SSFE-T -- 9(uni)

Background color
Font
Font size
Line height

Unicode

"ဪ..ဓီရာ နိုးပြီလား"

"ဟုတ်ကဲ့ အကိုZone"

လှေကားကနေဆင်းလာတဲ့ ဓီရာကိုလှမ်းနှုတ်ဆက်တော့ ဓီရာကပြုံးပြကာ ပြန်ပြောသည်။ Zone ကသူ့ထက်ကြီးမှန်းသိကထဲက အကိုတပ်ခေါ်နေတဲ့ဒီကလေးကို သူမတားနိုင်တော့။ ပြုံးပြုံးလေးဆင်းလာပေမဲ့ မျက်အိတ်တွေကဖောင်းနေသလို။ ဒီကလေးငိုထားတယ်ထင်တယ်။

လူတွေများခံစားနေလိုက်ကြတာ ဘာမဟုတ်တဲ့အချစ်ဆိုတဲ့အရာအတွက်ကို မျက်ရည်‌တွေကျ၊ စိတ်ဆင်းရဲခံရတယ်လို့။ အဲ့တာကြောင့် သူကအမြဲအပျော်ရည်းစားဘဲထားတာ။ ပျော်ဖို့ဘဲအရေးကြီးတာ ကျန်တာသူ့ဘဝမှာဘာမှအရေးမပါဘူး။

"အကို မနက်စာပြင်ပေးထားတယ်။ လာဒီမှာထိုင်။ အကိုသွားနွေးပေးမယ်"

"ရပါတယ် အကို zone ။ ကျွန်တော့်ကိုယ့်ဘာသာကိုယ်လုပ်လိုက်ပါမယ်"

"မဟုတ်တာ နေမကောင်းတဲ့လူကိုလုပ်ခိုင်းလို့ဘယ်ဖြစ်မလဲ။ ထိုင်သာနေပါ အကိုလုပ်ပေးပါမယ်"

"ကျွန်တော်နေကောင်းပါတယ်"

"ဘာနေကောင်းတာလဲ မျက်နှာကဖြင့်နွမ်းနေတာကို။ မျက်လုံးတွေကအစသိသာတယ်။ အကို့ကိုအားနာစရာမရှိပါဘူး။ အကိုကမင်းကိုချစ်လို့...အဲ ညီတစ်ယောက်လိုချစ်လို့ အကို့‌ဆန္ဒနဲ့လုပ်ပေးတာမလို့ ဘာမှအားမနာနဲ့ ဟုတ်ပြီလား"

အကိုZoneရဲ့စကားကြောင့် ဓီရာငိုထားတာများအရမ်းသိသာ‌နေသလားလို့ မျက်လုံး‌ကို ယောင်နနနဲ့စမ်းလိုက်မိသည်။ မဖောင်းနေပါဘူး။ တော်သေးတာပေါ့။

"ကျေးဇူးပါ အကိုzone"

"မလိုပါဘူးကွာ။ ရော့ ရပြီ စားတော့"

"ဟုတ်"

ဓီရာ စွပ်ပြုတ်ပန်းကန်ကိုသေချာကြည့်မိလိုက်သည်။ ပုံစံကအစ Dionပြင်ပေးထားသလို။ ဓီရာစားကြည့်လိုက်တော့ ပိုသိသာသွားသည်။ ဒါ Dion လက်ရာ။ ဒီလိုမျိုး ဓီရာ့ကို သူတစ်ခါချက်ကျွေးဖူးသည်။

"ဘာလို့လဲ စားမကောင်းလို့လား ဓီရာ"

"ကောင်းပါတယ် အကို။ ဒါနဲ့ ဒါအစ်ကိုချက်တာလားဟင်"

"မဟုတ်ဘူး အကိုဝယ်လာတာ ဓီရာ။ ဘာဖြစ်လို့လဲ"

"ကျွန်တော်ဒီအရသာကိုရင်းနှီးသလိုခံစားရလို့ပါ"

"ဪ အဲ့ဆိုင်ကနေမှာစားဖူးလို့နေမယ်"

"အင်း...ဟုတ်မှာပါ"

Zoneအခုမှသက်ပြင်းတိုးတိုးချနိုင်သည်။ တော်သေးတာပေါ့ ပိပိရိရိလိမ်နိုင်သေးလို့။ လိမ်တာကအကျွမ်းဆုံးဖြစ်နေတော့လဲ ဒီပါရမီလေးက အကျိုးပေးသား။

ဓီရာစွပ်ပြုတ်ဆက်စားနေရင်း မျက်ရည်တွေဝဲလာပြန်သည်။ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်ရည်မကျအောင်ဘဲထိန်းထားလိုက်သည်။ ‌ဘယ်နှရက်ရှိပြီလဲ စားသမျှ Dion လက်ရာလိုခံစားနေရတာ။

စွပ်ပြုတ်စားပြီးတော့ အကိုzoneကဘဲပန်းကန်ဆေးပေးသည်။ ဓီရာ့ကိုတော့ ဧည့်ခန်းထဲမှာသွားထိုင်ခိုင်းထားသည်။ ဓီရာထိုင်နေရင်းကနေ
အကိုzoneပန်းကန်‌ဆေးပြီးရင် စကားပြောရင်းအသီးတစ်ခုခုစားရအောင်လို့ ရေခဲသေတ္တာထဲအသီးထုတ်ဖို့ပြင်လိုက်သည်။ ရေခဲသေတ္တာဖွင့်လိုက်တော့ အသီးတွေကအရင်နေ့ကထက် ပိုများနေသလို။ ပြီးတော့ အသီးတွေတိုးလာပြီးမနေ့ကမရှိတဲ့အသီးတွေပါရှိနေ၏။ စတော်ဘယ်ရီသီးနှင့်raspberryက ဘူးလေးတွေနဲ့။ ဖရဲသီးနှင့် နာနတ်သီးကလဲ အစိတ်လေးတွေစိတ်ထားပြီး ကော်ဘူးလေးနဲ့ထည့်ထားသည်။ အရင်နေ့တွေအတိုင်းတည်သီးခြောက်ဘူးလေးကလဲရှိနေသည်။ အပေါ်ထပ်ကိုလှပ်လိုက်တော့ နေ့တိုင်းတွေ့နေကျ ပူတင်းလေးတစ်ခု။ ပြီးတော့ အရင်နေ့တွေကအတိုင်း ဖျော်ရည်ဘူးလေးတစ်ဘူး။

"ဓီရာဘာဖြစ်လို့လဲ"

အကိုzone ကဘယ်တုန်းကအနားရောက်နေမှန်းမသိရောက်လာသည်။

"ကျွန်တော်အသီးလာယူတာ။ ဒါတွေတွေ့ရလို့လေ ကျွန်တော်အရင်‌နေ့ကရှိတာထက်ပိုများများလာသလားလို့"

"အကိုထပ်ဝယ်ထားတာ။ မနက်ကလေ ဈေးခဏသွားလိုက်သေးတယ်"

"ဒီဖျော်ရည်နဲ့ ပူတင်းရောလား"

ဓီရာက လက်ထဲကပုလင်းကိုမြှောက်ပြီး ပူတင်းကိုမေးငေါ့ပြလိုက်တော့ အကိုzoneမျက်နှာကသိသိသာသာပျက်ယွင်းမသွား။ တည်ငြိမ်စွာနဲ့ပင်

"ခါတိုင်းလိုပါဘဲ အကို စွပ်ပြုတ်ဝယ်ရင်း လမ်းကြုံတာနဲ့တစ်ခါထဲဝယ်ခဲ့လိုက်တာ။ ဖျော်ရည်က အကို ဘူးပြောင်းထည့်ထားလိုက်တာ ဓီရာကဟိုနေ့ကလဲဘူးနဲ့ဘဲသောက်‌တော့အကိုပြောင်းထားလိုက်တာ။ ပူတင်းလဲကြိုက်တယ်ထင်လို့လေ"

"ဪ ဟုတ်ဟုတ်"

"ဓီရာအသီးယူမှာမလား။ အကိုယူခဲ့လိုက်မယ်။ သွားထိုင်နေလေ"

"ရတယ်အကို ကျွန်တော်ဘဲယူခဲ့လိုက်မယ်။ အကိုသွားထိုင်နှင့်လိုက်။ ကျွန်တော်အသီးတွေယူပြီး လာခဲ့မယ်နော်"

"ဟုတ်ပါပြီ"

Zone ဧည့်ခန်းဘက်ကိုထွက်လာတော့ ဖုန်းကမြည်လာသည်။ ဟိုသကောင့်သားခေါ်တာဘဲဖြစ်ရမယ်။ အခုမှ ဌာနမှာexecutive assistant directors ဖြစ်နေပြီးကိုယ့်ထက်မြင့်တာဆိုလို့ deputy director နှင့် director ဘဲကျန်တော့တာ။ အခုလိုရာထူးအမြင့်နဲ့လူက ပြည်သူနဲ့နိုင်ငံ့‌အရေးမဖြေရှင်းရဘူး ဒီကောင့်အချစ်ရေးဘဲဖြေရှင်းနေရတယ်။ အခုသူ့လူကိုလာစောင့်ရှောက်ပေးတာတောင် အထက်လူကြီးတွေမကြည်ကြည်အောင် တင်ပြပြောဆိုခဲ့ရသေးတယ်။

ဖုန်းကိုင်လိုက်တော့

"ဓီ မနက်စာစားပြီးပြီလား "

"နေ့တိုင်း‌ဖြေနေရတာမဟန်ဘူး။
သိချင်ရင် လာမေးလှည့်လေ"

"လာ ကပ်နေပြန်ပြီ။ စားပြီးပြီမလား"

"အေး"

"အသီးတွေရော စားလား"

Zone ပြတင်းပေါက်နားထိသွားရပ်ပြီးမှ လေသံလျှော့ကာ...။

"မစားရသေးဘူး။ ဓီရာရိပ်မိနေတယ်ထင်တယ်။ ငါ့ကိုမေးနေတာ အသီးတွေက‌တစ်နေ့ထက်တစ်နေ့များများလာလို့တဲ့။ ပြီးတော့စွပ်ပြုတ်ကိုလဲဘဲသူရင်းနှီးနေတဲ့အရသာလို့ ပြောတယ်။ အရင်နေ့ကထက်ဒီနေ့ပိုထူးခြားနေတယ်"

"အင်း...သူရိပ်မိလောက်မှာပါ။ ငါနဲ့မင်းနဲ့ပတ်သတ်မှုတော့သူမသိပါဘူး။ အလိုက်သင့်လေးဘဲပြောပေးလိုက်"

"အေး တတ်နိုင်သမျှလိမ်ထားတယ်"

"အေးပါ။ ဒါနဲ့နေ့လည်စာကလေ ကြက်သားကြော်ကိုကျွေးဖို့မမေ့နဲ့နော်။ ထမင်းကိုလဲ"

Davion စကားမဆုံးခင် zoneဖုန်းချပြီး ဆိုဖာပေါ်သွားထိုင်လိုက်သည်။ သူကသူ့ချစ်သူကို သူချစ်လို့မှာတာဆိုပေမဲ့ ZONEကတော့နားငြီးတယ်။ မနက်တိုင်းတကျီကျီနဲ့မှာပြီးလဲ ထပ်ခါထပ်ခါမှာနေတာ။ တစ်ခါဆိုရပါတယ် ထပ်ခါထပ်ခါပြောနေရင်မလုပ်ချင်တော့ဘူး။

"အကိုzone"

"ဓီရာ လာထိုင်လှည့်လေ"

ဓီရာကခပ်သော့သော့လေးရယ်တော့မှ ဇုန်ကိုယ့်အဖြစ်ကိုယ်ပြန်သတိထားမိသည်။ အိမ်ရှင်ကိုထိုင်ဖို့ ဧည့်ဝတ်ပြုနေသတဲ့။

ဓီရာကရယ်ရင်းနဲ့ ထိုင်လိုက်ကာ အသီးပန်းကန်ကို zone လက်ထဲထည့်ပေးသည်။

"အကိုဇုန်"

"ပြောလေ ဓီရာ"

"အကိုက အခုဘယ်မှာအလုပ်လုပ်နေတာလဲဟင် police လား"

"အာ...အကိုက FBIမှာလုပ်တာ"

"အကိုက Aussie သားဆို။ FBI မှာအလုပ်လုပ်ဖို့ဆို US citizen ဖြစ်မှရမှာမဟုတ်ဘူးလား"

"အဲ့တာအကိုပြောပြမယ်။ အကိုက Aussie - Burma သွေးနှော။ လူမျိုးဆိုရင် Australian ။ နိုင်ငံသားကကျ US နိုင်ငံသားခံထားတာကြာပြီ အကို့ မွေးစားအမေက USနိုင်ငံသားဆိုတော့ အကို့ကိုပါUSနိုင်ငံသားအဖြစ် သွင်းလိုက်တာ"

"ဟင် အကို့မှာမွေးစားအမေရှိတာလား"

"အင်း။ အကို14နှစ်လောက်ကတည်းက mumက သေသွားခဲ့တော့ Sheila ကဘဲ အကို့ကိုစောင့်ရှောက်ထားတာ"

"အကို့အဖေကရော"

အကိုဇုန့်မျက်နှာ‌တင်းသွားပြီး ခနဲ့ပြုံးတစ်ချက်ပြုံး၍

"သူက အကို့ကိုလူဖြစ်အောင်လုပ်တဲ့နေရာတင်ရှိ‌ခဲ့တာ။ အကိုလူစဖြစ်ပါပြီဆိုကထဲက အဲ့လူကအကိုတို့အပေါ်မှာ သူစိမ်းထက်‌တောင်လျစ်လျုရှုခဲ့တဲ့သူ။
သူ့သားပါဆိုပြီးတစ်ချက်လေးတောင်လှည့်ကြည့်ခဲ့တာမဟုတ်ဘူး။ mumနဲ့ ကိုယ့်ကို papa, nana နှင့် Sheila ကဘဲစောင့်ရှောက်ခဲ့တာ။

အာ...ဓီရာကိုယ့်အခေါ်အဝေါ်တွေကြောင့်ရှုပ်သွားပြီထင်တယ်။ papa ဆိုတာ ကိုယ့်grandpa၊ nana ကကျ grandmom ၊ Sheila ကကျ ကိုယ့်မွေးစား‌အမေ။ Sheila ဆိုတာသူ့နာမည်တော့မဟုတ်ဘူး မွေးစားအမေကိုကိုယ်ကချစ်စနိုးနဲ့ မိန်းမပျိုလေးလို့ခေါ်တာ။ Australian word မှာကျ မိန်းမပျိုလေးကို Sheila လို့ခေါ်ကြတာလေ အဲ့တာကြောင့်"

ဓီရာကနားမလည်သလိုဖြစ်နေတော့ အကိုဇုန်ကနားလည်အောင်ရှင်းပြရင်းပြုံးသည်။ အကိုဇုန်က သူ့အဖေနဲ့သိပ်အဆင်မပြေဘူးထင်သည်။ ဓီရာလဲ အကိုဇုန်စိတ်ညစ်နေမစိုးလို့ မိသားစုကိစ္စကနေစကားလမ်းကြောင်းလွှဲလိုက်သည်။

"အကိုဇုန်က အခု ပြင်သစ်ကျ Transferလား"

"ဟုတ်တယ် ဓီရာ။ Transfer "

"ဪ ဘယ်နှနှစ်တောင်ရှိပြီလဲ ဒီရောက်တာ"

"3နှစ်ရှိပြီ "

"အကိုဇုန်က အခုအသက်29ဆိုတော့ ဘယ်အရွယ်လောက်ကထဲက FBI ထဲဝင်တာလဲ"

"အကို့အသက် 23မှာဝင်တာ။ အကို့အကြောင်းဘဲမေးနေတော့မှာလား ဓီရာကတော့ဘာမှမပြောပြတော့ဘူးလား"

"ဟိုနေ့ကပြောပြပြီးသွားပြီလေ"

"ဒါဘဲပေါ့ ထပ်ပြီးဘာမှမပြောပြတော့ဘူးပေါ့"

"အကိုက ဘာသိချင်လို့လဲ"

ဖရဲသီးတစ်စိတ်ကိုပါးစပ်ထဲထည့်ကာ မေးတော့ အကိုဇုန်က ခပ်ပြုံးပြုံးဘဲ အချစ်ရေးဟုဖြေလာသည်။ အချစ်ရေး...... မပြောချင်ဆုံးခေါင်းစဉ်ဖြစ်သလို အဖွင့်ဟချင်ဆုံးခေါင်းစဉ်။

"ဘယ်သူ့ကိုချစ်နေလဲ"

"ချစ်ရတဲ့သူမရှိဘူးလို့ပြောရင် အကိုကလဲယုံမှာမဟုတ်သလို ကျွန်တော်လဲလိပ်ပြာလုံမှာမဟုတ်ဘူး"

"အဲ့တော့ ရှိတယ်ပေါ့"

"အင်း"

"ဘယ်သူလဲဆိုတာ ထပ်သိခွင့်ရှိမလား"

"ဒီမှာတွေ့တဲ့ ဒီမြေဖွားပြင်သစ်သားပါ။ အကို့လိုဘဲသူကလဲ ကပြား။ သူကကျ ပြစ်သစ်-မြန်မာကပြားလေ ‌ဗြိတိန်သွေးလဲနည်းနည်းရောတယ်"

"သူကချောလား"

"ချောတယ်ပြောရမှာပေါ့။ blonde hairနဲ့ မျက်လုံးဝါဝါလေးတွေနဲ့ ခန္ဓာကိုယ်အချိုးအစားကလဲမိုက်သလို style ကလဲမိုက်တယ်"

ဟိုကောင့်ရုပ်ရည်ကြည့်ကောင်းတာမှန်ပေမဲ့ အဲ့လောက်ကြီးလဲမဟုတ်ပါဘူး။ အေးလေ ဒါကတော့သူ့ချစ်သူဘဲသူ့ကိုမြှောက်မှာပေါ့။

"အကိုနဲ့ဆိုဘယ်သူပိုချောလဲ"

မျက်ခုံးပင့်ပြီး Confidence ရှိရှိမေးတော့ ဓီရာကရယ်ကာ

"မျက်နှာလိုက်တာတော့မဟုတ်ဘူးနော် အကိုကလဲချောပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာတော့ ကျွန်တော့်ပြင်သစ်သားကပိုချော‌တယ်"

မြန်မာနိုင်ငံသားတို့ကတော့တစ်ကွက်ပြလိုက်ပြီ။

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကိုယ့်ကိုယ်ကိုယ်ပိုချောမှန်းသိနေတော့လဲ ငြိမ်နေလိုက်ပါမယ်"

နှစ်ယောက်လုံးအားရပါးရရယ်နေကြသည်။ အမှန်ဆို Zoneက လူတိုင်းနဲ့ရောရောနှောနှောမနေတတ်တဲ့သူပင်။ အမြဲရုပ်တည်လို့ တစ်ဌာနလုံး အထက်လူကြီးတွေပါ Zoneကိုရှိန်ကြတာများသည်။ သိတဲ့သူတွေလောက်နဲ့သာ ရင်းရင်းနှီးနှီးနေပေမဲ့ အခုလိုရယ်ခြင်းပြုခြင်းသိပ်မရှိ။ ဒီကောင်လေးနဲ့အတူရှိတာ သူ့စိတ်ကိုcomfortဖြစ်စေတာတော့အမှန်။ စတွေ့ကထဲက ကိုယ့်ညီလေးလိုခံစားရတ။
ဓီရာလင်းကတကယ် သူများကိုငြိမ်းချမ်းစေသလို

သူကိုယ်တိုင်လဲငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့အကြည်ဓာတ်လေးပင်။ အဲ့တာကြောင့် Davion က ဒီနွံထဲကမရုန်းနိုင်ဖြစ်နေတာ။ ဒီလိုချစ်ဖို့ကောင်းတဲ့ကလေးကိုရင်းနှီးရတာလဲ ကောင်းတဲ့အမှုတစ်ခုပါဘဲ။

"အကိုဆက်နားထောင်မလားဟင် ကျွန်တော်ရင်ဖွင့်ချင်တာလေးရှိနေလို့"

"နားထောင်မှာပေါ့ ပြောလေ ဓီရာ"

"ကျွန်တော့်ပြင်သစ်သားနာမည်က Dionတဲ့။ သူနဲ့ကျွန်တော်ကကော်ဖီဆိုင်မှာ တိုက်မိကြရင်းနဲ့ဆုံဖြစ်ကြတာ။ နောက်ပိုင်းသူကကျွန်တော့်ကို tourist guide လုပ်ပေးတယ်။ အဲ့လိုကနေတဖြည်းဖြည်းရင်းနှီးခဲ့ကြတာပေါ့"

"အင်း"

"ကျွန်တော်ကငယ်ငယ်လေးကထဲကအပေါင်းအသင်းမက်တယ်။ တစ်ယောက်နေရတာမျိုးကိုအရမ်းမုန်းတာ။ ဒါပေမဲ့ ကျွန်တော့်ကိုပေါင်းချင်တဲ့သူမရှိဘူး။ အဲ့တော့အမြဲကျွန်တော်တစ်ယောက်ထဲဘဲ။ တဖြည်းဖြည်းနဲ့စိတ်အားငယ်တတ်လာတယ်။ ကိုယ့်အပေါ်ကောင်းပေးတဲ့သူကိုတွေ့တာနဲ့ အဲ့လူကိုအရမ်းခင်တွယ်တာ။ အားလဲကိုးတယ်။ အဲ့လူကကျွန်တော့်ကိုမခင်တော့ဘဲခွာသွားမှာလဲအရမ်းကြောက်တာ။ ကျွန်တော်ဥ‌ပဒေကျောင်းတက်တော့ ပေါင်းတဲ့သူတွေရှိလာပါတယ် ဒါပေမဲ့ကျွန်တော့်ရဲ့အရမ်းခင်တွယ်တဲ့စိတ်ကြောင့်ဘယ်သူမှကျွန်တော့်ကိုကြာကြာမခင်နိုင်ကြဘူး။ အခုဒီကိုရောက်လာတော့ Dion ကကျွန်တော့်အပေါ်အရမ်းကောင်းပေးတာ။ မြန်မာနိုင်ငံမှာကကိုယ့်လူမျိုးတွေမလို့ အပေါင်းအသင်းမရှိလဲနေရသိပ်မခက်ခဲ့ဘူး။ ဒီမှာကျ ကိုယ်တစ်ယောက်ထဲလိုဖြစ်နေတော့ အရမ်းအားငယ်တဲ့အချိန် Dionရောက်လာတော့ ကျွန်တော်ကသူများတွေကိုခင်တွယ်ခဲ့တာထက် Dionကိုအများကြီးပိုတွယ်တာခဲ့တာ"

"တွယ်တာရင်းကနေ ကျွန်တော့်စိတ်တွေကခင်မင်မှုကိုအရောင်ဆိုးခဲ့တယ်။ ကျွန်တော်နေမကောင်းတုန်းက အမြဲအနားရှိပေးတဲ့Dionကို ကျွန်တော်ချစ်မိသွားခဲ့တယ်။ အစကတော့ ဒီအချစ်အပေါ်ကိုကျွန်တော်လက်မခံချင်ခဲ့ဘူး ဒါမူမမှန်တဲ့အချစ်လေ။ပြီးတော့ အခုလိုအချစ်ကိုမြန်မာနိုင်ငံကလူကြီးတွေက ဝဋ်ကြွေးတဲ့။ မြန်မာနိုင်ငံကအယူအဆ‌တွေအရ ဒါဟာမပြုသင့်တဲ့ကံဖြစ်နေတော့ ကျွန်တော့်ခံစားချက်တွေကိုလျစ်လျူရှု‌ခဲ့တယ်။ ဒါပေမဲ့ Dion နဲ့တွေ့တိုင်း ကျွန်တော့်ရင်ခုန်သံက မြန်မြန်လာတယ်။ Dion နဲ့အတူရှိနေရတာက ကျွန်တော့်ကိုနွေးထွေးစေတယ်၊ ပျော်ရွှင်စေတယ် ၊လုံခြုံစေတယ်၊ သူစိမ်းတစ်ယောက်ဆီကတစ်ခါမှမခံစားဖူးတဲ့မေတ္တာကိုခံစားရစေတယ်။"

" တစ်နေ့ကျတော့ Dion က ယောက်ကျားလေးနှစ်ယောက်ရဲ့အချစ်အကြောင်းဇာတ်လမ်းတစ်ပုဒ်ကိုပြောပြခဲ့တယ်။ ဘာသာရေးတွေ လူမျိုးရေးတွေ အခြေအနေတွေမတူတဲ့လူနှစ်ယောက်ကြားက အချစ်အကြောင်းပေါ့။ အဲ့ဇာတ်လမ်းပြီးတဲ့အချိန်မှာ ကျွန်တော်အကြာကြီးငိုနေခဲ့တာ။ ဇာတ်လမ်းကဇာတ်သိမ်းမလှခဲ့လို့ဘဲလား၊ ကျွန်တော့်ခံစားချက်တွေကြောင့်လားတော့မသိဘူး။ Dion ကကျွန်တော့်ကိုနှစ်သိမ့်ပြီး ‌ယောက်ျားတစ်ယောက်က သူနဲ့လိင်တူယောက်ျားတစ်ယောက်ကိုချစ်မိတာ အမှားမဟုတ်ဘဲ မေတ္တာတရားသက်သက်ဘဲတဲ့။ ရမ္မက်တွေကြောင့် ၊ လိုအင်ဆန္ဒတွေကြောင့်ဆိုတာကိုအကုန်ဖယ်ထားတဲ့ မေတ္တာတဲ့"

ဓီရာ ကျဆင်းလာတဲ့မျက်ရည်ကိုလက်ခုံဖြင့်ဖိသုတ်ရင်း Dion ပြောခဲ့တဲ့စကားကို ပြန်တွေးမိသည်။

//"ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုချစ်မိတာက အမှားမှမဟုတ်ဘဲဓီရယ်။ ‌ဒါဟာ မေတ္တာတရားသက်သက်ပါဘဲ။ မေတ္တာတရားတောင်မှ ရမ္မက်တွေ၊ စိတ်ရိုင်းရဲ့လိုအင်ဆန္ဒတွေမပါတဲ့ အဖြူထည်မေတ္တာ။ တစ်ချို့က ယောက်ျားချင်းချစ်မိတာကို အပြစ်တစ်ခုလို၊ မပြုသင့်တဲ့အရာကိုပြုတဲ့ငမိုက်သားတွေလို တွေးကြထင်ကြပြောကြတာဘဲ။ သေချာပေါက်အဲ့လူတွေက အယူစွဲတွေရှိနေကြတဲ့လူတွေ၊ လူကိုလူကိုမမြင်နိုင်တဲ့လူတွေ၊ ကိုယ်ချင်းစာတရားမရှိတဲ့သူ‌တွေ၊
မေတ္တာတရားကိုမခံစားဖူးတဲ့သူတွေ ဒါမှမဟုတ် မေတ္တာတရားခေါင်းပါးတဲ့သူတွေဘဲ။

ဓီသေချာတွေးကြည့် လူနှစ်ယောက်ချစ်ကြတာမှာဘယ်အရာတွေကအရေးပါလို့လဲ။ ချစ်ခြင်းမေတ္တာကဘဲအရေးပါတာမလား။ တကယ်လို့ ယောက်ျားချင်းချစ်ကြတာဟာ သဘာဝတရားကိုဆန့်ကျင်တယ်ဆိုလဲ ဆန့်ကျင်တာဘဲပေါ့။ မပြုသင့်တဲ့ကံဆိုလဲ မပြုသင့်တဲ့ကံကိုပြုတဲ့ငမိုက်သားပေါ့။ ရာဇဝတ်မှုဆိုလဲ ရာဇဝတ်သားပေါ့။ ဝဋ်ကြွေးလို့ပြောကြလဲ ဝဋ်ကြွေးလှလှကိုကျေအောင်ဆပ်တာဘဲပေါ့။ ပတ်ဝန်းကျင်လှိုင်းတံပိုးရဲ့ရိုက်ခတ်မှုတွေကို ဂရုစိုက်ပြီး ကိုယ့်ခံစားချက်တွေကို မြှုပ်နှံလိုက်ရင် ဘဝရဲ့ပျော်ရွှင်မှုကိုဘယ်လိုခံစားနိုင်တော့မှာလဲ။ ပျော်ရွှင်မှုကအရာအားလုံးထက်အရေးကြီးတယ်ဓီရဲ့။ ပျော်ရွှင်မှုထက်ပိုအရေးကြီးတာက အချစ်ဘဲ။ အချစ်ကြောင့်ရမဲ့ပျော်ရွှင်မှုကို လူတကာရဲ့အပြောတွေကိုဂရုစိုက်ပြီး ပစ်ပယ်လိုက်ရင် နစ်နာတဲ့သူကကိုယ်ဘဲဖြစ်မှာ။ အဲ့တော့ ကိုယ့်ပျော်ရွှင်မှုအတွက် လူတွေကိုလျစ်လျူရှုလိုက်စမ်းပါ ဓီရယ်။ အချစ်မှာမချစ်သင့်ဘူး ချစ်သင့်တယ်ဆိုတာမရှိပါဘူး"

"ဓီရာ ရော့"

အကိုဇုန်က tissueတစ်ရွက်ကမ်းပေးပြီး ပုခုံးကိုပုတ်ကာနှစ်သိမ့်သည်။

"ကျေးဇူးပါ အကို"

"ညီလေး ဆက်ပြောမှာမလား။ အကိုနားထောင်ပေးနေတယ်နော်"

ဓီရာ ခေါင်းငြိမ့်ပြလိုက်သည်။

"အဲ့နေ့မှာဘဲ ကျွန်တော်ကDionကို ချစ်နေတယ်ဆိုတဲ့အချက်ကို လက်ခံခဲ့တယ်။ ဖွင့်ပြောဖို့တော့သတ္တိမရှိခဲ့ဘူး။ ကျွန်တော်ကDionကိုချစ်နေသလိုDionကလဲကျွန်တော့်ကိုချစ်နေခဲ့တယ်။ Dionကကျွန်တော့်ကို ကျွန်တော့်မွေးနေ့မှဖွင့်ပြောခဲ့တယ် သူကျွန်တော့်ကိုချစ်နေကြောင်း။ အဲ့နေ့ကကျွန်တော့်ဘဝမှာအပျော်ဆုံးနေ့ဖြစ်သလို အမုန်းဆုံးနေ့လဲဖြစ်တယ်။ ကျွန်တော်မုန်းတဲ့မူးယစ်ဆေးဝါးတွေက သူ့ရဲ့အလုပ်တဲ့။ သူကဂိုဏ်းမှာဒုခေါင်းဆောင်တဲ့။ အကိုသိလား အဲ့နေ့ကလေ ကျွန်တော့် သူ့ကိုအမှန်အတိုင်းပြောဖို့တောင်းဆိုခဲ့တောင် သူ့ကိုအဆုံးထိလိမ်စေချင်ခဲ့တာ သူလိမ်ခဲ့ရင်ကျွန်တော်က မျက်စိစုံမှိတ်ယုံပြီး ချစ်တယ်ဆိုတဲ့အဖြေကိုပေးခဲ့ဉီးမှာ"

လက်ပေါ်မျက်နှာအပ်ကာငိုချလိုက်ပုံက တကယ်ကိုယူကြုံးမရတဲ့ပုံပင်။

"ကျွန်တော်ကလေ ကျွန်တော်ချစ်တဲ့သူကို တွန်းထုတ်ခဲ့မိတာ။ ကျွန်တော့်အစွဲကြောင့်နဲ့ ကျွန်‌တော့်အပေါ်အများကြီး‌ချစ်ပေးတဲ့သူကိုထွက်သွားစေခဲ့တာ"

ဓီရာ့မျက်ရည်တွေက နောင်တတရားကြောင့်ကျရတဲ့မျက်ရည်တွေပင်။ သူသိပ်ကိုမှားခဲ့တာ

"အကိုသိလား။ ကျွန်တော်သူထွက်သွားတဲ့နေ့ကစပြီးတစ်နေ့မှ သူ့ကိုမလွမ်းတဲ့ရက်မရှိဘူး။ ကျွန်တော်သူ့ကိုတွေ့ချင်နေမိတာ။ ဒါပေမဲ့ သူကတော့ သူ့ကတိသူတည်ပါတယ်။ ကျွန်တော့်ရှေ့ကိုထပ်ပေါ်မလာဖို့ပြောကထဲက သူ့မျက်နှာကိုကျွန်တော်မမြင်ရစေဘူးပြောပြီး တကယ်ကိုမတွေ့စေဘူး။ သူတဇွတ်ထိုးဆန်ဆန်နဲ့ လာတွေ့ဖို့ကို ကျွန်တော်အမြဲမျှော်လင့်ခဲ့တာ။ သူကအမြဲသူ့ခံစားချက်ကိုလျစ်လျူရှုပြီး ကျွန်တော့်အတွက်ဘဲစဉ်းစားနေခဲ့တာ။ ကျွန်တော်အဲ့တာကိုမကြိုက်ဘူး ဘာလို့လဲ ဘာလို့ကျွန်တော့်အတွက်ဘဲလဲ။ ဘာလို့သူ့အတွက်သူမတွေးတာလဲ"

ဇုန်ကရှေ့တိုးပြီး ဓီရာ့နောက်ကျောကိုပုတ်ပေးတော့ ပုခုံးပေါ်ကိုမျက်နှာအပ်ကာဆက်ငိုလေသည်။ သူကအချစ်ကိုတစ်ခါမှမခံစားဖူးတာမှန်ပေမဲ့ ကိုယ့်ညီလေးလိုရင်းနှီးရသူတစ်ယောက်လုံးငိုနေတာမြင်တော့ တကယ်စိတ်မကောင်း။ ပြီးတော့ ကိုယ့်သူငယ်ချင်းဖြစ်တဲ့ Davion။ သူလဲဘယ်လောက်တောင်စိတ်ထိခိုက်နေလိုက်မလဲ။

*အချစ်တွေများ နာကျင်ရလိုက်တာ

ဓီရာက ငိုလို့ဝတော့ ပြန်ခွာပြီး တစ်ရှူးနဲ့မျက်နှာကိုသုတ်ကာ စကားဆက်ပြောသည်။

"သူထွက်သွားနေ့က ကျွန်တော်တစ်ညလုံးငိုနေခဲ့တာ။  ကျွန်တော်မုန်းတဲ့အလုပ်ကိုမှ ဘာလို့ကျွန်တော်ချစ်တဲ့သူကလုပ်တာလဲ။ အဲ့ညက ချစ်တဲ့သူကိုမစွန့်လွှတ်ချင်တဲ့စိတ်နှင့် အယူအဆကြားထဲ ရူးမတတ်ဘဲ။ ကျွန်တော်ကချစ်ရတဲ့သူကိုပစ်ပယ်လိုက်ဖို့အရင်တွေးမိခဲ့တယ် အကို။ကျွန်တော်ဘယ်လောက်တောင်မိုက်မဲလိုက်သလဲ။ တကယ်တမ်းကျ ကျွန်တော်သူ့ကိုမစွန့်လွှတ်နိုင်ဘူး။ ကျွန်တော်ဆက်ရှင်သန်ဖို့ အဲ့နေရောင်နွေးနွေးလေးကိုလိုအပ်တယ်။ အဲ့တာကိုသူအနားမှာမရှိတဲ့ အချိန်ကြာတာနဲ့အမျှသဘောပေါက်လာတာ။ ကျွန်တော့်အယူအဆမရှိရင် ကျွန်တော်ဘာမှမဖြစ်ပေမဲ့ သူမရှိရင် ကျွန်တော်ကသေလူဘဲအကို"

"ညတိုင်းလိုလိုအိပ်မရတဲ့သူက သူ့အနွေးဓာတ်ကြောင့်ကောင်းကောင်းအိပ်စက်နိုင်ခဲ့တာ။ ကျွန်တော်လေ ထင်ယောင်ထင်မှားဖြစ်နေတယ်ထင်တယ်။ ညတိုင်းသူကျွန်တော့်အနားရောက်လာသလိုကျွန်တော်ခံစားနေရတယ်။ ပြီးတော့ သူထွက်သွားပေမဲ့ သူကျွန်တော်အနားမှာအမြဲရှိသလိုဘဲ။ ကျွန်တော့်ကိုသူဆက်ချစ်နိုင်ပါ့မလား သူကျွန်တော့်ကိုစွန့်လွှတ်သွားမှာကျွန်တော်အရမ်းကြောက်တယ်။ ကျွန်တော်ကနားလည်လာပြီးချစ်တဲ့သူကို‌ရွေးချယ်တော့မဲ့အချိန်ကျမှသူကကျွန်တော့်ကိုစွန့်လွှတ်လိုက်ရင်ဆိုတဲ့စိတ်က ရှင်လျက်နဲ့သေသလိုဘဲအကို။ ကျွန်တော်နားလည်တာနောက်ကျသွားပြီလား ဗျာ"

ရှိုက်ကြီးတငင်ထပ်ငိုကြွေးနေတဲ့ ဓီရာကို သူနှစ်သိမ့်ပေးရုံမှတပါး ဘာမှမလုပ်ပေးနိုင်ပါဘူး။

"သူ့ဘက်ကလဲ ငါ့ညီကို ချစ်နေပါသေးတယ်။ သူကငါ့ညီကိုဘယ်တော့မှစွန့်လွှတ်မှာမဟုတ်ပါဘူး"

"အကိုဇုန်"

"အင်း"

"ဒီမနက်လဲ သူလာသွားတယ်မလား"

"ဟင်"

"ကျွန်တော်သိတယ်အကို သူမနက်တိုင်းလာပြီးချက်ပေးနေတာလဲကျွန်တော်သိတယ်။ အသီးတွေ၊ဖျော်ရည်‌တွေ၊ ပူတင်းတွေကလဲသူလုပ်ပေးမှန်းကျွန်တော်သိပါတယ်"

"ဓီရာ သိနေမှတော့အကိုလဲမဖုံးကွယ်တော့ပါဘူး။ ဟုတ်တယ် Davion ကနေ့တိုင်းဓီရာ့အတွက်လာလာချက်ပေးနေတာ"

"သူမီးဖိုချောင်ထဲ အကိုနဲ့စကားပြောတိုင်း ကျွန်တော်လှေကားအကွယ်ကနေ အမြဲခိုးနားထောင်နေခဲ့တာ။ ကျွန်တော်လေ သူ့ကိုတွေ့ဖို့ကိုသတ္တိမရှိဘူး။ သူ့ကိုပြေးဖက်ချင်ပေမဲ့ တကယ်တမ်းကျွန်တော်မလုပ်နိုင်ခဲ့ဘူး"

"Davion က ညတိုင်းဓီရာ့အနားမှာရှိနေပေးတာ။ ညတိုင်းဓီရာ့ကိုစောင့်ပေးတာ အကိုမဟုတ်ဘဲသူဘဲ။ သူကဓီရာ့ကိုအရမ်းချစ်တာ ဓီရာ။ အကို့ကိုယုံ သူဓီရာ့ကိုဘယ်တော့မှစွန့်ပစ်မှာမဟုတ်ဘူး"

"ကျွန်တော်ဘဲမှားသလား မသိပါဘူးအကိုရယ်။ ကျွန်တော်သူ့ကိုမနှင်ထုတ်သင့်ဘူး"

ဧည့်ခန်းထဲမှာ ငိုသံသဲ့သဲ့ဟာပျံ့လွင့်နေလျက် တစ်ဖက်မှာလဲ အသံဖိုင်တစ်ခုကြောင့် ငိုနေသူဟာ ပျော်ရွှင်မှုနှင့်နာကျင်မှုရောထွေးစွာ။

"ကိုယ် တဇွတ်ထိုးဆန်ပြီး ဓီ့အနားမှာမနေခဲ့တာ ဓီကိုယ့်ကြောင့်စိတ်ဆင်းရဲနေရမှာစိုးလို့ပါဓီရယ်။ ဓီ့အမှားတစ်ခုမှမရှိဘဲ အကုန်ကိုယ့်အမှားတွေပါဘဲ။ ကိုယ်ကစချစ်မိတဲ့သူမလို့ ဓီကပြန်မချစ်ရင်တောင်အဆုံးထိချစ်သွားမှာပါ။ ဒီကောင်က မင်းမရှိရင်မဖြစ်တဲ့သူမလို့ အဆုံးထိမင်းအနားမှာရှိဖို့ရွေးမဲ့သူပါကွာ"

မြစ်ကမ်းပါး‌ဘေးမှာ ဒူးနှစ်ဖက်ထောက်ကာ ရှိုက်ကြီးတငင်ငိုကြွေးနေသူကို Seineမြစ်ကြီးကနှစ်သိမ့်နေသလိုပင်။

လေပြေလေးတွေရယ် ဒီအချစ်ကို
အေးမြစေပါတော့ကွယ်။
___________________________________________
_elf_
2/9/2024(Monday)


You are reading the story above: TeenFic.Net