small world 7

Background color
Font
Font size
Line height

jane  နိုးလာတော့အောက်ကအိစက်စက်အထိအတွေ့ကြောင့်အိပ်ယာပေါ်ရောက်နေတာတော့သိလိုက်သည်
မျက်လုံးတွေဖွင့်လိုက်တာနဲ့ထိုးကိုက်တဲ့ခေါင်းကြောင့်နားထင်နှစ်ဖက်ကိုလက်နဲ့ဖိလိုက်မိသည်
ညကအမူးသောက်ပြီးမှောက်သွားတာပဲသိသည်
ကျန်တာတွေကဝိုးတိုးဝါးတား

ဒီလိုမူးပြီးမှောက်တာ jane အတွံက်ပထမဆုံးအကြိမ်လို့ပြောလို့ရသည်
မျက်လုံးတွေကိုဝေ့ဝဲပြီးကြည့်မိလိုက်တော့
သန့်ရှင်းသပ်ရပ်နေတဲ့အခန်းတစ်ခန်း

ထထိုက်လိုက်တော့ကိုက်ခဲတာကခေါင်းပင်
မဟုတ်တော့ဘဲခန္ဓာကိုယ်ကပါအဖော်လိုက်လာသည်
အောက်ကိုငုံ့ကြည့်မိတော့အင်္ကျီနဲ့ဘောင်းဘီက
ညကဝတ်ထားတာမဟုတ်တာကြောင့်လန့်သွား
သည်

jane ဘယ်ရောက်နေတာလဲဘယ်သူခေါ်လာတာလဲ???

အားယူပြီထကာအခန်းထဲကထွက်ခဲ့လိုက်သည်
အိပ်ခန်းထဲကထွက်လာတာနဲ့တန်းမြင်လိုက်ရတဲ့ဧည့်ခန်းမှာလည်းဘယ်သူမှရှိမနေ

လှည့်ပတ်ကြည့်နေချိန်မှာပဲအနောက်ကအသံကြားလိုက်တာကြောင့်အနောက်ဘက်ကိုဖြေးဖြေးချင်းဝင်လာလိုက်သည်

အနောက်ဖက်ရောက်တော့မီးဖိုချောင်မှာ jane
ကိုကျောပေးပြီချက်ပြုတ်နေတဲ့
မိန်းမတစ်ယောက်
အနောက်ကကြည့်လိုက်တာနဲ့ဘယ်သူဆိုတာမှတ်မိနိုင်လောက်တဲ့ထိ
jane အတွက်အရေးပါတဲ့လူ

"rosie"

ခေါ်လိုက်တော့လှည့်ကြည့်လာတဲ့မျက်နှာဖူးဖူးလေး
မနက်စောစော rosieမျက်နှာလေးကိုမြင်လိုက်ရတာjane
အတွက်လက်ဆောင်တစ်ခုလို

"နိုးလာပြီလား"

အိုးအဖုံးကိုပိတ်လိုက်ပြီး rosie က jane ဖက်လှည့်လာသည်

"အင်း jane ကဘယ်လိုလုပ် rosie အိမ်ရောက်နေတာလဲ"

"အဲ့တာကိုတောင်မမှတ်မိနိုင်ဘဲ club မှာမှောက်နေအောင်ဘာလို့သောက်ရတာလဲ
ကိုယ်ကမိန်းကလေးဆိုတာမေ့နေတာလား
ruby jane "

ပြောလိုက်တော့ခေါင်းငုံ့သွားကာအင်္ကျီအနားစတွေကိုချေနေတဲ့ ruby jane ကိုဆက်ပြောရမလားမပြောရမလားတောင်
စဥ်းစားသွားရသည်

"အရင်ကမမူးဘူးပါဘူးညကနည်းနည်းများသွား
လို့"

ခပ်တိုးတိုးလေသံဖြင့်ပြောလာတဲ့ ruby jane ကိုကြည့်ကာသက်ပြင်းသာချမိသည်

"မျက်နှာသစ်ပြီးသွားပြီလား"

"ဟင်"

"မျက်နှာသစ်ပြီးပြီလားလို့မေးနေတာအူကြောင်
ကြောင်နဲ့"

"မသစ်ရသေးဘူး"

"မသစ်ရသေးရင်သွားသစ်လိုက်သွားတိုက်တံအသစ်ထည့်ပေးထားတယ် ပြီးရင်မနက်စာလာစား"

ကြားလိုက်ရတာစကားကြောင့်အံ့သြသွားသည်
ဒီလိုမျိုးလေး rosie နဲ့မနက်စာစားခွင့်ရဖို့က
jane အတွက်အိမ်မက်တစ်ခု

"သွားလေ ဘာကြောင်ကြည့်နေတာလဲ"

"အင်း  အင်း"

ရေချိုးခန်းဖက်သွားတဲ့ ruby jane နောက်ကျောကိုတစ်ချက်လှမ်းကြည့်မိသည်

ညကအရှိန်ကြောင့်ruby janeရဲ့
မျက်လုံးတွေကဖောင်းအစ်ကာမျက်နှာကောနှုတ်ခမ်းသားတွေပါနီရဲနေသည်
ကိုယ်ပေါ်ကဒဏ်ရာတွေနဲ့ဆိုသေချာတယ်
ruby jane ဖျားနေပြီ

စားဖို့သောက်ဖို့ခင်းကျင်းပြီးသွားတော့ ruby jane ကထွက်လာသည်

"ထိုင် ဒီမှာနင့်အတွက်ဆန်ပြုတ်ပြုတ်ထားတယ်
စားလိုက်"

"ညကကိစ္စအတွက်ကျေးဇူးတင်ပါတယ်

jane ကိုခေါ်လာပေးလို့ jane ဘာတွေလုပ်ခဲ့မှန်းမသိပေမဲ့တစ်ခုခုအမှားလုပ်ခဲ့မိရင်တောင်းပန်ပါတယ်"

"ရပါတယ်ကျောင်းသူအချင်းချင်းကူညီတာပဲ
နင့်နေရာမှာတခြားတစ်ယောက်ဆိုလည်းငါကူညီ
မိမှာပဲ"

rosie ကစကားကိုခပ်ဆတ်ဆတ်ပြောလည်း
jane သဘောကျနေတာပဲ
rosie ဘယ်လိုနေနေဘယ်လိုပြောပြော
rosie က jane အတွက်မြတ်နိုးရတဲ့ဖြစ်တည်မှု
လေးမို့

"ပြီးတော့ rosie ကိုတစ်ခုတောင်းဆိုစရာရှိလို့ပါ"

ချယ်ယောင်းကမနက်စာကိုသာငုံ့စားနေပေမဲ့
ruby jane ရဲ့စကားတွေကိုနားစွင့်နေမိသည်

"ညကမြင်ခဲ့တာတွေကိုမမြင်သလိုမသိသလိုလေးနေပေးပါလို့"

"ဘာကိုလဲ"

"rosie သာ jane ကိုအိင်္ကျီလဲပေးတာဆိုရင်
ကိုယ်ပေါ်ကအရာတွေကိုလည်းတွေ့တယ်မလား
ဘယ်သူမှမပြောစေချင်တာကြောင့်တောင်းဆို
ပါတယ်"

"နင့်ကိုယ်ပေါ်မှာဘာရှိလဲငါမသိဘူးငါအခန်းမီးပိတ်ပြီးအဝတ်အစားလဲပေးတာ နင့်ကိုယ်ပေါ်မှာဘာရှိလို့လဲ"

ချယ်ယောင်းမလိမ်တတ်ဘဲလိမ်မိသွားသည်

"အင်းပါအဲ့တာဆိုလည်းထားလိုက်ပါတော့
ကောင်းကောင်းစားပါ့မယ်"

ဇွန်းကိုကောက်ကိုင်လိုက်ပေမဲ့ဆန်ပြုတ်ဆို jane
ကသေလောက်အောင်မုန်းတာ
rosie လုပ်ပေးတာဆိုတဲ့အသိနဲ့ကြိတ်မှိတ်ပြီးပါးစပ်ထဲထည့်ကာမျိုချဖို့ကြိုးစားကြည့်မိသည်
လည်ချောင်းထဲမဝင်ဘဲအန်ချင်စိတ်သာကြီးစိုးလာတာကြောင့်ဘေစင်ကိုအမြန်ပြေးရသည်

"အော့"

ဘေစင်မှာထိုးပြီးအန်နေတဲ့ ruby jane နောက်လိုက်ကာကျောကုန်းကိုထုပေးဖို့ဟန်ပြင်
လိုက်ပေမဲ့ကျောကသူ့ဒဏ်ရာတွေကိုသတိရကာ
လက်တွေကလေထဲမှာရပ်တန့်သွားသည်

ခဏအန်ပြီးတော့မှသက်သာသွားဟန်နှင့်

"ဒုက္ခပေးမိပြန်ပြီ"

ခပ်ပြုံးပြုံးနှင့်ပြောကာခုံမှာဝင်ထိုင်လိုက်ပြီး
ဆန်ပြုတ်ဇွန်းကိုကိုင်ကာတစ်ဇွန်းခပ်လိုက်ပြီးကြိတ်မှိတ်ကာမျိုချမိပြန်သည်

ပျို့တက်လာပေမဲ့ဒီတစ်ခါတော့အန်မထွက်တာကိုကျေးဇူးတင်ရမည်
နောက်တစ်ဇွန်းထပ်ခပ်လိုက်တော့ပုတ်လာတဲ့လက်ကြောင့်ရှေ့ကိုကြည့်မိလိုက်သည်

"မကြိုက်ဘူးမလားဘာလို့ကြိတ်ပြီးမျိုချနေတာလဲ"


"စားလို့ရပါတယ်ရင်ထဲမကောင်းလို့ပါ"

"တော်ပြီ မစားနဲ့တော့"

ပြောပြောဆိုဆိုနဲ့rosie ကဆန်ပြုတ်ပန်းကန်
ကိုယူကာဘေစင်မှာသွန်လိုက်သည်

"စိတ်ဆိုးသွားတာလားဟင်"

"မဆိုးပါဘူး စိတ်ဆိုးတဲ့ပုံပေါက်နေလို့လား
ခေါက်ဆွဲပြုတ်တော့စားတယ်မလား"

ခေါက်ဆွဲပြုတ်တစ်ထုပ်ယူပြီးပြုတ်ဖို့ပြင်နေတဲ့
rosie ကြောင့်ရင်ထဲမှာနွေးထွေးမှုတစ်ခုကိုခံစား
လိုက်ရသည်

"ဟိုလေ rosie စားနေတဲ့ဟာစားချင်တယ်"

ခပ်တိုးတိုးပြောလိုက်ပေမဲ့ချယ်ယောင်းကြားပါတယ်

"ငါစားပြီးသားကြီး"

"ရပါတယ် အဆင်ပြေတယ်
rosie နဲ့ထိသမျှဘာမှကိုမရွံဘူး'

စားလက်စထမင်းကြော်ပန်းကန်ကိုယူပြီးအားပါတရစားနေတဲ့
ruby jane ကလူတစ်မျိုး

"အိမ်ကိုဖုန်းဆက်ပေးမယ်နံပါတ်ပြော"

"ဟင့်အင်း မခေါ်နဲ့လောလောဆယ်အိမ်မပြန်ချင်
သေးဘူး"

"ဘာဖြစ်လာလို့လဲ"

"ဒီတိုင်းပဲမပြန်ချင်လို့"

ရေကိုမော့သောက်လိုက်ပြီးပြောတဲ့ ruby jane ကအမြဲတမ်းဒီလိုပဲလား

"မပြန်ဘဲ ဒီလိုပဲclub တွေမှာမူးရူးနေမှာလား
မနေ့ကတောင်ဘဝပျက်ဖို့နည်းနည်းလေးပဲ
လိုတော့တာနော် ဘယ်လိုတောင်ပေါ့ပေါ့ပဲတွေး
ပြီးနေရတာလဲ"

" jane ရဲ့အိင်္ကျီတွေကော"

"လူတစ်ယောက်ကစကားပြောနေရင်
နားထောင်လေ ruby jane မင်းမိဘတွေကမသင်ထားဘူးလား"

"အင်း မသင်ထားဘူး
အိင်္ကျီတွေဘယ်မှာလဲ"

တကယ့်အကျောတင်း
ညတည်းကဘယ်သူခေါ်သွားသွားထည့်ပေးလိုက်
ရမှာ

"မပေးနိုင်ဘူး အိမ်ပြန်ရင်တော့ထုတ်ပေးမယ်"

"မပေးလဲနေတော့ ဒီအိင်္ကျီနဲ့ပဲသွားတော့မယ်
အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်
အရမ်းလဲချစ်ပါတယ်"

သွားလေသွားပေါ့ အိမ်တံခါးကသော့ခတ်ထားတာမဖွင့်ရသေးဘူး
ထင်တဲ့အတိုင်းပဲပြန်လှည့်လာသည်

"rosie တံခါးလေးဖွင့်ပေးပါအုံး"

"မဖွင့်နိုင်ဘူး"

"မဖွင့်လဲနေဒီမှာပဲနေတော့မယ်"

ဧည့်ခန်းကဆိုဖာပေါ်မှာလှဲချလိုက်တဲ့
ruby jane ကအပေအတေ

"အင်း ဒီမှာပဲနေ"

ဒါလည်းမဆိုးပါဘူးအဖေ့မိတ်ဆွေရဲ့သမီးဆိုတော့ကိုယ့်မှာစောင့်ရှောက်ပေးရမဲ့တာဝန်ဆိုတာလည်းရှိသေးသည်လေ

jane မျက်လုံးတွေဖွင့်ကြည့်လိုက်မိသည်
rosie ကသူ့ကိုဒီမှာနေလို့ပြောလိုက်တာလား

"တကယ်ပြောနေတာလား jane မပြန်ဘူးနော်"

"ငါ့မျက်နှာကနောက်နေတဲ့ပုံပေါက်နေလို့လား"

"ပြီးမှနှင်မထုတ်ရဘူးနော်
နော်လို့  rosie"

"အင်း"

"ပြီးရော"

ပြီးရောဆိုကာမျက်လုံးတွေမှိတ်ချလိုက်တဲ့
ruby jane ရဲ့မျက်နှာဟာနီမြန်းနေသည်

rosie လည်းအနောက်ဖက်ကပန်းကန်တွေကို
သွားဆေးနေလိုက်သည်

အကုန်လုံးပြီးသွားတော့ ruby jane ဟာအိပ်မောကျနေခဲ့သည်

အနားကိုတိုးကာနဖူးကိုအသာအယာစမ်းကြည့်တော့ခံစားမိတဲ့အပူရှိန်ကတော်ရုံမဟုတ်

"ruby jane  ruby  jane "

အတင်းလှုပ်နိုးတော့မှမျက်လုံးတွေကဖွင့်လာသည်

"အိပ်ယာမှာသွားအိပ်လေဒီမှာမအိပ်နဲ့"


ဆိုဖာကနေထလိုက်တဲ့ ruby jane ရဲ့ပုံစံကနည်းနည်းမှသက်တောင့်သက်သာဖြစ်မနေ
မတ်တပ်ထရပ်လိုက်တော့ယိုင်သွားတာမို့ခါးကို
လှမ်းကိုင်ကာထိန်းပေးလိုက်ရသည်

လူကောင်သေးသလိုချယ်ယောင်းပွေ့ထားတဲ့ခါးလေးကလည်းသေးသေးလေး

"နင်ဖျားနေပြီ ruby jane အိမ်ပြန်သင့်တယ်"

"ဟင့်အင်း  အိမ်မပြန်ချင်ဘူး rosie အတွက်အဆင်မပြေဘူးဆိုလည်း jane
သွားပါ့မယ်"

"ကျစ်  ငါအဆင်မပြေလို့ပြောနေတာမဟုတ်ဘူး
နင့်အတွက်ပြောနေတာ ဘာလို့ခေါင်းမာနေတာလဲ ruby jane"

rosie ပြောနေတဲ့အသံတွေကြားပေမဲ့ jane
ချာချာလည်နေသည်

"အဲ့လိုဆိုလို့ရှိရင် jane ကိုဒီမှာခဏနေခွင့်ပေးပါ"

လူကယိမ်းထိုးနေတာတောင်အိမ်မပြန်ချင်ဘူးပြောနေတဲ့ ruby jane ကိုဆွဲဆောင့်ပစ်ချင်စိတ်
တွေပေါက်လာသည်

"အခု jane ကိုအိပ်ယာပေါ်လေးပို့ပေးပါလား
jane ခေါင်းတွေမူးနေလို့"

ခပ်တိုးတိုးသာပြောနေတဲ့သူကတကယ်မဟန်တော့တဲ့ပုံ

သူ့ကိုတွဲကာအခန်းထဲကာအိပ်ယာပေါ်တင်လိုက်ပြီးမိသားစုဆရာဝန်ဆီဖုန်းဆက်လိုက်ရသည်

ruby jane ကသူ့ကိုအလုပ်ရှုပ်အောင်လုပ်တဲ့ပထမဆုံးသူ
ကိုယ်တွေအရမ်းပူနေတာမို့နဖူးပေါ်ရေပတ်တင်
ပေးထားလိုက်သည်

ဒေါက်တာမင်လာတော့သူ့ကိုစမ်းသပ်ကာဆေးထိုးပြီးသောက်ဆေးတွေပေးကာ drip ပါချိတ်
ထားပေးခဲ့သည်

ဒေါက်တာမင်ကိုအဝထိလိုက်ပို့တော့

"သမီးသူငယ်ချင်းလား"

"ဟုတ်  အန်ကယ် ဟိုလေ
အမေတို့ကိုဒီအကြောင်းပြန်မပြောပြပါနဲ့
အိမ်ကသိရင်ဆူခံရမှာမို့"

"သူတစ်ပါးကိုကူညီတာသမီးအိမ်ကမဆူလောက်ပါဘူးဒါပေမဲ့သမီးကမ​ပြောနဲ့ဆိုအန်ကယ်ကမပြောပါဘူး
ကဲ အန်ကယ်လည်းသွားစရာရှိလို့ခွင့်ပြုဦး"

"ဟုတ် ကျေးဇူးပါအန်ကယ်"

အန်ကယ်မင်ပြန်သွားတော့ချယ်ယောင်း
ruby jane ဆီပြန်လာခဲ့သည်


အညိုအမဲစွဲနေတဲလက်ပေါ်မှာပိုက်သွင်းထား
ရတဲ့ ruby jane ကတစ်စက်မှကြည့်ကောင်းမနေ

ဒါတွေကြောင့် ruby jane အေးအေးပူပူအမြဲတမ်းလက်ရှည်ပဲဝတ်နေတာလား

သူ့ကိုထားခဲ့ပြီးအိမ်ပြန်ဖို့ကိုလည်းစိတ်ကခွင့်မပြုတာကြောင့်အိမ်ကိုဖုန်းဆက်လိုက်ရသည်

အမေကနည်းနည်းတော့ဆူပေမဲ့ခွင့်ပြုပါတယ်
ချယ်ယောင်းကိုအမေကယုံတယ်လေ

ruby  jane ကြောင့်မလုပ်ဖူးတာတွေလုပ်နေရပြီးခုတော့
ချယ်ယောင်းမှာဇောချွေးတွေပျံနေရပြီ

ruby  jane  သည်ချယ်ယောင်းကိုတော်တော်
အလုပ်ရှုပ်စေပါသည်





#ကြာသွားတယ်မလား😁😁

#ဟိုပြေးဒီပြေးနဲ့ဒီရက်တွေကမအားလပ်ဘူးရယ်

#စာဖတ်သူတို့ကိုမြတ်နိုးလျှက်











You are reading the story above: TeenFic.Net

#chaennie