ထူးဆန်းသောအကိုအားလိုက်ရန်ခေါ်ခြင်း

Background color
Font
Font size
Line height

Bhone‌တစ်ယောက်‌ေရချိုးပြီး၍ သူဝင်နေထွက်နေကျ‌အိမ်သို့သွားလည်လေသည်

ကလင်ကလင်(လူခေါ်ခေါင်းလောင်းတီးသံ)
ခေါင်းလောင်းသံကြား၍အဖွားတစ်ယောက်တံခါးလာဖွင့်လေသည်

Bhone:အဖွားအကိုJinရှိလားဗျ

ဖွား: ရှိတယ်ကွယ့် သူ့အခန်းထဲမှာ လာလေအထဲကို

ထို့နောက်Bhoneအိမ်ထဲသို့ဝင်သွားရင်း Jinရှိရာအခန်းသို့ လျှောက်လာလိုက်သည်

Jinဟူသောအကိုမှာအသက်21အရွယ် အဖွားဖြစ်သူနှင့်နှစ်ယောက်ထဲနေထိုင်သူဖြစ်သည် Bhoneနဲ့ငယ်ငယ်ထဲကအတူ‌ဆော့အတူကြီးလာကြတဲ့သူတွေပေါ့ Jinကငယ်ငယ်ထဲက ထူးဆန်းတဲ့သူတစ်ယောက်ပါ သူကလူတိုင်းနဲ့လည်းမပေါင်းသင်းတတ်ဘူး ထူးဆန်းတာတစ်ခုက Jinကသရဲတွေနဲ့အထိအတွေ့ရှိသူဖြစ်သည်

ဒေါက်ဒေါက်(Bhone Jinရဲ့အခန်းတံခါးခေါက်သံ)

Bhone:အကိုJinဗျ ကျွန်တော်ဝင်လာလို့ရမလား
( အခန်းထဲမှပြန်ဖြေသံထွက်မလာ)

Bhoneကအခန်းတံခါးလက်ကိုင်ကိုလှည့်ကြည့်လိုက်သည် lockမချထားသဖြင့်အနည်းငယ်ဖွင့်ပြီးအခန်းထဲသို့ချောင်းကြည့်လိုက်သည် အိပ်ရာပေါ်တွင်အိပ်နေဟန်ထင်ရသည့်Jinကိုတွေ့ရသဖြင့်အခန်းထဲသို့တိတ်တဆိတ်ဝင်သွားပြီး ကုတင်အဆက်တွင်ထိုင်ရင်း Jinမျက်နှာကိုကြည့်နေမိသည်
Jinကအနည်းငယ်မျက်စိဖွင့်လာပြီး Bhoneကိုပြန်ကြည့်လိုက်သည် Bhoneမှာမသိချင်ယောင်ဆောင်၍အခြားနေရာသို့ကြည့်ဟန်ဆောင်လိုက်သည်

Jin:ရောက်နေတာကြာပြီလား

Bhone:သိပ်တော့မကြာသေးပါဘူးဗျ အကိုအိပ်နေတာတွေ့လို့အရေးမကြီးတာနဲ့မနိုးတော့တာပါ

Jinကအိပ်ရာမှထထိုင်လိုက်သည်

Jin:ဘာကိစ္စလဲပြော

Bhone:အကိုကသရဲတွေနဲ့အထိအတွေ့ရှိတဲ့လူ‌ဆိုတော့ ကျွန်တော်တို့အခုကျောင်းProjectအတွက် ခရီးလေးသွားစရာရှိတယ်အဲ့ဒါ လိုက်မလားလို့‌လာခေါ်တာပါဗျ

Jin:မလိုက်ဘူးကိုယ့်ဘာသာသွား

JinကBhoneကိုထူးဆန်းသောအကြည့်ဖြင့်ကြည့်၍သက်ပြင်းချလိုက်သည်

  Jin:ကောင်းပြီလေလိုက်ခဲ့မယ်
ဟုပြောကာ Bhoneခေါင်းပေါ်သို့လက်တင်လိုက်သည်

Bhoneကပြုံးပြရင်း😁(အကိုလိုက်မယ်ဆိုတော့ဝမ်းသာစရာပဲဗျ အားကိုးလို့လည်းရတယ် ပြန်ရောက်ရင်အကိုစားချင်‌ရာပြောဝယ်ကျွေးမယ်)

JinကBhoneအရှေ့မှာမတ်တပ်ရပ်ရင်း ဘုတ်(ကုတင်ပေါ်သို့လက်ထောက်သံ)ကုတင်ပေါ်လက်ထောက်ကာBhoneမျက်လုံးကိုတည့်တည့်ကြည့်လိုက်သည်
Bhoneမှာဘာပြောရမှန်းမသိအနည်းငယ်ကြောင်သွားလေသည်

Jin:ငါစားချင်တာမင်းကျွေးနိုင်မှာမှမဟုတ်တာ

Bhone:ရပါတယ်ဘာစားချင်လဲသာပြောပါ

JinကBhoneရဲ့လက်ကိုကိုင်ကာတံခါးအပြင်ဘက်သို့Bhoneကိုပို့လိုက်သည်

Jin:မင်းပြန်တော့

Bhone:ဗျာ!ဘာဖြစ်လို့လဲ

Jim:ငါခရီးလိုက်ခဲ့မယ် အခုလောလောဆယ်ပြန်တော့

ဟုပြောကာတံခါးကိုပိတ်ချလိုက်သည် ဂျိမ်းးးးး

Bhone:.........😶

Bhone:ဘယ်လိုအကိုလဲဟ လူကိုမောင်းထုတ်နေတယ်တကယ်ပါပဲ

ဖွား:သားမင်းအကိုနဲ့တွေ့လား

Bhone:ဟုတ်တွေ့ခဲ့ပါတယ်ဗျ ဒါပေမယ့်အကိုက ကျွန်တော်ကိုအခုမောင်းထုတ်လိုက်လို့

ဖွား:အော်ဒီကလေးနဲ့ကိုယ်အိမ်လာတဲ့ဧည့်သည်ကို အဖွားသွားဆူပေးမယ်

Bhone:ရပါတယ်အဖွားရဲ့ကျွန်တော်တို့ကပြောစရာလူတွေမှမဟုတ်တာ ကျွန်တော်လဲအိမ်မှာလုပ်စရာလေးရှိလို့ပြန်လိုက်ပါအုန်းမယ်ဗျ

ဖွား:အေးကွယ်ဒီကလေးတစ်ယောက်နဲ့တော့ခက်တော့တာပဲ

Bhone:ရပါတယ်ဗျ အကို့ကိုလည်းဆူမနေပါနဲ့အုံးဗျ

Bhoneတစ်ယောက်အိမ်ကိုပြန်လာခဲ့တော့သည်#

အခုဒါဖတ်ပြီ မမှောင်ဘူးလို့တော့မပြောကြနဲ့နော်ဗျ နောက်ပိုင်းမှောင်တဲ့အခန်းတွေပါလာမှမဖတ်ရဲဘူးမလုပ်နဲ့ဗျ အခုကအစမို့လို့သိပ်မမှောင်သေးတာ

You are reading the story above: TeenFic.Net