Unicode
မနက် 3 နာရီကထဲကရွာနေသည့်မိုးသည် သည်းသည်းမည်းမည်းရွာနေတုန်းပင်။ မိုးအေးအေးနဲ့အိပ်လို့ကောင်းလှတဲ့မနက်ခင်း၌ မီးဖိုချောင်မှာချက်ပြုတ်ခြင်းအလုပ်တွေဖြစ်တဲ့ လှီးလိုက်၊ဖြတ်လိုက်၊ကြော်လိုက်၊ပြုတ်လိုက်နဲ့ Dionတစ်ယောက်တော့အလုပ်ရှုပ်နေလေသည်။ တစ်ညလုံးမအိပ်ရသေးပေမဲ့လဲ ဓီစားဖို့အတွက်ချက်နေရတာမလို့ ပင်ပန်းတယ်လို့မထင်မိ။
အင်း....။ အချစ်ဆိုတာ ဒါဘဲနေမှာပါ
သိပ်ချစ်မိသွားတော့လဲ အဲ့လူအကျိုးကိုကိုယ့်အတ္တထက်တောင်ပိုရှေ့တန်းတင်တာမျိူး ။
ပွက်လာတဲ့ဟင်းရည်အိုးကို အဖုံးလှပ်လိုက်တော့ ပျံတက်လာတဲ့အငွေ့တွေနဲ့ ဂျင်းနံ့သင်းသင်းလေးက နှာခေါင်းဝကို လာဝေ့လေသည်။ အရသာတစ်ချက်မြည်းကြည့်လိုက်တော့ အနေတော်ပင်။ နောက်ဆုံးတော့ Dion ရဲ့ own menu ဖြစ်တဲ့ ကြက်သားပေါင်းခေါက်ဆွဲပြုတ်ချိုလေးရသွားပါပြီ။
ကြက်သားကိုသေချာအဆာပလာတွေနဲ့နှပ်ထားပြီး ဂျင်းလေးနဲ့ခဏပြုတ်ကာ ချရမဲ့အနေအထားရောက်တော့ ဂျင်ဆင်းနဲ့တစ်ခါပြန်ပေါင်းလိုက်သည်။ ခုနကကြက်သားပြုတ်ထားတဲ့ထဲကို မနက်4နာရီကထဲကကိုယ်တိုင်ကြိတ်ထားတဲ့ခေါက်ဆွဲထည့်ကာ ရေလေးနည်းနည်းထပ်ထည့်၍ ပြုတ်လိုက်သည်။ လိုတဲ့အဆာပလာတွေထည့်ပြီး sausage ထည့်ကာ တည်ထားလိုက်သည်။ ခေါက်ဆွဲအနေတော်ဖြစ်တော့ ပေါင်းထားတဲ့ ကြက်သားနှင့် သွေးအားနည်းတာအတွက်ကောင်းတယ်ဆိုလို့ မရမကရှာဝယ်ထားတဲ့ဟင်းနုနွယ်ရွက်ကိုထည့်ကာ ၃မိနစ်လောက်ထပ်တည်ပြီး ချလိုက်သည်။ ပန်းကန်ထဲသေချာထည့်ပြီး အပေါ်ကနေအလှဆင်ဖို့မွှပြီးချန်ထားတဲ့ကြက်သားကိုတင်ကာ အဆုံးသတ်လိုက်သည်။
ကိုယ်ချက်ထားတဲ့ဟင်းကိုကြည့်ပြီး သဘောတကျပြုံးလိုက်မိသည်။ ကြက်ဥပူတင်းလဲရနေမလို့ ovovenထဲကထုတ်လိုက်ပြီး အပေါ်ကနေ ပျားရည်လေးဆမ်းလိုက်သည်။ dairy တွေကသွေးအားနည်းရောဂါအတွက်မကောင်းလို့ နွားနို့အစား လိမ္မော်ရည်ကိုအသုံးပြုကာ လုပ်ထားသည်။ ပျားရည်ကအကောင်းဆုံးဓာတ်စာဆိုလို့ ပျားရည်ဆမ်းခြင်းဖြစ်သည်။
ထမင်းပေါင်းအိုးဝေကျလို့ သွားမွှေလိုက်ပြီး Fridgeထဲကနေဆား၊ဆနွင်း၊သကြား၊အရသာ မှုန့်၊ဂျင်း၊သံပရာသီးတို့နဲ့နှပ်ထားတဲ့အမဲသားကိုထုတ်ပြီး အနေတော်လေးတွေလှီးလိုက်သည်။ အမဲသားကလဲ မိုးခိုသားကကောင်းတယ်ဆိုလို့မိုးခိုသားဝယ်လာတာဖြစ်သည်။ မနက် 3နာရီကထဲကမိုးရွာထဲ ဈေးသွားဝယ်ထားတာဖြစ်သည်။ အမဲသားကိုလှီးပြီး ညှီမှာစိုးလို့ဂျင်းထပ်ထည့်ပြုတ်ထားလိုက်ပြီး ထမင်းကလဲကျက်ခါနီးနေပြီမလို့ နှမ်းနက်လေးတွေအပေါ်ကဖြူးလိုက်သည်။
ထမင်းက သံဓာတ်အားကောင်းစေတဲ့ soy beanရယ် စွံပလွံရယ်နဲ့ထမင်းပေါင်းချက်ထားခြင်းဖြစ်သည်။ အမဲသားပြုတ်ထားတုန်း ဝယ်လာတဲ့ strawberry နဲ့ raspberryကို ရေသေချာဆေးကာ smoothie လုပ်ဖို့ blender ထဲထည့်လိုက်သည်။ နွားနို့အစား ရေနှင့် အရည်ရွမ်းတဲ့အသီးတွေဖြစ်တဲ့ ဖရဲသီးနှင့်lemonကိုထည့်ကာဖျော်လိုက်သည်။ ပြီးတော့ ဘူးလေးထဲထည့်ကာ ရေခဲသေတ္တာထဲထည့်ပေးထားလိုက်သည်။
"Davion "
ကိုယ့်အာရုံနဲ့ကိုယ်မလို့ အနောက်မှာဇုန်ရောက်နေတာကိုတောင်သတိမထားမိ။
"အေး ဇုန် ပြော"
"မင်း ချက်လို့မပြီးသေးဘူးလား"
"အမဲသားလေးကြော်ပြီးရင်ပြီးတော့မှာ"
"မင်းမပင်ပန်းဘူးလား အိပ်လဲမအိပ်ရသေးဘဲနဲ့ ဒါတွေသဲကြီးမဲကြီးချက်နေတာ။ ပင်ပန်းတာမင်းကြည့်ရတာ"
"ကြည့်ရတာပင်ပန်းရင် မကြည့်နဲ့လေ။ ငါကတော့မပင်ပန်းပါဘူး"
"မကြည့်ပါဘူး ငါကလဲ။ မင်းပြီးမပြီးငါကလာမေးတာ မကြာခင်ဓီရာနိုးသွားမှာစိုးလို့"
"သူဒီချိန်မနိုးပါဘူး စိတ်ချ။ 10နာရီကျော်လောက်မှသူနိုးမှာ"
"ဪ..."
မျက်စိရှေ့တင် အမဲသားအိုးကိုချပြီး ကြော်ဖို့ဆီတွေသတ် ကြက်သွန်ဖြူတွေထောင်းနေတဲ့ Davion ကိုကြည့်ရတာစိတ်ထဲမသက်သာ။ အချစ်ကအဲ့လိုကြီးပင်ပန်းတာလား။ အဲ့လိုဆိုမချစ်ချင်ပါဘူး ဒီလောက်ပင်ပန်းတာ အိပ်ရေးကပျက်သေး၊ စားဖို့သောက်ဖို့ကလုပ်ပေးရသေး။
"မင်းမြင်ပြီး ငါအသိတစ်ခုရသွားတယ်"
"ဘာလဲ"
"ချစ်ရတာစောက်ရမ်းပင်ပန်းတာဘဲ။ အိပ်ရေးအပျက်ခံရ၊ ဟင်းကချက်ရနဲ့။ ငါကတော့အဲ့လိုပင်ပင်ပန်းပန်းမချစ်နိုင်ပါဘူး။ တွေးတောင်ကြည့်လို့မရဘူး"
မျက်ခုံးတွေတွန့်ချိုးထားပြီး အလိုမကျတဲ့မျက်နှာနဲ့ တွေးတဆဆပြောနေတဲ့ ဇုန့်ကိုကြည့်ပြီး Dion ပြုံးလိုက်မိသည်။ ဒီကောင်ချစ်မှမချစ်ဘူးဘဲ။
Dion ဇုန့်နားကိုထသွားပြီး ဇုန့်ပုခုံးကိုပုတ်ကာ
"ပင်ပင်ပန်းပန်းချစ်တာမဟုတ်ဘူးကွ။ ချစ်လို့ပင်ပန်းခံတာ။ ငါကလိုလိုချင်ချင်အပင်ပန်းတွေခံပြီးသူအာဟာရဖြစ်တာလေးစားရအောင် ကိုယ်တိုင်ကိုယ်ကျချက်ပြုတ်ပေးတာ။ အဲ့တာက ဖြူစင်တဲ့ 528ရော ခိုင်မြဲတဲ့1500 နှစ်ခုရောနေတဲ့ မေတ္တာတရားဘဲ။ မင်းကိုဒါတွေပြောနေလဲနားလည်မှာမဟုတ်ပါဘူး"
ဇုန်ရဲ့မျက်ခုံးနှစ်ဖက်က ထိလုမတတ်ကိုတွန့်သွားပြီး မျက်နှာကတော့ ရှုံ့တွကာ
"တော်တော်လေးကို ရုပ်ဆိုးတာဘဲ။ တစ်စက်မှကိုအကြည်ဓာတ်မရှိတဲ့ရုပ်"
"အကြည်ဓာတ်မရှိလဲ ချောမောမှုတွေကအတိုင်းသားမလို့ ငါ့ရုပ်ရည်ကိုလာပြောစရာမလိုဘူး။ college ကထဲကတွဲခဲ့တဲ့ရည်းစားအရေအတွက် ကမင်းထက်သာတယ်"
"ငါကမင်းလိုအားယားနေတဲ့သူမဟုတ်တော့ ရည်းစားထားဖို့အချိန်ကမရှိဘူးလေ"
"အေးပေါ့ အချိန်မရှိလို့ဘဲ မချစ်ဘဲနဲ့အပျော်ရည်းစားတွေချည်း အယောက်၂၀လောက်ထားခဲ့တာ"
"မင်းက ငါ့သုံးဆလောက်ရှိတယ်လေ။ အဲ့တာကြောင့်ငါကမင်းကိုပြောတာ ငါပြောတဲ့အချစ်ဆိုတာကိုမင်းနားလည်မှာမဟုတ်ဘူးလို့"
"ဘာလုပ်မှာလဲ အချစ်ဆိုတာကြီးကိုစိတ်ပင်ပန်းခံချစ်ပြီး။ ငါ့အတွက်တော့ relationship တစ်ခုကငါ့ကိုပျော်စေရင်ရပြီ မပျော်ရင်အဲ့ထဲကထွက်လိုက်တယ်။ အချစ်တွေမေတ္တာတွေဆိုတာ ငါ့အတွက်တော့ တော်တော်လေးကို အရေးမပါတာတွေဘဲ"
Dionအမဲသားကြော်နေရင်း Zoneစကားတွေနားထောင်ပြီး "ဟွန်း"ဟုနှုတ်ခမ်းတွန့်ရုံသာ ပြုံးလိုက်သည်။ Dion ကကံတရားကိုအယုံအကြည်မရှိတဲ့သူဆို ဇုန်ကင်းမိုင်ကအချစ်ကိုအယုံအကြည်မရှိတဲ့လူစား။ တက္ကသိုလ်မှာလဲ သူရည်းစားတွေထည်လည်းတွဲနေပေမဲ့ ဘယ်သူ့ကိုမှသူမချစ်။ သူ့ရမ္မက်အတွက်ဖြစ်ဖြစ်၊ သူ့လိုအပ်ချက်တွေကိုအဲ့လူကပေးနိုင်ရင်ဖြစ်ဖြစ် အဲ့လိုမျိုးအတွက်သာရည်းစားထားသူဖြစ်သည်။ နှစ်ယောက်သုံးယောက်ပြိုင်ထားတာတွေကပုံမှန်ဆိုအံ့ဩစရာပေမဲ့ ၆ယောက်၇ယောက်ပြိုင်ထားတဲ့ဇုန်ကင်းမိုင်ရဲ့သူငယ်ချင်းဖြစ်နေတဲ့သူ့အတွက်တော့ ဒီကိစ္စဟာအထူးတလည်အံ့ဩစရာရှိမနေ။
"မချစ်ဘူးသေးလို့ပါ။ မင်းလူတစ်ယောက်ကိုချစ်တဲ့တစ်နေ့ကျ ငါပြောတာတွေကိုမင်းနားလည်လာလိမ့်မယ်"
"Falling in love ! Ahaa!! Never!!!"
ဇုန်ထွက်သွားပြီဆိုတာ Dion လှည့်မကြည့်တောင်သိသည်။ အဲ့ကောင်က အချစ်အကြောင်းနဲ့ပတ်သတ်တာပြောရင်ကို ဒေါသထွက်လွယ်တာဖြစ်သည်။
Dion လုပ်လက်စအလုပ်ကို လတ်စသတ်လိုက်ပြီး အပေါ်ထပ်ကိုခဏတက်ကာ ဓီ့ကိုအခန်းဝကနေခဏရပ်ကြည့်ပြီး Zoneဆီ့ကိုသွားလိုက်သည်။
"ခေါက်ဆွဲကသူစားခါနီးကျနွေးပေးဦး။ ထမင်းကလဲနေ့လည်ခင်းစားကြရင် နှမ်းဆီလေးဆမ်းစား။ ပူတင်းလေးလဲသူပူတာလေးစားချင်ရင် ovenထဲထည့်ပြီးနွေးပေး။ ရေခဲသေတ္တာအောက်ထပ်မှာ ဖျော်ရည်ရှိတယ်။ အမဲသားကြော်က အပေါ်ကcupboardထဲ ဘူးလေးနဲ့သေချာထည့်ပေးထားတယ်။ ဪ နေ့လည်အစာပြေမုန့်တွေလဲငါဝယ်ပေးထားတယ်။တည်သီးခြောက်လဲကျွေးပေးဦး ဓီနဲ့တည့်တယ်။ မင်းဒီနေ့လဲဒီမှာဘဲစောင့်ပေးပါဦး"
"အေးပါ ငါစောင့်ပေးမှာပါ။ ငါကလဲဓီရာလေးကို
ကိုချစ်တော့ မင်းအစားဂရုစိုက်ပေးမှာပါ မပူနဲ့"
"အပြောအဆိုဆင်ခြင် ဇုန်ကင်းမိုင်"
သွေးကြောတွေထောင်နေတာမြင်တော့မှ ဇုန်သူပြောတဲ့စကားမှားသွားမှန်းသိတော့သည်။ သူကသဘောရိုးပြောတာပါ ဟိုလိုချစ်တာလဲမဟုတ်ပါဘူး။ ကောင်လေးကသနားစရာကောင်းပြီးအကြည်ဓာတ်လေးမလို့ ကိုယ်ကကိုယ့်ညီလေးလိုသဘောထားပြီးချစ်တယ်လို့ပြောတဲ့ဟာ။ တိုစရာမရှိ ကူညီပေးနေတဲ့
ဇုန်နဲ့တောင်လာတိုနေသေး။
*ဦးနှောက်မရှိတော့ဘူးထင်တယ်။
"တိုလိုက်တာ။ ငါကငါ့ညီလေးလိုသဘောထားပြီးချစ်တယ်လို့ပြောလိုက်တာပါ"
"သံယောဇဉ်ရှိတယ်လို့ပြောလို့ရတယ်"
"မြန်မာစကားကိုရေရေလည်လည်မပြောတတ်
တဲ့ ကပြားချင်းအတူတူကို ဆရာလာလုပ်နေသေးတယ်"
"မကြိုက်လို့ထောက်ပြရတာလေ။ ပါးစပ်သိပ်မလွယ်နဲ့။ စဉ်းစားချင့်ချိန်ပြီးမှပြော စကားကို"
"ရှည်တယ်နော်။ သွားမှာဆိုသွားလို့ရပြီ"
Davion ချာကနဲလှည့်ထွက်သွားတော့မှ ဇုန်ကင်းမိုင်စိတ်သက်သာရာရတော့သည်။ မဟုတ်ရင် ညီအကိုလိုချစ်လို့ ချစ်တယ်ပြောမိတာလေးနဲ့ နှစ်ယောက်သားထထိုးရတော့မှာပင်။ သူငယ်ချင်းအရင်းကြီးတောင် သူ့သဲသဲလှုပ်နဲ့ပတ်သတ်ရင် ထသတ်မဲ့ဆိုက်နဲ့။ ဘယ်လိုလူတွေလဲ သူငယ်ချင်းက ချစ်သူထက်အရေးကြီးတာတောင် မသိကြတော့ဘူး။ ဦးနှောက်မပါကြတဲ့လူတွေ။ သူကတော့အချစ်ဆိုတာကိုမယုံပါဘူး။ အချစ်ကြောင့်လူအပြောအဆိုခံရတာအပြင် ဘာကောင်းကျိုးမှမရခဲ့တာ သူ့အမေကနမူနာမလား။
"အချစ်တဲ့။ စောက်ရေးကိုမပါတာ"
"Rhyne"
"Boss"
အလုပ်ရုံထဲ Rinoနဲ့အလုပ်ကိစ္စပြောနေတုန်း boss ရောက်လာခြင်းဖြစ်သည်။ လာမည်လို့လဲအကြောင်းမကြားထားဘဲ ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာခြင်းပင်။
Rinoကတော့ အလေးပြုပေမဲ့ Dion ကတော့ မတ်တပ်ရပ်ရုံသာ။ boss က ထိုင်လိုက်တော့ Dion ရော Rinoပါ ပြန်ထိုင်လိုက်သည်။
" Boss ဘယ်တုန်းကပြန်ရောက်တာလဲ။ အကြောင်းမကြားဘဲရောက်လာတာဆိုတော့ အရေးကြီးအလုပ်ကိစ္စရှိလို့လား"
"ကိုယ်လုပ်ထားတာ ကိုယ်သိစမ်း Rhyne ။ မင်းအတင့်ရဲမှုက တော်တော်ကိုစည်းကျော်လာပြီဘဲ"
"အတင့်ရဲပြီးစည်းကျော်တာ ဟိုမအေ*ိုးတွေ။ ကျွန်တော်မဟုတ်ဘူး"
"သူတို့ဂိုဏ်းကလူသုံးယောက်ကို မင်းကဖမ်းသွားပြီးပြန်ပို့တော့ခြေတွေလက်တွေဖြတ်ပြီးမှပြန်ပို့တယ်ဆို Rhyne မင်းလုပ်ရပ်ကလွန်လွန်းမနေဘူးလား"
"တစ်ကိုယ်လုံးကိုရစရာမရှိအောင်လုပ်ပြီးမှပို့လိုက်တာပါ ခြေတွေလက်တွေဘဲဖြတ်တာမဟုတ်ဘူး။ boss ရတဲ့သတင်းကခိုင်လုံမှုမရှိဘူး"
"Rhyne ဂိုဏ်းတိုင်းက ကိုယ့်စည်းနဲ့ကိုယ်နေကြတာနော်။ မူးယစ်ဂိုဏ်းအချင်းချင်းတောင် ပြဿနာဖြစ်တယ်လို့မရှိဘဲနဲ့ လူကုန်ကူးတဲ့ဂိုဏ်းနဲ့မှပြဿနာဖြစ်တာ လက်ခံနိုင်တယ်ထင်နေလား"
"Boss လက်ခံတာမခံတာ ကျွန်တော်ကဘာလုပ်ရမှာလဲ။ သူတို့ဘက်ကစည်းတစ်ခုကိုဖောက်လို့ ကျွန်တော်ကစည်းကိုဖောက်တာ။ အကြောင်းမဲ့သက်သက်နဲ့တော့ အဲ့ခွေးသာသာကောင်နဲ့ ပတ်သတ်မနေဘူး"
"သူတို့ဘက်က မင်းအပေါ်ဘာထပ်လုပ်လို့လဲ။ သင်္ဘောပေါ်ကကိစ္စလဲ သူတို့ကိုငါအပြစ်ပေးပြီးလို့ ပြေပြေလည်လည်ရှိသွားပြီမလား"
"အဟက်! လူ၃၀၀၀လောက်ရှိတဲ့ဂိုဏ်းမှာ လူတစ်ယောက်လျော့တာတိုးတာရှိရင်တောင် တန်းသိနေတဲ့လူက အဲ့ကောင်တွေဘာကျူးလွန်ခဲ့လဲဆိုတာ မသိစရာအကြောင်းမှမရှိဘဲ"
"မင်းကိုလုပ်တာမဟုတ်လို့ ငါဘာမှဝင်မပြောတာလေ။ အဲ့ကောင်လေးကငါ့ဂိုဏ်းသားမှမဟုတ်ဘဲ"
"Boss ဂိုဏ်းသားရဲ့ချစ်ရသူလေ။ ကျွန်တော့်လူကိုထိလို့ ပြန်တုံ့ပြန်တာကျွန်တော်မမှားဘူး။ အစကတစ်ဂိုဏ်းလုံးကိုမီးလောင်တိုက်သွင်းမလို့ကိုစီစဉ်ထားတာ။ ဂိုဏ်းချင်းငြိနေမှာစိုးလို့ ရှောင်လိုက်တာ"
"တော်တော်လေးကို အချစ်မှာနစ်ဝင်နေပြီဘဲ"
"အင်းပေါ့။ ချစ်တတ်သွားတာကို"
"ပစားပေးနေတယ်ဆိုပြီး ရောင့်တက်ဖို့တော့မကြံနဲ့ Rhyne။ ငါကလက်ရုံးတစ်ခုကိုအပြုတ်ခံမဲ့အစား ကြားထဲကအဖုအထစ်ကိုရှင်းပစ်မဲ့သူ။ မင်းမြဲမြဲမှတ်ထား"
"ကျွန်တော်ကလဲ ကျွန်တော့်လူကိုထိရင် ဘယ်သူ့ကိုမဆို မီးလောင်တိုက်သွင်းပစ်မဲ့သူဆိုတာ boss ကိုသိစေချင်တယ်။ မထိပါနဲ့ ကျွန်တော်သတိပေးတာပါ"
"မင်းလူကိုဘယ်ထိစောင့်ရှောက်နိုင်မလဲကြည့်ကြသေးတာပေါ့"
Boss ကဆေးလိပ်သောက်နေရင်းမီးခိုးငွေ့တွေကြားကနေ ကြည့်နေတဲ့အကြည့်က "မင်းနဲ့ငါ ဘယ်သူနိုင်မလဲ" စိန်ခေါ်နေသလို။
"ကျွန်တော့်ဝိဉာဉ်မပျက်သုဉ်းသရွေ့ သူ့ကိုဘယ်သူမှဒုက္ခပေးလို့မရဘူး"
Dion အပြင်ဘက်ထွက်ခဲ့ပြီး အိတ်ကပ်ထဲကဆေးလိပ်ကိုထုတ်ကာဖွာနေလိုက်သည်။ မိနစ်၃၀လောက်ကြာတော့ boss ကားကထွက်သွားပြီး အနားကို Rinoရောက်လာသည်။ ဆေးလိပ်တစ်လိပ်ကမ်းပေးပြီး မီးညှိပေးလိုက်သည်။
"Bossက မင်းလူကိုစောင့်ကြည့်ဖို့ လူတွေလွှတ်ခိုင်းထားတယ်။ မင်းဘက်ကတစ်ခုခုလှုပ်တာနဲ့ မင်းလူကိုရှင်းပစ်မဲ့ပုံဘဲ။ မင်းအခုတလောတော့ ငြိမ်နေသင့်တယ်ထင်တယ် Rhyne။ ဟူးးး.."
ဆေးလိပ်ငွေ့ကိုမှုတ်ထုတ်ကာပြောနေတဲ့Rino။
"မင်းထွက်မဲ့အစီအစဉ်ကအဆင်မပြေလောက်ဘူးထင်တယ်။ အခုဆို bossက မင်းကိုလဲမျက်စိဒေါက်ထောက်ပြီးစောင့်ကြည့်နေပြီ။ မင်းဟန်တစ်ချက်ပျက်တာနဲ့ မင်းလူကအန္တရာယ်ရှိနေပြီ"
"ဘာလို့ဒီဂိုဏ်းထဲဝင်တာလဲ Rino"
ပြောနေတဲ့အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့မေးခွန်းကိုမေးလာတာတဲ့ Rhyne ကြောင့် Rinoကြောင်သွားသည်။
"ဘာကိုလဲ"
"မင်းအဖေက အရာရှိဖြစ်ပါလျက်နဲ့ ဘာလို့ဒီထဲဝင်ရတာလဲ"
"Rhyne.... မင်း!"
Rinoက ဆေးလိပ်ကိုပစ်ချကာ Dion ရှေ့လာရပ်သည်။ Rinoက ရဲဘက်ကသူလျှိုဆိုတာ Dion မနေ့ညကသိလိုက်ရတာဖြစ်သည်။ မနေ့ညက ဓီ့ဆီသွားတော့ Zoneက သူစုံစမ်းထားတာကိုပြန်ပြောပြသည်။ Rinoရဲ့ကိုယ်ရေးမှတ်တမ်းကရှာရခက်ပြီး တော်တော်လေးကိုကြိုးကြိုးစားစားစုံစမ်းထားရခြင်းဖြစ်သည်ဟု Zoneကပြောသည်။
"ငါသိတယ် Rino။ မင်းက......ရဲဘက်ကသူလျှိုဆိုတာ"
"ငါနဲ့လိုက်ခဲ့"
ဒီနေရာကပြောလို့မကောင်းတဲ့နေရာမလို့ Dionလဲ Rinoခေါ်တဲ့နေရာကိုလိုက်သွားလိုက်သည်။ Rinoက taxiတစ်စီးကိုငှားကာ နေရာတစ်ခုကိုပြောလိုက်သည်။ သူပြောလိုက်သည့်နေရာက သင်္ချိုင်းတစ်ခုပင်။
ဟိုရောက်တော့ Rinoနောက်ကနေဘဲတိတ်ဆိတ်စွာလိုက်သွားလိုက်သည်။ အုတ်ဂူတစ်ခုရှေ့ရောက်တော့ Rinoကရပ်ကာ ငေးငိုင်စွာကြည့်နေလေသည်။
"ဒါက......"
"ငါ့အဖေ"
"ဪ..."
"ငါ့အဖေက British Commissionerတစ်ဦး။ သိပ်ကိုတော်တဲ့ ရဲတစ်ယောက်။ သူဖမ်းလို့မမိတဲ့ရာဇဝတ်သားမရှိဘူး။ လိုက်တဲ့အမှုတိုင်းလဲ အောင်မြင်တယ်။ ငါတို့မိသားစုဘဝကလဲအရမ်းပျော်ရွှင်ဖို့ကောင်းတာပေါ့။ အဖေကဘယ်လောက်အလုပ်မအားဖြစ်ပါစေ Family time ကိုအမြဲရအောင်ပေးတယ်။ တခြားအလုပ်များတဲ့မိဘတွေနဲ့မတူဘဲ ငါနဲ့အမြဲနီးနီးကပ်ကပ်ရှိပြီး ငါ့ကစားဖော်၊ စာကျက်ဖော် ဖြစ်ပေးခဲ့တာ။"
Dionတုံ့ပြန်သံမပြုဘဲ ငြိမ်ပြီးနားထောင်ပေးနေလိုက်သည်။
"တစ်နေ့ကျ အဖေကပြောင်းရွှေ့မိန့်နဲ့ French ဘက်ကိုတာဝန်ကျခဲ့တယ်။ အဲ့မှာငါတို့ဘဝတစ်ဆစ်ချိုးပြောင်းတာဘဲ။ အဖေတာဝန်ကျတဲ့နေရာကို တစ်မိသားစုလုံးပြောင်းခဲ့ကြတယ်။ အစပိုင်းကတော့ အဆင်ပြေခဲ့ကြတယ်။ အမှုတစ်ခုအဖေမကိုင်ခင် အချိန်ထိပေါ့"
Rinoက ပြောရင်း အသံကတင်းမာခက်ထန်လာသည်။
"အဖေ့ဆီကို မူးယစ်ဂိုဏ်းနဲ့ပတ်သတ်တဲ့အမှုရောက်လာခဲ့တယ်။ အဲ့ဂိုဏ်းကအရမ်းအာဏာကြီးတယ်ဆိုတာကို အဖေ့လုပ်ဖော်ကိုင်ဖက်တွေကပြောပြပြီး ဒီအမှုကိုမြှုပ်ပစ်လိုက်ဖို့အဖေ့ကိုသတိပေးကြတယ်။ အဖေကသူ့အလုပ်အပေါ်ကိုအရမ်းသစ္စာရှိတဲ့သူ။ သူ့ဆီရောက်လာတဲ့အမှုကိုသူကရအောင်ကိုင်တွယ်မယ်ဆိုပြီး အဲ့ဂိုဏ်းအကြောင်းကိုစုံစမ်းတယ်။ တော်တော်များများ အချက်အလက်တွေသိရပြီဆိုတော့ အဖေက အဲ့ဂိုဏ်းထဲကဂိုဏ်းသားတစ်ယောက်ကိုကုန်တွေနဲ့အတူဖမ်းမိခဲ့တယ်။"
"အဲ့လူကိုအဖေကဖမ်းထားတော့ အဲ့ဂိုဏ်းခေါင်းဆောင်က စခန်းမှာသူ့လူကိုလာထုတ်တယ်။ သူတို့ဘက်ကနည်းအမျိုးမျိုးသုံးပြီးထုတ်ပေမဲ့ အဖေက ဘယ်လိုလုပ်လုပ်ထုတ်မပေးခဲ့ဘူး။ သူတို့ကလွှတ်တော်အထက်လူကြီးအာဏာသုံးပြီးထုတ်ခဲ့ပေမဲ့ သူတို့ကပ်တဲ့သူမှားပြီး အထက်လူကြီးကသူတို့ကိုမကူဘဲ အဖေ့ကိုမိအောင်ဖမ်းဖို့အားပေးခဲ့တယ်။ အဓိက သူတို့ထုတ်ချင်တာလူမဟုတ်ဘဲ ကုန်တွေဖြစ်နေခဲ့တာ။ အဖေက အဲ့ဂိုဏ်းကလူကို တရားခွင်တင်ဖို့ပြင်ဆင်ခဲ့တယ်။ အဲ့ည......။ အဲ့ညမှာ အဖေက စာကြည့်ခန်းထဲမှာ အမှုအတွက်ပြင်နေခဲ့တာ။ ငါက စာအုပ်စင်တွေနောက်မှာ အိမ်စာလုပ်နေခဲ့တယ်။"
"လူတစ်ယောက်က စာကြည့်ခန်းထဲဝင်လာပြီး စားပွဲပေါ်ကိုငွေတွေပါတဲ့ boxတစ်ခုကိုချပေးတယ်။ အဖေ့ကို ဒီငွေတွေယူပြီးသူ့ကုန်တွေကိုပြန်ပေးဖို့ ပြောတယ်။ အဖေကလက်မခံဘဲ သူတို့ကိုရအောင်ဖမ်းမှာလို့ပြောတော့ နောက်ဆုံးနားချလို့မရတဲ့အဆုံး အဖေ့ကိုပစ်သတ်လိုက်ကြတယ်။ အမေကသေနတ်သံတွေကြားလို့ ရောက်လာတဲ့အခါမှာ အမေ့ကိုပါသူတို့ကပစ်သတ်လိုက်ကြတယ်။ သူတို့ကအဖေ့ရဲ့ဖိုင်တွဲတွေကိုမွှေနှောက်ရှာပြီး ပြန်သွားကြတယ်။ ငါရှိနေတာကို သူတို့သတိမထားမိခဲ့ကြဘူး။ သူတို့ပြန်သွားတော့ ငါအဖေနဲ့အမေ့ကြားမှာအကြာကြီးထိုင်ငိုနေခဲ့တာ။ ငါ့မှာအားကိုးရာမရှိတော့ဘူး။"
"မင်းအဖေကိုသတ်တဲ့လူက မဟုတ်မှလွဲရော"
"အင်း boss။
သူ့ကုန်ကိုမလွှတ်ပေးလို့ ငါ့အဖေကိုပစ်သတ်ခဲ့တာ။ အဲ့တုန်းကငါ့အသက် 8နှစ်။"
"မင်းအဖေသေတဲ့နောက်ပိုင်း မင်းဘယ်လိုဆက်ရှင်သန်ခဲ့လဲ Rino"
"လွှတ်တော်ကအထက်အရာရှိကငါ့ကိုမွေးစားခဲ့တယ်။ ပညာသင်ပေးတယ်။ ပြည့်စုံတယ်ထားပေးတယ်။ အဖေတို့သေတာကိုငါ့မျက်စိနဲ့တပ်အပ်မြင်လိုက်ရတော့ ငါ့စိတ်ခြောက်ခြားပြီး စိတ်ကျသွားတယ်။ ညညဆိုအဖေတို့အသတ်ခံလိုက်ရတဲ့မြင်ကွင်းကိုအိမ်မက်ဆိုးအဖြစ်ခဏခဏမက်တယ်။ အဲ့တာကိုလဲစိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြပြီး treatment လုပ်ပေးခဲ့ပေမဲ့ စိတ်ဒဏ်ရာကအရှင်းမပျောက်ဘဲ ငါစိတ်ပင်ပန်းချိန်တိုင်း အိမ်မက်ဆိုးကမက်တုန်း။ ငါ့အဖေတို့အတွက်လက်စားပြန်ချေချင်တဲ့စိတ်ကလဲ အသက်ကြီးလာတာနဲ့အမျှပိုပိုကြီးလာတယ်။ မွေးစားအဖေကတော့ငါ့ကိုတားပါတယ်။ သူတရားဥပဒေဘောင်တွင်းကနေ အရေးယူပါ့မယ်ဆိုပြီး။ ဘယ်တုန်းကများ ဒီဂိုဏ်းတွေကိုတရားဥပဒေကအရေးယူနိုင်ခဲ့လို့လဲ။ သူတို့က အမြဲတရားဥပဒေအထက်မှာဘဲဟာ။"
Dion ခေါင်းကိုဖြည်းညင်းစွာငြိမ့်လိုက်မိသည်။
"ငါ အသက်18နှစ်ရောက်တော့ ဒိဂိုဏ်းထဲကိုဝင်ခဲ့တယ် ငါ့နည်းငါ့ဟန်နဲ့ပေါ့။ တဖြည်းဖြည်းချင်း boss အနားကိုကပ်ခွင့်ရအောင်ကြိုးစားခဲ့တယ်။ ကပ်ခွင့်ရခဲ့ပေမဲ့ ငါ့နည်းကငါ့ကိုယ်ငါရွံလာအောင်ကို စိတ်ပျက်စရာကောင်းလွန်းနေခဲ့တာ။ ငါအမြဲသူ့နားနေနေပေမဲ့ သူ့ကိုပြုံးပြပြောဆိုနေရတာတွေကို ငါ့ရင်နာနာနဲ့ လုပ်နေရတာ။ အသက်29နှစ်တိုင်အောင် ငါဘာမှမလုပ်နိုင်သေးတာကိုလဲ ငါမကျေနပ်ဘူး။ ငါလေ ငါ့ကိုယ်ငါအရမ်းအားမလိုအားမရဖြစ်တယ်။"
Rino ခံစားချက်ကို Dion နားလည်ပါတယ်။ Rinoနားသွားပြီး ပုခုံးကိုဆုပ်ကိုင်ကာ
"မင်း လက်စားချေနိုင်မဲ့နေ့ရက်ကိုရောက်လာတော့မှာပါ"
"မင်းကဘာလို့အတပ်ပြောနိုင်ရတာလဲ"
"ငါ့ကိုယုံပါ။ မကြာခင်မှာဘဲ အဲ့လူကိုတရားဥပဒေဘောင်တွင်းမှာရော အပြင်မှာရောပါ ဒဏ်ခတ်နိုင်တော့မှာ"
"Rhyne မင်းလဲ ဂိုဏ်းထဲကိုရည်ရွယ်ချက်တစ်ခုခုကြောင့်ဝင်လာမှန်းငါသိတယ်။ တကယ်ဘဲ မင်းဘယ်သူလဲဆိုတာ ငါသိချင်မိတယ်။ ဒါပေမဲ့ မင်းမပြောပြချင်ရင် ငါဇွတ်မမေးပါဘူး"
"ငါဘယ်သူလဲဆိုတာ မင်းမကြာခင်သိရမှာပါ။ မင်းလက်စားချေမဲ့အစီအစဉ်မှာ ငါပါပါမယ် Rino။ အစကငါ့မှာရည်ရွယ်ချက်တစ်ခုဘဲရှိတာ။ အခု ငါ့သူငယ်ချင်းအတွက်ရောဆိုတော့ နှစ်ခုဖြစ်သွားပြီ"
"ကျေးဇူးပါ Rhyne ။ စိတ်ထဲကနေနှစ်နှစ်ကာကာကိုကျေးဇူးတင်တာပါ"
"မလိုပါဘူးကွာ။ ညီအစ်ကိုတွေဘဲဟာမဟုတ်ဘူးလား"
အခုမှRinoက အားရပါးရပြုံးတော့သည်။
"ဒါနဲ့ Rino မင်းနာမည်အရင်းကဘာလဲ"
"ငါ့profileကို ဖတ်ပြီး နာမည်ကျမသိဘူးလား"
"အေး မမှတ်မိတော့ဘူး"
"Johannes Karrl Elo"
(ယောန်ဟန်းနက်စ် ကားလ် အီလို)
"တော်ပါပြီ Rinoဘဲကောင်းတယ်"
"မင်းနာမည်ကရော"
"Davion Raphael Funès Jason"
"Rhyneဘဲကောင်းပါတယ်ကွာ"
"Dion လို့ခေါ်လို့ရပေမဲ့ ခေါ်ခွင့်မပေးပါဘူး။ အဲ့တာငါ့ဘဝမှာအရေးအပါဆုံးလူနှစ်ယောက်ခေါ်တဲ့နာမည်မလို့"
"ဘယ်သူတွေတုန်း"
"အမေနဲ့ ဓီလေ။ အချစ်ဦးနဲ့အချစ်ဆုံးပေါ့"
"အေးပါကွာ အေးပါအေးပါ"
မရယ်အပ်တဲ့နေရာမှာ ရည်ရွယ်ချက်တူသူငယ်ချင်းနှစ်ယောက်ရယ်သံဟာ ပျံ့လွှင့်နေလေသည်။
တစ်နေရာအကွယ်မှ မျက်လုံးများဟာအရောင်လက်လျက် ကော့ညွှတ်သွားသောနှုတ်ခမ်းထံမှ စကားတစ်ခွန်းထွက်လာလေသည်။
"я позабочусь о тебе Joy"
(ကိုယ်မင်းကိုစောင့်ရှောက်မှာ joy)
ကားတစ်စီးဟာ ဒီနေရာကိုစွန့်ခွာမောင်းနှင်နေပေမဲ့ ကားနောက်ခန်းကလူရဲ့စိတ်အစုံကတော့ ဒီနေရာမှာရှိတဲ့စိတ်ဒဏ်ရာအပြည့်နှင့်လူဆီမှာကျန်ရစ်နေခဲ့၏။ သူဟာ ဒီအမျိုးသားလေးကို နွေးထွေးစွာကြိုလင့်မဲ့ကမ်းလက်ပိုင်ရှင်ဖြစ်နေတာ ဘယ်သူများသိပါစ။
___________________________________________
_elf_
26/8/2024(Monday)
Rinoရဲ့ကမ်းလက်ပိုင်ရှင်လေးကဘယ်သူပါလိမ့်👀
You are reading the story above: TeenFic.Net