15

Background color
Font
Font size
Line height

[Unicode]

Seokjin သည် Jungkook အား
အိမ်ရဲ့အပြင်ဘက် မြေကွက်လပ်သို့
အတင်း ဆွဲခေါ်သွားလိုက်သည်။
Jungkook မှာ လေတိုက်ရာ
တိမ်းညွတ်ရသည့် ဝါးပင်ပမာ
Seokjin ဆွဲခေါ်ရာသို့ ပါသွားရပြီး
တုံ့ပြန်မှုတစ်စုံတစ်ရာမရှိသေးပါ။

Seokjin က သူ့မျက်နှာဆီသို့
စာအိတ်အညိုတစ်ခုကို
ပစ်ပေါက်လိုက်ပြီး
ဒေါသတကြီး ပြောလိုက်၏။

" ဒါလေးတစ်ချက်ကြည့်လိုက် ...
လွဲနေတဲ့ အချက်အလက်ရှိလည်း
ပြောနော်... သတင်းထောက်ထက်ကို
ကာယကံရှင်ကိုယ်တိုင်
အတည်ပြုပေးတော့
ပိုတိတိကျကျသိရတာပေါ့ "

Jungkook မှာ မြေကြီးပေါ်
ကျသွားတဲ့ စာအိတ်အညိုကို
ကောက်ယူလိုက်ပြီး
စာရွက်စာတမ်းများကို
ထုတ်ကြည့်လိုက်သည်။
ထို့နောက် အားလုံးကို
ပြန်စုလိုက်ကာ Seokjin ကို
တုံ့ပြန်ပြောလိုက်၏။

"ကိုယ့်ဘက်က ငြင်းစရာမရှိပါဘူး၊
အားလုံးအမှန်တွေပါပဲ... ဒါပေမယ့်
ဒီအကြောင်းတွေကို  တမင်ဖုံးထားခဲ့တာမဟုတ်ပါဘူး...
မပြောဖြစ်သေးတာပဲရှိတာပါ ...
တစ်ချိန်မှာတော့ ကိုယ်အားလုံးကို
ပြောပြဖို့ ရည်ရွယ်ခဲ့တယ်...
ဒါပေမယ့်အခု ဒီလိုမျိုး
အဆုံးသတ်သွားရပြီပဲ..."

"အခုချိန်မှာ ဘယ်လို
အကြောင်းပြချက်ပဲပေးပေး
Jeon Jungkook ပြောသမျှက
ဆင်ခြေတွေထက်ကို မပိုဘူး "

Seokjin စကားကိုကြားတော့
Jungkook လည်း ဘာကိုမှ
ဆက်မရှင်းပြချင်တော့ပါ။
Seokjin ပြောသလိုပဲ
ဒီအချိန်မှာ ဘာစကားပဲပြောပြော
ဆင်ခြေတွေဖြစ်သွားရုံသာရှိ၏။

Jungkook ပုံမှန်သံလေးဖြင့်သာ
Seokjin ကို ပြန်ပြောလိုက်သည်။

" ကောင်းပြီ ... ကိုယ်ဘာမှ
ထပ်မပြောတော့ပါဘူး...
ကိုယ်ဘာပဲပြောပြော ကိုယ်က
ဟုန်းဂျိုဂါက လူဆိုတဲ့
အဖြစ်မှန်ကိုတော့
ဘယ်လိုမှ မပြောင်းလဲနိုင်ဘူးပဲ ...
မင်းဘက်က ဖြစ်စေချင်တာကိုသာ
ကိုယ့်ကိုပြောပါ... ကိုယ့်ဘက်က
ဘာလုပ်ပေးရမလဲ... ကိုယ်
ဘယ်လိုလုပ်ပေးမယ်ဆိုရင်
မင်းစိတ်ကျေနပ်မှာလဲ ? "

" ဘာမှမလုပ်နဲ့ ... ဘာကိုမှလည်း
မဖွင့်ပြောနဲ့ ... စိတ်ရှိတိုင်းသာဆို
ချက်ချင်း မောင်းထုတ်ပစ်လိုက်ချင်ပေမယ့်
Jimin က သဘောတူမယ်မထင်ဘူး...
ပြီးတော့ အလုပ်သမားအသစ်ကလည်း
ချက်ချင်း ရှာဖို့မလွယ်ဘူးလေ ...
Jimin ကို ဒီအကြောင်း မသိစေနဲ့ ...
သူက Jeon Jungkook ကိုဆို
သူ့ကိုယ်သူထက် ပိုယုံတယ်မလား
သူသိသွားရင် တော်တော်လေး
စိတ်ထိခိုက်သွားရှာမှာ...သူ့အပေါ်ကို
အရင်ကထက်ပိုကောင်းပေး...
သူဘာပြောပြော မငြင်းရဘူး...
အမြဲတမ်းအပြစ်ရှိတဲ့စိတ်နဲ့နေသွား...
ပြီးတော့ ငါမောင်းထုတ်မယ့်အချိန်ကို
ငြိမ်ငြိမ်လေးသာ စောင့်နေလိုက် ... "

Seokjin ရဲ့အမိန့်တွေသည်
တစ်ခုပြီးတစ်ခု အလျင်အမြန်
ထွက်ကျလာပြီး Jungkook ရဲ့
လည်မြိုကို အားဖြင့်
လာညှစ်နေသကဲ့သို့ပါပင်။
အသက်ရှူကြပ်လာသလို
ခံစားလာရ၍ Jungkook
ပင့်သက်ရှိုက်လိုက်မိ၏။

Seokjin စကားဆုံးသွားတော့
Jungkook ခပ်တိုးတိုးလေး
ပြန်ပြောလိုက်ပြီး စကားသံ၏
အဆုံးသတ်တွင် သိမ်ဝင်သွားပုံမှာ
သူ Seokjin ကို ဆုံးရှုံးရမည်ကို
ဘယ်လောက်ကြောက်နေကြောင်း
ပေါ်လွင်လွန်းလှ၏။

" ဟုတ်ပြီလေ၊ အဆင်ပြေတယ်...
အားလုံး မင်းဆန္ဒအတိုင်း
ဖြစ်စေရမယ်...
ဒါပေမယ့် ကိုယ်မင်းကို
ချစ်တယ်ဆိုတာကတော့
မုသားမပါတဲ့စကားပဲ ...
ကျေးဇူးပြုပြီး
ဒါလေးတစ်ခုကိုတော့
ယုံကြည်ပေးပါ "

" Kim Seok Jin ဆိုတဲ့
ငါကလေ ဒီအိမ်အပေါ်ရော
ဦးလေးကြီး အပေါ်မှာပါ အကြွေးဆပ်စရာရှိနေတဲ့သူပဲ...
ဒီအိမ်ဒီလုပ်ငန်းကို ပျက်စီးစေဖို့
စိတ်ထဲကနေပဲဖြစ်ဖြစ်
တစ်ကြိမ်ကြံဖူးရင်ကို
ငါ့ရန်သူပဲ.. အဲဒီလူက
ငါချစ်တဲ့ တစ်ဦးတည်းသော
Jeon Jungkook ဒါမှမဟုတ်
သူ့ရဲ့အဖေ ပဲ ဖြစ်နေပါစေ...
ငါကိုယ်တိုင်သတ်ပစ်မှာ !
အဲ့ဒါကို မြဲမြဲမှတ်ထားလိုက် ! "

Seokjin က ထိုစကားလုံးကြမ်းများကို
ပြောပြီးနောက် Jungkook ရဲ့
ပုခုံးတစ်ဖက်အား ဝင်တိုက်ကာ
ထိုနေရာမှ ထွက်ခွါသွားလိုက်သည်။

Jungkook မှာ အတော်ကြာတဲ့အထိ
ထိုနေရာတွင် မလှုပ်မယှက်ရပ်နေခဲ့ပြီး
သူ့ရဲ့နှလုံးသားသည် ကြိုးဖြင့်
အထပ်ထပ် တုံ့နှောင်ခံထားရသကဲ့သို့
အသည်းခိုက်မတတ် နာကျင်မှုကို
ခံစားနေရလေသည်။

Seokjin က သူ့ကို 'မယုံတော့ဘူး' ဟု
ခံစားနေရပြီး ထိုရတနာလေးမှာ
သူ့လက်ထဲကနေ တဖြေးဖြေးမှေးမှိန်
ပျောက်ကွယ်သွားတော့မလိုမျိုး
မလုံခြုံမှုကို ခံစားနေရတော့သည်။

ထိုသူကို လက်လွှတ်လိုက်ရလျှင်
သေဆုံးရခြင်းထက်
အဆပေါင်းများစွာ ပို၍
နာကျင်ရမည်ဖြစ်သည်။

သူသည် အကြင်သူအား
သူ့အသက်ထက်ပင်
အများကြီး ပိုချစ်ခဲ့ပြီး
ပိုတန်ဖိုးထားခဲ့ပါကြောင်းကို
အကြင်သူ သိပါလေစ ...။

~~~~~~~~~~~~~~~~~~~~~~~~~~

Yoongi မှာ လက်ရှိတွင်
ဖြစ်ပွားနေသော ပြဿနာကို
တစ်စွန်းတစ်စကြားမိသည့်အခါ
သူစိတ်အေး၍ မနေနိုင်တော့ပါ။

Jimin ရဲ့ ဦးလေးဖြစ်သူမှာ
ထိုပြဿနာဖြစ်သည့်အချိန်တွင်
အတော်လေး မျက်နှာပျက်နေပြီး
သူနှင့်အကြည့်ချင်းမဆုံရဲဖြစ်နေသည်ကို
Yoongi သတိထားမိလိုက်၏။

သူထိုအကြောင်းကို Seokjin အား
ပြောပြချင်မိသော်လည်း
မှားယွင်းစွပ်စွဲမိမည်ကို စိုးသဖြင့်
အတော်လေး တွေဝေနေခဲ့၏။
၂ ရက်လောက်ကြာတောာ့မှသာ
Seokjin တစ်ယောက်တည်းရှိနေချိန်၌
သူ Seokjin အား ထိုအကြောင်း
ပြောပြလိုက်တော့သည်။

" Hyung ဒီနေရာပဲ၊
ဒီဘက်ကိုကွေ့ချလိုက် "

Yoongi သည် Jimin ဦးလေးသူ့ကို
ခေါ်သွားနေကျ တောင်ဆီသို့
Seokjin နှင့် Jimin အား
လမ်းပြ၍ ခေါ်လာလေသည်။
Jungkook ကိုတော့ Seokjin က
မလိုက်ခိုင်းသဖြင့် ရုံးခန်းတွင်သာ
စောင့်ကျန်နေခဲ့ရလေသည်။

တောင်ပေါ်သို့မောင်းတက်လာပြီး
၁၅ မိနစ်အကြာတွင် သူတို့သည်
သိုလှောင်ရုံတစ်ခုကို ရှာတွေ့ခဲ့၏။
သော့ခတ်ထားသည့်တံခါးကို
Seokjin က ကျောက်တုံးဖြင့်
ထုကာ ဖျက်လိုက်လေသည်။

တံခါးပွင့်သွားပြီးနောက်
သူတို့တွေ့လိုက်ရသည်က
ထုတ်ကုန်ပုလင်းအလွတ်များနှင့်
ရက်လွန်နေသော ဆန်အရက်တွေ
အပြည့်ထည့်ထားသော
ကော်ပုံး၄ ၅ ပုံးပင်ဖြစ်တောသြည်။

တကယ်ကို သက်သေနှင့်တကွ
ဖမ်းမိခဲ့သော်လည်း ထိုတရားခံမှာ
Jimin ရဲ့ ဦးလေးဖြစ်ပြီး
ဒိုဂါရဲ့မန်နေဂျာလည်း
ဖြစ်နေခဲ့လေသည်။

Jimin မှာ အတော်လေး
စိတ်ထိခိုက်သွားရရှာသည်။
Jimin ဆိုသောကောင်လေးမှာ
သူ့ဘေးနားက လူများကို
အရမ်း ခင်တွယ်တတ်ပြီး
အလွန်ယုံကြည်တတ်သောသူဖြစ်သည်။

ထို့ကြောင့် စိတ်ထိခိုက်မှုမှာ
အတော်လေး ကြီးထွားသော်လည်း
သူ့ဦးလေးအား အရေးယူမည့်ကိစ္စကို
တတ်နိုင်သမျှ လျော့ပေါ့ပေးပါရန်
Seokjin ထံသို့ အသနားခံပေးခဲ့၏။

Jimin မျက်နှာကို ငဲ့ကွက်၍
Seokjin သည် Jimin ဦးလေးကို
၆ လစာ လုပ်အားခကို ဖြတ်လိုက်ပြီး
လက်ရှိရာထူးအား တစ်ဆင့်ချလိုက်ကာ
အခြားယုံကြည်ရသောလူအား
မန်နေဂျာရာထူး ခန့်လိုက်၏။

Jimin ဦးလေးမှာ ရှက်စိတ်ဖြင့်
သူ့ဘာသာ ထွက်စာတင်ပြီး
မိဘအိမ်ပြန်နေမည်ဟု ဆိုကာ
ထိုအိမ်မှ ထွက်သွားတော့၏။

Jungkook ရဲ့အပြစ်ကင်းမှုကို
ဖော်ထုတ်နိုင်ခဲ့သဖြင့်
Jungkook ကို အလုပ်တွေ
အရင်အတိုင်း ပြန်အပ်ခဲ့သည်။
အလုပ်ကိစ္စနှင့်ပတ်သက်လျှင်
Seokjin က သူ့ကို အမြဲတမ်
မျက်စိဒေါက်ထောက်
စောင့်ကြည့်နေလေ့ရှိပြီး
တခြားအချိန်များတွင်တော့
အကြည့်တစ်စုံတစ်ရာမျှ
မပေးတော့ပါ။

Jimin နှင့် Yoongi မှာ
အခုရက်ပိုင်းတွင်
ပြန်လည်သင့်မြတ်သွားကာ
သူတို့၂ယောက် ဆက်ဆံရေးမှာ
သာမာန်ထက် ပိုနေသည်ကို
Seokjin ရိပ်မိလေသည်။
Min Yoongi မှာ လူရိုးလေး
ဖြစ်သည့်အတွက် Seokjin အနေနဲ့
သဘောမတူနိုင်စရာ
ဘာအကြောင်းမှ မရှိပါ။

ရက်လွန်နေသော ဆန်အရက်များ
ဈေးကွက်ပြန့်သွားသည့် ကိစ္စမှာလည်း
Jimin ဦးလေးရဲ့ပြောပြချက်အရ
ပို့ခဲ့သော နေရာများကို သိခဲ့ရပြီး
ပစ္စည်းလက်ကျန်များအားလုံးကို
ပြန်လည်သိမ်းနိုင်ခဲ့ပြီး အသစ်များဖြင့်
အစားထိုး လဲလှယ်ပေးခဲ့လေသည်။

ထိုပြဿနာပြီးသွားတော့
ဒိုဂါ ရော စက်ရုံပါ
အရင်အတိုင်း ပြန်လည်
လည်ပတ်ခဲ့ပြီး Seokjin လည်း
စမ်းသပ်ခန်းသို့ တစ်ဖန် ဦးလှည့်ခဲ့ကာ
ဖော်မြူလာအသစ်ကို
စမ်းသပ်ထုတ်လုပ်ခဲ့သည်။

ဒိုဂါတွင် ကန်တော့ပွဲ
အသေးစားလေးလုပ်ခဲ့ပြီး
အိုးသေးသေးလေးဖြင့်
အရသာအသစ်အား Seokjin က
စမ်းသပ်လုပ်ခဲ့ပြီး အချဉ်ဖောက်ရန်
ဂိုဒေါင်ထဲ၌ ထည့်ထားလိုက်၏။

Jungkook သည် ထိုအချိန်များတွင်
အိမ်မှထွက်သွားကာ
ရက်အတော်ကြာ ပြန်မလာခဲ့ပါ။
၁ ပတ်လောက်ကြာမှ
အလုပ်ပြန်တက်လာခဲ့ပြီး
အကြောင်းပြချက်လည်း
ရေရေရာရာ မပေးခဲ့ပါ။

အရင်တစ်ခေါက်ကိစ္စအား
မှားယွင်းစွပ်စွဲမိသည့်အပေါ်
Seokjin သည် Jungkook အား
တောင်းပန်ခဲ့ခြင်းမရှိပါ။
Jungkook ကို သံသယဝင်ခဲ့ခြင်းမှာ
ဖြစ်သင့်သည့်ကိစ္စလိုမျိုးသာ
ထိုအတိုင်း ကျော်သွားခဲ့သည်။

Jungkook သည်လည်း ထပ်ပြီး
အထွန့်တက်မနေတော့ဘဲ
တရားခံရှာတွေ့ခြင်းကိုသာ
ကျေးဇူးတင်နေမိတော့သည်။

မဟုတ်ပါက သူ့ထံထားရှိသော
Seokjin ရဲ့သံသယမှာ
ပို၍ပို၍ ကြီးလာရုံသာရှိတော့၏။
ယခုအချိန်တွင် Seokjin ရဲ့
သံသယများမှာ အနည်းငယ်
ပြေလျော့လာခဲ့သော်လည်း
ခပ်တင်းတင်း ဖြစ်နေတုန်းပင်။

ယခု သူပြင်ဆင်နေသည့် ကိစ္စမှာ
Seokjin ရဲ့ယုံကြည်မှုကို
အပြည့်အဝ ပြန်ရရန်
လုံလောက်ရဲ့လား သူမသိပေမယ့်
နည်းနည်းလေးပဲဖြစ်ဖြစ်
အဖက်ဆည်နိုင်မည် ဟုသာ
မျှော်လင့်မိပါသည်။

အကြင်သူအတွက်
သူ့အဖေနဲ့အကိုဖြစ်သူကို
ထောင်ချပစ်ရန် တွေးခဲ့လေ၏။

~~~~~~~~~~~~~~~~~~~~~~~~~~

Seokjin အချဉ်ဖောက်ထားသော
သူ့အိုးကလေးကို
နေ့တိုင်းလာကြည့်တတ်ပြီး
ထိုနေရာသို့ရောက်ရန်အတွက်
Jungkook တို့အခန်းရှေ့ကနေ
ဖြတ်သွားရမည်ဖြစ်သည်။

Jungkook မှာ အခန်းရှေ့တွင်
အရက်ထိုင်သောက်နေပြီး
Seokjin ကိုတွေ့တော့
လှမ်းခေါ်လိုက်၏။

" Seokjin ah ... ! "

Seokjin မှာ သွားနေရာမှ
ရုတ်တရက် ရပ်တန့်သွားပြီး
Jungkook ရှိရာသို့
လှမ်းကြည့်လိုက်၏။

Jungkook ရဲ့အကြည့်တွေမှာ အရက်ရှိန်ကြောင့် ရီဝေနေပြီး
သူ့ကို ပြုံးပြနေလေရဲ့။
Seokjin ဟိုးအရင်အချိန်တွေကို
ပြန်ရောက်သွားသလို
ခံစားနေရပြီး
မျက်ရည်ဝဲတက်လာ၏။

သူရူးနေပြီ ... သူအသေအချာကို
ရူးနေလေပြီ ....
ထိုသူမှာ ဘယ်သူဘယ်ဝါ
ဖြစ်ကြောင်းကို သိသိရက်နဲ့ ...
ထိုအပြုံးကို ထပ်ပြီး
ကြွေကျမိပြန်ပြီ ...

သူမရူးလျှင် ထိုသူရူးနေ၍သာ
ဖြစ်တော့မည်...။
သူ့ကိုယ်သူ အပြစ်သားမှန်း
သိသိရက်နဲ့ ...
ဘာကိစ္စ ပြုံးပြနေရတာလဲ ...။

ထိုစဉ် Jungkook က သူ့ကို
လက်ယက်ကာ ခေါ်နေ၏။

" Seokjin ah ... ~
ခဏလောက်လာပါအုံး ...
ဒီကို လာခဲ့ပါဆို "

Seokjin မှာ မမှိတ်မသုန်ဖြင့်
Jungkook ကို စိုက်ကြည့်နေပြီး
နေရာမှာသာ ကျောက်ရုပ်လို
ငြိမ်သက်စွာ ရပ်နေခဲ့သည်။

Jungkook မှာ သူ့ဘာသာ
ရယ်လိုက်ပြီး တိုးတိုး
ရေရွတ်လိုက်၏။

" အေးလေ... မင်းမလာမှတော့
ငါပဲ သွားရတော့မှာပေါ့ "

Jungkook မှာ ယိုင်တိုင်တိုင်ဖြင့်
လှေကားမှ ဆင်းလာခဲ့ပြီး
Seokjin ရှေ့သို့ ရောက်လာခဲ့၏။
စာရွက်အပိုင်းအစလေးတစ်ခုကို
Seokjin ရဲ့ ကုတ်အကျႌအိတ်ထဲ
ထည့်ပေးပြီး ပြောလိုက်၏။

" ကိုယ်စကားပြောရင် မဆုံးခင် အမြဲထွက်ထွက်သွားတတ်တယ်နော်၊
အကုန်မပြောလိုက်နိုင်မှာ စိုးလို့
ဒီလို စာတိုလေးလုပ်ထားတာ...
သေချာသိမ်းထားရမယ်နော်...
ဒါလေးက အရေးကြီးတယ်... "

" အခုဘာတွေလုပ်နေတာလဲ "

Seokjin က Jungkook ကို
နားမလည်စွာ မေးလိုက်သည်။
Jungkook ကဒီအတိုင်း
ပြုံးနေကာ ပြောလိုက်၏။

" ကိုယ့်ကို ကတိတစ်ခုပေး...
ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့
မျက်ရည်မကျပါဘူး ဆိုတဲ့ ကတိ "

" ဘာဖြစ်မှာမို့လို့လဲ "

" မင်းသိဖို့မလိုဘူး ...
ကိုယ်အားလုံးဖြေရှင်းမယ်...
မင်းက ကိုယ့်ကို ယုံပြီး
စောင့်နေပေးဖို့ပဲ လိုတာ ....
မငိုရဘူး ပြီးတော့
ဘာမှလျှောက်မလုပ်ရဘူး "

Seokjin မှာ တကယ်ကို
ထို အမူးသမားစကားအား
တစ်လုံးမှ နားမလည်တော့ပါ။
Jungkook သည် သူ့စိတ်ကြိုက်
ပြောချင်ရာပြောပြီးနောက်
Seokjin ရင်ဘတ်ပေါ်သို့
ရုပ်သေးကြိုးပြတ် လဲကျသွား၏။

Seokjin မှာ ထိုအမူးသမားလေးကို
ခါးမှ ဖမ်းထိန်းလိုက်ပြီး
လက်၂ဖက်ဖြင့်
သေချာဖက်ထားရ၏။

Jungkook မှာ သတိရှိနေသေးရာ
Seokjin ခါးကို ပြန်ဖက်လိုက်သည်။
သူပြုတ်ကျမည်ကို စိုးသဖြင့်
ဖက်ထားခဲ့သည်ထင်ရသော်လည်း
Seokjin သူ့ဆီကနေ ဘယ်မှ
ထွက်မသွားနိုင်အောင်
ဖက်ထားသကဲ့သို့ ဖြစ်နေ၏။

ကျစ်ကျစ်ပါအောင်
ဖမ်းဆုပ်ထားပြီး ဘယ်တော့မှ
မလွှတ်တော့မလိုမျိုး...။

Seokjin သည် ကြံရာမရစွာ
Yoongi ကိုသာ
အော်ခေါ်ရတော့သည်။
Yoongi မှာ အိပ်မောကျနေပြီး
အတော်ကြာ နှိုးပြီးမှ
ထ လာခဲ့လေသည်။

Seokjin အနှီအမူးသမားလေးအား
Yoongi ထံသို့ လက်လွှဲပေးလိုက်ကာ
Yoongi က ထိုသူကို
အခန်းထဲသို့ တွဲသွားတော့မှ
သူသွားလက်စကိုသာ
ဆက်သွားလိုက်၏။

~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်နေ့မနက်တွင်
Jungkook သည်
မနက်အစောကြီးထကာ
ရဲစခန်းသို့ သွားရန်
ကားဆီ လျှောက်လာခဲ့၏။

သူကားတံခါးကို ဆွဲဖွင့်ဖွင့်ချင်း
အနောက်ကနေ တုတ်ဖြင့်
ရိုက်ချခံလိုက်ရပြီး
သူ့အမြင်အာရုံအလုံးစုံသည်
အမှောင်အတိ
ဖြစ်သွားလေတော့သည်။

မနက်မိုးလင်းလင်းချင်း
Seokjin သည် အိမ်ရှေ့သို့
လမ်းလျှောက်ထွက်လာခဲ့စဉ် ကားတံခါးပွင့်နေသော
Jungkook ရဲ့ အနက်ရောင်
Parado ကားလေးကို
လှမ်းမြင်လိုက်၏။

သူ ကားအနီးသို့ကပ်သွားကာ
ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်လိုက်တော့ မြေကြီးပေါ်တွင် ကျလျက်ရှိနေသော
ကားသော့ကို ရှာတွေ့၏။

ဘယ်သူကများ တမင်သက်သက်
ကားတံခါးကိုဖွင့်ခဲ့ကာ
ကားသော့အား
မြေကြီးပေါ် ပစ်ချခဲ့မည်နည်း ?

ဖြစ်နိုင်သည်က...

Seokjin အလျင်အမြန်
ဖုန်းကို ထုတ်လိုက်ကာ
Jungkook ဆီသို့ ခေါ်လိုက်၏။
ဖုန်းကို ထပ်ကာထပ်ကာ
ခေါ်နေသော်လည်း
စက်ပိတ်ထားပါသဖြင့်ဟုသာ
ကြားနေရလေသည်။

ထိုသူဆီမှာ ဘာကိစ္စတွေများ
ဖြစ်သွားခဲ့တာလဲ...။

Seokjin မှာ တုန်တုန်ရင်ရင်
ဖြစ်နေပြီး နေရာတွင်ပင်
ထိုင်ကျသွားတော့သည်။

စိတ်ပူလိုက်တာ... Kook
ကျွန်တော် Kook ကို
အရမ်းစိတ်ပူတယ် ...။

~~~~~~~~~~~~~~~~~~~~~~~~~~~

YangYang 🐳

Vote လေးတွေ မြင်ရတော့
အားကိုရှိသွားတာပဲ...
ဒီနေ့ အပျင်းမတစ်တော့ဘူး >_<


[Zawgyi]


Seokjin သည္ Jungkook အား
အိမ္ရဲ႕အျပင္ဘက္ ေျမကြက္လပ္သို႔
အတင္း ဆြဲေခၚသြားလိုက္သည္။
Jungkook မွာ ေလတိုက္ရာ
တိမ္းၫြတ္ရသည့္ ဝါးပင္ပမာ
Seokjin ဆြဲေခၚရာသို႔ ပါသြားရၿပီး
တုံ႔ျပန္မႈတစ္စုံတစ္ရာမရွိေသးပါ။

Seokjin က သူ႔မ်က္ႏွာဆီသို႔
စာအိတ္အညိဳတစ္ခုကို
ပစ္ေပါက္လိုက္ၿပီး
ေဒါသတႀကီး ေျပာလိုက္၏။

" ဒါေလးတစ္ခ်က္ၾကည့္လိုက္ ...
လြဲေနတဲ့ အခ်က္အလက္ရွိလည္း
ေျပာေနာ္... သတင္းေထာက္ထက္ကို
ကာယကံရွင္ကိုယ္တိုင္
အတည္ျပဳေပးေတာ့
ပိုတိတိက်က်သိရတာေပါ့ "

Jungkook မွာ ေျမႀကီးေပၚ
က်သြားတဲ့ စာအိတ္အညိဳကို
ေကာက္ယူလိုက္ၿပီး
စာ႐ြက္စာတမ္းမ်ားကို
ထုတ္ၾကည့္လိုက္သည္။
ထို႔ေနာက္ အားလုံးကို
ျပန္စုလိုက္ကာ Seokjin ကို
တုံ႔ျပန္ေျပာလိုက္၏။

"ကိုယ့္ဘက္က ျငင္းစရာမရွိပါဘူး၊
အားလုံးအမွန္ေတြပါပဲ... ဒါေပမယ့္
ဒီအေၾကာင္းေတြကို  တမင္ဖုံးထားခဲ့တာမဟုတ္ပါဘူး...
မေျပာျဖစ္ေသးတာပဲရွိတာပါ ...
တစ္ခ်ိန္မွာေတာ့ ကိုယ္အားလုံးကို
ေျပာျပဖို႔ ရည္႐ြယ္ခဲ့တယ္...
ဒါေပမယ့္အခု ဒီလိုမ်ိဳး
အဆုံးသတ္သြားရၿပီပဲ..."

"အခုခ်ိန္မွာ ဘယ္လို
အေၾကာင္းျပခ်က္ပဲေပးေပး
Jeon Jungkook ေျပာသမွ်က
ဆင္ေျခေတြထက္ကို မပိုဘူး "

Seokjin စကားကိုၾကားေတာ့
Jungkook လည္း ဘာကိုမွ
ဆက္မရွင္းျပခ်င္ေတာ့ပါ။
Seokjin ေျပာသလိုပဲ
ဒီအခ်ိန္မွာ ဘာစကားပဲေျပာေျပာ
ဆင္ေျခေတြျဖစ္သြား႐ုံသာရွိ၏။

Jungkook ပုံမွန္သံေလးျဖင့္သာ
Seokjin ကို ျပန္ေျပာလိုက္သည္။

" ေကာင္းၿပီ ... ကိုယ္ဘာမွ
ထပ္မေျပာေတာ့ပါဘူး...
ကိုယ္ဘာပဲေျပာေျပာ ကိုယ္က
ဟုန္းဂ်ိဳဂါက လူဆိုတဲ့
အျဖစ္မွန္ကိုေတာ့
ဘယ္လိုမွ မေျပာင္းလဲႏိုင္ဘူးပဲ ...
မင္းဘက္က ျဖစ္ေစခ်င္တာကိုသာ
ကိုယ့္ကိုေျပာပါ... ကိုယ့္ဘက္က
ဘာလုပ္ေပးရမလဲ... ကိုယ္
ဘယ္လိုလုပ္ေပးမယ္ဆိုရင္
မင္းစိတ္ေက်နပ္မွာလဲ ? "

" ဘာမွမလုပ္နဲ႔ ... ဘာကိုမွလည္း
မဖြင့္ေျပာနဲ႔ ... စိတ္ရွိတိုင္းသာဆို
ခ်က္ခ်င္း ေမာင္းထုတ္ပစ္လိုက္ခ်င္ေပမယ့္
Jimin က သေဘာတူမယ္မထင္ဘူး...
ၿပီးေတာ့ အလုပ္သမားအသစ္ကလည္း
ခ်က္ခ်င္း ရွာဖို႔မလြယ္ဘူးေလ ...
Jimin ကို ဒီအေၾကာင္း မသိေစနဲ႔ ...
သူက Jeon Jungkook ကိုဆို
သူ႔ကိုယ္သူထက္ ပိုယုံတယ္မလား
သူသိသြားရင္ ေတာ္ေတာ္ေလး
စိတ္ထိခိုက္သြားရွာမွာ...သူ႔အေပၚကို
အရင္ကထက္ပိုေကာင္းေပး...
သူဘာေျပာေျပာ မျငင္းရဘူး...
အၿမဲတမ္းအျပစ္ရွိတဲ့စိတ္နဲ႔ေနသြား...
ၿပီးေတာ့ ငါေမာင္းထုတ္မယ့္အခ်ိန္ကို
ၿငိမ္ၿငိမ္ေလးသာ ေစာင့္ေနလိုက္ ... "

Seokjin ရဲ႕အမိန႔္ေတြသည္
တစ္ခုၿပီးတစ္ခု အလ်င္အျမန္
ထြက္က်လာၿပီး Jungkook ရဲ႕
လည္ၿမိဳကို အားျဖင့္
လာညႇစ္ေနသကဲ့သို႔ပါပင္။
အသက္ရွဴၾကပ္လာသလို
ခံစားလာရ၍ Jungkook
ပင့္သက္ရႈိက္လိုက္မိ၏။

Seokjin စကားဆုံးသြားေတာ့
Jungkook ခပ္တိုးတိုးေလး
ျပန္ေျပာလိုက္ၿပီး စကားသံ၏
အဆုံးသတ္တြင္ သိမ္ဝင္သြားပုံမွာ
သူ Seokjin ကို ဆုံးရႈံးရမည္ကို
ဘယ္ေလာက္ေၾကာက္ေနေၾကာင္း
ေပၚလြင္လြန္းလွ၏။

" ဟုတ္ၿပီေလ၊ အဆင္ေျပတယ္...
အားလုံး မင္းဆႏၵအတိုင္း
ျဖစ္ေစရမယ္...
ဒါေပမယ့္ ကိုယ္မင္းကို
ခ်စ္တယ္ဆိုတာကေတာ့
မုသားမပါတဲ့စကားပဲ ...
ေက်းဇူးျပဳၿပီး
ဒါေလးတစ္ခုကိုေတာ့
ယုံၾကည္ေပးပါ "

" Kim Seok Jin ဆိုတဲ့
ငါကေလ ဒီအိမ္အေပၚေရာ
ဦးေလးႀကီး အေပၚမွာပါ အေႂကြးဆပ္စရာရွိေနတဲ့သူပဲ...
ဒီအိမ္ဒီလုပ္ငန္းကို ပ်က္စီးေစဖို႔
စိတ္ထဲကေနပဲျဖစ္ျဖစ္
တစ္ႀကိမ္ႀကံဖူးရင္ကို
ငါ့ရန္သူပဲ.. အဲဒီလူက
ငါခ်စ္တဲ့ တစ္ဦးတည္းေသာ
Jeon Jungkook ဒါမွမဟုတ္
သူ႔ရဲ႕အေဖ ပဲ ျဖစ္ေနပါေစ...
ငါကိုယ္တိုင္သတ္ပစ္မွာ !
အဲ့ဒါကို ၿမဲၿမဲမွတ္ထားလိုက္ ! "

Seokjin က ထိုစကားလုံးၾကမ္းမ်ားကို
ေျပာၿပီးေနာက္ Jungkook ရဲ႕
ပုခုံးတစ္ဖက္အား ဝင္တိုက္ကာ
ထိုေနရာမွ ထြက္ခြါသြားလိုက္သည္။

Jungkook မွာ အေတာ္ၾကာတဲ့အထိ
ထိုေနရာတြင္ မလႈပ္မယွက္ရပ္ေနခဲ့ၿပီး
သူ႔ရဲ႕ႏွလုံးသားသည္ ႀကိဳးျဖင့္
အထပ္ထပ္ တုံ႔ေႏွာင္ခံထားရသကဲ့သို႔
အသည္းခိုက္မတတ္ နာက်င္မႈကို
ခံစားေနရေလသည္။

Seokjin က သူ႔ကို 'မယုံေတာ့ဘူး' ဟု
ခံစားေနရၿပီး ထိုရတနာေလးမွာ
သူ႔လက္ထဲကေန တေျဖးေျဖးေမွးမွိန္
ေပ်ာက္ကြယ္သြားေတာ့မလိုမ်ိဳး
မလုံၿခဳံမႈကို ခံစားေနရေတာ့သည္။

ထိုသူကို လက္လႊတ္လိုက္ရလွ်င္
ေသဆုံးရျခင္းထက္
အဆေပါင္းမ်ားစြာ ပို၍
နာက်င္ရမည္ျဖစ္သည္။

သူသည္ အၾကင္သူအား
သူ႔အသက္ထက္ပင္
အမ်ားႀကီး ပိုခ်စ္ခဲ့ၿပီး
ပိုတန္ဖိုးထားခဲ့ပါေၾကာင္းကို
အၾကင္သူ သိပါေလစ ...။

~~~~~~~~~~~~~~~~~~~~~~~~~~

Yoongi မွာ လက္ရွိတြင္
ျဖစ္ပြားေနေသာ ျပႆနာကို
တစ္စြန္းတစ္စၾကားမိသည့္အခါ
သူစိတ္ေအး၍ မေနႏိုင္ေတာ့ပါ။

Jimin ရဲ႕ ဦးေလးျဖစ္သူမွာ
ထိုျပႆနာျဖစ္သည့္အခ်ိန္တြင္
အေတာ္ေလး မ်က္ႏွာပ်က္ေနၿပီး
သူႏွင့္အၾကည့္ခ်င္းမဆုံရဲျဖစ္ေနသည္ကို
Yoongi သတိထားမိလိုက္၏။

သူထိုအေၾကာင္းကို Seokjin အား
ေျပာျပခ်င္မိေသာ္လည္း
မွားယြင္းစြပ္စြဲမိမည္ကို စိုးသျဖင့္
အေတာ္ေလး ေတြေဝေနခဲ့၏။
၂ ရက္ေလာက္ၾကာေတာာ့မွသာ
Seokjin တစ္ေယာက္တည္းရွိေနခ်ိန္၌
သူ Seokjin အား ထိုအေၾကာင္း
ေျပာျပလိုက္ေတာ့သည္။

" Hyung ဒီေနရာပဲ၊
ဒီဘက္ကိုေကြ႕ခ်လိုက္ "

Yoongi သည္ Jimin ဦးေလးသူ႔ကို
ေခၚသြားေနက် ေတာင္ဆီသို႔
Seokjin ႏွင့္ Jimin အား
လမ္းျပ၍ ေခၚလာေလသည္။
Jungkook ကိုေတာ့ Seokjin က
မလိုက္ခိုင္းသျဖင့္ ႐ုံးခန္းတြင္သာ
ေစာင့္က်န္ေနခဲ့ရေလသည္။

ေတာင္ေပၚသို႔ေမာင္းတက္လာၿပီး
၁၅ မိနစ္အၾကာတြင္ သူတို႔သည္
သိုေလွာင္႐ုံတစ္ခုကို ရွာေတြ႕ခဲ့၏။
ေသာ့ခတ္ထားသည့္တံခါးကို
Seokjin က ေက်ာက္တုံးျဖင့္
ထုကာ ဖ်က္လိုက္ေလသည္။

တံခါးပြင့္သြားၿပီးေနာက္
သူတို႔ေတြ႕လိုက္ရသည္က
ထုတ္ကုန္ပုလင္းအလြတ္မ်ားႏွင့္
ရက္လြန္ေနေသာ ဆန္အရက္ေတြ
အျပည့္ထည့္ထားေသာ
ေကာ္ပုံး၄ ၅ ပုံးပင္ျဖစ္ေတာၾသည္။

တကယ္ကို သက္ေသႏွင့္တကြ
ဖမ္းမိခဲ့ေသာ္လည္း ထိုတရားခံမွာ
Jimin ရဲ႕ ဦးေလးျဖစ္ၿပီး
ဒိုဂါရဲ႕မန္ေနဂ်ာလည္း
ျဖစ္ေနခဲ့ေလသည္။

Jimin မွာ အေတာ္ေလး
စိတ္ထိခိုက္သြားရရွာသည္။
Jimin ဆိုေသာေကာင္ေလးမွာ
သူ႔ေဘးနားက လူမ်ားကို
အရမ္း ခင္တြယ္တတ္ၿပီး
အလြန္ယုံၾကည္တတ္ေသာသူျဖစ္သည္။

ထို႔ေၾကာင့္ စိတ္ထိခိုက္မႈမွာ
အေတာ္ေလး ႀကီးထြားေသာ္လည္း
သူ႔ဦးေလးအား အေရးယူမည့္ကိစၥကို
တတ္ႏိုင္သမွ် ေလ်ာ့ေပါ့ေပးပါရန္
Seokjin ထံသို႔ အသနားခံေပးခဲ့၏။

Jimin မ်က္ႏွာကို ငဲ့ကြက္၍
Seokjin သည္ Jimin ဦးေလးကို
၆ လစာ လုပ္အားခကို ျဖတ္လိုက္ၿပီး
လက္ရွိရာထူးအား တစ္ဆင့္ခ်လိုက္ကာ
အျခားယုံၾကည္ရေသာလူအား
မန္ေနဂ်ာရာထူး ခန႔္လိုက္၏။

Jimin ဦးေလးမွာ ရွက္စိတ္ျဖင့္
သူ႔ဘာသာ ထြက္စာတင္ၿပီး
မိဘအိမ္ျပန္ေနမည္ဟု ဆိုကာ
ထိုအိမ္မွ ထြက္သြားေတာ့၏။

Jungkook ရဲ႕အျပစ္ကင္းမႈကို
ေဖာ္ထုတ္ႏိုင္ခဲ့သျဖင့္
Jungkook ကို အလုပ္ေတြ
အရင္အတိုင္း ျပန္အပ္ခဲ့သည္။
အလုပ္ကိစၥႏွင့္ပတ္သက္လွ်င္
Seokjin က သူ႔ကို အၿမဲတမ္
မ်က္စိေဒါက္ေထာက္
ေစာင့္ၾကည့္ေနေလ့ရွိၿပီး
တျခားအခ်ိန္မ်ားတြင္ေတာ့
အၾကည့္တစ္စုံတစ္ရာမွ်
မေပးေတာ့ပါ။

Jimin ႏွင့္ Yoongi မွာ
အခုရက္ပိုင္းတြင္
ျပန္လည္သင့္ျမတ္သြားကာ
သူတို႔၂ေယာက္ ဆက္ဆံေရးမွာ
သာမာန္ထက္ ပိုေနသည္ကို
Seokjin ရိပ္မိေလသည္။
Min Yoongi မွာ လူ႐ိုးေလး
ျဖစ္သည့္အတြက္ Seokjin အေနနဲ႔
သေဘာမတူႏိုင္စရာ
ဘာအေၾကာင္းမွ မရွိပါ။

ရက္လြန္ေနေသာ ဆန္အရက္မ်ား
ေဈးကြက္ျပန႔္သြားသည့္ ကိစၥမွာလည္း
Jimin ဦးေလးရဲ႕ေျပာျပခ်က္အရ
ပို႔ခဲ့ေသာ ေနရာမ်ားကို သိခဲ့ရၿပီး
ပစၥည္းလက္က်န္မ်ားအားလုံးကို
ျပန္လည္သိမ္းႏိုင္ခဲ့ၿပီး အသစ္မ်ားျဖင့္
အစားထိုး လဲလွယ္ေပးခဲ့ေလသည္။

ထိုျပႆနာၿပီးသြားေတာ့
ဒိုဂါ ေရာ စက္႐ုံပါ
အရင္အတိုင္း ျပန္လည္
လည္ပတ္ခဲ့ၿပီး Seokjin လည္း
စမ္းသပ္ခန္းသို႔ တစ္ဖန္ ဦးလွည့္ခဲ့ကာ
ေဖာ္ျမဴလာအသစ္ကို
စမ္းသပ္ထုတ္လုပ္ခဲ့သည္။

ဒိုဂါတြင္ ကန္ေတာ့ပြဲ
အေသးစားေလးလုပ္ခဲ့ၿပီး
အိုးေသးေသးေလးျဖင့္
အရသာအသစ္အား Seokjin က
စမ္းသပ္လုပ္ခဲ့ၿပီး အခ်ဥ္ေဖာက္ရန္
ဂိုေဒါင္ထဲ၌ ထည့္ထားလိုက္၏။

Jungkook သည္ ထိုအခ်ိန္မ်ားတြင္
အိမ္မွထြက္သြားကာ
ရက္အေတာ္ၾကာ ျပန္မလာခဲ့ပါ။
၁ ပတ္ေလာက္ၾကာမွ
အလုပ္ျပန္တက္လာခဲ့ၿပီး
အေၾကာင္းျပခ်က္လည္း
ေရေရရာရာ မေပးခဲ့ပါ။

အရင္တစ္ေခါက္ကိစၥအား
မွားယြင္းစြပ္စြဲမိသည့္အေပၚ
Seokjin သည္ Jungkook အား
ေတာင္းပန္ခဲ့ျခင္းမရွိပါ။
Jungkook ကို သံသယဝင္ခဲ့ျခင္းမွာ
ျဖစ္သင့္သည့္ကိစၥလိုမ်ိဳးသာ
ထိုအတိုင္း ေက်ာ္သြားခဲ့သည္။

Jungkook သည္လည္း ထပ္ၿပီး
အထြန႔္တက္မေနေတာ့ဘဲ
တရားခံရွာေတြ႕ျခင္းကိုသာ
ေက်းဇူးတင္ေနမိေတာ့သည္။

မဟုတ္ပါက သူ႔ထံထားရွိေသာ
Seokjin ရဲ႕သံသယမွာ
ပို၍ပို၍ ႀကီးလာ႐ုံသာရွိေတာ့၏။
ယခုအခ်ိန္တြင္ Seokjin ရဲ႕
သံသယမ်ားမွာ အနည္းငယ္
ေျပေလ်ာ့လာခဲ့ေသာ္လည္း
ခပ္တင္းတင္း ျဖစ္ေနတုန္းပင္။

ယခု သူျပင္ဆင္ေနသည့္ ကိစၥမွာ
Seokjin ရဲ႕ယုံၾကည္မႈကို
အျပည့္အဝ ျပန္ရရန္
လုံေလာက္ရဲ႕လား သူမသိေပမယ့္
နည္းနည္းေလးပဲျဖစ္ျဖစ္
အဖက္ဆည္ႏိုင္မည္ ဟုသာ
ေမွ်ာ္လင့္မိပါသည္။

အၾကင္သူအတြက္
သူ႔အေဖနဲ႔အကိုျဖစ္သူကို
ေထာင္ခ်ပစ္ရန္

You are reading the story above: TeenFic.Net