Part_37

Background color
Font
Font size
Line height

<Unicode>

အိမ်ပြန်ရောက်ရောက်ချင်း သူ့ကိုလုံးဝလှည့်မကြည့်ဘဲအပေါ်တတ်သွားတဲ့အာဏာ။ မင်းဆက်စိတ်မကောင်းဖြစ်ရပြန်သည်။ ဘာတွေကဘယ်လိုစပြီးမှားခဲ့လဲမသိ။

အပေါ်ထပ်ကိုဖြည်းညင်းစွာတတ်ရင်း အာဏာရဲ့နောက်ကိုလိုက်ခဲ့သည်။ အခန်းတံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက  ကုတင်ပေါ်မှာကျောခိုင်းထိုင်နေတဲ့အာဏာ။

မင်းဆက် အနားကိုလျောက်သွားလိုက်သည်။သူ့ကိုမကြည့် ။ တစ်ဖက်ကိုလှည့်ကာနေသည်။

"အာဏာ"

တိုးတိုးလေးနှစ်ကိုယ်ကြားရုံသာခေါ်မိတော့လဲ လှည့်ကြည့်မလာ။ သက်ပြင်းချလိုက်ရင်း  ဘေးတဖက်မှာဝင်ထိုင်လိုက်သည်။

သူဝင်ထိုင်လိုက်တော့ မြင်လိုက်ရတာကမျက်ရည်ဝဲနေတဲ့ ကောင်လေး။ သူ့ကိုစိတ်မကောင်းဖြစ်အောင်လုပ်ပြန်ပြီ။

"ဘာလို့လဲ  မငိုရဘူးနော်"

သူပြောပြီး လက်ကိုဆုတ်ကိုင်လိုက်သည်။

"မသွားလို့မရဘူးလား"

"၄နှစ်ထဲရယ်၊ ခဏလေးပါ"

"ကျွန်တော်မခွဲနိုင်ဘူးကိုကို"

"မဆိုးရဘူးလေ "

"လိုက်လို့မရဘူးလား"

ဝမ်းနည်းစွာပြောလိုက်တဲ့စကားသံက သူ့ရင်ထဲကိုဆုတ်ဖြဲလိုက်သလိုပင်။ သူ့ရှေ့ကချစ်ရသူကိုပွေ့ဖက်ကာ ချော့မြူမိသည်။

"Blue Moonကိုစောင့်ရှောက်ပေးထား။ ငါမြတ်နိုးတဲ့အဖွဲ့လေးကိုသေချာဂရုစိုက်စောင့်ရှောက်ပေးထား"

"ကျွန်တော်အဲ့နေရာကိုမလိုချင်ဘူး ၊၊ကျွန်တော်ကိုကိုနဲ့ပဲ နေချင်တာ!!"

ဂျစ်ကန်ကန်ပြောတဲ့ကောင်လေးကသူ့ကိုချွဲနေပြန်ပါပြီ။ နှာခေါင်းချွန်ချွန်လေးကို လက်လေးနဲ့ဖွဖွဆွဲလိုက်ကာ ပြောမိသည်ကမြတ်နိုးခြင်းအပြည့်။

"လိမ္မာစမ်းပါကောင်လေးရယ်၊၊ ငါပြန်လာရင် မင်းဖြစ်ချင်တာအားလုံးလုပ်ပေးမယ် ဟုတ်ပြီလား"

"ကျွန်တော်ရောလိုက်လာလို့မရဘူးလား၊၊ ၁လ၁ခါဖြစ်ဖြစ်"

"ခေါင်းဆောင်က ကိုယ်ရေးကိုယ်တာကိစ္စအတွက် ခွင့်ယူလို့မရဘူးအာဏာ၊၊ သတ်မှတ်ပေးထားတဲ့ရက်ကိုပဲ နားရတယ်၊ ကြာလာရင်နားလည်လာမှာပါ"

"ကျွန်တော်နေနိုင်မယ်မထင်ဘူး။ ကိုကိုနဲ့တစ်ခါမှမခွဲဖူးဘူး"

"ကြာလာရင်နေနိုင်သွားမှာပါ"

ပြုံး၍ဆိုမိသည်။ တကယ်ပါ ။ ကြာလာရင်ခွဲခွာခြင်းနဲ့ကျင့်သားရသွားမှာပါ။ 

သန်မာန်လက်၂ဖက်နဲ့ပွေ့ယူဖက်လိုက်တဲ့ အာဏာရဲ့ရင်ခွင်ကြားအလိုက်သင့်ခိုအောင်းမိသည်။ သူတကယ်ပင်ပန်းနေပြီ။

"ငါ့ကိုယုံလားအာဏာ"

"အင်း  ယုံတယ်"

"သက်သေတွေကငါဆိုတာထင်ရှားနေတယ်။ မင်းသံသဃမဝင်ဘူးလားငါ့ကို"

"ဟင့်အင်း ကျွန်တော်ယုံတာမို့ကိုကိုရှင်းပြစရာမလိုဘူး"

သက်ပြင်းချကာ ချစ်သူရဲ့ရင်ခွင်ထဲခိုဝင်မိသည်။ သူတကယ်နားချင်နေပြီ ။

"ငိုချင်လို့လား ငိုလိုက်"

"မငိုပါဘူး၊၊ ငါကငိုစရာလား"

"ကျွန်တော့်ရှေ့မှာသန်မာချင်ယောင်ဆောင်စရာမလိုဘူး၊၊ ငိုချင်ရင်ငိုလိုက်"

တင်းခံထားတဲ့စိတ်တွေဟာ ချစ်သူရဲ့အားပေးစကားကြောင့်ပျော့လာပြီး ငိုချင်လာသည်။

ရင်ခွင်ထဲက ငြိမ်နေတဲ့မင်းဆက်ကိုတင်းတင်းပွေ့ဖက်ပြီး နှစ်သိမ့်ပေးမိ၏။ ခုချိန်မှာသူလုပ်နိုင်တာ နှစ်သိမ့်ပေးတာပဲ။

"ကိုကိုပင်ပန်းနေတာကိုသိတယ်၊ ဒါကြောင့်ဘာမှမတွေးပဲနဲ့ နားနားနေနေသာသွားနေလိုက်။ ကျွန်တော်စောင့်နေမယ်"

"တကယ်စောင့်နေမှာလား"

"အင်း  ကိုကိုပြန်လာတဲ့အထိစောင့်နေမှာ၊၊ ကိုကိုပြန်လာရင်ကျွန်တော်လဲကျောင်းပြီးပြီ"

"ငါကအသက်ကြီးပြီပေါ့နော်"

သူ့ရင်ခွင်ထဲက မော့ကာ အသက်ကြီးကြောင်းပြောတဲ့ ကလေးကြီးကိုအူယားစွာ ဖြောင့်စင်းနေတဲ့နှာခေါင်းလေးကို ဖွဖွကိုက်လိုက်သည်။

"အသက်ကမကြီးပါဘူး၊ ၂၆ကကြီးလားဗျ"

"အင်း ကြီးလဲမင်းပဲချစ်ရမှာနော်"

"ဒါပေါ့ ကျွန်တော်ပဲချစ်မှာ"

"အဲ့ကျရင်အရပ်ကြီးရှည်နေပြီလား၊၊ ခန္ဓာကိုယ်ကြီးထွားနေပြီလား "

မင်းဆက် အာဏာရဲ့လက်ကိုကိုက်ကာ မေးတော့ အာဏာကကဖြူသွယ်သွယ်လက်လေးကိုဆုတ်ကိုက်လိုက်ကာ

"သေချာတာတော့ အဲ့အချိန်ကျရင်ကိုကိုအားကိုလို့ရမဲ့ လူတစ်ယောက်ဖြစ်နေလောက်ပြီ"

"အင်း  ငါအားကိုးလို့ရအောင်သန်မာမှဖြစ်မယ်နော်"

"အင်း  စိတ်ချ"

တင်းကျပ်စွာပွေ့ဖက်ရင်း ဆံပင်နုနုလေးကိုမြတ်နိုးစွာနမ်းလိုက်သည်။ မွေးပျံ့တဲ့ကိုယ်သင်းရနံ့လေးက နှလုံးသားသို့စီးဝင်လျက်။

ကျွန်တော်တော့လွမ်းနေတော့မှာပဲ။

======================

"သွားကြတော့မလား မှောင်နေပြီ"

"Ok မှောင်တော့ပိုမိုက်တယ် ၊ သွားမယ်"

"ရင်းရောလိုက်မှာလား"

"လိုက်မှာပေါ့ဗျ  ကိုကြီးနောက်ကိုကျွန်တော်ကအမြဲလိုက်မှာ"

တစ်ဖွဲ့လုံး ကမ်းနားကညဈေးတန်းသွားဖို့လုပ်နေကြခြင်း။ မင်းဆက် ထွက်မသွားခင် နှုတ်ဆက်ပွဲလုပ်မယ်ဆိုပြီး အကြံရပေမယ့် နေရာရွေးတာက ရင်း။

အဲ့တော့  အားလုံးညဈေးတန်းကိုသွားဖို့ဆုံးဖြတ်လိုက်သည်။

"ကားကို ဒီမှာရပ်ခဲ့လိုက်။ ခြေလျင်လျောက်မယ်"

"ok"

အားလုံးကားပေါ်ကဆင်းကာတတ်ညီလက်ညီနဲ့ လမ်းလျောက်လာကြသည်။

"ရောက်ဖူးလား"

မင်းဆက်ကသူ့ဘေးနားကအာဏာကိုမေးလိုက်တော့ ခေါင်းခါပြ၏။

"ပထမဆုံးပဲ"

"အင်းလေ  တစ်ချိန်လုံးအိမ်ထဲအောင်းနေတာကို"

"လာ မုန့်ဝယ်စားမယ်"

"အွန်း"

၆ယောက်သား မုန့်ဆိုင်ရှေ့မှာရပ်နေကြသည်။

"ဒါကဘာမုန့်လဲ"

သေးသေးခွက်လေးတွေထဲထည့်ထားပြီး တစ်ခုနဲ့တစ်ခုပူးထားတဲ့ မုန့်လေးတွေကိုအာဏာကမေးခြင်း။

"အဲ့တာမုန့်လင်မယားတဲ့"

"ဟင် နာမည်ကြီးကအထူးအဆန်းကြီး"

"တစ်ခုနဲ့တစ်ခုပူးနေတာလေ၊၊လင်မယားတွေလိုပဲ
အန်တီရေ ငုံးဥလေးနဲ့လုပ်ပေး"

"ဟုတ်ပြီ"

"ဒါဆို ပူးမထားပဲ ကျောချင်းခိုင်းလိုက်ရင်မုန့်လမ်းခွဲပေါ့"

"ကြံကြံဖန်ဖန်တွေ"

"ကျွန်တော်ပြောတာမှားလို့လား"

"မမှားဘူး"

"ဒီမှာ"

"အန်တီ ဒီမှာပိုက်ဆံ"

"အေးအေး"

မင်းဆက်ကမုန့်ဝယ်ပြီး လမ်းလျောက်ကာတစ်ယောက်တစ်ခုစီစားနေလိုက်သည်။၊မုန့်နည်းနည်းလေးကို လုစားရသည်မှာ ပျော်စရာအတိ။

"ကိုကို"

"ဟမ်"

"ဟိုတာဘာဆိုင်လဲ"

အာဏာ မေးတဲ့ဆိုင်ကိုလှမ်းကြည့်လိုက်တော့ မင်းဆက်ပြုံးလိုက်သည်။ သဘောတကျဖြစ်သွားတဲ့မင်းဆက်က ကျန်တဲ့လူတွေကိုကြည့်ပြီး

"ဝက်သားတုတ်ထိုးသွားကြမယ်"

"စားမယ် ကျွန်တော်ကြိုက်တယ်"

ရင်းကတတ်ကြွစွာဖြေ၏။ မင်းဆက်လဲ စားချင်တာရသွားတဲ့ကလေးသဖွယ်ဖြစ်ကာ အာဏာရဲ့လက်ကိုဆွဲရင်း ဝက်သားတုတ်ထိုးဆိုင်ထဲဝင်လာခဲ့သည်။

တစ်ဖွဲ့လုံး စားပွဲတစ်ဝိုင်းမှာဝိုင်းထိုင်လိုက်ကာ စားဖို့အသင့်ဖြစ်နေကြပြီ။

"အန်တီရေ  ကျွန်တော်တို့ကိုအသဲနဲ့ နှလုံးလေးလုပ်ပေး ၊ ကျန်တာလေးတွေရောပဲ"

"အေးအေး"

စားပွဲဝိုင်းထိုင်ကာ အဒေါ်ကြီးလာပေးတဲ့တုတ်ထိုးကိုစောင့်နေကြ၏။ ရေနွေးလေးသောက်ရင်းဇိမ်ကျနေတဲ့မင်းဆက်ကိုကြည့်ကာ အာဏာလက်လန်မိသည်။

"ရပြီ  လိုရင်ပြောနော်"

"ဟုတ်ကဲ့ပါ"

ဝက်သားတုတ်ထိုးတစ်ချောင်းကိုယူပြီး အာဏာကိုပေးလိုက်တော့ပြူးကြောင်ကြောင်။

"ယူလေ နှလုံးလေး"

"ဝက် ဝက်နှလုံး"

"အင်း  စားကောင်းတယ်၊  အချဉ်ရည်လေးနဲ့တို့စားကြည့်။ရှယ်ပဲ"

မင်းဆက်ကအချဉ်ရည်နဲ့တို့ကာ စားပြလေသည်။ မြိန်ရေယှက်ရေစားနေတဲ့မင်းဆက်က ဟင်းချိုလေးသာသောက်လိုက်သေး။

အာဏာလဲ  စမ်းပြီးစားကြည့်တော့ အရသာကတော်တော်ကောင်း၏။

"ကောင်းတယ်မလား"

"အွန်း ကောင်းတယ်"

"ဟင်းချိုလေးပါသောက် ပူပူလေး"

"အွန်း "

၂ယောက်တစ်ကမ္ဘာတည်နေတဲ့မင်းဆက်တို့ကိုကြည့်ကာ  ရင်းကအောင်ခန့်ဘက်ကိုလှည့်ပြီး

"ကိုကြီး ဒီမှာကြည့်"

စားနေရင်းသူ့ကိုအတင်းကြည့်ခိုင်းနေတဲ့ရင်း။ ဒီကောင်လေးဘာဖြစ်ပြန်ပြီလဲ၊၊ အေးအေးဆေးဆေးမစားရဘူး။

"ဘာလဲ ပြော"

"ကျွန်တော့်ကိုပြန်မကြိုက်ပဘဲ တခြားတစ်ယောက်ကိုသွားကြိုက်ရင် ဟော့ဒီဝက်နှလုံးလို ကိုကြီးနှလံးုသားကို အချဉ်ရည်နဲ့တို့စားပြစ်မယ်"

"အငတ်နဲ့လာတိုးနေတယ်၊၊မင်းကိုသာပြန်ကြိုက်ရင်ငါမုန့်ဖိုးနဲ့မွဲသေလိမ့်မယ် ရတဲ့လစာလေးနဲ့မှမကိုက်"

"မသိဘူး ၊၊ ခုတော့ကျွန်တော်ဝယ်ကျွေးမယ်၊  ညားပြီးရက်ကိုကြီးဝယ်ကျွေးရမယ်နော်"

လက်မောင်းကိုအတင်းလာဖက်တဲ့ရင်း၊၊ သူဖယ်လိုက်ပြီး

"အေးအေးဆေးဆေးစားကွာ  "

"ဟင့်! ပြီးရော မပြောတော့ဘူး"

စိတ်ကောက်သွားပုံရတဲ့ ရင်းကဘာမှမပြောတော့ဘဲအေးအေးဆေးဆေးသာစားနေသည်။

ဒီနေ့  ၆ယောက်ပေါင်းပြီး တုတ်ထိုးဆိုင်မှာအားရပါးရစားခဲ့ကြသည်။  ပူပင်မှုမရှိ၊ပကာသနမရှိ  ၊ ဝမ်းနည်းစရာတွေမရှိပဲနဲ့ပေါ့..။

===================

"အားလုံးပြီးဆုံးသွားတော့ ...ရင်တစ်ခုလုံးကြွေသွားလား...
ကိုယ်ချင်းစာပါတယ်..အို သူငယ်ချင်း သိပ်မဆန်းဘူး
ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ ...ဆုံးရှုံခြင်းကတို့တွေပြေးမလွတ်နိုင်...
မောပန်းလွန်းတဲ့မင်းရဲ့လိပ်ပြာလေး...ဖြေသိမ့်လိုက်..

ကံကြမ္မာဆိုတာက ချိုတစ်လှည့် ခါးတစ်လှည့်...
ခုလဲဒီလိုပဲ အောင်မြင်လိုက်...ရှုံးနိမ့်လိုက်
လဲကျတဲ့အခိုက် ကွဲခဲ့တဲ့မင်းနှလုံးသား...
အက်ကြောင်းလေးက အမြဲတမ်းအမှတ်တရပေါ့....
ရှေ့ဆက်ရမဲ့မင်းရဲ့ဘဝအသစ်အတွက်
ဖြေသိမ့်လိုက်...

သူငယ်ချင်း ရှေ့ဆက်မင်းဘဝဟာ
အမြဲချိုမြိန်ပါစေ
အောင်မြင်ပါစေ တစ်ခါတရံမှာခါးသီးလဲကျော်ဖြတ်လိုက်ပေါ့လေ

ဟိုအရင်အချိန်ကကြေကွဲခြင်း မင်းမျက်ရည်
်ြမစ်ပြင်ကျယ်မှာမျော..

ပင်လယ်ထိစီးပါစေ အားတင်းကာလျောက်လေ....

စီးပါစေ အားတင်းကာ...လျောက်....လိုက်.....🎶"

"ဟားးဟားးး  မင်းအသံကောင်းသားပဲကွ ၊၊ အဆိုတောာလုပ်စားရင်အောင်မြင်နိုင်တယ်"

မင်းဆက်ကရယ်ပြီး ရှင်းခန့်ကိုပြောတော့ ရှင်းခန့်က အကျင်္ီကော်လံစကိုကိုင်လိုက်ကာ မြောက်ကြွမြောက်ကြွဖြစ်သွား၏။

"ငါသာအဆိုတော်လုပ်ရင် တခြားသူတွေထမင်းငတ်သွားလိမ့်မယ်"

"ကြီးကြီးကျယ်ကျယ်တွေလာပြီ  ထမင်းပဲငတ်ရဦးမယ်"

အောင်ခန့်ကပြော၏။  အာဏာကတော့ လက်ထဲမှာဘီယာဗူးကိုကိုင်ကာမင်းဆက်ဘေးနားကနေကြည့်ပြီးရယ်နေသည်။

"ခေါင်းဆောင်က တကယ်တော့မင်းသားလုပ်ရမှာသိလား၊  ဒီလိုရုပ်ရည်လေးနဲ့သာဆို အောင်မြင်မှာအသေအချာ "

စိုင်းအောင်က မင်းဆက်ရဲ့မေးကိုကိုင်ကာပြောတော့ အာဏာကဖယ်ချလိုက်သည်။

"ဟင် မင်းကလဲ ကပ်စီးနှဲလိုက်တာမေးလေးကိုင်တာကို"

"မေးလဲသွားမကိုင်နဲ့ faကြီးရဲ့  "

"ဘာ!!"

"မဟုတ်လို့လား ဒါမျိုးတွေဘယ်သိမလဲ နော်ကိုကြီး"

ရင်းကပြောပြီး ဘေးနားကအောင်ခန့်လက်မောင်းကိုတွဲလိုက်သေးသည်။

"နေပါဦး မင်းကဘယ်လိုဖြစ်လို့ငါ့ကိုလာမေးနေတာလဲ"

"ဟင်!! ကို့ရည်စားကိုယ်မေးတာလေ "

"မင်းကိုဘယ်သူကပြန်ကြိုက်လို့လဲ"

"ကြိုက်ကြိုက်မကြိုက်ကြိုက်  ကျွန်တော်ကြိုက်ရင်ကျွန်တော်ရည်းစားပဲ"

"အဆန်းကြီး"

အောင်ခန့်က ရင်းကစနောက်ကာပြောသည်။ ဒါကိုရင်းက စိတ်ကောက်သွားဟန်နဲ့ တွဲထားတဲ့အောင်ခန့်လက်မောင်ကိုဖြုတ်ကာ

"တော်ပြီ  အကြင်နာတရားမရှိတဲ့crush၊  မကြိုက်တော့ဘူး အိုပါး!"

အောင်ခန့်ကိုတွဲထားတဲ့လက်ကိုဖြုတ်ပြီး ဘေးနားကဂျောင်ဝူးဆီရောက်သွားပြန်သည်။ ကြည့်ရတာ ဘီယာတစ်ဗူးသောက်ပြီး မူးနေပုံပင်။

ဂျောင်ဝူး သူ့ရင်ဘက်ကိုခေါင်းမှီပြီး လာဖက်ထားတဲ့ရင်းကြောင့်ရယ်လိုက်ပြီး နဖူးကိုလက်ညိုးနဲ့တွန်းလိုက်ပြီး

"ဘာလဲ  ငါ့ကိုလာcrushပြန်ပြီလား၊၊ တစ်လထဲမှာဘယ်နှစ်ယောက်ရှိပြီလဲ"

"အင်း  ကိုကြီးကိုမCurshတော့ဘူး၊၊ ဒီကအိုပါးကိုပဲcrushတော့မယ်နော် "

ဂျောင်ဝူးခါးကိုဖက်ပြီး တတွတ်တွတ်နဲ့ပြောသည်။  အောင်ခန့် ရင်းကိုကြည့်ပြီး သက်ပြင်းချလိုက်ကာ သူ့ဘက်ကိုပြန်ဆွဲထားလိုက်ပြီး

"ဘာလဲ  ငါ့ကိုစိတ်ကြိုက်ကစားနေတာလားဂျပုရဲ့ "

ရင်းကတော့အောင်ခန့်ကိုဖက်ပြီး ငြိမ်နေပြန်သည်။ ဒီဂျပုလေးတကယ်ကိုမူးနေတာပဲ။

"ပြန်ကြမယ်"

"ok နောက်ကျနေပြီ ဒိုးကြတာပေါ့"

"ကားနားကိုလမ်လျောက်သွားရဦးမယ် "

"နီးနီးလေးကို  မင်းလျှာရှည်ပြီးရပ်ထားခဲ့တာလေ"

"ဘယ်သိမလဲကွ "

အောင်ခန့်ကတော့ မူးနေတဲ့ ရင်းကိုကုန်းပိုးကာ လမ်းလျောက်လာရသည်။ အာဏာကတော့ မင်းဆက်ရဲ့ဘေးမှာ ကပ်လျက်လျောက်လိုက်လာသည်။ မင်းဆက်ကအကျင်္ီအိတ်၂ဖက်ထဲလက်ထည့်ပြီး ဘေးနားကတစ်ယောက်တစ်ပေါက်ပြောနေတဲ့ စိုင်းအောင်တို့ရှင်းခန့်တို့ကိုကြည့်ကာသဘောကျနေသည်။

တကယ်ကိုနွေးထွေးလှတဲ့ သူတို့အဖွဲ့လေး၊၊ သူမရှိတောင် အာဏာကကောင်းကောင်းဂရုစိုက်နိုင်မှာပါ...။

"ခေါင်းဆောင်ပြန်လာရင် မုန့်ဝယ်လာခဲ့နော်"

"_ောက်စားပဲ  ငတ်နေတာ"

မုန်ဝယ်လာရန်ပြောလိုက်တဲ့စိုင်းအောင်ကိုရှင်းခန့်က နရင်းအုပ်ကာဆိုလိုက်ခြင်း။

"ဘာလို့လဲ  မုန့်လေးမှာတာကို။ ဝယ်ခဲ့နော်"

"အင်း ဝယ်ခဲ့မယ် စိတ်ချ"

"okဗျာ  "

"ဒါနဲ့လေ နောက်ထပ်နှစ်တွေကြာရင် ဘယ်သူအရင်လက်ထပ်သွားမယ်လို့ထင်လဲ"

စိုင်းအောင်ကမေးတော့ ရှင်းခန့်ကလက်ပိုက်ပြီး

"အဖြေကရှင်းနေတာကို အဟမ်း!!"

"ဩော် သိပြီသိပြီ"

မင်းဆက်ကပြုံးစိစိလုပ်နေသလို အာဏာကလဲရယ်နေသည်။

"အားလုံးအိမ်ထောင်ကျသွားရင် ကျွန်တော်တို့ခွဲရတော့မှာလား"

"မင်းရဲ့သားသမီးတွေကို အဖွဲ့ထပ်ထည့်လိုက်၊၊ မြေးစ်မြေးဆက်ထည့်လိုက်တော့ မမိုက်ဘူးလား"

"ကောင်းသား  အကြံလေးမဆိုးဘူး၊၊ဒါဆို ကျွန်တော်တို့အသက်တွေကြီးလို့ အလုပ်တွေနားရရင် ကလေးတွေကBlue Moonကိုတာဝန်ယူကြမယ်။ ပြီးရင် သူတို့တွေကို ကျွန်တော်တို့ငယ်ငယ်ကဘယ်လိုအမှုတွေဖော်ထုတ်ခဲ့တာဆိုပြီး ပြောပြမယ်"

"နောက်လာနောက်သားတွေအတွက် ပုံပြင်တစ်ခုဖြစ်သွားတာပေါ့ ငါတို့က"

မင်းဆက်က တွေတွေငေးကာပြောသည်။

"အင်း  မျက်လုံးထဲအမှုန်ဝင်သွားပြီ"

"ဖယ်ပေးရမလား"

"မလုပ်နဲဗျာ  "

"ဟားဟား!"

"ဟေ့ကောင်မြန်မြန်လျောက်"

ဝုတ် ဝုတ်!!

"အမေ့ရေ  !! ခွေးလိုက်လာပြီ!'

"ပြေးပါဆို!"

"ချီး  ပြေးနေတာပဲဟ"

အောင်ခန့်မှာလဲ ရင်းကိုကုန်းပိုးကာပြေးရတော့သည်။

"ဟားးဟားး!"

ချုပ်နှောင်မှုမရှိ၊ စည်းမျဉ်းစည်းကမ်းတွေမရှိဘဲ ၊သူငယ်ချင်းတွေလိုမျိုးရင်းနှီးမှု၊ ဘာပဲပြောပြောBlue Moonက့အတွက် နွေးထွေးတဲ့ဒုတိယမိသားစု။

ဒီအဖွဲ့လေးအမြဲတမ်းရှိနေဖို့မျှော်လင့်ပါ၏...။

ဒီနေ့ သူတို့အားလုံးပျော်ခဲ့ကြပါသည်...။

======================

"ကျန်းမာရေးဂရုစိုက်နော် ၊၊ ဟိုမှာကအေးတယ်၊ နွေးနွေးထွေးထွေးနေ"

"အေးပါကွာ မင်းတို့လဲဂရုစိုက်ဦး"

"အွန်း  စိတ်မပူနဲ့"

လေဆိပ်ရောက်နေတဲ့ မင်းဆက်ကိုအားလုံးကနှုတ်ဆက်နေခြင်း။ ခွဲခွာခါနီးတော့ စိတ်မကောင်းကြ။ အာဏာကတော့ဘေးနားကတိတ်ဆိတ်နေသည်။

"ကျွန်တော်တို့ကိုစိတ်မပူနဲ့ ၊ ခေါင်းဆောင်သာနေကောင်းအောင်နေ"

စိုင်အောင်က မျက်ရည်ဝဲကာပြော၏။ ဝမ်းနည်းနေတဲ့ စိုင်းအောက်ကိုပွေ့ဖက်လိုက်ကာနှစ်သိမ့်မိသည်။

"ခေါင်းဆောင်မဟုတ်တော့ဘူးလေကွာ၊ ငါကအခု အပြင်လူ"

"ဘာပဲပြောပြော ခေါင်းဆောင်ကခေါင်းဆောင်ပဲ"

"ဟုတ်ပါပြီ "

"အကိုကြီး   ကျွန်တော်ပါလိုက်ချင်တယ်"

အောင်ခန့်ဘေးနားကရင်းကမျက်ရည်လေးတွေဝေ့သီလျက်ဆိုသည်။ ဒီကလေးဝမ်းနည်းနေပြီပဲ။

တွေ့ခဲ့ကြတာအချိန်မကြာပေမဲ့ တစ်ယောက်နဲ့တစ်ယောက်အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်ခဲ့ကြပြီ။

"ရင်းအသေးလေးက လိမ္မာအောင်နေနော်၊  အရပ်ရှည်အောင်အစာမျာများစား၊ အကိုပြန်ရောက်ရင်အရပ်တိုင်းမယ်"

"ဟုတ်ပြီ  ကျွန်တော်စောင့်နေမယ်"

နှာခေါင်းလေးတွေနီပြီး ငိုချင်ပုံရတဲ့ရင်းကြောင့် မင်းဆက်ပြုးမိသည်။ ခပ်သေးသေးကိုယ်လေးကိုတင်းကျပ်နေအောင်ဖက်လိုက်သည်။

"မငိုရဘူးနော်  ခဏပဲကြာမှာ"

"ဟုတ်ကဲ့  ကျွန်တော်စောင့်နေမယ်၊ အကိုပြန်လာရင် ကိုကြီးနဲ့ကျွန်တော်နဲ့ယူမှာ"

"ဟားဟား ဟုတ်ပြီ ။ ပြန်လာရင်လက်ဖွဲ့တစ်ခါတည်းယူလာခဲ့မယ်နော် "

အောင်ခန့်ကတော့ဘာမှမပြောတော့ ၊ ပြုံးရုံသာ။

"ဘာပြောဦးမလဲ၊ သွားခါနီးနေပြီ၊၊အာဏာ တစ်ခုခုပြောဦးလေ"

ဂျောင်ဝူးက ဘေးနားကအာဏာကိုသတိပေးလိုက်သည်။လေဆိပ်ရောက်ထဲကဘာစကားမှမပြော။ သွားခါနီးတစ်ခုခုတော့ပြောသင့်တယ်မလား။

"ချစ်တယ်"

"___"

"အဲ့တာပဲသိထားပေး၊  ပြီးရင်ကျွန်တော့်ကိုသတိရပေး"

"အဟင်း! စိတ်ချပါ  ၊၊လိမ္မာအောင်နေ၊ ငါစိတ်ပူအောင်မလုပ်နဲ့"

"အွန်း  "

"သွားတော့မယ် လေယာဉ်ချိန်နီးပြီ"

"ဂရုစိုက်ပါ  ခေါင်းဆောင်"

"ok  ဘိုင့်ဘိုင်"

"ဘိုင့်ဘိုင် အကိုကြီး  စောင့်နေမယ်"

"ok ရင်း "

နှုတ်ဆက်နေတဲ့ သူတွေကိုကျောခိုင်းကာထွက်လာခဲ့သည်။ လက်ဂေ့ခ်ျအိတ်ကိုဆွဲရင်း  ကျောခိုင်းလာခဲ့ြပီ။

နောက်လှည့်မကြည့်ပါရစေနဲ့။  မျက်ရည်တွေကိုမမြင်စချင်လို့ပါ။

ငါပြန်လာတဲ့အခါ  အားလုံးဒီတိုင်းလေး....နွေးနွေးထွေးထွေး ရှိနေပါစေ......။

ကျောခိုင်းကာထွက်သွားသော ချစ်သူ။  ပထမဆုံးအကြိမ် ခွဲခွာခြင်း။  ငယ်ငယ်ထဲငသူငိုနေလို့ နိုင်ငံခြား ပညာသင်မသွားတဲ့ကိုကိုက ခုတော့ သူ့ကိုကျောခိုင်းသွားပြီ။၄နှစ်ကာလကို ကျွန်တော်ခံနိုင်ရည်ရှိပါ့မလား။

#26.11.2020
=========================

<Zawgyi>

အိမ္ျပန္ေရာက္ေရာက္ခ်င္း သူ့ကိုလုံးဝလွည့္မၾကည့္ဘဲအေပၚတတ္သြားတဲ့အာဏာ။ မင္းဆက္စိတ္မေကာင္းျဖစ္ရျပန္သည္။ ဘာေတြကဘယ္လိုစၿပီးမွားခဲ့လဲမသိ။

အေပၚထပ္ကိုျဖည္းညင္းစြာတတ္ရင္း အာဏာရဲ႕ေနာက္ကိုလိုက္ခဲ့သည္။ အခန္းတံခါးဖြင့္ဖြင့္ခ်င္းျမင္လိုက္ရတာက  ကုတင္ေပၚမွာေက်ာခိုင္းထိုင္ေနတဲ့အာဏာ။

မင္းဆက္ အနားကိုေလ်ာက္သြားလိုက္သည္။သူ့ကိုမၾကည့္ ။ တစ္ဖက္ကိုလွည့္ကာေနသည္။

"အာဏာ"

တိုးတိုးေလးႏွစ္ကိုယ္ၾကား႐ုံသာေခၚမိေတာ့လဲ လွည့္ၾကည့္မလာ။ သက္ျပင္းခ်လိုက္ရင္း  ေဘးတဖက္မွာဝင္ထိုင္လိုက္သည္။

သူဝင္ထိုင္လိုက္ေတာ့ ျမင္လိုက္ရတာကမ်က္ရည္ဝဲေနတဲ့ ေကာင္ေလး။ သူ့ကိုစိတ္မေကာင္းျဖစ္ေအာင္လုပ္ျပန္ၿပီ။

"ဘာလို႔လဲ  မငိုရဘူးေနာ္"

သူေျပာၿပီး လက္ကိုဆုတ္ကိုင္လိုက္သည္။

"မသြားလို႔မရဘူးလား"

"၄ႏွစ္ထဲရယ္၊ ခဏေလးပါ"

"ကြၽန္ေတာ္မခြဲႏိုင္ဘူးကိုကို"

"မဆိုးရဘူးေလ "

"လိုက္လို႔မရဘူးလား"

ဝမ္းနည္းစြာေျပာလိုက္တဲ့စကားသံက သူ့ရင္ထဲကိုဆုတ္ၿဖဲလိုက္သလိုပင္။ သူ့ေရွ႕ကခ်စ္ရသူကိုေပြ႕ဖက္ကာ ေခ်ာ့ျမဴမိသည္။

"Blue Moonကိုေစာင့္ေရွာက္ေပးထား။ ငါျမတ္ႏိုးတဲ့အဖြဲ႕ေလးကိုေသခ်ာဂ႐ုစိုက္ေစာင့္ေရွာက္ေပးထား"

"ကြၽန္ေတာ္အဲ့ေနရာကိုမလိုခ်င္ဘူး ၊၊ကြၽန္ေတာ္ကိုကိုနဲ႔ပဲ ေနခ်င္တာ!!"

ဂ်စ္ကန္ကန္ေျပာတဲ့ေကာင္ေလးကသူ့ကိုခြၽဲေနျပန္ပါၿပီ။ ႏွာေခါင္းခြၽန္ခြၽန္ေလးကို လက္ေလးနဲ႔ဖြဖြဆြဲလိုက္ကာ ေျပာမိသည္ကျမတ္ႏိုးျခင္းအျပည့္။

"လိမၼာစမ္းပါေကာင္ေလးရယ္၊၊ ငါျပန္လာရင္ မင္းျဖစ္ခ်င္တာအားလုံးလုပ္ေပးမယ္ ဟုတ္ၿပီလား"

"ကြၽန္ေတာ္ေရာလိုက္လာလို႔မရဘူးလား၊၊ ၁လ၁ခါျဖစ္ျဖစ္"

"ေခါင္းေဆာင္က ကိုယ္ေရးကိုယ္တာကိစၥအတြက္ ခြင့္ယူလို႔မရဘူးအာဏာ၊၊ သတ္မွတ္ေပးထားတဲ့ရက္ကိုပဲ နားရတယ္၊ ၾကာလာရင္နားလည္လာမွာပါ"

"ကြၽန္ေတာ္ေနႏိုင္မယ္မထင္ဘူး။ ကိုကိုနဲ႔တစ္ခါမွမခြဲဖူးဘူး"

"ၾကာလာရင္ေနႏိုင္သြားမွာပါ"

ၿပဳံး၍ဆိုမိသည္။ တကယ္ပါ ။ ၾကာလာရင္ခြဲခြာျခင္းနဲ႔က်င့္သားရသြားမွာပါ။ 

သန္မာန္လက္၂ဖက္နဲ႔ေပြ႕ယူဖက္လိုက္တဲ့ အာဏာရဲ႕ရင္ခြင္ၾကားအလိုက္သင့္ခိုေအာင္းမိသည္။ သူတကယ္ပင္ပန္းေနၿပီ။

"ငါ႔ကိုယုံလားအာဏာ"

"အင္း  ယုံတယ္"

"သက္ေသေတြကငါဆိုတာထင္ရွားေနတယ္။ မင္းသံသဃမဝင္ဘူးလားငါ႔ကို"

"ဟင့္အင္း ကြၽန္ေတာ္ယုံတာမို႔ကိုကိုရွင္းျပစရာမလိုဘူး"

သက္ျပင္းခ်ကာ ခ်စ္သူရဲ႕ရင္ခြင္ထဲခိုဝင္မိသည္။ သူတကယ္နားခ်င္ေနၿပီ ။

"ငိုခ်င္လို႔လား ငိုလိုက္"

"မငိုပါဘူး၊၊ ငါကငိုစရာလား"

"ကြၽန္ေတာ့္ေရွ႕မွာသန္မာခ်င္ေယာင္ေဆာင္စရာမလိုဘူး၊၊ ငိုခ်င္ရင္ငိုလိုက္"

တင္းခံထားတဲ့စိတ္ေတြဟာ ခ်စ္သူရဲ႕အားေပးစကားေၾကာင့္ေပ်ာ့လာၿပီး ငိုခ်င္လာသည္။

ရင္ခြင္ထဲက ၿငိမ္ေနတဲ့မင္းဆက္ကိုတင္းတင္းေပြ႕ဖက္ၿပီး ႏွစ္သိမ့္ေပးမိ၏။ ခုခ်ိန္မွာသူလုပ္ႏိုင္တာ ႏွစ္သိမ့္ေပးတာပဲ။

"ကိုကိုပင္ပန္းေနတာကိုသိတယ္၊ ဒါေၾကာင့္ဘာမွမေတြးပဲနဲ႔ နားနားေနေနသာသြားေနလိုက္။ ကြၽန္ေတာ္ေစာင့္ေနမယ္"

"တကယ္ေစာင့္ေနမွာလား"

"အင္း  ကိုကိုျပန္လာတဲ့အထိေစာင့္ေနမွာ၊၊ ကိုကိုျပန္လာရက္ြၽန္ေတာ္လဲေက်ာင္းၿပီးၿပီ"

"ငါကအသက္ႀကီးၿပီေပါ႔ေနာ္"

သူ့ရင္ခြင္ထဲက ေမာ့ကာ အသက္ႀကီးေၾကာင္းေျပာတဲ့ ကေလးႀကီးကိုအူယားစြာ ေျဖာင့္စင္းေနတဲ့ႏွာေခါင္းေလးကို ဖြဖြကိုက္လိုက္သည္။

"အသက္ကမႀကီးပါဘူး၊ ၂၆ကႀကီးလားဗ်"

"အင္း ႀကီးလဲမင္းပဲခ်စ္ရမွာေနာ္"

"ဒါေပါ႔ ကြၽန္ေတာ္ပဲခ်စ္မွာ"

"အဲ့က်ရင္အရပ္ႀကီးရွည္ေနၿပီလား၊၊ ခႏၶာကိုယ္ႀကီးထြားေနၿပီလား "

မင္းဆက္ အာဏာရဲ႕လက္ကိုကိုက္ကာ ေမးေတာ့ အာဏာကကျဖဴသြယ္သြယ္လက္ေလးကိုဆုတ္ကိုက္လိုက္ကာ

"ေသခ်ာတာေတာ့ အဲ့အခ်ိန္က်ရင္ကိုကိုအားကိုလို႔ရမဲ့ လူတစ္ေယာက္ျဖစ္ေနေလာက္ၿပီ"

"အင္း  ငါအားကိုးလို႔ရေအာင္သန္မာမွျဖစ္မယ္ေနာ္"

"အင္း  စိတ္ခ်"

တင္းက်ပ္စြာေပြ႕ဖက္ရင္း ဆံပင္ႏုႏုေလးကိုျမတ္ႏိုးစြာနမ္းလိုက္သည္။ ေမြးပ်ံ႕တဲ့ကိုယ္သင္းရနံ႔ေလးက ႏွလုံးသားသို႔စီးဝင္လ်က္။

ကြၽန္ေတာ္ေတာ့လြမ္းေနေတာ့မွာပဲ။

======================

"သြားၾကေတာ့မလား ေမွာင္ေနၿပီ"

"Ok ေမွာင္ေတာ့ပိုမိုက္တယ္ ၊ သြားမယ္"

"ရင္းေရာလိုက္မွာလား"

"လိုက္မွာေပါ႔ဗ်  ကိုႀကီးေနာက္ကိုကြၽန္ေတာ္ကအၿမဲလိုက္မွာ"

တစ္ဖြဲ႕လုံး ကမ္းနားကညေဈးတန္းသြားဖို႔လုပ္ေနၾကျခင္း။ မင္းဆက္ ထြက္မသြားခင္ ႏႈတ္ဆက္ပြဲလုပ္မယ္ဆိုၿပီး အႀကံရေပမယ့္ ေနရာေရြးတာက ရင္း။

အဲ့ေတာ့  အားလုံးညေဈးတန္းကိုသြားဖို႔ဆုံးျဖတ္လိုက္သည္။

"ကားကို ဒီမွာရပ္ခဲ့လိုက္။ ေျခလ်င္ေလ်ာက္မယ္"

"ok"

အားလုံးကားေပၚကဆင္းကာတတ္ညီလက္ညီနဲ႔ လမ္းေလ်ာက္လာၾကသည္။

"ေရာက္ဖူးလား"

မင္းဆက္ကသူ့ေဘးနားကအာဏာကိုေမးလိုက္ေတာ့ ေခါင္းခါျပ၏။

"ပထမဆုံးပဲ"

"အင္းေလ  တစ္ခ်ိန္လုံးအိမ္ထဲေအာင္းေနတာကို"

"လာ မုန္႔ဝယ္စားမယ္"

"အြန္း"

၆ေယာက္သား မုန္႔ဆိုင္ေရွ႕မွာရပ္ေနၾကသည္။

"ဒါကဘာမုန္႔လဲ"

ေသးေသးခြက္ေလးေတြထဲထည့္ထားၿပီး တစ္ခုနဲ႔တစ္ခုပူးထားတဲ့ မုန္႔ေလးေတြကိုအာဏာကေမးျခင္း။

"အဲ့တာမုန္႔လင္မယားတဲ့"

"ဟင္ နာမည္ႀကီးကအထူးအဆန္းႀကီး"

"တစ္ခုနဲ႔တစ္ခုပူးေနတာေလ၊၊လင္မယားေတြလိုပဲ
အန္တီေရ ငုံးဥေလးနဲ႔လုပ္ေပး"

"ဟုတ္ၿပီ"

"ဒါဆို ပူးမထားပဲ ေက်ာခ်င္းခိုင္းလိုက္ရင္မုန္႔လမ္းခြဲေပါ႔"

"ႀကံႀကံဖန္ဖန္ေတြ"

"ကြၽန္ေတာ္ေျပာတာမွားလို႔လား"

"မမွားဘူး"

"ဒီမွာ"

"အန္တီ ဒီမွာပိုက္ဆံ"

"ေအးေအး"

မင္းဆက္ကမုန္႔ဝယ္ၿပီး လမ္းေလ်ာက္ကာတစ္ေယာက္တစ္ခုစီစားေနလိုက္သည္။၊မုန္႔နည္းနည္းေလးကို လုစားရသည္မွာ ေပ်ာ္စရာအတိ။

"ကိုကို"

"ဟမ္"

"ဟိုတာဘာဆိုင္လဲ"

အာဏာ ေမးတဲ့ဆိုင္ကိုလွမ္းၾကည့္လိုက္ေတာ့ မင္းဆက္ၿပဳံးလိုက္သည္။ သေဘာတက်ျဖစ္သြားတဲ့မင္းဆက္က က်န္တဲ့လူေတြကိုၾကည့္ၿပီး

"ဝက္သားတုတ္ထိုးသြားၾကမယ္"

"စားမယ္ ကြၽန္ေတာ္ႀကိဳက္တယ္"

ရင္းကတတ္ႂကြစြာေျဖ၏။ မင္းဆက္လဲ စားခ်င္တာရသြားတဲ့ကေလးသဖြယ္ျဖစ္ကာ အာဏာရဲ႕လက္ကိုဆြဲရင္း ဝက္သားတုတ္ထိုးဆိုင္ထဲဝင္လာခဲ့သည္။

တစ္ဖြဲ႕လုံး

You are reading the story above: TeenFic.Net