Pt 2 Can We Be Friends??

Background color
Font
Font size
Line height

Heeseung - ဒီမှာ တစ်ဆိတ်လောက်ပါ~~

Mineun - ဘာလဲ

Heeseung - ကျတော်ဘောပင်ကျန်ခဲ့လို့အဲ့ဒါအပိုပါရင်လေ ငှါး ငှါးလို့များရလားလို့

Mineun - bor ?

ဒီလူဘာလဲဟရူးနေတာလား
(စိတ်ထဲမှ ပြောလိုက်လေသည်)

Heeseung - အာ အဆင်မပြေလဲရပါတယ်

Mineun - aish ရော့ ရော့

Heeseung - ကျေးဇူး

စာသင်ချိန်လေးနေ့တစ်ဝက်ချိုးသွားခဲ့သည်

Jiwon - Mineun ah canteenသွားရအောင်လေ

Mineun - သွားမယ်လေ လာ

Sunghoon - နေအုံးငါလဲလိုက်မယ်

Mineun - ဟဲ့ခန ဟိုကျောင်းသားအသစ်ကိုမ
ခေါ်ဘူးလား အင်းနော် lunch time မှာတောင်စာကလုပ်နိုင်သေးတယ်ချောလိုက်တာ

Mineun - အော်အရေးထဲကြောင်နေသေးတယ်သွားစရာရှိမသွားဘူး

Canteen ရောက်ပြီ

Sunghoon - ဒီနေ့တော့ငါကျွေးမယ်

Jiwon - အမလေးထီတော့ပေါက်တော့မှာဘဲ
ပေါင်းလာတဲ့ 5နှစ်လောက်ကပ်စေးကုတ်တဲ့ကောင်ကများ ကျွေးမယ်တဲ့

Mineun - ဟဲ့ဟဲ့သွားမပြောနဲ့အုံး တော်ကြာကျွေးမဲ့ ရုတ်သိမ်းနေအုံးမယ်hkk

Sunghoonah
sunghoon က milk chocolate ကြိုက်တတ်တယ်ဆိုလို့ဒီတိုင်းလာပေးတာ ဒါလေးတော့လက်ခံပေးပါနော် :((

Mineun တို့စားပွဲဝိုင်းမှ Park Sunghoon ဆီနို့ချောကလက် လက်ဆောင်လာပေးသောမိန်းကလေးတစ်ယောက် သူမကမည်သူမဟုတ် Song Hyemi
Hyemiက ဂျူနီယာအတန်းကတစ်ယောက်ဖြစ်သည် ချစ်စရာလဲကောင်းပြီး စာလဲတော်တယ် ဖြစ်ချင်
တော့ မနှစ်ကတည်းက sunghoonကို သဘောကျနေခဲ့တဲ့တစ်ယောက်..

Sunghoon - ဟုတ်ပြီလေ ဒါဘဲမလား

ဆောင်းဟွန်းမျက်ခုံးတစ်ဖက် ပင့်ကာပြောတော့
ဟယ်မီတစ်ယောက် ကိုယ့်နေရာကိုယ်ပြန်သွားတော့
လို့ပြောတာ သဘောပေါက်သွားပြီး ပြုံးပြကာ လက်ထဲက နို့ချောကလက်ကိုထားခဲ့၍ သူ့စားပွဲဝိုင်း
ဆီဆိုပြန်သွားခဲ့လေသည်

Jiwon - omo ဆောင်းဟွန်းတို့စွံချက်ကတော့တစ်ဖက်ကမ်းလွန်နေပြီ

Sunghoon - ရော့ဒါနင်ယူလိုက်mineun

Mineun - ဘာလဲအဲ့ဒါနင့်ကိုပေးတာလေ ㅋㅋ

Sunghoon - ဒါမဲ့ ငါမှမလိုချင်တာပြီးတော့နင်လဲကြိုက်တာဘဲ

Jiwon - အဟွတ် အမယ်အမယ်ဆောင်းဟွန်းကမင်အွန်းကိုချောကလက်တွေဘာတွေတောင်ပေးလို့
ပါလား နင်တို့နှစ်ယောက်လဲ shipရတာပျော်စရာကြီး

Mineun - Ya ငါတို့နှစ်ယောက်ကဘာမှမဟုတ်ဘူးနော် နင်လဲအသိဆုံးကို

Jiwon - အော shipတယ်ဆိုလို့နင်တို့နှစ်ယောက်လဲသတင်းတွေထွက်နေတယ်နော် dateလုပ်နေကြတယ်ဆိုပြီး

Sunghoon - စားချင်စိတ်တောင်မရှိဘူး

Mineun - ဟဲ့ဟဲ့နင်စားချင်စိတ်မရှိရင်သွားလို့ရတယ်နော် ပိုက်ဆံတော့ရှင်းပေးသွား ချောကလက်လေးပါထားလဲ့ :D

Sunghoon - အေးအဲ့ဒါတွေကြောင့် နင်တို့ဘဲမရတာသိလား:))

ဆောင်းဟွန်းတစ်ယောက် ပိုက်ဆံနဲ့ချောကလက်ထားခဲ့၍ ထွက်သွားလေရဲ့

Jiwon - ဆောင်းဟွန်းကလေ ငါတို့ဆိုဖဲ့ဖို့ကြည့်ဘဲ

Mineun - အေ့လေ ငါတို့ကလည်း အဖြစ်မှမရှိတာ(ಥ﹏ಥ)

Mineun တို့ဒီလိုအဝေး တစ်နေရာကိုစားပွဲဝိုင်းကနေ
လိုက်ပိုက်ကြည့်နေတဲ့ သူတစ်ယောက်ရှိတယ်ဆိုတာသိနိုင်ပါ့မလား?

ဘာပဲဖြစ်ဖြစ် ဆောင်းဟွန်းကညမအပိုင်ဘဲဖြစ်လာမှာပါ စောင့်ကြည့်နေလိုက်ပါ unnieရယ်

____________________
Jiwon - ဒါနဲ့လေ သိလား အခုအသစ်ပြောင်းလာတဲ့
ကျောင်းသား ဟီဆွန်းဆိုတဲ့တစ်ယောက်ကလေ
တော်တော်ချမ်းသာတာနော် အိမ်ကြီးဆိုလဲအကြီးကြီး ကိုယ်ပိုင်ကားတွေရော အရင်ကျောင်းတွေတုန်းကလဲနာမည်ကြီးခဲ့တာဘဲ အရင်ကျောင်းကသူတွေပြောဖူးတာတို့ဆို ကျောင်းတိုင်းတစ်နှစ်တစ်ခါလုပ်တဲ့ သီချင်းဆိုပြိုင်ပွဲတွေဆို သူကပထမဘဲတဲ့နော်
သူလဲကြည့်ရတာ ဆောင်းဟွန်းလိုဘဲဟ

Mineun - သိလှချည်လား

Jiwon - ငါဟဲ့ ချွဲဂျီဝန်းပါ ဒီလောက်ကတော့အသာလေးပါ နင်ရောသူ့ကိုစိတ်ဝင်စားလား

Mineun - yahh ငါကစိတ်ဝင်စားစရာလားစာဘဲအာရုံစိုက်စမ်းပါ ဒီနေ့တောင်sam စာမမေးတာဘဲကံကောင်း

Jiwon - အဲ့ဒါheeseung ကိုကျေးဇူးတင်ရမယ်

Mineun - Huh သူနဲ့ဘာဆိုင်လို့
Jiwon - ဟုတ်တယ်လေသူရောက်လာလို့မိတ်ဆပ်ရင်းနဲ့ samကစာမေးဖို့မေ့သွားတာနေမှာပေါ့

Mineun - တိုက်ဆိုင်တာဘဲနေမှာပေါ့
လေပေါမနေနဲ့ ကျောင်းတက်တော့မယ်လာ

Mineunတို့လဲအတန်းထဲသို့ပြန်ဝင်လာခဲ့ကျသည်

ကျမတို့canteenသွားပြီးပြန်လာတာတောင်သူကစာလုပ်လို့မပြီးသေးဘူး သူကစာကိုဘဲအာရုံစိုက်တယ်နဲ့ တူပါတယ်ဂျီဝန်းပြောလဲပြောချင်စရာဘဲ ပြတင်းပေါက်နားမှာ နားကြပ်လေးနားထောင်ပြီးစာလုပ်နေတဲ့ ကျောင်းသားက ကျောင်းသားဝတ်စုံသန့်သန့်ပြန့်ပြန့်လေးနဲ့ နှာတံလေးကဆင်းနေတာဘဲရုပ်ချောတယ်လို့ဘဲဆိုရမှာဘဲ သူလဲအရင်ကျောင်းမှာနာမည်တော့ကြီးခဲ့မှာခုတောင်ကြည့်ပါလားမနက်ကအခန်းထဲဝင်လာတည်းက မိန်းကလေးတွေဝိုင်းနေတာ

ဟိုက် ငါဘာတွေတွေးနေပါလိမ့်စာဘဲအာရုံစိုက်စမ်း မိမင်အွန်းရဲ့

အဲ့လိုနဲ့ဘဲ ကျောင်းတစ်နေ့တာကုန်ဆုံသွားခဲ့သည်
ကျောင်းလဲဆင်းပြီကိုး ကျမလဲပြန်ရတော့မယ် ဂျီဝန်းကလည်းအစောကြီးပြန်သွားတယ် ဆောင်းဟွန်းကျတော့လည်းအိမ်ကလာကြိုတယ် ကျမကျတော့ တစ်ယောက်ထဲဘဲလမ်းလျှောက်ပြန်ရမှာပေါ့
ညနေရောက်နေတဲ့အတွက်မှောင်နေပြီမို့ နဲနဲကြောက်မိသည်

Mineun ကျောင်းတံခါးဝကနေထွက်မယ်လုပ်တုန်း
အနောက်ကတော့ လူတစ်ယောက် ပုခုံးကိုလာတို့ပြီးစကားစလေရဲ့ ထိုလူမှာ အီဟီဆွန်း

Mineun - yahh လန့်တာဟယ်-_-
Heeseung - အာ miyan
Mineun - ကဲဘာကိစ္စလဲ
Heeseung - ညနေစောင်းနေပြီမို့ မှောင်လဲမှောင်နေပြီ ပြီးတော့ဒီကျောင်းပြန်လမ်းကနေအိမ်ပြန်ရင်
တော်ရုံမိန်းကလေးတွေ တစ်ယောက်ထဲပြန်ရင်
မသင့်တော့ဘူးလေ

Mineun - အင်းအဲ့တော့?

Heeseung - အဲ့ဒါ မင်အွန်းကြောက်နေရင်ကျတော်နဲ့တူတူပြန်မလားလို့ >_<

တကယ်တမ်းလဲကျမကြောက်နေမိတယ် လမ်းကမှောင်လဲမှောင် လူလဲပြက်တော့ ဘာဘဲပြောပြောသူရှိနေတော့ ပိုအဆင်ပြေတာပေါ့ဒါကြောင့်သူ့စကားကိုလက်ခံခဲ့လိုက်တယ်

Mineun - အင်းဒါဆိုလဲပြီးရောငါကြောက်လို့မဟုတ်ဘူးနော် ဒီတိုင်းအိမ်ကလာမကြိုလို့

Heeseung - arr nae ဟုတ်ပါပြီ မင်အွန်းတို့အိမ်ကဒီဘက်လား

Mineun - အွန်းဟုတ်တယ်

Heeseung - ဒါဆိုလမ်းစုံသွားတာပေါ့ ကျတော်လည်း အဲ့ဘက်မှာဘဲဟီး

Mineun - ဒါနဲ့ဟီဆွန်းက ကောင်မလေးတွေဘာတွေများရှိလဲ

ဟဲ့ငါဘာကြီးမေးလိုက်တာပါလိမ့်အားအထင်လွဲကုန်တော့မှာဘဲ😑

Heeseung - huh ?

Mineun - အမ် အာ i'm just asking
ဘာလို့လဲဆိုတော့ နင်ကချော ချောလဲချောတယ်လေပြီးတော့ စာလဲတော်မဲ့ပုံဘဲဒီနေ့တောင်
Sam မေးတဲ့အပုဒ်တွက်ပြခဲ့သေးတယ်လေ
ငါဆိုအဲ့ဟာကြီးလည်နေတာ

Heeseung - အော် မရှိပါဘူး

Mineun - အော် အွန်း

ဟူးတော်ပါသေးရဲ့

ထို့နောက် နှစ်ယောက်ခဏတာတိတ်ဆိတ်သွားသည်

Mineun - တစ်ခုခုသွားစားမလား
Heeseung - တစ်ခုခုသွားချင်စားချင်လား

Mineun - အော ဒါဆိုလည်း တော့ပူကီသွားစားရအောင်လေ 5နာရီဘဲရှိသေးတယ်

Heeseung - အော်အင်းဟုတ်ပြီလေ
ဒါနဲ့ ငါတို့သူငယ်ချင်းလုပ်ကြမလား👉🏻👈🏻

____________

ဟုတ်ပါတယ် ကျမ သရဲမပါ
ညသန်းခေါင်မှလာတင်ရတာဝါသနာပါလို့ပါ:'D
fic လေးအဆင်ပြေရဲ့လားမသိဘူးဖတ်ရတာ😢
ပေါ့နေလဲ ဆားထည့်ဖတ်လိုက်ပေါ့နော်🤧🧂
ဖတ်ရှုသူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် take care all!!🤍အမှားပါသွားရင်miyan

You are reading the story above: TeenFic.Net