𝟣𝟢

Background color
Font
Font size
Line height



"မင်းဘယ်လိုပြောလိုက်တာလဲ ရှန်ချွမ်းရွေ့ တောက်!"

တောက်ခတ်သံနဲ့အတူ ဒေါသသံတွေပါ ရောယှက်နေတဲ့ ထယ်ရယ်က ဒေါသအဟုန်ကြောင့် မျက်နှာနှစ်ဖက်ဟာလဲ နီးမြန်ကာ မျက်ရည်ဥတွေပါတွဲခိုစပြုချင်နေပြီ။

ရေကန်ပြင်ကလဲ ဖြေးညှင်းစွာတိုက်နေတဲ့ လေတွေကြောင့် ဘောင်ကိုရိုက်ခတ်နေသလို ထယ်ရယ်ရဲ့ ရင်ဘတ်ထဲလဲ ခံစားချက်မျိုးစုံရိုက်ခတ်လို့နေတယ်။

ချွမ်းရွေ့က သူ့ကို ကိုကိုလို့ ခေါ်လို့ ရင်တုန်သွားခြင်း၊
ချွမ်းရွေ့က သူ့ကို ရည်းစားလို့ သတ်မှတ်လိုက်ခြင်းကြောင့် ဗိုက်ထဲ လိပ်ပြာငယ်လေး တွေ ဖြတ်ပြေးသွားသလိုဖြစ်ခြင်း၊
ချွမ်းရွေ့ပြောလိုက်တဲ့ သွယ်ဝိုက်စကားတွေကြောင့် အစ်ကိုဟန်ဘင်း တစ်မျိုးထင်သွားမှာ စိုးရိမ်ခြင်း။

အစ်ကိုဟန်ဘင်းက ထယ်ရယ် လေးစားပြီး ခင်ရတဲ့ အစ်ကိုတစ်ယောက်၊ အတူတူနေလာတဲ့ တစ်လျှောက်လုံး လျှို့ဝှက်ချက်မရှိပဲ အလျင်းသင့်အကြောင်းသင့်ပြောပြနေတာကို ချွမ်းရွေ့နဲ့ က ရည်းစားတွေပါဆိုတာကို ရုတ်တရက်ကြီး သိလိုက်ရတော့ အစ်ကိုဟန်ဘင်းလဲ လန့်သွားမှာ။

ဒါပေမဲ့ အဲ့ဒါကအမှန်မဟုတ်ဘူးလေ! အစ်ကိုဟန်ဘင်းကို ဒီကိစ္စက မဟုတ်ကြောင်းကိုတွေ့ရင် ပြန်ရှင်းပြလို့ရတာပဲ။ဒါပေမဲ့ ထယ်ရယ်က သူ့စိတ်ထဲ ဘာဖြစ်လို့ဖြစ်နေမှန်းလဲ သူကိုယ်တိုင် မသိဘူး။

ခဏက ရှန်ချွမ်းရွေ့ သူ့ကို သွယ်ဝိုက်စော်ကားလိုက်တာ မဟုတ်လား။ သူ့ပြောလိုက်တဲ့ စကားအသွားအလာက ဘယ်ကို ဦးတည်နေလဲဆိုတာ သဘောမပေါက်ရအောင် ထယ်ရယ်က ငတုံးတစ်ယောက်မဟုတ်ဘူး။ ပြီးတော့ အဲ့စကားတွေကို အစ်ကိုဟန်ဘင်းက ကျိန်းသေ ကြားသွားတာ။

"ကျွန်တော် ဘာပြောမိလို့လဲ ကိုကို"

အပြစ်ကင်းစင်တဲ့ကလေးငယ် တစ်ယောက်လိုမျက်နှာ အနေအထားနဲ့ မျက်တောင် ပုတ်ခပ်ပုတ်ခပ် လုပ်လိုက်သေးတဲ့ ချွမ်းရွေ့က မျက်နှာပြောင်နိုင်လွန်းတယ်။

"ချွမ်းရွေ့ ! မင်းက မျက်နှာပြောင်တိုက်လွန်းတာပဲ..မင်းပြောလိုက်တဲ့ စကားတစ်ခွန်းက ဘယ်အတိုင်းအတာထိ ရောက်သွားလဲ မင်းမသိဘူး၊ ငါက ဘာဖြစ်သွားလဲ ဟမ်..အခု အစ်ကိုဟန်ဘင်းက ငါ့ကို တစ်မျိုးထင်သွားတော့မှာ"

ထယ်ရယ်ရဲ့ စကားတစ်စ တစ်စဟာ ဒေါသရဲ့တန်ခိုးတွေကြောင့် ကျယ်လာရသလို ချွမ်းရွေ့ရဲ့ စိုထိုင်းနေတဲ့ အင်္ကျီဖြူပေါ်ကို လက်ညှိုးနဲ့ ခပ်နာနာ ထိုးပစ်ရင်း ဒေါသဖြေနေတယ်။

"အဲ့တော့ရော"

""မင်းပြောလိုက်တဲ့စကားက ဘာလဲ! ပြီးတော့ ငါ့ကို ကိုကိုလို့လာမခေါ်နဲ့ မကြိုက်ဘူး ထပ်ပြောမယ် ငါက မင်းရည်းစားမဟုတ်ဘူး"

ထယ်ရယ်လဲဒေါသထွက်နေသလို ချွမ်းရွေ့ရဲ့ ကိန်းအောင်းနေတဲ့ ဒေါသဟာလဲ ထယ်ရယ့်စကားကြောင့် ထွက်ပေါ်လာရတယ်။ ဒီလူက တကယ်ပဲ ဆောင်းဟန်ဘင်းကို ကြိုက်တာလား။ အဲ့လို မဖြစ်ရဘူးနော်။ ချွမ်းရွေ့က သူ့ရဲ့ စကားတွေကို ဟန်ဘင်း တမင်ကြားအောင် ပြောလိုက်တာ မှန်တယ်၊ ဒါပေမဲ့ ကင်မ်ထယ်ရယ် က သူ့အခန်းဖော် ဟန်ဘင်းကို ခံစားချက်ရှိနေလိမ့်မယ်လို့ မထင်ထားဘူး။  ချွမ်းရွေ့က တမင် ဆွပေးလိုက်ရုံပဲ။

ကင်မ်ထယ်ရယ်က ဘယ်လူ့ကိုကြိုက်ကြိုက် သူ့အပူ တစ်ပြားသားမှ မပါပဲလေ။ ဒါပေမဲ့ ရှန်ချွမ်းရွေ့ဆိုတဲ့ ဒီကောင့်ကို မဟုတ်တာတော့ နဲနဲတော့ ခံပြင်းတယ်။ ရှန်သခင်လေးက ဘာတွေများ ပြစ်ချက်ရှိနေလို့လဲ။

ရုပ်ချောတယ်၊ အရပ်ရှည်တယ်၊ အသက်ငယ်ငယ်ကောင်လေး ပြီးတော့ ပိုက်ဆံရှိတယ်..လူတိုင်းက လိုချင်တပ်မက်နေတဲ့ ရှန်ချွမ်းရွေ့လို လူကို ကင်မ်ထယ်ရယ်က ဘာလို့ ရင်မခုန်ရတာလဲ ။ ဖြေရှင်းချက်ကို လိုချင်တယ်။

သူ့ဘက်က အလောင်းကစားတစ်ခုကိုသာ ဦးတည်နေတာမို့လို့ တကယ်မချစ်လဲ ကင်မ်ထယ်ရယ် ဘက်က အနည်းဆုံးတော့ ရင်ခုန်တဲ့အရိပ်အယောင်တော့ ပြသင့်တယ်။

မပြလဲဂရုမစိုက်ပါဘူး ရှန်ချွမ်းရွေ့ ဂရုစိုက်တာ တစ်ခုတည်း။

အဲ့ဒါက ကင်မ်ထယ်ရယ် သူ့ကိုပြန်ချစ်ဖို့ပါပဲ။ ဒါကြောင့်လဲ သူ့ဘက်က အစွမ်းကုန် မာယာတွေ သုံးသွားမှာ။ တွဲဖြစ်သွားတဲ့အခါ ထယ်ရယ်ဘက်က ချစ်တဲ့ အတိုင်းအအချိန်ကြာသည် ဖြစ်စေ ၊မကြာသည် ဖြစ်စေ အမှန်တရားကို သိသွားတဲ့အခါ ချွမ်းရွေ့က သူ့ကိုထားခဲ့လိုက်ရုံပဲပေါ့။ ဘာတွေကို လိုက်ဂရုစိုက်နေရမှာလဲ။

သိရဲ့လား..အောင်မြင်မှုလေ။ 

"ချစ်လို့လေ ၊ သိပ်ချစ်လို့ ခင်ဗျား သူများတစ်ကာ ဆီပါသွားမှာ သေမတတ် ကြောက်တဲ့ကောင်ဗျ ၊ ခင်ဗျား ချစ်တာက ချွမ်းရွေ့ပါ ဆိုတာမျိုးကိုပဲ ကြားချင်ခဲ့တာ၊ ကျွန်တော် မဟုတ်တဲ့ သူများနဲ့ ဟော့ပေါ့သွားစားတာတွေ၊ရုပ်ရှင်သွားကြည့်တာတွေ အဲ့ဒါတွေကို သဝန်တိုတာ ၊ဒါတွေကို ခင်ဗျား သိမှာ မဟုတ်ဘူး၊ ကျွန်တော်က အချစ်ကြီးတဲ့ကောင်ဆိုတာလဲ ခင်ဗျား သိမှာ မဟုတ်ဘူး ၊ ခင်ဗျား သိတာက ကျွန်တော့်ကိုဆို အမြင်မကြည်ဖို့ပဲ"

ဘုရားရေ..ချွမ်းရွေ့ရဲ့ အသံတွေက အဖျားမှာ တုန်လှုပ်သွားတာလား။ ဒီတစ်ကြိမ်မှာ ပထမဆုံးအကြိမ် ချွမ်းရွေ့ကို သေးသေးလေးမှ သေးသေးလေးဆိုရုံမှ ရှိန်မိသွားခြင်း။

ချွမ်းရွေ့ရဲ့ စကားတွေက ထယ်ရယ်ရဲ့ ရင်ဘတ်ထဲကို သက်ရောက်သွားတဲ့ပုံပါ။ မျက်တောင် ပုတ်ခပ်ပုတ်ခပ်ဖြစ်သွားရတဲ့ ထယ်ရယ်က ချွမ်းရွေ့ရဲ့ အကြည့်တွေဆီကို အာရုံရောက်သွားတယ်။

ထယ်ရယ်အမြင်မမှားဖူးဆိုရင် ချွမ်းရွေ့ရဲ့ မျက်ဝန်းတွေက ဝမ်းနည်းမှုကိုဖော်ပြနေသလားလို့။

ထိုအချိန်လေးပဲ..ဟုတ်တယ်..ဒီအချိန်လေးမှာပဲ။
လူတစ်ယောက်မှာ အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခုကိုဖော်ပြရင် မျက်ဝန်းတစ်စုံကို ညွှန်ပြရလိမ့်မယ်။

စကားပြောသော မျက်ဝန်းများဆိုတဲ့ စကားဖြစ်ပေါ်လာတာ အလကားမှ မဟုတ်ပဲ။

အင်္ကျီ အခုထိမလဲရသေးလို့ ချွမ်းရွေ့ရဲ့ အင်္ကျီက ခြောက်ခါစပြုနေပြီ။ သူ့နူတ်ခမ်းတွေကလဲ ပြာနှမ်းလာခြင်းကို အကြောင်းပြပြီး ထယ်ရယ် စကားလမ်းကြောင်းလွှဲလိုက်တယ်။

"မင်း..မင်း အင်္ကျီမြန်မြန်သွားလဲတော့ ငါ ပြန်ရဦးမှာ"

ထယ်ရယ်က ထိုစကားကို ရေကန်ကိုအကြည့်ပို့ရင်းပြောလိုက်ခြင်း။

"မလဲဘူး.."

စိတ်ကောက်နေပါတယ်ဆိုတဲ့လေသံနဲ့ ဘောက်ကျဲကျဲပြောလာတဲ့ ချွမ်းရွေ့က ပေတေပြန်ပြီ။

"ဟ မင်းမလဲလို့မရဘူးလေ ငါပြန်မှရမယ် ငါ့မှာ ပိုက်ဆံပါမလာဘူး"

"ဒါဆိုလဲ ပြန်မနေနဲ့တော့ ကျွန်တော့်အိမ်မှာပဲ တစ်သက်လုံးနေသွားလိုက်တော့"

"ရှန်ချွမ်းရွေ့"

"ဘာလဲ ကိုကို၊ ကျွန်တော့် ကိုကို့ကို စိတ်တိုနေတာနော် ကျွန်တော့်ကို လာအော်မနေနဲ့"

ဟောဗျာ! ဒီချွမ်းရွေ့တစ်ယောက် က ဘာထ ဖြစ်ပြန်ပြီလဲ။

"မဟုတ်သေးဘူးလေ"

"မဟုတ်သေးဘူးလေတွေ ဟုတ်တယ်လေတွေ ပြောမနေနဲ့ ကိုကို၊ ကျွန်တော် စိတ်ဆိုးနေလဲ အဲ့ဒါအပြစ်တစ်ခုအနေနဲ့ ကိုကိုက မြင်ဦးမှာပဲ..တစ်ခါတစ်လေတွေးမိတယ် ချစ်မိတာက အမှားများဖြစ်နေသလားလို့"

"....."

တစ်စိတ် ရှန်သခင်လေးက အတည်ပေါက်ကြီး အဖီးတစ်လိုင်းထဲ ဝင်နေတာလား။ စိတ်တိုသံအနဲငယ်ပေါက်နေရာက ဝမ်းနည်းတဲ့ ဘက် ကူးလူးလာတော့တယ်။

"ကိုကိုသိလား..ပထမဆုံးအကြိမ် ချစ်မိခြင်းကလေ စွန့်စားခြင်းရဲ့စွဲလန်းမှုတစ်ခုပဲ၊ ကိုကို့ အကြောင်းတွေးမိလေ ချစ်မိတဲ့ အတိုင်းအတာက များလာလေ၊ စိတ်ကူးကမ္ဘာထဲမှာ သာယာလာလေ၊ လက်တွေ့ဘဝကိုပြန်ရောက်လာတဲ့အခါ ဒါတွေဟာအမှန်တရားမဟုတ်ပြန်ဘူး၊ ကိုကိုက ကျွန်တော့်ကို သေးသေးလေးတောင် မချစ်ဘူးလေ ၊ကျွန်တော်က တော့ ချစ်လိုက်ရတာ...ကိုကို့ကိုမတွေ့ရရင် သေမတတ်လွမ်းပြန်တယ်၊ အချစ်က မူးယစ်ဆေးပဲ ကိုကို ဒါပေမဲ့ မှူးယစ်ဆေး လို့လဲ မတင်စားချင်ဘူး၊ ကျွန်တော် ငိုကို့ ကို ချစ်တဲ့ အချစ်ကို အက်ဆစ်လို့ တင်စားလိုက်ချင်တော့တယ် အချစ်ဆိုတာ ကိုကိုနဲ့မှ ပထမဆုံး ခံစားဖူးတဲ့ကောင်က ဆျာလာဖျူရစ် အက်ဆစ်လို အားပြင်းတယ်။ လူကို ထိခိုက်စေနိုင်သလို အန္တာရယ် ဖြစ်စေနိုင်တဲ့ အက်ဆစ်တစ်မျိုးဟာ အချစ်ဦးဖြစ်တဲ့ ကိုကို့ကို ရည်ညွှန်းချင်တာ ၊  သူ့နဲ့ကိုက်ညီတဲ့ အရာနဲ့မှသာ ဓာတ်ပြုသလို လိုက်မဖက်တဲ့အရာဆို ပေါက်ကွဲနိုင်တယ် မဟုတ်လား။ စချစ်မိတဲ့  ကျွန်တော်က အားအပြင်းဆုံးနဲ့ ချစ်မိနေပေမဲ့ အချစ်ခံရတဲ့ ကိုကို က ပြန်မတုံ့ပြန်တော့ ကျွန်တော့်နှလုံးသားက  လောင်ကျွမ်းပြီး နာကျင်မှုနဲ့ အတူသေဆုံးသွားမယ်ထင်တယ်  ကျွန်တော် ရည်းစားတွေ အများကြီးထားခဲ့ဖူးတာ ဝန်ခံပါတယ် အဲ့ဒါတွေက စိတ်ကစားတာ  ယုံနော် ၊ ဒါပေမဲ့ ဘာလို့လဲ မသိဘူး ကိုကို့အပေါ် ခံစားချက် အစစ်မှန်ရှိလာကို သိလိုက်ရတုန်းက ကိုကို့ဘေးမှာပဲ အချိန်အကြာကြီး ကုန်ချင်တာ ၊ လူဆိုးလုပ်ချင်တဲ့ ကျွန်တော်က ကိုကို ဆုံးမ တာပဲ ခံချင်တာ"

ချွမ်းရွေ့က သူ့ကို ငေးကနဲကြည့်နေတဲ့ ထယ်ရယ်ကို အင့်ကနဲ ဖက်လိုက်ပြီး

"ကျွန်တော့်ကို ချစ်ပေးပါနော် "

"...."

"နော်..လို့"

"အ..အင်း..ငါစဉ်းစားကြည့်လိုက်ပါ့မယ်"

"ကိုကို့ကို သိပ်ချစ်တာပဲ"

ထယ်ရယ်ရဲ့ စဉ်းစားပေးမယ်ဆိုတဲ့ စကားကြောင့် ချွမ်းရွေ့က အာဏာရသွားသလိုအသံနဲ့ ပျော်ရွှင်နေတဲ့ပုံပေါက်သွားကာ ထယ်ရယ်ကို ပိုညှစ်ကာ ဖက်လိုက်တော့တယ်။

ထယ်ရယ်သာ သူ့ကိုယ်သူ ပြန်မြင်ရမယ်ဆိုရင် ပါးပေါ်က ပါးချိုင့်လေးတွေဟာ ကော့တက်လာတဲ့ သူ့နူတ်ခမ်းပေါ်က အပြုံးကြောင့်ဆိုတာ ဝန်ခံလိုက်ရမှာ။

တစ်ဖက်က ချွမ်းရွေ့ကိုသာ ထယ်ရယ် မြင်ရမယ်ဆိုရင် အောင်နိုင်သူတစ်ယောက်လို အပြုံးနဲ့ အတူ မျက်ခုံးပင့်လျက် လောကကြီးမှာ သူသာလျှင် အောင်နိုင်သူ တစ်ယောက်လို ဖြစ်နေတာကို တွေ့ရမည်။

အွန်လိုင်းပေါ်က စကားစုတွေကို ရှာဖတ်ပြီး မှတ်ထားရတာ တန်သားပဲ။ ဟာကွာ...ဒီဘာမဟုတ်တဲ့ စကားလေးကို ကင်မ်ထယ်ရယ်က ရင်ခုန်သွားရတယ်လို့။ ဒီလိုဆိုပြန်တော့လဲ လွယ်သားပဲ။ ထားပါလေ..ရှန်သခင်လေးဖြစ်တဲ့ ငါက ခြေတစ်လှမ်းတိုးသွားရပြန်ပြီ။

ဘယ်လိုလုပ်မလဲ ကင်မ်ထယ်ရယ်။ ခင်ဗျား အခု ရင်တွေ အရမ်း ခုန်နေတယ်။ ဒီထက်ပိုပြီး တစ်ဒိတ်ဒိတ်မြည်အောင် ရင်ခုန်ချင်ရင် ကျွန်တော့်ကို ပြန်ချစ်လိုက်။


𝟤𝟪.𝟩.𝟤𝟢𝟤𝟥


You are reading the story above: TeenFic.Net