Part-1
Background color
Font
Font size
Line height
ဝူးးးတီ တီ...
အရှိန်ဖြင့်မောင်းနှင်လာသောပြိုင်ကားအဖြူလေးတစ်စီးကကျောင်း၀င်းရှေ့ရောက်တော့ဖြည်းဖြည်းချင်းရပ်တန့်သွားသည်
ကားပေါ်ကဆင်းလာသည်နှင့်တစ်ပြိုင်နက်ကောင်မလေးတစ်စု၏အော်ဟစ်သံများက တစ်ကျောင်းလုံးကိုပျံ့နှံ့သွားသလားအောက်မေ့ရသည်။
" အားး Park Sunghoonကချောလိုက်တာ! "
" ငါ့ရဲ့မင်းသားလေး "
" တစ်ရက်လောက်တွဲရရင် ငါတော့သေပျော်ပြီ "
" တနေ့လုံးသာထိုင်ကြည့်လိုက်ချင်တယ် ချောချက်က "
" ဟဲ့ ဟဲ့ ..သူငါ့ဘက်ကိုကြည့်လာတယ်ဟဲ့ ငါ့ကြိုက်နေလို့ပဲနေမှာ "
" အမလေးကြိုက်ဦးမယ်များများကြီး ငါ့ဘက်ကိုပဲကြည့်လာတာမမြင်ဘူးလား ကောင်မ ငါချထည့်လိုက်ရ "
" ချစ်တယ်နော် Sunghoonieရေ "
နေ့တိုင်းကြားနေကျစကားတွေမို့ သူအထူးဆန်းမလုပ်တော့ပေ ။ ဘေးအိတ်ကိုတစ်ဖက်စောင်းလွယ်လိုက်ပြီး အော်ဟစ်နေကြတဲ့ကောင်မလေးတွေကိုလျှစ်လျူရှုပြီး ကန်တင်းဘက်ကိုလျှောက်လာလိုက်သည်။
" ပေါ်လာသေးတယ်နော် ဟေ့ကောင်..ငါတို့ကသေပြီမှတ်နေတာ "
" အဲ့ဒါပေါ့ ငါတို့နှစ်ကောင်စောင့်နေတာ နာရီ၀က်တောင်ရှိနေပြီကွ ဘာလုပ်နေတာလဲ"
စောင့်နေရ၍စိတ်မရှည်ပဲအော်ငေါက်လာသောငယ်ပေါင်းနှစ်ယောက်ကိုကြည့်ရင်းသူရီချင်လာသည်။
Jay..သူကတော့ မိဘတွေကခင်ကြတာမို့ငယ်ငယ်လေးထဲကပေါင်းလာတဲ့ကျွန်‌ေတာ့်ရဲ့အခင်‌ဆုံးသူငယ်ချင်း.. playboyဆိုလဲမမှားပါ ဒါပေမယ့်ကျွန်တော့်လောက်မဆိုးဘူးးဟဲ ဟဲ
သူလဲဘာထူးလို့လဲ ကိုယ့်လိုပဲအိပ်လိုက်စားလိုက်လျှောက်လည်လိုက်နှင့်အချိန်ကုန်နေတတ်တာချည်းပင်။
နောက်တယောက်ကတော့ Ni-Ki ..
Park Jay ထက်နောက်ကျမှခင်ပေမယ့် စိတ်တူကိုယ်တူတွေမို့ ပေါင်းသင်းရအ‌ဆင်ပြေသည် သူလဲခေသူတော့မဟုတ် မိဘနှစ်ပါးကလဲမနိုင်လို့သာလွတ်ထားရသည်
သူတို့သုံးယောက်ကအပေါင်းအသင်းမဆန့်ဘူးလားဆိုလဲမဟုတ်ပေ မပေါင်းချင်ဘူးဆိုမှန်လိမ့်မည် တချို့က ငွေကြောင့်သူတို့နှင့်ခင်ချင်ကြမှန်းသူတို့သိသည် ထို့ကြောင့်ထပ်မပေါင်းတော့ပါ
"အိပ်ယာထနောက်ကျသွားလို့ပါကွာ နင်တို့ကလဲ စောင့်လဲစောင့်ပေါ့ကွ ဘာဖြစ်ချင်တာလဲ "
ဒီလိုပြန်ပြောမှာသိပေမယ့် ငေါက်၍များရမလားလို့ပြောလိုက်ပေမယ့် သူတို့ပဲပြန်အငေါက်ခံလိုက်ရသည်
စားသောက်ပြီး၍စာသင်ဖို့ရာ အခန်းဆီသို့သုံးယောက်သား ဖြည်းဖြည်းချင်း‌ေလျှာက်သွားလိုက်သည်။
                      ~~            ~~          ~~
" ဟူးးးပင်ပန်းလိုက်တာကွာ ဒီနေ့မှအော်ဒါတွေများနေတယ် "
နေ့လည်စာစားချိန်ဖြစ်၍မစားရသေးခင်ငြီးတွားလိုက်သည်။ ဆိုင်မှာကသူအပါအ၀င် အမတစ်ယောက်ညီမတယောက် သူနှင့်ရွယ်တူကောင်လေးနှစ်ယောက်ကိုသာခန့်ထားသည်။ ဘ၀တူတွေမို့အလုပ်လုပ်ရာတွင်ပြောရဆိုရအဆင်ပြေသည်။ ထပ်ခန့်၍ရပေမယ့် လူအများကြီးဆို စိတ်ရှုပ်စရာဖြစ်ကုန်မည်စိုး၍သာမခန့်တော့ခြင်းဖြစ်သည်။
" အယ်..ငါမောင်‌လေးပင်ပန်းနေတယ်ပေါ့  ဘာစားချင်လဲပြော မမမှာပေးမယ် "
သူတို့ဆိုင်ကလေးကအတော်အသင့်နာမည်ရထားပြီးသားမို့ ၀င်ငွေအအတော်လေးအဆင်ပြေ‌သည်။ထို့ကြောင့် အမြဲတမ်း၀ယ်ကျွေးနေကျသည်ချည်းပင်
" မမ Lim.. "
‌" ‌အင်းးပြော "
" ကျွန်တော် ramyeon စားချင်လို့ အဲ့တာပြုတ်ကျွေးလို့ရမလားး "
အမ Lim သည်သူ့ကိုရော အလုပ်ထဲကကလေးတွေကိုပါအမြဲတမ်းနွေးနွေးထွေးထွေးဆက်ဆံတတ်သည်။ ထိုအချက်များကြောင့် အမ Lim ကိုသူအမအရင်းတစ်ယောက်လိုချစ်သည်။
" ဒီကောင်လေးနဲ့တော့ ခက်ပြီ.. ramyeon ကြီးပဲစားမနေနဲ့ တခြားဟာတွေလဲစားပါအုံး ခဏခဏစားနေရင်ကျန်းမာရေးအတွက်မကောင်းဘူးလေကွယ် "
မောင်လေးတယောက်ကောက်ရထားသလိုပင်။ ဒီကောင်လေးက ramyeon စားရသည်ကိုသဘောကျသည်တဲ့လေ။ သူတို့နှင့်ဆို တခါတလေကလေးဆန်တတ်ပေမယ့် အလုပ်ခွင်ထဲတွင်တော့ မျက်နှာတည်ကြီးဖြစ်နေတတ်သည်။အချိန်တိုင်း အလုပ် အလုပ် အလုပ်ပဲလုပ်နေသည်မို့ သူမလဲတခါတလေဖျောင်းဖျဖူးသည်။ ဖျောင်းဖျပေးတိုင်း သူထိုအလုပ်ကို သဘောကျ၍လုပ်သည်ဟုချည်းပင်ပြန်ဖြေတတ်သည်။ ခက်တော့တာပဲ ဒီကောင်လေးနဲ့တော့..
" ဟာ..မမ Lim ကလဲ ကျွန်တော် ramyeon တအားကြိုက်မှန်းသိရဲ့သားနဲ့ကို "
ပြိုတော့မဲ့မိုးလို ဆူပုတ်လာတဲ့မျက်နှာကြောင့် သူမလဲမပြောချင်တော့ပေ။
" ဟုတ်ပါပြီရှင် ဟုတ်ပါပြီ ..ကျွန်မအခုပဲသွားပြုတ်လိုက်ပါ့မယ် ကိုယ်တော်ချောလေးရေ ဟုတ်ပြီလား "
" ဒါမှ ကျွန်တော့ မမကွ "
သူမလဲစကားဆုံးသည်နှင့် ramyeon ပြုတ်ဖို့ရာ ဆိုင်နောက်ခန်းဆီသို့ ဦးတည်လိုက်သည်။
#Noted - ဇာတ်လမ်းပုံစံလေးကရိုးရိုးရှင်းရှင်းပုံလေးမို့ အရမ်းပျင်းစရာကောင်းနေရင် တောင်းပန်ပါတယ်🙇
ဝူးးးတီ တီ...
" ငါ့ရဲ့မင်းသားလေး "
Jay..သူကတော့ မိဘတွေကခင်ကြတာမို့ငယ်ငယ်လေးထဲကပေါင်းလာတဲ့ကျွန်တေျာ့ရဲ့အခငျဆုံးသူငယ်ချင်း.. playboyဆိုလဲမမှားပါ ဒါပေမယ့်ကျွန်တော့်လောက်မဆိုးဘူးးဟဲ ဟဲ
စားသောက်ပြီး၍စာသင်ဖို့ရာ အခန်းဆီသို့သုံးယောက်သား ဖြည်းဖြည်းချင်းလြှောကျသှားလိုကျသညျ။
           ~~      ~~     ~~
" မမ Lim.. "
" အင်းးပြော "
အမ Lim သည်သူ့ကိုရော အလုပ်ကကလေးတွေကိုပါအမြဲတမ်းနွေးနွေးထွေးထွေးဆက်ဆံတတ်သည်။ ထိုအကြောင့်များကြောင့် အမ Lim ကိုသူအမအရင်းတစ်ယောက်လိုချစ်သည်။
ပြိုတော့မဲ့မိုးလို ဆု့တ်လာတဲ့မျက်နှာကြောင့် သူမလဲမပြောချင်တော့ပေ။
" ဟုတ်ပါပြီရှင် ဟုတ်ပါပြီ ..ကျွန်မအခုပဲသွားပြုတ်လိုက်ပါ့မယ် ကိုယ်တော့ချောလေးရေ ဟုတ်ပြီလား "
" ဒါမှ ကျွန်တော့ မမကွ "
You are reading the story above: TeenFic.Net