"လှတယ်နော် jane "
ဘေးမှာ လှဲ နေတဲ့ jane ကိုကြည့်ရင်းပြောတော့
jane ကပြုံးလာကာ
"rosie နဲ့ကြည့်ရလို့လားမသိဘူးနော်
အရင်ကကြည့်နေတဲ့ ကောင်းကင်ကြီးထက်ပိုလှတယ်
အရင်ကလေ ဒီလို နေ့ရက်တွေဆို
rosie နဲ့ခုလိုမျိုး မြက်ခင်းပေါ်မှာလှဲပြီး
တူတူ ကြည့်ချင်ခဲ့တာ
ခုတော့ ဆန္ဒပြည့်သွားပြီ"
jane ရဲ့တောက်ပတဲ့မျက်လုံးတွေသည်
ကျမအတွက်တော့ ခုကြည့်နေတဲ့ ကောင်ကင်ကြီးထက်ပိုလှနေသည်
"နောက်ကျရင် jane ဖြစ်ချင်တာပြောနော်
ကျမ ကဖြည့်ဆည်းပေးမှာမို့ "
"တကယ်လား"
ဘေးတစောင်းကြည့်နေတဲ့ကျမဖက်ကို
jane ကလည်းစောင်းလာရင်းအပြုံးတွေနဲ့မေးတော့
"တကယ်ပေါ့ jane ရဲ့"
နဖူးကိုအသာနမ်းရင်းပြောတော့
ထပ်ပြုံးလာတဲ့အပြုံးတွေက ပန်းတွေပွင့်ကုန်သလို
"အင်း အချိန်ရရင်အဘွားဆီသွားချင်သေးတယ်
ကွင်းဆင်းတုန်းကနေရာလေ"
"အင်း သွားကြရအောင် ဒီတစ်ခေါက်
ကျောင်းပိတ်ရက်ကြရင်"
"တကယ်နော်"
"တကယ်ပေါ့"
ဒီမိန်းကလေးသည်ကျမအတွက်အဖိုးတန်တဲ့
အရာတစ်ခုဖြစ်လာခဲ့သည်
ဒီမိန်းကလေးကြောင့်အပြုံးတွေပိုတိုးလာရသည်
ဒီမိန်းကလေးကြောင့်အရာရာကိုအကောင်းမြင်တတ်လာရသည်
ကျမသည် jane ဆိုသောမိန်းကလေးကိုချစ်မြတ်နိုးရပါသည်
လေတွေတိုက်တိုင်းလွှင့်သွားတဲ့ jane ဆံသားလေးတွေကိုတချက်သတ်ပေးရင်း
"သိပ်ချစ်တယ် jane"
မြတ်နိုးဟန်ပြည့်ဝနေသော rosie မျက်ဝန်းတွေသည်သိပ်လှနေပြန်သည်
နှင်းဆီဖူး နှုတ်ခမ်းတွေဆီက ချစ်တယ်ဆိုတဲ့စကားကြားရဖို့ jane မျှော်လင့်ခဲ့
ရတာ
ခုတော့နှင်းဆီဖူးနှုတ်ခမ်းတွေကနှင်းဆီးပန်းတွေ
jane အတွက်ပွင့်လာနေပြီ
သိပ်မွှေးတယ် rosie
jane ဘဝမှာပျော်စရာရှိလာသည်က rosie ဆိုတဲ့အမျိုးသမီးလေးကြောင့်ပင်
မျက်ရည်ဝိုင်းနေသည့် jane ကြောင့်
မကြည့်ရက်နိုင်စွာ
မျက်ဝန်းအိမ်ကိုအလောတကြီးနမ်းမိသည်
"jane ကျမရှေ့မှာဘယ်တော့မှမျက်ရည်မကျရဘူးနော်
ကျမ မကြိုက်ဘူး နော်"
jane နှုတ်ကစကားလုံးတွေထွက်မလာနိုင်ဘဲ
ခေါင်းတဆတ်ဆတ်ငြိမ့်ပြမိသည်
"လာ "
rosie က ညာဖက်လက်ကိုဆန့်ကာလာဖို့ခေါ်တော့
တုံ့ဆိုင်းမနေဘဲ rosie လက်မောင်းပေါ်ကို
အသာအယာခေါင်းအုံးကာရင်ခွင်ထဲသို့တိုးဝင်မိသည်
"မွှေးလိုက်တာ"
"အဟင်း ... တကယ်လား
ကျမ ရေမချိုးလာတာကို"
"ဟင် ဟုတ်လား"
နှာခေါင်းလေးရှုံ့ကာ jane ပြောတော့
နှာခေါင်းထိပ်လေး ကိုအသာအယာနမ်းကာ
"အင်းး မရွံဘူးလား"
"ဟင့်အင်း မရွံပါဘူး
jane လည်းချိုးမလားဘူးလေ"
"ဟင် ဟုတ်လား
ကျမ ကတော့ရွံတတ်တယ်နော်"
ကျရောက်လာတဲ့မျက်စောင်းတွေကြောင့်
ပြုံးလိုက်မိသည်
"တော်ပြီ ထတော့မယ်"
ထမလိုပြင်နေတဲ့ jane ကိုတင်းတင်းကြပ်ကြပ်
ဖက်လိုက်ကာ မျက်နှာအနှံ့ တရှုံ့ ရှုံ့ နမ်းတော့
jane ၏ရယ်သံတွေသည်ပြန့်ကျဲလာသည်
လေညှင်းတွေလည်းမွှေးနေလောက်သည်
ချစ်ရသူနဲ့အတူဆိုရင်ပေါ့
........
ဒီနေ့သည် jane နဲ့မတွေ့ရသည်က ၃ ရက်မြောက်သည့်နေ့
jane ရဲ့မွေးနေ့ထဲက jane ကိုမတွေ့ရ
သူ့အကိုနဲ့နိုင်ငံခြားခဏသွားရမည်ကိုသာ
ဖုန်းဆက်ပြောပြီးထဲက ပျောက်ချက်သားကောင်းနေသည့် jane
စာမလာသတင်းမကြားဖုန်းဆက်တော့လည်း
စက်ပိတ်ထားသည်မှလွဲ၍ကျန်တာမကြားရ
ရင်တွေပူလှပြီ
ပစ်ထားတယ်ဆိုပြီးလည်းဝမ်းနည်းစွာငိုမိသည်
ဖေဖေ ကတဆင့်မေးခိုင်းတော့လည်း jane ပြောသလိုပင်ပြန်ကြားရသည်
ပြန်လာမှအပြစ်ပေးချင်တာကတဝက်
အဆက်အသွယ်မရလို့လွမ်းနေတာကတဝက်
၃ ရက်လောက်ကိုသုံးနှစ်လောက်ကြာနေပြီဟု
ထင်ရသည်
ဖုန်းထဲကရယ်နေတဲ့ အရှုပ်ထုပ်ကိုကြည့်ကာ
"ရယ်မနေနဲ့ ကျမ လွမ်းလှပြီ jane ရဲ့
ဘယ်တော့မှပြန်လာမှာလဲ"
jane သည် ကျမ နစ်ဝင်ခဲ့တဲ့နွံအိုင်ငယ်လေးတစ်ခုဖြစ်လာခဲ့သည်
.........
"ဆမ်"
"ခဏလေးပါ min ရယ် မပြောပါနဲ့အုံး
ဆမ် တောင်းဆိုနေတာပါ ဒီတစ်ခါလေးတော့
ဆမ့်ရဲ့ဆန္ဒလေးကိုလိုက်လျောပေးပါ"
နှလုံးသားတွေကွဲကြေသလို
စိတ်တွေသည်လည်းအလဲလဲအပြိုပြို
တနေ့ကြုံလာမည်ဆိုတာသိပေမဲ့လည်း
အဖြေတွေသည်ထပ်တူကျမည်ဆိုတာသိပေမဲ့လည်း
ရင်တွေကွဲကြေရပါတယ် min ရယ်
မချစ်လို့ မဟုတ်
နားမလည်လိုမဟုတ်
ဖောက်ပြန်ကြလို့မဟုတ်ပါဘဲနဲ့
မဖြစ်နိုင်သည့်လမ်းကိုမှရွေးပြီလျှောက်ခဲ့ကြတာ
၂ ယောက်လုံးသိနေကြသည်လေ
ဘယ်လိုပဲဖြစ်နေပါစေဇာတ်သိမ်းသည်
ရှင်ကွဲ ကွဲကြလေသည်ဆိုတာမျိုးပဲ
ဖြစ်လာသည်
ရင်ခွင်ထဲကမြတ်နိုးရာလေးသည်
တရှိုက်ရှိုက်နဲ့ငိုပါလျှင်
taemin သည်ကမ္ဘာပြိုပျက်သလို
သေပစ်ချင်လာသည်
သို့ပေမဲ့
စကားလုံးတွေသည်ထွက်ကျမလာ
ဒီအချိန်တွင်ပြောစရာသည်အကြောင်းအရာတစ်ခုတည်းရှိသည်က ကျိန်စာတစ်ခုလို
အတန်ကြာသည်အထိ ကမ္ဘာငယ်လေးသည်
တရှုံ့ရှုံ့ ငိုနေခဲ့သည်
ခဏကြာတော့ငိုသံတွေသည်စဲသွားခဲ့သည်
"ထမင်းစားကြမယ် min"
မို့ဖောင်းနေသောမျက်လုံးအိမ်တွေနဲ့ နီရဲနေသော
နှာသီးဖျားတို့ကို လစ်လျှူရှုကာဘာမှမဖြစ်သလို
ပြောနေပြန်သည်
"ကိုယ်တို့"
"ဆမ် သိပါတယ် နားလည်း လည်ပါတယ်
အခုတော့ဆမ့်သဘောအတိုင်းလေးပဲနေပေးပါလား min ရယ် "
ကိုယ့်မှာ ဘယ်အားနဲ့ငြင်းရမှာလဲဆမ်ရယ်
နီရဲနေတဲ့မျက်လုံးတွေကိုတချက်ပွတ်လိုက်ကာ
"ok လာ ကိုယ့်ရဲ့အညိုရောင်လေးကဒီနေ့
ဘာတွေချက်ထားသလဲ"
"min ကြိုက်တာတွေပေါ့"
"ဟုတ်ပါပြီ ဗျာ စားရအောင်
ပြီးရင်လျှောက်သွားရအောင်ကွာ
ဆမ် နဲ့အပြင်မထွက်တာကြာပြီဆိုတော့
လက်ချင်းတွဲပြီးလေညှင်းခံရအောင်နော်"
"အွန်း သွားကြမယ်"
ထမင်းစားဝိုင်းသည်အရင်လိုပဲစိုပြေနေပေမဲ့
အပြုံးတွေသည်အရင်လိုမတောက်ပတာ
နှစ်ယောက်လုံးသိနေခဲ့ကြသည်
......
အညိုရောင်တွေဆင်မြန်းထားသည့်လူနှစ်ယောက်သည် အဝါရောင်ရွက်ကြွေတွေခင်းထားသည်လမ်းမှာ
တစ်လှမ်းချင်းလျှောက်နေခဲ့ကြသည်
"ဆမ် မှတ်မိသေးလား ဒီနားမှာလေခလုတ်တိုက်ပြီးကိုယ်ခြေထောက်ကို
တက်နင်းခဲ့တာ အဲ့တုန်းက တကယ့်ရှပ်ပြာလေးနော်အမြဲတမ်းပြေးလွှားနေခဲ့တာ"
ဆမ့် ခေါင်းကိုဖွကာပြောတော့ဆမ်က ပြုံးကာ
"အဲ့တုန်းက min ကလည်းသိပ်ဒေါသကြီးပါတယ်နော်
ဖိနပ်လေးတက်နင်းမိတာများ ဆမ့်ကိုအော်လိုက်တာ ဆိုတာအကျယ်ကြီးပဲ"
"အဲ့တုန်းက လည်း ဆမ် က ကိုယ့်ကိုတက်လည်နင်းသေးတယ်
"ခြေထောက်လေးတက်နင်းမိတာများဖြစ်ပျက်နေတာပဲတဲ့"
မတောင်းပန်တဲ့အပြင်ပြောပြီး
ပြေးထွက်သွားတာလေ"
"အာ ဟုတ်လားမသိလိုက်ဘူး"
"ဟုတ်တယ် ပြီးတော့"
နှစ်ယောက်သားတွဲကာဝင်လာသည့် ကော်ဖီဆိုင်လေးသည်အမှတ်တရများစွာ
"ဒီနားလေးမှာပဲ ကိုယ့်ကိုရော ကိုယ့်နှလုံးသားကိုရော ခလုတ်တိုက်ခဲ့တာလေ
မှတ်မိသေးရဲ့လား"
ဆိုင်ထဲဝင်းပြီးထောင့်ချိုးနားကနေရာလေးပြတော့ ဆမ် ပြုံးမိသည်
"အင်း မှတ်မိတယ်အဲ့တုန်းက min အပေါ်
ဖိတ်ကျတဲ့ coffee အထိ မှတ်မိသေးတယ်
ဘာ coffee လဲသိလား min "
"ကိုယ့်အင်္ကျီဖြူတစ်ထည်
လုံးမဲသွားတဲ့ black coffee ပါဗျာ"
ခုံတစ်လုံးကိုဆမ်ထိုင်ဖို့ဆွဲထုတ်ပေးရင်ဖြေတော့
နှစ်ခြိုက်စွာပြုံးမိသွားသည်
"အဲ့တုန်းက min ကအင်္ကျီပဲမဟုတ်ပါဘူး
မျက်နှာပါမဲမှောင်သွားတာ"
ဆမ်ပြောတော့ min ကတဟားဟားရယ်ကာ
"အဲ့တုန်းက ကိုယ်ကအရေးကြီးဧည့်သည်ကြိုစရာရှိနေတာကိုဗျ"
"ဆမ် အဲ့တုန်းက min ကိုဝင်မတိုက်မိခဲ့ရင်ကောင်းမှာပဲနော်"
"ကိုယ်ကတော့ကောင်းတယ်ထင်တာပဲ
မဟုတ်ရင်အညိုရောင်တွေကိုကိုယ့်မှာနမ်းခွင့်ရပါ့မလား ဆမ် ရဲ့"
တစ်ဘဝ စာအတွက်မှမဟုတ်တာပဲလို့ပြောချင်ပေမဲ့ min
ရဲ့အကြည်ဓာတ်လေးပျက်သွားမှာစိုးသည်
"ဒါပြီးရင် စာကြည့်တိုက်ဆီသွားရအောင်"
"min သဘောလေ"
သိပ်မကြီးလှသော စာကြည့်တိုက်လေးမှာ
ဆမ့် ကို taemin ဖွင့်ပြောခဲ့သည်
ဆမ်တို့ရဲ့ချစ်ခြင်းတွေစတည်ရာနေရာလေးသည်
အရင်တိုင်းပင်
တိတ်ဆိတ်အေးချမ်းစွာ
ဖတ်နေကြစာအုပ်ကလေးတွေကိုလက်နဲ့ပွတ်သတ်ရင်းဝမ်းနည်းမှုသည်အလုံးအရင်းနဲ့ဝင်ရောက်လာသည်
min ရင်ခွင်ထဲတိုးဝင်ရင်း
"အိမ်ပြန်ချင်တယ်"
.......
"တခြားနည်းလမ်းမရှိဘူးလားဟင် min"
မျှော်လင့်ချက်ရေးရေးလေးနဲ့မေးနေတဲ့ဆမ်ကို
taemin ဘာပြန်ပြောရမည်နည်း
"ဆမ်တို့မှာ တခြားနည်းမရှိတော့ဘူးလားလို့"
ပါးပြင်နုနုထက်ကမျက်ရည်တွေကိုအသာအယာ
သုတ်ပေးကာ
"min ကိုခွင့်လွှတ်ပါကွာ ကိုယ်ဒီလိုမှမလုပ်ရင်
ဆမ်ရော ဆမ့်မိသားစုကိုရော ဒက်ဒီကဖျက်စီးလိမ့်မယ် စိတ်ချပါကွာ
ဆမ်ကလွဲပြီး ကိုယ့်နှလုံးသားကဘယ်သူ့ကိုမှ
လက်မခံတော့ပါဘူးဆမ်ရဲ့
ကိုယ့်ကို ကြည့်ပါအုံးကွာ"
မော့ကြည့်လာသောမျက်နှာရဲရဲလေးသည် min ရဲ့ ကမ္ဘာငယ်
"မငိုနဲ့တော့နော် ဟောဒီ့ထဲက ကောင်က ဆမ့်အပိုင်နော်"
ဆမ့် လက်ဖဝါးလေးကိုtaemin ရင်ဘတ် ကိုအုပ်စေကာပြောတော့
"အရမ်းချစ်တယ် min"
နှုတ်ခမ်းပါးတွေသည် taemin ရဲ့ နှုတ်ခမ်းထူထူတွေကိုကြင်နာသည့်အခါ
taemin သည် ငြင်သာစွာခံယူမိသည့်
ပေါင်ပေါ်ပါခွတက်လာသည်ခါ
ခါးလေးကိုထိန်းပေးရင်း အနမ်းတွေကိုတုံ့ပြန့်မိသည်
အင်္ကျီတွေကိုကျော်လွန်သည့်ခါတွင်လည်း
လိုက်လျောမိသည်
သည်ခန္ဓာ သည်စိတ် သည်နှလုံးသားသည်
ယနေ့တွင် ဆမ် ၏ အပိုင်သာဖြစ်ကြောင်း
သက်သေပြလိုက်ချင်သည်
အရေးမပါသည့် အယူအဆ များကြားတွင်
နှလုံးသား ၂ ခုကွဲကြေခဲ့ရသည်
ဒီအဖြစ်သည် ဒီဘဝတွင် ဒီအကြိမ်ဖြင့်သာ
ပြီးဆုံးပါစေဟုဆုတောင်းရင်းချစ်ရသူကိုသာ
တင်းတင်းကြပ်ကြပ်ဖက်ထားမိသည်
.........
ဘဲလ် သံကြောင့်စိတ်မပါလက်မပါ ထဖွင့်တော့
မြင်လိုက်ရသည်က jane
"လွမ်းလိုက်တာ rosie ရယ်
အရမ်းလွမ်းတာပဲ"
ရင်ခွင်ထဲအတင်းတိုးဝင်နေသောအကောင်ပေါက်သည်တအားဆိုးလှသည်
၄ ရက်လုံး စာမလာ သတင်းမကြားဘဲ
ခုမှအရမ်းလွမ်းသည်တဲ့လေ
ခုနက ပူလောင်နေသောစိတ် ညစ်ထေးနေသော
စိတ်တို့သည် အခိုးအငွေ့ဖြစ်ပျောက်ကွယ်ကုန်သည်
သို့ပေမဲ့ jane ကိုစိတ်ဆိုးသည်
ရင်ခွင်ထဲတင်းတင်းကြပ်ကြပ်ဖက်နေတဲ့ jane ကိုဆွဲထုတ်ကာ လုပ်လက်စ စာကို
ပြန်လုပ်တော့
"jane ကိုစိတ်မဆိုးပါနဲ့ ကိုကို ကဖုန်းပါသိမ်း
rosie ခြေရင်းတွင်ထိုင်ကာလက်ဖမိုးကို
တရှုံ့ရှုံ့ နမ်းရင်းပြောတော့
ဆိုးနေသည့်စိတ်တွေသည် ကစဥ့်ကလျား
ပြေးလွှားကုန်သည်
သို့ပေမဲ့ စိတ်ဆိုးချင်ပါသေးသည်
စကားမပြောသည့် rosie ကြောင့် jane
ငိုချင်လာသည်
"jane ကိုတအားစိတ်ဆိုးနေတာလားဟင်"
စာလုပ်မြဲပင်
"jane ကို မုန်းသွားတာလား ဟင်"
အသံတို့သည် အဖျားခတ်ကာတိုးလျ သွားသည်အခါ စိတ်ဆိုးခြင်း ဆိုသည့်အရာသည်
rosie နှင့်မသက်ဆိုင်တော့
ခေါင်းငုံ့သွားသည့် jane ၏ နှာသီးဖျားတို့သည်
ရဲလာနေချေပြီ
ဘုရားရေ စိတ်ဆိုးနေတာက ကျမလေ
သူကပြန်ငိုနေတယ်တဲ့လား
ခြေရင်းမှာထိုင်နေတဲ့ jane ကို
"ကျမဘေးကိုလာ"
မျက်ရည်ဝဲနေတဲ့အသေးလေးကိုချစ်လို့ကျမမှာကူကယ်ရာမဲ့ဖြစ်နေတာ jane သိပါ့မလား
"ဟုတ်တယ်"
"ဟင်"
"jane ကိုမုန်းတယ်တယ် အဲ့တာကြောင့်အပြစ်ပေးရမယ်"
နှုတ်ခမ်းပါးတွေကိုအတိုးချနမ်းတော့
jane ကလည်းပြန်နမ်းလာသည်
ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲဒီနှုတ်ခမ်းတွေကို
"နောက်တစ်ခါ မပြောမဆို ပျောက်သွားအုံးမလား"
အသက်လုရှုနေတဲ့ jane သည်ပြုံးကာခေါင်းခါပြသည်
"အခုအသက်ရှုရတာအဆင်ပြေပြီလား"
"အင်း "
ပြုံးကာ ခေါင်းငြိမ့်ပြတော့
"အင်း အဲ့တာဆို ထပ်နမ်းရအောင် မဝသေးဘူး"
မျက်နှာအနှံနမ်းရင်း jane ရဲ့ လည်ပင်းတွေဆီပါ
ကျူးကျော်လာမိသည်
ရှပ်အင်္ကျီက ကြယ်သီးတစ်လုံးကို ဖြုတ်လိုက်တော့ ပေါ်လာတဲ့ အညိုအမဲကွက်ကြောင့်
"jane ဒါ ဘာဖြစ်တာလဲ"
အခုမှတစ်ခုခုကိုသတိရသွားသော jane သည်
အင်္ကျီ ကိုဆွဲစေ့လိုက်ပြီးကြယ်သီးတွေကိုအကုန်
တပ်ချပစ်လိုက်သည်
"ပြစမ်း ကျမ ကို"
"ဟင့်အင်း"
jane သည် rosie လက်တွေကိုရှောင်ကာ
နောက်ဖက်ကိုတိုးသွားတော့
"ပြနော် ကျမ ကိုစိတ်တိုအောင်မလုပ်စမ်းနဲ့"
"ဟင့်အင်း ဘာမှမဟုတ်ပါဘူး ခိုက်မိတာပါ"
"မယုံဘူး ပြ"
rosie အတင်း ဖြေတော့ jane သည်အတင်းဆွဲထားသည်
ရုန်းရင်းဆန်ခတ်ဖြစ်နေရင်း ရှပ်အင်္ကျီမှ ကြယ်သီးတို့သည် ပြုတ်ထွက်ကုန်သည်
မြင်လိုက်ရသည့်အရာတို့သည် ဟိုတစ်ခါတွေခဲ့တဲ့ ပုံစံတွေလိုပင်
jane သည်ငိုချေပြီ
"ဒါတွေကဘာဖြစ်တာလဲ ဟင်
ဘာဖြစ်တာလဲ လို့"
rosie သည် ငိုသံရောထွေးကာ မေးတော့
jane သည် rosie ရင်ခွင်ထဲဝင်ကာ
ဝမ်းနည်းတကြီးငိုလေသည်
ကျမ ရဲ့ jane ကိုဘယ်သူကဒီလိုတွေလုပ်နေရသလဲ
ခုလိုမြင်တိုင်းရင်တွေသည်တစစီကွဲကြေကုန်သည်
ဘာတွေများကြုံနေရသလဲ jane ရယ်
ကျမရင်တွေပူလှပါပြီ
မင်းမျက်နှာညိုရင်
ကိုယ့်မှာကမ္ဘာပြိုရပါတယ်
မင်းဆီကအနာတရတွေ
ကိုယ့်ဆီမှာသာရှိစေချင်ပါတယ်
မင်းရဲ့အဆင်မပြေမှုတွေ
ကိုယ့်ကိုသာလာရိုက်ခတ်စေချင်ပါတယ်
မင်းရဲ့ချစ်ခြင်းတွေ
ကိုယ့်ကိုသာပေးရင်အဆင်ပြေပါတယ်
ငြိမ်း......
.........
#မျှော်
#စာဖတ်သူတို့ကိုမြတ်နိုးလျှက်
#မကောင်းမကန်း လေးကိုမျှော်ပေးကြတဲ့သူအားလုံးကိုကျေးဇူးတင်စွာဖြင့်
ငြိမ်း.....
You are reading the story above: TeenFic.Net