ရန်ဘက်ချစ်သူ(Taejin)1

Background color
Font
Font size
Line height

Unicode,

ဘုန်း

Jin-တောက်စ်..Kim Tae Hyung!! အယုတ်တမာကောင်

လွယ်အိတ်ကိုခုံပေါ်အားပါပါပစ်တင်ရင်း ဒေါသတကြီးအော်ဟစ်နေတဲ့

သူ့သူငယ်ချင်းလေးကိုကြည့်ကာ Jung Kookမှာရင်တမမ

JK-Kim Tae Hyungနဲ့ရန်ဖြစ်လာပြန်ပြီလား

Jin-ဟုတ်တယ်ကွာ

JK-ဟူး..မင်းမလည်းကွာ သူနဲ့တစ်ရက်လေးရန်မဖြစ်ရရင်တောင်မနေနိုင်တော့ဘူးလား

Jin-ဟာ့..ငါကဖြစ်ချင်လို့ဖြစ်နေရတာမှမဟုတ်တာ အဲ့ကောင်ဘက်ကငါ့ကိုအရင်လာစတာလေ မင်းလည်းသိတဲ့အတိုင်းဘဲ ငါကKim Tae Hyungအကြောဆိုနည်းနည်းလေးမှခံချင်တာမဟုတ်ဘူး

လက်သီးလေးနှစ်ဖက်ကိုတင်းနေအောင်ဆုပ်ကာ မျက်နှာလေးရဲတွတ်နေတဲ့ကောင်လေးသည် Kim Seok Jinမှဟုတ်ပါစ...

အမြဲတမ်း ဘယ်သူ့ကိုမဆိုအရောတဝင်အရေးမလုပ်တတ်တဲ့ကောင်လေးဟာ သူ့ရဲ့ရန်ဘက်Kim Tae Hyungရှေ့မှာဆို မာန်ဖီနေတဲ့ခွေးပေါက်လေးလိုလို

Jin-တော်ပြီကွာ ငါအိမ်ပြန်တော့မယ် အတန်းတက်ချင်စိတ်လုံးဝမရှိတော့ဘူး

သူကိုယ်တိုင်ခုံပေါ်ပစ်တင်ထားတဲ့လွယ်အိတ်ကို အကြမ်းပတမ်းဆွဲယူပြီးထွက်သွားဟန်ပြင်နေတဲ့Seok Jinလက်မောင်းကိုတစ်စုံတစ်ယောက်ကလှမ်းဆွဲတော့

Jin-Kim Tae Hyung!! မင်းဒါဘာလုပ်တာလည်းဖယ်စမ်း

လက်ကိုအတင်းရုန်းသော်လည်း မလွှတ်ပေးတဲ့အပြင် ပိုပြီးတော့တောင် ဆုပ်ကိုင်ခံထားရသေးသည်

Tae-Kim Seok Jin..မင်းငါ့ကိုရှုံးပြီး ဒေါသထွက်နေတဲ့ပုံကလေ မသေသေးတဲ့ငါးကိုဆားနယ်ထားသလိုဘဲ ဖျက်ဖျက်ကိုလူးနေတာဘဲ ကြည့်ရဆိုးလိုက်တာကိုက

သူ့ကိုခနဲ့တဲ့တဲ့ပြောလာတဲ့Tae Hyungရဲ့မျက်နှာကို အခုချိန်မှာစုတ်ပြတ်သတ်သွားအောင်ထိုးပစ်လိုက်ချင်သည်

Jin-မင်းလက်ကိုလွှတ်စမ်းKim Tae Hyung..လူတွေဘာတွေဝိုင်းကြည့်နေလည်း ငါဂရုစိုက်နေမှာမဟုတ်ဘူးနော်

သူတို့အခုကန်တင်းမှာရန်ဖြစ်နေတာမို့ လူအများကလည်းကွက်ကြည့်ကွက်ကြည့် တစ်ချို့ကလည်းသူတို့ရန်ဖြစ်နေတာအမြဲလိုလိုမို့ ဂရုတောင်မပြုလေတော့

ထိုအခါမှသူ့လက်မောင်းကိုဆွဲကိုင်ထားတဲ့Tae Hyungရဲ့လက်တွေဟာ အလုံးစုံပြေလျော့သွားတော့သည်

Tae-ငါရှက်လို့တော့မဟုတ်ဘူးနော် မင်းကိုသနားလို့..ရှုံးပြီးသားလူကို ထပ်ပြီးမနှိပ်စက်ချင်တော့လို့ ငါအသာတကြည်ထွက်သွားပေးမယ်

Tae Hyungလှည့်ထွက်သွားတော့ Seok Jinထိုင်ခုံကိုအားပါပါပိတ်ကန်ကာ ထိုနေရာမှထွက်လာခဲ့၏

JK-သူတို့နှစ်ယောက်ဘာဖြစ်ပြန်ပြီလည်းJimin

သူတို့နှစ်ယောက်ထွက်သွားမှ ဘေးနားမှာရပ်နေတဲ့Jung Kookဟာ သက်ပြင်းတစ်ချက်ချကာ Tae Hyungသူငယ်ချင်းဖြစ်သူJiminကိုမေးခွန်းထုတ်လာခြင်း

Jimin-ဒီလိုပါကွာ Seok Jin, Go Raကိုကြိုက်နေတာမင်းလည်းသိတယ်မလား

JK-အေးလေ သိတာပေါ့

Jimin-အဲ့တာ ဒီမနက်Seok JinကGo Raကိုသွားဖွင့်ပြောတော့ Tae Hyungနဲ့Go Raနဲ့ကရည်းစားတွေတောင်ဖြစ်နေပြီ

JK-ဘာ!! ဘယ်လို

Jung Kookတကယ်ကိုလန့်သွားခြင်းပင် ဘယ်တော့မှမိန်းကလေးတွေကိုစိတ်မဝင်စားတဲ့Tae HyungကPark Go Raနဲ့တောင်ရည်းစားဖြစ်လိုက်သေးသတဲ့

Jimin-ဟုတ်တယ် မင်းကြားတဲ့အတိုင်းဘဲ..ဘယ်ကနေဘယ်လိုGo Raနဲ့Tae Hyungနဲ့ရည်းစားဖြစ်လိုက်မှန်းတောင်ငါမသိပါဘူးကွာ..အဲ့တာSeok JinကGo Raကိုသွားဖွင့်ပြောတော့ ဟိုကပက်ပက်စက်စက်ပြောလွှတ်လိုက်တယ်ထင်ပါရဲ့ ပြီးတော့Tae Hyungနဲ့Seok Jinကိုနှိုင်းယှဥ်ပြီးတော့တောင်ပြောလိုက်သေးတယ်..ဘယ်လောက်ဘဲကိုယ်ကြိုက်နေတဲ့သူဖြစ်ဖြစ် ကိုယ့်ရန်သူနဲ့နှိုင်းပြောခံလိုက်ရတော့ သူလည်းဒေါသထွက်မှာပေါ့ အဲ့တာပါဘဲ

JK-အော်..အဲ့တာကြောင့် Kim Tae Hyungမျက်နှာကဂုဏ်ဆာနေသလိုကြီးဖြစ်နေတာကို

Jiminကခေါင်းတချက်ငြိမ့်ပြရင်း ခုံပေါ်မှာတင်ထားတဲ့ ဘူးထဲကထမင်းလိပ်သုံးခုကိုယူကာ ပါးစပ်ထဲသိမ်းကြုံးပစ်ထည့်လိုက်သည်

~~~~~~~~~~~~~~~~~~~~

Seok Jinတကယ်ခံပြင်းပါသည် Park Go Raကိုအရမ်းကြီးကြိုက်နေတာမဟုတ်ပေမယ့်လည်း သူကချောတော့စိတ်ဝင်စားယုံလောက်ပါ ကျန်တာဘာအကန့်မှမရှိ

ကိုယ်ကအပိုင်ဘဲလို့တွက်ထားတဲ့အချိန်ကျမှ ရှုံးနိမ့်သွားတဲ့အရှုံးဟာ တကယ်စကားနဲ့ပင်မပြောနိုင်လောက်အောင်ခံပြင်းရပါသည်

သူသိတယ် ဒါKim Tae Hyungတမင်လုပ်တာ Park Go Raကိုဘာတွေပေးပြီးဆွဲဆောင်လိုက်မှန်းတောင်မသိ ဟိုကတော်တော်လေးပင်သူ့ကိုစွဲလမ်းနေပြီ

Jin-အား..Kim Tae Hyungမင်းကိုငါမုန်းလိုက်တာ အင့်ဟာ အင့် အင့် သေစမ်း

ဝက်ဝံရုပ်ကြီးကိုလက်သီးဖြင့်ပိတ်ပိတ်ထိုးကာ ခြေထောက်ဖြင့်တစ်ချက်ပြီးတစ်ချက်ကန်နေတဲ့Seok Jinဟာ ဘယ်လောက်တောင်ခံပြင်းနေမှန်းကြည့်တာနဲ့တင်သိနိုင်ပါသည်

ရှေ့နှစ်ထပ်တိုက်အိမ်ပေါ်ထပ်က ကောင်လေးဟာလည်းထိုမြင်ကွင်းကိုကြည့်ကာ ဗိုက်ဖိရယ်ရင်း အသက်တောင်ထွက်သွားမလားပင်မသိချေ

Tae-Kim Seok Jin..Kim Seok Jin ပြတင်းပေါက်လေးလည်းပိတ်ပါအုန်းဟာ့ မသိရင်ငါ့ကိုသရုပ်ဆောင်ပြနေသလိုဘဲ တကယ့်ငတုံးကောင် အဲ့တာကြောင့်မို့ငါ့ကိုအမြဲတမ်းရှုံးနေတာ

ကုတင်ခြေရင်းမှာခြေချိတ်ထိုင်ကာ ထိုပြတင်းပေါက်ဘက်မျက်နှာမူရင်း ငယ်ငယ်ကအကြောင်းရာတစ်ချို့ကိုသူပြန်စဥ်းစားမိသည်

အိမ်နီးချင်းတွေဖြစ်ကျတဲ့ သူနဲ့Seok Jinဟာ စတွေ့ကတည်းကပင် ဘယ်တော့မှအကြောမတည့်ခဲ့ ဘာကိစ္စမဆိုပြိုင်လိုက်ရမှနေသာထိုင်သာရှိကြတဲ့သူမျိူး

ဘယ်ကိစ္စမဆို သူကအရှုံးမပေးသလို ကိုယ်ကလည်းအညံ့မခံပါ အမြဲတမ်းသူမသာကိုယ်မသာဘဲ Seok Jinသူ့ကိုရှုံးခဲ့တဲ့အရေအတွက်ကတော့ Tae Hyungနိုင်ခဲ့တဲ့အရေအတွက်ထက်စာရင်တော့ ပိုများလိမ့်မည်

အခုလည်းPark Go Raကိုသူအမြန်ကောက်တွဲပစ်လိုက်တာ အမြင်ကပ်လွန်းလို့..Park Go Raကိုစိတ်ဝင်စားနေပါတယ်ဆိုတဲ့Kim Seok Jinကိုအမြင်ကပ်လွန်းလို့!

ဟိုကလည်း သူ့ကိုဘယ်တုန်းတည်းကပင် စိတ်ဝင်စားနေလည်းမသိ တွဲဖို့ကိုအများကြီးပင်သွားပြောစရာမလိုလိုက်ပါ ချက်ချင်းကိုလက်ခံလိုက်တာဘဲ

အင်း..သူများတကာကိုနင်းခြေပြီး သူအနိုင်မလိုချင်ပေမယ့် Kim Seok Jinကိုရည်းစားမရစေချင်ဘူး အဲ့တာကလည်း ရည်းစားရသွားရင် သူ့ကိုဂရုမစိုက်တော့မှာဆိုးလို့ အရင်လိုမပြိုင်ရတော့မှာဆိုးလို့ ဟုတ်တယ် အဲ့တာကြောင့် တခြားဘာအကြောင်းကြောင့်မှမဟုတ်ဘူး...

#20.3.2022💙

Zawgyi,

ဘုန်း




Jin-ဟုတ်တယ်ကွာ



















JK-အေးလေ သိတာပေါ့


JK-ဘာ!! ဘယ်လို





~~~~~~~~~~~~~~~~~~~~









အိမ်နီးချင်းတြွေဖစ်ကျတဲ့ သူနဲ့Seok Jinဟာ စတွေ့ကတည်းကပင် ဘယ်တော့မှအကြောမတည့်ခဲ့ ဘာကိစ္စမဆိုပြိုင်လိုက်ရမှနေသာထိုင်သာရှိကြတဲ့သူမျိုး





#20.3.2022💙


You are reading the story above: TeenFic.Net