Mistake 내 잘못이죠?

Background color
Font
Font size
Line height

[ Zawgyi Version ]

Chapter 6 - Mistake 내 잘못이죠?

(Side Of JunMyeon)

** YiXing နဲ့ CEO Jun လေးတို့ကို OP က (000) မှာ တွေ့ ခဲ့တယ်တဲ့ **

** အား!!!!!!  ... ငါရဲ့ OTP လေး ပြန်ရှင်သန်လာပြီ **

** အဲ့ဒီ့နေရာက ချစ်သူစုံတွဲတွေပဲ သွားတဲ့ နေရာမလား **

** My OTP is coming back **

** real ကြီးပါဆို **

** ဝေးကွာမှုတွေက ခဏတာပါပဲကွာ.. **

** အချစ်စစ်မှန်ရင် မဖြောင့်ဖြူးတာ ထုံးစံပဲ.. **

** အခုလို အနေနီးဖို့ အရင်ဆုံး ခွဲခွာရတာပေါ့ **

** ငါ့ယုံကြည်ချက်တွေကို လက်မလွှတ်ပဲ နေခဲ့တာ တကယ် မှန်တယ်..  နောက်ဆုံးတော့ သူတို့တွေ ....... **

** သူတို့ ဆက်သွယ်နေခဲ့ကြတာနေမှာ ဒီကြားထဲ **

** အဲ့ဒါကြောင့် YiXing Ge.. Weibo အတက်များနေတာ နေမှာ **

** ငါတို့ OTP ကြီးက ကလိကလိ ဖြစ်အောင် လုပ်တယ်ကွာ တကယ်ပါပဲ **

** JunMyeon Oppa.. China ကို သွားမယ် ဆိုကတည်းက..  ထင်တယ် ထင်တယ်.. **

** သိုးပေါက် ထွက်သွားပြီးကတည်းက ယုန်လုံး အပြုံးအရယ် မရှိတော့တာမဟုတ်လား.. ဟိုတနေ့က ယုန်လုံး အပြင်ထွက်တာ OP က တွေ့တယ်တဲ့ တော်တော်လှအောင်ကြိုပုံးနေတယ်ဆိုပဲ **

** အမြဲ အဲ့လိုပဲ ပြုံးနေကြပါ ခင်များတို့ ၂ယောက်ရယ် **

** YiXing ထွက်သွားတုန်းက .... ကောင်းတယ် CEO (Kim) နဲ့ လိုက်ပေးစားနေတဲ့ ဟာတွေ နည်းတောင် နည်းသေးတယ်လို့...  ပြောနေတဲ့ အမိတို့ အခု ပါးစပ်ပိတ်နေကြပြီလားဟေ **

** မသိဘူး..  save the date **

** အခုတော့ ငါတို့ ယုန်လုံးနဲ့ သိုးပေါက် ကို ဘာမှမဟုတ်လို့ ပြောခဲ့တဲ့ ဟာတွေ သေကြစမ်း **

** ဒါကိုမှ real မဟုတ်ဘူးလို့ ပြောရင် ဘယ်ဟာကို သွားပြောမလဲ **

** အခုမှ အစပဲ ရှိသေးတယ် ကြောက်နေကြပြီလား **

အစရှိသဖြင့် အရသာရှိလှသော comment တွေကို ကြည့်ပြီး မိန့်မိန့်ကြီးကို ပြုံးမိသည်..

တစ်ယောက်သောသူ ထွက်သွားခဲ့စဉ် အခါတုန်းက ကိုယ် (You/Me) တွေရဲ့ မြတ်နိုးမှုလေး ပျက်စီးသွားခဲ့ပြီလို့ ထင်ခဲ့ပေမဲ့လည်း ကိုယ်နဲ့ စိတ်ဓာတ်ချင်းတူကြတဲ့ လူတချို့ ရှိကြသေးတာကြောင့်  ပျက်သုဉ်းသွားခြင်း မရှိခဲ့..

ကိုယ့်ယုံကြည်ရာကို အေးအေးဆေးဆေး ခံစားပြီး ဘယ်သူတွေ ဘာပြောပြော ဘာမှ ပြန်မပြောခဲ့..  အခုတော့ ပြောချိန်တန်ပြီ ထင်ပါရဲ့..

လူတွေ ဆိုတာလည်း မကြွားရ မနေနိုင်ပဲလေနော်..  ကိုယ်တွေရဲ့ မြတ်နိုးရာလေး ပြန်လည် အသက်ဝင်လာတာကြောင့် အရင်က ခိုအောင်းနေတဲ့ မကျေနပ်ချက်တွေရော ပီတိတွေရော အကုန် ဖွင့်ဟ ကြကုန်ပြီ..

မိမိ (You/Me) ကိုယ်တိုင် အပါအ၀င်ပေါ့..

:::: PERHAPS :::: STRANGE ::::

" Junnie.. ထမင်းစားလေ.. ထမင်းမှာ ရယ်စရာတွေ ပါနေလို့လား.. "

တရုတ်ရောက်တုန်း ညီအစ်ကို ၃ယောက် ထမင်းလက်စုံ အတူစားနေကြခြင်း ဖြစ်သည်..

" အာ..  မဟုတ်ပါဘူး.. Seokkie hyung ကလဲ "

"YiXing နဲ့ ပြန်အဆင်ပြေသွားပြီပေါ့လေ "

" ဟုတ်.....  ဟီးဟီး "

ကိုယ့်အစ်ကိုရော ညီတွေရော အကုန်သိကြသည်.. ရှက်တော့ ရှက်စရာ.. 

" Junnie hyung နဲ့ Seokkie hyung တို့ ၂ယောက်အတူ ရှိရင် ကျွန်တော်က အပယ်ခံ ဖြစ်သွားရော "

" အယ်...... "

အခုနောက်ပိုင်း JongDae လေးက MinSeok hyung အစား..  Seokkie hyung လို့သာ ခေါ်တော့သည်...

" မနာလိုတာလား Dae "

" မဟုတ်ပါဘူး.. Junnie hyung "

" ဟုတ်ပါတယ်.. Seokkie hyung ရေ..  ချော့ဖို့သာ ပြင်ထားတော့.. "

" ဟား..  ဟား... ဟား.. ဟား..  "

" Seokkie hyung ဘာလို့ရတာလဲ..  မရယ်နဲ့တော့ဆို "

" ဟာ.. မရယ်ပါနဲ့တော့ဆိုနေ.. Seokkie.. "

အင်း..  တခါတလေ ကျရင်လည်း Seokkie လို့ ခေါ်သေးသည်..

" ဒါနဲ့ ဂျပန်မှာ မနေပဲ ဘာလို့ တရုတ်ကို ရောက်နေတာလဲ Dae "

ကျွန်တော့် အမေးကြောင့် MinSeok hyung မှာ မျက်နှာကို အောက်ချလိုက်သည်..

" Seokkie hyung ကို တွေ့ချင်လွန်းအားကြီးလို့ပေါ့ "

" အဖေ သိရင်တော့ မလွယ်ဘူးနော် "

" ဟင်း...  "

ကျွန်တော့်ရဲ့ စိုးရိမ်တကြီး အပြောနောက်မှာ ၃ယောက်သားရဲ့ သက်ပြင်းချသံသာ ကြီးစိုးသွားတော့သည်..

:::: PERHAPS :::: STRANGE ::::

* ချစ်တယ် JunMyeon *

* ငါလည်း ချစ်တယ် YiXing *

တစ်ယောက်နဲ့ တစ်ယောက် နှုတ်မှ ဖွင့်ဟကြေညာခြင်း မရှိပေမဲ့လည်း မျက်ဝန်းတွေက တစ်ဆင့် ကျွန်တော်တို့ ခံစားလို့ ရပါသည်...

ဖွင့်ဟ ၀န်ခံတော့မှ အချစ်ဆိုတာ ဖြစ်တည်လာတာမှာ မဟုတ်ပဲ ...

မျက်ဝန်းတွေနဲ့ အပြန်အလှန် နှုတ်ဆက်နေကြခြင်းပင်.. ကျွန်တော် သူနဲ့ ဒီလိုမျိုး မျက်လုံးခြင်း ဆက်သွယ် စကားပြော ရတာကို နှစ်သက်သည်.. သူရဲ့ နက်မှောင်နေတဲ့ မျက်ဝန်းတွေထဲမှာ သူပြောသမျှကို အဓိပ္ပာယ် ဖွင့်ရတာ သဘောကျသည်..

" ကောင်းကောင်းသွား JunMyeon "

" အင်း..  Bye bye "

ဒီနေ့ ကျွန်တော် Korea ကို ပြန်ရမဲ့ ရက်ပင်.. China မှာ လုပ်သင့်တဲ့ တာဝန်တွေ ပြီးဆုံးသွားပြီ ဆိုတော့ ကိုယ့်ရပ် ကိုယ့်ဌာနီ ကို ပြန်ရတော့မှာပေါ့.. ကိုယ်က ဒီမှာ ဧည့်သည်မဟုတ်လား..

At Incheon Airport

" ဘာလဲ.. ဘယ်သူမှ လာမကြိုကြဘူးလား "

" သူတို့ လာကြိုပါစေတော့ ဆိုပြီး အတွင်းရေးမှူးကိုတောင် လာမကြို ခိုင်းတာကို "

" အမလေး.. ညီဖြစ်တဲ့ JongIn က လည်း တော်တော် အားကိုးရပါလား. အစ်ကို ဖြစ်သူကို လာကြိုဖော်မရဘူး "

" သူတို့ ဒီနေ့ Schdule မရှိအောင် လုပ်ပေးထားတာကို "

" ငါကတော့ သူတို့အတွက် အကုန်လုပ်ပေးလိုက်ရတာ.. ကောင်းတယ် ကောင်းတယ် "

ဂျွန်မြောင်တစ်ယောက် ဒေါပွပွဖြင့်သာ လေဆိပ်ကနေ အိမ်ကို လာလိုက်ရတော့သည်။ တကယ် ကောင်းကျိုးမပေးတဲ့ ဟာလေးတွေ....

" JunMyeon hyung!!  "

" အမေရေ့!!!  "

အခန်းထဲကို ၀င်ဖို့ မီးအဖွင့် ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် အမြဲခေါင်းခေါက်တတ်သည့် မွေးမိခင်ကို တလိုက်မိသည်..

အခန်းထဲကြည့်တော့ အနှီလူသား ၄ယောက်က စပ်ဖြဲဖြဲနဲ့ ကျွန်တော့်ကိုကြည့်နေသည်.. ဒါနဲ့ နေပါဦး ဘာလို့ ၄ယောက်တည်းလဲ..

" JongIn.. ဘယ်ရောက်နေတာလဲ "

" ဟွန်.. JunMyeon hyung တို့ကတော့ သူ့ညီကိုပဲ.. ဒီက လူတွေက တကူးတက နှူတ်ဆက်တာတောင် အာရုံရပုံမပေါ်ဘူး..  "

စူပုပ်ပုပ် နဲ့ ပြောနေတဲ့ BaekHyun ကြောင့် အားနားမိသားရယ်..

" အာ မဟုတ်ပါဘူး.. Hyun လေးကလည်း.. အားလုံး အတူရှိပြီး သူတစ်ယောက်ပဲ ပျောက်နေလို့ပါ "

" Kyung Soo Hyung နဲ့ တွေ့နေတာ နေမှာ "

အငယ်ဆုံး SeHun စကားကြောင့် မျက်မှောင် အသာကြုံသွားရသည်..

" Kyung Soo??..  သူတို့ ရိုက်နေတဲ့ ရုပ်ရှင်က ပြီးသွားပြီ မဟုတ်ဘူးလား "

" ဟုတ်တယ် hyung ရဲ့.. ဒါပေမဲ့ ရုပ်ရှင်ရိုက်ရင်း ရင်းနှီး သွားကြလို့ အပြင်မှ မကြာ မကြာ တွေ့ဖြစ်တယ်ရယ် "

Tao အပြောကြောင့် မျက်လုံးပြူးသွားရသည် ..

" ဘယ်လို.. ဟို အေးတိအေးစက် နဲ့ ဘယ်သူ့ကိုမှ လိုတာထက် မခေါ်မပြောပဲ တရားသမား Kyung Soo ကေ?"

" ဟုတ်ပါတယ် ဆို "

အမလေး.. ဘယ်လိုတောင် ကျောင်းမှာတုန်းက ကျွန်တော့် ဂျူနီယာ ဖြစ်တဲ့ အူကြောင်ကြား ရေခဲစိမ် KyungSoo နဲ့ စပ်စလူး ချွဲစိန် JongIn နဲ့ တည့်နေကြသတဲ့..

ဘယ်သူ့ကိုမှ သိပ်ပြီး အရောတ၀င်မနေ မခင်တွယ်တတ်တဲ့ JongIn က သူ့ကို ကျွန်တော့်လို သူ့အစ်ကို ထက်တောင် ပိုပြီး ရင်းနှီးနေတယ်ဆိုပဲ..

ကိုယ့်နားကိုယ်တောင် မယုံနိုင်.. သူတို့ ၂ယောက် ရုပ်ရှင်အတူရိုက်မယ်ဆိုတုန်းက ကိုယ့်ညီအကြောင်း ကိုယ်သိလို့ စိုးရိမ်နေခဲ့တာ.. သူတို့က ခရီးကို အတော်ပေါက်လို့ပါလား..

ပင်လယ်ကြီး ရေခမ်းတော့မှာလား.. ကောင်းကင်ကြီး ပြိုကြတော့မှာလား.. ဘုရားသာ တနေရတော့မယ်..

ကိုယ်ထင်နေသလိုသာ ဖြစ်လာရင်??...

JongIn ရေ တစ်ပူကို မငြိမ်းရသေးဘူး နောက်တစ်ပူ ကို မရှို့ပါနဲ့ ဦးလို့သာ စိတ်ထဲက မေတ္တာပို့မိလိုက်သည်..

:::: PERHAPS :::: STRANGE :::

# နိုင်ငံကျော တရုတ်အမျိုးသားအနုပညာရှင် ဖြစ်တဲအဆိုတောမင်းသား YiXing Zhang Varitey Show တစ်ခုကြောင်SEOUL သို ရောက်ရှိ...

သတင်းစာ ခေါင်းကြီးပိုင်း မှာ ပါလာတဲ့ သတင်းအချက်အလက်ကြောင့် နှလုံးခုန်သံတွေဟာ EDM ပွဲထဲ ရောက်သွားသလို တဒုန်းဒုန်းနဲ့..

လွန်ခဲ့တဲ့ ၂ရက် ၃ရက်တည်းက သူ ဒီကို လာမယ်ဆိုပြီး အကြောင်းကြားထားတာကြောင့် စိတ်အတော့်ကို ကျေနပ်ကာ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိ..

" အင်း..  အခုချိန်လောက်ဆို air port ကို ရောက်လောက်ရောပေါ့ "

ဖုန်းကြီးကိုင်ကာ ဟိုထောင် ဒီရွေ့နဲ့ လုပ်နေသော ChanYeol အနားကို ကပ်လိုက်သည်..

ChanYeol နဲ့ အတူ selfie ဆွဲကာ SNS (instagram) ပေါ်တင်အောင် အနည်းငယ် ဖြောင်းဖြနေရသည်..

ကျွန်တော်အခု သူတို့ဆီရောက်နေတယ် ဆိုတာကလည်း သူတို့ come back အတွက်ကြောင့်ပါ.. တော်ကြာ  CEO က အလုပ်မလုပ်ဘဲ အလေလိုက်ပြီး ဟိုသွား ဒီသွား လုပ်နေတယ် ဆိုပြီး တွေးထင်နေကြရင် ဒုက္ခ..

ပြောမရဘူးလေ.. လူတွေက သူများရဲ့ မှားကွက်ကိုပဲ စောင့်ကြည့်နေကြတာ အလုပ်မရှိအလုပ်ရှာပြီး.. နည်းနည်းလေးပဲ ဖြစ်ဖြစ် အပြုအမူတွေ အပြောအဆိုတွေ အတိမ်းအစောင်း ဖြစ်သွားကြည့်ပါလား အဓိပ္ပာယ်ကို တမျိုးကောက် သေးသေး ကို ကြီးကြီးချဲ့ ကာ ငါးရိုးလောက်ကို နွားရိုး လုပ်ချင်နေတဲ့ သူတွေ..

တစ်ခါတစ်ခါ ကျရင်လည်း ထိုလူတွေကို သနားစိတ်ဝင်မိသည်.. အလုပ်မရှိဘူးလားလို့.. ဖြစ်နိုင်ရင် ကိုယ့် ကုမ္ပဏီမှာတောင် အလုပ်ပေးလိုက်ချင်သည်.. ဒါပေမဲ့လည်း ၀န်ထမ်းဆိုတာက စိတ်ဓာတ်ရေးရာ မြင့်မားတဲ့ သူတွေ လေးစားသမှုရှိတဲ့ သူတွေကို ခန့်မှာသာ လုပ်ငန်းတွေလည်း အဆင်ပြေပြီး နိုင်ငံကြီးလည်း တိုးတက်စေနိုင်သလို ကမ္ဘာ ကြီး လည်း သာယာမည် မဟုတ်လား..

ထားပါ ထားပါ..  ကိုယ့်ကြည်လင်နေတဲ့ စိတ်လေးကို မဖျက်ဆီး ချင်....

@zyxzjs just post a photo

** YiXing Ge post တင်ထားတယ် ဟေ့ **

** ဖုန်လာရှင်းတာလား **

** အမလေး...  Instagram password မေ့နေပြီ ထင်နေတာ **

** Korea ကို ရောက်မှ insta သုံးတယ် ဆိုတော့ ဘာလား ဘာလား **

** ဘာလို့ ၂ယောက်ပုံကြီး တင်တာလဲ **

** ဘေးက ဘယ်သူကြီးလား **

** အောမော အောမော အောမော...  အဲ့တာ  CEO လေးနဲ့ မတူဘူးလား **

** CEO Jun လေးနဲ့ တော်တော်ကို တူပါလား **

** B&W နဲ့ ဘာလို့ ရိုက်ထားတာလဲ **

** သေချာဖြဲ ကြည့်ရင် နှူတ်ခမ်းနား မှာ မှည့်လေးတွေတယ် ဟေ့ **

** တကယ်ပဲ JunMyeon Oppa ပေါ့ **

** တို့ HC တွေကို လိမ်လို့ မရပါဘူး ဟင်း..  ဟင်း.. **

** သေချာကြည့်ကြည့် CEO လေး နဲ့ တစ်ပုံဆန် တည်း **

** တော်ရုံသာ သတ်ကြပါ ကိုယ့် OTP လေး **

** ကဲ ကဲ ကဲ..  တချို့သော မမများ ဘာပြောချင်ကြသေးလဲ **

** သေချာနေပါပြီ **

** saved the date ထပ် လုပ်တယ် **

** တကယ်ကြီးပဲပေါ့ **

** ဟား..  မျက်ရည်တွေတောင် ကျနေပြီ **

** ချစ်တယ်.. အရမ်းချစ်တယ် **

ဘယ် SNS မှာ မဆို trending အဖြစ်ဆုံး လူအပြော အများဆုံး ဖြစ်နေတဲ့ Zhang Yi Xing ရဲ့ instagram post ...

Post အောက်မှာလည်း ရာထောင်ချီနေတဲ့ စိတ်လုပ်ရှားပုံပေါ်နေသည့် comment တွေ..

အပြင်မှာပါ လူတိုင်းရဲ့ ပါးစပ်ဖျားတွင် ဟိုးလေး တကျော်ကျော် ဖြစ်နေသည်..

Kpopper များကြားထဲတွင်လည်း တွေ့တာနဲ့ အပြောဖြစ်ဆုံး အကြောင်းအရာပင်..

EXOTICS fan တွေ YiXing နဲ့ JunMyeon ကို ချစ်ပေးကြတဲ့ သူတွေအတွက် အပျော်ရွှင်ဆုံး ရွှေရောင်နေ့ရက်ပင်..

EXOTICS member တွေနဲ့ ပြန်တွေ့မည် JunMyeon နဲ့လည်း ပြန်တွေ့မည် ဆိုသည့် ထင်မြင်ချက်တွေဟာ ဟုတ်တာ မဟုတ်တာက အသာထား တွေးရင်း ပျော်နေတာက fan တွေရဲ့ ထုံးစံတိုင်းပင်..

  :::: PERHAPS :::: STRANGE ::::

ဘာလိုလိုနဲ့ အချိန်တွေဟာ နောက်နှစ်စ ကို ကူးပြောင်းနေချေပြီ.. ကုန်ဆုံးတာ မြန်လွန်းအားကြီး သည်.. ဒီ အတော အတွင်း ကျွန်တော်တို့ ၂ယောက်..  အင်း..  ကျွန်တော် နဲ့ Zhang Yi Xing ဆက်ဆံရေးသည်လည်း အရင်းနှီးဆုံး ဖြစ်လာသည်..

ဒါပေမဲ့လည်းပေါ့ ကျွန်တော်တို့ ဆက်ဆံရေးဟာ ဒီရက်ပိုင်း ကျဲပါးလာသည်.. ၂ယောက်လုံးရဲ့ အလုပ်ရှုပ်နေတဲ့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သိပ်ပြီး အရင်ကလို မဆက်သွယ် ဖြစ်တော့..

သူ့ကို ဖုန်းဆက်ရင်လည်း လူကြီးမင်းနဲ့ တိုးတာက များသည်..  ဖုန်းကိုင်ပြန်ရင်လည်း " မအားသေးလို့ " ဟု ပြန်ဖြေတာက 99.99/100 ဖြစ်သည်...

ကျွန်တော်တို့ တဖြည်းဖြည်း ဝေးကွာလာသည် ဟု ခံစားမိသည်..

အခုတော့ ကျွန်တော်တွေးထင်ထားသလို ဝေးကွာနေတာ မဟုတ်ပဲ နီးစပ်မှုကို မရတော့ နိုင်ကြောင်း SNS တိုင်း လိုလိုမှာ trending ဖြစ်တဲ့ သူ့ သတင်းက သက်သေပြနေသည်..

ဘာတဲ့.. " တရုတ်လူမျိုး အနုပညာရှင် YiXing Zhang ဟာ သူ၏ ချစ်သူ ကို ထုတ်ဖော်ပြသ " ခေါင်းစဉ်အောက်မှာ သူ နဲ့ ထို အမျိုးသမီးတို့ တွဲရိုက်ထားသည့် ပုံတစ်ခု..

ကျွန်တော် ထို အမျိုးသမီးကို ကောင်းကောင်းကြီးသိသည်.   သူမဟာ သူ့ရဲ့ အခုလက်ရှိရိုက်နေတဲ့ ဇာတ်ကားထဲက ခေါင်းဆောင် မင်းသမီးငယ်..

သတင်းစာထဲမှာ ထည့်ထားတဲ့ ပုံကလည်း ထိုကားအတွက် promotion လုပ်တဲ့ ပွဲမှာ ရိုက်ထားတဲ့ ပုံပင်..

အဓိက က အဲ့ဒီ့ပွဲမှာတင်ပဲ သူမကို သူရဲ့ ချစ်သူ အဖြစ် မိတ်ဆက်ပေးခဲ့ခြင်း...

သူ မိတ်ဆက်ပေးပြီး မကြာမီပဲ သူ့ရဲ့ studio နဲ့ entertainment က confirm လိုက်သည်တဲ့...

နေပါဦး entertainment က confirm တယ် ဆိုတော့ MinSeok hyung က??

အဲ့ဒီ့ သတင်းကြား ကြားခြင်း MinSeok hyung ဘာတွေ လုပ်နေတာလဲ လို့ ပထမဦးဆုံး စဉ်းစားမိသည်..  ဒါပေမဲ့ ကျွန်တော့်စိတ်ကို သိနေတဲ့ MinSeok hyung က ဒီလို လုပ်ပါ့မလား??.. အဲ့ဒီ့နေ့တုန်းက MinSeok hyungေ၇ာ Jong Dae ရော အလုပ်အကြောင်းပြကာ ဖုန်းဆက်လာကြတဲ့ အတွက် hyung လုပ်တာတော့ မဖြစ်နိုင်..

နောက်ပြီး MinSeok hyung တမင်တကာ လုပ်နေတာလားလို့ မထင်မိအောင် ဖြစ်စေတဲ့ အချက်က သူမ အပေါ် ကြည့်နေတဲ့ သူ့ရဲ့ ချစ်ရည်တွေ ရွှန်းနေတဲ့ သူ့မျက်ဝန်းတွေ..

မင်းသား တစ်ယောက် မို့လို့ ဒီလို အကြည့်မျိုးတွေ ကြည့်တတ်တာ ဖြစ်နိုင်ပေမဲ့ သူကြည့်နေတဲ့ အကြည့်က ကျွန်တော်တို့ ခေါင်မိုးထပ် မှာရှိနေတဲ့ အချိန်တုန်းက သူ ကျွန်တော့်ကို ကြည့်ခဲ့တဲ့ အကြည့်မျိုး.. (Part Of Friday)

သူ ကျွန်တော့်ကို အဲ့ဒီ့အကြည့်မျိုးနဲ့ ထိုတစ်ခါ သာ ကြည့်ဖူးသည်.. ဒါပေမဲ့ သူမ အပေါ်တွင်တော့ အခေါက် ပေါင်း ဘယ်လောက်တောင် ကြည့်နေခဲ့လည်း ဆိုတာကို မစဉ်းစားချင်..  ဖြစ်နိုင်ရင် ကျွန်တော် သူ့ မျက်လုံးတွေကို ဖောက်ထုတ်ချင်တယ် ဆိုတဲ့ လူယုတ်မာ စိတ်တွေ ၀င်လာမိသည်.. သူမ ကို တကယ် ချစ်သွားခဲ့သည်လား.. ဒါဆို ကျွန်တော်ကရော..

သူ့ရဲ့အကြောင်းတောင်မှ ကျွန်တော် သတင်းထွက်ပြီး နောက်တစ်ရက်နေမှ သိရသည်.. အလုပ်များ လွန်းတာကြောင့် Media တွေကို အာရုံမထားမိ.. သိပြီးသား ဖြစ်နေတဲ့ ဟို ကလေးငယ်တွေလည်း ကျွန်တော့်ကို ဖုံးကွယ်ထားကြသည်.. သူတို့လေးတွေ မျက်နှာ မကောင်းကြပေမဲ့ stress ကြောင့်လို့ပဲလို့ တွေးထင်နေခဲ့တာ ..

ထို သတင်းထွက်ပြီး ညပိုင်းလောက်မှာ JongIn က ကျွန်တော် အခန်းထဲ လာပြီး အတူအောင်ကြရအောင် hyung လို့ ပြောလာခဲ့သည်..  ငယ်ငယ်တည်းက အစ်ကိုတွေဖြစ်တဲ့ သူတို့နဲ့ ဘယ်တော့မှ လာမအိပ်တတ်တဲ့ ကောင်လေးက အဲ့လိုမျိုးတောင်းဆိုကတည်းက  တစ်ခုခုဖြစ်နေလို့ ဆိုတာကို ကျွန်တော် ကြိုသိသင့်သည်..

ပြီးတော့ လွန်ခဲ့တဲ့ ၂ရက် လောက်ကပဲ သူနဲ့ အဆက်အသွယ် ရတယ် နောက်ရက်တွေကျတော့ သူ့ရဲ့ ချစ်သူ ဆိုပြီး ထုတ်ပြတယ်..

" ဟင်း.. Zhang Yi Xing ရယ် ငါလေ မင်းရဲ့ စိတ်တွေကို ၀င်ဖတ်လို့ရရင်လည်း ကောင်းသား.. "

အံ့ဩအားကြီးလွန်းတဲ့ သတင်းကြောင့် ကျွန်တေယ် ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိ..  မျက်ရည်ပင် တစ်ပေါက် မကျသေး..

" မင်း ငါ့ကို ဒီလိုမျိုး အသိမပေးပဲ လုပ်သွားတာ အခု ၂ခါမြောက်..  ငါ မင်းကို နားလည်ပေးလို့ ရနိုင့်ပါ့မလား ဒီလိုမျိုးတွေ လုပ်ရအောင် မင်းမှာ ဘာအကြောင်းပြချက်တွေ ရှိနေတာလဲကွာ.. "

သူတို့ ၂ယောက် ရိုက်နေသည်က နန်းတွင်းကား ဇာတ်လမ်းရှည်ပင်.. အဲ့ဒါကြောင့်များ အနေနီးပြီး သံယောဇဉ် တွယ်သွားခဲ့တာလား.. ထိုကား ရိုက်နေသည်မှာ တော်တော်ကို ကြာပြီ ဖြစ်တာကြောင့် သူတို့ ချစ်ကြိုက်နေသည်က အခုမှရော ဟုတ်ရဲ့ လားဆိုတဲ့ ကယောင် ခြောက်ခြား အတွေးတွေဟာ တစ်ခုထက် မနည်း တိုးဝင်လာသည်..

" ဒီလိုသာ ဆိုရင် မင်း ငါ့ကို ဖုန်းကွယ်ထားခဲ့တာလား.. မင်း ကွယ်ရာမှာ ငါ့လို အရူးတစ်ယောက်ကို လှောင်ရယ်နေမှာလား.. မင်း သိပ်ကို ဟန်ဆောင်ကောင်းလွန်းတယ်.. "

:::: PERHAPS :::: STRANGE ::::

နေ့ရက်တစ်ချို့ကို ကူးပြောင်းလာတာနဲ့ အမျှ ကိုယ့်ကိုယ်ကို ငြီးငွေ့လာသည်.. တစ်ရက် ပြီး တစ်ရက် ကုန်ဆုံးသွားလည်း တူညီနေတဲ့ နေရာမှာ တူညီနဲ့ ပုံစံမျိုးနဲ့ ဖြစ်နေတာ တကယ်ကို ငြီးငွေ့ဖို့ အလွန်တရာကောင်းလှသည်.. စက်ဝိုင်းထဲ မှာ လှည့်လည် သွားလာနေရသလို ဒီနေရာကိုပဲ ပြန်ပြန်ရောက်နေတတ်သည်..

အိမ်ပြန်ရောက်တာနဲ့ အမှောင်ချတဲ့ အခန်းငယ် နဲ့ ခြောက်သွေ့ဖွယ် ညတာကို ဖြတ်သန်းနေရသည်..

SNS တွေထဲလည်း ၀င်မနေချင်ဘူး.. နေ့ရက်တိုင်းမှာ သူ့အကြောင်းအရာတွေပဲ တွေ့နေရမယ် ဆိုတာကို သိနေသည်.. ချီးမွမ်း ၇ရက် ကဲ့ရဲ့ ၇ရက်ဆိုပေမဲ့ ၇ရက် ကြာသွားလည်း မပြီးနိုင်..  ဘယ် ပြီးပါ့ မလဲ  dating ဆိုပြီး ထွက်တဲ့ နောက် တစ်ရက်မှာပဲ သူတို့တွေ မုန့်ထွက်စားတယ် ဆိုတဲ့ သတင်းနဲ့ အတူ ပုံပါ ထပ်တက်လာသည်.. အဲ့ဒီ့သတင်းကလည်း မရေရာတဲ့ သတင်းမျိုး မဟုတ်ပဲ သူမတို့၂ယောက် ကိုယ်တိုင် SNS မှာ တင်ထားသည့် post ပင်..

အင်း..  အဲ့ဒီ့ ပုံထဲမှာ သူဟာ ကျွန်တော် အနှစ်သက်ဆုံး ပါးချိုင့် တွေပေါ်အောင် ပြုံးနေသည်.. တစ်ချိန်က ကျွန်တော် အချစ်ဆုံး အမြတ်နိုးဆုံး ပါးချိုင့် တွေဟာ စိတ်ရှုပ်စရာ အကောင်းဆုံး ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်ရှိသွားခဲ့သည်..

သူ့ရဲ့ အပြုံးတွေကို ကြည့်နေရတာ ကျွန်တော့်နှလုံးသားကို ပိုပြီး နာကျင်စေသည်..

သူသိသည်...  ကျွန်တော့် နှလုံးသား နာကျင်နေတာကို တခြားသူတွေ မသိလည်း သူကတော့ ကောင်းကောင်းသိမှာပါ..

သူ Korea ကို လာတုန်းက ပြောသွားခဲ့သည် သူ ထပ်လာဦးမယ် စောင့်နေ ဆိုပြီး.. အဲ့ဒီ့ကတိကို ကျွန်တော် ယုံခဲ့တယ် ဒါပေမဲ့လည်း သူ လိမ်ညာခဲ့သည်..

ကျွန်တော် သူ့ကို မချစ်ချင်တော့အောင် သူ့ရဲ့ အချစ်တွေကို စိတ်ပျက်အောင် လုပ်ချင်တာက ကျွန်တော့် လောဘ..  ဒါပေမဲ့ ကျွန်တော်ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး..

ကျွန်တော် ညတိုင်းလိုလိုကို မျက်ရည်စက်တွေကို အဖော်ပြပြီး နေခဲ့ရသည်..  ကျွန်တော် အချိန်ဘယ်လောက်ထိ ကြာကြာ ငိုရဦးမလဲ..

နောက်ဆုံးတော့လည်း ကျွန်တော့် အမှားတွေပါပဲ

" မင်း ငါ့ကို ပိုပြီး ချစ်အောင် မလုပ်နိုင်တာ ငါ့အမှား...  မင်း ငါ့ကို ချစ်တာထက် ပိုပြီး မင်းကို ချစ်မိတာ ငါ့အမှား.. ငါ မင်းကို လိုအပ်နေချိန်တွေထက် မင်း ငါ့ကို ချစ်အောင် မလုပ်နိုင်တဲ့ အတွက် အဲ့ဒါလည်း ငါ့အမှားပါပဲ YiXing.. ငါ သာ မင်းကို အရမ်းကြီး မလိုအပ်နေဘူးဆိုရင် မင်း ငါ့ကို ချစ်လာနိုင်အောင် လုပ်လို့ရပေမဲ့..  ငါ့ရဲ့ ဘာမှမဟုတ်တဲ့ လွမ်းစိတ်တွေက မင်း ငါ့ကို ချစ်လာအောင် မလုပ်နိုင်တာပဲ..  ဘာတွေပဲ ဖြစ်ဖြစ် ငါ့အမှားတွေ ပါပဲ YiXing ရယ်...  "

ကျွန်တော် ဟာ အကြီးအကဲ တစ်ယောက် ဖြစ်လို့ ဖြစ်ကတတ်ဆန်း နေလို့ မရပေမဲ့ ကျွန်တော် လူတွေ အရှေ့မှာ ပြုံးရယ်ဖို့နဲ့ သူ့သတင်းတွေကို နားမလည်ချင်အောင် ဆောင်ရဖို့ ကျွန်တော် ဘယ်လိုလုပ်ရမလဲ..

" တစ်ရက်ပြီး တစ်ရက် ပြောင်းလဲသွားရင် ငါ့ဆီမှာ မင်းမရှိဘူး ဆိုတာကို ငါ ပိုပြီး သိလာခဲ့တယ် ဒါပေမဲ့ ငါ့ရဲ့ အချစ်က မင်းအတွက် အမြဲ ရှင်သန်နေဆဲပဲ.. "

သူ သူမ ကို တရားဝင် ကြေညာပြီးကတည်းက ကျွန်တော့်ဆီကို ဘာ ဖြေရှင်းချက်မှလဲ လာမပေးသလို အဆက်အသွယ်လည်း မလုပ်တော့..  ဖြေရှင်းရအောင်လည်း ကျွန်တော်က သူ့အတွက် ဘာမှမဟုတ်ပဲလေ.. သူ ကျွန်တော့်ကို အဆက်အသွယ် လုပ်ဖို့ အထိ မအားလောက်အောင် သူမကို အချိန်ပေးရလို့ ထင်ပါရဲ့...

" ငါ တစ်ယောက်တည်းပဲ စောင့်နေမယ်...
ငါတစ်ယောက်ပဲ နောင်တတွေ ရနေမယ်...
ငါ တစ်ယောက်တည်းပဲ ချစ်မယ် ..."

ကျွန်တော်တို့ ၂ယောက်ကို ချစ်ပေးကြတဲ့ ပရိတ်သတ်တွေကို လည်း ကျွန်တော် တောင်းပန်တယ်..  အမှန်ဆို ကျွန်တော်တို့က ဘာမှ မှ မဟုတ်ပဲလေ.. ကျွန်တော်တို့ သူတို့ကို မျှော်လင့်ချက်တွေ မပေးသင့်ဘူး.. 

" သိလား YiXing..  အဆုံးထိ မျှော်လင့် ပြီးတော့မှ နောက်ဆုံး အဆုံးသတ်က ဘာမှ မဟုတ်ဘူး ဆိုတာကို သိရတဲ့ ခံစားချက်ကို???...  သိပ်ကို နာကျင်ဖို့ ကောင်း လွန်းတယ် "

သူတို့ လေးတွေလည်း ဘာမှ မမှားပါဘူး.. အမှန်တော့ ကျွန်တော့် အမှားပဲ.. နောက်ပြီး သူတို့လေးတွေက နစ်နာသူတွေပါ..

အမှန်ဆို ယောက်ျားလေး တစ်ယောက်က မိန်းကလေး တစ်ယောက်ကို ချစ်ကြိုက်တယ် ဆိုတာ ဖြစ်သင့်တာပဲလေ.. မင်းလို ယောက်ျားကောင်း ပီသပြီး ရင့်ကျက်တဲ့ လူတစ်ယောက် အနေနဲ့ ဆို ပိုပြီး ဖြစ်သင့်တယ်... မဟုတ်ဘူး.. ကျွန်တော်တို့ (Jun&Fans) တွေက ဘာတားပိုင်ခွင့်မှ မရှိပဲရယ်..

ကျွန်တော့်တိုက်ခန်းရဲ့ အပြင် မျက်နှာစာပဲ အမြဲလိုလို ရှိနေတတ်တဲ့ သူ့ ကြေညာ ဆိုင်းဘုတ်ကြီး.. ပါးချိုင့် လေးက ထင်းနေပြီး မထိတထိနဲ့ ပြုံးနေတဲ့ သူ..

လေပြင်းပြင်းတို့က တိုက်ခက်နေတာကြောင့် ကြေငြာဆိုင်းဘုတ်ပေးက လတ်တလော တက်ဆင်ထားတဲ့ ပိုစတာကြီးက တလွင့်လွင့်..

ပြီးတော့ သူ့ကို အခု ငေးကြည့်နေတဲ့ ကျွန်တော်က သူ့အတွက် ပရိသတ်တစ်ယောက် နဲ့ ဆင်တူပါသည်.. သူ့ရဲ့ အသံတွေ သူ့ရဲ့ အပြုအမူတွေကို အဝေးကပဲ ကြည့်နေနိုင်တယ်.. ဒါပေမဲ့ သူ့ကို မပိုင်ဘူး.. ပြီးတော့ သူ့အတွက် လုပ်နိုင်တာကလည်း ငိုတာအပြင် မရှိဘူး..

ကျွန်တော် ကြောက်နေမိတဲ့ အကြောင်းအရင်း.. သူနဲ့ နီးကပ် လာလေ, လေ.. ကျွန်တော့်ရဲ့ ခံစားချက်တွေက ပိုပြီး ကြီးထွားလာ လေ, လေ..  သူနဲ့ အတူရှိခဲ့တဲ့ အချိန်တွေ သူနဲ့ ဖုန်းပြောတဲ့ အချိန်တွေ ဆိုရင် သူ့ကို အဝေးက ကြည့်နေရရုံ ထက် သူ့ကို ပိုင်ဆိုင်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတယ်.. ကိုယ် လောဘ မထားသင့်တဲ့ အရာကို ထားမိလို့များ ကျွန်တော် အခု ဒဏ်ခက်နေရတာလား မသိဘူး..

အချစ်ဆိုတာ ဒီလိုမျိုးလားလေ.. ကျွန်တော်တို့ လုပ်နိုင်တာထက် ပိုပြီး အခုလိုမျိုး နာကျင်နေရတာလား...

၁မိနစ် ၁စက္ကန့် တိုင်း နာကျင်နေရတာတောင် နှလုံးသား ထဲက ထွက်ခွင့်မပြုနိုင်လောက်အောင် ကျွန်တော် သူ့ကို အဲ့လောက်ထိ ချစ်တာ..

ဒါပေမဲ့ အရူးတစ်ယောက်လိုမျိုး ကျွန်တော့်ရဲ့ နှလုံးသား တစ်ခုလုံး နာကျင်နေရတာတောင် ထွက်သွားခွင့် မပြုနိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ အမှား..

ကျွန်တော် ဘာလို့ ဒီလို နာကျင်နေရတာတောင် သူ့ဆီကနေ ဘာလို့ ထွက်မသွားနိုင်ရတာလဲ..

ဟုတ်တယ် အရာအားလုံးက ကျွန်တော့် အပြစ်တွေ..  သူ့ဆီက ရုန်းထွက်မလာနိုင်တာလည်း ကျွန်တော့် အမှား.. သူ့ကို မိုက်ရူးရဲ ဆန်ပြီး စောင့်နေတာလည်း ကျွန်တော့် အမှားပဲ.. နောက်ဆုံး သူ့ကို ဆက်ပြီး ချစ်နေသေးတာလည်း ကျွန်တော့် အမှား..

ကျွန်တော်က သူ့အတွက်ဆို ပိုးဖလံ ကောင်ငယ်လေး လိုပင်.. မီးက ပူမယ်ဆိုတာကို သိပေမဲ့လည်း ကျွန်တော့်အတွက် သူက ပူလောင် ပြင်းပြလွန်းတဲ့ မီး မဟုတ်ပဲ ဖြာကျနေတဲ့ အလင်းရောင် တစ်ခုလိုပင်..

ကျွန်တော့် အတွက် လမ်းပြပေးနေမဲ့ အလင်းရောင် ငယ်လေး..

သူက ကျွန်တော့်အတွက် တန်ဖိုးထားရတဲ့ လူတစ်ယောက်..  နောက်ထပ် မရှိနိုင်တော့တဲ့ လူတစ်ယောက်...  အဲ့ဒီ့ဟာ နဲ့တင် ကျွန်တော့်အတွက် ပြည့်စုံနေပါပြီ.. ဒါတွေဟာ သူ့ကို ကျွန်တော် ချစ်မြတ်နိုးရတဲ့ အကြောင်းအရင်းပင်..

" ဘာပဲ ဖြစ်ဖြစ်  အခုလိုမျိုးလေး ငေးကြည့်နေရရင်တောင် အဆင်ပြေပါတယ်.. ဒီလိုမျိုး လုပ်ရလို့လဲ ငါ့ ကို ခွင့်လွှတ်ပေးပါ.. မင်းကို ချစ်နေသေးတဲ့ လူတစ်ယောက် ကို ခွင့်လွှတ်ပေးပါ YiXing ရယ် "

အချစ်ခံရတဲ့ လူနဲ့ ချစ်ပေးရတဲ့ လူ ဘယ်သူက ပိုပြီး ပင်ပန်းလေမလဲ??

( May 2, 2018 )

#Happy_Tao_Day

Happy Birthday ပါ handsome အဖြစ်ဆုံး C-Pop King ကြီး Zi Tao ssi.. ဆန္ဒနဲ့ ဘ၀ ထပ်တူ ကြပါစေနော်..

ဘာတွေရေးထားမှန်းကို မသိတော့တာပါ... ချက်ချင်းပဲ လေငြိမ် ချက်ချင်းပဲ မုန်တိုင်းတိုက် လိုက်နဲ့...

ဆက်ရေးရဦးမလား??? ကိုယ့်ကိုယ်ကိုယ်

You are reading the story above: TeenFic.Net