(Unicode)
"စီနီယာ...အခုလို စာအုပ်တွေ ဝိုင်းကူသယ်ပေးတဲ့အတွက် ကျေးဇူးပါ"
ကျောင်းကော်ရစ်တာလျှောက်လမ်းတွင် ကောင်လေးနှစ်ယောက် စာအုပ်အထပ်လိုက်နဲ့ ဘေးချင်းယှဥ်ကာ လမ်းလျှောက်လို့နေသည်။
"မလိုပါဘူးကွာ..ကိုယ်က ကူညီခွင့်ရလို့ ပိုပြီး ကျေနပ်သေး"
သူ့ဘေးက အရပ်ရှည်ရှည် ခန္တာကိုယ်လှတဲ့ စီနီယာဖြစ်သူကို သူငေးကြည့်နေခဲ့မိသည်။
အရင်နေ့က သူနဲ့ရွယ်တူဆိုပြီး အတန်းထဲ လက်ကိုဆွဲပြီး ခေါ်သွားမိတဲ့ အမှတ်တရကြီးကတော့ သူခေါင်းထဲ ခုထိ တဝဲဝဲလည်နေဆဲ။
စီနီယာဖြစ်တဲ့ ထိုလူသားကလည်း သူ့ကိုမေးမြန်းခြင်းမရှိပဲ သူ့နောက်ကို လိုက်လာတာကလည်း စီနီယာရဲ့ အမှားပင်!!!
လွဲနေရင်လည်း နည်းနည်းလေးတော့ ပြောပေါ့!! အသံတိတ်နဲ့ သူ့မျက်နှာကို ငေးကြည့်ပြီး လိုက်လာစရာလားလို့!!!
"အဲ့အချိန်တုန်းကဆို ကျွန်တော့်မှာ အားနာလိုက်တာဆိုတာ..."
"ဘာလို့အားနာစရာလဲ!! အဲ့လိုတွေ့ဆုံမှုကြောင့် ကိုယ်တို့အခုလို ပေါင်းဖက်နိုင်တာလေ"
အနောက်ကနေ ဖက်တွယ်လာတဲ့ အကောင်ပေါက်လေးရဲ့ ကိုယ်သင်းနံ့လေးသည် မက်မွန်သီးလေးလို မွှေးပျံ့လို့နေသည်။
လည်ပင်းထဲသို့ ခေါင်းစိုက်လာတဲ့ အကောင်ပေါက်သည် ဆံနွယ်နုနုလေးတွေနဲ့ ပွတ်သက်လို့လာသည်။ ခွေးပေါက်လေးတစ်ကောင်ကဲ့သို့ အမြှီးလေး လှုပ်တုပ်တုပ်လေးလုပ်ပြနေသကဲ့သို့ သူ့မျက်စိထဲ မြင်ယောင်လာတော့သည်။
"ကိုယ့်ကို ဘာဖြစ်လို့ ချွဲပြနေတာလဲ"
"ဒီအတိုင်းပဲ....ခင်ဗျားရဲ့ လည်တိုင်ထက်ပွတ်သက်နေရတာကို သဘောကျလို့"
စာကြည့်တိုက်ထဲတွင် နေရောင်ဖျဖျ ထွန်းလင်းလို့နေသည်။
ထောင့်ဘက်နားမှာရှိတဲ့ စားပွဲခုံတွင် ကောင်လေးတစ်ယောက် ခေါင်းမှောက်ကာ အိပ်စက်လို့နေသည်။ နေရောင်ခြည်ရဲ့ ထိတွေ့ဆော့ကစားမှုကြောင့် မျက်နှာထက်တွင် ဖြာကျလို့နေသည်။
ထိုအချိန် လက်ဖဝါးပြင်တစ်ခုဟာ ထိုနေထိုးနေတဲ့နေရာကို ကာပေးလိုက်လေသည်။
ဖြောင့်စင်းတဲ့မျက်ခုံး...သွယ်လျတဲ့နှာတံ...စူးရှတဲ့အကြည်စူးစူးတွေက သူ့ကိုရင်ခုန်သံမြန်စေသည်။ကျောင်းခေါင်းမိုးထပ်မှာ ဒုတိယမြောက်တွေ့ဆုံမှုမှသည် အကြိမ်ရေမြောက်များစွာ ထိုလူသားကို တွေ့ချင်နေမိသည်။
ထိုလူသားရဲ့ အကြည့်စူးစူးတွေဟာ သူ့ကိုမြင်တဲ့အချိန်တိုင်း ပျော့ပျောင်းလာကာ နူးညံ့စွာကြည့်တတ်တဲ့ အကြည့်တွေကိုလည်း သူအမြဲတမ်း မြင်တွေ့နေရသည်။
"ကိုယ် နိုးနေပါပြီကွာ"
အပြုံးယေးယေးလေးတစ်ခုဟာ မျက်နှာထက်တွင် ဆင်မြန်းလို့ထားလေသည်။ သူရဲ့မျက်စိရှေ့မှာရှိတဲ့ လက်ဖဝါးပြင် နုနုလေးကို သူဖမ်းပြီးဆုပ်ကိုင်လိုက်မိသည်။
နူးညံ့တဲ့ လက်ဖဝါးပြင်လေးကို သူဘက်က မလွတ်စတမ်း ဆုပ်ကိုင်ထားမိပေမဲ့ တစ်ဖက်လူက ပြန်ပြီး ဆုပ်ကိုင်လိုက်မယ်လို့ သူမထင်ထားခဲ့ပေ။
"ကိုယ်မင်းကို သဘောကျတယ်လို့ပြောရင် မင်း ကိုယ့်စကားကို ယုံမှာလား"
"စီနီယာအနေနဲ့ ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ချစ်ရေးဆိုရင်တော့ ကျွန်တော်ယုံကြည်နိုင်လောက်ပါတယ်"
စီနီယာသည် သူ့ရဲ့စကားကြောင့် အပြုံးပန်းဝေလို့လာသည်။ မှောက်အိပ်နေရာမှထကာ ကျောင်းဝတ်စုံကို သေသေသပ်သပ် ပြင်ဆင်လိုက်၏။
သူ့ရှေ့က မြင်မြင်ချင်း ချစ်မိခဲ့တဲ့ ထိုလူသားလေးကို နောက်ဆုံးတော့ သူချစ်ရေးဆိုနိုင်မဲ့ အခွင့်ရေး ရောက်ရှိလို့လာခဲ့သည်။
"ကိုယ် Do Kyungsooဆိုတဲ့ မင်းလေးကို ရင်ထဲက နစ်နစ်ကာကာချစ်နေတာမို့ ကိုယ့်ကို သဘောကျပေးနိုင်လား!!! ကိုယ် မင်းကို ချစ်တယ်"
"ကျွန်တေယ့်ဘက်က ငြင်းဆိုခဲ့ရင်ရော..."
ထိုအကောင်ပေါက်လေးသည် ပြုံးစစ မျက်နှာဘေးနဲ့ စနောက်လို့လာသည်။
"ဒီတစ်ခေါက် မအောင်မြင်ရင် နောက်ထပ်အကြိမ်ပေါင်းများစွာ ကိုယ်ကြိုးစားနေဦးမှာ...မင်းအချစ်တွေ မရသေးသရွေ့ပေါ့"
"ကျွန်တော်....ခင်ဗျားကို...."
"ဟာ....ခင်ဗျား ကျွန်တော့်ဒိုင်ယာရီကို ခိုးဖတ်ပြန်ပြီလား"
သူ့တို့နှစ်ယောက်ရဲ့ ချစ်ရေးဆိုခဲ့တဲ့ အမှတ်တရ
များစွာကို အကောင်ပေါက်လေးသည် လက်ရေးလှလှလေးတွေနဲ့ ဒိုင်ယာရီစာအုပ်ထဲတွင် မှတ်တမ်းတင်လို့ထားလေသည်။
"ဘာလို့လဲကွာ...ဒီအမှတ်တရ တစ်ခုစီတိုင်းက ကိုယ့်တို့ရဲ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရေးလေးတွေပဲလေ...အဲ့တော့ ကိုယ်က ဒိုင်ယာရီ ဖတ်ရတာကို အရမ်းသဘောကျတယ်"
"အဲ့တော့...ခင်ဗျားက ကျွန်တော့်ကို သဘောမကျဘူးပေါ့"
စိတ်ကောင်ချင်ယောင်ဆောင်နေတဲ့ ကောင်ဆိုးလေးကို အတင်းပွေ့ဖက်ကာ နမ်းရှိုက်လိုက်မိသည်။
နှုတ်ခမ်းနှစ်ခု ထပ်တူကျသွားတဲ့အချိန်သည် သူ့ကိုရူးသွပ်သွားစေနိုင်သည်။
မထူမပါး နှုတ်ခမ်းအိအိလေးသည် စွဲမက်စရာကောင်းလှသည်။ဆယ်မိနစ်လောက် နမ်းရှိုက်ပြီးသည်နှင့် ချစ်စကားဆိုကာ သူတို့ရဲ့တစ်နေ့တာလေးသည် ပျော်ရွှင်စရာကောင်းလို့နေသည်။
T~B~C.....
နောက်တစ်ပိုင်းလောက် ထပ်ရေးစေချင်လားအကြံပြုခဲ့ဦးနော်♥
ဒီဇာတ်လမ်းလေးက ဘာplotမှ မရှိပဲ ဒီအတိုင်းလေး ဂျူးမြတ်တို့ချစ်ရတဲ့ လူသားနှစ်ယောက်ကို ချစ်ခြင်းအပြည့်နဲ့ ချစ်မြတ်နိုးမှုလေးတွေကိုဖော်ပြချင်တဲ့ အနေနဲ့ အမှတ်တရလေး ရေးပေးရတာပါ။
ကြိုက်မကြိုက်ကိုလည်း ပြောပြပေးဦးနော်...
(Zawgyi)
"ကိုယ် နိုးနေပါပြီကွာ"
"ကျွန်တော်....ခင်ဗျားကို...."
T~B~C.....
You are reading the story above: TeenFic.Net