☔-16

Background color
Font
Font size
Line height

SH - ဆောင်းဟွန်း
JS - ဂျုံဆောင်း
JY - ဂျယ်ယွန်း
TH - ထယ်ဟွန်း
HK - ဟျူးနင်း

SH " ဘယ်သူလဲ ဘယ်ကလဲ ဘယ်တုန်းကတွေ့ပြီး ဘယ်တုန်းက ရည်းစားတွေဖြစ်သွားတာလဲ"

TH " တစ်ခုချင်းမေးစမ်းပါ ဆောင်းဟွန်းရယ် ငါဘယ်ဟာအရင်ဖြေရမှာလဲ"

SH " ဖြေချင်တာကနေစဖြေ ဒါမဲ့အကုန်လုံးဖြေ "

"အကုန်လုံးဖြေရမယ်ဆိုရင်တော့..."

ဟင်???? လေးယောက်လုံး အသံကြားရာ လှည့်ကြည့်လိုက်တော့ ယုံကြည်ချက်အပြည့်နဲ့ တိုက်ပွဲဝင်တော့မဲ့သူတစ်ယောက်လို သေချာပြင်ဆင်လာတဲ့ မောင့်ကိုတွေ့လိုက်ရတယ်။

ရုတ်တရက် ပါးစပ်ကလွှတ်ကနဲ မောင် လို့ထွက်သွားတော့ သူငယ်ချင်းတွေဆီက ရလာတဲ့ တုံ့ပြန်မှုများကတော့
ဂျယ်ယွန်းရဲ့အံ့သြနေတဲ့အကြည့်
ဂျုံဆောင်းဆီမှ  ငါနားကြားမှားတာလားဆိုတဲ့ပုံစံနဲ့
အဆိုးဆုံးကတော့ ဆောင်းဟွန်းဆီမှ ဘာ!! မောင် ဟုတ်လား ဂန်ထယ်ဟွန်း! ဆိုတဲ့ အော်သံစူးစူးတို့ပင်

HK "အားလုံးပဲ ထပ်တွေ့ရတာဝမ်းသာပါတယ်"

SH "ငါတော့ ဝမ်းမသာတော့သလိုပဲ"

TH "ရား ဆောင်းဟွန်းကလဲ "

SH "ဘာဆောင်းဟွန်းလဲ မင်းနော် ပြီးရင် ရှင်းပြဖို့ပြင်ထား"

HK "အခုတစ်ခါထဲရှင်းသွားမယ်လေ ထယ့်ကို မမေးပါနဲ့ ထယ်လေး ခေါင်းရှုပ်သွားဦးမယ် "

SH "အမယ်လေး ပိုနေလိုက်တာ ကယ် ရှင်းရှင်း"

ဘေးကဂျုံဆောင်းနဲ့ဂျယ်ယွန်းကတော့ ပွဲကြည့်ပရိသတ် ကျနော်ကတော့ ဒိုင်လူကြီးပေါ့ အခြေအနေမဟန်ရင် ဆွဲသင့်ဆွဲ ခွဲသင့်ခွဲရမယ်လေ

HK "နာမည်က ဟျူးနင်းပါ "

SH "အပြည့်အစုံပြော ပြီးစလွယ် လာမမိတ်ဆက်နဲ့"

HK "ခါအီကာမယ်လ်ဟျူးနင်းပါ ကိုရီးယားလိုဆိုရင် ဂျောင်ခါအီ ဒီတိုင်းခေါ်ချင်ရင် ဟျူးနင်းခါအီ ဟျူးနင်း ဟျူးခါ မွေးရပ်က ဟိုနိုလုလု(Honolulu) ဟာဝိုင်အီ(Hawaii) တရုတ်မှာလဲ နေဘူးပြီး တရုတ်နာမည်ဆိုရင်--"

SH "ရပ်! ရပ်လိုက် ဆက်မပြောနဲ့ဦး အခု ဘာ...ဘာတွေပြောသွားတာလဲ"

မောင်ဘာတွေပြောလ်ိုက်မှန်း နားမလည်တဲ့သူတွေထဲမှာ ကျနော်လဲ အပါအဝင် မောင်ကလွဲရင် ကျနော်တို့လေးယောက်လုံး နားမလည်တာအမှန်ပင်

SH "ဟျောင့် လာနောက်နေတာလား ဖြေးဖြေးပြန်ပြောစမ်း"

HK "သေချာနားထောင် ခါအီ-Kai... ကာမယ်လ်-Kamal ... ဟျူးနင်း-Huening ...Kai Kamal Huening"

SH "အင်း ဆက်ပြော"

HK "ကိုရီးယားမျိုးရိုးနဲ့ဆိုရင် ဂျောင်-Jung  ခါအီ-Kai Jung Kai ပြီးတော့ ဟျူးနင်းခါအီ Huening Kai လို့လဲခေါ်လို့ရတယ် ဟျူးခါ Hyuka လို့လဲခေါ်လို့ရတယ် ဟျူးနင်းပဲ Huening ခေါ်လဲရတယ်"

ဝိုးတကယ်ပဲ များပြားလိုက်တဲ့ နာမည်တွေ ကိုရီးယားလိုဆို ဂျောင်ဆိုတော့ အကယ်၍များ...... ဂျောင်ထယ်ဟွန်း? ဘယ်လိုကြီးပါလိမ့် ဟျူးနင်းဆိုရင်ကော ဒါမဲ့ ဟျူးနင်းက မျိုးရိုးနာမည်ဆို‌တော့ မောင့်နာမည်အရဆို ဂန်ခါအီ ဟားဟားး အဲ့တာပိုကောင်းတယ်  မျိုးရိုးတွေပါပြောင်းကြည့်လိုက်နဲ့ ကိုယ့်အတွေးနဲ့ကိုယ် သဘောကျနေ‌တာကို အပြင်မှာပါ ရယ်မိသွားတော့ ကျန်တဲ့လေးယောက်လုံးက ကြောင်ကြည့်နေကြတယ်။

TH "ဘာ..ဘာလဲ..ဘာကြည့်တာလဲ"

SH "မင်းက ဘာတွေ ထရယ်နေတာလဲ"

HK "မောင့်နာမည်တွေကြောင့်လား ရယ်စရာကောင်းလို့လား"

စိတ်ထဲတစ်မျိုးဖြစ်သွားမဆိုးလို့ အသည်းအသန် ပျာပျာသလဲပြန်ငြင်းဖို့ ပြင်နေတုန်း

SH "‌အမယ် မောင်ဆိုပါလား လာခဲ့ မင်းနဲ့ငါက တခြားနေရာသွားပြောမယ် ပြီးတော့ ဂန်ထယ်ဟွန်း"

TH "ဘာလဲ"

SH "လုံးဝလိုက်မလာပါနဲ့ ကျန်တဲ့နှစ်ယောက်သူ့ကို ကြည့်ထား"

TH "နေဦးလေ ဘယ်ခေါ်သွားမလို့လဲ"

SH "အခုချိန်မှာ ငါက မင်းရဲ့အုပ်ထိန်းသူအနေနဲ့ဆိုတော့ နှစ်ကိုယ်ကြား သေချာပြောရမယ်"

TH "ဒါမဲ့.."

JY "ဟွန်းနီးကလဲ လာပါ  ဆောင်းဟွန်းက ဘာလုပ်မှာမလို့လဲ ဒီတိုင်းစကားပဲပြောမှာကို"

SH " အေးလေ မင်းလူကိုငါဘာမှမလုပ်ဘူး ဟိုတစ်ယောက် လိုက်ခဲ့ "

HK "ထယ်လေး မောင် စကားသွားပြောလိုက်ဦးမယ် ပြီးရင်ပြန်လာခဲ့မယ်နော်"

TH "အွန်း .."

SH "အော် လာပါဆို စကားလေးပဲပြောမှာကို စစ်တိုက်သွားမှာကြနေတာပဲ အတွဲတွေများ ပိုကိုပိုလွန်းတယ်"

JS "အေးလေကွာ  လာထယ်ဟွန်း ငါတို့က အထဲကစောင့်မယ် မင်းတို့ရဲ့ ဒရမ်မာကြောင့် ညောင်းလဲ ညောင်းနေပြီ လာခဲ့သွားမယ်"

5 minutes....

15 minutes...

30 minutes...

နာရီဝက်ကျော်ရှိပြီ အခုထိပြန်မလာကြသေးဘူး ဘာတွေများပြောနေကြတာပါလိမ့် စကားများရန်ဖြစ်နေတာတော့မဟုတ်လောက်ဘူးမလား လိုက်သွားကြည့်ရမလား  မဖြစ်သေးပါဘူး ဖုန်းအရင်ခေါ်လိုက်ရမလား နေပါဦး စောင့်ကြည့်လိုက်ပါဦးမယ်

တစ်ဖက်မှာလဲ

ဆောင်းဟွန်းမှ စပြီး

"ဒိီကမဟုတ်ဘူးပေါ့"

"အင်း"

"ဘယ်တော့ပြန်မှာလဲ"

"မပြန်ဖြစ်သေးဘူးထင်တာပဲ"

"ပြန်ရင် ထားသွားမှာပဲမလား "

"ဘာကို..?"

"ထယ်ဟွန်းကို အပျော်တွဲတာလား အတည်တွဲတာလား နိုင်ငံမတူတာနဲ့ ဖြစ်သလိုကောက်တွဲ ပြန်ခါနီးရင် အဆက်ဖြတ်အဲ့လိုလုပ်မှာလား"

"လုပ်စရာလား ဒီမှာ ဆောင်းဟွန်း

မင်းနဲ့ ထယ်နဲ့က အငယ်ထဲက ရင်းနှီးလာပြီး ထယ့်အပေါ်သူငယ်ချင်းတစ်ယောက်လို မိသားစုဝင်တစ်ယောက်လို သဘောထားပြီး အခုလဲ စိုးရိမ်နေမှန်းငါနားလည်ပါတယ်

ဒါမဲ့စိတ်ချပါ ငါ ထယ့်အပေါ် တကယ်ချစ်တာပါ အပျော်ကြံတာလဲမဟုတ်ရပါဘူး ဖြစ်နိုင်ရင် တစ်ခါထဲသာ ဟိုကို အပါခေါ်သွားချင်တာ လက်ထပ်ဖို့အထိ နောက်ဆုံးထွက်သက်အထိ အတူရှိဖို့ ရည်စူးထားတာမလို့ ငါ့ကို ယုံကြည်စေချင်တယ် "

"မသိနိုင်ဘူးလေ အနာဂတ်မှာ ဘာတွေဖြစ်နိုင်မလဲဆိုတာ ငါကတော့ ထယ်ဟွန်းကို ထပ်ပြီး မနာကျင်စေချင်ဘူး မင်းကြောင့်သူ့ပျော်နေတာလဲ ငါသိတယ် မင်းသူ့ကိုတကယ်ချစ်မှန်းလဲ ခံစားလို့ရတယ်  ငါက ဒီတိုင်း...ဒီတိုင်းပဲ ကံကို မယုံရဲတာ "

"ကံဆိုတာ လူတွေလုပ်တဲ့အရာတွေပေါ်မူတည်ပြီး ပြောင်းနိုင်တာပဲလေ တွေးမပူစမ်းပါနဲ့ ငါက ထယ့်ကို ဘယ်တော့မှ ထားမသွားဘူး"

"အေးပါ အပြောကြီးတဲ့ကောင်ရယ် ငါစောင့်ကြည့်နေမှာနော် တစ်ခုခုဆိုလို့ကတော့ ရေဆုံးမြေဆုံး‌လိုက်မှာ"

"အိုဟိုး ကြောက်ရတော့မှာလား"

"မပြောင်နဲ့ မင်းကို အစက သိပ်ကြည့်ရတာမဟုတ်ဘူး အခုထိလဲ သိပ်ကြည့်မရသေးပေမဲ့ ငါ့သူငယ်ချင်းမျက်နှာထောက်ပြီး အလျော့ပေးလိုက်မယ်"

"ကျေးဇူးကိုမမေ့ပါဘူးခင်ဗျ"

"နေစမ်းပါဦး ဘယ်ကနေဘယ်လို ငါ့သူငယ်ချင်းကိုတွေ့သွားရတာလဲ"

"တကယ်က ဟို..ဟိုလေ"

"ပြောမှာသာပြောစမ်းပါ"

"ဟိုအစ်ကိုရဲ့ ___ မှာတွေ့တာ"

"ရှင်းရှင်းပြော ဟိုအစ်ကိုရဲ့ဘာလဲ"

"မင်းအစ်ကိုလေ သူရှိတဲ့နေရာမှာ တွေ့တာ"

"ငါ့အစ်ကိုက ဘယ်မှာရှိလို့လဲ မရှိတော့ဘူးလေ"

"ဟာ ဒီကောင်ကတော့ ပြောမထွက်လို့ပါဆို မင်းအစ်ကို အခုမရှိတာသိတယ်လေ ဒါမဲ့ အဲ့မရှိတော့တဲ့ မင်းအစ်ကိုကို တစ်နေရာမှာ ထားတယ်လေကွာ အဲ့မှာတွေ့တာ"

"အော် အေး နားလည်ပြီး ရှင်းအောင်မပြောဘူး ကွေ့ပတ်ပြီးပြောနေတယ်"

"ငါလဲပြောမထွက်လို့ပေါ့ကွ ပြောရမှာ တစ်မျိုးကြီးလေ အဲ့မှာလေ စတွေ့တုန်းက သူကငိုနေတာလေ ဒါမဲ့ဘာလို့ရယ်မသိ ငါပါ ငိုချင်လာတယ် နေကြာပန်းခင်းကြီးထဲမှာ ထင်းထွက်နေပြီး ရင်ထဲလဲ တစ်မျိုးဖြစ်သွားပြီး ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်ဝန်းလေးတွေထဲ ငြိတွယ်သွားတာ နောက်ရက်တွေလည်း အဲ့နေရာကို အမြဲသွားစောင့်တယ် ဒါမဲ့ ထပ်မတွေ့တော့ဘူး ပြန်တွေ့တဲ့နေ့က သူ့မွေးနေ့ထင်တယ် အဲ ဖြစ်ချင်တော့ မင်းအစ်ကို ဟို..ဟိုလေ"

"အေးငါသိတယ် ဆက်ပြော"

"အဲ့နေနဲ့ရက်တိုက်နေတော့ သူများ အဲ့မှာ ရှိလောက်မလားဆိုပြီး ငါအပြေးသွားတော့ တကယ်ကြီးရောက်နေတာ ငါလဲ အနည်းငယ်တော့ ပျော်သွားတာပေါ့ကွာ ဒါမဲ့ မိုးကလဲရွာ သူကလည်း မိုးရေကြီးထဲ ထီးမပါ ထိုင်ငိုနေတော့ ငါလဲ ဘယ်ကြည့်ရက်မလဲ"

"ဒါပေါ့ အဲ့တော့ ဆက်ပြော"

"အဲ့တာနဲ့ငါလဲ ထီးသွားဆောင်းပေးလိုက်ပြီး ကော်ဖီဆိုင်သွားလိုက်တယ် ပါလာတဲ့ အဝတ်အပိုပေးလိုက်ပြီး ကိတ်မှာပေးတယ် မွေးနေ့ပြီးတော့ အိမ်ပြန်လိုက်ပို့ပေးတယ် ဖုန်းနံပါတ်တောင်းတယ် နောက်ရက်တွေမှာ လျှောက်လည်တယ် ပြီးတော့ အသည်းကွဲလိုက်ရသေးတယ်"

"ဟမ် ဘာလို့လဲ "

"အမယ် မင်းကြောင့်လေ အဲ့နေ့က မင်းက ထယ်ဟွန်းရဲ့ချစ်သူပါဆိုလို့ ငါ့မှာ ကြေကွဲနေတာ"

"ဟားဟား အဲ့တာနဲ့ လက်လျှော့ချင်သွားရောလား "

"လက်လျှော့စရာလား ငါ့အစ်ကို ပြောပြလို့ မင်းကသူ့သူငယ်ချင်းမှန်း သိပြီးသား "

"မင်းအစ်ကိုက ဘယ်သူမလို့လဲ "

"ချွဲယောန်ဂျွန်လေ"

"ဟင် ကိုကြီးရဲ့ သူငယ်ချင်းလား"

"ဒါပေါ့"

"မျိုးရိုးလဲ မတူဘဲနဲ့"

"တူတူမတူတူပေါ့ ဝမ်းကွဲပါဆို "

"အော် ဟုတ်သား အေး အစောကဟာဆက်ပြော"

"အဲ့တာနဲ့ကွာ ငါလဲ ကြာရင် သူများနောက်ပါသွားမဆိုးလို့ လုံးပမ်းရတာပေါ့ အစက သူငယ်ချင်းအဖြစ်ကနေ ညီအစ်ကိုဇုန်ရောက်သွားသေးတယ် တော်သေး‌တာပေါ့ အခုတော့ lover zone  ထဲမှာပေါ့ဟဲဟဲ"

"အရေးထဲ ကြွားနေသေးတယ် ဖုန်းနံပါတ်ပေး မှတ်ထားရအောင်လို့ အေးငါ့သူငယ်ချင်းကို အမြဲပျော်နေအောင် ထားနော်"

"စိတ်ချပါ မင်းကလဲ ဒါမဲ့လေ သိလား ထယ်က ငိုနေရင်တောင် တစ်နေကုန်ထိုင်ကြည့်ချင်‌စရာလေး"

"ဘာကွ"

"အဲ့လိုဖြစ်ပေမဲ့လဲ ငါ့ကြောင့် သူလုံးဝမငိုစေရဖို့ ငါအာမခံတယ်လို့ပြောမလို့ပါ ကွာ "

"အေးနော် ပေးဖုန်းနံပါတ် လိုရင်းကိုမရောက်ဘူး ဒီမိကျောင်းသားနဲ့တော့"

"နိုးပါ ဖြစ်ချင်းဖြစ် ပင်ဂွင်းတို့ လင်းပိုင်လောက်ပေါ့ မိကျောင်းကရုပ်ဆိုးတယ် ပင်ဂွင်းကမှ ချစ်ဖို့‌ကောင်းသေး"

"ပင်ဂွင်းကြိုက်တာလား "

"ဒါပေါ့ ငါ့မှာဆို ပင်ဂွင်းအရုပ်တွေအများကြိးရှိတယ် "

"တကယ်လား ငါလဲ ပင်ဂွင်းကြိုက်တယ်"

"အတူတူပဲပေါ့ ဒါဆို ငါတို့နှစ်ယောက် peace ဖြစ်သွားပြီလား"

"ဒါပေါ့  မိုင်ဖရန့် သွားကြမယ်"

အစက စကားကို အလေးအနက်ထားပြောနေရကနေ နောက်ဆုံးကြတော့လဲ ကလေးတွေလိုပဲ ပင်ဂွင်းနဲ့ဇာတ်သိမ်းပြီး ငြိမ်းချမ်းရေးယူသွားကြတဲ့ နှစ်ယောက်ရယ်ပါ ဟိုဘက်မှာ မျှော်နေတဲ့သူကတော့ ပေါ်မလာပေါ်မလာနဲ့ မျှော်ရင်း ဖင်တကြွကြွဖြစ်နေပြီ

_____________☀️_____________

JS "ဟော ပြန်လာကြပြီပဲ"

TH "မောင် ဘာတွေပြောခဲ့ကြတာလဲ ရန်တွေကော ဖြစ်ခဲ့ကြသေးလား"

HK "မဖြစ်ပါဘူး အားလုံးအိုကေတယ်"

JY "ကယ်ဒါဆိုလဲ အားလုံးအဆင်ပြေတယ်ဆို မုန့်သွားစားကြရအောင်"

SH "ဒီအစားတလိုင်းကလဲ "

JS "ဒါမှမဟုတ် ငါတို့တွေ trip ထွက်ကြမလား"

SH "ဝိုး အကြံကောင်းပဲ ဒီတစ်ခါတော့ မင်းတော်သွားပြီ"

HK "အကုန်စုသွားကြရအောင် ကိုကြီးကိုလည်းခေါ်လိုက်မယ်"

SH "အေး ခေါ်လိုက်လေ"

JY "ဘယ်က ကိုကြီးလဲ "

SH "အစ်ကိုယောန်ဂျွန်လေ အဲ့တာ သူအစ်ကိုဝမ်းကွဲတဲ့"

JY "တကယ်လား မျိုးရိုးလဲမတူဘဲနဲ့"

HK "လုပ်ပြန်ပြီနောက်တစ်ယောက်  ဝမ်းကွဲပါဆို တူချင်မှတူမှပေါ့လို့"

JY "အော် ဟုတ်သားပဲ"

JS "ဒါဆို ရက်ရွေး နေရာရွေးပြီးတာနဲ့ သွားမယ် ဝယ်စရာတွေ ကြိုဝယ်ကြိုစုကြိုပြင်ထားကြမယ်"

TH "ဒါနဲ့ ဆောင်းဟွန်းတို့အစက ဘာလာလုပ်တာလဲ"

SH "အော် အစက အပြင်သွားမုန့်စားမလို့ဘဲ အခုတော့..."

TH "အခုလဲ သွားလို့ရတာပဲကို"

SH "အတွဲကြား သုံးဘီးမဖြစ်ချင်ပါ ဒါကြောင့် ငါတို့သုံးယောက် ပြန်လိုက်ပါဦးမယ်  သွားဖို့ ဆွေးနွေးမယ်ဆို gp chat ထဲ ပြောလိုက်"

TH "အိုကေပါ"

HK "ထယ် မောင်လဲ ပြန်တော့မယ်လေ"

TH "ဟင် ပြန်တော့မှာပေါ့ ဒီကိုလာတာမဟုတ်ဘူးလား "

HK "ဟိုကျ မောင် vc ခေါ်လိုက်မယ်လေ စာတမ်းမြန်မြန်ထပ်ပြီး‌တော့ သဲသဲလေးကိုပဲ အချိန်ပေးနိုင်တာပေါ့"

TH "ဟုတ်ပါပြီ စာပဲ ဖြောင့်ဖြောင့်လုပ်ပါ ထယ်ပြိီးရင် gp chat ထဲ ထည့်ပေးမယ် မောင်က အစ်ကို ယောန်ဂျွန်ကို ထည့်ပေးလိုက်နော်"

HK "ဟုတ်ပါပြီဗျ. ဒါဆို မောင်ပြန်ပြီနော်"

TH " အွန်း တာ့တာ"

HK " အာ..နေဦး မောင်တစ်ခုမေ့ကျန်ခဲ့တယ်"

TH " ဘာကျန်ခဲ့လို့လဲ"

HK " အာဘွားပေးဖို့လေ " *မွ..*

ပြောလဲပြော နမ်းလဲနမ်းနဲ့ မပြန်ခင်နှုတ်ဆက်သွားတဲ့သူရယ် ပါးလေးတွေရဲတက်လာကာ ရှက်ပြီး ကျန်ခဲ့တဲ့သူရယ် သူတို့နဲ့ မနီးမဝေးတစ်နေရာက ကြည့်နေတဲ့ မျက်လုံးတစ်စုံရယ်........

🐿️ Add မောင် 💕 to
BFF's ZOO ;)🐈‍⬛🐕🐿️🐧

မောင် 💕 : အဲ့ ပင်ဂွင်းက ဘယ်သူလဲ

🐿️ : 🐧က ဆောင်းဟွန်း
🐕က ဂျယ်ယွန်း🐈‍⬛ က ဂျုံဆောင်း

မောင် 💕 : မောင်လဲ ပင်ဂွင်းလုပ်ချင်တာလေ

🐧: ပင်ဂွင်းက ငါယူမှာပဲ ဒါတော့ လုံးဝ အလျှော့မပေးနိုင်ဘူးနော် မင်းကို ငါ့သူငယ်ချင်းတစ်ယောက်လုံးပေးထားပြီးပြီ

မောင် 💕 : အေးပါ ဒီတစ်ခါတော့ အလျှော့ပေးလိုက်ပါ့မယ်

🐿️ : ဒါဆို မောင်က ဘာကောင်လုပ်ချင်လဲ

မောင် 💕 : ယူနီကွန်း

🐿️ : ဘာလို့ ယူနီကွန်းကြီးလဲ တခြားအကောင်လေးတွေလဲ ရှိတာပဲကို ငှက်လုပ်မလား

မောင် 💕 : မလုပ်ပါဘူး မောင်က ထယ်ရဲ့ဆုတောင်းတွေအားလုံးကို ဖြည့်ဆည်းပေးမဲ့ မှော်ယူနိီကွန်းလေး

🐧: ဟိုမြင်းကောင် ပြောင်းမှာဖြင့် မြန်မြန်ပြောင်း အမြင်ကပ်လာပြီ

မောင် 💕 : မြင်းမဟုတ်ဘူး ယူနီကွန်းကွ

မောင် 💕 change his name to 🦄

🦄 Add YJ Noona to BFF's ZOO ;)🐈‍⬛🐕🐿️🐧

🐧"ဟားဟား ဝိုင်‌ဂျေနူနာ လေးပေါ့"

YJ Noona "ခွေးကောင်လေး အဲ့နာမည်ကြီး ပြောင်းပါဆိုတာကို အခုထိ ထားထားတုန်းလား!!"

🐧"စပြိီးအသံကြားနေရပြီ"

YJ Noona "ဘယ်သူမှန်းတော့မသိပေမဲ့ ဒါ စာနဲ့ရေးပြောနေတာကွ!"

🐧"နူနာက စွာတုန်းပဲနော်"

YJ Noona" ရားးး အစ်ကိုကွ အစ်ကို!!"

🐕 Change YJ Noona to older brother
🦄Change older brother to oldest
🐧 Change oldest to Grandpa
🐿️ Change Grandpa to🦊
🦄 Change 🦊 to 🐥

🐥 : ရား !!!! ဘာလို့ကြက်ပေါက်လဲ

🦄 : ကိုကြီး အတွက် ဘဲပေါက်‌မရှိလို့

🐥 :အော် ဒါဆို မြင်းက ဟျူးနင်းလား ဟိုပင်ဂွင်းကကော မင်းတို့နဲ့ အလွန်ဆုံးကွာ ၂ နှစ်သုံးနှစ်ပေါ့ ဘယ်လိုနာမည်တွေထားနေကြတာလဲ ဟိုမြင်းမနဲ့ပင်ဂွင်းမရဲ့

🦄 : ကိုကြီးကလည်း မြင်းမဟုတ်ဘူး မှော်ယူနီကွန်းလေးပါဆို

🐧: အာန်ညော် ဘိုးဘိုး သားက ဆောင်းဟွန်းပါ🤭

🐥  : အော် ဆောင်းဟွန်းတို့လား ကျန်တဲ့လူတွေက ဘယ်သူတွေလဲ ဂျုံဆောင်းနဲ့ ဂျယ်ယွန်းလား

🐈‍⬛ : မှတ်မိသေးသားပဲ

🐧 : ဒီဘိုးဘိုးကတော့ ခေတ်နောက်ပြန်နေတာပဲ အပေါ်ကစာတွေ ပြန်ဖတ်လေ

🐥 : ဒီဝမ်းမနာမသားလေးကတော့ ပျင်းလို့ဟေ့ ပျင်းလို့ အပေါ်ကို ပြန်သွားဖတ်ရမှာ ပျင်းလို့ ဘေးနားရှိရင် ငါ့လက်စာမိတော့မယ် အခုကထားတော့ လိုရင်းကိုပြော

🐈‍⬛ : Tripထွက်ကြရအောင် ကျနော်တို့အကုန် အတူတူသွားကြမယ်

🐥 : အေး မဆိုးပါဘူး ဘယ်သွားမှာလဲ ဘယ်နေ့လဲ

🐈‍⬛ : ရှေ့အပတ်ထဲလောက်ကော

🐥 : အွန်း အရင်ဆုံး‌ ရှေ့အပတ်ကိုလျာထားပြီး ရက်ကိုနောက်မှ အတိအကျပြန်ရွေးကြမယ်လေ

🦄 : ဒါဆို ထယ်က အလုပ်ကို ခွင့်ယူလိုက်နော်

🐿️ : ဟုတ်ကဲ့

🦄 : လိမ္မာတယ်

🐿️ : ပြီးတော့ မောင်လဲ စာတွေ လုပ်ထားနော်

🦄 : မောင်က ပြီးတော့မှာ စာတမ်းတင်ပြီးရင် အားလုံးပြီးစီးလို့ သဲသဲလေးအနားပဲကပ်နေတော့မှာ

🐧: ဟိုနှစ်ကောင် ဂရုမှားနေတာလား မင်းတို့ ချစ်ကြည်နူး တစ်တီတူးရာ ဂရုမဟုတ်ဘူးနော် သိဖို့

🐿️ : ဟီး ဆောရီး

🐥 : နေရာကတော့ ဟိုအတွဲပဲရွေးခိုင်းလိုက်တော့

🐈‍⬛ : ငါဂိမ်းဆော့တော့မယ် ဘိုင့်

🐧 : ငါလဲ ဂျုံဆောင်းနဲ့တူတူ သွားဆော့တော့မယ် ဘိုင့်

🐕: မင်းဆီလာဖို့ အစောထထားရတာ‌ဆိုတော့ ငါက ပြန်အိပ်တော့မယ် ဘိုင့်ဘိုင်

🐥 : ကယ် အတွဲတွေနေခဲ့တော့ ငါလဲသွားပြီ

🐿️ : ဘိုင့်ဘိုင့်ပါ

🦄 : မောင်လဲ စာမြန်မြန်ပြီးအောင်လုပ်လိုက်ဦးမယ် ဘိုင့်ဘိုင် ချစ်တယ်နော်💗

🐿️ : အွန်း ဖိုက်တင်း မောင်..❣️

     _____________☀️_____________

☂️-1.9.22
~TBC~

အပ်ပုဒိတ်လာပါပြီရှင်...
နောက်ပိုင်းကိုကျော်ရေးနေတာနဲ့ ကြာသွားတယ် ဟဲဟဲ
များများလေးရေးပေးထားပြီး ဒီနေ့အမီအပ်ပေးချင်တာမလို့ စာလုံးပေါင်းကို‌ သေချာမစစ်လိုက်ရဘူး ဒါကြောင့် စာလုံးပေါင်းမှားနေတာလေးတွေရှိနိုင်ပါတယ်နော်😗😗


You are reading the story above: TeenFic.Net