small world 2

Background color
Font
Font size
Line height

"rosie မေမေဝင်လာခဲ့မယ်နော်"

"ဟုတ်မေမေ"

"သမီးစာလုပ်နေတာလားမေမေစကားပြောလို့
ရရဲ့လား"

"ရပါတယ်မေမေသမီးလည်းခဏနေအိပ်တော့မှာပါ"

မေမေကကုတင်ပေါ်မှာထိုင်ပြီးကျမဆံပင်တွေ
ကိုသပ်ပေးလာသည်

"စာလုပ်ရတာပင်ပန်းလားသမီးငယ်"

"မပင်ပန်းပါဘူးမေမေရဲ့သမီးဝါသနာပါလွန်းလို့
ရွေးချယ်ခဲ့တဲ့လမ်းပဲပင်ပန်းတယ်လို့မခံစားမိပါဘူး"

"မေမေ ကတော့သမီးတစ်ခါကွင်းဆင်းသွားတိုင်း
စိတ်ပူရတယ်သမီးဝါသနာပါလွန်းလို့သာခွင့်ပြု
ထားရတာ"

ကျမယူထားတဲ့ပညာက ကျောက်တွေ ဒြပ်စင်တွေ ဒြပ်ပေါင်းတွေ မြေဆီမြေလွှာအကြောင်းတွေ
သတ္ထုတွေ ​ပြောရမယ်ဆိုရင်ကမ္ဘာပေါ်မှာရှိတဲ့
သဘာဝအဖိုးတန်အရာတွေကိုလေ့လာရတဲ့
ပညာဖြစ်တာကြောင့်ကျမနှစ်သက်သည်
စိတ်ဝင်စားလွန်းလို့ကိုယူခဲ့တာကြောင့်နောင်
တဆိုတာမရှိ

ယူထားတဲ့ဘာသာကလက်တွေ့ကွင်းဆင်းလေ့လာရတဲ့အပိုင်းတွေအများကြီးရှိတာကြောင့်ခရီး
လည်းမကြာခဏထွက်ရလေ့ရှိသည်
မေမေကစိတ်ပူမယ်ဆိုရင်လည်းပူစရာပါ
မိဘမေတ္တာဆိုတာနားလည်ခြင်းကြောင့်
မေမေ့ရဲ့စိတ်ပူခြင်းတွေအပေါ်အပြစ်မမြင်မိဘူး

"သမီးကအခုအရွယ်ရောက်ပြီးကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ မေမေရဲ့အရမ်းလဲ
စိတ်မပူပါနဲ့"

မေမေရဲ့ရင်ခွင်ထဲဝင်ကာမေမေရဲ့ကိုယ်သင်းရနံ့လေးကိုမွှေးရင်ပြောလိုက်တော့

"သမီးအရွယ်ရောက်လာပြီဆိုတာမေမေသိပါတယ်ဒါပေမဲ့ အန္တရာယ်ဆိုတဲ့အရာကမမြင်ရဘူးမ
လားအရမ်းအန္တရာယ်များတဲ့နေရာတွေကိုမသွား
စေချင်ဘူး သမီး"

"သမီးနားလည်ပါတယ်မေမေရဲ့စိတ်ချနော်
အရမ်းအန္တရာယ်များတဲ့နေရာတွေကိုရှောင်လိုက်ပါ့မယ်"

"သြော်ဒါနဲ့ သမီးဖေဖေကတောင်ပြောနေတယ်
သူ့မိတ်ဆွေတစ်ယောက်ရဲ့ကုမ္ပဏီမှာသမီး
ကျောင်းပြီးရင်ဝင်လုပ်ဖို့ပြောနေတယ်"

ကျမခါးတွေမတ်သွားရသည်
ကျမကကိုယ်ယူထားတဲ့ပညာနဲ့ကိုက်ညီတဲ့အ
လုပ်ကိုပဲရွေးချယ်ချင်တာ
မေမေပြောပုံအရဆိုကျောင်းပြီးတာနဲ့ဖေဖေအသိရဲ့လုပ်ငန်းမှာမလွဲမသွေဝင်လုပ်ရမှာပဲ
ကျမကဝါသနာနဲ့အလုပ်ကိုတစ်ထပ်ထဲကျချင်တဲ့
သူ
တွက်စက်ထဲကသုညတွေကိုနှိပ်နေမဲ့အစား
အနီရောင်အဝါရောင်အညိုရောင်ရောင်စုံဖြစ်နေတဲ့မြေကြီးတွေကိုကိုင်တွယ်ဆန်းစစ်ပြီး
ခွဲခြမ်းနေရတာကိုပိုနှစ်သက်သည့်သူ
လူတွေအတွက်ကောသဘာဝပတ်ဝန်းကျင်
အတွက်ပါအထောက်အကူဖြစ်မဲ့အလုပ်ကို
သာလုပ်ချင်တာကျမဆန္ဒတစ်ခုပဲ


လောလောဆယ်တော့စိတ်ကျေနပ်အောင်အင်း
လိုက်ရပေမဲ့ကျောင်းမပြီးခင်အချိန်တွေမှာဖေဖေ
ကိုသေချာပေါက်နားချပြီးကျမရွေးထားတဲ့ပညာကိုအထင်မသေးရဲအောင်ဂုဏ်ယူစွာချပြအုံးမှာ

"သမီးမေမေပြောတာကြားတယ်မလား"

"ကြားပါတယ်မေမေရဲ့
မေမေ မအိပ်သေးဘူးလား"

"အင်း အိပ်တော့မယ်သမီးလည်းအိပ်တော့လေ
ဒီရက်ပိုင်းမအိပ်ဘဲနဲ့စာတွေလုပ်နေတယ်မလားမျက်တွင်းတွေတောင်ကျနေပြီ
ခုနပြောထားတာတွေလဲမမေ့နဲ့နော်"

"ဟုတ်ကဲ့ပါ မေမေ"


မေမေ အခန်းထဲကထွက်သွားမှပဲကျမအိပ်ယာပေါ်မှာ
တစ်ကိုယ်လုံးကအကြောတွေကိုလျော့ကာ
ရှေ့ဆက်ရမဲ့အကြောင်းတွေကိုတွေးနေမိသည်

ဘဝကြီးကဘာလို့ဖြစ်ချင်တာတွေဖြစ်ခွင့်မရှိတာ
လဲဆိုပြီးတစ်ခါတစ်လေကျရင်အော်ပစ်လိုက်ချင်
သည်
လိုချင်ပါတယ်လွတ်လွတ်လပ်လပ်လူငယ်ဘဝတစ်ခုကိုပေါ့

.........

"အား ခုမှပဲခေါင်းတွေအေးသွားတော့တယ်
ဒီရက်တွင်းငါ့မှာခေါင်းတွေပေါက်ထွက်ပြီတောင်
ထင်နေတာ fault တွေကမခက်ဘူးထင်တာ
သေလောက်အောင်လုပ်ရတယ်ဟေ့"

(fault ဆိုတာပြတ်ရွေ့လို့ခေါ်ပါတယ်
စာဖတ်သူတို့နားလည်အောင်ပြောရရင်
ငလျင်လှုပ်ရင်တောင်တွေထက်ခြမ်းပြတ်ပြီး
ရွေ့သွားတဲ့အခါ ပြတ်ရွေ့တွေ့ဖြစ်ပေါ်လာသည်
ပြတ်ရွေ့တွေသည်တောင်တွေမှာသာမဟုတ်ဘဲ
​မြေပြင်တွေမှာလဲဖြစ်ပေါ်နိုင်သည်
ပုံစံအမျိုးမျိုးအနေအထားအမျိုးမျိုးနဲ့လဲတွေ့နိုင်သည်)

"ဒီတစ်ခါလည်းနင့်ဟာပဲအရွေးခံရမှာပါ
ငါဆိုဘာတွေရေးလိုက်မှန်းတောင်မမှတ်မိတော့ဘူး"

yumi ကစိတ်ပျက်လက်ပျက်နဲ့ထပြောသည်

"နင်လည်းအရွေးခံရမှာပါပူမနေနဲ့
professor min အခန်းကိုသန့်ရှင်းရေးလုပ်ဖို့"

jisoo အပြောကြောင့်
yumi မျက်နှာမဲ့ကြသွားကာ

"အဲ့ဒါနင်သွားရမှာငါတော့မလုပ်နိုင်တော့ဘူး
ဟိုတစ်ခါသွားလိုက်ရတာသေမတတ်ပဲ"

engineering geology သင်တဲ့ professor min ကစာအသင်အပြကောင်းပေမဲ့သူ့အခန်းကိုမကြာ
ခဏရှင်းလေ့ရှိတာကြောင့်စာတမ်းညံ့တဲ့ကျောင်း
သားဆိုသေပြီသာပြင်
ဆရာရဲ့ဖုန်တက်နေတဲ့စာအုပ်ဗီဒိုနဲ့တင်ငရဲသွားရ
သလိုဖြစ်စေသည်
ခံရဖူးတဲ့ yumi ကprofesser min အခန်းဆိုသေလောက်အောင်ကြောက်သည်

တော်သေးတာကဒီတစ်ခါစာတမ်းကဆရာ့
ဘာသာမဟုတ်လို့အားလုံးကဟင်းချနိုင်ကြသည်

"ငါနင်တို့ကိုပြောစရာရှိတယ်"

"အင်းပြောလေ"

ကျမရဲ့အပြောကိုjisoo ကအချဥ်ထုပ်စားရင်းနဲ့
ပြောသည်

"ဖေဖေကငါ့ကိုကျောင်းပြီးသွားရင်သူ့သူငယ်ချင်း
ကုမ္ပဏီမှာဝင်လုပ်စေချင်နေတယ်"

"အင်း အဲ့ဒါဆိုကောင်းတာပေါ့ကျောင်းပြီးတာနဲ့
အလုပ်ရှာစရာမလိုဘူးပေါ့အဆင့်သင့်လိုက်လေ"

"yumi ရယ်နင်ငါ့အကြောင်းမသိတာကြနေတာပဲ
ငါအဲ့ဒီ့စားရင်းအင်းတွေ တွက်တာချက်တာတွေ
မလုပ်ချင်ဘူး"

"နင်ကဘာလို့တွက်တာချက်တာမလုပ်ချင်တာလဲခုလဲတွက်နေချက်နေရတာပဲကို"

"မတူဘူးလေဟာနင်ကလည်း"

"အဲ့တော့နင့်အဖေခိုင်းတဲ့ဆီမှာမလုပ်ချင်ဘူးပေါ့"

"အင်း"

"အဲ့ဒါဆိုမလုပ်နဲ့ပေါ့"

"jisoo ရယ်အဲ့လောက်လွယ်မှတော့နင်တို့နှစ်ယောက်
ကိုတောင်တိုင်ပင်မနေဘူး"

"နင်ပြောချင်တာငါသဘောပေါက်ပါတယ်နင်က
နင့်ဝါသနာနဲ့ကိုက်တာပဲလုပ်ချင်တာနင့်အဖေ
လုပ်ခိုင်းတဲ့ဆီမှာမလုပ်ချင်ဘူးအဲ့တော့နင်
ဘာလုပ်ဖို့စဥ်းစားထားလဲ"

"အဲ့တာစဥ်းစားလို့မရလို့နင်တို့နှစ်ယောက်ကို
တိုင်ပင်နေတာပေါ့"

"ငါတို့သုံးယောက်ကုမ္ပဏီတစ်ခုထောင်ပြီး
ကိုယ်ကြိုက်ရာလုပ်ကြမလား"

"ပိုက်ဆံကနင့်အဖေပေးမှာလား"

yumi နှုတ်ခမ်းကပေနေတဲ့ယိုတွေကိုတစ်ရှူးနဲ့
ဖိသုတ်ပေးလိုက်ရင်းပြောတော့

"ငါ့အဖေကပေးမယ်ဆိုပေမဲ့အဲ့လောက်ကြတော့
ရမယ်မထင်ဘူး"

"နင့်ကိုရွဲ့နေတာ yumi မရဲ့
နင့်ဦးနှောက်ကလေနင့်ရဲ့မျက်ရစ်လိုပဲ
ရှိကိုမရှိဘူး"

yumi ခေါင်းကိုထိုးရင်းပြောတဲ့jisoo ကို
yumi ကမကျေမနပ်နဲ့

"အံမာ မျက်ရစ်မရှိတဲ့လူတွေရဲ့အကြည့်တစ်ချက်က
ဘယ်လောက်ကြောက်စရာကောင်းလဲသိလား"

ဟန်နဲ့ပန်နဲ့ပြောနေတဲ့ yumi ကသူ့မျက်ရစ်ကို
လာထိခိုက်သူ သူ့ရန်သူ

"တော်တော်ကြောက်ဖို့ကောင်းတယ်
နင်တို့လမ်းထဲကငါးနှစ်ကလေးတောင်နင်
မနိုင်ဘူးဆို"

"အဲ့ဒါက ကလေးမို့လို့လျော့ပေးထားတာ"


စကားနိုင်လုနေတဲ့သူ့တို့နှစ်ယောက်ကိုကြည့်ရင်း

"တော်ကြပါတော့ဟယ်
နင်တို့ကိုအကြံဥာဏ်တောင်းမိတဲ့
ငါမှားတာခုဗိုက်ဆာတယ်တစ်ခုခုသွားစားရ
အောင်ငါ​ကျွေးမယ်"

"ကောင်းတယ် အဲ့ဒါအကောင်းဆုံးပဲ"

ဘယ်နေရာမှသာအားမကိုးရတာအစားဆို
ဒီနှစ်ယောက်ကရှေ့ဆုံးက
အကြံဥာဏ်တောင်းရင်သာမထွက်တဲ့ခေါင်းတွေ
ဘာကိုဘယ်လိုတွဲစားရင်ကောင်းမယ်ဆိုတာသိတဲ့ပါရမီရှင်နှစ်ယောက်တနည်းအားဖြင့်ပြောရ
ရင်အငတ်နှစ်ယောက်
ကန်တင်းကိုချီတက်သွားတာများလှည့်တောင်မကြည့်ကြ
ဘဝမှာသူတို့နှစ်ယောက်ယောက်ကြောင့်သာပျော်ရွှင်မှုလေးတွေရှိနေတာ

ကန်တင်းရောက်တော့မှာနေကြတာများအပြိုင်အဆိုင်ဒီလရဲ့မုန့်ဖို့လစဥ်ကြေးကတော့မတွေး
ရဲစရာသူတို့မှာနေတုန်းဟိုဟိုဒီဒီလျှောက်ကြည့်မိ
တော့မုန့်ပန်းကန်ဘေးချပြီးအိပ်နေတဲ့
ruby jane
အတန်းထဲမှာလည်းမဟုတ်လူရှင်းနေတဲ့နေရာလဲမဟုတ်ကန်တင်းကြီးမှာလေ

"ဟဲ့ အဲ့ဒါ jane မလားဘယ်လိုဖြစ်ပြီးဒီမှာလာ
အိပ်နေတာလဲ"

"အေးလေဘယ်လောက်တောင်အိပ်ရေးပျက်နေ
လို့လဲမသိဘူး ချယ်ယောင်းသွားနိုးလိုက်ပါလား"

jisoo ကကျမကိုပြောတော့

"အာ မနိုးချင်ပါဘူးသူ့ဘာသူအိပ်ချင်အိပ်မအိပ်
ချင်နေ"

ပြောသာပြောလိုက်တာသူ့ဘေးဝိုင်းကလူတွေကကွက်ကြည့်ကွက်ကြည့်နဲ့
အဲ့ဒီ့အချိန်မှာပဲကျောင်းသားတစ်ယောက်ကသူ့
ဘေးကိုဆော့ပင်ကိုင်ပြီးကပ်သွားတာမြင်တဲ့
နောက်
ကျမတောင်မသိလိုက်ဘဲသူ့နားရောက်သွားကာ

"ruby jane"

ကျမအသံကြောင့်ကပ်နေတဲ့ကျောင်းသားက
ဟိုလိုလို ဒီလိုလိုနဲ့ထွက်သွားသည်

"ruby jane

ruby jane!!!!"

ကျမခေါ်ရင်းပုခုံးကိုလှုပ်ကာနိုးလိုက်တော့

"အား!!!!!"

အသံကျယ်ကြီးနဲ့အော်လိုက်တာကြောင့်ကျမလန့်ပြီးနောက်နှစ်လှမ်းဆုတ်မိသွားသည်
မော့ကြည့်လာတဲ့ ruby jane ကပုခုံးကိုဆုပ်ကိုင်ကာ

"rosie sorry ပါ ရုတ်တရက်ဆိုတော့
jane လန့်သွားလို့ "

"နင်လန့်တာကလည်းငါနှလုံးရပ်ပြီးသေတော့မလို့ဘာလို့ဒီမှာလာအိပ်နေတာလဲလူတွေကွက်
ကြည့်ကွက်ကြည့်နဲ့မိန်းကလေးဖြစ်ပြီးမရှက်ဘူး
လား"

"ဘယ်လိုအိပ်ပျော်သွားမှန်းတောင်မသိဘူး
ဒါနဲ့ဘယ်နှစ်နာရီရှိပြီလဲ"

"1 နာရီရှိပြီ"

"သြော် 1 နာရီလား
ဘာ!!!! ၁ နာရီအတန်းအတန်း ငါတော့သေ
တော့မှာပဲ သွားတော့မယ်နော် rosie နောက်မှ
လာခဲ့မယ်"

အပြေးအလွှားထွက်သွားတဲ့ruby jane က
တကယ့်ဗရုတ်သုတ်ခ
အဲ့ပုံစံမျိုးဆိုကျမသေအောင်အမြင်ကတ်တာ
လူပဲသပ်ရပ်ပြီးတိကျမှုတော့ရှိရမှာပေါ့

ကိုယ့်ဝိုင်းကိုပြန်လာထိုင်တော့ဟိုနှစ်ယောက်
ရဲ့အကြည့်တွေကြောင့်

"ဘာလဲ ဘာမှကြည့်မနေနဲ့အမြင်မတော်လို့
နင်တို့ပဲသွားနိုးပေးဆို"

"အေးပါ ဟိုကလည်းအချစ်နိုးတာခံချင်ရှာမှာပေါ့"

"အချစ်နိုးမှပဲနိုးထရတာကို"

မျက်နှာပြောင်နေတဲ့နှစ်ယောက်ကိုကြည့်ပြီး

"အချစ် အချစ်နဲ့အတော်ခံတွင်းတွေ့နေတယ်ဟလား"

"ဒါပေါ့ အချစ်ရဲ့နော့"

ရှေ့ကနှစ်ယောက်ကိုခပ်ချဥ်ချဥ်ကြည့်လိုက်ကာ

"အဲ့တာဆိုအချစ်ပဲစားတော့ဒါတွေမစားနဲ့တော့"

"ဟမ် မဟုတ်ဘူးလေ
မချစ်တော့ဘူးအချစ်ကဗိုက်မဝဘူး
ဒီဖက်ထုပ်လေးတွေကဗိုက်ဝတာ"

jisoo ကဖက်ထုပ်တစ်ခုကိုပါးစပ်ထဲထည့်ကာပြောလိုက်တော့ yumi

"ချစ်လို့စတာကို"

"မစနဲ့စားစရာရှိတာစားနောက်တစ်ခါ အချစ်ဆို
လိုကတော့ငါကဒ်ထဲကအချစ်ပဲထွက်လာမှာ"

ကျမအပြောကိုမကြားချင်ယောင်ဆောင်ပြီး
မုန့်သာငုံ့စားနေကြသည်
ruby jane ruby jane နဲ့အမြင်ကိုကပ်တယ်

......

#စာဖတ်သူတို့ကိုမြတ်နိုးလျှက်


You are reading the story above: TeenFic.Net

#chaennie