𝟥

Background color
Font
Font size
Line height


၇ရက်မှာ၇ရက်လောက်က ပိတ်ရက်ဖြစ်နေရင်ကောင်းမှာပဲ။

အခုတောင် ကျောင်းကို တာဝန်အရလာတက်နေတာ။
မျက်လုံးက သိပ်ပွင့်ချင်နေတာမဟုတ်။
တက်ကြွမှုရှိမနေတဲ့ ထယ်ရယ်က ဘာကို အလိုမကျဖြစ်နေမှန်းမသိ နူတ်ခမ်းကို မဲ့ရွဲ့ပြီး တက်ရမယ့် အတန်းထဲ အိပဲ့ အိပဲ့နဲ့ ဝင်လိုက်တော့ ခုံပေါ်မှာ တွေ့လိုက်ရတဲ့ ဘနားနားနို့ဗူးနဲ့အတူ ချိစ့်ကိတ်ကိုမြင်လိုက်ရတယ်။

ဘယ်သူကများ ထယ်ရယ့်ခုံပေါ်မှာ လာထားရတာလဲ။

အခန်းထဲကိုဝေ့ကြည့်လိုက်တော့ အကုန်လုံးက သူ့ဟာသူထိုင်နေကြတာမို့လို့ ဉာဏ်မတုံးတဲ့ ထယ်ရယ်က ဒီမုန့်တွေဟာ သူ့ကို လာပိုးပန်းချင်နေတဲ့လူက  အဖိုးအခအနေနဲ့ လာဘ်ထိုးနေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။

သူများပေးတဲ့ မုန့်တွေ မစားနဲ့ဆိုပြီး ကိုးရီးယားမှာ ကျန်ခဲ့တဲ့ ဖွားဖွားက မှာထားပြန်တော့ ထယ်ရယ်က မစားပဲ ဘေးကိုရွေ့ပစ်လိုက်တယ်။

ဒီနေ့အတွက် အတန်းချိန်က တစ်ချိန်တည်းရှိတာမို့ ထယ်ရယ်က အတန်းဆင်းပြီဟေ့ဆိုတာနဲ့ လွယ်အိတ်ကောက်လွယ်ပြီး လှစ်ကနဲထွက်လာလိုက်တယ်။ ပြီးတော့ အမည် မသိ တစ်စုံတစ်ယောက်ပေးတဲ့ မုန့်ကိုလဲ အပါယူခဲ့ရသေးတယ်။ အတန်းထဲမှာ ပစ်ထားခဲ့ရင်လဲ မကောင်းဘူးလေ။

ယူလာတဲ့ မုန့်ကို အမှိုက်ပုံးထဲပစ်ထည့်လိုက်တော့ အနောက်က ထွက်လာတဲ့ ကိုးရီးယားစကားအသံသေးသေးလေး။

"ကိုကိုကြီး!!"

ဘယ်ကိုးရီးယားလူမျိုးက သူ့ကို ကိုကိုကြီး လို့ လာခေါ်နေရတာတုန်း။

ထယ်ရယ် နောက်ကိုလှည့်ကြည့်လိုက်တဲ့ အချိန် အယ် ကနဲ တောင် ဖြစ်သွားရတယ်။

ချစ်စရာလေးရယ်။
မျက်လုံးရွဲကြီးကြီးတွေကို ပ်ိုင်ဆိုင်ထားတဲ့ကောင်လေး။
ပန်းနုရောင်သမ်းနေတဲ့ ပါးနှစ်ဖက်ကြောင့် မက်မွန်းသီးနဲ့တောင် တူသေး။
ရှေ့မှာကျနေတဲ့ကျောပ်ိုးအိတ်ကြိုးတွေကို လက်နဲ့ တင်းနေအောင် ကိုင်ထားပြီး ခြေထောက်ကို ခုန်ဆွခုန်ဆွလိုလုပ်နေသေးတာကြောင့် ယုန်နားရွက်သာရှိရင် ဒီကောင်လေးက ချစ်စရာကောင်းတဲ့ ယုန်ပေါက်လေးတစ်ကောင်ဖြစ်နေမှာ။

ဒါပေမဲ့ ဒီယုန်ပေါက်လေးက ဘာလို့ ဝမ်းနည်းစရာပေါက်နေတာလဲ။

ထယ်ရယ် မမှားဆိုရင် ယုန်ပေါက်က အမှိုက်ပုံးကို ဆူပုတ်ပုတ်ကြည့်နေတာ။ မဟုတ်မှ သူပစ်လိုက်တဲ့ ဘနားနားနစ်နှင့် ချိစ့်ကိတ်ကို စားချင်လို့များလား။

ထယ်ရယ်က ယုန်ပေါက်ကောင်လေးဆီ အကြည့်ပြန်ပို့လိုက်တော့ မျက်ရည်ဥတွေဝဲလို့။

ပြီးတော့ ချစ်စရာကောင်းတဲ့ အသံနဲ့ ထယ်ရယ်ကိုပြောလာတယ်။

"ကိုကိုကြီးက ဘနားနားမစ်နှင့် ချိစ့် မကြိုက်လို့လားဟင်"

ဘုရားရေ..အဲ့မုန့်တွေကို ပေးတာ ဒီယုန်ပေါက်လေးလို့တော့ လာမပြောနဲ့နော်။ ဒီချစ်စရာ ယုန်ပေါက်လေးက ကင်မ်ထယ်ရယ် ဆိုတဲ့ သူ့ကို ချစ်ကြိုက်နေတာလား။

မဖြစ်နိုင်တာတွေ ..ကလေးလေးလိုမျက်နှာနဲ့ သူ့ကို!!
ပိုလို့တောင် မဖြစ်နိုင်ပါ။

"ဘာလို့ပစ်လိုက်တာလဲဟင် စိတ်မကောင်းဘူး"

ခေါင်းငုံ့သွားတဲ့ ကောင်လေးကြောင့် ထယ်ရယ် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားရတယ်။

"နောက်ဆိုအဲ့လိုမလွှင့်ပစ်ပါနဲ့၊ ယူဂျင်း က ကိုကိုကြီး ကြိုက်မယ် ထင်လို့ပါ"

အို..ယုန်ပေါက်လေး သူ့ကိုယ်သူ သုံးနူန်းလိုက်တဲ့ နာမည်က ယူဂျင်းတဲ့။ နာမည်လဲ ချစ်စရာကောင်း၊ လူလေးလဲ ချစ်စရာကောင်းလိုက်တာလို့ ထယ်ရယ် ပထမဆုံးအကြိမ် လူတစ်ယောက်ကိုချီးကျူးမိလိုက်ခြင်း။

"ဟို.."

အခုအချိန်ထိ ထယ်ရယ်က သူ့ပါးစပ်ကနေ ယုန်ပေါက်ကို ဘယ်လိုစကားနဲ့ တုံ့ပြန်ရမလဲ မသိသေးပါ။

"ကိုကိုကြီး ဘာကြိုက်တတ်လဲ ယူဂျင်းကိုပြောပြလေနော်၊ ယူဂျင်းက မနက်ဖြန်ကျ ဝယ်လာခဲ့မယ်လေ"

"အာ..မင်းက ယူဂျင်းနော်..အဟမ်း"

"ဟုတ်..."

"အဲ့လိုမျိုး မုန့်တွေ ဝယ်ပေးဖို့မလိုပါဘူး"

ထယ်ရယ်က ယဉ်ယဉ်ကျေးကျေးငြင်းတော့ ယူဂျင်းရဲ့ မျက်နှာက ငိုမဲ့မဲ့ကျ သွားတယ်။

"ဘာလို့လဲဟင် ယူဂျင်းကို သဘောမကျလို့များလား..အဲ့လိုမလုပ်ပါနဲ့ ကိုကိုကြီး"

ထယ်ရယ်မှာ ပြောစရာ စကားတွေ ပျောက်ဆုံးသွားရတယ်။

ဒီယုန်ပေါက်လေးက အဲ့လိုလဲ စကားကိုချစ်စရာကောင်းအောင်ပြောတတ်သေးတာလား။

ထယ်ရယ်က ဘာရယ်မဟုတ် ပါးချိုင့်တွေ ခွက်တဲ့ အထိ ပြုံးရယ်မိလိုက်တော့

"ကိုကိုကြီးရဲ့ အဲ့ပါးချိုင့်တွေကို ယူဂျင်း ကြိုက်လိုက်တာ" တဲ့လေ။

"ကျေးဇူး ယူဂျင်းလေး.."

"ဝါး..အခု ယူဂျင်းလေးလ်ို့ခေါ်လိုက်တာလား ဟီးဟီး ပျော်လိုက်တာ"

လက်လေးနှစ်ဖက်အုပ်ကာ သဘောတစ်ကျရယ်နေပုံများ ချစ်စရာကောင်းလွန်းနေပြန်တော့ ထယ်ရယ်လဲ ထပ်တူ ရယ်လိုက်မိတယ်။

"ကိုကိုကြီးရဲ့ ယူဂျင်းလေးကို ဖြေပါဦး..ကိုကိုကြီး ဘာကြိုက်တတ်လဲလို့!!"

သွားလေးတွေပေါ်အောင် ပြောလာပြန်တဲ့ ယူဂျင်းကြောင့် ထယ်ရယ်လဲ မတုံ့မဆိုင်းတော့ပဲ ပြန်ဖြေလိုက်တယ်။

"ယူဂျင်းလေး ကြိုက်တာသာဝယ်ခဲ့ပါ"

"ဟီး ဒါဆို..ယူဂျင်းဝယ်လာမယ်၊ ကိုကိုကြီး မလွှင့်ပစ်ရဘူးနော်"

"အင်း.."

ထယ်ရယ်က ခေါင်းညိမ့်ပြလိုက်တော့ ယူဂျင်းက ဟီးကနဲ ထပ်ရယ်မောကာ လက်ခုတ်ဖွဖွလေးတီးတယ်။


•Temperature Of Kiss•

သန့်စင်ခန်းထဲမှာ လက်ဆေးနေတုန်းမှာ နားကြားထဲ ယားကျိကျိ ခံစားဖြစ်လာတော့ လန့်ပြီးအော်မိသွားတယ်။

"အမေ့!!!

ထယ်ရယ်ရဲ့နားရွက်ကြားထဲမှာ ပန် ပေးခံလိုက်ရတဲ့ အနံ့ခပ်မွှေးမွှေးပန်းတစ်ပွင့်က လှလှပပ နေရာယူထားလေတယ်။

"အို..အစ်ကိုထယ်ရယ်က ခဏခဏလန့်တတ်တယ်နော်၊ဒါပေမဲ့ ချစ်စရာကောင်းနေတုန်းပဲ"

တရားခံက ရှန်ချွမ်းရွေ့။

သူနဲ့ ဘယ်လိုဖြစ်ပြီး သန့်စင်ခန်းမှာလာတွေ့နေရတာလဲ။
နဲနဲလေးမှ ကျက်သရေကိုရှိမနေဘူးပဲ။

စိတ်တိုလိုက်တာ။

ထယ်ရယ်က ဒီပန်းကို ချွမ်းရွေ့ဆီက ဖြစ်နေတော့ ချက်ချင်း ပြန်ဖြုတ်ထုတ်လိုက်တော့ ချွမ်းရွေ့ဆီက လှောင်ရယ်သံထွက်လာတယ်။

ထယ်ရယ်ရဲ့မျက်မှောင်တွေ တွန့်ကွေ့သွားတာက 'ရှန်ချွမ်းရွေးက ဘာကိစ္စ လှောင်ရယ်သံပြုနေရတာလဲ' လို့ အဓိပ္ပာယ်ဆောင်တယ်။

ပြီးတော့ ဘာအကြောင်းပြချက်ရှိလို့ ယောကျာ်းလေးတစ်ယောက်ကို ပန်းလာပန်ပေးနေရတာလဲ။

ယောကျာ်းလေးဖြစ်လဲ ပန်းလာပန်ပေးတယ်ထားဦး၊ဒီကောင် ဘယ်လမ်းကြောင်းကို ခုတ်မောင်းနေတာလဲဆိုတာ ဉာဏ်ကောင်းတဲ့ ထယ်ရယ်က သဘောတန်းပေါက်ထားပြီးသား။

ထိုအချိန်မှာ ဘယ်ကလာမှန်းမသိတဲ့ ပျားတစ်ကောင်က ထယ်ရယ်နား ဝေ့ဝဲပျံသန်းနေတော့ ထယ်ရယ်က ရှောင်လိုက်တယ်။

ဒါကို ချွမ်းရွေ့က သဘောတစ်ကျ ချစ်စရာကောင်းအောင် ရယ်တယ်ပေါ့!

"တွေ့လား အစ်ကိုက ပန်းလေးပဲ..ဟမ်..ကြည့်ပါဦး ပျားကတောင် ဘယ်ဟာက ပန်းလဲဆိုတာ သိနေတယ်"

ထယ်ရယ်ရဲ့မျက်နှာက အစာမကြေသလိုဖြစ်နေတဲ့ မျက်နှာဘေးဖြစ်သွားတယ်။

မိန်းကလေးတွေကို ပလေးရတာ အားမရလို့ ထယ်ရယ်ဆီကို ခြေဦးတည်နေသလား။

ပြီးတော့ ဆုံးဖြတ်ချက်တစ်ခုကို ချကာ မေးလိုက်တယ်။

"ရှန်ချွမ်းရွေ့..မင်း  ဒီလိုပေါပေါပဲပဲ စကားတွေ ငါ့ကို လာပြောရတဲ့ အကြောင်းအရင်းက ဘာလဲ"

"ပေါပေါပဲပဲတဲ့လား..အစ်ကိုတကယ် မသိဘူးလား၊ ဝမ်းနည်းစရာပဲဗျာ..အစ်ကိုက ကျွန်တော့်မျက်လုံးထဲမှာ ပန်းလေးပဲကို"

လေသံကို အမြင်ကတ်စရာကောင်းအောင်ပြောနေတဲ့ ချွမ်းရွေ့ကို ထယ်ရယ် ပိတ်တီးချင်စိတ်ဖြစ်လာတာ လက်ပါ ယားလို့။

"ကျွန်တော်စုံစမ်းထားရသလောက် အစ်ကို က အတန်းထဲက လူတွေနဲ့ လဲ အပေါင်းအသင်း သိပ်မလုပ်ဘူးဆို"

"အဲ့ဒါ ငါ့ကိစ္စလေ၊ ပြီးတော့ ငါ့အကြောင်း လိုက်မစုံစမ်းနဲ့ ငါမကြိုက်ဘူး"

"ဘယ်လိုလုပ်မလဲ ကျွန်တော်က အစ်က်ိုနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို သိချင်နေတဲ့ ကောင်မို့လို့ ဆက်စုံစမ်းနေဦးမှာ"

"မင်း..."

ထယ်ရယ် တစ်ကယ်စိတ်တိုရပါ၏။ ဒီရှန်ချွမ်းရွေ့က ထယ်ရယ်ရဲ့ ဒေါသကို ဇာကနာနဲ့ ဆွပေးနေသလိုပင်။

အခြားလူတွေရဲ့ အမြင်မှာ ရှန်ချွမ်းရွေ့က စတိုင်ကျကျကောင်လေးတစ်ယောက်၊ပြီးတော့ ခေါင်းဖြူလေးကြောင့် ပိုထင်ပေါ်နေတယ်ပေါ့ ဆိုပြီး ချီးကျူးကြလိမ့်မယ်။

ထယ်ရယ်က အမြင်ကတ်နေတဲ့သူဆိုတော့ ထို ခေါင်းကို ပြောင်းဖူးမွှေးလို့ပဲ မြင်ယောင်လိုက်တယ်။
တစ်မွှေးချင်းဆွဲနူတ်ချင်လို့။

စိတ်ထဲမှာတော့ ရင်ဘတ်စည်တီး အော်ဟစ်သောင်းကျန်း​နေပေမဲ့ အပြင်ပန်း က ထယ်ရယ့် မျက်နှာကတော့ တည်နေတယ်။

ရှန်ချွမ်းရွေ့နဲ့ စကားဆက်ပြောနေတာ အချိန်က်ို ဖြုန်းတာနဲ့ တူနေပြီ။

ထယ်ရယ်က စိတ်ပျက်သလို မျက်လုံးလှန်တင်ကာ ချွမ်းရွေ့ရှေ့က ထွက်ဖို့ အလုပ် လက်မြန်တဲ့ ချွမ်းရွေ့က ထယ်ရယ်ရဲ့ လက်ကို လှမ်းဆွဲကာ သူ့မျက်နှာရှေ့ကို အားနဲ့ ပြန်ဆွဲလိုက်တော့ ထယ်ရယ်ရဲ့ ကိုယ်လေးဟာ ယိုင်တိုင်တိုင်ဖြစ်သွားရတယ်။

အားနဲ့ ညှစ်ခံထားရတဲ့ ထယ်ရယ်ရဲ့ လက်ကောက်ဝတ်ဟာ ချွမ်းရွေ့ကြောင့် နီရဲလို့နေတယ်။

အရှိန်ကြောင့် နီးကပ်နေတဲ့ မျက်နှာ အနေအထားကြောင့် ထယ်ရယ် မနေတတ်ပါ။

ရှက်တာမျိုးလဲ မဟုတ်ရပါ။ ဒီအတိုင်း နီးကပ်လွန်းနေလို့ ဖြစ်ရတာ။

ကြည့်ကောင်းတာ မှန်တယ်။ ဒါပေမဲ့ အမြင်ကတ်တယ်။

"ကျွန်တော် စကားပြောမပြီးသေးပဲ ထွက်သွားဖို့ ကြံနေတဲ့ ခင်ဗျား ကို ဘယ်လိုပြုပြင်ပေးသင့်လဲ "

"ပြုပြင်ပေးရအောင် မင်းက ငါ့အဖေလား"

"ဝိုး..အစ်ကိုက ဒီလိုလဲ စွာတတ်သေးတယ်ပေါ့လေ..ချစ်ဖို့ကောင်းတယ်"

"ချစ်ဖို့ကောင်းတယ်လို့ထပ်ပြောရဲပြောကြည့် မင်းနူတ်ခမ်းကို ငါဆွဲချုပ်ပစ်မယ်"

ဒေါသထွက်နေတဲ့အရှိန်ကြောင့် ထယ်ရယ်ဟာ သူ့နားဖျားတွေ နီရဲနေတယ်ဆိုတာ မသိပါ။ ပြီးတော့ အားရပါးရ ဒေါသသံနဲ့ပြောနေတော့ ရှေ့ကို တစ်တောင်လောက်ဆူထွက်နေတဲ့ နူတ်ခမ်းဆီကို အကြည့်ရောက်နေတဲ့ ချွမ်းရွေ့က သူ့စိတ်ထဲ ဘာများတွေးနေသလဲဆိုတာကိုလဲ မသိပါ။

ချွမ်းရွေးက မအောင့်အီးနိုင်တော့ပဲ အားနေတဲ့ ကျန်လက်တစ်ဖက်နဲ့ တစ်တွတ်တွတ် ပြောနေတဲ့ နူတ်ခမ်းကို လက်မနဲ့ ပွတ်ဆွဲလိုက်တဲ့ အချိန် ထယ်ရယ်ရဲ့ မျက်တောင်တွေက ပုတ်ခပ်ပုတ်ခပ်ဖြစ်သွားရသလို ပါးပြင်နှစ်ဖက်ပါ ပန်းနုရောင် သမ်းသွားရပြီ။

"မှတ်ထား ကင်မ်ထယ်ရယ် ..ကျွန်တော့်နဲ့ မရင်းနှီးချင်တဲ့ ခင်ဗျားက မကြာခင် ကျွန်တော့်ကို လိုချင်လာမှာ ..အဟင်း"

"မင်းလဲ မှတ်ထား ရှန်ချွမ်းရွေ့..မင်းကိုဘယ်တော့မှ လိုချင် လာမှာမဟုတ်ဘူး"

"အပြောမစောပါနဲ့ဗျ.. နောက်ဆို အစ်ကို က ကျွန်တော့်ကိုနမ်းတဲ့ အနမ်းသူခိုးလေးဖြစ်ရင် ဖြစ်လာမှာပေါ့"

အစ်ကိုလို့ခေါ်လိုက်၊ခင်ဗျားလို့ခေါ်လိုက် နဲ့။
စိတ်မမှန်တဲ့ကောင်!!!

"အင်း..အနမ်းသူခိုးဆိုရင် ၊ကျွန်တော်ကရဲပေါ့၊အစ်ကို အပြစ်တွေ ကျွန်တော့်ဆီလာဆပ်ဖို့သာ ပြင်ထားတော့"



#16.7.2023

BG Song-Look Here


You are reading the story above: TeenFic.Net