အပိုင်း { ၄ }

Background color
Font
Font size
Line height

                    >>>>> [ Unicode ] <<<<<

လုံဝမ်ရွာရဲ့ တောင်ဘက်ဂိတ်စောင့်တပ်အနားသို့ခြုံခိုတိုက်ခိုက်ဖို့အတွက် လာချောင်းမြောင်းတဲ့ တဖက်အဖွဲ့အစည်းကို ဦးဆောင်သူအနေနဲ့လာရောက်စောင့်ကြည့်နေတာကြာပြီဖြစ်သည်။

တောင်ဘက်ဂိတ်ကိုအင်အားနည်းမယ်အထင်နဲ့ ကြိုတင်လာပြီးအကဲခတ်တဲ့ တဖက်သူလျှိုတွေကို ချက်ချင်းဖမ်းစီးရင်ရပေမယ့် လစ်လျှူရှုပြီး တစ်ရက်နှင့်တစ်ရက် လုံခြုံရေးတပ်သားကိုသိသာစွာလျှော့ပြစ်ခဲ့သည် ။ ဒါကိုအခွင့်အရေးလို့သတ်မှတ်သွားတဲ့သတင်းပေးသူလျှိုဟာ သတင်းပေးရာမှာ သူမြင်တွေ့တဲ့အတိုင်းသာပေးတာကြောင့် တဖက်ကအဖွဲ့အစည်းဟာ ၇ ရက်မြောက်တဲ့နေ့တွင် လုံဝမ်ရွာရဲ့တောင်ဘက်ဂိတ်ကိုကျူးကျော်ဖို့ပြင်သည် ။

သို့သော် သူတို့ဘက်ကမတိုက်ခိုက်ခင် လာနေရာလမ်းတစ်တဝက်မှာပင် ဦးဆောင်သူကိုယ်တိုင် ခေါင်းဆောင်၍ တဖက်ရန်သူတွေနှင့်တိုက်ပွဲဖြစ်ကြသည် ။ ပြင်းထန်းလာတဲ့တိုက်ပွဲကြားမှာ
အခြေအနေမဟန်မှန်းသိလို့ တဖက်အဖွဲ့က ပြန်ဆုတ်သွားခဲ့ပေမယ့် ဦးဆောင်သူက သူတို့ကိုအလွတ်မပေးပေ ။ ဒါ့အပြင် ဒီညမှာ တဖက်အဖွဲ့အစည်းဟာ သူတို့တပ်ဖွဲ့ဆီပြန်ပြေးခဲ့မယ်ဆိုလျှင် ဒီထက်ကြီးမယ့် တိုက်ပွဲဖြစ်နိုင်ပေမယ့် ဉာဏ်များတဲ့ တဖက်ခေါင်းဆောင်စိုင်းလုံ က ဦးဆောင်သူတို့နဲ့ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့အစည်းနယ်မြေဆီကိုပုန်းခိုထွက်ပြေးခဲ့သည် ။ ဦးဆောင်သူ တို့ဘယ်လိုပင် တောနင်းပြီးပိုက်စိတ်တိုက်ရှာဖွေနေပါစေ..တဖက်နဲ့ယူထားတဲ့ ငြိမ်းချမ်းရေးစာချုပ်ကိုမချိုးဖောက်နိုင် ။

" ဦးဆောင်သူ ခွေးကောင်စိုင်းလုံ ငြိမ်းချမ်းရေးအဖွဲ့အစည်းဘက်ကျော်သွားပြီ၊ ကျုပ်တို့ဆက်လိုက်ရမလား "

ညာလက်ရုံးအယ်ထူး ပြောတော့ စောနေစေး ( ခေါ်  ) အက်ဒွက် ။ ဒါမှမဟုတ် အဖွဲ့အစည်းတွေကြားမှာ နာမည်ပြောင် ဦးဆောင်သူ သည် သူ့ရဲ့ဒေါသတွေနဲ့ အကြည့်တို့ကို တဖက်သို့ထွက်ပြေးသွားတဲ့ စိုင်းလုံ တို့လမ်းကြောင်းကိုကြည့်နေသည် ။

ညိုညစ်ညစ်အသားအရေ နှင့် မညှပ်တာကြာလို့ ဂုတ်နားထိမဆိုသလောက်ရှည်နေတဲ့ အနက်ရောင်ဆံပင်ရှည်တွေကို အနီ​ရောင်ခေါင်းပတ်စဖြင့်ပတ်၍ သပ်တင်ထားပြီး ယောက်ကျားပီသခြင်းဖြစ်တဲ့ မို့မောက်လှတဲ့နှဖူးကိုထင်ပေါ်စေသည် ။

ထူထဲပြီး အနည်းငယ်ကွေးသယောင်ရှိတဲ့ မျက်ခုံးတို့ကိုစုကျုံ့၍ မျက်တောင်ရှည်တွေအောက်မှာစူးရဲပြတ်သားကာ ချိန်းခြောက်နိုင်စွမ်းရှိ​တဲ့မျက်ဝန်းတစ်စုံရှိသည် ။ အရှိန်အဝါများစွာရှိတဲ့မျက်ဝန်းတစ်စုံ ရဲ့ မျက်ဆံအနက်ရောင်မှာ ဒေါသကြောင့်မီးတောက်လောင်နေသလို တောက်ပလွန်းနေသည်။ ဝံပုလွေတစ်ကောင်လို အန္တာရယ်များလွန်းတဲ့မျက်ဝန်းနက်တွေဟာ လက်တွေ့မှာလဲ တကယ်ကိုအဆိပ်ပြင်းလွန်းသည် ။ ဖြောင့်တန်းစွာရှိနေတဲ့နှာတံရှည်တို့က အပြုံးအရယ်မရှိတဲ့ နှုတ်ခမ်းပါးတွေကိုထောက်ပံ့ကာ ၊ မရိတ်သင်ထားတဲ့ နှုတ်ခမ်းမွေးငုတ်တို နှင့် မုတ်ဆိတ်မွေးထွက်စ တွေသည် စောနေစေး အား ပြင်ဆင်ခြင်းမရှိ ၊ ဖြစ်ကလက်ဆန်းပုံစံကိုဆိုပေမယ့် တကယ်ယောက်ကျားပီသတဲ့သွင်ပြင်မျိုးရှိနေသည်မှာ ငြင်းမရပေ ။

အသက် 25 နှစ်ရှိပြီး ၊ အရပ် 6'3 လက်မခန့်ရှည်တဲ့ စောနေစေးရဲ့ ခန္ဓာကိုယ်သည် တောင့်တင်းခိုင်ခန့်တဲ့အပြင် ကြွက်သားအပြည့်နှင့် ရင်အုံ့ကျယ်နှစ်ခု ၊ လက်မောင်းကြွက်သားတွေ ၊ အဆီပိုမရှိ ဗိုက်ဆီမှ ချောကလပ်ရှစ်ခုတို့က စောနေစေးရဲ့ တောလိုက်ထွက်ခြင်းရဲ့အကျိုးကျေးဇူးလို့ပြောရမည် ။ စောနေစေးဟာ သူဝါသနာ ပါရာဖြစ်တဲ့ တောလိုက်ခြင်း ၊ မြှားပစ်ခြင်း နှင့် တခြားကြမ်းတမ်းတဲ့ အရာတော်တော်များများကိုလုပ်ရတာကြိုက်နှစ်သက်သည် ။ တောတွင်းအမဲလိုက်ပွဲတော်အချိန်ရောက်တဲ့အချိန်ခါမျိုးမှာလည်း အရိုင်းဆုံးသားကောင်ကြီးကြီးမှ ရွေးလိုက်ခြင်းကြောင့် စောနေစေးရဲ့ခန္ဓာကိုယ်မှာ တောရိုင်းသားသတ္တဝါများနဲ့သတ်ပုတ်ခဲ့ခြင်းကြောင့်ဒဏ်ရာအပြည့် အမာရွတ်များရှိလို့နေသည်။

စောနေစေး ဟာ သူ့ဖခင် ရဲ့ အဖွဲ့အစည်းကိုဦးဆောင်တဲ့အချိန်မှာအသက် ၁၅ နှစ်သာရှိသေးသည် ။

အရွယ်မ​ရောက်ခင် ထိုအချိန်ကာလတစ်ခုမှာလုံခြုံရေးအင်အားနည်းပါးစွာ တိုက်ပွဲတွေကြောင့် ဦးတည်ရာမရှိ..စစ်ဘေးရှောင်ဒုက္ခသည်ဘဝဖြစ်ခဲ့ရတဲ့အချိန်တစ်ခုတွင် မိခင်ဖြစ်သူကို တဖက်ရန်သူ့တပ်ဖွဲ့ခေါင်းဆောင်မှ ဖမ်းစီး၍ အသက် ၁၀ နှစ်အရွယ် စောနေစေးရှေ့မှာပင် စော်ကားမှု့ပြုခဲ့သည် ။

ရက်စက်ယုတ်မာရိုင်းစိုင်းတဲ့ ထိုခေါင်းဆောင်ဟာ အသက် ၁၀ နှစ်သာရှိသေးတဲ့ သားဖြစ်သူရှေ့မှာ မိခင်ဖြစ်သူကိုစော်ကားမှု့ပြုပြီးတာတောင်အားမရပဲ ပါးစပ်က ရွံရှာစရာတွေပြောတဲ့အပြင် သူ့အဖွဲ့သားတွေဆီ မိခင်အားထိုးပေးခဲ့သည် ။ အစော်ကားခံရပြီးသေဆုံးသွားတဲ့မိခင်ဖြစ်သူကိုကြည့်ပြီး သေလူလိုတောင့်တောင့်ကြီးဖြစ်နေတဲ့ စောနေစေးကို ထိုခေါင်းဆောင် သတ်ပြစ်ခါနီးမှာ အဖေ တို့တပ်တွေရောက်လာပြီး စောနေစေးကို ချီမကာ မနည်းကယ်ထုတ်ခဲ့ရသည် ။

စောနေစေးမှာ မိခင်ဖြစ်သူကိုမကာကွယ်နိုင်လိုက်ရခြင်းဆိုတဲ့ စိတ်ဒဏ်ရာနှင့် သူတို့အင်အားနည်းပါးခဲ့လို့ အခုလိုအဖြစ်ဆိုးမျိုးကြုံတွေ့ရလေခြင်းလို့တွေးမိတိုင်း သူကိုယ်သူသေလောက်အောင်မုန်းတီးကာ ၃ နှစ်နီးပါး စကားမပြောတော့ပေ ။ စကားမပြောခြင်းနောက်ကွယ်မှာ စောနေစေးအတွက် ဘယ်လိုပြုံးရယ်ရမလဲဆိုတဲ့နိယာမတရားကိုပင် ပျောက်ကွယ်သွားခဲ့တော့သည် ။ ကလေးတစ်ယောက်နဲ့မတူစွာ တိုက်ခိုက်ရေးနှင့် တခြားသောတတ်မြောက်သင့်သည့် ​အရာရာကိုကြိုးစား၍သင်ယူနေခဲ့တဲ့ စောနေစေး ဟာ အသက် ၁၅ နှစ်အရွယ်မှာ သူမတူတဲ့လူတစ်ယောက်ဖြစ်လာပြီး ရွာ မှ တိတ်တဆိတ်ထွက်သွားကာ ရန်သူခေါင်းဆောင်ကို တိတ်တဆိတ်သတ်ပြစ်ခဲ့သည် ။

သတ်ပြစ်ခဲ့ပုံမှာ သူ့အောက်ပိုင်းအဂ်ါကိုဖြတ်ပြီး ထိုနေရာမှာဘာမှမရှိခဲ့သလိုလှီးဖြတ်ခဲ့သည်။ အဲ့တာအပြင် အစိမ်းသက်သက်လျှာကိုဖြတ်ပြစ်ပြီး မျက်လုံးတွေကိုစူးချွန်နဲ့ထိုးဖောက်ခြင်းခံထားရသည်။ နောက်ဆုံးတစ်ချက်ကိုထင်ရတဲ့အချက်ဟာ လည်စိတည့်တည်ကို လှံချွန်နဲ့တစ်ဆုံးထိုး၍သတ်ပြစ်ခဲ့သည် ။ ပြီးနောက် သူတို့စခန်းမြေပုံကိုရှာဖွေကာ ရွာကိုပြန်လာပြီး ရက်အနည်းငယ်မှာခေါင်းဆောင်သူမရှိတဲ့ ထိုတပ်ဖွဲ့ကို အပိုင်သိမ်းခဲ့ပြီး သူတို့ဘက်ကတပ်သားတွေကို စောနေစေးကိုယ်တိုင်အရှင်လတ်လတ်မီးရှို့သတ်ခဲ့သည် ။ စောနေစေးရဲ့ အဲ့လိုပုံစံကြောင့်သူ့ဖခင်တောင် သူ့သားကိုကြောက်လန့်ခဲ့ရဖူးသည်။

အေးစက်ကာ ကြမ်းတမ်းတဲ့ စောနေစေးအတွက် အမျိုးသမီးတွေအပေါ်စော်ကားမှု့ပြုတာက လုံးဝခွင့်မလွတ်နိုင်စရာပဲ။ ထိုသို့ ပြစ်မှု့ကျုးလွန်သူများကိုလဲ သေသောက်အောင်မုန်းတီးပြီး သူ့အောက်ပိုင်းကိုဖြတ်ပြီး ရွာထိပ်တွင် မသေမချင်းချိတ်ဆွဲထားတတ်သည် ။

ဟိုးယခင်က မငြိမ်းချမ်းသေးတဲ့ တောရွာမှာ စောနေစေးအတွက် အသိပညာ၊အတတ်ပညာ အားလုံးကို ဖခင် ရဲ့ ဆုံးပါးသွားတဲ့ ဆရာသမားကိုယ်တိုင်သင်ပေးခဲ့သည် ။ သို့သော် အသက် ၁၀ နှစ်အရွယ်ကတည်းက အပြုံးအရယ်နည်းပါးပြီး ကြမ်းတမ်းမှု့က ဘယ်သူနဲ့မှမယှဥ်ပြိုင်နိုင်သလို၊ လုပ်ချင်တာကိုလဲ ဖြစ်မြောက်အောင်လုပ်ဆောင်တတ်တဲ့ စောနေစေးဟာ ဒီနေ့ဒီအချိန်မှာ ဦးဆောင်သူ ဆိုတဲ့နာမည်ပြောင်ပေးတဲ့အထိ အဖွဲ့အစည်းလောကမှာ ဘုရင်တစ်ဆူ အဖြစ် နာမည်ကျော်ကြားလွန်းလှသည် ။

သို့သော် ဘယ်သူတွေဘယ်လိုပြောပြော စောနေစေး က စောနေစေး ပါပဲ။ သူ့လမ်းကြောင်းအတိုင်းသာသွားနေမြဲဖြစ်သည် ။

" ဆက်မလိုက်နဲ့တော့ "

" ဒါပေမယ့် "

ဆက်ပြောဖို့ပြင်နေတဲ့ အယ်ထူး ဟာ စောနေစေးရဲ့အကြည့်ကြောင့် ချက်ချင်းရပ်တန့်သွားသည်။

" နားလည်ပါပြီ "

UQR လို့လည်း ခေါ်ကြတဲ့ စိုင်းလုံ ဆိုတဲ့ကောင် ခေါင်းဆောင်တဲ့အဖွဲ့အစည်းဟာ ယိုးဒယားဘက်ကနေရောက်လာကြသည်။ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက မြောက်ဘက်အလွန်တစ်ကြောမှာ အ​ခြေစိုက်ပြီး တခြားအဖွဲ့အစည်းတစ်ခုနဲ့ပူပေါင်းကာ နီးစပ်ရာနေရာတွေဆီကျူးကျော်သိမ်းပိုက်ရင်းအာဏာရလာခဲ့သည် ။

သို့သော် စိုင်းလုံတို့အဖွဲ့ဟာ ယုတ်မာသည် ။ တောဘက်ကရွာငယ်လေးတွေဆီကိုဝင်ရောက်တိုက်ခိုက်ပြီး..လုယူတဲ့အပြင် အမျိုးသမီးတွေအပေါ်မတရားစော်ကားသလို အသက်ပြည့်သူ၊ မပြည့်သူစည်းမထား၊ ခြေတော်တင်လွန်းသည် ။ စောနေစေးဟာ ထိုအကြောင်းနဲ့ပက်သတ်ကြီးကြားရတဲ့အချိန်တိုင်း အဲ့ကောင်ကိုသတ်ချင်စိတ်တွေထိန်းမရပေ ။

တစ်နှစ်နဲ့တစ်နှစ် အခြေခိုင်အုပ်မြစ်ကျယ်လာတဲ့ စိုင်းလုံ ဟာ အခုတော့ အတင့်ရဲစွာ သူ့လုံဝမ်ရွာကို ထိရဲတယ် ။ ဒါဘယ်လိုမှခွင့်မလွတ်နိုင်စရာပဲ ။ စောနေစေးရဲ့တပ်သားတွေဟာလည်း စိုင်းလုံတို့လုပ်ရပ်အတွက်အသည်းတနုံ့နုံ့ဖြစ်ကာ ကြိတ်မနိုင်ခဲမရဖြစ်နေသည်။

သူတို့က လုံဝမ်ရွာကိုထိရဲမှတော့ စောနေစေးအတွက် လုံဝမ်ရွာဟာ ဘယ်လိုဖြစ်တည်မှု့လဲ သူသိအောင်ပြရသေးတာပေါ့ ။

" အယ်ထူး.. စိုင်းလုံ တပ်စခန်းဘက်သွားမယ် ! "

စောနေစေး စကားကြောင့် အယ်ထူးအပြင် နံဘေးကတပ်သားတွေရဲ့မျက်လုံးထဲမှာ တောက်ပကာ အားကြိုးမာန်တတ်ဖြစ်သွားကြသည် ။

" ဟုတ်ကဲ့ဦးဆောင်သူ !!!" × all

ထိုသို့နှင့် စောနေစေး ဦးဆောင်တဲ့ ဂိတ်တပ်ဖွဲ့ကြီးဟာ စိုင်းလုံစခန်းအခြေချတဲ့နေရာဆီသွားပြီး စခန်းတစ်ခုလုံး ဗုံးကျဲပြီး မီးလောင်တိုက်သွင်းခဲ့သည် ။

___________>>>>Time skin <<<<_________

တိုက်ပွဲသိမ်းပြီးနောက် စောနေစေးတို့အဖွဲ့မြင်း ကိုယ်စီနဲ့ တောက်ဘက်ဂိတ်သို့ပြန်ရောက်လာတော့ အဖွဲ့သားတွေအားလုံးဝမ်းမြောက်စွာကြိုဆိုကြသည်။

စောနေစေးဟာ အဖွဲ့ထဲကဒဏ်ရာရတဲ့အဖွဲ့သားတစ်ချို့ကို ဆေးတပ်ကူဖြင့်ကုသစေပြီး သူကိုယ်တိုင်အတွက်ကတော့ သူ့ညာလက်ရုံး အယ်ထူးက ဆေးထည့်ပေးသည်။ စိုင်းလုံ နဲ့ တိုက်ခိုက်နေစဥ် နောက်ဘက်ဆီကဝင်ထိုးတဲ့ဓားချက်ဟာ စောနေစေးလက်မောင်းထဲစိုက်ဝင်သွားတာကြောင့် ဒဏ်ရာကနည်းနည်းနက်သွားသည် ။

သစ်သားထိုင်ခုံပေါ်ထိုင်ပြီး အပေါ်ဝတ်ဗလာနဲ့ ဗျောက်ကြားဘောင်းဘီရှည်ကိုဝတ်ထားတဲ့စောနေစေးဟာ ကြီးမားတဲ့ခန္ဓာကိုယ်အရွယ်အစားကြောင့် ခပ်ကြီးကြီးရင်အုံ့ကျယ်နှင့် နောက်ကျောကကြည့်လျှင် ကျောကုန်းကျယ်တွေက ကြွက်သားအဖုထစ်တွေနှင့်အင်မတန်သန်မာလွန်းသည်။ ထို့အပြင် နောက်ဘက်က ကျောကုန်းတပြင်လုံးမှာ များစွာသောအမာရွတ်တွေရှိနေပြီး ဗိုက်မှာလဲ ခါးခုတ်ရာအမာရွတ်ကြီးသုံးချက်ရှိနေတော့သည် ။

" အယ်ထူး "

" ဟုတ်ကဲ့ "

" ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဖထီး ဆီကို တပ်သားတစ်ယောက်လွတ်လိုက် ၊ အကျိုးအကြောင်းပြောပြီး စိုင်းလုံ ကို ခိုလုံခွင့်မပြုဖို့ပါ သတိပေးထားလိုက် "

" ဟုတ်ကဲ့..ဦးဆောင်သူ "

အဲ့နောက်မှာ လက်ကဒဏ်ရာအတွက်ဆေးစည်းပြီးသွားသည်။ စောနေစေး သည် အချိန်အားဖြင့် ညသန်းခေါင်ယံရောက်နေပြီမို့ စခန်းမှာပဲ ခြေလက်မျက်နှာသန့်စင်ပြီး အိမ်ပြန်ဖို့ပြင်လိုက်သည်။

" ဦးဆောင်သူ ပြန်​မလို့လားဗျ..ဉာဥ့်အတော်နက်နေပြီးရော် မနက်မှပြန်ပါတော့လားဗျ "

" မလိုဘူး..မြင်းသွားထုတ် "

" ဟုတ်ကဲ့ "

စိတ်မရှည်တတ်တဲ့ ဦးဆောင်သူကြောင့် ညာလက်ရုံးအယ်ထူးကချက်ချင်းပင် ဦးဆောင်သူရဲ့မြင်းကိုပြေးထုတ်ပေးလာသည်။

" မင်းတို့အားလုံး ဂရုစိုက်ကြ..မပေါ့လျှော့မိစေနဲ့"

" ဟုတ်ကဲ့ "

အမှာစကားသာပြောပြီး မြင်း ကို ဒုန်းဆိုင်းစီးပြီးထွက်သွားတဲ့ ဦးဆောင်သူကိုကြည့်ပြီး ကျန်ရဲဘော်တွေက ခေါင်းငုံ့ကာအရိုသေပေးလိုက်သည် ။ အယ်ထူး ဟာ စောနေစေးရဲ့ညာလက်ရုံးဖြစ်ပြီး ဘယ်လက်ရုံးတစ်ယောက် ဗြောရယ် ကတော့ စောနေစေးကိစ္စတစ်ချို့ခိုင်းထားခြင်းကြောင့်ပြန်မရောက်လာသေးပေ ။

တောင်ဘက်ဂိတ်ကနေ ရွာသို့ပြန်လာရာမှာ အတော်လေးမှောင်နေပေမယ့် လပြည့်ည မို့ ထင်သည်။ လုံးဝိုင်းကာတောက်ပပေးနေတဲ့လမင်းကြီးရဲ့အလင်းမှိန်မှန်က စောနေစေးခရီးဆက်ဖို့လုံလောက်သည် ။

စောနေစေးအတွက် အခုလိုရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တာဟာမဆန်းတော့တာကြောင့် အဖ တို့လည်းထူးခြားမနေပေ ။ အရင်ကဆိုလျှင် စောနေစေး အကျင့်မှာ တိုက်ပွဲပြီးရင်တောင် အိမ်ကိုတစ်လလောက်နေမှ တစ်ခါပြန်လာတတ်ပြီး အချိန်အတော်များများကို သူ့အဖွဲ့သားတွေနဲ့ပဲကုန်ဆုံးတာကြောင့် အဖ က စောင့်ဆိုင်းမနေပေ။

သို့သော် ဒီနေ့တော့ လက်မောင်းကဒဏ်ရာကြောင့်ရော နည်းနည်းပင်ပန်းသလိုရှိတာမို့ အိမ်ပြန်လာခဲ့ခြင်းဖြစ်သည် ။ ရွာမှာလည်း စောနေစေး လက်စသတ်ရမယ့်အလုပ်တွေ ပုံနေလောက်ရောပေါ့ ။ စောနေစေးဟာ တပ်ရဲ့ဦးဆောင်သူတစ်ယောက်ဖြစ်သလို အောက်ဘက်လမ်းကြောင်းကနေတဆင့် တရားဝင်လုပ်ငန်းရော ၊ တရားမဝင်သည့်လုပ်ငန်းအများစုကိုပါ လုပ်ကိုင်သည်။ တဖြည်းဖြည်းနဲ့ဧရိယာကျယ်ဝန်းလာတဲ့ လုံဝမ်ရွာဟာ တစ်ဖြည်းဖြည်းနဲ့ အထက် မြို့ကြီးလောက်ပင်စည်ပင်မှု့က အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ ရှိနေပြီဖြစ်သည် ။ လုံဝမ်ဟာ တောရပ်ကျေးစွာဆိုသော်လည်း သူ့ထက်ငါနိမ့်ကျလှတယ်လို့မရှိပါ ။

လုံဝမ်ရွာကိုအ​ပြင်လူ သူစိမ်းလာခွင့်မရှိပေမယ့် မြို့ပေါ်ကဧည့်သည်က သူတို့ရွာသားတွေနဲ့အတူတူလာတယ်ဆိုရင်တော့ စစ်ဆေးစရာရှိတာမေးမြန်းပြီးခွင့်ပြုပေးသည်။ ဒါ့ကြောင့် ကျယ်ပြောလာတဲ့ လုံဝမ်ရွာဟာ အရင်ကလို သေးငယ်တဲ့ နှာတစ်ချက်ချေစာ အိ​မ်ငယ်လေးတွေမဟုတ်တော့ပေ ။

မြင်းဒုန်းဆိုင်းပြီး ပြန်လာတဲ့ စောနေစေးဟာ ရွာထဲဝင်ပြီး အိမ်ရှေ့အရောက်မှာ မြင်းပေါ်ကဆင်းလိုက်သည်။ ​ဒီအချိန်ဆို အိမ်မှာ အဖ တို့နဲ့အိမ်သား​တွေအိပ်နေလောက်ပြီဆိုတာသိတာကြောင့် စောနေစေးဟာ ခြံတံခါးကိုအသာဖွင့်လို့ မြင်းကိုဆွဲကာ အိမ်အနောက်ဘက်မှာရှိတဲ့ မြင်းခြံကုန်းဆီမှာထားလိုက်သည်။ ပြီးတာနဲ့ အိမ်ပေါ်သို့တတ်လာပြီးသူ့အိပ်ခန်းဘက်ဆီသွားလိုက်သည်။

မြောက်များစွာသောလေ့ကျင့်ထားတဲ့ စောနေစေးအတွက် ခြေသံဆိုတာဘယ်လိုမှထွက်ခြင်းမရှိခဲ့ပေ ၊ သူသည် သူ့အိပ်ခန်းရှေ့ရောက်တဲ့အခါ တံခါးအနေအထားကတစ်ခုခုမှားနေသလို ခံစားလိုက်ရသည် ။

* အိပ်ခန်းထဲမှာ တစ်ယောက်ယောက်ရှိနေတာလား *

စောနေစေးသည် သူဘယ်နှစ်ရက်ပင် အိမ်သို့ပြန်မလာပါစေ..သူ့အိပ်ခန်းနဲ့ပက်သတ်ရင် မည်သူမှ တံခါးပင်ကိုင်ခွင့်မရှိတာမို့၊ အခုခါမှာ ခါးကြားထဲက ဓားမြောင်ကိုထုတ်ကိုင်ထားပြီး အိပ်ခန်းတံခါးကိုအသာလေးဖွင့်ကာ သတိအပြည့်နဲ့ဝင်သွားလိုက်သည် ။

သို့သော် မထင်မှတ်ပဲတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် စောနေစေး မျက်မှောင်ကျုံ့သတတ်ကျုံ့သွားသည် ။

* ငါ့အိပ်ရာမှာ ဘယ်မိန်းမပျိုလာအိပ်ရဲတာလဲ *

ထိုသို့တွေးရင်း အနီးနားကိုလျှောက်သွားတဲ့အချိန်မှာ လှုပ်ယဲ့လာတဲ့ ခန္ဓာကိုယ်လေးကြောင့် စောနေစေး နေရာမှာပင်ခြေစုံရပ်ပြီးစောင့်ကြည့်နေလေသည်။ သူ့အားတစ်စုံတစ်ခုကြံစည်မယ်ဆိုလျှင် နေရာမှာတင်သတ်ပြစ်ဖို့လက်နှေးနေမှာမဟုတ်။ အဲ့အချိန်မှာ တဖက်မှာလှည့်အိပ်နေတဲ့ခန္ဓာကိုယ်လေးဟာ စောနေစေးရှိရာဘက်ဆီ လှည့်လာတဲ့အချိန်နဲ့ကွက်တိကျစွာ လမင်းကြီးရဲ့ တောက်ပတဲ့အလင်းရောင် ထိုမျက်နှာလေးပေါ်မှာ ဝဲလျှက် ။

ချောမောလှပတဲ့မျက်နှာလေးကိုမြင်လိုက်ရတဲ့တစ်ခဏမှာ စောနေစေးရဲ့အကြည့်တွေက ထိုလူရဲ့မျက်နှာဆီက တဒင်္ဂမခွာမိပေ ။

ကော်လန်အကျီလက်ရှည်ကိုသပ်ရပ်စွာဝတ်ထားတဲ့ ဒီလူကို ဒီရွာ​လေးရွာမှာတစ်ခါဖူးမျှမမြင်ခဲ့ဖူးပေ ။ ဒါ့အပြင် ပုဆိုးလေးဝတ်ထားတဲ့ ထိုလူဟာ သေချာပေါက်ယောက်ကျားလေးဆိုတာသိပေမယ့် ဘာကြောင့် ဒီလောက်ထိသေးငယ်နေရသလဲမပြောတတ်ပေ ။

သိလိုစိတ်ဖြင့် စောနေစေး ထိုလူအနားသို့ခြေသံမထွက်အောင်လျှောက်ရင်း တိုးသွားလိုက်သည်။ သူ့အိပ်ရာပေါ်မှာ ပက်လက်လှန်အိပ်နေပြီး စောနေစေးခြုံနေကြစောင်ခြုံပါးလေးက ဗိုက်နားလောက်ထိပဲခြုံမိထား၍ အောက်ဘက်ခြေထောက်နားကလွတ်နေတာကြောင့် ခြေမျက်စိကနေ ခြေချောင်းဖွေးဖွေးလေးနှင့်ပုဆိုးရှည်တို့ကပေါ်နေလေသည် ။

ယောက်ကျားလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်အရွယ်အစားဟာ စောနေစေးတို့ အဖ စိုက်ခင်းထဲက မိန်းကလေးတွေရဲ့ခန္ဓာကိုယ်လောက်ထွားကြိုင်းမှု့မရှိပုံက စောနေစေးအတွက်အားမလိုအားမရဖြစ်မိပြီး စိတ်ထဲလည်းထူးဆန်းလှတယ်ထင်မိသည်။

စောနေစေးသည် အိပ်ပျော်နေတဲ့ ခွန်စိုင်းရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုကြည့်တယ် ၊ ပြီးနောက် ခန္ဓာကိုယ်ဒီ​လောက်ညှပ်သေးတဲ့အမျိုးသားတွေကိုမမြင်ခဲ့ဖူးတာကြောင့် အထက်အောက် စုန်ဆန်ကြည့်နေရင်း ခွန်စိုင်း ရဲ့ လက်ချောင်းလေးတွေဆီအကြည့်ရောက်တဲ့အခါ စိတ်ဝင်စားသွားသည် ။

အဲ့တာကြောင့် စောနေစေးဟာ မျက်နှာသေနဲ့ပင် သူ့ဓားကို ဓားအိမ်ထဲပြန်ထည့်ပြီး ပဲရိုးလောက်သာရှိတဲ့ ခွန်စိုင်းရဲ့လက်ချောင်းသွယ်တို့ကို သူ့လက်ထဲက ဓားချွန်ထိပ်လေးနဲ့ ကလော်၍ မ ကြည့်သည် ။

* ဘာလဲဟ..သူလက်တွေက အစစ်ရော ဟုတ်ရဲ့လား *

ပုံမှန်ဆိုရင် တည်ငြိမ်ရင့်ကျက်တဲ့ စောနေစေး ဟာ သူ့ရှေ့မှာ စိတ်ချလက်ချအိမ်မောကျနေတဲ့ လူကောင်သေးသေးညှပ်ညှပ်လေးကိုကြည့်ပြီး ရင်ထဲအသည်းတယားယားနဲ့ စိတ်ရှုတ်နေတော့သည် ။ အခန်းဘေးပတ်လည်ကိုကြည့်လိုက်တော့ ကျောလွယ်အိတ်ကြီးကြီးတစ်ခုထောင်ထားတာတွေ့တာမို့ ဒီလူက ဧည့်သည်ဖြစ်ဖို့များသည် ။

* ဘယ်လိုဧည့်သည်မျိုးက ဒီလိုမငြိမ်းချမ်းတဲ့နေရာလာစပ်စုတတ်တာတုန်း..အဲ့တာအရေးမကြီးဘူး၊ သူဘယ်လိုတောင် မကြောက်မရွံ့ စိတ်ချလက်ချ အိပ်နိုင်တာလဲ *

မျက်မှောင်ကြီးကျုံ့ပြီး ခွန်စိုင်းဟွမ် ကို စိတ်ရှုတ်စရာတစ်ခုလိုကြည့်ပြီး စောနေစေးတစ်ယောက် လက်မနဲ့ သူ့မျက်ခုံးနားဆီကုတ်လိုက်သည် ။ အဲ့တာက သူစိတ်ရှုတ်တိုင်း လုပ်လေ့ရှိတဲ့အကျင့်လေးတစ်ခု ။

" ကောင်းကွာ.. ငါ့အိပ်ရာသူအိပ်နေတော့ ကန်ချလို့လဲမရ ၊ ဘေးခန်းမှာပဲ သွားအိပ်ရတော့မယ် "

ထိုသို့နှင့် စောနေစေး သည် သူသေတ္တာထဲက အဝတ်အစားတစ်စုံကိုထုတ်ယူကာ အခန်းထဲကပြန်ထွက်လာခါနီး တံခါးနားအရောက်တွင်ရပ်သွားသည် ။

ပြီးနောက်..နောက်သို့ပြန်လှည့်ကာ ခွန်စိုင်း အိပ်နေတဲ့အတိုင်းလေးကိုမှ စောင်းပါးလေးကို အောက်ကိုအသာဆွဲကာ ခြေထောက်တစ်ခုလုံးလုံခြုံအောင်ခြုံပေးပြီး အပေါ်ပိုင်းကိုတော့ ရင်ဘက်အနားထိ စောင်ခြုံတင်ပေးလိုက်သည်။ စောနေစေး အထင်သာမှန်ရင် ဒီလူက မြို့ပေါ်ကလာတာဖြစ်မည် ။

တကယ်ပင်ပန်းနေပုံရတဲ့ ထိုလူ့မျက်နှာလေးကြောင့် စောနေစေး ဟာ ခေါင်းခါယမ်းပြီး.. ခေါင်းရင်းဘက်ဆီက ပြတင်းပေါက်တံခါးနှစ်ချက်သာ အသာစိပေးခဲ့လိုက်သည်။ မနက်ပိုင်းဆို ထိုပြတင်းပေါက်ဆီက နေလုံးထွက်တာနဲ့ပင် အခန်းထဲတိုက်ရိုက်ဝင်တာကြောင့် ထိုလူအား အိပ်ရေးမပျက်စေချင်တာ စိတ်ရင်းအမှန်ဖြစ်သည် ။

* ဒီတစ်ညတော့ အိပ်ခွင့်ပြုလိုက်ပါမယ်လေ *

________________________________________

သူတို့တွေ့ဆုံခြင်း 💋

# VOTE & CM PLEASE 🤙

# 11 - Auguest - 2021 - 10:52 AM
# MOEWATHAN 📚🍀

________________________________________

                    >>>>> [ Zawgyi ] <<<<<

လုံဝမ္႐ြာရဲ႕ ေတာင္ဘက္ဂိတ္ေစာင့္တပ္အနားသို႔ၿခဳံခိုတိုက္ခိုက္ဖို႔အတြက္ လာေခ်ာင္းေျမာင္းတဲ့ တဖက္အဖြဲ႕အစည္းကို ဦးေဆာင္သူအေနနဲ႕လာေရာက္ေစာင့္ၾကည့္ေနတာၾကာၿပီျဖစ္သည္။

ေတာင္ဘက္ဂိတ္ကိုအင္အားနည္းမယ္အထင္နဲ႕ ႀကိဳတင္လာၿပီးအကဲခတ္တဲ့ တဖက္သူလွ်ိုေတြကို ခ်က္ခ်င္းဖမ္းစီးရင္ရေပမယ့္ လစ္လ်ႉရႈၿပီး တစ္ရက္ႏွင့္တစ္ရက္ လုံၿခဳံေရးတပ္သားကိုသိသာစြာေလွ်ာ့ျပစ္ခဲ့သည္ ။ ဒါကိုအခြင့္အေရးလို႔သတ္မွတ္သြားတဲ့သတင္းေပးသူလွ်ိုဟာ သတင္းေပးရာမွာ သူျမင္ေတြ႕တဲ့အတိုင္းသာေပးတာေၾကာင့္ တဖက္ကအဖြဲ႕အစည္းဟာ ၇ ရက္ေျမာက္တဲ့ေန႕တြင္ လုံဝမ္႐ြာရဲ႕ေတာင္ဘက္ဂိတ္ကိုက်ဴးေက်ာ္ဖို႔ျပင္သည္ ။

သို႔ေသာ္ သူတို႔ဘက္ကမတိုက္ခိုက္ခင္ လာေနရာလမ္းတစ္တဝက္မွာပင္ ဦးေဆာင္သူကိုယ္တိုင္ ေခါင္းေဆာင္၍ တဖက္ရန္သူေတြႏွင့္တိုက္ပြဲျဖစ္ၾကသည္ ။ ျပင္းထန္းလာတဲ့တိုက္ပြဲၾကားမွာ
အေျခအေနမဟန္မွန္းသိလို႔ တဖက္အဖြဲ႕က ျပန္ဆုတ္သြားခဲ့ေပမယ့္ ဦးေဆာင္သူက သူတို႔ကိုအလြတ္မေပးေပ ။ ဒါ့အျပင္ ဒီညမွာ တဖက္အဖြဲ႕အစည္းဟာ သူတို႔တပ္ဖြဲ႕ဆီျပန္ေျပးခဲ့မယ္ဆိုလွ်င္ ဒီထက္ႀကီးမယ့္ တိုက္ပြဲျဖစ္နိုင္ေပမယ့္ ဉာဏ္မ်ားတဲ့ တဖက္ေခါင္းေဆာင္စိုင္းလုံ က ဦးေဆာင္သူတို႔နဲ႕ ၿငိမ္းခ်မ္းေရးယူထားတဲ့အဖြဲ႕အစည္းနယ္ေျမဆီကိုပုန္းခိုထြက္ေျပးခဲ့သည္ ။ ဦးေဆာင္သူ တို႔ဘယ္လိုပင္ ေတာနင္းၿပီးပိုက္စိတ္တိုက္ရွာေဖြေနပါေစ..တဖက္နဲ႕ယူထားတဲ့ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ကိုမခ်ိဳးေဖာက္နိုင္ ။

" ဦးေဆာင္သူ ေခြးေကာင္စိုင္းလုံ ၿငိမ္းခ်မ္းေရးအဖြဲ႕အစည္းဘက္ေက်ာ္သြားၿပီ၊ က်ဳပ္တို႔ဆက္လိုက္ရမလား "

ညာလက္႐ုံးအယ္ထူး ေျပာေတာ့ ေစာေနေစး ( ေခၚ  ) အက္ဒြက္ ။ ဒါမွမဟုတ္ အဖြဲ႕အစည္းေတြၾကားမွာ နာမည္ေျပာင္ ဦးေဆာင္သူ သည္ သူ႕ရဲ႕ေဒါသေတြနဲ႕ အၾကည့္တို႔ကို တဖက္သို႔ထြက္ေျပးသြားတဲ့ စိုင္းလုံ တို႔လမ္းေၾကာင္းကိုၾကည့္ေနသည္ ။

ညိုညစ္ညစ္အသားအေရ ႏွင့္ မညွပ္တာၾကာလို႔ ဂုတ္နားထိမဆိုသေလာက္ရွည္ေနတဲ့ အနက္ေရာင္ဆံပင္ရွည္ေတြကို အနီ​ေရာင္ေခါင္းပတ္စျဖင့္ပတ္၍ သပ္တင္ထားၿပီး ေယာက္က်ားပီသျခင္းျဖစ္တဲ့ မို႔ေမာက္လွတဲ့ႏွဖူးကိုထင္ေပၚေစသည္ ။

ထူထဲၿပီး အနည္းငယ္ေကြးသေယာင္ရွိတဲ့ မ်က္ခုံးတို႔ကိုစုက်ဳံ႕၍ မ်က္ေတာင္ရွည္ေတြေအာက္မွာစူးရဲျပတ္သားကာ ခ်ိန္းေျခာက္နိုင္စြမ္းရွိ​တဲ့မ်က္ဝန္းတစ္စုံရွိသည္ ။ အရွိန္အဝါမ်ားစြာရွိတဲ့မ်က္ဝန္းတစ္စုံ ရဲ႕ မ်က္ဆံအနက္ေရာင္မွာ ေဒါသေၾကာင့္မီးေတာက္ေလာင္ေနသလို ေတာက္ပလြန္းေနသည္။ ဝံပုေလြတစ္ေကာင္လို အႏၲာရယ္မ်ားလြန္းတဲ့မ်က္ဝန္းနက္ေတြဟာ လက္ေတြ႕မွာလဲ တကယ္ကိုအဆိပ္ျပင္းလြန္းသည္ ။ ေျဖာင့္တန္းစြာရွိေနတဲ့ႏွာတံရွည္တို႔က အၿပဳံးအရယ္မရွိတဲ့ ႏႈတ္ခမ္းပါးေတြကိုေထာက္ပံ့ကာ ၊ မရိတ္သင္ထားတဲ့ ႏႈတ္ခမ္းေမြးငုတ္တို ႏွင့္ မုတ္ဆိတ္ေမြးထြက္စ ေတြသည္ ေစာေနေစး အား ျပင္ဆင္ျခင္းမရွိ ၊ ျဖစ္ကလက္ဆန္းပုံစံကိုဆိုေပမယ့္ တကယ္ေယာက္က်ားပီသတဲ့သြင္ျပင္မ်ိဳးရွိေနသည္မွာ ျငင္းမရေပ ။

အသက္ 25 ႏွစ္ရွိၿပီး ၊ အရပ္ 6'3 လက္မခန့္ရွည္တဲ့ ေစာေနေစးရဲ႕ ခႏၶာကိုယ္သည္ ေတာင့္တင္းခိုင္ခန့္တဲ့အျပင္ ႂကြက္သားအျပည့္ႏွင့္ ရင္အုံ႕က်ယ္ႏွစ္ခု ၊ လက္ေမာင္းႂကြက္သားေတြ ၊ အဆီပိုမရွိ ဗိုက္ဆီမွ ေခ်ာကလပ္ရွစ္ခုတို႔က ေစာေနေစးရဲ႕ ေတာလိုက္ထြက္ျခင္းရဲ႕အက်ိဳးေက်းဇူးလို႔ေျပာရမည္ ။ ေစာေနေစးဟာ သူဝါသနာ ပါရာျဖစ္တဲ့ ေတာလိုက္ျခင္း ၊ ျမႇားပစ္ျခင္း ႏွင့္ တျခားၾကမ္းတမ္းတဲ့ အရာေတာ္ေတာ္မ်ားမ်ားကိုလုပ္ရတာႀကိဳက္ႏွစ္သက္သည္ ။ ေတာတြင္းအမဲလိုက္ပြဲေတာ္အခ်ိန္ေရာက္တဲ့အခ်ိန္ခါမ်ိဳးမွာလည္း အရိုင္းဆုံးသားေကာင္ႀကီးႀကီးမွ ေ႐ြးလိုက္ျခင္းေၾကာင့္ ေစာေနေစးရဲ႕ခႏၶာကိုယ္မွာ ေတာရိုင္းသားသတၱဝါမ်ားနဲ႕သတ္ပုတ္ခဲ့ျခင္းေၾကာင့္ဒဏ္ရာအျပည့္ အမာ႐ြတ္မ်ားရွိလို႔ေနသည္။

ေစာေနေစး ဟာ သူ႕ဖခင္ ရဲ႕ အဖြဲ႕အစည္းကိုဦးေဆာင္တဲ့အခ်ိန္မွာအသက္ ၁၅ ႏွစ္သာရွိေသးသည္ ။

အ႐ြယ္မ​ေရာက္ခင္ ထိုအခ်ိန္ကာလတစ္ခုမွာလုံၿခဳံေရးအင္အားနည္းပါးစြာ တိုက္ပြဲေတြေၾကာင့္ ဦးတည္ရာမရွိ..စစ္ေဘးေရွာင္ဒုကၡသည္ဘဝျဖစ္ခဲ့ရတဲ့အခ်ိန္တစ္ခုတြင္ မိခင္ျဖစ္သူကို တဖက္ရန္သူ႕တပ္ဖြဲ႕ေခါင္းေဆာင္မွ ဖမ္းစီး၍ အသက္ ၁၀ ႏွစ္အ႐ြယ္ ေစာေနေစးေရွ႕မွာပင္ ေစာ္ကားမႈ႕ျပဳခဲ့သည္ ။

ရက္စက္ယုတ္မာရိုင္းစိုင္းတဲ့ ထိုေခါင္းေဆာင္ဟာ အသက္ ၁၀ ႏွစ္သာရွိေသးတဲ့ သားျဖစ္သူေရွ႕မွာ မိခင္ျဖစ္သူကိုေစာ္ကားမႈ႕ျပဳၿပီးတာေတာင္အားမရပဲ ပါးစပ္က ႐ြံရွာစရာေတြေျပာတဲ့အျပင္ သူ႕အဖြဲ႕သားေတြဆီ မိခင္အားထိုးေပးခဲ့သည္ ။ အေစာ္ကားခံရၿပီးေသဆုံးသြားတဲ့မိခင္ျဖစ္သူကိုၾကည့္ၿပီး ေသလူလိုေတာင့္ေတာင့္ႀကီးျဖစ္ေနတဲ့ ေစာေနေစးကို ထိုေခါင္းေဆာင္ သတ္ျပစ္ခါနီးမွာ အေဖ တို႔တပ္ေတြေရာက္လာၿပီး ေစာေနေစးကို ခ်ီမကာ မနည္းကယ္ထုတ္ခဲ့ရသည္ ။

ေစာေနေစးမွာ မိခင္ျဖစ္သူကိုမကာကြယ္နိုင္လိုက္ရျခင္းဆိုတဲ့ စိတ္ဒဏ္ရာႏွင့္ သူတို႔အင္အားနည္းပါးခဲ့လို႔ အခုလိုအျဖစ္ဆိုးမ်ိဳးႀကဳံေတြ႕ရေလျခင္းလို႔ေတြးမိတိုင္း သူကိုယ္သူေသေလာက္ေအာင္မုန္းတီးကာ ၃ ႏွစ္နီးပါး စကားမေျပာေတာ့ေပ ။ စကားမေျပာျခင္းေနာက္ကြယ္မွာ ေစာေနေစးအတြက္ ဘယ္လိုၿပဳံးရယ္ရမလဲဆိုတဲ့နိယာမတရားကိုပင္ ေပ်ာက္ကြယ္သြားခဲ့ေတာ့သည္ ။ ကေလးတစ္ေယာက္နဲ႕မတူစြာ တိုက္ခိုက္ေရးႏွင့္ တျခားေသာတတ္ေျမာက္သင့္သည့္ ​အရာရာကိုႀကိဳးစား၍သင္ယူေနခဲ့တဲ့ ေစာေနေစး ဟာ အသက္ ၁၅ ႏွစ္အ႐ြယ္မွာ သူမတူတဲ့လူတစ္ေယာက္ျဖစ္လာၿပီး ႐ြာ မွ တိတ္တဆိတ္ထြက္သြားကာ ရန္သူေခါင္းေဆာင္ကို တိတ္တဆိတ္သတ္ျပစ္ခဲ့သည္ ။

သတ္ျပစ္ခဲ့ပုံမွာ သူ႕ေအာက္ပိုင္းအဂ္ါကိုျဖတ္ၿပီး ထိုေနရာမွာဘာမွမရွိခဲ့သလိုလွီးျဖတ္ခဲ့သည္။ အဲ့တာအျပင္ အစိမ္းသက္သက္လွ်ာကိုျဖတ္ျပစ္ၿပီး မ်က္လုံးေတြကိုစူးခြၽန္နဲ႕ထိုးေဖာက္ျခင္းခံထားရသည္။ ေနာက္ဆုံးတစ္ခ်က္ကိုထင္ရတဲ့အခ်က္ဟာ လည္စိတည့္တည္ကို လွံခြၽန္နဲ႕တစ္ဆုံးထိုး၍သတ္ျပစ္ခဲ့သည္ ။ ၿပီးေနာက္ သူတို႔စခန္းေျမပုံကိုရွာေဖြကာ ႐ြာကိုျပန္လာၿပီး ရက္အနည္းငယ္မွာေခါင္းေဆာင္သူမရွိတဲ့ ထိုတပ္ဖြဲ႕ကို အပိုင္သိမ္းခဲ့ၿပီး သူတို႔ဘက္ကတပ္သားေတြကို ေစာေနေစးကိုယ္တိုင္အရွင္လတ္လတ္မီးရွို႔သတ္ခဲ့သည္ ။ ေစာေနေစးရဲ႕ အဲ့လိုပုံစံေၾကာင့္သူ႕ဖခင္ေတာင္ သူ႕သားကိုေၾကာက္လန့္ခဲ့ရဖူးသည္။

ေအးစက္ကာ ၾကမ္းတမ္းတဲ့ ေစာေနေစးအတြက္ အမ်ိဳးသမီးေတြအေပၚေစာ္ကားမႈ႕ျပဳတာက လုံးဝခြင့္မလြတ္နိုင္စရာပဲ။ ထိုသို႔ ျပစ္မႈ႕က်ဳးလြန္သူမ်ားကိုလဲ ေသေသာက္ေအာင္မုန္းတီးၿပီး သူ႕ေအာက္ပိုင္းကိုျဖတ္ၿပီး ႐ြာထိပ္တြင္ မေသမခ်င္းခ်ိတ္ဆြဲထားတတ္သည္ ။

ဟိုးယခင္က မၿငိမ္းခ်မ္းေသးတဲ့ ေတာ႐ြာမွာ ေစာေနေစးအတြက္ အသိပညာ၊အတတ္ပညာ အားလုံးကို ဖခင္ ရဲ႕ ဆုံးပါးသြားတဲ့ ဆရာသမားကိုယ္တိုင္သင္ေပးခဲ့သည္ ။ သို႔ေသာ္ အသက္ ၁၀ ႏွစ္အ႐ြယ္ကတည္းက အၿပဳံးအရယ္နည္းပါးၿပီး ၾကမ္းတမ္းမႈ႕က ဘယ္သူနဲ႕မွမယွဥ္ၿပိဳင္နိုင္သလို၊ လုပ္ခ်င္တာကိုလဲ ျဖစ္ေျမာက္ေအာင္လုပ္ေဆာင္တတ္တဲ့ ေစာေနေစးဟာ ဒီေန႕ဒီအခ်ိန္မွာ ဦးေဆာင္သူ ဆိုတဲ့နာမည္ေျပာင္ေပးတဲ့အထိ အဖြဲ႕အစည္းေလာကမွာ ဘုရင္တစ္ဆူ အျဖစ္ နာမည္ေက်ာ္ၾကားလြန္းလွသည္ ။

သို႔ေသာ္ ဘယ္သူေတြဘယ္လိုေျပာေျပာ ေစာေနေစး က ေစာေနေစး ပါပဲ။ သူ႕လမ္းေၾကာင္းအတိုင္းသာသြားေနၿမဲျဖစ္သည္ ။

"

You are reading the story above: TeenFic.Net