Part_21

Background color
Font
Font size
Line height

                    [ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
   
"မင္း"

"ဘာလဲဗ်"

ကားေမာင္းေနေသာ အာဏာကိုမင္းဆက္က လွည့္ၾကည့္ကာ စကားေျပာရန္စၿပီးမွရပ္လိုက္ျခင္းျဖစ္သည္။မင္းဆက္က စကားစလိုက္ေတာ့ အာဏာကေမးဆတ္ကာ ေမးသည္။

"မင္းဘယ္လိုလုပ္စဥ္းစားမိတာလဲ... ပန္းခ်ီကားအေၾကာင္းကို"

မင္းဆက္ကေမးေတာ့ အာဏာကရယ္သည္။မင္းဆက္ကရယ္ေနေသာ အာဏာကုိ ကားထဲတစ္သ်ွဴးဗူးနဲ႔ေကာက္ေပါက္လိုက္သည္။ အာဏာကေတာ့ တစ္သ်ွဴးဗူးကို ေရွာင္လိုက္ၿပီးရယ္သည္။

"ၿငိမ္ၿငိမ္ေန...  ကားေမာင္းေနတယ္ "

"ေမးတာေျဖ"

"ေဟာ ဇြတ္ပဲ"

"ခုေျဖ "

"ကိုကိုကလဲ ေျဖမွာေပါ့"

"အာ့ဆို ခုေျဖ"

အာဏာ သူ႔ကိုသိခ်င္စိတ္နွင့္ရစ္ေနေသာ မင္းဆက္ေၾကာင့္ႀကိတ္ရယ္မိသည္။ထို႔ေနာက္ တစ္သ်ွဴးဗူးကို ေနရာကိုျပန္တင္ထားလိုက္ၿပီးေျပာျပလိုက္သည္။

"ေထြေထြထူးထူးမရွိပါဘူး...ပန္းခ်ီကားထဲမွာအရိပ္က်တာ မွားေနတာက ေသခ်ာၾကည့္ရင္သိသာတယ္ေလ....ၿပီေတာ့ ပန္းခ်ီကားထဲမွာက သတၲဝါေတြကိုအမ်ားႀကီးဆြဲထားတယ္... ေသြးကြက္ကိုျမင္ရတယ္..သူေျပာတဲ့ ေရခရားက ေရစက္က်သံကိုဆိုလိုတာလို႔ထင္တယ္... ၿပီးရင္ ေနာက္ကေရကန္... အဲ့တာကေရပြက္ပဲ.. ေရကူးသံၾကားရတယ္လား"

အာဏာကေရွ႕ကိုၾကည့္ကာကားေမာင္းေနရင္းနွင့္ေျပာသည္။

"ထားပါ ... ဒီေန႔ကသိရမွာကို "

မင္းဆက္ကေခါင္းညိတ္ျပီး ေရွ႕သို႔ျပန္လွည့္သြားသည္။

"အာဏာ"

"ဟင္"

မင္းဆက္ေမးမိသည္။

"ဘာလို႔ဟန္ေဆာင္ေနတာလဲ"

"ဟင္.... ဘာကိုလဲ"

မင္းဆက္ရဲ႕အေမးစကားကုိ နားမလည္သလိုနွင့္အာဏာကေမးသည္။ထိုအခါ မင္းဆက္ကအာဏာကိုၾကည့္ၿပီးဆက္ေမးသည္။

"မင္းအရင္ကနဲ႔မတူေတာ့ဘူး... လံုးဝေျပာင္းလဲသြားတယ္"

"ဟုတ္လား .. ဒါကေတာ့လူပဲကိုကို.. ေျပာင္းလဲတတ္တာေပါ့ ... အေျပာင္းအလဲအျမန္ဆံုးက လူပဲမို႔လား"

အာဏာကရယ္ၿပီး ေျပာဆလသည္။ မင္းဆက္ကေတာ့ ေခါင္းခါၿပီးေရွ႕သို႔ လွည့္သြားသည္။

"ဆိုုင္တစ္ဆိုင္ဝင္ၾကေအာင္... ေန႔လယ္စာအတြက္"

"အြန္း "

ထို႔ေနာက္ ၂ေယာက္သား ေန႔လည္စာစားရန္အတြက္ ဆိုင္တစ္ဆိုင္သို႔ဝင္လာခဲ့သည္။ကားေနာက္ခန္ထဲကပန္းခ်ီကားေလးကေတာ့ အဝတ္စေလးနွင့္ပတ္လ်က္သား။

================

ေအာင္ခန္႔ ဆိုဖာေပၚတြင္ထိုင္ကာ ဖိုင္တစ္ထပ္ၾကည့္ေနသည္။ရွင္းခန္႔ကေတာ့ အားလံုးစားဖို႔အတြက္ မုန္႔သြားဝယ္သည္။ထို႔ေၾကာင့္ ဌာနမွာ ေအာင္ခန္႔၊ ေဂ်ာင္ဝူး ၊ စိုင္းေအာင္ ၃ေယာက္သာက်န္ခဲ့သည္။အငယ္ဆံုးျဖစ္သည့္ေဂ်ာင္ဝူးသည္ ေအးေအးေဆးေဆးသမားေလးတစ္ေယာက္ျဖစ္သည္။

အငယ္ဆံုးဟုဆိုေသာ္လဲ အားလံုးသည္လပိုင္းသာကြာၾကသည္။မင္းဆက္ကေတာ့ အႀကီးဆံုးပင္။

"စိုင္းေအာင္"

"ဟမ္"

ျမန္မာသံအနည္းငယ္ဝဲေနေသာ ေဂ်ာင္ဝူးရဲ႕ေခၚသံကို စိုင္းေအာင္က ထူးလိုက္သည္။

ေဂ်ာင္ဝူးကဆက္ေျပာသည္။

"ေဒၚခ်ိဴဇင္ရဲ႕သားက ခရီးထြက္တာမွန္တယ္  .သူငယ္ခ်င္းေတြနဲ႔ ... ခုေလာေလာဆယ္ ရွမ္းျပည္ဘက္ကိုေရာက္ေနတယ္"

ေဒၚခ်ဴိဇင္ရဲ႕သား ခရီးထြက္သည္မွာအမွန္ျဖစ္ေၾကာင္းလက္ခံလိုက္ရသည္။

"ၿပီးေတာ့ သူ႔ေမာင္"

"သူ႔ေမာင္....ဂ်ပန္ကတစ္ေယာက္လား"

ေအာင္ခန္႔ကဝင္ေမးသည္။ ေဂ်ာင္ဝူးကေခါင္းညိတ္သည္။

"အင္း ဟုတ္တယ္... သူကေလာေလာဆယ္ဂ်ပန္ကကုမၼဏီတစ္ခုကို တာဝန္ယူထားတယ္... မိန္းမလဲမရွိဘူး...တစ္ကိုယ္တည္းသမား"

ေဂ်ာင္ဝူးကေျပာျပီး ထိုလူ၏ဓာတ္ပံုကို ျပလိုက္သည္။ ေအာင္ခန္႔ကၾကည့္ၿပီးဆိုသည္။

"ဒါဆိုဒီလူလဲ မျဖစ္နိုင္ဘူးေပါ့"

"အင္း ဒီပံုစံဆိုမျဖစ္နိုင္ဘူး... သူကလဲ သူ႔ဘာသာေနေနတဲ့လူ... ဒီမွာျဖစ္တဲ့ကိစၥနဲ႔ သက္ဆိုင္မႈမရွိဘူးလို႔ထင္တယ္"

"ယတိျပတ္မေျပာနဲ႔"

မုန္႔ထုတ္ေတြဆြဲကာ ဝင္လာေသာ ရွင္းခန္႔ကေျပာသည္။ဝယ္လာေသာမုန္႔ထုတ္ေတြကို ခံုေပၚကိုသြားတင္ကာ ေဂ်ာင္ဝူးဆီကိုေရာက္လာသည္။

ေဂ်ာင္ဝူးကလဲအလိုက္သိစြာျဖင့္ laptop ကို လက္ထဲထည့္ေပးလိုက္သည္။Screenေပၚတြင္ျမင္ေနရသည့္ လူပံုနွင့္အခ်က္အလက္မ်ားကိုၾကည့္ကာ ေခါင္းညိတ္ျပီး ေဂ်ာင္ဝူးကိုျပန္ေပးလိုက္သည္။

"တရားေသမမွတ္နဲ႔ဦး... တရားခံကိုမဖမ္းမိေသးသေ႐ြ႕ ေဒၚခ်ိဴဇင္တို႔မိသားစုကသံသဃရွိတဲ့လူေတြပဲ"

ရွင္းခန္႔၏ စကားကို အားလံုးကေခါင္းညိတ္သည္။

"နားေလ.. ေန႔လယ္စာမစားရေသးဘူးမို႔လား"

"ဟုတ္တယ္ ... ကြၽန္ေတာ္တို႔စားလိုက္ဦးမယ္"

"okok...  ေအာင္ခန္႔ မင္းသူတို႔နဲ႔စားနွင့္... ငါခဏအိပ္လိုက္ဦးမယ္"

၂ညဆက္တိုက္မအိပ္ရေသး၍ ရွင္းခန္႔ကေျပာသည္။

"အြန္း အိပ္ ... ကြၽန္ေတာ္လဲၿပီးမွအိပ္ဦးမယ္"

"ဟုတ္ၿပီ"

ရွင္းခန္႔လဲ ေစာင္အပါးေလးတစ္ထည္ကိုယူကာဆိုဖာေပၚတြင္လွဲကာအိပ္လိုက္သည္။

ေအာင္ခန္႔တို႔၃ေယာက္ကေတာ့ ရွင္းခန္႔ဝယ္လာေသာ ဟမ္ဘာဂါမ်ား၊ပီဇာမ်ားကိုစားေနၿပီး စကားေျပာေနၾကသည္။အငယ္ေလးေဂ်ာင္ဝူးကေတာ့ထံုးစံအတိုင္းၿငိမ္ၿငိမ္ေလးထိုင္ကာ စားေနသည္။

"စိုင္းေအာင္"

"ဘာလဲ"

ေအာင္ခန္႔ကေမးေတာ့ စိုင္းေအာင္ထူးသည္။လက္ထဲကမုန္႔ကေတာ့ အစားမျပတ္။

"အာဏာကတစ္မ်ိဳးပဲေနာ္"

ေအာင္ခန္႔အေမးကို စိုင္းေအာင္ကစားေနရင္းနွင့္ပလုပ္ပေလာင္းေမးသည္။

"ဘာလို႔လဲ"

ထိုအခါ ေအာင္ခန္႔က လက္ထဲကဘာဂါကိုခ်ၿပီးဆက္ေျပာသည္။

"စဥ္းစားၾကည့္ကြာ... သူကေခါင္းေဆာင္ကိုတအားကပ္ေနသလိုပဲ"

"ဘာကပ္"

"မင္းကလဲ  တပူးပူးတတြဲတြဲျဖစ္တာကိုေျပာတာေလကြာ .. ေခါင္းေဆာင္ေနာက္ကိုပဲ အၿမဲတမ္းတေကာက္ေကာက္လိုက္တယ္... ေက်ာင္းလဲမတတ္ဘူး"

ေဂ်ာင္ဝူးကေျဖသည္။

"ေက်ာင္းပိတ္ထားတယ္ေလ"

ေအာင္ခန္႔ကေျပာသည္။

"ေက်ာင္းမပိတ္ခင္ကလဲ  ဒီတိုင္းပါပဲ"

စိုင္းေအာင္ကလဲေခါင္းညိတ္သည္။သူကေျပာသည္။

"သူ႔အကိုကိုေတာ္ေတာ္ခ်စ္ပံုပဲေနာ္ "

"ေအး ၿပီးရင္တအားသဝန္တိုသလိုပဲ ... ေခါင္းေဆာင္ကိုပခံုးေလးဖက္ရင္ေတာင္ အၾကည့္ကေၾကာက္စရာႀကီး"

ေအာင္ခန္႔က လက္၂ဖက္ကိုယွက္ကာရင္ဖက္ေပၚတင္ၿပီး ၾကက္သီးထသလိုလုပ္ျပသည္။

"အကိုထိဓားၾကည့္ေပါ့ "

"ေစာက္စကားေတြမ်ားမေနနဲ႔ ...  စားစရာရွိစား"

ေစာင္အပါးေလးကိုေခါင္းထိၿခံဳကာအိပ္ေနေသာ ရွင္းခန္႔ကေျပာသည္။ထိုအခါမွအသံတိတ္သြားၿပီး တိတ္တိတ္ေလးစားေနလိုက္သည္။

=================

ညေန၆နာရီ။

ရွင္းခန္႔ကအဝတ္အစားလဲကာ ေဒၚခ်ိဳဇင္ရဲ႕ အိမ္ကိုသြားၿပီးေစာင့္ၾကည့္ရန္ျပင္ဆင္ေနသည္။ ေအာင္ခန္႔ကလဲ သြားဖို႔အတြက္ ျပင္ဆင္ေနသည္။

ရွင္းခန္႔ ျပင္ဆင္ၿပီးေတာ့ ေအာင္ခန္႔ကိုလွည့္ၾကည့္လိုက္သည္။ လက္ထဲမွာအထုတ္ေတြကိုကိုင္ထားၿပီး သူ႔ကိုၾကည့္ေနေသာေၾကာင့္ ရွင္းခန္႔မ်က္ေမွာင္ၾကဳတ္လိုက္သည္။ထု႔ိေနာက္သူေမးလိုက္သည္။

"ဘာေတြလဲ "

ေအာင္ခန္႔လက္ထဲက အထုတ္ေတြကိုမ်က္စာျပစ္ျပလိုက္သည္။ထိုအခါေအာင္ခန္႔ကရယ္ၿပီး လက္ထဲကအထုတ္ေတြကို ေျမႇာက္ျပရင္းေျဖသည္။

"မုန္႔ေတြေလ...အခ်ဥ္ေပါင္းတို႔ဘာတို႔ေပါ့... ညဖက္စားရေအာင္"

ေအာင္ခန္႔ရဲ႕အေျဖေျကာင့္ ရွင္းခန္႔ကမ်က္နွာမဲ့၏။ရွင္းခန္႔ကေျပာသည္။

"ရုပ္ရွင္သြားၾကည့္တယ္မွတ္ေနတာလား"

ေအာင္ခန္႔ကေအးေအးေဆးေဆးပင္ျပန္ေျပာသည္။

"အဲ့လိုသေဘာပဲေလ မဟုတ္လို႔လား...ကားထဲထိုင္ၿပီး သူ႔အိမ္ႀကီးကိုေစာင့္ၾကည့္ေနရတာ"

မနိုင္စိန္ ေအာင္ခန္႔ကိုရွင္းခန္႔လဲ ေျပာမရမဲ့အတူတူေခါင္းခါလိုက္သည္။

"ေတာ္ၿပီ...သြားမယ္ "

"ok"

ထို႔ေနာက္ ရွင္းခန္႔ကစိုင္းေအာင္နွင့္ေဂ်ာင္ဝူးကိုၾကည့္ကာမွာလိုက္သည္။

" ငါထူးျခားရင္ဆက္သြယ္မယ္ ...၂ေယာက္စလံုးသတိရွိေနာ္... အခ်ိန္ၾကာတာေတြမျဖစ္ေစနဲ႔"

"ဟုတ္ကဲ့"

ထို႔ေနာက္ ၂ေယာက္သား ကားျဖင့္ ေဒၚခ်ိဴဇင္ရဲ႕အိမ္ကိုသြားလိုက္သည္။

=====================

ပန္းခ်ီကားကို ျပန္ခ်ိတ္ၿပီးေနာက္ ၂ေယာက္သားခုတင္ေပၚမွာထိုင္ကာေအးေဆးေနလိုက္သည္။ညစာ စားေသာက္ၿပီးအာဏာက ဂိမ္းေဆာ့ေနသည္။

မင္းဆက္ကေတာ့ မ်က္မွန္ကိုတပ္ၿပီး laptopနဲ႔အလုပ္ရႈပ္ေနသည္။

အာဏာကဂိမ္းေဆာ့ေနရင္း မင္းဆက္ကိုၾကည့္လိုက္ေတာ့ laptopကိုအာရံုစိုက္ေနသည္။ မင္းဆက္ၾကည့္ေနသည့္အရာကိုၾကည့္မိေတာ့ အာဏာၿပံဳးလိုက္သည္။

"Daddyတို႔ကိုသတိရေနတာလား"

အာဏာကေမးေတာ့ မင္းဆက္ကလွည့္ၾကည့္လာသည္။ ထိုေနာက္ေခါင္းညိတ္ၿပီးေျဖသည္။

"အင္း...သတိရတာေပါ့"

မိသားစုဓာတ္ပံုေလးကိုၾကည့္ကာမင္းဆက္ကေျဖသည္။ မႈိင္းကခြန္းကိုဖက္ထားၿပီး မင္းဆက္ကိုခ်ီထားသည္။အာဏာကိုေတာ့ ခြန္းကခ်ီထားသည္။

"၃နွစ္သားအ႐ြယ္ေလး "

မင္းဆက္ကရယ္ၿပီးေျပာသည္။ မင္းဆက္ရယ္တာကိုျမင္ေတာ့ အာဏာကလဲၿပံဳးၿပီးေျပာငည္။

"အင္း ၃နွစ္အ႐ြယ္ေလး"

"ငါ့လက္ေပၚမွာပဲအၿမဲတမ္းေနတဲ့ေကာင္ေလး...ေဖေဖ့ကိုတျခားလူထိရင္မႀကိဳက္တဲ့ေကာင္ေလး"

မင္းဆက္ကရယ္၍ေျပာသည္။

"မေန႔တေန႔ကလိုပဲ ...အခ်ိန္ေတြကသိပ္ျမန္တယ္"

မင္းဆက္ကေတြေတြေငးကာေျပာသည္။အာဏာကမင္းဆက္ရဲ႕ပခံုးေပၚကိုေခါင္းမွီခ်လိုက္သည္။

"Daddyကိုစေတြ႕တုန္းကအရမ္းသေဘာက်တာ ...မ်က္လံုးျပာျပာေလးေတြနဲ႔Daddyကိုသိပ္သေဘာက်တာ... ၿပီးေတာ့ ခ်စ္စရာေကာင္းၿပီးႀကံ့ခိုင္တဲ့ ေဖေဖ့ကိုလဲအရမ္းသေဘာက်သလိုခ်စ္တယ္"

အာဏာလဲမင္းဆက္ေျပာေနသည့္စကားမ်ားကိုနားေထာင္ေနရင္း မင္းဆက္ပခံုးေပၚတြင္မွီထားေသာေခါင္းကိုအနည္းငယ္ႂကြၿပီး မင္းဆက္၏ နားထင္ကို သူ၏နွာဖ်ားနွင့္ အနည္းငယ္တို႔ထိလိုက္သည္။

မသိမသာေလးျဖစ္၍ မင္းဆက္ကေတာ့ သတိမထားမိေပ။

"ကြၽန္ေတာ့္မ်က္လံုးကိုေရာ"

အာဏာေမးေတာ့ မင္းဆက္ကရယ္ၿပီး လွည့္ၾကည့္သည္။

"အင္း"

မင္းဆက္ကၿပံဳးၿပီး အင္း ဟုေျပာ၍ အာဏာကနွာေခါင္းရွံု႔သြားသည္။

"ဘာအင္းလဲ... ေသခ်ာေျပာေလ"

"ဟားဟား ... ဘာျဖစ္ေနတာလဲကြ "

"မသိဘူးဗ်ာ .... ေသခ်ာေျပာ"

အာဏာက မင္းဆက္ခါးကိုအတင္းတိုးဖက္ၿပီး ေျပာသည္။မင္းဆက္သူ႔ကို ေၾကာင္ေပါက္ေလးလိုခြၽဲေနေသာ အာဏာကိုၾကည့္ကာ သေဘာတက်ရယ္သည္။ထို႔ေနာက္ အာဏာရဲ႕မ်က္လံုးျပာျပာေလးကိုၾကည့္ကာလက္ေလးျဖင့္ မ်က္ေတာင္ဖ်ားေလးကိုအသာတို႔ထိလိုက္သည္။

"သေဘာက်တယ္"

အာဏာ အသက္ေအာင့္ထားမိသည္။ ခုခ်ိန္တြင္ သူ႔အသက္ေတာင္ေသခ်ာမရွဴရဲ။

"မင္းရဲ႕ မ်က္လံုးေလးေတြကိုသေဘာက်တယ္"

မ်က္လံုးဟုေျပာေသာအခါ အာဏာကခ်က္ခ်င္း မင္းဆက္ကိုဖက္ထားရာမွ လႊတ္ကာကိုယ္ကိုမတ္ေနေအာင္ထိုင္ေနလိုက္၏။

"အိပ္ေတာ့မယ္"

မင္းဆက္ေၾကာင္ေတာင္ေတာင္ျဖစ္သြားၿပီးေမးလိုက္သည္။

"ဟမ္ ... ခ်က္ခ်င္းႀကီးလား"

"အင္း"

အာဏာက ခပ္တည္တည္နဲ႔ေျပာေတာ့ မင္းဆက္ကအံ့ျသသြားသည္။ ခုနကပဲခြၽဲေနတာသူမဟုတ္တဲ့အတိုင္း။

"ဘာလို႔လဲ... ငါဘာမွားေျပာမိလို႔လဲ"

အာဏာက ဘာမွမေျပာဘဲ ေခါင္းအံုးကိုေသခ်ာလုပ္ကာေစာင္ကၿခံဳၿပီးလွဲရန္ျပင္ေနသည္။ရုတ္တရက္ႀကီး ေျပာင္းလဲသြားေသာ အာဏာေၾကာင့္ မင္းဆက္ကမ်က္မွန္ကိုခြၽတ္ၿပီးlaptopကိုပိတ္ကာ ေဘးနားကစာပြဲေပၚသို႔တင္လိုက္သည္။

ထို႔ေနာက္ အာဏာဘက္ကိုတိုးသြားၿပီးထပ္ေမးလိုက္သည္။

"ဘာျဖစ္လို႔လဲ"

မင္းဆက္ကတိုးတိုးေလးေမးေတာ့လည္း အာဏာကလွည့္မၾကည့္။

"ဘာလို႔လဲ"

"ဘာမွမျဖစ္ဘူး အိပ္ေတာ့"

အာဏာကေျပာၿပီး လွဲအိပ္ဖို႔ျပင္သည္။ မင္းဆက္ကေနာက္ကေန အတင္းဆြဲထူလိုက္သည္။

"ေနဦးေလ ဘာျဖစ္သြားတာလဲ... ငါ့ကိုေျပာဦးခ်က္ခ်င္းႀကီးဘာျဖစ္သြားတာလဲ...မ်က္လံုးေလးကိုႀကိဳက္တယ္လို႔ေျပာတာေလ မွားသြားလို႔လား..  မင္းပဲေျပာခိုင္း အာ့!"

အာဏာ သူ႔လက္ကိုအတင္းဆြဲထူေနၿပီတတြတ္တြတ္ေျပာေနေသာ မင္းဆက္ကို ဆြဲဖက္ကာအေပၚမွအုပ္မိုးလိုက္သည္။

"ဘာ.. ဘာ လုပ္တာလဲ.. ဖယ္.. ဖယ္ေပး"

ခ်ီး၊ မင္းဆက္ လန္႔သြားၿပီစကားေတြထစ္ေနသည္။ သူ႔ကိုစိုက္ၾကည့္ေနေသာအာဏာေၾကာင့္ မင္းဆက္နားေတြပူတတ္လာသည္။

"ဖယ္စမ္း... ဘာလုပ္တာလဲ "

"ၿငိမ္ၿငိမ္ေန"

ေလသံတိုးတိုးေလးနွင့္ဆိုကာ နားနားကိုကပ္လာေသာအာဏာေၾကာင့္ မင္းဆက္မ်က္လံုးျပဴးသြားသည္။

"မင္း ဘာလုပ္...  အြန္႔!"

ရုတ္တရက္သူ႔နႈတ္ခမ္းကို ဖိကပ္နမ္းလိုက္ေသာအာဏာေၾကာင့္ မင္းဆက္မ်က္လံုးျပဴးသြားသည္။၁၀စကၠန္႔မ်ွသာၾကာၿပီး အာဏာကျပန္လည္ကာဖိကပ္ထားထားရာမွခြာသြားသည္။

သူ စိတ္ေတြဂေယာက္ဂယက္ျဖစ္ေနလ်က္။

"မင္း ဘာ!"

"ရွဴး"

အာဏာက နႈတ္ခမ္းေပၚတြင္လက္ညႇိုးတင္ၿပီး တိုးတိုးေနရန္ဆိုသည္။ထို႔ေနာက္ျပန္လည္ငံု႔က်လာေသာ အာဏာေၾကာင့္မင္းဆက္ မ်က္လံုးမွိတ္ထားလိုက္သည္။

"အိပ္ေတာ့ "

နားနားကိုကပ္ေျပာၿပီး တစ္ဖက္ကိုလွည့္သြားေသာ အာဏာေၾကာင့္ မင္းဆက္စိတ္တိုသြားသည္။ ဘာကိုတိုမွန္းမသိ။

မင္းဆက္လဲ ေစာင္ကိုပခံုးထိဆြဲၿခံဳၿပီး တဖက္သိုု႔လွည့္ကာအာဏာကိုေက်ာခိုင္းၿပီးအိပ္လိုက္သည္။

တစ္ဖက္ကအာဏာရဲ႕ အၿပံဳးကိုေတာ့မင္းဆက္မျမင္လိုက္။
====================
ည ၂နာရီ

ေတာက္! ေတာက္! ေတာက္!

ထံုးစံအတိုင္းအသံၾကားရ၍ မင္းဆက္နိုးလာသည္။တစ္ဖက္က အာဏာကလဲ နိုးလာခဲ့သည္။ စီစဥ္ထားတဲ့အတိုင္း လုပ္ရန္ အာဏာကထထိုင္လိုက္သည္။

မင္းဆက္ကေတာ့ မသိခ်င္ေယာင္ေဆာင္ၿပီးၿငိမ္ေနလိုက္သည္။၊

အာဏာခုတင္ေပၚကဆင္းကာ စားပြဲအံ့ဆြဲထဲမွ ေသနတ္ကိုယူကာအခန္းထဲမွထြက္လိုက္သည္။ ထို႔ေနာက္မီးဖိုေခ်ာင္မွ ေဘစင္ဆီကိုသြားၾကည့္လိုက္သည္။မီးသီးေသးေသးေလးကိုသာဖြင့္ထား၍ အိမ္ထဲတြင္ေမွာင္ေနသည္။

တစက္စက္က်သံၾကားေနရ၍ အာဏာအသံၾကားရာကို နားစြင့္ကာ သြားေနမိသည္။

"ဒုန္း!!"

"ကိုကို!"

အခန္းထဲကအသံၾကားလိုက္ရ၍ အာဏာ အခန္းထဲသို႔အျမန္ေျပးသြားလိုက္သည္။ အခန္းတံခါးကိုဖြင့္ကာ အခန္းထဲသို႔အျမန္ေျပးဝင္လိုက္သည္။

ခုတင္ေပၚကေစာင္ကိုဆြဲခြာလိုက္ေတာ့ မင္းဆက္ကရွိမေန။ အာဏာျပာသြားၿပီးခုတင္ေဘးကိုသြားၾကည့္ေတာ့ မ်က္မွန္ေလးကက်ကြဲလ်က္သား။

တစ္ခါမွ ခုလိုမၿကံဳဖူး၍ သူစိုးရိမ္လာသည္။ သူေအာ္ေခၚလိုက္သည္။

"ကိုကို!  ကိုကိုဘယ္မွာလဲ!"

အာဏာအခန္းထဲမွထြက္ရန္တံခါးနားသို႔သြားလိုက္သည္။

"ဒုတ္!"

ပူထူသြားေသာေခါင္းေၾကာင့္ အာဏာထိန္းရနိုင္စြာ ၾကမ္းျပင္ေပၚသို႔လဲက်သြားသည္။နဖူးေပၚတြင္စီးက်လာေသာ အနီေရာင္ခြၽဲျပစ္ျပစ္အရည္ေတြေၾကာင့္ ေသြးမ်ားဆိုတာကိုသိလိုက္သည္။ ထို႔ေနာက္မ်က္လံုးအစံုဟာ အေမွာင္ထဲသို႔။

======================

အာဏာ ေခါင္းတစ္ခုလံုးအံုခဲကာနာေန၍ မ်က္လံုးကိုအားတင္းကာဖြင့္လိုက္ရသည္။နွာေခါင္းထဲသို႔ဝင္လာေသာေသြးညႇီနံ႔ေတြေၾကာင့္ နွာေခါင္းရွံု႔မိသည္။

ထို႔ေနာက္ လႈပ္ၾကည့္ေတာ့လႈပ္လို႔မရ။ အျပာေရာင္မွိန္ပ်ပ်မီးေရာင္သာရွိ၍ သတိထားကာေနလိုက္သည္။

"အာ့!"

အာဏာ အသံၾကားရ၍ ေဘးနားကိုလွည့္ပတ္ကာၾကည့္လိုက္သည္။ သူ႔အနားတြင္သူတစ္ေယာက္ရွိသည္ဟုသိရလိုက္ရေသာေၾကာင့္ အာဏာ သတိထားလိုက္သည္။ ေနာက္ျပန္ႀကိဳးတုပ္ခံၿပီး အနီးအနားကိုေသခ်ာၾကည့္မရျဖစ္ေနသည္။

သူ႔ေရွ႕တြင္လူတစ္ေယာက္ထိုင္ေနသလိုျဖစ္ေန၍ အာဏာေသခ်ာၾကည့္လိုက္သည္။အျမင္အာရံုတြင္ သာမာန္လူထက္ ထူးကဲေသာအာဏာက ေမွာင္ထဲတြင္ ဘယ္သူဆိုတာကိုသိနိုင္သည္။

"ကိုကို"

ဖ်က္!

ရုတ္တရက္လင္းထိန္သြားေသာမီးေရာင္ေၾကာင့္အာဏာ မ်က္လံုးကိုမွိတ္ထားလိုက္သည္။ထို႔ေနာက္ မိမိေရွ႕သို႔လာရပ္ေနေသာ ေျခေထာက္တစ္စံုေၾကာင့္ အာဏာ ေမာ့ၾကည့္လိုက္သည္။

မ်က္လံုးအစံုကျပဴးက်ယ္လ်က္။

"ခင္ဗ်ား!"

#30.10.2020
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️

                    [ 🌿 𝑼𝒏𝒊𝒄𝒐𝒅𝒆 🌿]
 
"မင်း"

"ဘာလဲဗျ"

ကားမောင်းနေသော အာဏာကိုမင်းဆက်က လှည့်ကြည့်ကာ စကားပြောရန်စပြီးမှရပ်လိုက်ခြင်းဖြစ်သည်။မင်းဆက်က စကားစလိုက်တော့ အာဏာကမေးဆတ်ကာ မေးသည်။

"မင်းဘယ်လိုလုပ်စဉ်းစားမိတာလဲ... ပန်းချီကားအကြောင်းကို"

မင်းဆက်ကမေးတော့ အာဏာကရယ်သည်။မင်းဆက်ကရယ်နေသော အာဏာကို ကားထဲတစ်သျှူးဗူးနဲ့ကောက်ပေါက်လိုက်သည်။ အာဏာကတော့ တစ်သျှူးဗူးကို ရှောင်လိုက်ပြီးရယ်သည်။

"ငြိမ်ငြိမ်နေ...  ကားမောင်းနေတယ် "

"မေးတာဖြေ"

"ဟော ဇွတ်ပဲ"

"ခုဖြေ "

"ကိုကိုကလဲ ဖြေမှာပေါ့"

"အာ့ဆို ခုဖြေ"

အာဏာ သူ့ကိုသိချင်စိတ်နှင့်ရစ်နေသော မင်းဆက်ကြောင့်ကြိတ်ရယ်မိသည်။ထို့နောက် တစ်သျှူးဗူးကို နေရာကိုပြန်တင်ထားလိုက်ပြီးပြောပြလိုက်သည်။

"ထွေထွေထူးထူးမရှိပါဘူး...ပန်းချီကားထဲမှာအရိပ်ကျတာ မှားနေတာက သေချာကြည့်ရင်သိသာတယ်လေ....ပြီတော့ ပန်းချီကားထဲမှာက သတ္တဝါတွေကိုအများကြီးဆွဲထားတယ်... သွေးကွက်ကိုမြင်ရတယ်..သူပြောတဲ့ ရေခရားက ရေစက်ကျသံကိုဆိုလိုတာလို့ထင်တယ်... ပြီးရင် နောက်ကရေကန်... အဲ့တာကရေပွက်ပဲ.. ရေကူးသံကြားရတယ်လား"

အာဏာကရှေ့ကိုကြည့်ကာကားမောင်းနေရင်းနှင့်ပြောသည်။

"ထားပါ ... ဒီနေ့ကသိရမှာကို "

မင်းဆက်ကခေါင်းညိတ်ပြီး ရှေ့သို့ပြန်လှည့်သွားသည်။

"အာဏာ"

"ဟင်"

မင်းဆက်မေးမိသည်။

"ဘာလို့ဟန်ဆောင်နေတာလဲ"

"ဟင်.... ဘာကိုလဲ"

မင်းဆက်ရဲ့အမေးစကားကို နားမလည်သလိုနှင့်အာဏာကမေးသည်။ထိုအခါ မင်းဆက်ကအာဏာကိုကြည့်ပြီးဆက်မေးသည်။

"မင်းအရင်ကနဲ့မတူတော့ဘူး... လုံးဝပြောင်းလဲသွားတယ်"

"ဟုတ်လား .. ဒါကတော့လူပဲကိုကို.. ပြောင်းလဲတတ်တာပေါ့ ... အပြောင်းအလဲအမြန်ဆုံးက လူပဲမို့လား"

အာဏာကရယ်ပြီး ပြောဆလသည်။ မင်းဆက်ကတော့ ခေါင်းခါပြီးရှေ့သို့ လှည့်သွားသည်။

"ဆိုင်တစ်ဆိုင်ဝင်ကြအောင်... နေ့လယ်စာအတွက်"

"အွန်း "

ထို့နောက် ၂ယောက်သား နေ့လည်စာစားရန်အတွက် ဆိုင်တစ်ဆိုင်သို့ဝင်လာခဲ့သည်။ကားနောက်ခန်ထဲကပန်းချီကားလေးကတော့ အဝတ်စလေးနှင့်ပတ်လျက်သား။

================

အောင်ခန့် ဆိုဖာပေါ်တွင်ထိုင်ကာ ဖိုင်တစ်ထပ်ကြည့်နေသည်။ရှင်းခန့်ကတော့ အားလုံးစားဖို့အတွက် မုန့်သွားဝယ်သည်။ထို့ကြောင့် ဌာနမှာ အောင်ခန့်၊ ဂျောင်ဝူး ၊ စိုင်းအောင် ၃ယောက်သာကျန်ခဲ့သည်။အငယ်ဆုံးဖြစ်သည့်ဂျောင်ဝူးသည် အေးအေးဆေးဆေးသမားလေးတစ်ယောက်ဖြစ်သည်။

အငယ်ဆုံးဟုဆိုသော်လဲ အားလုံးသည်လပိုင်းသာကွာကြသည်။မင်းဆက်ကတော့ အကြီးဆုံးပင်။

"စိုင်းအောင်"

"ဟမ်"

မြန်မာသံအနည်းငယ်ဝဲနေသော ဂျောင်ဝူးရဲ့ခေါ်သံကို စိုင်းအောင်က ထူးလိုက်သည်။

ဂျောင်ဝူးကဆက်ပြောသည်။

"ဒေါ်ချိူဇင်ရဲ့သားက ခရီးထွက်တာမှန်တယ်  .သူငယ်ချင်းတွေနဲ့ ... ခုလောလောဆယ် ရှမ်းပြည်ဘက်ကိုရောက်နေတယ်"

ဒေါ်ချူိဇင်ရဲ့သား ခရီးထွက်သည်မှာအမှန်ဖြစ်ကြောင်းလက်ခံလိုက်ရသည်။

"ပြီးတော့ သူ့မောင်"

"သူ့မောင်....ဂျပန်ကတစ်ယောက်လား"

အောင်ခန့်ကဝင်မေးသည်။ ဂျောင်ဝူးကခေါင်းညိတ်သည်။

"အင်း ဟုတ်တယ်... သူကလောလောဆယ်ဂျပန်ကကုမ္မဏီတစ်ခုကို တာဝန်ယူထားတယ်... မိန်းမလဲမရှိဘူး...တစ်ကိုယ်တည်းသမား"

ဂျောင်ဝူးကပြောပြီး ထိုလူ၏ဓာတ်ပုံကို ပြလိုက်သည်။ အောင်ခန့်ကကြည့်ပြီးဆိုသည်။

"ဒါဆိုဒီလူလဲ မဖြစ်နိုင်ဘူးပေါ့"

"အင်း ဒီပုံစံဆိုမဖြစ်နိုင်ဘူး... သူကလဲ သူ့ဘာသာနေနေတဲ့လူ... ဒီမှာဖြစ်တဲ့ကိစ္စနဲ့ သက်ဆိုင်မှုမရှိဘူးလို့ထင်တယ်"

"ယတိပြတ်မပြောနဲ့"

မုန့်ထုတ်တွေဆွဲကာ ဝင်လာသော ရှင်းခန့်ကပြောသည်။ဝယ်လာသောမုန့်ထုတ်တွေကို ခုံပေါ်ကိုသွားတင်ကာ ဂျောင်ဝူးဆီကိုရောက်လာသည်။

ဂျောင်ဝူးကလဲအလိုက်သိစွာဖြင့် laptop ကို လက်ထဲထည့်ပေးလိုက်သည်။Screenပေါ်တွင်မြင်နေရသည့် လူပုံနှင့်အချက်အလက်များကိုကြည့်ကာ ခေါင်းညိတ်ပြီး ဂျောင်ဝူးကိုပြန်ပေးလိုက်သည်။

"တရားသေမမှတ်နဲ့ဦး... တရားခံကိုမဖမ်းမိသေးသရွေ့ ဒေါ်ချိူဇင်တို့မိသားစုကသံသဃရှိတဲ့လူတွေပဲ"

ရှင်းခန့်၏ စကားကို အားလုံးကခေါင်းညိတ်သည်။

"နားလေ.. နေ့လယ်စာမစားရသေးဘူးမို့လား"

"ဟုတ်တယ် ... ကျွန်တော်တို့စားလိုက်ဦးမယ်"

"okok...  အောင်ခန့် မင်းသူတို့နဲ့စားနှင့်... ငါခဏအိပ်လိုက်ဦးမယ်"

၂ညဆက်တိုက်မအိပ်ရသေး၍ ရှင်းခန့်ကပြောသည်။

"အွန်း အိပ် ... ကျွန်တော်လဲပြီးမှအိပ်ဦးမယ်"

"ဟုတ်ပြီ"

ရှင်းခန့်လဲ စောင်အပါးလေးတစ်ထည်ကိုယူကာဆိုဖာပေါ်တွင်လှဲကာအိပ်လိုက်သည်။

အောင်ခန့်တို့၃ယောက်ကတော့ ရှင်းခန့်ဝယ်လာသော ဟမ်ဘာဂါများ၊ပီဇာများကိုစားနေပြီး စကားပြောနေကြသည်။အငယ်လေးဂျောင်ဝူးကတော့ထုံးစံအတိုင်းငြိမ်ငြိမ်လေးထိုင်ကာ စားနေသည်။

"စိုင်းအောင်"

"ဘာလဲ"

အောင်ခန့်ကမေးတော့ စိုင်းအောင်ထူးသည်။လက်ထဲကမုန့်ကတော့ အစားမပြတ်။

"အာဏာကတစ်မျိုးပဲနော်"

အောင်ခန့်အမေးကို စိုင်းအောင်ကစားနေရင်းနှင့်ပလုပ်ပလောင်းမေးသည်။

"ဘာလို့လဲ"

ထိုအခါ အောင်ခန့်က လက်ထဲကဘာဂါကိုချပြီးဆက်ပြောသည်။

"စဉ်းစားကြည့်ကွာ... သူကခေါင်းဆောင်ကိုတအားကပ်နေသလိုပဲ"

"ဘာကပ်"

"မင်းကလဲ  တပူးပူးတတွဲတွဲဖြစ်တာကိုပြောတာလေကွာ .. ခေါင်းဆောင်နောက်ကိုပဲ အမြဲတမ်းတကောက်ကောက်လိုက်တယ်... ကျောင်းလဲမတတ်ဘူး"

ဂျောင်ဝူးကဖြေသည်။

"ကျောင်းပိတ်ထားတယ်လေ"

အောင်ခန့်ကပြောသည်။

"ကျောင်းမပိတ်ခင်ကလဲ  ဒီတိုင်းပါပဲ"

စိုင်းအောင်ကလဲခေါင်းညိတ်သည်။သူကပြောသည်။

"သူ့အကိုကိုတော်တော်ချစ်ပုံပဲနော် "

"အေး ပြီးရင်တအားသဝန်တိုသလိုပဲ ... ခေါင်းဆောင်ကိုပခုံးလေးဖက်ရင်တောင် အကြည့်ကကြောက်စရာကြီး"

အောင်ခန့်က လက်၂ဖက်ကိုယှက်ကာရင်ဖက်ပေါ်တင်ပြီး ကြက်သီးထသလိုလုပ်ပြသည်။

"အကိုထိဓားကြည့်ပေါ့ "

"စောက်စကားတွေများမနေနဲ့ ...  စားစရာရှိစား"

စောင်အပါးလေးကိုခေါင်းထိခြုံကာအိပ်နေသော ရှင်းခန့်ကပြောသည်။ထိုအခါမှအသံတိတ်သွားပြီး တိတ်တိတ်လေးစားနေလိုက်သည်။

=================

ညနေ၆နာရီ။

ရှင်းခန့်ကအဝတ်အစားလဲကာ ဒေါ်ချိုဇင်ရဲ့ အိမ်ကိုသွားပြီးစောင့်ကြည့်ရန်ပြင်ဆင်နေသည်။ အောင်ခန့်ကလဲ သွားဖို့အတွက် ပြင်ဆင်နေသည်။

ရှင်းခန့် ပြင်ဆင်ပြီးတော့ အောင်ခန့်ကိုလှည့်ကြည့်လိုက်သည်။ လက်ထဲမှာအထုတ်တွေကိုကိုင်ထားပြီး သူ့ကိုကြည့်နေသောကြောင့် ရှင်းခန့်မျက်မှောင်ကြုတ်လိုက်သည်။ထု့ိနောက်သူမေးလိုက်သည်။

"ဘာတွေလဲ "

အောင်ခန့်လက်ထဲက အထုတ်တွေကိုမျက်စာပြစ်ပြလိုက်သည်။ထိုအခါအောင်ခန့်ကရယ်ပြီး လက်ထဲကအထုတ်တွေကို မြှောက်ပြရင်းဖြေသည်။

"မုန့်တွေလေ...အချဉ်ပေါင်းတို့ဘာတို့ပေါ့... ညဖက်စားရအောင်"

အောင်ခန့်ရဲ့အဖြေကြောင့် ရှင်းခန့်ကမျက်နှာမဲ့၏။ရှင်းခန့်ကပြောသည်။

"ရုပ်ရှင်သွားကြည့်တယ်မှတ်နေတာလား"

အောင်ခန့်ကအေးအေးဆေးဆေးပင်ပြန်ပြောသည်။

"အဲ့လိုသဘောပဲလေ မဟုတ်လို့လား...ကားထဲထိုင်ပြီး သူ့အိမ်ကြီးကိုစောင့်ကြည့်နေရတာ"

မနိုင်စိန် အောင်ခန့်ကိုရှင်းခန့်လဲ ပြောမရမဲ့အတူတူခေါင်းခါလိုက်သည်။

"တော်ပြီ...သွားမယ် "

"ok"

ထို့နောက် ရှင်းခန့်ကစိုင်းအောင်နှင့်ဂျောင်ဝူးကိုကြည့်ကာမှာလိုက်သည်။

" ငါထူးခြားရင်ဆက်သွယ်မယ် ...၂ယောက်စလုံးသတိရှိနော်... အချိန်ကြာတာတွေမဖြစ်စေနဲ့"

"ဟုတ်ကဲ့"

ထို့နောက် ၂ယောက်သား ကားဖြင့် ဒေါ်ချိူဇင်ရဲ့အိမ်ကိုသွားလိုက်သည်။

=====================

ပန်းချီကားကို ပြန်ချိတ်ပြီးနောက် ၂ယောက်သားခုတင်ပေါ်မှာထိုင်ကာအေးဆေးနေလိုက်သည်။ညစာ စားသောက်ပြီးအာဏာက ဂိမ်းဆော့နေသည်။

မင်းဆက်ကတော့ မျက်မှန်ကိုတပ်ပြီး laptopနဲ့အလုပ်ရှုပ်နေသည်။

အာဏာကဂိမ်းဆော့နေရင်း မင်းဆက်ကိုကြည့်လိုက်တော့ laptopကိုအာရုံစိုက်နေသည်။ မင်းဆက်ကြည့်နေသည့်အရာကိုကြည့်မိတော့ အာဏာပြုံးလိုက်သည်။

"Daddyတို့ကိုသတိရနေတာလား"

အာဏာကမေးတော့ မင်းဆက်ကလှည့်ကြည့်လာသည်။ ထိုနောက်ခေါင်းညိတ်ပြီးဖြေသည်။

"အင်း...သတိရတာပေါ့"

မိသားစုဓာတ်ပုံလေးကိုကြည့်ကာမင်းဆက်ကဖြေသည်။ မှိုင်းကခွန်းကိုဖက်ထားပြီး မင်းဆက်ကိုချီထားသည်။အာဏာကိုတော့ ခွန်းကချီထားသည်။

"၃နှစ်သားအရွယ်လေး "

မင်းဆက်ကရယ်ပြီးပြောသည်။ မင်းဆက်ရယ်တာကိုမြင်တော့ အာဏာကလဲပြုံးပြီးပြောငည်။

"အင်း ၃နှစ်အရွယ်လေး"

"ငါ့လက်ပေါ်မှာပဲအမြဲတမ်းနေတဲ့ကောင်လေး...ဖေဖေ့ကိုတခြားလူထိရင်မကြိုက်တဲ့ကောင်လေး"

မင်းဆက်ကရယ်၍ပြောသည်။

"မနေ့တနေ့ကလိုပဲ ...အချိန်တွေကသိပ်မြန်တယ်"

မင်းဆက်ကတွေတွေငေးကာပြောသည်။အာဏာကမင်းဆက်ရဲ့ပခုံးပေါ်ကိုခေါင်းမှီချလိုက်သည်။

"Daddyကိုစတွေ့တုန်းကအရမ်းသဘောကျတာ ...မျက်လုံးပြာပြာလေးတွေနဲ့Daddyကိုသိပ်သဘောကျတာ... ပြီးတော့ ချစ်စရာကောင်းပြီးကြံ့ခိုင်တဲ့ ဖေဖေ့ကိုလဲအရမ်းသဘောကျသလိုချစ်တယ်"

အာဏာလဲမင်းဆက်ပြောနေသည့်စကားများကိုနားထောင်နေရင်း မင်းဆက်ပခုံးပေါ်တွင်မှီထားသောခေါင်းကိုအနည်းငယ်ကြွပြီး မင်းဆက်၏ နားထင်ကို သူ၏နှာဖျားနှင့် အနည်းငယ်တို့ထိလိုက်သည်။

မသိမသာလေးဖြစ်၍ မင်းဆက်ကတော့ သတိမထားမိပေ။

"ကျွန်တော့်မျက်လုံးကိုရော"

အာဏာမေးတော့ မင်းဆက်ကရယ်ပြီး လှည့်ကြည့်သည်။

"အင်း"

မင်းဆက်ကပြုံးပြီး အင်း ဟုပြော၍ အာဏာကနှာခေါင်းရှုံ့သွားသည်။

"ဘာအင်းလဲ... သေချာပြောလေ"

"ဟားဟား ... ဘာဖြစ်နေတာလဲကွ "

"မသိဘူးဗျာ .... သေချာပြော"

အာဏာက

You are reading the story above: TeenFic.Net