[2.16]

Background color
Font
Font size
Line height

[Zawgyi]

ယြိဟန္သည္ ယဲ့ေရွာက္ဟြာ၏ေနာက္တြင္ လက္ေနာက္ပစ္လ်က္ ရပ္ေနခဲ့ျခင္းျဖစ္သည္။ ယဲ့ေရွာက္ဟြာ၏ အသံကိုနားေထာင္ၿပီးေနာက္ သူ႕ေက်ာရိုးတစ္ေလွ်ာက္ ေအးခနဲျဖစ္သြားခဲ့သည္။

အျခားလူမ်ား မသိၾကေသာ္လည္း သူသိသည္။ သူမ၏ စိတ္ရွည္မႈကို စမ္းသပ္ခဲ့ေသာ ေနာက္ဆုံးလူမွာ ယခုအခါ သူ႕အိမ္တံခါးမုခ္ဝကိုပင္ ရွာမေတြ႕နိုင္ေတာ့ေပ။

အိမ္ေရွ႕စံ၏ နန္းေဆာင္အတြင္းရွိ နန္းတြင္းေရးရာမ်ားကို စီမံရေသာ ေခါင္းေဆာင္ကုန္းကုန္းသည္ ယဲ့ေရွာက္ဟြာ၏ အသံကို ၾကားသြားပုံရသည္။ သူအျပင္ထြက္လာခဲ့ၿပီး ယဲ့ေရွာက္ဟြာကိုေတြ႕ေသာ္ လူစုအား အတြင္းသို႔ဝင္ရန္ ခ်က္ခ်င္းဖိတ္ေခၚလိုက္သည္။

"နန္းတြင္းေရးရာေခါင္းေဆာင္...အိမ္ေရွ႕စံကို မရိုမေသလုပ္တဲ့ ျပစ္မႈကို ဘယ္လိုေခၚမလဲ?"

ယဲ့ေရွာက္ဟြာသည္ လက္ကို ဆန႔္ထုတ္၍ ယြိဟန္ကမ္းေပးလာေသာ လက္ကိုင္ပုဝါကို ယူလိုက္သည္။ ထို႔ေနာက္ သူမ၏ လက္ေခ်ာင္းမ်ားကို စိမ္ေျပနေျပ စတင္သုတ္ေနခဲ့သည္။

"တိုင္းျပည္ အၾကည္ညိုပ်က္မႈနဲ႕ ပုန္ကန္မႈပါ"

ယဲ့ေရွာက္ဟြာသည္ ေက်နပ္သြားပုံရေလသည္။

"ဒီလိုပဲျဖစ္ရမွာေပါ့"

သူမသည္ ေျပာၿပီးသည္ႏွင့္ ယြိဟန္ကိုေခၚ၍ နန္းေဆာင္အတြင္း ဝင္သြားခဲ့သည္။

တတိယမင္းသား၏ မ်က္ႏွာအေျပာင္းအလဲကိုပင္ အာ႐ုံမစိုက္ခဲ့ေသာ ေခါင္းေဆာင္ကုန္းကုန္းသည္ ယဲ့ေရွာက္ဟြာအား ေလးေလးစားစား ဆက္ဆံေနခဲ့သည္။ မ်က္ျမင္ေတြ႕လိုက္ၾကေသာ မႉးမတ္တို႔မွာ အံ့ၾသတႀကီး ျဖစ္လ်က္က်န္ရစ္ၾကသည္။

က်န္းနန္သို႔ ထြက္ခြာရန္ ျပင္ေနသည့္ ယြင္ျပည္ေထာင္အိမ္ေရွ႕စံသည္ ရပ္တန႔္၍ ႀကဳံခဲလွေသာ ျမင္ကြင္းကို ၾကည့္ရႈေနခဲ့သည္။ သူေသသြားခဲ့လွ်င္ေတာင္ ရွာေတြ႕လိမ့္မည္ မဟုတ္ေသာ သူမသည္ သူ႕ေရွ႕တြင္ မေမွ်ာ္လင့္ထားစြာ ေပၚလာခဲ့သည္။ ေခတၱရပ္၍ ပြဲၾကည့္ေနျခင္းက ပိုေကာင္းေလသည္။

အထူးသျဖင့္ ယဲ့ေရွာက္ဟြာႏွင့္ ေတြ႕လိုက္တိုင္း သူခံစားရသည့္ ရင္းႏွီးမႈတစ္မ်ိဳးမွာ ထူးဆန္းလွသည္။

ဧကရာဇ္၏ သက္ေတာ္ေစာင့္တို႔သည္ အိမ္ေရွ႕စံနန္းကို ယင္တစ္ေကာင္ေတာင္ အဝင္အထြက္ မရွိေအာင္ တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကပ္ေနၾကသည္။ ယဲ့ေရွာက္ဟြာတို႔လူစု အတြင္းသို႔ ေရာက္သြားသည္ႏွင့္ သူတို႔မွာ ျပင္ပေလာကႀကီးႏွင့္ ခြဲထုတ္ခံလိုက္ရသည္။ လူတိုင္းသည္ အိမ္ေရွ႕စံ၏ အေျခအေနကို ခန႔္မွန္းၾကည့္ေနၾကသည္။

ထိုအခါမွသာ ဧကရာဇ္သည္ ဧကရီ၊ တတိယမင္းသားႏွင့္ က်န္လူမ်ားကို အာ႐ုံစိုက္ေပးရန္ အခ်ိန္ရေတာ့သည္။ သူသည္ နန္းေဆာင္အတြင္းမွ ေဒါသတႀကီး ထြက္ခြာလာၿပီး ဧကရီႏွင့္ တတိယမင္းသားအား ကိုယ့္ကိုယ္ကိုသုံးသပ္ရန္ အက်ယ္ခ်ဳပ္ခ်လိဳက္သည္။

ပိုင္က်န္းက်န္းမွာမူ အိမ္ေရွ႕စံအေပၚ အရိုအေသမဲ့ဆုံးျဖစ္သည္ဟု ဧကရာဇ္ ၾကားခဲ့သည္။ သို႔ေသာ္လည္း ပိုင္က်န္းက်န္းမွာ လူထုအၾကားတြင္ အလြန္ေရပန္းစားေနသည္။ ထို႔ေၾကာင့္ ေနာက္ဆုံးတြင္ ဧကရာဇ္သည္ စစ္သူႀကီးပိုင္အား ရာထူးႏွစ္ဆင့္ ေလွ်ာ့ခ်ေၾကာင္းသာ ေတာ္ဝင္အမိန႔္ျပန္တမ္း ထုတ္လိုက္သည္။

ထိုအခ်က္သည္ ပိုင္က်န္းက်န္းအား အလြန္ခံျပင္းေစသည္။ သူမသည္ တန္ဖိုးႀကီး ပန္းအိုး အေတာ္မ်ားမ်ားကို ေဒါသတႀကီး ေပါက္ခြဲပစ္ခဲ့သည္။

ဤေနရာသည္ လူအခြင့္အေရးဟူ၍ မရွိေသာ ေရွးေခတ္ကာလျဖစ္သည္။ သူမတြင္ လုပ္ပိုင္ခြင့္ ႀကီးႀကီးမားမားမရွိပါက လူတကာ၏နင္းေခ်ျခင္းကို ခံရမည္သာျဖစ္သည္။

ပထမဆုံးအေနျဖင့္ ဤေနရာသည္ ဘုရင့္အာဏာစက္က အရာရာထက္ အေရးပါေသာ ေနရာျဖစ္ေၾကာင္း ပိုင္က်န္းက်န္း နားလည္သြားခဲ့သည္။ ဧကရာဇ္ စိတ္မေပ်ာ္ပါက စစ္သူႀကီးတစ္ဦး၏ သမီးသာျဖစ္ေသာ သူမသည္ ဒူးေထာက္ရန္ လိုအပ္သည္။ ျမင့္မားေသာ ဂုဏ္ထူးမရွိပါက သူမသည္ ယဲ့ေရွာက္ဟြာ၏ အရွက္ခြဲျခင္းကိုသာ ဆက္ခံေနရလိမ့္မည္။

ပိုင္က်န္းက်န္း၏ မ်က္လုံးအိမ္မ်ား နက္ေမွာင္သြားခဲ့သည္။ သူမသည္ ေရတြင္းထဲ က်ေနေသာ ယဲ့ေရွာက္ဟြာအား ေက်ာက္တုံးျဖင့္ေပါက္ရန္ တစ္ႀကိမ္မွ မေတြးခဲ့ဖူးေပ။ ယဲ့ေရွာက္ဟြာအား အလြတ္ေပးလိုက္ရန္ေတာင္ သူမေတြးခဲ့ေသးသည္။ သို႔ေသာ္ ယဲ့ေရွာက္ဟြာဘက္မွ လြန္လြန္းေနၿပီျဖစ္သည္။ တစ္ဖက္လူမွ သူမအား တြန္းအားေပးလာေလရာ ယဲ့မိသားစုအား သူမလႊတ္ေပးေတာ့မည္ မဟုတ္ေခ်။

ထိုအထိေတြးၿပီးေနာက္ ပိုင္က်န္းက်န္းသည္ သူမ၏ ေနာက္လိုက္မ်ားကိုေခၚ၍ တတိယမင္းသားႏွင့္ လွ်ို႔ဝွက္စာအဆက္အသြယ္ လုပ္ေတာ့သည္။

ဧကရာဇ္သည္ ေဒါသတႀကီးႏွင့္ တတိယမင္းသား၏အဖြဲ႕ကို အျပစ္ေပးခဲ့ေသာေၾကာင့္ လူအမ်ားသည္ ဟြမ္းဖူယြင္က်န္း၏ ေရာဂါမွာ ကုသမရေတာ့ဆိုသည့္အခ်က္ မွန္မမွန္ စတင္ သံသယဝင္လာၾကသည္။

အိမ္ေရွ႕စံ၏ နန္းေဆာင္မွာမူ တင္းတင္းၾကပ္ၾကပ္ ကာကြယ္ခံထားရဆဲျဖစ္သည္။ သတင္းေကာင္းလည္း ထြက္မလာေသးရာ လူထုမွာ ပို၍ပင္ ေဝခြဲမရျဖစ္လာၾကသည္။

ဤရက္ပိုင္းမ်ားတြင္ သာမန္ကုန္းကုန္းမ်ားႏွင့္ နန္းတြင္းအေစခံေလးမ်ားကအစ အိမ္ေရွ႕စံနန္းေဆာင္ကို ေရွာင္ၾကဥ္ေနၾကသည္။ မသိလွ်င္ အိမ္ေရွ႕စံနန္းမွာ ေႁမြမ်ား၊ ကင္းမ်ား ျပည့္ႏွက္ေနသည့္အလား။

ထို႔ေၾကာင့္ ဧကရာဇ္သည္ မိန္းမစိုး အေတာ္မ်ားမ်ားကို ေသသည္အထိ ရိုက္ႏွက္ေစခဲ့သည္။ ယခုမူ အေစခံမ်ား၊ ကုန္းကုန္းမ်ား လူသစ္တစ္စုမွာ အိမ္ေရွ႕စံနန္းေဆာင္တြင္ တာဝန္ထမ္းေဆာင္ရန္ ေစလႊတ္ခံရသည္။

"တကယ္ကံဆိုးတာပဲ"

သက္လတ္ပိုင္းအ႐ြယ္ ကုန္းကုန္းတစ္ဦးသည္ မေက်မနပ္ျဖင့္ ေရ႐ြတ္လိုက္သည္။

"ဒီေသာက္က်ိဳးနဲ ေနရာမွာ တာဝန္က်ရတယ္လို႔!"

"သတိထားၿပီးေျပာပါ"

လူသစ္ျဖစ္ပုံရေသာ ခပ္ငယ္ငယ္ အေစခံေလးတစ္ေယာက္သည္ တီးတိုးျပန္ေျပာလိုက္သည္။

"အထဲကလူက အိမ္ေရွ႕စံမင္းသား"

"ဘာအိမ္ေရွ႕စံလဲ...မၾကာခင္ တေစၦတစ္ေကာင္ ျဖစ္သြားေတာ့မွာ"

အဆိုပါကုန္းကုန္းသည္ သူ႕ေဘးပတ္လည္မွ လူမ်ားကို တစ္ခ်က္ ေဝ့ၾကည့္လိုက္သည္။

"မင္းတို႔ကို သတိမေပးဘူးလို႔ အျပစ္မတင္နဲ႕ေနာ္။ အထဲကလူက ၾကာၾကာေနရေတာ့မွာ မဟုတ္ဘူး။ မင္းတို႔ ႀကိဳတင္ျပင္ဆင္သင့္ၿပီ။ ငါနန္းတြင္းေရးရာကလူေတြကို လာဘ္ထိုးထားတယ္...မနက္ျဖန္ဆို တတိယမင္းသားရဲ႕ နန္းေဆာင္ကို ငါေျပာင္းေ႐ႊ႕ခံရမွာ...အဲ့မွာ သူမ်ားမလုပ္ခ်င္တဲ့ အလုပ္ေတြ လုပ္ရမွာဆိုေပမယ့္ ဒီမွာေသသြားတာထက္ေတာ့ ေကာင္းပါေသးတယ္"

"အိမ္ေရွ႕စံရဲ႕ သက္ေတာ္ေစာင့္က အခုေလးတင္ေျပာသြားတာ...အိမ္ေရွ႕မင္းသားက အခုဆို မတ္တပ္ရပ္ၿပီး လမ္းေလွ်ာက္နိုင္ၿပီ။ မၾကာခင္ ပုံမွန္လူအတိုင္း ျပန္ျဖစ္လိမ့္မယ္တဲ့..."

အေစခံငယ္ေလးသည္ ေဝခြဲမရ ျဖစ္ေနပုံေပၚသည္။

"မင္းတို႔ လူသစ္ေတြက သိပ္တုံးအတာပဲ။ လြန္ခဲ့တဲ့ ရက္အနည္းငယ္ကမွ အိမ္ေရွ႕စံရဲ႕သက္ေတာ္ေစာင့္က ဧကရီ႕နန္းေဆာင္ေရွ႕မွာ ဒူးေထာက္ၿပီး အသနားခံေနေသးတယ္ မဟုတ္ဘူးလား?"

ကုန္းကုန္းသည္ မႏွစ္ၿမိဳ႕စြာ မ်က္ႏွာမဲ့လိုက္သည္။

"မၾကာခင္ျပန္ေကာင္းလာလိမ့္မယ္ ဟုတ္လား? ဒါ ေန႕ခင္းေၾကာင္ေတာင္ အိပ္မက္မက္ေနတာပဲ!"

တစ္ဖက္တြင္ ဤရက္ပိုင္းအတြင္း ပိုင္က်န္းက်န္းသည္ ေငြအေျမာက္အမ်ားသုံး၍ စစ္သည္မ်ား စုေဆာင္းသည္။ ထို႔ေနာက္ ျမင္းမ်ားႏွင့္ ထိုစစ္သည္မ်ားအတြက္ အေကာင္းဆုံးေသာ လက္နက္ကိရိယာမ်ား ဝယ္ယူကာ အေရးပါေသာ မႉးမတ္မ်ားကိုလည္း စည္း႐ုံးေလသည္။

လက္ရွိအခ်ိန္တြင္ အိမ္ေရွ႕စံမင္းသားသည္ အသက္အႏၲရာယ္ကို ရင္ဆိုင္ေနရသည္။ ထိုအခိုက္အတန႔္ ဦးရီးေတာ္သည္ မႉးမတ္မ်ားကို ဦးေဆာင္ကာ ဧကရာဇ္အား ဖိအားေပး၍ တတိယမင္းသားအား အက်ယ္ခ်ဳပ္ခ်ထားသည့္ အမိန႔္ကို ႐ုတ္သိမ္းေစသည္။

အိမ္ေရွ႕စံ၏ ေသြးသားရင္း ျဖစ္ေသာ ဦးရီးေတာ္ကိုယ္တိုင္ပင္ တတိယမင္းသားဘက္တြင္ ရပ္တည္သည္။ အိမ္ေရွ႕စံမင္းသားသည္ ဤကူကယ္ရာမဲ့ အေျခအေနကို အမွန္တကယ္ မေျပာင္းလဲနိုင္ေတာ့ျခင္း ျဖစ္ေပလိမ့္မည္။

ယခင္က ဘက္မလိုက္ဘဲ ေနခဲ့ၾကေသာ သူတို႔သည္လည္း တစ္ေယာက္ၿပီးတစ္ေယာက္ စိတ္ယိုင္ကုန္ၾကသည္။

ဧကရာဇ္၏ သားေတာ္မ်ားမွာ အိမ္ေရွ႕စံႏွင့္ တတိယမင္းသားႏွစ္ဦးတည္း မဟုတ္ေခ်။ ဧကရာဇ္၏ အလိုလိုက္ ျမႇောက္စားျခင္းခံရေသာ ကိုယ္လုပ္ေတာ္တစ္ဦး၏ သားျဖစ္သူ သတၱမမင္းသားသည္ က်ားကိုစားရန္ ဝက္အျဖစ္ ဟန္ေဆာင္ေနသူျဖစ္သည္။

သိုသိုသိပ္သိပ္ေနတတ္ေသာ ထိုသူမွာ မူရင္းဇာတ္ေၾကာင္းတြင္ တတိယမင္းသား၏ အႀကီးဆုံးေသာ ၿပိဳင္ဘက္လည္းျဖစ္သည္။ သို႔ေသာ္လည္း သူသည္ လူလုံးထြက္မျပသည့္ မင္းဆက္၏ အခ်မ္းသာဆုံးသူ ပိုင္က်န္းက်န္းကို ႏွစ္သက္ခဲ့သည္။ ေနာက္ဆုံးတြင္ သူသည္ သူမအတြက္ ထီးနန္းကိုပင္ စြန႔္လႊတ္ခဲ့သည္။

ဤဘဝတြင္ အခ်မ္းသာဆုံးလူမွာ က်န္းနန္တြင္ ရွိေနရာ သတၱမမင္းသား၏ အာ႐ုံမွာ က်န္းနန္တြင္သာ ရွိေနၿပီး ဖုန္းယာလို႔၏ 'ဒုတိယသခင္ေလး'ကို အေရးမစိုက္အားခဲ့ေပ။ ထို႔ေၾကာင့္ သူႏွင့္ ပိုင္က်န္းက်န္းမွာ ပတ္သက္စရာအေၾကာင္းရင္း မရွိေလေတာ့။

လက္ရွိအခ်ိန္တြင္ အိမ္ေရွ႕စံမင္းသားသည္ အျပင္းအထန္ နာမက်န္း ျဖစ္ေနရာ ေနာက္ထပ္ဆက္ခံသူတစ္ဦးအား အိမ္ေရွ႕စံရာထူးကို လႊဲေျပာင္းေပးရန္ လိုလာၿပီျဖစ္သည္။ တတိယမင္းသားသည္ ညီလာခံခန္းမတြင္ သူ႕အရည္အခ်င္းမ်ားကို ထုတ္ေဖာ္ျပေတာ့သည္။

သို႔ေသာ္လည္း မႉးမတ္မ်ား မထင္ထားမိသည္မွာ ပုံမွန္ဆိုပါက မထင္မရွားရွိေနတတ္ေသာ သတၱမမင္းသားသည္ တိုင္းျပည္ေရးရာမ်ားတြင္ ဝင္ေရာက္ေဆြးေႏြးလာ၏။

တတိယမင္းသားႏွင့္ သတၱမမင္းသား၏ စစ္ပြဲမွာ စတင္ေလၿပီ။

***

အိမ္ေရွ႕စံနန္းေဆာင္တြင္...

"မေန႕က တတိယမင္းသားရဲ႕ လူေတြ အရွင့္သားရဲ႕ နားေနေဆာင္ထဲ ပစၥည္းတစ္ခ်ိဳ႕ လာထားသြားပါတယ္...အရွင့္သား ဆႏၵရွိရင္...."

အိမ္ေရွ႕စံ၏ သက္ေတာ္ေစာင့္သည္ တင္ျပလာခဲ့သည္။

အိမ္ေရွ႕စံသည္ လက္ကာျပရင္း ယြိဟန္ကမ္းေပးလာေသာ ေဆးကို ေသာက္လိုက္သည္။ ထို႔ေနာက္ ေအးေအးလူလူ ျပန္ေျပာလိုက္သည္။

"ဂ႐ုစိုက္ေနစရာ မလိုဘူး"

ယြိဟန္သည္ ေဘးဘက္တြင္ ရပ္ေနရင္း လူႏွစ္ေယာက္၏ စကားဝိုင္းကို နားေထာင္ေနခဲ့သည္။ သူသည္ အိမ္ေရွ႕စံအား မသိမသာ အကဲခတ္လိုက္သည္။

ထိုသူသည္ အျပည့္အဝ ျပန္မေကာင္းေသးေသာ္လည္း ေကာင္းကင္ယံတြင္ ဝင္းပေနသည့္ လမင္းႏွင့္ ပမာတူသည္။ သူရပ္ေနပါက ပတ္ဝန္းက်င္မွ အသံအားလုံးကို တိတ္ဆိတ္သြားေစနိုင္ေသာ အရွိန္အဝါ သူ႕တြင္ ရွိေလသည္။ ထိုသူ၏ ပုံစံမွာ က်န္းမာေရးခ်ိဳ႕တဲ့၍ အားနည္းေနေသာ လူပုံႏွင့္ လုံးဝမတူေပ။

သူ႕ေရွ႕မွ လူအတြက္ႏွင့္ ယဲ့ေရွာက္ဟြာသည္ သူမ၏သ႐ုပ္တစ္ခု ေပၚသြားမည္ကိုပင္ ဂ႐ုမစိုက္ဘဲ ေသြးဂ်င္ဆင္းကို ရယူခဲ့သည့္အေၾကာင္း ေတြးလိုက္မိေသာအခါ ယြိဟန္မေပ်ာ္ေတာ့ေပ။ အိမ္ေရွ႕စံအေပၚထားေသာ သူ႕သေဘာထားမွာ ေကာင္းသည္ဟု မဆိုနိုင္ေတာ့။

အိမ္ေရွ႕စံသည္ သူ႕အေတြးမ်ားကို ခံစားမိပုံမရဘဲ သူ႕ဘက္လွည့္၍ ၿပဳံးျပလာခဲ့သည္။

ယြိဟန္မွာ စိတ္ဓာတ္က်သြားေလသည္။

ယဲ့ေရွာက္ဟြာသည္ အမ်ိဳးသားႏွစ္ေယာက္အၾကားမွ ေလထုကို ခံစားမိပုံမရေပ။ သူမသည္ System မွ ေပးထားေသာ မွတ္ဉာဏ္မ်ားကို ျပန္ေတြးေနခဲ့သည္။ မူလယဲ့မိသားစုသည္ လုံးဝပ်က္စီးသြားခဲ့သည္။ အိမ္ေရွ႕စံသည္ ပုန္ကန္မႈႀကံစည္သည္ဟု စြပ္စြဲခံရၿပီး အက်ယ္ခ်ဳပ္ခံေနရစဥ္အတြင္း ေသဆုံးသြားခဲ့သည္။ အိမ္ေရွ႕စံသည္ တတိယမင္းသား၏ မ်က္လုံးထဲတြင္ေတာင္ မရွိခဲ့ေပ။

ယခုဘဝတြင္ အိမ္ေရွ႕စံ အျပင္းအထန္ နာမက်န္း ျဖစ္ေနလွ်င္ေတာင္ သူတို႔သည္ သူမတို႔အား အလြတ္ေပးမည့္ပုံ မရေခ်။ ယဲ့ေရွာက္ဟြာ၏ ႏႈတ္ခမ္းထက္တြင္ မဲ့ၿပဳံးတစ္ခု ျဖစ္ထြန္းသြားခဲ့သည္။ ဤသို႔ဆိုပါက သူမသည္ တတိယမင္းသားႏွင့္ ပိုင္က်န္းက်န္းအား ပုန္ကန္သည့္ျပစ္မႈ ဆိုသည့္အရာကို ျပန္ျမည္းစမ္းခိုင္းလိုက္မည္။

ႏွစ္ရက္ၾကာေသာ္ တတိယမင္းသားသည္ အိမ္ေရွ႕စံ၏ နားေနေဆာင္သို႔ လူမ်ား ဦးေဆာင္လာၿပီး ပုန္ကန္သည့္ သက္ေသခံပစၥည္းတို႔ကို ရွာေဖြေစသည္။

ဧကရာဇ္သည္ တတိယမင္းသား၏ကိုယ္မွာ တျဖည္းျဖည္းျပန္ေကာင္းလာေနဆဲပင္ ရွိေသးေၾကာင္း သိသည္။ သူသည္ အိမ္ေရွ႕စံမင္းသားကို ယုံၾကည္၍ ပစားေပးသည္ဆိုေသာ္လည္း ထီးနန္းႏွင့္ ပတ္သက္လာပါက သူ႕စိတ္ထဲတြင္ သံသယမ်ား ရွိလာသည္သာ။ သူသည္ အိမ္ေရွ႕စံအား ခ်က္ခ်င္းအက်ယ္ခ်ဳပ္ ခ်ေစခဲ့သည္။

အိမ္ေရွ႕စံအား ေထာက္ပံ့ခဲ့ေသာ ယဲ့အိမ္ေတာ္သည္လည္း ထိခိုက္ေလသည္။ ပို၍အေရးႀကီးသည္မွာ ယဲ့အိမ္ေတာ္တြင္ မည္သည့္ေနရာမွ လာမွန္းမသိသည့္ ေငြမ်ားရွိေၾကာင္း ဧကရာဇ္သိထားသည္ မဟုတ္ပါေလာ။

ထိုအခ်က္ေၾကာင့္ သူ႕သံသယတို႔မွာ ပိုမိုႀကီးထြားလာခဲ့သည္။ သူသည္ စိတ္မလုံၿခဳံေတာ့ရာ အမတ္ခ်ဳပ္ယဲ့၏ လက္ထဲတြင္ရွိေနေသာ အာဏာတို႔ကို ျပန္႐ုတ္သိမ္းလိုက္သည္။

ယဲ့အိမ္ေတာ္သို႔ ယဲ့ေရွာက္ဟြာ ျပန္ေရာက္ေသာအခါ အမ်ိဳးသမီးတစ္ဦး ငိုသံကို သူမၾကားလိုက္ရသည္။

"ဘယ္လိုလုပ္ပါ့မလဲ အစ္မရယ္...ေရွာက္ဟြာနဲ႕ဟြိုက္က်င္းက ငယ္ေသးတယ္...အိမ္ေထာင္ေတာင္မျပဳရေသးဘူး..."

အသံပိုင္ရွင္မွာ အိမ္ေရွ႕စံ၏ကိစၥေၾကာင့္ လြန္ခဲ့သည့္ ရက္အနည္းငယ္ကမွ က်င္းခ်န္သို႔ျပန္ေရာက္လာသည့္ အမတ္ခ်ဳပ္ယဲ့၏ညီမ၊ ယဲ့ေရွာက္ဟြာ၏ တစ္ဦးတည္းေသာအေဒၚ၊ စစ္ေသနာပတိခ်ဳပ္ဝမ္၏ ဇနီးျဖစ္ေလသည္။

"ကြၽန္မေယာက္်ားကို သြားရွာခဲ့ေပမယ့္ သူကကြၽန္မကို မေတြ႕ဘူး..."

ေဒၚေလးယဲ့သည္ ေခါင္းငုံ႕ရင္း မ်က္ရည္မ်ားကို သုတ္လိုက္သည္။ ယဲ့သခင္မသည္ သက္ျပင္းအသာခ်လိဳက္သည္။

"ဘာလို႔ ယဲ့အိမ္ကို လာခဲ့တာလဲ ညီမရယ္။ အခုအိမ္ေရွ႕စံက ျပစ္မႈက်ဴးလြန္တယ္လို႔ စြပ္စြဲခံရၿပီး ယဲ့မိသားစုက ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ အစြမ္းအစ ကင္းမဲ့ေနတယ္။ အခုလိုအခ်ိန္မွာ ငါတို႔ ဘာမွမပတ္သက္သလို ေနတာကမွ မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈပဲ။ ျမန္ျမန္ျပန္ေခ်...မင္းမွာ သားတစ္ေယာက္လည္း ရွိေနေသးတယ္။ စစ္ေသနာပတိခ်ဳပ္ဝမ္က ရာထူးေတာင္ တိုးထားေသးတယ္။ သူမင္းကို ပစ္ထားမွာ မဟုတ္ပါဘူး"

ယဲ့သခင္မ၏ စကားကိုၾကားေသာ္ ေဒၚေလးယဲ့၏ အေစခံသည္ မေနနိုင္ေတာ့ဘဲ ဝင္ေျပာလာခဲ့သည္။

"သခင္မယဲ့...စစ္ေသနာပတိခ်ဳပ္ဝမ္က အျပင္အိမ္တစ္လုံး ရွိေနတာ ၾကာလွေပါ့။ အိမ္ေရွ႕စံရဲ႕ ကိစၥျဖစ္ၿပီးတဲ့ေနာက္ အဲ့ဒီဝမ္မ်ိဳးရိုးက သူ႕မယားငယ္ကို အိမ္ေတာ္ကို ေပၚေပၚထင္ထင္ ေခၚလာပါတယ္။ အဲ့ဒီမိန္းမရဲ႕ သမီးက စစ္သူႀကီးပိုင္ရဲ႕ အိမ္ေတာ္နဲ႕ လက္ဆက္ေတာ့မွာဆိုေတာ့ စစ္ေသနာပတိခ်ဳပ္ဝမ္က သခင္မ လက္ဖြဲ႕ရထားတဲ့ ေဈးဆိုင္ေတြ အကုန္လုံးကို တိတ္တိတ္ပုန္းသမီးဆီ ေထာက္ပံ့ဖို႔ လိုခ်င္ပါသတဲ့။ အဲ့ဒီဝမ္အိမ္ေတာ္မွာ သခင္မက မယားငယ္ထက္ ပိုၿပီးဆိုးဆိုးဝါးဝါး ဆက္ဆံခံရေနပါတယ္"

"အဲ့ဒီဝမ္မ်ိဳးရိုးက မင္းအေပၚကို ဒီလိုလုပ္ရဲတယ္ေပါ့!"

ယဲ့သခင္မ ယဲ့အိမ္ေတာ္သို႔ လက္ဆက္၍ ဝင္ေရာက္ခဲ့စဥ္က ေဒၚေလးယဲ့မွာ လက္မထပ္ရေသးေပ။ ထို႔ျပင္ သူတို႔ႏွစ္ေယာက္၏ ဆက္ဆံေရးမွာ အလြန္ေကာင္းေလသည္။ ေဒၚေလးယဲ့ မတရားသျဖင့္ ဆက္ဆံခံရသည္ကိုၾကားေသာ္ ယဲ့သခင္မ၏ ႏွလုံးမွာ နာက်င္လာရသည္။
 
လတ္တေလာတြင္ အမတ္ခ်ဳပ္ယဲ့မွာ ရာထူးမွ အနားယူလိုက္သည္ဟု ေျပာ၍ရၿပီး ယဲ့ဟြိုက္က်င္းမွာ ပုန္ကန္မႈႀကံစည္သည့္အထဲတြင္ ပါဝင္သည္ဟု သံသယအဝင္ခံေနရသည္။ တတိယမင္းသားႏွင့္ သတၱမမင္းသားသည္ တစ္ဦးႏွင့္တစ္ဦး အသည္းအသန္ ယွဥ္ၿပိဳင္ေနၾကသည္။ အျပင္လူမ်ား၏ မ်က္လုံးထဲတြင္ ယဲ့မိသားစုမွာ ကံဆိုးမႈမွ လြတ္ေျမာက္ရန္ အေၾကာင္းမရွိေတာ့ေပ။

ကုန္းကုန္းမ်ားႏွင့္ နန္းတြင္းအေစခံေလးမ်ားကို အေျခအေနႏွင့္ အခ်ိန္အခါကို တိုင္းတာတတ္ေနရာ စစ္ေသနာပတိခ်ဳပ္ဝမ္ဆိုပါက ေျပာေနရန္ပင္ မလိုေပ။

"သူက ကြၽန္မထြက္သြားလည္း မတားဘူးဆိုတာရယ္၊ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက သူ႕အရည္အခ်င္းကို အသိအမွတ္ျပဳေပးၿပီး ရာထူးေပးခဲ့တဲ့အတြက္လည္း အစ္ကိုႀကီးကို ေက်းဇူးဆပ္ၿပီးေနၿပီလို႔ ေျပာတယ္"

ေဒၚေလးယဲ့မွာ ေခါင္းငုံ႕လိုက္ျပန္သည္။ သူမ၏ မ်က္ဝန္းထဲမွ မ်က္ရည္မ်ားမွာ အဆက္မျပတ္ စီးက်လာသည္။

*****

[Unicode]

ယွိဟန်သည် ယဲ့ရှောက်ဟွာ၏နောက်တွင် လက်နောက်ပစ်လျက် ရပ်နေခဲ့ခြင်းဖြစ်သည်။ ယဲ့ရှောက်ဟွာ၏ အသံကိုနားထောင်ပြီးနောက် သူ့ကျောရိုးတစ်လျှောက် အေးခနဲဖြစ်သွားခဲ့သည်။

အခြားလူများ မသိကြသော်လည်း သူသိသည်။ သူမ၏ စိတ်ရှည်မှုကို စမ်းသပ်ခဲ့သော နောက်ဆုံးလူမှာ ယခုအခါ သူ့အိမ်တံခါးမုခ်ဝကိုပင် ရှာမတွေ့နိုင်တော့ပေ။

အိမ်ရှေ့စံ၏ နန်းဆောင်အတွင်းရှိ နန်းတွင်းရေးရာများကို စီမံရသော ခေါင်းဆောင်ကုန်းကုန်းသည် ယဲ့ရှောက်ဟွာ၏ အသံကို ကြားသွားပုံရသည်။ သူအပြင်ထွက်လာခဲ့ပြီး ယဲ့ရှောက်ဟွာကိုတွေ့သော် လူစုအား အတွင်းသို့ဝင်ရန် ချက်ချင်းဖိတ်ခေါ်လိုက်သည်။

"နန်းတွင်းရေးရာခေါင်းဆောင်...အိမ်ရှေ့စံကို မရိုမသေလုပ်တဲ့ ပြစ်မှုကို ဘယ်လိုခေါ်မလဲ?"

ယဲ့ရှောက်ဟွာသည် လက်ကို ဆန့်ထုတ်၍ ယွိဟန်ကမ်းပေးလာသော လက်ကိုင်ပုဝါကို ယူလိုက်သည်။ ထို့နောက် သူမ၏ လက်ချောင်းများကို စိမ်ပြေနပြေ စတင်သုတ်နေခဲ့သည်။

"တိုင်းပြည် အကြည်ညိုပျက်မှုနဲ့ ပုန်ကန်မှုပါ"

ယဲ့ရှောက်ဟွာသည် ကျေနပ်သွားပုံရလေသည်။

"ဒီလိုပဲဖြစ်ရမှာပေါ့"

သူမသည် ပြောပြီးသည်နှင့် ယွိဟန်ကိုခေါ်၍ နန်းဆောင်အတွင်း ဝင်သွားခဲ့သည်။

တတိယမင်းသား၏ မျက်နှာအပြောင်းအလဲကိုပင် အာရုံမစိုက်ခဲ့သော ခေါင်းဆောင်ကုန်းကုန်းသည် ယဲ့ရှောက်ဟွာအား လေးလေးစားစား ဆက်ဆံနေခဲ့သည်။ မျက်မြင်တွေ့လိုက်ကြသော မှူးမတ်တို့မှာ အံ့သြတကြီး ဖြစ်လျက်ကျန်ရစ်ကြသည်။

ကျန်းနန်သို့ ထွက်ခွာရန် ပြင်နေသည့် ယွင်ပြည်ထောင်အိမ်ရှေ့စံသည် ရပ်တန့်၍ ကြုံခဲလှသော မြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။ သူသေသွားခဲ့လျှင်တောင် ရှာတွေ့လိမ့်မည် မဟုတ်သော သူမသည် သူ့ရှေ့တွင် မမျှော်လင့်ထားစွာ ပေါ်လာခဲ့သည်။ ခေတ္တရပ်၍ ပွဲကြည့်နေခြင်းက ပိုကောင်းလေသည်။

အထူးသဖြင့် ယဲ့ရှောက်ဟွာနှင့် တွေ့လိုက်တိုင်း သူခံစားရသည့် ရင်းနှီးမှုတစ်မျိုးမှာ ထူးဆန်းလှသည်။

ဧကရာဇ်၏ သက်တော်စောင့်တို့သည် အိမ်ရှေ့စံနန်းကို ယင်တစ်ကောင်တောင် အဝင်အထွက် မရှိအောင် တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေကြသည်။ ယဲ့ရှောက်ဟွာတို့လူစု အတွင်းသို့ ရောက်သွားသည်နှင့် သူတို့မှာ ပြင်ပလောကကြီးနှင့် ခွဲထုတ်ခံလိုက်ရသည်။ လူတိုင်းသည် အိမ်ရှေ့စံ၏ အခြေအနေကို ခန့်မှန်းကြည့်နေကြသည်။

ထိုအခါမှသာ ဧကရာဇ်သည် ဧကရီ၊ တတိယမင်းသားနှင့် ကျန်လူများကို အာရုံစိုက်ပေးရန် အချိန်ရတော့သည်။ သူသည် နန်းဆောင်အတွင်းမှ ဒေါသတကြီး ထွက်ခွာလာပြီး ဧကရီနှင့် တတိယမင်းသားအား ကိုယ့်ကိုယ်ကိုသုံးသပ်ရန် အကျယ်ချုပ်ချလိုက်သည်။

ပိုင်ကျန်းကျန်းမှာမူ အိမ်ရှေ့စံအပေါ် အရိုအသေမဲ့ဆုံးဖြစ်သည်ဟု ဧကရာဇ် ကြားခဲ့သည်။ သို့သော်လည်း ပိုင်ကျန်းကျန်းမှာ လူထုအကြားတွင် အလွန်ရေပန်းစားနေသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဧကရာဇ်သည် စစ်သူကြီးပိုင်အား ရာထူးနှစ်ဆင့် လျှော့ချကြောင်းသာ တော်ဝင်အမိန့်ပြန်တမ်း ထုတ်လိုက်သည်။

ထိုအချက်သည် ပိုင်ကျန်းကျန်းအား အလွန်ခံပြင်းစေသည်။ သူမသည် တန်ဖိုးကြီး ပန်းအိုး အတော်များများကို ဒေါသတကြီး ပေါက်ခွဲပစ်ခဲ့သည်။

ဤနေရာသည် လူအခွင့်အရေးဟူ၍ မရှိသော ရှေးခေတ်ကာလဖြစ်သည်။ သူမတွင် လုပ်ပိုင်ခွင့် ကြီးကြီးမားမားမရှိပါက လူတကာ၏နင်းချေခြင်းကို ခံရမည်သာဖြစ်သည်။

ပထမဆုံးအနေဖြင့် ဤနေရာသည် ဘုရင့်အာဏာစက်က အရာရာထက် အရေးပါသော နေရာဖြစ်ကြောင်း ပိုင်ကျန်းကျန်း နားလည်သွားခဲ့သည်။ ဧကရာဇ် စိတ်မပျော်ပါက စစ်သူကြီးတစ်ဦး၏ သမီးသာဖြစ်သော သူမသည် ဒူးထောက်ရန် လိုအပ်သည်။ မြင့်မားသော ဂုဏ်ထူးမရှိပါက သူမသည် ယဲ့ရှောက်ဟွာ၏ အရှက်ခွဲခြင်းကိုသာ ဆက်ခံနေရလိမ့်မည်။

ပိုင်ကျန်းကျန်း၏ မျက်လုံးအိမ်များ နက်မှောင်သွားခဲ့သည်။ သူမသည် ရေတွင်းထဲ ကျနေသော ယဲ့ရှောက်ဟွာအား ကျောက်တုံးဖြင့်ပေါက်ရန် တစ်ကြိမ်မှ မတွေးခဲ့ဖူးပေ။ ယဲ့ရှောက်ဟွာအား အလွတ်ပေးလိုက်ရန်တောင် သူမတွေးခဲ့သေးသည်။ သို့သော် ယဲ့ရှောက်ဟွာဘက်မှ လွန်လွန်းနေပြီဖြစ်သည်။ တစ်ဖက်လူမှ သူမအား တွန်းအားပေးလာလေရာ ယဲ့မိသားစုအား သူမလွှတ်ပေးတော့မည် မဟုတ်ချေ။

ထိုအထိတွေးပြီးနောက် ပိုင်ကျန်းကျန်းသည် သူမ၏ နောက်လိုက်များကိုခေါ်၍ တတိယမင်းသားနှင့် လျှို့ဝှက်စာအဆက်အသွယ် လုပ်တော့သည်။

ဧကရာဇ်သည် ဒေါသတကြီးနှင့် တတိယမင်းသား၏အဖွဲ့ကို အပြစ်ပေးခဲ့သောကြောင့် လူအများသည် ဟွမ်းဖူယွင်ကျန်း၏ ရောဂါမှာ ကုသမရတော့ဆိုသည့်အချက် မှန်မမှန် စတင် သံသယဝင်လာကြသည်။

အိမ်ရှေ့စံ၏ နန်းဆောင်မှာမူ တင်းတင်းကြပ်ကြပ် ကာကွယ်ခံထားရဆဲဖြစ်သည်။ သတင်းကောင်းလည်း ထွက်မလာသေးရာ လူထုမှာ ပို၍ပင် ဝေခွဲမရဖြစ်လာကြသည်။

ဤရက်ပိုင်းများတွင် သာမန်ကုန်းကုန်းများနှင့် နန်းတွင်းအစေခံလေးများကအစ အိမ်ရှေ့စံနန်းဆောင်ကို ရှောင်ကြဉ်နေကြသည်။ မသိလျှင် အိမ်ရှေ့စံနန်းမှာ မြွေများ၊ ကင်းများ ပြည့်နှက်နေသည့်အလား။

ထို့ကြောင့် ဧကရာဇ်သည် မိန်းမစိုး အတော်များများကို သေသည်အထိ ရိုက်နှက်စေခဲ့သည်။ ယခုမူ အစေခံများ၊ ကုန်းကုန်းများ လူသစ်တစ်စုမှာ အိမ်ရှေ့စံနန်းဆောင်တွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ခံရသည်။

"တကယ်ကံဆိုးတာပဲ"

သက်လတ်ပိုင်းအရွယ် ကုန်းကုန်းတစ်ဦးသည် မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။

"ဒီသောက်ကျိုးနဲ နေရာမှာ တာဝန်ကျရတယ်လို့!"

"သတိထားပြီးပြောပါ"

လူသစ်ဖြစ်ပုံရသော ခပ်ငယ်ငယ် အစေခံလေးတစ်ယောက်သည် တီးတိုးပြန်ပြောလိုက်သည်။

"အထဲကလူက အိမ်ရှေ့စံမင်းသား"

"ဘာအိမ်ရှေ့စံလဲ...မကြာခင် တစ္ဆေတစ်ကောင် ဖြစ်သွားတော့မှာ"

အဆိုပါကုန်းကုန်းသည် သူ့ဘေးပတ်လည်မှ လူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"မင်းတို့ကို သတိမပေးဘူးလို့ အပြစ်မတင်နဲ့နော်။ အထဲကလူက ကြာကြာနေရတော့မှာ မဟုတ်ဘူး။ မင်းတို့ ကြိုတင်ပြင်ဆင်သင့်ပြီ။ ငါနန်းတွင်းရေးရာကလူတွေကို လာဘ်ထိုးထားတယ်...မနက်ဖြန်ဆို တတိယမင်းသားရဲ့ နန်းဆောင်ကို ငါပြောင်းရွှေ့ခံရမှာ...အဲ့မှာ သူများမလုပ်ချင်တဲ့ အလုပ်တွေ လုပ်ရမှာဆိုပေမယ့် ဒီမှာသေသွားတာထက်တော့ ကောင်းပါသေးတယ်"

"အိမ်ရှေ့စံရဲ့ သက်တော်စောင့်က အခုလေးတင်ပြောသွားတာ...အိမ်ရှေ့မင်းသားက အခုဆို မတ်တပ်ရပ်ပြီး လမ်းလျှောက်နိုင်ပြီ။ မကြာခင် ပုံမှန်လူအတိုင်း ပြန်ဖြစ်လိမ့်မယ်တဲ့..."

အစေခံငယ်လေးသည် ဝေခွဲမရ ဖြစ်နေပုံပေါ်သည်။

"မင်းတို့ လူသစ်တွေက သိပ်တုံးအတာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အိမ်ရှေ့စံရဲ့သက်တော်စောင့်က ဧကရီ့နန်းဆောင်ရှေ့မှာ ဒူးထောက်ပြီး အသနားခံနေသေးတယ် မဟုတ်ဘူးလား?"

ကုန်းကုန်းသည် မနှစ်မြို့စွာ မျက်နှာမဲ့လိုက်သည်။

"မကြာခင်ပြန်ကောင်းလာလိမ့်မယ် ဟုတ်လား? ဒါ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ!"

တစ်ဖက်တွင် ဤရက်ပိုင်းအတွင်း ပိုင်ကျန်းကျန်းသည် ငွေအမြောက်အများသုံး၍ စစ်သည်များ စုဆောင်းသည်။ ထို့နောက် မြင်းများနှင့် ထိုစစ်သည်များအတွက် အကောင်းဆုံးသော လက်နက်ကိရိယာများ ဝယ်ယူကာ အရေးပါသော မှူးမတ်များကိုလည်း စည်းရုံးလေသည်။

လက်ရှိအချိန်တွင် အိမ်ရှေ့စံမင်းသားသည် အသက်အန္တရာယ်ကို ရင်ဆိုင်နေရသည်။ ထိုအခိုက်အတန့် ဦးရီးတော်သည် မှူးမတ်များကို ဦးဆောင်ကာ ဧကရာဇ်အား ဖိအားပေး၍ တတိယမင်းသားအား အကျယ်ချုပ်ချထားသည့် အမိန့်ကို ရုတ်သိမ်းစေသည်။

အိမ်ရှေ့စံ၏ သွေးသားရင်း ဖြစ်သော ဦးရီးတော်ကိုယ်တိုင်ပင် တတိယမင်းသားဘက်တွင် ရပ်တည်သည်။ အိမ်ရှေ့စံမင်းသားသည် ဤကူကယ်ရာမဲ့ အခြေအနေကို အမှန်တကယ် မပြောင်းလဲနိုင်တော့ခြင်း ဖြစ်ပေလိမ့်မည်။

ယခင်က ဘက်မလိုက်ဘဲ နေခဲ့ကြသော သူတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် စိတ်ယိုင်ကုန်ကြသည်။

ဧကရာဇ်၏ သားတော်များမှာ အိမ်ရှေ့စံနှင့် တတိယမင်းသားနှစ်ဦးတည်း မဟုတ်ချေ။ ဧကရာဇ်၏ အလိုလိုက် မြှောက်စားခြင်းခံရသော ကိုယ်လုပ်တော်တစ်ဦး၏ သားဖြစ်သူ သတ္တမမင်းသားသည် ကျားကိုစားရန် ဝက်အဖြစ် ဟန်ဆောင်နေသူဖြစ်သည်။

သိုသိုသိပ်သိပ်နေတတ်သော ထိုသူမှာ မူရင်းဇာတ်ကြောင်းတွင် တတိယမင်းသား၏ အကြီးဆုံးသော ပြိုင်ဘက်လည်းဖြစ်သည်။ သို့သော်လည်း သူသည် လူလုံးထွက်မပြသည့် မင်းဆက်၏ အချမ်းသာဆုံးသူ ပိုင်ကျန်းကျန်းကို နှစ်သက်ခဲ့သည်။ နောက်ဆုံးတွင် သူသည် သူမအတွက် ထီးနန်းကိုပင် စွန့်လွှတ်ခဲ့သည်။

ဤဘဝတွင် အချမ်းသာဆုံးလူမှာ ကျန်းနန်တွင် ရှိနေရာ သတ္တမမင်းသား၏ အာရုံမှာ ကျန်းနန်တွင်သာ ရှိနေပြီး ဖုန်းယာလို့၏ 'ဒုတိယသခင်လေး'ကို အရေးမစိုက်အားခဲ့ပေ။ ထို့ကြောင့် သူနှင့် ပိုင်ကျန်းကျန်းမှာ ပတ်သက်စရာအကြောင်းရင်း မရှိလေတော့။

လက်ရှိအချိန်တွင် အိမ်ရှေ့စံမင်းသားသည် အပြင်းအထန် နာမကျန်း ဖြစ်နေရာ နောက်ထပ်ဆက်ခံသူတစ်ဦးအား အိမ်ရှေ့စံရာထူးကို လွှဲပြောင်းပေးရန် လိုလာပြီဖြစ်သည်။ တတိယမင်းသားသည် ညီလာခံခန်းမတွင် သူ့အရည်အချင်းများကို ထုတ်ဖော်ပြတော့သည်။

သို့သော်လည်း မှူးမတ်များ မထင်ထားမိသည်မှာ ပုံမှန်ဆိုပါက မထင်မရှားရှိနေတတ်သော သတ္တမမင်းသားသည် တိုင်းပြည်ရေးရာများတွင် ဝင်ရောက်ဆွေးနွေးလာ၏။

တတိယမင်းသားနှင့် သတ္တမမင်းသား၏ စစ်ပွဲမှာ စတင်လေပြီ။

***

အိမ်ရှေ့စံနန်းဆောင်တွင်...

"မနေ့က တတိယမင်းသားရဲ့ လူတွေ အရှင့်သားရဲ့ နားနေဆောင်ထဲ ပစ္စည်းတစ်ချို့ လာထားသွားပါတယ်...အရှင့်သား ဆန္ဒရှိရင်...."

အိမ်ရှေ့စံ၏ သက်တော်စောင့်သည် တင်ပြလာခဲ့သည်။

အိမ်ရှေ့စံသည် လက်ကာပြရင်း ယွိဟန်ကမ်းပေးလာသော ဆေးကို သောက်လိုက်သည်။ ထို့နောက် အေးအေးလူလူ ပြန်ပြောလိုက်သည်။

"ဂရုစိုက်နေစရာ မလိုဘူး"

ယွိဟန်သည် ဘေးဘက်တွင် ရပ်နေရင်း လူနှစ်ယောက်၏ စကားဝိုင်းကို နားထောင်နေခဲ့သည်။ သူသည် အိမ်ရှေ့စံအား မသိမသာ အကဲခတ်လိုက်သည်။

ထိုသူသည် အပြည့်အဝ ပြန်မကောင်းသေးသော်လည်း ကောင်းကင်ယံတွင် ဝင်းပနေသည့် လမင်းနှင့် ပမာတူသည်။ သူရပ်နေပါက ပတ်ဝန်းကျင်မှ အသံအားလုံးကို တိတ်ဆိတ်သွားစေနိုင်သော အရှိန်အဝါ သူ့တွင် ရှိလေသည်။ ထိုသူ၏ ပုံစံမှာ ကျန်းမာရေးချို့တဲ့၍ အားနည်းနေသော လူပုံနှင့် လုံးဝမတူပေ။

သူ့ရှေ့မှ လူအတွက်နှင့် ယဲ့ရှောက်ဟွာသည် သူမ၏သရုပ်တစ်ခု ပေါ်သွားမည်ကိုပင် ဂရုမစိုက်ဘဲ

You are reading the story above: TeenFic.Net