Part_3
Background color
Font
Font size
Line height
                    [ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
"ဟယ်လို ဦးဒေး"
"အာဏာ  ဘာဖြစ်လို့လဲ"
"ဟုတ်ကဲ့"
ဂျလောက်!
"နိုးပြီလား...သက်သာလား"
"ဟုတ် "
================
=============
တီ!
"ဟုတ်"
"ဦးဒေး "
"ဟုတ်ကဲ့  "
"ဟုတ်ကဲ့"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့ပါ...စိတ်ချ"
"အေး သွားပြီ"
"ဟုတ်"
"ကိုကို နေရတာသက်သာလား"
"ဘာကိစ္စမသွားရတာလဲ  "
အာဖြေလိုက်၏။
"ကျွန်တော်"
"ဟုတ်ပြီ"
"ဟုတ်ကဲ့"
============
"ဟုတ်ကဲ့"
"ဟဲ့"
"ဘာလို့လဲ"
"ငါမေးစရာရှိလို့"
"မေးလေ "
"ပြန်တော့မလို့လား"
"အေး "
ထူးတော့ ထူးဆန်းလှသည်။
==============
"ကိုကို!"
#22.9.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️
                    [ 🌿 𝑼𝒏𝒊𝒄𝒐𝒅𝒆 🌿]
နေရာတစ်နေရာ..ဘယ်နေရာလဲသိသလိုလိုနဲ့မသိဖြစ်နေတယ်..။
ဖေဖေ..ဟုတ်တယ်.. ဖေဖေကသူ့ကိုကြည့်ပြီးငိုနေတယ်.. ဘေးမှာ Daddyလဲရှိနေတယ်..Daddyကလဲ သူ့ကို မျက်ရည်တွေဝဲပြီးကြည့်နေရင်း ဖေဖေ့ကို ဖက်ထားတယ်..။
သူဖေဖေတ်ို့ကို မငိုဖို့ တားချင်ပေမဲ့  လှုပ်လို့မရသလို၊ စကားလဲ ပြောမရ..။ ဖေဖေက သူ့ကို ခေါ်နေတယ်..သားငယ်လေးလို့လဲမဟုတ်သလို မင်းအာဏာစက်ဆိုတဲ့ သူ့နာမည်လဲမဟုတ်ဘူး...တခြားနာမည်တစ်မျိုးကိုခေါ်နေတယ်...။
ရုတ်တရက် လေဟာပြင်ထဲရောက်သွားသလို ခံစားချက်ကြောင့် အာဏာနိုးသွားသည်။ တစ်ကိုယ်လုံးချွေးတွေစိုနေပြီး မောဟိုက်နေလျက်။ခေါင်းအုံးနားတွင် ချထားသည့် ဖုန်းကိုယူပြီးဖွင့်ကြည့်တော့ မနက်၇နာရီထိုးတော့မည်။
အာဏာ ဆက်အိပ်မနေတော့ဘဲ စောင်တွေ ခေါင်အုံးတွေကို ပြန်သိမ်းပြီးမင်းဆက်အနားကိုသွားတော့ အိပ်နေဆဲ။ စောင်ကိုပခုံးထိခြုံထားပြီး မျက်နှာလေးသာဖော်ထားသည့်မင်းဆက်ရဲ့နဖူးလေးကိုသူ့လက်ဝါးဖြင့် ဖွဖွလေးစမ်းကြည့်တော့  နွေးနွေးလေးဖြစ်နေသေးသည်။ 
အာဏာအခန်းထဲပြန်ထွက်ပြီး မျက်နှာသစ်လိုက်ပြီး ကျောင်းမသွားရန်ဆုံးဖြတ်လိုက်သည်။ မျက်နှာသစ်ပြီးတော့ ဖုန်းကိုယူပြီး  ဆရာဝန်အားဖုန်းဆက်ရန်ပြင်လိုက်သည်။
"ဟယ်လို ဦးဒေး"
အာဏာဆက်လိုက်တဲ့သူကတော့တခြားသူမဟုတ်။ဦးမှိုင်းရဲ့သူငယ်ချင်း Day။
"အာဏာ  ဘာဖြစ်လို့လဲ"
တစ်ဖက်က Dayက မေးလာသည်။ ထိုအခါအာဏာဖြေလိုက်သည်။
"ကိုကိုဖျားနေလို့ ... အဲ့တာဦးဒေးလာခဲ့ပေး "
"အေးအေး .... ငါခဏနေရင်လာခဲ့မယ်"
"ဟုတ်ကဲ့"
အာဏာဖုန်းချပြီး မင်းဆက်ရဲ့အခန်းထဲပြန်ဝင်လာတော့ခုတင်ပေါ်မှာမရှိတော့ချေ။ ရေချိုးခန်းထဲကရေသံကြားရသောကြောင့် မျက်မှာသစ်နေကြောင်းသိလိုက်သည်။
ဂျလောက်!
ခဏကြာတော့ ရေချိုးခန်းတံခါးဖွင့်ပြီးမင်းဆက်ကထွက်လာသည်။ မင်းဆက် ရေချိုးခန်းထဲကထွက်ထွက်ချင်းမွေ့ရာနားမှာမြင်လိုက်ရသည့် အာဏာကြောင့် အနည်းငယ်တော့ လန့်သွားသည်။
"နိုးပြီလား...သက်သာလား"
အာဏာက သူ့အနားရောက်လာပြီး မေးသည်။
မင်းဆက်ကခေါင်းညိတ်ပြီးဖြေလိုက်သည်။
"အင်း သက်သာတယ်...သွားလေ ကျောင်းသွားဖို့ပြင်"
"ကျွန်တော်ဦးဒေးကို ခေါ်ထားတယ်"
အာဏာကပြောပြီး မင်းဆက်ရဲ့အနားကိုသွားပြီ နဖူးကိုဖွဖွလေးစမ်းသည်။
"ကိုယ်ပူနေသေးတယ်ကိုကို"
နဖူးကိုစမ်းကာပြောလိုက်သည့်အာဏာကြောင့် မင်းဆက်ငြိမ်နေလိုက်သည်။ အရပ်ချင်းအတူတူဖြစ်နေသည့်အတွက် အာဏာကသူနဲ့တန်းတူဖြစ်နေသည်။
အာဏာပြောတော့ မင်းဆက်ကနောက်နည်းနည်းဆုတ်ပြီး ဖွဖွပြုံးပြသည်။
"ရတယ် ... မနက်စာစားပြီး ဆေးသောက်လိုက်ရင်သက်သာသွားလိမ့်မယ်"
ပြောစကားနားမထောင်သော မင်းဆက်ကြောင့် အာဏာလက်ကိုဆွဲပြီး ခုတင်ပေါ်မှာ ပြန်လှဲခိုင်းလိုက်သည်။
"ငြိမ်ငြိမ်နေ.. အဖျားပျက်သေးတာမဟုတ်ဘူး မူးလဲမယ်.. ခဏနေ ဦးဒေးရောက်မှာ...ကျွန်တော်အောက်ကိုသွားပြီး စောင့်လိုက်ဦးမယ်"
အာဏာကပြောပြီးအောက်ထပ်သို့ဆင်းသွားသည်။
နေမကောင်းတာဆရာဝန်နှင့်ပြတော့ပိုပြီးကောင်းသည်လေ။ ဒါ့ကြောင့် သူဦးဒေးကိုခေါ်လိုက်ခြင်း
ဦဒေးက Daddyရဲ့ သူငယ်ချင်း။ ပြီးတော့ နိုင်ငံခြားသားတစ်ဦး။ ယူထားတဲ့ယောကျာ်းက ကျောင်းဆရာ။ သူ့ကိုDaddyတို့မွေးထားသလိုပဲ  ဦးဒေးတို့မှာလဲသားလေးတစ်ယောက်ရှိပေမဲ့ ခုတော့ဒီမှာမဟုတ်။ USကအဖိုးအဖွားတွေဆီရောက်နေသည်။
ကိုကိုကတော့ အခန်းထဲသွားပြီး သူသာမခေါ်ဘဲဒီတိုင်းနေကြည့်ပါလား။ တစ်ယောက်ထဲ ဆေးသောက်ပြီး ကြိတ်မှိတ်နေမဲ့ပုံ။ တစ်ခါတလေကျတော့လဲ ကိုကိုကကလေးဆန်သွားပြန်သည်။
အာဏာ အောက်ထပ်ရောက်တော့  ဒေါ်ကြီးကအနားရောက်လာသည်။
"သား နိုးနေပြီလား  .သားကြီးရောသက်သာလား"
"ဟုတ်ကဲ့ ...ကိုယ်ပူနေတုန်းမိုလို့ ကျွန်တော်ဦးဒေးကို ခေါ်ထားတယ်"
"အေးအေး...  ဘာလုပ်ပေးထားရမလဲ"
"ဆန်ပြုတ်သာပြုတ်ပေးဒေါ်ကြီး.. အဲ့တာနဲ့တော့တည့်မယ်"
"အေးအေး... သွားပြုတ်ပေးမယ်"
"ဟုတ် "
ထို့နောက်အာဏာလဲဧည့်ခန်းထဲမှာထိုင်ကာစောင့်နေလိုက်သည်။
================
Day ဆေးရုံသွားရင်း အာဏာတို့ဆီကိုဝင်ရန် အဝတ်အစားလဲနေစဉ် အကိုကနောက်ကနေမေးလာသည်။
(ဆရာ့ကိုအကိုလို့ပြောင်းခေါ်တာပါ၊အိမ်ထောင်ကျသွားတော့ ဆရာဆိုရင်မကောင်းဘူးလေ)
"ဟိန်းလေးကဘာဖြစ်လို့လဲမသိဘူး"
ဘာဖြစ်မလဲဖျားနေလို့ပေါ့လို့ဖြေရင် ကျောင်းဆရာကဆူဦးမည်။ နှစ်တွေကြာလို့ အိမ်ထောင်သက်တမ်းတွေကြာလာတာတောင်  ခုထိသူစိတ်တိုင်းမကျရင်ဆူးသေး။  ယောကျာ်းကိုကျောင်းသားထင်နေလားမသိ။
"ကြည့်ရတာမိုးမိပြန်ပြီထင်တယ်"
"အင်း .. ဟိန်းလေးလဲအလုပ်ကတစ်ဖက်...အာဏာကတစ်ဖက်နဲ့ တော်တော်အလုပ်ရှုပ်မှာပဲ... ပြီးတော့ အာဏာကမြင်တဲ့အတိုင်း လူကြောက်ပြီး၊ တခြားသူတွေလိုလဲမဟုတ်တော့ ပင်ပန်းမှာပဲ"
ဦးကောင်းထက်ပြောတော့Day မျက်နှာမဲ့မိသည်။
ထင်သလား၊ဟိုကောင် မှိုင်းရဲ့သားက အဲ့လိုမျိုးဆိုတာမဖြစ်နိုင်တဲ့အရာကြီး။
"အင်းပါ ...သားရော ဖုန်းဆက်လား"
"အင်း ဆက်တယ်..  ခုရက်ပိုင်းစာတွေများနေလို့ တဲ့၊ "
"ဟုတ်ပါပြီ .. ကျွန်တော်သွားတော့မယ်နော်..အာဏာတို့ဆီကိုဝင်ရဦးမှာဆိုတော့"
"မနက်စာ မစားတော့ဘူးလား"
"မစားတော့ဘူးလေ    ဆေးရုံမှာပဲစားတော့မယ်...နေ့ခင်းလောက်ကိုပြန်လာခဲ့မယ်နော်... မေချိုကိုလဲ ကြည့်လိုက်ဦး"
"အေးပါနေ့စွဲရာ... သိပါတယ် "
Dayလည်း ပြောပြီးအောက်ထပ်သို့ဆင်းလာခဲ့သည်။ မနက်စာမစားတော့ဘဲ Hydraစံအိမ်သို့သာထွက်လာခဲ့သည်။
Dayနဲ့ ဦးကောင်းထက်ရဲ့သားဖြစ်တဲ့ မိုးကောင်းစွဲကတော့ ဆိုးလွန်း၍ နိုင်ငံခြားမှာရှိတဲ့ အဖိုးအဖွားတွေဆီပို့ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှာဆိုရင် ငယ်ငယ်လေးနဲ့  ရန်ပွဲတိုင်းလိုလို ပါနေသောသားဖြစ်သူကြောင့် သူတို့ထိန်းမနိုင်၍ ပို့လိုက်ရခြင်းဖြစ်သည်။ ခုတော့ ဘာသံမှမကြားရ။ စာပဲလုပ်နေသည်ဟုသာသိရပေမယ့် ဟုတ်မဟုတ်တော့မသိ။
=============
တီ!
ခြံထဲဝင်လာသော ကားကြောင့် အာဏာအိမ်ရှေ့ကိုသွားလိုက်သည်။ ကားပေါ်ကနေDayကဆင်းလာပြီး အိမ်ထဲရောက်ရောက်ချင်းမေးတော့သည်။
"အပေါ်ထပ်မှာလား ... သွားမယ်"
"ဟုတ်"
အာဏာလဲ Dayနှင့်အတူ မင်းဆက်အခန်းသို့တတ်လာခဲ့သည်။ အခန်းတံခါးကိုဖွင့်လိုက်တော့ မင်းဆက်ကခုတင်ပေါ်မှာထိုင်နေသည်။
"ဦးဒေး "
Dayကမင်းဆက်ရဲ့ အနားသွားပြီး နဖူးအားစမ်းလိုက်သည်။
"ဘယ်လိုဖြစ်တာလဲ... မိုးမိတာလား"
"ဟုတ်ကဲ့  "
မင်းဆက်ကဖြေတော့ Dayကခုတင်ဘေးကခုံမှာထိုင်ပြီး အဖျားတိုင်းသည်။အာဏာကတော့  ဘေးကနေရပ်ကြည့်နေလိုက်သည်။
"အဖျားနည်းနည်းရှိတယ်     ထမင်းမစားနဲ့ဦး.. ဆန်ပြုတ်ပဲသောက်နေဦးနော်...အစာမာမစားနဲ့"
"ဟုတ်ကဲ့"
Dayကဆေးတွေပေးနေတော့ မင်းဆက်လဲ မှတ်ထားလိုက်သည်။
"မှိုင်းတို့ရော ဟိုမှာဘယ်လောက်ကြာဦးမလဲ"
"မသိသေးဘူးဦးဒေး...အဖိုးတို့ကိုလဲထားခဲ့မရဘူးလေ... အဲ့တာကြောင့် "
"အင်း  ဟုတ်တယ်...လူကြီးတွေကိုထားခဲ့လို့လဲဘယ်အဆင်ပြေပါ့မလဲ"
"ဟုတ်ကဲ့"
ဆေးတွေပေးပြီးနောက်Dayကဆိုသည်။
"ကဲ  သွားတော့မယ်.. ဆေးရုံလဲသွားရဦးမှာဆိုတော့"
Dayကပြောတော့ မင်းဆက်ကခေါင်းညိတ်ပြလိုက်သည်။
"ဂရုစိုက်သွားဦးနော်.... လေးလေးကောင်းရောနေကောင်းတယ်မလား"
"အေး ကောင်းပါတယ်...သူများကိုမပြောနဲ့ ....ကိုယ့်ဘာသာဂရုစိုက်"
Dayကဆူသလိုပြောတော့ မင်းဆက်ကအစွယ်လေးပေါ်အောင် ရယ်လိုက်၏။ ချစ်စရာကောင်းတာကငြင်းမရ။
"ဟုတ်တယ်လေ ...မင်းမိဘတွေကိုငါ့ကိုအပ်ထားတာမင်းတို့ကိုဂရုစိုက်ဖို့ကငါ့တာဝန်ပဲ"
"ဟုတ်ကဲ့ပါ...စိတ်ချ"
"အေး သွားပြီ"
"ဟုတ်"
Dayထွက်သွားတော့  အာဏာကမင်းဆက်အနားသွားပြီး  နဖူးစမ်းပြန်သည်။
"ကိုကို နေရတာသက်သာလား"
"အင်း သက်သာတယ်... ကျောင်းသွားဖို့လုပ်လေ "
"ကျွန်တော်မသွားတော့ဘူး ဒီနေ့"
အာဏာပြောတော့ မင်းဆက်က မျက်မှောင်ကြုတ်လိုက်သည်။ ဒီအမူအရာကြောင့် အာဏာနည်းနည်းတော့လန့်သွားရသည်။မင်းဆက် သူ့ရှေ့ကအာဏာမျက်မှောင်ကြုတ်ကြည့်ရင်းမေးသည်။
"ဘာကိစ္စမသွားရတာလဲ  "
အာဖြေလိုက်၏။
"ကိုကိုနေမကောင်းဘူးလေ...ကျွန်တော်အနားမှာနေပေးချင်လို့"
"မလိုဘူး  ရတယ်...ကိုယ့်ဘာသာကျောင်းသွားဖို့သာလုပ်"
"ကျွန်တော်"
"တော်.. အာဏာ.. ကျောင်းသွားဖို့သာပြင်.. ငါကဘာမှမဖြစ်ဘူး "
မင်းဆက်က ယတိပြတ်ပြောလိုက်တော့မှ အာဏာလက်လျော့လိုက်သည်။မင်းဆက် စိတ်ဆိုးတော့မှာလဲ ကြောက်ပုံရသည်။
အာဏာကခေါင်းညိတ်ပြီး နာခံလိုက်သည်။
"ဟုတ်ကဲ့ ... ကျွန်တော်ကျောင်းသွားဖို့ပြင်လိုက်ပါ့မယ်"
"ဟုတ်ပြီ"
အာဏာပြောပြီး အခန်းထဲကထွက်လာခဲ့သည်။ရေချိုးရန်အတွက် ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်နေစဉ် မှန်ထဲတွင်မြင်နေရသောမျက်နှာ။အပြာရောင်မျက်ဝန်းတစ်စုံ။ အညိုရောင် ဆံပင်တွေက နဖူးရှေ့ကို ခပ်အုပ်အုပ်ကျနေသည့်ပုံက ကြည့်ကောင်းလှသည်။
သူတကယ်ဆိုကျောင်းမသွားချင်၊၊ ကိုကို့ဘေးမှာပဲနေချင်သည်။ နေမကောင်းနေတဲ့ကိုကို့ရဲ့ဘေးမှာနေပြီး လိုအပ်တာလုပ်ပေးချင်သည်။
သို့သော်အဝတ်အစားတွေလဲကာ လွယ်အိတ်ကိုယူပြီး အခန်းထဲကထွက်လာခဲ့သည်။
"သားငယ် မနက်စာစားသွားဦးလေ"
"ဟုတ်ကဲ့"
အာဏာလည်း ဒေါ်ကြီးစကားကိုခေါင်းညိတ်ကာထမင်းသားခန်းထဲ ဝင်သွားပြီး မနက်စာကိုစားလိုက်သည်။ 
============
ကျောင်းရောက်တော့ ထုံးစံအတိုင်း သူတစ်ယောက်ထဲသာနေသည်။ အတန်းထဲဝင်ပြီး  နေရာမှာပဲတစ်ယောက်ထဲထိုင်နေလိုက်သည်။သူ့လိုနုံနုံအအလူတစ်ယောက်ကိုအပေါင်းအသင်းမလုပ်ချင်ကြပေ။ 
ဒါ့ကြောင့် သူ့မှာသူငယ်ချင်းလဲမရှိ။ တစ်ယောက်ထဲသာအမြဲနေရသည်။ တီချယ်ဝင်လာတော့သူစာအုပ်ထုတ်ပြီး မှတ်စရာရှိတာမှတ်ကာ စာထဲပဲစိတ်နှစ်နေလိုက်သည်။
တစ်ချိန်ပြီးတစ်ချိန်သင်ပြီးနောက် ။
"တော်ပြီ ဒီနေ့ဒီလောက်ပဲ... နောက်တစ်ချိန်ကSelf _Study ..ကိုယ်လုပ်ချင်တာလုပ်နေ..မဆူနဲ့"
"ဟုတ်ကဲ့"
တီချယ်ထွက်သွားတော့  သူလည်းစာအုပ်ထုတ်ပြီး စာဖတ်ရန်လုပ်နေစဉ်အသံတစ်သံကိုကြားလိုက်ရသည်။
"ဟဲ့"
သူအသံကြားလို့ဘေးကိုကြည့်တော့ မေသစ္စာ။အာဏာမေးလိုက်သည်။
"ဘာလို့လဲ"
မေသစ္စာကအနားလာထိုင်ပြီးပြောသည်။
"ငါမေးစရာရှိလို့"
"မေးလေ "
အာဏာပြောပြီး စာအုပ်ကိုကြည့်နေလိုက်သည်။ဘာတွေလာမေးဦးမယ်မသိ။ စိတ်ရှုပ်စရာကောင်းလိုက်တာ။
ဟိုတစ်နေ့က သူ့ကိုကူညီခဲ့လို့သာသူသည်းခံနေခြင်းဖြစ်သည်။
"နင်ကHydraကသားမို့လား"
မေသစ္စာရဲ့စကားကြောင့် စာရွက်လှန်နေရင်းရပ်သွားမိသည်။ ဘယ်လိုသိတာလဲ။ အာ မှတ်မိပြီ။အိမ်လိုက်ပို့တုန်းကသိတာဖြစ်ရမည်။
သူမကပြုံးရင်းပြောသည်။
"မှန်နေတာပဲ... နင်ကHydraကပဲ"
"ဟုတ်တယ်ဆို.... ဘာလုပ်မလို့လဲ"
သူကမေးတော့ မေသစ္စာကပြုံး၏။
"ဘာမှတော့မဖြစ်ပါဘူး... ငါကမေးကြည့်တာပါ"
မေသစ္စာ စကားဆုံးသည်နှင့် အာဏာစာအုပ်တွေသိမ်းပြီးထိုင်နေရာမှ ထလိုက်သည်။လွယ်အိတ်ကိုကောက်လွယ်လျက်။
"ငါပြန်တော့မယ်...အတန်းမတတ်တော့ဘူး"
"ပြန်တော့မလို့လား"
"အေး "
သူပြောပြီးထွက်လာခဲ့သည်။
မေသစ္စာထွက်သွားသော အာဏာအားကြည့်ပြီးပြုံးမိသည်။
ထူးတော့ ထူးဆန်းလှသည်။
==============
Taxiငှားပြီး အိမ်သို့သာ အာဏာ တန်းပြန်လာခဲ့သည်။ ခြံရှေ့ရောက်တော့ ကျသင့်ငွေပေးပြီး ခြံထဲသို့ဝင်လာခဲ့သည်။
အိမ်ရှေ့တွင်ကားတစ်စီး ရပ်ထားသည့်အတွက်ကြောင့်မျက်မှောင်ကြုတ်မိသည်။ဒီကားကိုသူတစ်ခါမှမမြင်ဖူးပေ။
သူလဲအထဲကိုဝင်သွားလိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းက ရောက်ရောက်ချင်းဆောက်နှင့်ထွင်းလိုက်သလိုပင်။
"ကိုကို!"
#22.9.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️
You are reading the story above: TeenFic.Net