Unicode
ဒီနေ့မှာတော့ ကျောင်းသားတွေရဲ့မျက်နှာက ပုံမှန်နေ့တွေထက်ပိုပြီးတော့ မဲမှောင်နေသလို။ ပျော်ရွှင်နေတဲ့သူဆိုတာ မရှိသလောက်ဆိုပေမယ့် ထူးဆန်းနေတဲ့အရာတစ်ခုမဟုတ်တာမို့ ဘယ်သူမှမေးခွန်းထုတ်မနေကြ။ ဒီလိုနေ့မျိုးမှာပျော်နေတဲ့သူဆိုလို့ ဆရာတွေပဲရှိလိမ့်မည်ထင်သည်။
တချို့ကလည်း ဖော်မျူလာတွေတွက်နေရင်း ခေါင်းကိုတဗျင်းဗျင်းကုတ်နေကြသည်။ တချို့ကလည်း ဓာတ်ပြုပုံတွေစဉ်းစားရင်း မူးလဲတော့မည့်ပုံ။
မာရှီဟိုကတော့ စာတော်တဲ့သူစာရင်းထဲမှာမပါပေမယ့် စာညံ့သူစာရင်းထဲမှာလည်းမပါ။ ရသင့်တဲ့အမှတ်နဲ့ ပုံမှန်အောင်နေပြီး အလယ်အလတ်အဆင့်မှာမို့ သူရသမျှဖြေပြီးရင် အဖြေလွှာကိုပိတ်ပြီးအိပ်နေတတ်တဲ့သူ။
ဒီတစ်ခေါက်မှာတော့ ကြားသားမိုးကြိုး မာရှီဟိုတစ်ယောက် ခေါင်းလောင်းထိုးသည်အထိဖြေနေသည်။ ဖတ်မိလိုက်သမျှမေးခွန်းတိုင်းက သူအဖြေသိနေတဲ့ မေးခွန်းတွေမို့ တောက်လျှောက်ဖြေနေခြင်းဖြစ်သည်။ အဆင့်တစ်လိုချင်လို့တော့မဟုတ်။
‘မင်းတို့ဖြေနိုင်ကြလား’
ဂျီဟွန်းက အခန်းပြင်ရောက်ရောက်ချင်း အကုန်လုံးကိုမေးလိုက်တော့ ခေါင်းခါသူကခါ အဖြေမလာသူက မလာ။
‘ဆူဟိုတို့များ စာမေးပွဲတွင်းဆို ပိန်ကျသွားတာပဲ...ဒါပေမယ့် မာရှီဟိုကျ ဘာလို့ဖောင်းကားနေတာပါလိမ့်’
ဝူဂျင်းကပြောလိုက်တော့ ဟျောင်ဘင်းကလည်း မာရှီဟို့ဘက်ကိုသေချာလှည့်ကြည့်ပြီး
‘ဟုတ်ပ စိတ်ချမ်းသာနေတဲ့မျက်နှာမျိုးပဲ’
‘နေပါဦး အဲ့လိုဆိုမှ သူဒီနေ့ အချိန်ပြည့်တဲ့အထိကိုဖြေတာနော် ပြောစမ်း မင်းစာတွေကြိတ်လုပ်နေတာလား’
ဂျီဟွန်းကဘေးကနေ ဝင်စလိုက်တော့ မာရှီဟိုကဘာမှမပြောဘဲ ပြုံးနေသည်။ သူစာရရတဲ့အကြောင်းရင်းရော ပိန်ကျမသွားဘဲ ဖောင်းကားနေရတဲ့ အကြောင်းရင်းရော ရှိနေတာကိုး…
စာမေးပွဲမဖြေခင် ၄ ရက်အလိုက ~
တစ်နေ့လုံး မာရှီဟိုတို့မိသားစုနောက်ကြောင်းကို လိုက်စုံစမ်းနေခဲ့ရသည့်အတွက် ပင်ပန်းနေတာမို့ အိမ်ပြန်ရောက်ကတည်းက အိပ်လိုက်တာ ညစာတောင်မစားလိုက်ရ။
ညသန်းခေါင်ကျော်လို့မှပဲ ဗိုက်ထဲကအချက်ပြပြီး နိုးလာတော့သည်။ မျက်လုံးဖွင့်လိုက်ပေမယ့် မီးရောင်စူးစူးတစ်ခုကကာလိုက်တာမို့ ဖြည်းဖြည်းချင်းဖွင့်လိုက်ရသည်။
မာရှီဟိုလား?
"မာ..ရှီ..ဟို"
ဂျွန်ခယူကတိုးတိုးနဲ့ဖြည်းဖြည်းချင်းခေါ်လိုက်တော့ မာရှီဟိုကလှည့်ကြည့်သည်။
"မင်း မအိပ်သေးဘူးလား ဘယ်နှနာရီရှိပြီလဲ"
"ဟင် ၁ နာရီခွဲပြီလား"
"ဘာကို ၁ နာရီခွဲလဲ။ ၃ နာရီကျော်နေပြီ" ဂျွန်ခယူက ဖုန်းကိုထုတ်ပြီးပြောလိုက်တော့ လေသံနည်းနည်းကျယ်သွားပုံရသည်။ မာရှီဟိုကမျက်လုံးပြူးပြီးပြန်ကြည့်တာမို့ ဂျွန်ခယူချက်ချင်းပါးစပ်ပြန်ပိတ်လိုက်သည်။
"ဪ...အဲ့တာကြောင့် ထူးထူးဆန်းဆန်း အစောကြီး...အိပ် ~ ချင် ~ နေ ~ ပါ ~ လ....." မာရှီဟိုကစကားတောင်အဆုံးထိမပြောနိုင်တော့ဘဲ စားပွဲပေါ်ခေါင်းငိုက်ကျသွားပြီး "ဒုန်း" ကနဲ အသံမြည်သွားသည်။
အသံတော်တော်ပြင်းတာမို့ "ဒီကောင်လေး နာသွားမှာပဲ" လို့တွေးရင်းရယ်လိုက်ပြီး မာရှီဟိုရဲ့နောက်ကျောကို လက်နဲ့ပုတ်လိုက်ပြီး
"ဟိတ် ဒီလိုကြီးမအိပ်နဲ့လေ...ထ ... ကုတင်ပေါ်သွားအိပ်"
"အင်း....ဟင်း...ဟို #@#&@&#"
"ဟင် ဘာပြောတာလဲ မကြားရဘူး"
ဂျွန်ခယူက မာရှီဟိုဘာတွေပြောနေမှန်းသေချာမကြားရတာမို့ စားပွဲပေါ်လှဲချထားတဲ့မာရှီဟိုခေါင်းနားထိ ငုံ့ပြီးနားထောင်လိုက်သည်။
"အို န က ဂ စု အိ"
"ဟင်? ဂျပန်လိုပြောနေတာလား ဘာပါလိမ့်"
အိပ်နေတုန်း ယောင်ပြီး စကားတွေပြောနေတာဆို လျှို့ဝှက်ချက်တွေများပါလားမလား ဆိုပြီး ဂျွန်ခယူမျက်လုံးပြူးသွားသည်။ မာရှီဟိုပြောလိုက်တဲ့စကားကိုသေချာကြားလိုက်တာမို့ Romaji နဲ့ Google translate မှာ ရိုက်ရှာလိုက်သည်။
*Junkyu typing Romaji*
"Onaka ga sui"
*Google translate*
"ဗိုက်ဆာတယ်*
ဪ.....
"ငါ့မှာတော့ အမှုအတွက် တစ်ခုခုသိရပြီထင်တာ မင်းက ဗိုက်ဆာနေတယ်တဲ့လား"
နောက်ဖေးသွားပြီး ဟိုလှန်ဒီလှန်ရှာပြီးတဲ့နောက် ၁၀ မိနစ်လောက်ကြာသွားသည်။ ပန်းကန်ကို အိမ်ရှေ့ဧည့်ခန်းမှာ မာရှီဟိုစာထိုင်လုပ်တဲ့ စားပွဲခုံအပုလေးပေါ်တင်လိုက်သည်။
"ဟိတ် ထတော့ ခေါက်ဆွဲပြုတ်ထားတယ်"
နှစ်ခါမနှိုးလိုက်ရ။ ကျောကိုတစ်ခါပဲ တို့လိုက်ရသည်။ ချက်ချင်းထလာပြီး ကြမ်းပြင်ပေါ်လာထိုင်ပြီး ဝေစုခွဲစားတော့သည်။
စာကျက်နေရင်း စိတ်ရှုပ်မှာစိုးလို့ထင်သည်။ အရှေ့က မျက်လုံးအုပ်နေတဲ့ ဆံပင်ကို အပေါ်ထောင်ပြီး စုစည်းထားသေးသည်။ ဒီတိုင်းကြည့်တော့ ဘာမှမလုပ်နိုင်မယ့် ပုံစံမျိုး...အားကစားကိုပဲဦးစားပေးပြီး အဖွဲ့သားတွေကိုဂရုစိုက်မယ့် ကပ္ပတိန်တစ်ယောက်ပုံစံမျိုး...
မာရှီဟိုနဲ့ အတူနေပြီး ၂ ပတ်လောက်ကြာပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် အညှို့ခံထားရသလိုခံစားရသည်။
"ဒီကောင်လေးက ဒီလိုလုပ်တာမှ ဟုတ်ရဲ့လား? ငါလမ်းလွဲနေပြီလား? သံသယရှိသူ နံပါတ် ၁ ကိုပြောင်းသင့်ပြီလား?" ဆိုပြီး နေ့တိုင်းလိုလိုတွေးမိသည်။
"အားးးးး ကောင်းလိုက်တာ" ပန်းကန်ထဲကဟင်းရည်အကုန်မော့ချလိုက်ပြီးနောက် လိုအင်ဆန္ဒပြည့်ဝသွားတဲ့ အသံနဲ့ ပြောလိုက်သူက မာရှီဟို။
"ဒါဆိုအိပ်တော့ နောက်ကျနေပြီ။ မနက်ကျောင်းသွားရဦးမှာ"
"အင်း" ပုံမှန်ဆို ပန်းကန်တစ်ချပ်မဆေးဘဲ ကျန်ရင်တောင်မနေတတ်တဲ့ မာရှီဟိုက ထူးဆန်းစွာနဲ့ပဲ တူချပြီး ကုတင်ပေါ်တက်သွားတော့သည်။
ဂျွန်ခယူက ပန်းကန်ဆေးလိုက်ပြီး အိပ်ဖို့ ပြန်ထွက်လာတော့ ၃ နာရီခွဲနေပြီ။ မာရှီဟို့စားပွဲပေါ်က မီးအိမ်အသေးလေးကိုလည်းပိတ်ပေးလိုက်သည်။ ကုတင်ပေါ်ကြည့်တော့ စောင်လည်းမခြုံဘဲ ဝမ်းလျားထိုးအိပ်နေတဲ့ မာရှီဟို့ကို ခြေရင်းမှာပုံနေတဲ့ စောင်ဆွဲခြုံပေးလိုက်သည်။
"ငါက သူ့ကိုစောင့်ကြည့်ဖို့လာတာလား? ဂရုစိုက်ဖို့လာတာလား?"
စုံထောက်လုပ်ဖို့လာကာမှ အဖေတစ်ယောက်လိုဖြစ်နေသည့် ကိုယ့်ဘဝကိုယ်ပြန်တွေးပြီး အိပ်ယာဝင်လိုက်တော့သည်။
ထိုနေ့ကစပြီး နောက်နေ့တွေဆို ဂျွန်ခယူအပြင်ကပြန်လာတိုင်း မုန့်ဝယ်လာတတ်သည်။ ၁ နာရီခွဲတိုင်း ဖုန်းကနှိုးစက် အရင်မမြည်ခင် သူကအရင်အိပ်ဖို့သတိပေးသည်။
စာမေးပွဲဖြေနေတဲ့ရက်မှာဆို ၁၂ နာရီလောက်ကတည်းက အတင်းကိုအိပ်ခိုင်းတော့သည်။ ဒီနေ့ပြန်သွားရင်ရော သူဘာများ ဝယ်လာဦးမှာပါလိမ့် ~
"ကပ္ပတိန် မေးနေတယ်လေ စာခိုးကျက်နေတာလားတဲ့"
ဝူဂျင်းက လှမ်းမေးလိုက်တော့မှ မာရှီဟိုက ပြန်ဖြေလိုက်မိသည်။
"မကျက်ပါဘူး ငါကဉာဏ်ကြီးရှင်မို့ရနေတာ " တဲ့။
\\
\\
\\
စာမေးပွဲကာလမို့ အားကစားလေ့ကျင့်ရေးတွေရော ပွဲတွေရော ရပ်ထားပေမယ့် ဂျွန်ခယူတစ်ယောက်ကတော့ ဘာတွေနဲ့များအလုပ်ရှုပ်နေပါလိမ့်လို့ မာရှီဟိုစာကျက်နေရင်းတွေးနေမိသည်။ မနက်ဖြန်က minor ဘာသာ သင်္ချာဖြေရမှာမို့ ကျက်စရာမရှိတာနဲ့ အရင်ကမရတဲ့ တစ်ပုဒ် နှစ်ပုဒ်ကိုပြန်ကြည့်ပြီး ထိုင်နေမိသည်။
၇ နာရီထိုးနေပြီမို့ ဗိုက်ကလည်းဆာနေပြီ။ ဒီနေ့တော့ ဂျွန်ခယူ့ကိုမစောင့်ဘဲ ကိုယ့်ဘာသာကိုယ်ချက်စားလိုက်တာကောင်းမည်ထင်သည်။ ဒါပေမယ့် စာမေးပွဲနေ့ဆို နည်းနည်းလေးမှ မလှုပ်ချင်တာမို့စားပွဲခုံကနေထပြီး မီးဖိုချောင်ကိုမသွားချင်။ အံဆွဲကိုဖွင့်ကြည့်တော့ ချောကလက်ဝေဖာချောင်း ၃ ချောင်းကိုတွေ့တာမို့ အဲ့တာကိုပဲအရင်စားပြီး တောင့်ထားလိုက်သည်။
အရှေ့မှာထောင်ထားတဲ့ဓာတ်ပုံထဲက ဆောဂျွန်းကိုတွေ့တော့ ဟိုးအရင်က စာမေးပွဲနေ့တွေကိုသတိရမိပြန်သည်။ ဆောဂျွန်းနဲ့ အတူတူမုန့်စားရင်း စာမေးလိုက် စာမရတဲ့သူက ညစာချက်ကျွေးရသည်။ ဆောဂျွန်းချက်ကျွေးနေကြက ကင်ချီထမင်းကြော်...ဒီဟင်းတစ်မျိုးကလွဲပြီးမချက်တတ်တဲ့ သူ့ကြောင့် မာရှိဟိုစာရတဲ့ညတွေဆို ကင်ချီထမင်းကြော်နဲ့သာ နှစ်ပါးသွားရသည်။
‘ဟင်း….မင်းကတော့ နောက်ဘဝမှာ စာမေးပွဲဘယ်ဖြေနေရပါ့မလဲနော်...၂ လသားလေးပဲရှိဦးမှာကို’
ထိုစဉ် အခန်းတံခါးအပြင်ကနေ တီတီတီ ဆိုသည့် နံပါတ်နှိပ်သံကြားပြီး ဂျလောက်ဆိုပြီး တံခါးဖွင့်ဝင်လာသံကြားလိုက်တာမို့ ထိုင်နေရာကနေ ခေါင်းကိုအပြင်မျှော်ကြည့်လိုက်သည်။
‘ပြန်လာပြီ’
‘အင်း...ဘာပါလဲ’
ဘာမှသွယ်ဝိုက်မနေတော့ဘဲ မာရှီဟိုကတန်းမေးလိုက်တာမို့ ဂျွန်ခယူကရယ်လိုက်ပြီး လက်ကိုမြှောက်ပြသည်။
‘ကင်ချီထမင်းကြော်’
မာရှီဟိုက အစမရှိ အဆုံးမရှိရယ်နေတာမို့ ဂျွန်ခယူကအနည်းငယ်ကြောင်သွားပေမယ့် လွယ်အတ်ချပြီးချက်ချင်းပန်းကန်ထဲကိုသွားထည့်လိုက်သည်။
မာရှီဟိုကစားနေရင်းနဲ့…
‘ဆောဂျွန်းကိုသတိရလိုက်တာ’
ဒါဟာ သူ့အတွက် အခွင့်ကောင်းပဲမို့ ဂျွန်ခယူက စကားတောက်လိုက်သည်။
‘ဘာလို့လဲ မာရှီဟို’
‘အရင်တုန်းက စာမေးပွဲဖြေတဲ့နေ့တွေဆို အပြန်အလှန်စာမေးကြတယ်လေ’
‘အင်း?’’
မာရှီဟိုက ဂျွန်ခယူ့ကိုမော့ကြည့်မနေဘဲ ထမင်းကြော်ပန်းကန်ကိုပဲကြည့်နေပြီး တစ်ယောက်ယောက်ကိုသတိရနေတဲ့အသံမျိုးနဲ့ဖြည်းဖြည်းချင်းပြောနေသည်။
‘အဲ့တုန်းကဆို စာမှားဆိုတဲ့သူက ညစာချက်ကျွေးရတာ ဘာလို့ဆို စာမေးပွဲနေ့တွေမှာ ဘယ်သူမှမလှုပ်ချင်ကြတော့ဘူးလေ’
မာရှီဟိုကပြောနေရင်း ရယ်တော့ ဂျွန်ခယူကပါလိုက်ရယ်လိုက်မိသည်။
‘အဲ့မှာသူချည်းပဲရှုံးတော့ ကျွန်တော် ၂ ပတ်လောက် ကင်ချီထမင်းကြော်ချည်းပဲစားလိုက်ရတယ်’
‘ဟားဟား ဆောဂျွန်က တခြားဘာမှမချက်တတ်ဘူးလား’
‘အင်း..သူကအဒေါ်နဲ့ပဲနေရတာဆိုတော့ သိပ်ဂရုစိုက်မခံရဘူးလေ...သူ့ဘာသာသူချက်စားဖို့လုပ်ပေးတယ်...အဲ့ကောင်ကဟင်းချက်မှာပါရမီကိုမပါတာ’
မာရှီဟိုကသူဝယ်လာတဲ့ ကင်ချီထမင်းကြော်တွေကို အားရပါးရစားနေရင်းပြောနေတော့ ဂျွန်ခယူပါသူစားဖို့မေ့နေပြီး မာရှီဟို့ကိုပဲထိုင်ကြည့်နေမိသည်။ တကယ်ကတော့ ဘာကိုဘယ်လိုထပ်မေးရင် ကောင်းမလဲလို့စဉ်းစားနေခြင်းသာ။
‘အဒေါ်နဲ့နေရတာဆိုတော့ သူလည်းပင်ပန်းမှာပဲ...အဒေါ်တွေကကောင်းတာခပ်ရှားရှားပဲလေ’
‘အင်း သူ့အဒေါ်က သူ့အတွက် ကပ်ပါးကောင်လိုပဲ..ပြိုင်ပွဲမှာနိုင်လို့ ဆုငွေရရင်လည်း သူ့အဒေါ်ကပဲအကုန်ယူသွားတာ’
တဖြည်းဖြည်းနဲ့ မာရှီဟို့ဆီကစကားတွေထွက်လာတာမို့ ထပ်မေးချင်နေမိသည်။ ဒါအတွက်ပဲ သူက မာရှီဟိုနဲ့အတူလာနေတာမဟုတ်ပါလား..
‘ဆိုးလိုက်တာ...ငါ့တုန်းကလည်းအဲ့လိုပဲ...အဒေါ်ရော သူ့ယောက်ျားရောက လက်တအားဖွာတာလေ...မပေးရင်လည်းပြောသေးတယ်’
‘အင်း ဟုတ်တယ်’
ဒီသုံးလုံးထက်ပိုပြီး မာရှီဟိုကဘာမှထပ်မပြောတော့တာမို့ ဂျွန်ခယူလည်းအမေးရခက်နေသည်။ စာမေးပွဲတွင်းမို့ ဘာမှထပ်မမေးတော့ဖို့ဆုံးဖြတ်လိုက်သည်။
‘သေချာဝါးစားနော် ထမင်းကြော်က အစာမကြေဖြစ်တတ်တယ်..မနက်ဖြန် သင်္ချာမလား..စောစောအိပ်’
‘အင်း’
‘ဆရာကို အင်း လို့ပြန်ဖြေရလား’
‘ဒါနဲ့လေ..’
မာရှီဟိုကစကားပြောဖို့ပြန်စတာမို့ ဂျွန်ခယူက ခေါင်းညိမ့်ပြပြီး မေးဖို့ အချက်ပြလိုက်သည်။
‘အသက်ဘယ်လောက်လဲ’
‘မင်းထက်ကြီးတယ်’
‘ဘယ်နှနှစ်ကြီးတာလဲ’
မာရှီဟို့အသက်ကိုသူသိပေမယ့် သူ့အသက်ကိုမာရှီဟိုမသိထားတာကပိုကောင်းမည်ထင်၍ ဝေ့လည်ကြောင်ပတ်လုပ်နေမိသည်။
‘ဖြေလေ’
‘၃ နှစ်’
‘ဪ...တကယ် hyung ပဲ’
*ငါမင်းကိုထပ်လိမ်လိုက်မိပြန်ပြီ မာရှီ….ဟို*
///
//
/
‘တကတ တိုးမု’
စုံထောက်ချွဲပို့ပေးလိုက်တဲ့ အီးမေးလ်ဖိုင်ကို သေချာထိုင်ဖတ်နေမိသည်။ ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ မာရှီဟိုတို့လည်း အိမ်ပြန်နောက်ကျမည်ထင်သည်။ အမှုတွဲကိစ္စကိုအေးအေးဆေးဆေးလုပ်လို့ရတာမို့ သေချာထိုင်ဖတ်နေလိုက်သည်။
ကွန်ပျူတာသိပ္ပံဌာနက လက်ရွေးစင်အသင်းအဖွဲ့ဝင်
အဖေနာမည် အမေနာမည် အလုပ်အကိုင်တွေက သိပြီးသားတွေမို့ အပေါ်ယံကျော်ဖတ်လိုက်သည်။
‘မာရှီဟိုထက် တစ်နှစ်ငယ်တယ် ...အင်း ဟုတ်ပြီ။
ဒုတိယမယားမို့ အိမ်မကြီးထဲဝင်လို့မရဘူး...အင်း ဒါလည်းငါသိတယ်။
မာရှီဟိုနဲ့ဆက်ဆံရေးမကောင်း...စိတ်ဝင်စားစရာပဲ။
တစ်လမှာတော့ အနည်းဆုံး ၁ ခါလောက် ညီအစ်ကိုနှစ်ယောက်တွေ့ကြပြီး နောက်ထပ်မတွေ့ဖြစ်ကြဘူးတဲ့လား။ အဖေတူမအေကွဲဆိုတော့လည်း သိပ်မခင်ကြတာမဆန်းပါဘူး။
ဆောဂျွန်က တိုးမုနဲ့တွေ့ဖူးတယ်.. ဘေးကသူငယ်ချင်းရဲ့ပြောစကားအရ သူ့အဒေါ်ကိစ္စနဲ့တွေ့တာလို့သိရတယ်တဲ့’
တစ်ယောက်နဲ့တစ်ယောက်ကဆက်နေပြီး တဖြည်းဖြည်းအစဖြေလို့ရတော့မည်လို့ထင်နေသည်။
တိုးမုအကြောင်းကဒီလောက်ပဲစုံစမ်းလို့ရသေးတော့ မိသားစုဖက်ကိုကြည့်လိုက်သည်။ မာရှီဟိုရဲ့အဖေနဲ့အမေကလည်း ဘာမှထူးထူးခြားခြားမရှိ။ နေ့နေ့ညည ကုမ္ပဏီမှာပဲနေကြပြီး ရှယ်ယာရှင်တွေနဲ့တွေ့လိုက် ဝယ်သူတွေနဲ့ဆွေးနွေးလိုက်နဲ့အချိန်ကုန်နေသည့်ပုံ။
ဆောဂျွန်းအဒေါ်ရဲ့ယောက်ျားရဲအကြောင်း…
‘တစ်ခါက ရဲမှူးဟာ တကတ ကျောက်မျက်ရတနာရောင်းဝယ်ရေးကုမ္ပဏီထဲကို ညဘက်မှ ဝင်သွားတာတွေ့လိုက်သည် တဲ့လား’
ဒီတင်ပြချက်က စိတ်ဝင်စားစရာကောင်းတာမို့ လှဲဖတ်နေရာကနေထထိုင်လိုက်မိသည်။
‘ရဲမှူးကဘာကိစ္စ ကျောက်မျက်ရတနာကုမ္ပဏီထဲကိုသွားရတာလဲ? မသင်္ကာစရာရှာတွေ့လို့လား? ဒါမှမဟုတ် သူ့မိန်းမအတွက် ဆွဲကြိုးတွေဘာတွေများလုပ်ပေးဖို့ ကျောက်သွားဝယ်တာလား? ဒါပေမယ့် ဘာလို့ ဒီလောက်ဆိုင်အများကြီးထဲကမှ ဒီဆိုင်လဲ?’
‘နေဦး ဘာထပ်ရေးထားသေးလဲ တစ်ခါတည်းသွားတာလား နောက်ထပ်သွားသေးလား’
စာတမ်းအရှည်ကြီးကိုဖတ်ပြီးတဲ့နောက် စုံထောက်ချွဲကို တိုတိုနဲ့ လိုရင်းရောက်အောင်ရေးဖို့သင်ပေးရဦးမယ်လို့အရင်တွေးလိုက်မိသည်။
‘တွေ့တာ ၁ ခါမကဘူးလို့ပြောထားပေမယ့် သူကိုယ်တိုင်ကလည်း မသေချာဘူးလို့ပြောထားသေးတယ်..ရဲဝတ်စုံနဲ့လာတာမဟုတ်ဘဲ အပြင်ဝတ်စုံနဲ့လာတာမို့ ရုပ်ကိုမြင်လိုက်ရလို့သာမှတ်မိတာလို့လည်းရေးထားသေးတယ်...တစ်ခုခုတော့ တစ်ခုခုပဲ’
ဆောဂျွန်းရဲ့အကြောင်းကိုစုံစမ်းတော့လည်း ဆေးခန်းပြတာ သူမဆုံးခင်က တစ်လလောက်ပဲရှိသေးတာပဲ...ဖြစ်တာကြာနေတဲ့ရောဂါမဟုတ်ဘဲ အခုမှ စစဖြစ်ကာစလိုမျိုး..
‘.အဲ့လိုဆို ဆရာဝန်နဲ့ဆွေးနွေးပြီး အရင်ကုကြသေးတာမဟုတ်ဘူးလား’
‘အဲ့နေ့ညကလည်း မာရှီဟိုက ပန်းခြံထဲက ဘတ်စကတ်ဘောကွင်းထဲမှာလို့ပြောတယ်...အဲ့တာအမှန်ဆိုရင်တောင် သူက ညဘက်ကြီး အဲ့မှာ တစ်ယောက်တည်းဘာလုပ်နေတာလဲ’
Ipad ထဲကအီးမေးလ်ကိုဖတ်လိုက် အခန်းထဲကို လမ်းပတ်လျှောက်လိုက်နဲ့ တစ်ယောက်တည်း အတွေးများနေတော့သည်။
‘သူကဒီနေ့မှာ ဒီကိုသွားတယ် … သူကကျ ဘာမှထွေထွေထူးထူးမရှိဘူး.. ဟင်း’ နံရံကိုမှီရင်း ခြေထောက်ကိုကန်လိုက်တော့ အိမ်တွင်းစီးဖိနပ်က လေထဲလွင့်သွားပြီး မာရှီဟို့ကုတင်အောက်ထဲ ရွှတ်ခနဲ ဝင်သွားတော့သည်။
‘ဟာ သောက်ကျိုးနည်း’
ကုတင်အခင်းစကိုဖယ်ပြီး ကုတင်အောက်ကိုငုံ့ကြည့်လိုက်တော့ ဖုန်တစ်စက်မှရှိပုံမရတဲ့ နေရာလွတ်တစ်ခုကိုတွေ့လိုက်ရသည်။ ကုတင်ခေါင်းရင်းနားကိုကြည့်လိုက်တော့ စက္ကူပုံးတစ်ပုံး။ စက္ကူပုံးရဲ့ဘေးမှာက သူ့ဖိနပ်။
ဖိနပ်အရင်ကောက်ရမလား? စက္ကူပုံကိုဖွင့်ကြည့်ရမလားဆိုပြီး အတွေးများနေသေးသည်။
ဒီကိုလာရင်းက မာရှီဟို့ကိုလေ့လာဖို့ဆိုပေမယ့် ခိုးကြောင်ခိုးဝှက်နဲ့သူ့ပစ္စည်းတွေကို ဖွင့်ကြည့်ဖို့မဟုတ်။
ဒါပေမယ့် ဒါကလည်း အခွင့်အရေးတစ်ခုမို့ လက်လွှတ်မခံချင်။ စက္ကူပုံးဖက်ကိုလက်လှမ်းနေတုန်း တံခါးဖွင့်သံကြားလိုက်ရတာမို့ အမြန်လက်လွှတ်လိုက်ရသည်။
‘Hyung ခင်ဗျားဘာလုပ်နေတာလဲ’ အလန့်တကြားဖြစ်သွားပုံရတဲ့ မာရှီဟိုကို ဂျွန်ခယူအကဲခတ်နေလိုက်သည်။
‘မင်းကုတင်အောက်ထဲဖိနပ်ဝင်သွားလို့’
‘ဘယ်မှာလဲ’
‘ဟိုမှာ’
မာရှီဟိုက ကုတင်အောက်ကိုကုန်းကြည့်ပြီး သူကိုယ်တိုင်ပဲဖိနပ်ကိုယူပေးလိုက်သည်။
‘ဒါလေးယူတာကိုဘာတွေကြာနေတာလဲ’
‘ကြာတာမဟုတ်ဘူး ယူမလို့လုပ်နေတုန်း မင်းဝင်လာတာလေ’
မျက်ထောင့်နီကြီးနဲ့စူးစိုက်ကြည့်နေသော မာရှီဟိုကို ခပ်လန့်လန့်နဲ့ပဲ ပြန်ပြောလိုက်ရသည်။
သူခိုးလူမိသွားသလို ခံစားချက်မျိုးပါလား…
မာရှီဟိုရဲ့မျက်နှာအမူအရာနဲ့ အသံအနေအထားအရ ဒီစက္ကူပုံးကတစ်ခုခုတော့ အရေးပါကိုပါမည်လို့ကောက်ချက်ချလိုက်သည်။
မာရှီဟိုကတော့ လွယ်အိတ်ချပြီး ကုတင်ပေါ်တက်သွားပြီ။ ဘာဖြစ်လာတာပါလိမ့်...သေချာအနံ့ခံကြည့်မှ ဆိုဂျူနံ့ရသလိုလို။ အခုမှည ၈ နာရီဆိုတော့ ပြန်လာတာ စောတယ်လို့ပဲပြောရမလား…
‘မင်းသောက်လာတာလား’
‘အင်း...နည်းနည်း’ မာရှီဟိုက နဖူးပေါ်လက်တင်ထားရင်းပြောလိုက်သည်။
‘စာမေးပွဲပြီးလို့ ဂုဏ်ပြုပွဲပေါ့လေ...အစမ်းပဲပြီးသေးတာနော်’
‘သိပါတယ်ဗျ...အပျော်တွေပျက်အောင်မလုပ်ပါနဲ့’
‘ဟုတ်ပါပြီ...နားမယ်ဆိုရင် ရေချိုးလိုက်ဦး’
‘Hyung’
‘အင်း ဘာလဲ’ ဂျွန်ခယူကနောက်ပြန်လှည့်လာပြီး မေးလိုက်သည်။
‘လူတွေကဘာလို့ ကိုယ်ဘာလုပ်နေလဲဆိုတာကို လူသိရှင်ကြားထုတ်ပြောမှ အထင်ကြီးကြတာလဲဟင်...တိုးတိုးတိတ်တိတ်နဲ့ကူညီပေးလို့ရောမရဘူးလား’
‘ဘာတွေပြောနေတာလဲ မင်းကိုဘယ်သူကဘာပြောလို့လဲ’
မာရှီဟို့ကုတင်ပေါ်ကိုတက်ပြီး ခြေရင်းနားမှာ ဝင်ထိုင်လိုက်သည်။
‘ကျွန်တော်က လူသတ်သမားမှမဟုတ်တာ...ဘာလို့ အကုန်လုံးက သံသယဝင်တဲ့မျက်လုံးတွေနဲ့ပဲကြည့်နေကြတာလဲ’
ပြောချင်ရာပြောပြီး အိပ်ပျော်သွားသော မာရှီဟိုကို ကြည့်နေရင်း ဂျွန်ခယူ စိတ်မကောင်းဖြစ်သွားသလိုလို အပြစ်ရှိသွားသလိုလို ခံစားချက်မျိုး ရင်ထဲမှာဖြစ်တည်သွားသည်။ စူးရှရှ နဲ့ နာကျင်တဲ့ခံစားမှုမျိုး…..
လှမ်းကြည့်လိုက်တော့ ဖြူဥနေတဲ့ပါးနှစ်ဖက်က နီရဲနေသေးသည်။ စတော်ဘယ်ရီမိုချိလုံးလေး ၂ လုံးကို ပါးပေါ်တင်ထားသလို။ ဆံပင် အကောက်လေးတွေကလည်း မျက်နှာပေါ် ဟိုတစ်စ ဒီတစ်စ ကျနေသေးသည်။
‘ငါနောင်တရမှာလား…...မာ..ရှီ…’
ထိုညက မတ်တပ်ရပ်နေရင်းနဲ့ မာရှီဟို့ကို ၁၅ မိနစ်လောက် ရပ်ကြည့်နေမိလိုက်သည်ထင်၏။
------------------------- Shot Clock -----------------------
တူဘီကိုတိမ်ညွန့်ပါရှင့်…
Zawgyi
ဒီေန႕မွာေတာ့ ေက်ာင္းသားေတြရဲ႕မ်က္ႏွာက ပုံမွန္ေန႕ေတြထက္ပိုၿပီးေတာ့ မဲေမွာင္ေနသလို။ ေပ်ာ္႐ႊင္ေနတဲ့သူဆိုတာ မရွိသေလာက္ဆိုေပမယ့္ ထူးဆန္းေနတဲ့အရာတစ္ခုမဟုတ္တာမို႔ ဘယ္သူမွေမးခြန္းထုတ္မေနၾက။ ဒီလိုေန႕မ်ိဳးမွာေပ်ာ္ေနတဲ့သူဆိုလို႔ ဆရာေတြပဲရွိလိမ့္မည္ထင္သည္။
တခ်ိဳ႕ကလည္း ေဖာ္မ်ဴလာေတြတြက္ေနရင္း ေခါင္းကိုတဗ်င္းဗ်င္းကုတ္ေနၾကသည္။ တခ်ိဳ႕ကလည္း ဓာတ္ျပဳပုံေတြစဥ္းစားရင္း မူးလဲေတာ့မည့္ပုံ။
မာရွီဟိုကေတာ့ စာေတာ္တဲ့သူစာရင္းထဲမွာမပါေပမယ့္ စာညံ့သူစာရင္းထဲမွာလည္းမပါ။ ရသင့္တဲ့အမွတ္နဲ႕ ပုံမွန္ေအာင္ေနၿပီး အလယ္အလတ္အဆင့္မွာမို႔ သူရသမွ်ေျဖၿပီးရင္ အေျဖလႊာကိုပိတ္ၿပီးအိပ္ေနတတ္တဲ့သူ။
ဒီတစ္ေခါက္မွာေတာ့ ၾကားသားမိုးႀကိဳး မာရွီဟိုတစ္ေယာက္ ေခါင္းေလာင္းထိုးသည္အထိေျဖေနသည္။ ဖတ္မိလိုက္သမွ်ေမးခြန္းတိုင္းက သူအေျဖသိေနတဲ့ ေမးခြန္းေတြမို႔ ေတာက္ေလွ်ာက္ေျဖေနျခင္းျဖစ္သည္။ အဆင့္တစ္လိုခ်င္လို႔ေတာ့မဟုတ္။
‘မင္းတို႔ေျဖနိုင္ၾကလား’
ဂ်ီဟြန္းက အခန္းျပင္ေရာက္ေရာက္ခ်င္း အကုန္လုံးကိုေမးလိုက္ေတာ့ ေခါင္းခါသူကခါ အေျဖမလာသူက မလာ။
‘ဆူဟိုတို႔မ်ား စာေမးပြဲတြင္းဆို ပိန္က်သြားတာပဲ...ဒါေပမယ့္ မာရွီဟိုက် ဘာလို႔ေဖာင္းကားေနတာပါလိမ့္’
ဝူဂ်င္းကေျပာလိုက္ေတာ့ ေဟ်ာင္ဘင္းကလည္း မာရွီဟို႔ဘက္ကိုေသခ်ာလွည့္ၾကည့္ၿပီး
‘ဟုတ္ပ စိတ္ခ်မ္းသာေနတဲ့မ်က္ႏွာမ်ိဳးပဲ’
‘ေနပါဦး အဲ့လိုဆိုမွ သူဒီေန႕ အခ်ိန္ျပည့္တဲ့အထိကိုေျဖတာေနာ္ ေျပာစမ္း မင္းစာေတြႀကိတ္လုပ္ေနတာလား’
ဂ်ီဟြန္းကေဘးကေန ဝင္စလိုက္ေတာ့ မာရွီဟိုကဘာမွမေျပာဘဲ ၿပဳံးေနသည္။ သူစာရရတဲ့အေၾကာင္းရင္းေရာ ပိန္က်မသြားဘဲ ေဖာင္းကားေနရတဲ့ အေၾကာင္းရင္းေရာ ရွိေနတာကိုး…
စာေမးပြဲမေျဖခင္ ၄ ရက္အလိုက ~
တစ္ေန႕လုံး မာရွီဟိုတို႔မိသားစုေနာက္ေၾကာင္းကို လိုက္စုံစမ္းေနခဲ့ရသည့္အတြက္ ပင္ပန္းေနတာမို႔ အိမ္ျပန္ေရာက္ကတည္းက အိပ္လိုက္တာ ညစာေတာင္မစားလိုက္ရ။
ညသန္းေခါင္ေက်ာ္လို႔မွပဲ ဗိုက္ထဲကအခ်က္ျပၿပီး နိုးလာေတာ့သည္။ မ်က္လုံးဖြင့္လိုက္ေပမယ့္ မီးေရာင္စူးစူးတစ္ခုကကာလိုက္တာမို႔ ျဖည္းျဖည္းခ်င္းဖြင့္လိုက္ရသည္။
မာရွီဟိုလား?
"မာ..ရွီ..ဟို"
ဂြၽန္ခယူကတိုးတိုးနဲ႕ျဖည္းျဖည္းခ်င္းေခၚလိုက္ေတာ့ မာရွီဟိုကလွည့္ၾကည့္သည္။
"မင္း မအိပ္ေသးဘူးလား ဘယ္ႏွနာရီရွိၿပီလဲ"
"ဟင္ ၁ နာရီခြဲၿပီလား"
"ဘာကို ၁ နာရီခြဲလဲ။ ၃ နာရီေက်ာ္ေနၿပီ" ဂြၽန္ခယူက ဖုန္းကိုထုတ္ၿပီးေျပာလိုက္ေတာ့ ေလသံနည္းနည္းက်ယ္သြားပုံရသည္။ မာရွီဟိုကမ်က္လုံးျပဴးၿပီးျပန္ၾကည့္တာမို႔ ဂြၽန္ခယူခ်က္ခ်င္းပါးစပ္ျပန္ပိတ္လိုက္သည္။
"ဪ...အဲ့တာေၾကာင့္ ထူးထူးဆန္းဆန္း အေစာႀကီး...အိပ္ ~ ခ်င္ ~ ေန ~ ပါ ~ လ....." မာရွီဟိုကစကားေတာင္အဆုံးထိမေျပာနိုင္ေတာ့ဘဲ စားပြဲေပၚေခါင္းငိုက္က်သြားၿပီး "ဒုန္း" ကနဲ အသံျမည္သြားသည္။
အသံေတာ္ေတာ္ျပင္းတာမို႔ "ဒီေကာင္ေလး နာသြားမွာပဲ" လို႔ေတြးရင္းရယ္လိုက္ၿပီး မာရွီဟိုရဲ႕ေနာက္ေက်ာကို လက္နဲ႕ပုတ္လိုက္ၿပီး
"ဟိတ္ ဒီလိုႀကီးမအိပ္နဲ႕ေလ...ထ ... ကုတင္ေပၚသြားအိပ္"
"အင္း....ဟင္း...ဟို #@#&@&#"
"ဟင္ ဘာေျပာတာလဲ မၾကားရဘူး"
ဂြၽန္ခယူက မာရွီဟိုဘာေတြေျပာေနမွန္းေသခ်ာမၾကားရတာမို႔ စားပြဲေပၚလွဲခ်ထားတဲ့မာရွီဟိုေခါင္းနားထိ ငုံ႕ၿပီးနားေထာင္လိုက္သည္။
"အို န က ဂ စု အိ"
"ဟင္? ဂ်ပန္လိုေျပာေနတာလား ဘာပါလိမ့္"
အိပ္ေနတုန္း ေယာင္ၿပီး စကားေတြေျပာေနတာဆို လွ်ို႔ဝွက္ခ်က္ေတြမ်ားပါလားမလား ဆိုၿပီး ဂြၽန္ခယူမ်က္လုံးျပဴးသြားသည္။ မာရွီဟိုေျပာလိုက္တဲ့စကားကိုေသခ်ာၾကားလိုက္တာမို႔ Romaji နဲ႕ Google translate မွာ ရိုက္ရွာလိုက္သည္။
*Junkyu typing Romaji*
"Onaka ga sui"
*Google translate*
"ဗိုက္ဆာတယ္*
ဪ.....
"ငါ့မွာေတာ့ အမႈအတြက္ တစ္ခုခုသိရၿပီထင္တာ မင္းက ဗိုက္ဆာေနတယ္တဲ့လား"
ေနာက္ေဖးသြားၿပီး ဟိုလွန္ဒီလွန္ရွာၿပီးတဲ့ေနာက္ ၁၀ မိနစ္ေလာက္ၾကာသြားသည္။ ပန္းကန္ကို အိမ္ေရွ႕ဧည့္ခန္းမွာ မာရွီဟိုစာထိုင္လုပ္တဲ့ စားပြဲခုံအပုေလးေပၚတင္လိုက္သည္။
"ဟိတ္ ထေတာ့ ေခါက္ဆြဲျပဳတ္ထားတယ္"
ႏွစ္ခါမႏွိုးလိုက္ရ။ ေက်ာကိုတစ္ခါပဲ တို႔လိုက္ရသည္။ ခ်က္ခ်င္းထလာၿပီး ၾကမ္းျပင္ေပၚလာထိုင္ၿပီး ေဝစုခြဲစားေတာ့သည္။
စာက်က္ေနရင္း စိတ္ရႈပ္မွာစိုးလို႔ထင္သည္။ အေရွ႕က မ်က္လုံးအုပ္ေနတဲ့ ဆံပင္ကို အေပၚေထာင္ၿပီး စုစည္းထားေသးသည္။ ဒီတိုင္းၾကည့္ေတာ့ ဘာမွမလုပ္နိုင္မယ့္ ပုံစံမ်ိဳး...အားကစားကိုပဲဦးစားေပးၿပီး အဖြဲ႕သားေတြကိုဂ႐ုစိုက္မယ့္ ကပၸတိန္တစ္ေယာက္ပုံစံမ်ိဳး...
မာရွီဟိုနဲ႕ အတူေနၿပီး ၂ ပတ္ေလာက္ၾကာၿပီးတဲ့ေနာက္ ကိုယ့္ကိုယ္ကိုယ္ အညွို႔ခံထားရသလိုခံစားရသည္။
"ဒီေကာင္ေလးက ဒီလိုလုပ္တာမွ ဟုတ္ရဲ႕လား? ငါလမ္းလြဲေနၿပီလား? သံသယရွိသူ နံပါတ္ ၁ ကိုေျပာင္းသင့္ၿပီလား?" ဆိုၿပီး ေန႕တိုင္းလိုလိုေတြးမိသည္။
"အားးးးး ေကာင္းလိုက္တာ" ပန္းကန္ထဲကဟင္းရည္အကုန္ေမာ့ခ်လိဳက္ၿပီးေနာက္ လိုအင္ဆႏၵျပည့္ဝသြားတဲ့ အသံနဲ႕ ေျပာလိုက္သူက မာရွီဟို။
"ဒါဆိုအိပ္ေတာ့ ေနာက္က်ေနၿပီ။ မနက္ေက်ာင္းသြားရဦးမွာ"
"အင္း" ပုံမွန္ဆို ပန္းကန္တစ္ခ်ပ္မေဆးဘဲ က်န္ရင္ေတာင္မေနတတ္တဲ့ မာရွီဟိုက ထူးဆန္းစြာနဲ႕ပဲ တူခ်ၿပီး ကုတင္ေပၚတက္သြားေတာ့သည္။
ဂြၽန္ခယူက ပန္းကန္ေဆးလိုက္ၿပီး အိပ္ဖို႔ ျပန္ထြက္လာေတာ့ ၃ နာရီခြဲေနၿပီ။ မာရွီဟို႔စားပြဲေပၚက မီးအိမ္အေသးေလးကိုလည္းပိတ္ေပးလိုက္သည္။ ကုတင္ေပၚၾကည့္ေတာ့ ေစာင္လည္းမၿခဳံဘဲ ဝမ္းလ်ားထိုးအိပ္ေနတဲ့ မာရွီဟို႔ကို ေျခရင္းမွာပုံေနတဲ့ ေစာင္ဆြဲၿခဳံေပးလိုက္သည္။
"ငါက သူ႕ကိုေစာင့္ၾကည့္ဖို႔လာတာလား? ဂ႐ုစိုက္ဖို႔လာတာလား?"
စုံေထာက္လုပ္ဖို႔လာကာမွ အေဖတစ္ေယာက္လိုျဖစ္ေနသည့္ ကိုယ့္ဘဝကိုယ္ျပန္ေတြးၿပီး အိပ္ယာဝင္လိုက္ေတာ့သည္။
ထိုေန႕ကစၿပီး ေနာက္ေန႕ေတြဆို ဂြၽန္ခယူအျပင္ကျပန္လာတိုင္း မုန႔္ဝယ္လာတတ္သည္။ ၁ နာရီခြဲတိုင္း ဖုန္းကႏွိုးစက္ အရင္မျမည္ခင္ သူကအရင္အိပ္ဖို႔သတိေပးသည္။
စာေမးပြဲေျဖေနတဲ့ရက္မွာဆို ၁၂ နာရီေလာက္ကတည္းက အတင္းကိုအိပ္ခိုင္းေတာ့သည္။ ဒီေန႕ျပန္သြားရင္ေရာ သူဘာမ်ား ဝယ္လာဦးမွာပါလိမ့္ ~
"ကပၸတိန္ ေမးေနတယ္ေလ စာခိုးက်က္ေနတာလားတဲ့"
ဝူဂ်င္းက လွမ္းေမးလိုက္ေတာ့မွ မာရွီဟိုက ျပန္ေျဖလိုက္မိသည္။
"မက်က္ပါဘူး ငါကဉာဏ္ႀကီးရွင္မို႔ရေနတာ " တဲ့။
\\
\\
\\
စာေမးပြဲကာလမို႔ အားကစားေလ့က်င့္ေရးေတြေရာ ပြဲေတြေရာ ရပ္ထားေပမယ့္ ဂြၽန္ခယူတစ္ေယာက္ကေတာ့ ဘာေတြနဲ႕မ်ားအလုပ္ရႈပ္ေနပါလိမ့္လို႔ မာရွီဟိုစာက်က္ေနရင္းေတြးေနမိသည္။ မနက္ျဖန္က minor ဘာသာ သခၤ်ာေျဖရမွာမို႔ က်က္စရာမရွိတာနဲ႕ အရင္ကမရတဲ့ တစ္ပုဒ္ ႏွစ္ပုဒ္ကိုျပန္ၾကည့္ၿပီး ထိုင္ေနမိသည္။
၇ နာရီထိုးေနၿပီမို႔ ဗိုက္ကလည္းဆာေနၿပီ။ ဒီေန႕ေတာ့ ဂြၽန္ခယူ႕ကိုမေစာင့္ဘဲ ကိုယ့္ဘာသာကိုယ္ခ်က္စားလိုက္တာေကာင္းမည္ထင္သည္။ ဒါေပမယ့္ စာေမးပြဲေန႕ဆို နည္းနည္းေလးမွ မလႈပ္ခ်င္တာမို႔စားပြဲခုံကေနထၿပီး မီးဖိုေခ်ာင္ကိုမသြားခ်င္။ အံဆြဲကိုဖြင့္ၾကည့္ေတာ့ ေခ်ာကလက္ေဝဖာေခ်ာင္း ၃ ေခ်ာင္းကိုေတြ႕တာမို႔ အဲ့တာကိုပဲအရင္စားၿပီး ေတာင့္ထားလိုက္သည္။
အေရွ႕မွာေထာင္ထားတဲ့ဓာတ္ပုံထဲက ေဆာဂြၽန္းကိုေတြ႕ေတာ့
You are reading the story above: TeenFic.Net