1/3/2024 (Friday)
81 Days
"TaeTae"လေးက မင်းသားကြီး "Jackie Chan" နဲ့ ကြော်ငြာတွဲရိုက်ထားတာလေးထွက်လာတယ်။ social butterfly လေးပီသစွာနဲ့ပဲ ကြီးကြီးငယ်ငယ်အားလုံးနဲ့အမြဲတရင်းတနှီးပေါင်းသင်းနိုင်တာ။ မင်းသားကြီးကလည်း ကိုယ်တွေကလေးလေးကိုချစ်နေမှာပဲ။ တကယ်တကယ် "TaeTae"က အချစ်ခံလေးပါဆို...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
2/3/2024 (Saturday)
82 Days
"TaeTae" IGမှာ လာချွဲသွားသေးတာ။ Weverse မှာလည်းပေါ်လာသေးတယ်။ ကလေးလေးက တအားချစ်ဖို့ကောင်းတာပဲ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
3/3/2024 (Sunday)
83 Days
ဒီနေ့ "Namjoon" "Jiminie" "Hobi" အားလုံး Weverse မှာ ပေါ်လာပေးကြတာ။ "Namjoon" ကလည်း replyတွေအများကြီးဝင်မန့်ပေးသွားသေးတယ်။ "TaeTae" digital single FRI(END)S လေးထွက်ပါတော့မယ်တဲ့ ခုနကပဲ ကြေညာသွားတယ် ရင်ခုန်နေပါပြီ...
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
4/3/2024 (Monday)
84 Days
"Jin Hyung" ပြန်လာဖို့ရက်တစ်ရာပဲ လိုတော့တာတဲ့... Weverse မှာလည်း post လေးတင်သွားတာမို့ တအားပျော်နေပြီ...
Countdown date လေး ထပ်ဖြည့်ထားဦးမယ်။
See you "JIN" in D-100
ချစ်တယ် 💜
*********************
5/3/2024 (Tuesday)
85 Days
ဒီလကတော့ ရင်ခုန်စောင့်မျှော်ရမှာတွေချည်းပဲ။ FRI(END)S ကလည်း schedule တွေထွက်လာပြီ။ Hope On The Street လည်း မကြာခင်လာတော့မှာ။ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်ရဖို့တကယ်မစောင့်နိုင်တော့ဘူး...
See you "JIN" in D-99
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
6/3/2024 (Wednesday)
86 Days
FRI(END)S short film လေးထွက်လာပြီ။ concept လေးက စိတ်ဝင်စားစရာလေးပါ။ မြင်ရသလောက်က "TaeTae"ရဲ့ နူးနူးညံ့ညံ့ပုံစံလေးနဲ့ သိပ်လိုက်ဖက်မှာပဲ။ story line က ဘယ်လိုလာမလဲမသိပေမဲ့ short film လေးကတော့ ပန်းသီးလေး ချည်မျှင်လေး ခါရာမယ်လေးတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန်လေး...
နောက်တစ်မျိုးတွေးကြည့်ရင်တော့ အကုန် (END)နေလို့ ပြိုလဲကြေကွဲဖြစ်ရဦးမှာလား ဘာလားပဲ...
See you "JIN" in D-98
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
7/3/2024 (Thursday)
87 Days
"TaeTae"လေးရဲ့ ချောမောမိမိုက်နေတဲ့ပုံလေးတွေထွက်လာပါပြီ။ Eyebrow piercing ကြီးရယ် Smoke တွေနဲ့ပုံရယ်က တအားမိုက်တာပဲ။ တစ်စုံတစ်ကုကိုလည်း အရမ်းသတိရပါတယ်နော်...
See you "JIN" in D-97
ချစ်တယ် 💜
*********************
8/3/2024 (Friday)
88 Days
စိတ်ရောကိုယ်ပါနွမ်းနယ်နေတာ သီချင်းလေးနဲ့ပဲအနားယူတော့မယ်...
See you "JIN" in D-96
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
9/3/2024 (Saturday)
89 Days
Happy Birthday "Min Yoongi" 🥳🎂
မျက်နှာလေးတစ်ချက်မှမမြင်ရလို့ တကယ်လွမ်းရပါတယ်။ တာဝန်တွေကျေပွန်စွာလုပ်ဆောင်ရင်း ကောင်းကောင်းရှိနေမယ်ဆိုတာယုံပါတယ်။ ပြန်ဆုံကြမဲ့နေ့ကိုမျှော်နေမယ်...
See you "JIN" in D-95
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
10/3/2024 (Sunday)
90 Days
FRI(END)S ကို ဘယ်လိုပုံစံထွက်လာမလဲဆိုပြီး ရင်ခုန်နေရင်းက Teaser 1 မှာ "TaeTae" တစ်ယောက်တည်းဖြစ်နေတာလေးပြသွားပြီ။ ပြိုလဲကြေကွဲငိုမျက်ရည်ဝဲရဦးမလားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့...
See you "JIN" in D-94
ချစ်တယ် 💜
အမြဲသတိရပြီး စောင့်နေတယ် 🏠
#ဟန်
*********************
You are reading the story above: TeenFic.Net