[Unicode]
တရွေ့ရွေ့မောင်းလာသောကားလေးကို
Jimin ဦးလေးကမောင်းပြီး
Jungkook ကသူ့ဘေးတွင်ထိုင်ခဲ့သည်။
Seokjin ကတော့ နောက်ခန်းတွင် တစ်ယောက်တည်း အထုပ်ကလေးပိုက်ကာ
ကားမှန်ကနေမှတစ်ဆင့် အပြင်ဘက်ကို
ခပ်ဆွေးဆွေးလေးငေးနေသည်။
ဟိုပြောဒီပြောဖြင့်စကားတွေများလာသော
Jimin ဦးလေးကို Jungkook လျစ်လျူရှုထားကာ သူ့မျက်လုံးအစုံကမူ
နောက်ခန်းတွင် ထိုင်နေပါသည့်
အနှီကောင်လေးဆီ၌သာ
တစိုက်မတ်မတ် ရှိနေသည်။
ထိုကောင်လေးမှာ အထုပ်ကလေးပိုက်ကာ
ကျုံ့ကျုံ့လေးထိုင်နေပါသောကြောင့်
စိတ်သက်သာရာရစေလိုပါသဖြင့်
နောက်လှည့်ကာ စကားပြောလိုက်သည်။
" အိတ်ကိုဘေးခုံမှာ ချထားလို့ရပါတယ်၊
သက်တောင့်သက်သာနေပါ၊
မင်းပုံကိုကြည့်ရတာ သက်တောင့်သက်သာမရှိသလိုပဲ၊
ပင်ပန်းလို့ အိပ်ချင်ရင်လည်း
တစ်မှေးလောက်အိပ်လိုက်လေ "
" သန့်စင်ခန်းသွားချင်တယ် "
" ဟမ် "
Seokjin အသံမှာ တိုးလွန်းလှသဖြင့်
သူတကယ်ကို ဘာမှ
မကြားလိုက်တာဖြစ်သည်။
" သန့်စင်ခန်း ! "
ကားလေးက အနီးနားမှာရှိတဲ့ ကားရပ်နားစခန်းမှာ ရပ်သွားပြီး
Jungkook ကပဲ Seokjin နဲ့အတူတူလိုက်ဆင်းခဲ့၏။
Seokjin လည်းအခွင့်အရေးရသည်နှင့်
ကားရပ်နားစခန်းရဲ့ နောက်ပေါက်ကနေ
ခပ်မြန်မြန် ထွက်ပြေးတော့သည်။
ကြိုတင်ပြင်ဆင်ထားပုံရသည့်
Jungkook က Seokjin နောက်သို့
သူ့ထက်မနှေးသည့်အရှိန်ဖြင့်
ပြေးလိုက်လာသည်။
ပြေးနေရင်း ခလုတ်တိုက်သွားမှုကြောင့်
Seokjin မှာ ဟန်ချက်ပျက်သွားပြီး
အနည်းငယ်နှေးသွားသည်။
ထိုအခွင့်အရေးတွင်
Jungkook က Seokjin ကို မှီလာပြီး
လက်ကိုဆွဲလိုက်နိုင်သည်။
သူတို့၂ယောက် ရုန့်ရင်းဆန်ခတ်ဖြစ်ပြီးနောက်
Jungkook က Seokjin ကို
ခါးကနေမတင်ပြီး မြေပြင်ပေါ်
ပစ်လဲှလိုက်တော့သည်။
သူတို့ပြေးရင်းလိုက်ရင်း
တောင်ကုန်းတစ်ခုအပေါ်သို့
ရောက်နေတာဖြစ်ပြီး
ကြွေကျနေသော ရွက်ခြောက်များကြားတွင်
Seokjin မှာ ခွေခွေလေး လဲကျသွားသည်။
ထပြေးရန်လည်း အားမရှိတော့ပါ။
Jungkook မှာလည်း
ဟောဟဲလိုက်နေပြီဖြစ်၍
Seokjin နံဘေးတွင်
အသာလေး လှဲချလိုက်တော့သည်။
" မင်းအမေက မင်းလွယ်လွယ်
လိုက်လာမှာမဟုတ်ဘူး၊
သေချာပေါက် ထွက်ပြေးလိမ့်မယ်လို့
သတိပေးလိုက်လို့ တော်သေးတယ်၊
သူပြောတာ မှန်နေတာပဲ "
ရုတ်တရက်ပြန်ထကာ ကိုယ်ပေါ်မှ
အမှိုက်တွေကို ဒေါတသကြီးဖယ်နေသော
Seokjin ကို Jungkook လှဲနေရာမှ
လှမ်းပြောလိုက်သည်။
" မင်းမှာ သွားစရာနေရာရှိရဲ့လား ... ?
ပိုက်ဆံရောအလုံအလောက်ရှိတယ်ပေါ့ ?
အခုချိန်မှာ မင်းစိတ်ထဲ
ငါတစ်ယောက်လောက်ကတော့
ဘယ်နေရာရောက်ရောက်
ထမင်းကို ဝ အောင်စားနိုင်မှာပဲ လို့
တွေးနေမိတယ်မလား? "
Jungkook ကထထိုင်လိုက်ပြီး
ဟိုးအဝေးကို ငေးကြည့်ရင်း
ဆက်ပြောလိုက်သည်။
" အဲဒါက မင်းထင်သလောက်မလွယ်လှဘူး၊
မင်းဘယ်လောက်ပဲကြိုးစားပါစေ
အသက်မပြည့်သေးတဲ့သူမို့လို့
အလုပ်လုပ်ရင်လည်း
ခေါင်းပုံဖြတ်ခံရလိမ့်မယ် "
"....."
" ဒါပေမယ့် မင်းအသက် ၂၀ ပြည့်
သွားရင်တော့ အခြေအနေတွေက
မတူတော့ဘူး၊ အသက် ၂၀ ပြည့်တော့မှ၊
အဲဒီအချိန်ရောက်တော့မှ
ထွက်ပြေးရင်ရော ဘယ်လိုလဲ ? "
Seokjin စိတ်ထဲတွင် ထိုသူ၏
စကားကို ယုံလိုက်ချင်နေသည်။
လူတစ်ယောက်ဟာ ချောက်ကမ်းပါးစွန်းမှာ
ခုန်ချဖို့ရောက်နေတဲ့အချိန် တစ်စုံတစ်ယောက်ရောက်လာပြီး
လောကကြီးက လှပတာမို့
မသေပါနဲ့အုံးလို့ ပြောတာကို ယုံချင်နေသည့်ပုံမျိုးပါပင်။
တကယ်လည်း လောကကြီးက
လှလား မလှလား မသိပေမယ့်
ထိုသူစကားကိုသာ
မျက်လုံးစုံမှိတ် ယုံလိုက်ချင်တာမျိုး။
" ဟင်... ဘယ်လိုလဲလို့ ဟင်... "
Jungkookမှာ ကလေးတစ်ယောက်
မုန့်စားချင်၍ပူစာနေသလို
ထပ်ခါထပ်ခါ မေးနေလေတော့သည်။
ထူးဆန်းသည်...
တကယ်ကိုထူးဆန်းလွန်းသည် ...
ဒီလူရဲ့ပါးစပ်က လမင်းဟာ
လေးထောင့်ပါလို့ ပြောရင်တောင်
ယုံချင်မိလောက်သည်အထိ ... ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူ့အမေမှ အကြောင်းစုံ
ပြောပြပြီးတဲ့နောက်တွင်
ထိုအိမ်ကလူကြီးမှာ သူ့ရဲ့ ပထွေးလောင်းလျာဖြစ်ကြောင်း
Seokjin သိလိုက်ရသည်။
"အဲဒီနေ့က ကျွန်တော်
ရထားပေါ်က ခုန်ချလိုက်ရမှာ၊
ကျေးဇူးပြုပြီးတော်ပါတော့၊
ဒီမှာရော ဘယ်လောက်ကြာကြာနေရမှာလဲ ?
၃ လလား? ၄ လလား ?
အဲဒီယောက်ျားက ဘယ်လောက်ကောင်းနိုင်မှာမို့လို့လဲ!!! "
" နင့်အသံကို တိုးလိုက်စမ်း "
ဒေါသတကြီးပြောနေသော Seokjin ကို
သူ့အမေက အိမ်နဲ့ဝေးရာကိုဆွဲခေါ်သွားလိုက်ပြီး
ခပ်လှမ်းလှမ်းရောက်မှ သူ့ကိုပြန်ပြောသည်။
"ဒီတစ်ယောက်က
တခြားသူတွေနဲ့ မတူဘူး။
ဒီတစ်ခါနောက်ဆုံးပါပဲ "
"အမေနဲ့ ကျွန်တော် ၂ယောက် တူတူကြိုးစားလိုက်ရင်
ဘယ်လိုပဲဖြစ်ဖြစ်
အသက်ရှင်ရပ်တည်နိုင်မှာပါ၊
ကျွန်တော် တောင်းပန်ပါတယ်၊
ယောက်ျားတွေကို မြူစွယ်ပြီး
ချူစားတာတွေ မလုပ်ပါနဲ့တော့ "
" ကောင်စုတ်လေး၊ ငါလုပ်နေတာတွေက ဘယ်သူ့အတွက်လဲမသိဘူးလား?
အားလုံး နင့်အတွက်ချည်းပဲ။
နင့်ကို ကျောင်းထားပေးချင်လို့၊
အလုပ်ထွက်လုပ်ဖို့ ကျောင်းမနားရဘဲ သက်တောင့်သက်သာနေစေချင်လို့
ငါက မဖြစ်ဖြစ်တဲ့နည်းနဲ့
ကြိုးစားပေးနေတာလေ၊
နင် ငါ့ကိုဘယ်လို
စောက်စကားပြောလိုက်တာလဲ "
"နင့်အတွက် နင့်အတွက် ဆိုပြီး
လူကြားကောင်းအောင် အမြဲပြောတယ်၊
ကျွန်တော့်ဆန္ဒကို ဘယ်နှခါမေးခဲ့လို့လဲ ?
ကျွန်တော့်ခံစားချက်ကိုရော
ဘယ်တုန်းက ထည့်စဉ်းစားခဲ့လို့လဲ "
" ငါနောက်ဆုံးလို့ ပြောတာ
နင်ဘယ်နှခါ ကြားဖူးသလဲ ?
တကယ်နောက်ဆုံးမလို့ ငါပြောနေတာ။
ဒီတစ်ခါ ဒီအိမ်မှာ နင်တစ်သက်လုံး
နေသွားလို့ရလောက်တယ်၊
ဒီအိမ်ကလူကလေ ငါ့ရဲ့
စကားတစ်ခွန်းဆိုတစ်ခွန်း
အားလုံးဖြည့်ဆည်းပေးတယ်။
ငါတို့နောက်ထပ် ထွက်ပြေးစရာ
အကြောင်းမရှိတော့ဘူး "
"တကယ်နောက်ထပ်မရှိတော့ဘူးလား? "
"တကယ် "
" အကယ်၍များ ဒီအိမ်ကနေ
မောင်းထုတ်ခံရတာပဲဖြစ်ဖြစ်၊
အထုပ်ဆွဲပြီး ထွက်ပြေးရတာပဲဖြစ်ဖြစ်
ကြုံလာခဲ့ရင် အမေ ကျွန်တော့်ကို
လွှတ်ပေးမယ် ဆိုတဲ့ကတိပေး "
" ခွေးကောင်လေး၊ နင်က အမေမရှိဘဲ နေနိုင်မယ်ထင်နေတယ်ပေါ့လေ "
" ကတိပေး၊ မပေးရင် ဒီမှာမနေဘူး "
" ပေးတယ် ပေးတယ် ရပြီလား "
ဒီလိုနဲ့ပဲ Seokjin ဟာ သူ့အမေပြောသော
သူ့ရဲ့နောက်ဆုံးပထွေးဆိုသူနဲ့
တွေ့ရန်အတွက် အိမ်ထဲသို့
ဆွဲခေါ်သွားခြင်းခံရတော့သည်။
အိမ်ကြီးက ရှေးခေတ်ရိုးရာအိမ်ဆိုပေမယ့်
အတွင်းပရိဘောဂတွေကတော့
အများစုက ခေတ်မှီပုံစံတွေဖြစ်သည်။
ဧည့်ခန်းစားပွဲထိပ်ကခုံတွင်
ထိုလူကြီးကထိုင်နေပြီး
Seokjin နဲ့သူ့အမေက
ဘေးတစ်ဖက်စီတွင် ထိုင်လိုက်သည်။
အလွန်ရိုးသားသည့်ပုံနှင့်
ထိုယောက်ျားကြီးမှာ
နေရထိုင်ရခက်နေသည့်ပုံပေါက်နေပြီး
ဘယ်ကစပြောရမှန်းမသိဖြစ်နေပုံရသည်။
" ရှင့်ဘက်က သားလေးကို တစ်ခုခုပြောပေးစေချင်တယ်၊
ဆုံးမတာဖြစ်ဖြစ်
ကောင်းတာတစ်ခုခုပေါ့ "
Seokjin အမေက စပြီး
စကားစပေးလိုက်တော့မှ ထိုလူကြီးက
ချောင်းဟန့်ရင်း တစ်ခုခုစပြောလာသည်။
" ဟို... ဟိုလေ... အင်း...
ဦးလေးက မင်းအမေနဲ့ ...
ဦးမှာသားတစ်ယောက်ရှိတယ်၊
မင်းထက် ၂ နှစ်လောက်ငယ်မယ်ထင်တယ်၊
အဲတော့... သားတစ်ယောက်ရှိရာက
၂ယောက်ဖြစ်သွားသလို၊ အင်း...
အဲဒါကြောင့် ဦးလေးက ဘာပဲဖြစ်ဖြစ်
မင်းကိုအကောင်းဆုံး လုပ်ပေးချင်တယ်၊
မင်းဘက်က မျှော်လင့်တာ၊
ဖြစ်ချင်တာ ရှိရင်လည်းပြောပါ၊
ဦးဘက်က အတတ်နိုင်ဆုံး
လုပ်ပေးမယ်လို့ ကတိပေး "
" ကတိလိုဟာမျိုး မလိုအပ်ဘူး !
အယုံအကြည်လည်းမရှိဘူးလေ၊
ကတိလိုဟာမျိုးထက်
ကျောင်းပဲထားပေး "
Seokjin က မျက်နှာသေနဲ့
ခပ်ပြတ်ပြတ်ပြောလိုက်သဖြင့်
Seokjin အမေမှာ သူ့သားကို
တိုးတိုးလေးကျိန်ဆဲလိုက်ရင်း
အသံကို ထိန်းကာ ပြောလိုက်သည်။
" သားကျောင်းတက်ဖို့ အကြောင်းကို
အမေတို့ တိုင်ပင်ပြီးပါပြီ၊
မနက်ဖြန်ပဲဖြစ်ဖြစ် ချက်ချင်း
တက်လို့ရအောင် စီစဉ်ထားပြီးပြီမို့
အဲဒီအတွက်စိတ်ပူနေစရာမလိုပါဘူး "
ထိုစဉ် အဝေးကအသံတစ်ခုက
အေးစက်နေသော လေထုကို
ဖြိုခွင်းလိုက်သည်။
" Jiminie ပြန်ရောက်ပါပြီ "
ထိုအသံနဲ့အတူ ဧည့်ခန်းထဲကို
ကောင်လေးတစ်ယောက်
ပြေးဝင်လာခဲ့သည်။
ဆိုဖာထောင့်တွင် ထိုင်နေသော
Seokjin ကိုတွေ့သွားတော့
ဝမ်းသာအားရ ဖြစ်သွားပြီး
အသံအကျယ်ကြီး အော်တော့သည်။
" Hyung ! မင်္ဂလာပါ ! "
Seokjin မှာ တည်ငြိမ်နေသောရေပြင်လို
အေးစက်စက် မျက်နှာသေနဲ့
လှည့်ကြည့်လိုက်ပေမယ့်လည်း
Jimin မှာတော့ အပျော်လုံးစို့နေကာ
အပြုံးပန်းတွေ ဝေဆာနေတော့သည်။
.
.
.
" Hyung အခန်းက ပြင်ဆင်နေဆဲမို့ ပြင်ပြီးတဲ့အချိန်ထိပဲ
ကျွန်တော်နဲ့ တစ်ခန်းတည်းသုံးရမှာ
လိုက်ခဲ့လေ Hyung ဒီဘက်မှာ "
သူ့အခန်းရှိရာကို ဦးဆောင်ခေါ်သွားရင်း
တတွတ်တွတ်ပြောသွားလေသည်။
" Hyung က ဒီခုတင်သုံးရင် ရတယ်၊
အဝတ်တွေကို ဒီအကန့်မှာ ထည့်နော်
ကျွန်တော့်ပစ္စည်းတွေ ဖယ်ထားပေးတယ်၊
ခုတင်ပေါ်က ညအိပ်ဝတ်စုံက
Hyung အတွက် ကျွန်တော် လက်ဆောင်ပေးတာ၊
ထူးဆန်းတယ်နော်
ရထားပေါ်မှာ ပထမဆုံးတွေ့ခဲ့ပြီး
အခုတော့ ကျွန်တော်တို့က
မိသားစုတွေ ဖြစ်နေကြပြီ၊
ကျွန်တော်ကလေ ... "
" ရေချိုးခန်းဘယ်မှာလဲ "
Seokjin က သူ့စကားကို
ဖြတ်ပြောလိုက်သည်။
" ဟိုဘက်မှာပါ၊
Hyung ရေချိုးချင်လို့လားဟင်
တူတူချိုးကြမလား "
သူ့ကိုပြန်ဖြေဖို့စိတ်ကူးမရှိသည့်ပုံဖြင့်
Seokjin မှာ ထိုထဲသို့ ဝင်သွားတော့သည်။
" မချိုးချင်လည်း ရပါတယ် "
Jimin မှာ တစ်ကိုယ်တည်းကြားရုံ
လေသံဖြင့် တိုးတိုးလေးသာ ရေရွတ်နေလိုက်တော့သည်။
Seokjin ရေချိုးခန်းထဲဝင်လာခဲ့၏။
ရေချိုးခန်းတစ်ခန်းကပင်
သူအရင်နေခဲ့သည့် အခန်းတစ်ခန်းစာလောက်ရှိပြီး
ရေချိုးကန်ကြီးမှာလည်း အကြီးကြီးပါပင်။
" Hyung မသိမှာစိုးလို့ ပစ္စည်းတွေကို အရောင်နဲ့ခွဲထားပေးတယ်၊
အပြာရောင်က Hyung အတွက်၊
အနီရောင်က ကျွန်တော့်အတွက်၊
သဘက်တွေက
မှန်ဘေးကဗီရိုထဲမှာနော် "
ဘေစင်တွင် တွင်ထားသော
အရောင်သာကွဲသည့် ဆင်တူပစ္စည်းတွေရှိနေသည်။
Seokjin မှာ မျက်နှာသစ်လိုက်ပြီး
မှန်ကိုစိုက်ကြည့်ကာ သက်ပြင်းဖွဖွ
ချလိုက်မိလေတော့သည်။
ဒီပေါက်စက
လူကောင်သေးသလောက်
သောက်ကျိုးနည်းကို
စကားများလွန်းတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
YangYang 🌞
A/N - Daily Update နိုင်အောင် တတ်နိုင်သလောက် ကြိုးစားပါ့မယ်။
ဖတ်တဲ့သူတွေ အကြာကြီး
စောင့်မနေစေချင်ဘူးလေ၊
အဲဒီ feeling ကြီးကို ကိုယ်သိတာမို့ပါ။
Update ကို တတ်နိုင်သမျှ
မြန်မြန်တင်ပေးပါ့မယ်။
ဖတ်ပေးတဲ့ ငယ်လေးတွေ
တစ်ယောက်စီတိုင်းကို
ကျေးဇူးအများကြီးတင်ပါတယ်လို့ >_<
Unicode ဖတ်မရရင်လည်း လာပြောပေးပါအုံးနော်။
ငယ်လေးတို့ ပြောမှ ကိုယ်က သိမှာပါ
ချစ်ပါတယ် 🥺 💞
[Zawgyi]
တေ႐ြ႕ေ႐ြ႕ေမာင္းလာေသာကားေလးကို
Jimin ဦးေလးကေမာင္းၿပီး
Jungkook ကသူ႔ေဘးတြင္ထိုင္ခဲ့သည္။
Seokjin ကေတာ့ ေနာက္ခန္းတြင္ တစ္ေယာက္တည္း အထုပ္ကေလးပိုက္ကာ
ကားမွန္ကေနမွတစ္ဆင့္ အျပင္ဘက္ကို
ခပ္ေဆြးေဆြးေလးေငးေနသည္။
ဟိုေျပာဒီေျပာျဖင့္စကားေတြမ်ားလာေသာ
Jimin ဦးေလးကို Jungkook လ်စ္လ်ဴရႈထားကာ သူ႔မ်က္လုံးအစုံကမူ
ေနာက္ခန္းတြင္ ထိုင္ေနပါသည့္
အႏွီေကာင္ေလးဆီ၌သာ
တစိုက္မတ္မတ္ ရွိေနသည္။
ထိုေကာင္ေလးမွာ အထုပ္ကေလးပိုက္ကာ
က်ဳံ႔က်ဳံ႔ေလးထိုင္ေနပါေသာေၾကာင့္
စိတ္သက္သာရာရေစလိုပါသျဖင့္
ေနာက္လွည့္ကာ စကားေျပာလိုက္သည္။
" အိတ္ကိုေဘးခုံမွာ ခ်ထားလို႔ရပါတယ္၊
သက္ေတာင့္သက္သာေနပါ၊
မင္းပုံကိုၾကည့္ရတာ သက္ေတာင့္သက္သာမရွိသလိုပဲ၊
ပင္ပန္းလို႔ အိပ္ခ်င္ရင္လည္း
တစ္ေမွးေလာက္အိပ္လိုက္ေလ "
" သန႔္စင္ခန္းသြားခ်င္တယ္ "
" ဟမ္ "
Seokjin အသံမွာ တိုးလြန္းလွသျဖင့္
သူတကယ္ကို ဘာမွ
မၾကားလိုက္တာျဖစ္သည္။
" သန႔္စင္ခန္း ! "
ကားေလးက အနီးနားမွာရွိတဲ့ ကားရပ္နားစခန္းမွာ ရပ္သြားၿပီး
Jungkook ကပဲ Seokjin နဲ႔အတူတူလိုက္ဆင္းခဲ့၏။
Seokjin လည္းအခြင့္အေရးရသည္ႏွင့္
ကားရပ္နားစခန္းရဲ႕ ေနာက္ေပါက္ကေန
ခပ္ျမန္ျမန္ ထြက္ေျပးေတာ့သည္။
ႀကိဳတင္ျပင္ဆင္ထားပုံရသည့္
Jungkook က Seokjin ေနာက္သို႔
သူ႔ထက္မေႏွးသည့္အရွိန္ျဖင့္
ေျပးလိုက္လာသည္။
ေျပးေနရင္း ခလုတ္တိုက္သြားမႈေၾကာင့္
Seokjin မွာ ဟန္ခ်က္ပ်က္သြားၿပီး
အနည္းငယ္ေႏွးသြားသည္။
ထိုအခြင့္အေရးတြင္
Jungkook က Seokjin ကို မွီလာၿပီး
လက္ကိုဆြဲလိုက္ႏိုင္သည္။
သူတို႔၂ေယာက္ ႐ုန႔္ရင္းဆန္ခတ္ျဖစ္ၿပီးေနာက္
Jungkook က Seokjin ကို
ခါးကေနမတင္ၿပီး ေျမျပင္ေပၚ
ပစ္လဲွလိုက္ေတာ့သည္။
သူတို႔ေျပးရင္းလိုက္ရင္း
ေတာင္ကုန္းတစ္ခုအေပၚသို႔
ေရာက္ေနတာျဖစ္ၿပီး
ေႂကြက်ေနေသာ ႐ြက္ေျခာက္မ်ားၾကားတြင္
Seokjin မွာ ေခြေခြေလး လဲက်သြားသည္။
ထေျပးရန္လည္း အားမရွိေတာ့ပါ။
Jungkook မွာလည္း
ေဟာဟဲလိုက္ေနၿပီျဖစ္၍
Seokjin နံေဘးတြင္
အသာေလး လွဲခ်လိုက္ေတာ့သည္။
" မင္းအေမက မင္းလြယ္လြယ္
လိုက္လာမွာမဟုတ္ဘူး၊
ေသခ်ာေပါက္ ထြက္ေျပးလိမ့္မယ္လို႔
သတိေပးလိုက္လို႔ ေတာ္ေသးတယ္၊
သူေျပာတာ မွန္ေနတာပဲ "
႐ုတ္တရက္ျပန္ထကာ ကိုယ္ေပၚမွ
အမႈိက္ေတြကို ေဒါတသႀကီးဖယ္ေနေသာ
Seokjin ကို Jungkook လွဲေနရာမွ
လွမ္းေျပာလိုက္သည္။
" မင္းမွာ သြားစရာေနရာရွိရဲ႕လား ... ?
ပိုက္ဆံေရာအလုံအေလာက္ရွိတယ္ေပါ့ ?
အခုခ်ိန္မွာ မင္းစိတ္ထဲ
ငါတစ္ေယာက္ေလာက္ကေတာ့
ဘယ္ေနရာေရာက္ေရာက္
ထမင္းကို ဝ ေအာင္စားႏိုင္မွာပဲ လို႔
ေတြးေနမိတယ္မလား? "
Jungkook ကထထိုင္လိုက္ၿပီး
ဟိုးအေဝးကို ေငးၾကည့္ရင္း
ဆက္ေျပာလိုက္သည္။
" အဲဒါက မင္းထင္သေလာက္မလြယ္လွဘူး၊
မင္းဘယ္ေလာက္ပဲႀကိဳးစားပါေစ
အသက္မျပည့္ေသးတဲ့သူမို႔လို႔
အလုပ္လုပ္ရင္လည္း
ေခါင္းပုံျဖတ္ခံရလိမ့္မယ္ "
"....."
" ဒါေပမယ့္ မင္းအသက္ ၂၀ ျပည့္
သြားရင္ေတာ့ အေျခအေနေတြက
မတူေတာ့ဘူး၊ အသက္ ၂၀ ျပည့္ေတာ့မွ၊
အဲဒီအခ်ိန္ေရာက္ေတာ့မွ
ထြက္ေျပးရင္ေရာ ဘယ္လိုလဲ ? "
Seokjin စိတ္ထဲတြင္ ထိုသူ၏
စကားကို ယုံလိုက္ခ်င္ေနသည္။
လူတစ္ေယာက္ဟာ ေခ်ာက္ကမ္းပါးစြန္းမွာ
ခုန္ခ်ဖို႔ေရာက္ေနတဲ့အခ်ိန္ တစ္စုံတစ္ေယာက္ေရာက္လာၿပီး
ေလာကႀကီးက လွပတာမို႔
မေသပါနဲ႔အုံးလို႔ ေျပာတာကို ယုံခ်င္ေနသည့္ပုံမ်ိဳးပါပင္။
တကယ္လည္း ေလာကႀကီးက
လွလား မလွလား မသိေပမယ့္
ထိုသူစကားကိုသာ
မ်က္လုံးစုံမွိတ္ ယုံလိုက္ခ်င္တာမ်ိဳး။
" ဟင္... ဘယ္လိုလဲလို႔ ဟင္... "
Jungkookမွာ ကေလးတစ္ေယာက္
မုန႔္စားခ်င္၍ပူစာေနသလို
ထပ္ခါထပ္ခါ ေမးေနေလေတာ့သည္။
ထူးဆန္းသည္...
တကယ္ကိုထူးဆန္းလြန္းသည္ ...
ဒီလူရဲ႕ပါးစပ္က လမင္းဟာ
ေလးေထာင့္ပါလို႔ ေျပာရင္ေတာင္
ယုံခ်င္မိေလာက္သည္အထိ ... ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူ႔အေမမွ အေၾကာင္းစုံ
ေျပာျပၿပီးတဲ့ေနာက္တြင္
ထိုအိမ္ကလူႀကီးမွာ သူ႔ရဲ႕ ပေထြးေလာင္းလ်ာျဖစ္ေၾကာင္း
Seokjin သိလိုက္ရသည္။
"အဲဒီေန႔က ကြၽန္ေတာ္
ရထားေပၚက ခုန္ခ်လိုက္ရမွာ၊
ေက်းဇူးျပဳၿပီးေတာ္ပါေတာ့၊
ဒီမွာေရာ ဘယ္ေလာက္ၾကာၾကာေနရမွာလဲ ?
၃ လလား? ၄ လလား ?
အဲဒီေယာက္်ားက ဘယ္ေလာက္ေကာင္းႏိုင္မွာမို႔လို႔လဲ!!! "
" နင့္အသံကို တိုးလိုက္စမ္း "
ေဒါသတႀကီးေျပာေနေသာ Seokjin ကို
သူ႔အေမက အိမ္နဲ႔ေဝးရာကိုဆြဲေခၚသြားလိုက္ၿပီး
ခပ္လွမ္းလွမ္းေရာက္မွ သူ႔ကိုျပန္ေျပာသည္။
"ဒီတစ္ေယာက္က
တျခားသူေတြနဲ႔ မတူဘူး။
ဒီတစ္ခါေနာက္ဆုံးပါပဲ "
"အေမနဲ႔ ကြၽန္ေတာ္ ၂ေယာက္ တူတူႀကိဳးစားလိုက္ရင္
ဘယ္လိုပဲျဖစ္ျဖစ္
အသက္ရွင္ရပ္တည္ႏိုင္မွာပါ၊
ကြၽန္ေတာ္ ေတာင္းပန္ပါတယ္၊
ေယာက္်ားေတြကို ျမဴစြယ္ၿပီး
ခ်ဴစားတာေတြ မလုပ္ပါနဲ႔ေတာ့ "
" ေကာင္စုတ္ေလး၊ ငါလုပ္ေနတာေတြက ဘယ္သူ႔အတြက္လဲမသိဘူးလား?
အားလုံး နင့္အတြက္ခ်ည္းပဲ။
နင့္ကို ေက်ာင္းထားေပးခ်င္လို႔၊
အလုပ္ထြက္လုပ္ဖို႔ ေက်ာင္းမနားရဘဲ သက္ေတာင့္သက္သာေနေစခ်င္လို႔
ငါက မျဖစ္ျဖစ္တဲ့နည္းနဲ႔
ႀကိဳးစားေပးေနတာေလ၊
နင္ ငါ့ကိုဘယ္လို
ေစာက္စကားေျပာလိုက္တာလဲ "
"နင့္အတြက္ နင့္အတြက္ ဆိုၿပီး
လူၾကားေကာင္းေအာင္ အၿမဲေျပာတယ္၊
ကြၽန္ေတာ့္ဆႏၵကို ဘယ္ႏွခါေမးခဲ့လို႔လဲ ?
ကြၽန္ေတာ့္ခံစားခ်က္ကိုေရာ
ဘယ္တုန္းက ထည့္စဥ္းစားခဲ့လို႔လဲ "
" ငါေနာက္ဆုံးလို႔ ေျပာတာ
နင္ဘယ္ႏွခါ ၾကားဖူးသလဲ ?
တကယ္ေနာက္ဆုံးမလို႔ ငါေျပာေနတာ။
ဒီတစ္ခါ ဒီအိမ္မွာ နင္တစ္သက္လုံး
ေနသြားလို႔ရေလာက္တယ္၊
ဒီအိမ္ကလူကေလ ငါ့ရဲ႕
စကားတစ္ခြန္းဆိုတစ္ခြန္း
အားလုံးျဖည့္ဆည္းေပးတယ္။
ငါတို႔ေနာက္ထပ္ ထြက္ေျပးစရာ
အေၾကာင္းမရွိေတာ့ဘူး "
"တကယ္ေနာက္ထပ္မရွိေတာ့ဘူးလား? "
"တကယ္ "
" အကယ္၍မ်ား ဒီအိမ္ကေန
ေမာင္းထုတ္ခံရတာပဲျဖစ္ျဖစ္၊
အထုပ္ဆြဲၿပီး ထြက္ေျပးရတာပဲျဖစ္ျဖစ္
ႀကဳံလာခဲ့ရင္ အေမ ကြၽန္ေတာ့္ကို
လႊတ္ေပးမယ္ ဆိုတဲ့ကတိေပး "
" ေခြးေကာင္ေလး၊ နင္က အေမမရွိဘဲ ေနႏိုင္မယ္ထင္ေနတယ္ေပါ့ေလ "
" ကတိေပး၊ မေပးရင္ ဒီမွာမေနဘူး "
" ေပးတယ္ ေပးတယ္ ရၿပီလား "
ဒီလိုနဲ႔ပဲ Seokjin ဟာ သူ႔အေမေျပာေသာ
သူ႔ရဲ႕ေနာက္ဆုံးပေထြးဆိုသူနဲ႔
ေတြ႕ရန္အတြက္ အိမ္ထဲသို႔
ဆြဲေခၚသြားျခင္းခံရေတာ့သည္။
အိမ္ႀကီးက ေရွးေခတ္႐ိုးရာအိမ္ဆိုေပမယ့္
အတြင္းပရိေဘာဂေတြကေတာ့
အမ်ားစုက ေခတ္မွီပုံစံေတြျဖစ္သည္။
ဧည့္ခန္းစားပြဲထိပ္ကခုံတြင္
ထိုလူႀကီးကထိုင္ေနၿပီး
Seokjin နဲ႔သူ႔အေမက
ေဘးတစ္ဖက္စီတြင္ ထိုင္လိုက္သည္။
အလြန္႐ိုးသားသည့္ပုံႏွင့္
ထိုေယာက္်ားႀကီးမွာ
ေနရထိုင္ရခက္ေနသည့္ပုံေပါက္ေနၿပီး
ဘယ္ကစေျပာရမွန္းမသိျဖစ္ေနပုံရသည္။
" ရွင့္ဘက္က သားေလးကို တစ္ခုခုေျပာေပးေစခ်င္တယ္၊
ဆုံးမတာျဖစ္ျဖစ္
ေကာင္းတာတစ္ခုခုေပါ့ "
Seokjin အေမက စၿပီး
စကားစေပးလိုက္ေတာ့မွ ထိုလူႀကီးက
ေခ်ာင္းဟန႔္ရင္း တစ္ခုခုစေျပာလာသည္။
" ဟို... ဟိုေလ... အင္း...
ဦးေလးက မင္းအေမနဲ႔ ...
ဦးမွာသားတစ္ေယာက္ရွိတယ္၊
မင္းထက္ ၂ ႏွစ္ေလာက္ငယ္မယ္ထင္တယ္၊
အဲေတာ့... သားတစ္ေယာက္ရွိရာက
၂ေယာက္ျဖစ္သြားသလို၊ အင္း...
အဲဒါေၾကာင့္ ဦးေလးက ဘာပဲျဖစ္ျဖစ္
မင္းကိုအေကာင္းဆုံး လုပ္ေပးခ်င္တယ္၊
မင္းဘက္က ေမွ်ာ္လင့္တာ၊
ျဖစ္ခ်င္တာ ရွိရင္လည္းေျပာပါ၊
ဦးဘက္က အတတ္ႏိုင္ဆုံး
လုပ္ေပးမယ္လို႔ ကတိေပး "
" ကတိလိုဟာမ်ိဳး မလိုအပ္ဘူး !
အယုံအၾကည္လည္းမရွိဘူးေလ၊
ကတိလိုဟာမ်ိဳးထက္
ေက်ာင္းပဲထားေပး "
Seokjin က မ်က္ႏွာေသနဲ႔
ခပ္ျပတ္ျပတ္ေျပာလိုက္သျဖင့္
Seokjin အေမမွာ သူ႔သားကို
တိုးတိုးေလးက်ိန္ဆဲလိုက္ရင္း
အသံကို ထိန္းကာ ေျပာလိုက္သည္။
" သားေက်ာင္းတက္ဖို႔ အေၾကာင္းကို
အေမတို႔ တိုင္ပင္ၿပီးပါၿပီ၊
မနက္ျဖန္ပဲျဖစ္ျဖစ္ ခ်က္ခ်င္း
တက္လို႔ရေအာင္ စီစဥ္ထားၿပီးၿပီမို႔
အဲဒီအတြက္စိတ္ပူေနစရာမလိုပါဘူး "
ထိုစဥ္ အေဝးကအသံတစ္ခုက
ေအးစက္ေနေသာ ေလထုကို
ၿဖိဳခြင္းလိုက္သည္။
" Jiminie ျပန္ေရာက္ပါၿပီ "
ထိုအသံနဲ႔အတူ ဧည့္ခန္းထဲကို
ေကာင္ေလးတစ္ေယာက္
ေျပးဝင္လာခဲ့သည္။
ဆိုဖာေထာင့္တြင္ ထိုင္ေနေသာ
Seokjin ကိုေတြ႕သြားေတာ့
ဝမ္းသာအားရ ျဖစ္သြားၿပီး
အသံအက်ယ္ႀကီး ေအာ္ေတာ့သည္။
" Hyung ! မဂၤလာပါ ! "
Seokjin မွာ တည္ၿငိမ္ေနေသာေရျပင္လို
ေအးစက္စက္ မ်က္ႏွာေသနဲ႔
လွည့္ၾကည့္လိုက္ေပမယ့္လည္း
Jimin မွာေတာ့ အေပ်ာ္လုံးစို႔ေနကာ
အၿပဳံးပန္းေတြ ေဝဆာေနေတာ့သည္။
.
.
.
" Hyung အခန္းက ျပင္ဆင္ေနဆဲမို႔ ျပင္ၿပီးတဲ့အခ်ိန္ထိပဲ
ကြၽန္ေတာ္နဲ႔ တစ္ခန္းတည္းသုံးရမွာ
လိုက္ခဲ့ေလ Hyung ဒီဘက္မွာ "
သူ႔အခန္းရွိရာကို ဦးေဆာင္ေခၚသြားရင္း
တတြတ္တြတ္ေျပာသြားေလသည္။
" Hyung က ဒီခုတင္သုံးရင္ ရတယ္၊
အဝတ္ေတြကို ဒီအကန႔္မွာ ထည့္ေနာ္
ကြၽန္ေတာ့္ပစၥည္းေတြ ဖယ္ထားေပးတယ္၊
ခုတင္ေပၚက ညအိပ္ဝတ္စုံက
Hyung အတြက္ ကြၽန္ေတာ္ လက္ေဆာင္ေပးတာ၊
ထူးဆန္းတယ္ေနာ္
ရထားေပၚမွာ ပထမဆုံးေတြ႕ခဲ့ၿပီး
အခုေတာ့ ကြၽန္ေတာ္တို႔က
မိသားစုေတြ ျဖစ္ေနၾကၿပီ၊
ကြၽန္ေတာ္ကေလ ... "
" ေရခ်ိဳးခန္းဘယ္မွာလဲ "
Seokjin က သူ႔စကားကို
ျဖတ္ေျပာလိုက္သည္။
" ဟိုဘက္မွာပါ၊
Hyung ေရခ်ိဳးခ်င္လို႔လားဟင္
တူတူခ်ိဳးၾကမလား "
သူ႔ကိုျပန္ေျဖဖို႔စိတ္ကူးမရွိသည့္ပုံျဖင့္
Seokjin မွာ ထိုထဲသို႔ ဝင္သြားေတာ့သည္။
" မခ်ိဳးခ်င္လည္း ရပါတယ္ "
Jimin မွာ တစ္ကိုယ္တည္းၾကား႐ုံ
ေလသံျဖင့္ တိုးတိုးေလးသာ ေရ႐ြတ္ေနလိုက္ေတာ့သည္။
Seokjin ေရခ်ိဳးခန္းထဲဝင္လာခဲ့၏။
ေရခ်ိဳးခန္းတစ္ခန္းကပင္
သူအရင္ေနခဲ့သည့္ အခန္းတစ္ခန္းစာေလာက္ရွိၿပီး
ေရခ်ိဳးကန္ႀကီးမွာလည္း အႀကီးႀကီးပါပင္။
" Hyung မသိမွာစိုးလို႔ ပစၥည္းေတြကို အေရာင္နဲ႔ခြဲထားေပးတယ္၊
အျပာေရာင္က Hyung အတြက္၊
အနီေရာင္က ကြၽန္ေတာ့္အတြက္၊
သဘက္ေတြက
မွန္ေဘးကဗီ႐ိုထဲမွာေနာ္ "
ေဘစင္တြင္ တြင္ထားေသာ
အေရာင္သာကြဲသည့္ ဆင္တူပစၥည္းေတြရွိေနသည္။
Seokjin မွာ မ်က္ႏွာသစ္လိုက္ၿပီး
မွန္ကိုစိုက္ၾကည့္ကာ သက္ျပင္းဖြဖြ
ခ်လိုက္မိေလေတာ့သည္။
ဒီေပါက္စက
လူေကာင္ေသးသေလာက္
ေသာက္က်ိဳးနည္းကို
စကားမ်ားလြန္းတယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~
YangYang 🌞
A/N - Daily Update ႏိုင္ေအာင္ တတ္ႏိုင္သေလာက္ ႀကိဳးစားပါ့မယ္။
ဖတ္တဲ့သူေတြ အၾကာႀကီး
ေစာင့္မေနေစခ်င္ဘူးေလ၊
အဲဒီ feeling ႀကီးကို ကိုယ္သိတာမို႔ပါ။
Update ကို တတ္ႏိုင္သမွ်
ျမန္ျမန္တင္ေပးပါ့မယ္။
ဖတ္ေပးတဲ့ ငယ္ေလးေတြ
တစ္ေယာက္စီတိုင္းကို
ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ >_<
Unicode ဖတ္မရရင္လည္း လာေျပာေပးပါအုံးေနာ္။
ငယ္ေလးတို႔ ေျပာမွ ကိုယ္က သိမွာပါ
ခ်စ္ပါတယ္ 🥺 💞
You are reading the story above: TeenFic.Net