter 20 : The First Battle...
((ပထမဆုံး တိုက်ပွဲ...))

ပြိုင်ပွဲစတင်ကြောင်း ဒိုင်လူကြီး ကြေညာလိုက်သည်နှင့် လန်ကော တစ်ကိုယ်လုံး အပြာရောင်အငွေ့အသက်တွေလွှမ်းခြုံလာပြီး ကျောဖက်မှာလည်း စိမ်းပြာရောင် လေဒြပ်စင်-အတောင်ပံတွေ ထွက်လာ၏... သူ့လက်တစ်ဖက်ကို လှုပ်ရှားကာ စိမ်းပြာရောင် လေဓါးသွားတွေကို မွှေ့ယမ်းဖန်တီးရင်း ဗလတောင့်တောင့် မုန်ကျူ ထံ ဒဲ့ပြေးသွားတယ်...

ဖာ့ဟွား ကျမ်းစာအုပ်ကိုဆင့်ခေါ်လိုက်ပြီး ချက်ချင်းဆိုသလို ဒုတိယစာမျက်နှာကိုလှန်ကာ 'ဥာဏ်ပညာဒိုင်း' ကို ထုတ်လိုက်သည်နှင့် ရွှေရောင်အကာအရံတစ်ခုက ဖာ့ဟွားရှေ့မှာ ထွင်းဖောက်မြင်ရသည့်အလွှာပါးတစ်ခုလိုပုံစံအဖြစ် ပေါ်လာ၏...

လူထွားကြီး မုန်ကျူ မျက်လုံးတွေကိုကျဉ်းမြောင်းကြည့်ရင်း ခပ်အုပ်အုပ်မာန်ဖီသံတစ်ချက်ပြုလုပ်လိုက်ချိန် သူ့ကိုယ်လုံးကနေ ရွှေညိုရောင်အငွေ့အသက်တွေ ထွက်လာပြီး
သံချပ်ကာကဲ့သို့ ထူထဲလှသော အကာအရံ အချပ်ပြားတွေ တစ်လွှာပြီး တစ်လွှာ သူ့ကိုယ်ပေါ်မှာ ပေါ်လာတယ်...

// ရွှီး ရွှီး //

လန်ကော ပစ်လွှတ်လိုက်သော လေဓါးသွားတွေ ထိုသံချပ်ကာကဲ့သို့ကိုယ်ထည်ကို သွားထိမှန်ချိန် အဖြူရောင် ခြစ်ရာတစ်ချို့ကိုသာ ထင်ကျန်ခဲ့စေပြီး  ချပ်ကာ ကို ဖောက်နိုင်ခြင်းမရှိခဲ့ ...

သားရဲနတ်ဘုရား အသွင်ပြောင်းလဲမှု!!

သားရဲနတ်ဘုရားအသွင်ပြောင်းမှု ဟာ သားရဲမျိုးနွယ်စုတစ်ခုကနေ ဆင်းသက်လာသည့် ပညာရပ်ဖြစ်ပြီး ယခု
မုန်ကျူရဲ့ အသွင်ပြောင်းမှုက - ကျောက်တုံး အသွင်ပြောင်းမှု ...

လန်ကော ရဲ့ လေဓါးသွားတွေဟာ မုန်ကျူ အတွက်တော့ အယားဖျောက်ပေးရုံလောက်သာဖြစ်ပြီး သူက လက်နှစ်ဖက်ကိုမြောက်ကာ ဟိန်းဟောက်ရင်း ကြမ်းပြင်ကို ထုချလိုက်သည်..

ပွဲကြည့်စင်ပေါ်မှ ပရိသတ်တွေရဲ့ နားကွဲလုမတတ် အထိတ်တလန့်အော်သံနှင့်အတူ ပြိုင်ကွင်းစင်(၃) ပြင်းထန်စွါတုန်ခါသွားပြီး ကြီးမားသည့်အက်ကွဲကြောင်းကြီးတစ်ခုက ဖာ့ဟွားနှင့်လန်ကော ရပ်နေသည့် နေရာထိ ရောက်လာ၏...

လန်ကော အေးစက်စွါ နှာတစ်ချက်မှုတ်လိုက်ပြီး အတောင်ပံဖြန့်ထုတ်ကာ ဘာအလေးချိန်မှမရှိသလို လေပေါ်ပျံနဝဲပြီး အက်ကွဲကြောင်းကို ရှောင်လိုက်ရင်း မုန်ကျူ ရဲ့တစ်ကိုယ်လုံးကို လေဒြပ်စင်တွေနဲ့ ရစ်သိုင်းပစ်တယ်..

ဖာ့ဟွား ခြေထောက်အောက်တွင် ရွှေရောင်ဒိုင်းကာအဝိုင်းလေးတွေပေါ်လာပြီး တည်တည်ငြိမ်ငြိမ်ဖြင့် အက်ကွဲကြောင်းပေါ် ရပ်နေလိုက်တယ်...

သို့သော် အက်ကွဲကြောင်းထဲကနေ ဆူးတွေအပြည့်နှင့် နွယ်ရှင်တွေ တိုးထွက်လာချိန်မှာတော့ ...

ထိုနွယ်ရှင်တွေက လေပေါ်ပျံသန်းနေသော လန်ကောဆီကို လုံးဝမသွားပဲ .. သူတို့ရဲ့ ဦးတည်ချက်က ဖာ့ဟွားဆီသာ...

အမြန်နှုန်းဟာ ဘယ်တုန်းကမှ ဖာ့ဟွားရဲ့ အားသာချက်မဖြစ်ခဲ့ဖူး ... ဒါကြောင့်မို့ သူ့ခြေထောက်အောက် အက်ကွဲကြောင်းထဲကနေ အလျင်အမြန် ထွက်လာသော ဆူးနွယ်ရှင် တွေကို ဖာ့ဟွား အချိန်မှီမရှောင်နိုင် ... ဥာဏ်ပညာဒိုင်း ကိုသာ အမြန်ပြန်ထုတ်ပြီး ရစ်ပတ်လာသော ဆူးနွယ်ရှင် တွေရန်ကနေ ကာကွယ်လိုက်ရသည်...
ဆူးနွယ်ရှင်တွေ သူ့ကိုယ်ကို မရစ်ပတ်နိုင်ခဲ့ပေမဲ့ ဖာ့ဟွား နွယ်ပင်တွေကြားထဲ ပိတ်မိနေပြီး လှုပ်ရှားလို့မရတော့ ...

ဆူးနွယ်ရှင်တွေက လုံးဝမှ အချိန်မဆွဲပဲ ဖာ့ဟွားကို ရစ်သိုင်းအုပ်မိုးထားရင်း အက်ကွဲကြောင်းထဲကို ဆွဲခေါ်သွားဖို့ လုပ်လာတယ် ...

"ဟမ့် ... မင်းပါးစပ်လို မင်းရဲ့အစွမ်းက အားသန်ရင် ကောင်းလိုက်မဲ့ဖြစ်ခြင်း"
လေထဲဝဲပျံနေတဲ့ လန်ကောဆီကနေ မနှစ်မြို့သံနှင့်အတူ အပြာရောင်အလင်းတန်းတစ်ခု ရောက်လာပြီး ဖာ့ဟွားကို နွယ်ရှင်တွေကြားထဲကနေ ဆွဲထုတ်သွားတယ်...
သို့သော် ဆူးနွယ်ရှင် တွေက ချက်ချင်းဆိုသလို ဖာ့ဟွားကို ပြန်ဆွဲချုပ်ဖို့ ကြိုးစားပြီး ဒီတခါမှာတော့ လန်ကောကိုလဲ တိုက်ခိုက်လာတယ်...

ဝေ့လျန်းက ဆူးနွယ်ရှင်တွေဆီကနေ ဆူးတွေကို လန်ကော မရှောင်နိုင်လောက်အောင်ထိ ဆူးမိုးရွာသလို ပစ်လွှတ်တိုက်ခိုက်တယ် ...

မုန်ကျူ က ရှေ့ကို နှစ်လှမ်းခန့်ပြေးပြီး လေထဲခုန်လိုက်တယ် ... သူခုန်လိုက်တဲ့ အမြင့်က လန်ကောခြေဖျားကိုတောင် မမှီနိုင်ပေမဲ့ ရုတ်ချည်းဆိုသလို မုန်ကျူရဲ့ ခြေထောက်အောက် နွယ်ရှင်တွေပေါ်လာပြီး မုန်ကျူကို ထပ်ခုန်နိုင်အောင် အထောက်အပံ့ပေးလိုက်တာမို့ မုန်ကျူ လန်ကောရှေ့တဲ့တဲ့ရောက်လို့သွားကာ ကျောက်လက်သီးတစ်လုံးကို မတုံ့မဆိုင်း ပစ်သွင်းလိုက်၏...

လန်ကော လေထဲကျွမ်းပစ် လွှင့်ထွက်သွားတယ်!

နှစ်ယောက်တွဲယှဉ်ပြိုင်မှု တွေမှာ ခွန်အား ၊ စွမ်းအင်တွေကအဓိကမကျ ... ဘယ်အတွဲက ဘယ်လောက်စည်းချက်ညီညီ ၊ လိုက်ဖက်ညီညီ အတူတကွလုပ်ဆောင်နိုင်သလဲ ဆိုတာပေါ် ပိုမူတည်တယ်...
အကယ်၍ လူနှစ်ယောက်ဟာ သူတို့စွမ်းအင်တွေကို လိုက်ဖက်ညီစွါ တစ်ယောက်အတွက်တစ်ယောက် ဖြည့်စည်းအသုံးချတတ်ရင် ... သူတို့ရဲ့တိုက်ခိုက်မှုစွမ်းရည်က နှစ်ဆ မြင့်သွားမှာပါပဲ...
ဆန့်ကျင်ဖက်အနေနဲ့ ... တစ်ယောက်စိတ်ကို တစ်ယောက်မသိ ၊ နားမလည်နိုင် ၊ အကဲမခတ်နိုင်ဖြစ်နေမယ်ဆိုရင်တော့ ... ဒါက တစ်ယောက်ကိုတစ်ယောက် ဆွဲချနေသလိုဖြစ်ပြီး အရှူံးနဲ့ပဲ ရင်ဆိုင်ရမယ်...

မုန်ကျု နဲ့ ဝေ့လျန်း ... သူတို့ရဲ့ပြိုင်ဖက်အတွဲက မှော်နယ်မြေသား နဲ့ အပြာရောင်နယ်မြေသား တွေဆိုတာ သိရတဲ့အချိန် ... အတော်လေးရှောခ့်ဖြစ်ခဲ့ရပေမဲ့ သူတို့က အလျင်အမြန်ပဲ စစ်ဆင်ရေးတိုက်ကွက်တစ်ခုကို ဖန်တီးခဲ့တယ်...

မှော်နယ်မြေသားတွေက တစ်ဦးချင်းစွမ်းရည်မှာ အားနဲပြီး အဖွဲ့လိုက်လုပ်ဆောင်မှုမှာအားကောင်းကြတယ်ဆိုပေမဲ့ သူတို့တစ်ယောက်ချင်းစီမှာ အားကောင်းတဲ့ ခုခံကာကွယ်ရေးစနစ်ရှိကြတာကို မုန်ကျူ နဲ့ ဝေ့လျန်း သိတယ် ...
ဒါကြောင့်မို့ သူတို့က ဖာ့ဟွားကို အရင်ချုပ်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်သည်... ထို့နောက်တွင်မှ သူတို့ တကယ် အရေးပေးတိုက်ခိုက်ရမည်က လန်ကော !
အပြာရောင်နယ်မြေသားတွေက တစ်ဦးချင်းစွမ်းရည်မှာ အတော်လေး ပါရမီထူးကဲသူတွေ လို့ နာမည်ကြီးကြသည်လေ ...
တိုက်ခိုက်မှုစွမ်းရည်ကောင်းတဲ့ လန်ကော ကိုသာ သူတို့ အနိုင်တိုက်နိုင်လိုက်ရင် ... ပွဲက အလိုအလျောက် သူတို့ အနိုင် ဖြစ်သွားမယ်...

မထင်မှတ်ထားတဲ့ အရာတစ်ခုက ... တိုက်ပွဲစလိုက်လိုက်ချင်းမှာကို လန်ကော နဲ့ ဖာ့ဟွား ကြား လုံးဝ ပူးပေါင်းချိတ်ဆက်မှုမရှိနေတာကို မုန်ကျူ နဲ့ ဝေ့လျန်း သိလိုက်ရတယ်...
ဒီပြိုင်ပွဲက မြန်မြန်ဆန်ဆန်ပဲ ပွဲသိမ်းတော့မှာသေချာနေပြီပေါ့...

လန်ကော လွှင့်သွားစဉ် ဝေ့လျန်း က ဆူးနွယ်ရှင်တွေနဲ့ လျှပ်တပြတ်ရစ်ပတ်ဖို့ကြိုးစားလိုက်ပေမဲ့ ...
လန်ကော က တည်ငြိမ်စွါပင် လက်သီးဆုပ်တွေကို သူ့ရင်ဘတ်နားကပ်ထားရင်း လေဆင်နှာမောင်းတစ်ခုဖန်တီးလိုက်ကာ နွယ်ရှင်တွေကို တိုက်ထုတ်လိုက်တယ် ...
နွယ်ရှင်တွေကိုဖယ်ရှားရင်း တစ်ချိန်တည်းမှာပင် အတောင်ပံထုတ်ကာ မုန်ကျူဆီ လျင်မြန်စွါ ပျံသန်းသွားတယ် ...

ဒါပေမဲ့ ကြိုတွက်ချက်အသင့်ပြင်ဆင်ထားတဲ့ မုန်ကျူက လန်ကော လေဆင်နှာမောင်းဖန်တီးနေချိန်မှာပင် ကောင်းကင်ကိုလက်မြှောက် ရွယ်လိုက်ကာ ရွှေညိုရောင်တွေထွက်လာစေပြီး လန်ကော သူ့ဆီပျံသန်းလာသည်နှင့် ကောင်းကင်ကနေ ဥက္ကာခဲတစ်ခဲကိုဆွဲချကာ လန်ကောတဲ့တဲ့ကိုကြွေကျလာစေသည်...

နယ်မြေ (၃)ခု ပြိုင်ပွဲ မှာ လာယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တိုင်းက သူတို့ နယ်မြေ ၊ နိုင်ငံတွေမှာ ထိပ်သီး တွေ ကိုယ်စားပြုတွေဖြစ်တယ် ...မုန်ကျူ နဲ့ ဝေ့လျန်း ဆို ပူးတွဲတိုက်ခိုက်မှု ၊ စီးချက်ညီမှု နဲ့ မြင့်မြတ်နယ်မြေ မှာ နာမည်ကြီးလှသည့် အတွဲ ...
ဒီလို အတွဲကို လန်ကော တစ်ယောက် တည်း ယှဉ်နိုင်မှာတဲ့လား??

လန်ကော အတွက် အခြေအနေကတကယ်မဟန် ... သူ့ပေါင်လုံးလောက်ရှိသည့် ဆူးတွေက သူ့ကို လိုက်ရစ်ပတ်ဖို့ကြိုးစားနေသလိူ ၊ သူ့အပေါ်တဲ့တဲ့မှာကလည်း ပြေးမလွတ်နိုင်သည့် ကြီးမားလှသော ဥက္ကာခဲတစ်လုံး ... မုန်ကျူကလည်း နွယ်ရှင်တွေအကူအညီနှင့် လန်ကော နှင့်အပြိုင် လေထဲရှိနေကာ ရှောင်ထွက်မရအောင် ပိတ်ဆို့လို့ထားတယ်...

သူတို့အတွဲရဲ့ ပူးပေါင်းလုပ်ဆောင်မှုက နည်းစနစ်ကျ အံကိုက်ဖြစ်လွန်းလှသည်...
ပြိုင်ဖက်အတွဲရဲ့ နှစ်ဖက်ညပ်ပူးပေါင်းတိုက်ခိုက်မှုကြောင့် လန်ကော မျက်နှာ အနဲငယ်ရုပ်ဆိုးလာရပြီ !

အပြာရောင်နယ်မြေ မျိုးဆက်သစ်တွေရဲ့ ကိုယ်စားပြု လန်ကော က သေချာပေါက် အစွမ်းတွေ ထုတ်ပြရတော့မှာပေါ့ !!
လန်ကော မျက်လုံးတွေထဲ မီးတောက်တွေရှိနေသလို နီရဲတောက်လာပြီး သူ့ဘယ်ဖက်လက် ဝေ့ယမ်းလှုပ်ရှားလိုက်ချိန် မီးလုံးတစ်လုံးပေါ်လာပြီး မုန်ကျူဆီ ပစ်လွှတ်လိုက်တယ်... တစ်ချိန်တည်းမှာပဲ ညာဖက်လက်မှာ မီးဒြပ်စင်နှင့်လေဒြပ်စင် နှစ်မျိုးပေါင်းစေကာ ဆူးနွယ်ရှင်တွေကို မီးလောင်တိုက်သွင်းပစ်သည်...

မုန်ကျူ အငိုက်မိသွားသည်နှင့် တောင်ပံတွေကိုခတ်ကာ မုန်ကျူ ကို ပစ်တိုက်ပြီး ကျလာသည့် ဥက္ကာခဲကို မုန်ကျူ ကိုယ်လုံးနှင့် ခံလိုက်စေသည်...

ပြောင်းလဲမှုက သိပ်ကို မြန်ဆန်လွန်းတယ် ! ယုန်တစ်ကောင်က ရုတ်ချည်းဆိုငလို အမဲလိုက် မြေခွေးတစ်ကောင် အဖြစ် ပြောင်းသွားသလိုမျိုးပဲ !

လေဒြပ်စင် နှင့် မီးဒြပ်စင် ကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း လန်ကော သုံးပြလိုက်ချိန် မုန်ကျူ နှင့် ဝေ့လျန်း အတော်လေးရှောခ့်ရသွားတယ်...
ဆူးနွယ်ရှင်တွေက မီးကြောက်သည်မို့ ခဏအတွင်းပြာကျသွားပြီး မုန်ကျူသည်လည်း ဥက္ကာခဲပျံ ဆီ လွှင့်ပစ်ခံလိုက်ရပြီ ...

ဒါပေမဲ့ မုန်ကျူ့လို အသက်အရွယ် မှာ တိုက်ခိုက်ရေး အတွေ့အကြုံတွေက များနေပြီ ...
ဥက္ကာခဲပျံ က လန်ကော ကို မထိနိုင်တော့ပေမဲ့ ဒီဥက္ကာခဲက သူ့ထိန်းချုပ်မှုအောက်မှာရှိနေသည့်အရာမို့ ဥက္ကာခဲကို လမ်းကြောင်းပြောင်းစေကာ ဆူးနွယ်ရှင် တွေနှင့် ထိန်းချုပ်ခံထားးသည့် ဖာ့ဟွားရှိရာဆီ ပစ်လွှတ်လိုက်သည်...

ဥက္ကာခဲ လွှင့်သွားသည်နှင့် မုန်ကျူက သူ့ကျောက်တုံးခန္ဓာကိုယ်နှင့် လန်ကောကို ဖိဖို့ကြိုးစားတယ် ... အတိုက်အခိုက်ဘယ်လောက်ကောင်းကောင်း သူ့ရဲ့ ကျောက်တုံးခန္ဓာကိုယ်မှာတော့ အရာထင်မည်မဟုတ် ...

ဖာ့ဟွားနှင့်ပတ်သက်ပြီး လန်ကောရင်ထဲ ခံစားနာကျင်ခဲ့ရပေါင်းများပြီမို့ ဖာ့ဟွားအတွက် တစ်စက်လေးမှ သူစိတ်ပူပန်ခြင်းမရှိပေမဲ့ ...
သူတို့နှစ်ယောက်က ဘဝတစ်ခု အသက်တစ်ချောင်း ကို နှစ်ယောက်မျှသုံးနေရတာလေ!!

ချီးတဲ့မှပဲဟေး !!

လန်ကော ရင်ထဲကြိတ်ကျိန်ဆဲကာ ညာဖက်လက်ကနေ လေဓါးသွားတွေကို မုန်ကျူခြေထောက်အောက်ရှိ နွယ်ပင်တွေဆီ ပစ်လွှတ် ၊ ဘယ်ဖက်လက်ဖြင့် မီးလုံးနစ်လုံးကို ဖာ့ဟွားပေါ်ကျတော့မည့် ဥက္ကာခဲဆီ ပစ်လွှတ်

You are reading the story above: TeenFic.Net