EP : 6

Background color
Font
Font size
Line height


ယနေ့မနက် သက်ထားစောစောထကာ ရေချိုးခေါင်းလျှော်၍ skin care ကာ မနက်ပိုင်းအိမ်တွင် အချိန်ကုန်ဆုံးမည်ဖြစ်သည်။ခဏအကြာ အခန်းမှထွက်၍ အိမ်အောက်ဆင်းကာ မေမေနဲ့ဖေဖေ တို့ရှိရာ မနက်စာစားသည့်နေရာကို သွားလိုက်သည်။

စနေနေ့ဖြစ်၍ ဖေဖေဒီနေ့အလုပ်မသွားပဲအိမ်တွင်သာ အချိန်ဖြုံးလိမ့်မည်ဖြစ်သည်။မေမေလည်းယနေ့ ပြုံးပျော်ရွှင်ကာ ဖေဖနှင့်စကားပြောနေလေသည်။

"သမီးဆင်းလာပြီလား "

"ဟုတ်။ ဖေဖေဒီနေ့တော့နားလို့ရတာပေါ့"

"အင်း ဟုတ်တယ်"

စကားပြောရင်းသက်ထားခင်ဝင်ထိုင်လိုက်သည်နှင့် အိမ်တော်ထိန်းမှ မုန့်နှင့်ကော်ဖီ ထည့်ပေးသည်။

"ဒါနဲ့သမီးကိုမေမေတို့ပြောစရာရှိသေးတယ်"

"ဟုတ်ပြောပါမေမေ"

"တခြားတော့မဟုတ်ပါဘူး အရင်တစ်ခေါက်က သမီးနဲ့ထူးထူး ကိစ္စကို စီစဥ်တာက ဒီတိုင်း အမေနှစ်ယောက်ဘဲ ပြောလိုက်ရတာ အဲ့တော့ မနက်ဖြန်ကျရင် သမီးရော ဖေဖေရောမေမေရော အကုန်လုံး သွားပြီ စေ့စပ်တဲ့အကြောင်းတရားဝင်ပြောရမယ်လေ သမီး"

"ဟုတ်တယ်သမီး မနက်ဖြန်လည်းပိတ်ရက်ဆိုတော့ ကိုစိုးနောင်လည်းအားတယ် "

"ဟုတ် ဖေဖေတို့အဆင်ပြေရင်ရပါတယ် ဒါဆိုမနက်ဖြန် သွားကြတာပေါ့"

"ok! ဒါဆို မနက်ဖြန်စေ့စပ်ကြောင်းလမ်းဖို့ စီစဥ်လိုက်တော့မယ်နော်"

မေမေမှထိုသို့ပြောကာ သောက်လက်စ ကော်ဖီအား အပြီးသက်သောက်ကာ ဖုန်းတစ်လုံးနှင့်ခြံကြီးထဲသို့ဆင်း၍ စီစဥ်စရာရှိသည်များကို စီစဥ်နေတော့သည်။

"သမီးမေမေတော့ အလုပ်ရှုပ်နေပြီ"

"ဟုတ်ပ ဖေဖေရယ်"

"ဘာပဲဖြစ်ဖြစ် ထူးထူးလိုလူမျိုးနဲ့ သမီးကိုစီစဥ်ပေးရမှာဆိုတော့ နမျှောပေမဲ့ ဖေဖေစိတ်ချရပါတယ်သမီးရယ် မိဘချင်းလည်း အဆင်ပြေ သားသမီးချင်းလည်း အဆင်ပြေဆိုတော့ ဘာမှပူစရာမလိုတာပေါ့ အခုလို ဖေဖေအရမ်းချစ်ရတဲ့သမီးလေး ကိုစိတ်ချရတဲ့လူ သမီးကိုယ်တိုင်လည်း ချစ်ခင်တဲ့သူ ရဲ့လက်ထဲထည့်လိုက်ရတာ ဖေဖေတို့အတွက်နောင်တမရှိပါဘူးသမီးရယ်"

"ဟုတ်ဖေဖေ သမီးလည်း အစစအရာရာ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် အစ်ကိုက စိတ်သဘောထားနုညံ့ပါတယ် ဒါနဲ့ဖေဖေနော် သမီးက အစ်ကိုနဲ့ယူပြီးသွားရင်လည်း ဖေဖေတို့ဆီ ခဏခဏ လာမှာနော် အိမ်ထဲတော့ပေးဝင်မယ်မလား"

သက်ထား စကာရယ်ရင်းပြောလိုက်သည်။

"ဟား ဟားးးးပေးဝင်ရမှာပေါ့ တစ်ဦးတည်းသောသမီး အချစ်ရဆုံးသမီးလေးပဲဟာ"

ဟူ၍ပြောကာ ရယ်မောရင်း သားအဖနှစ်ယောက် ချစ်ခင်စွာဖတ်လိုက်ကြသည်။

အိမ်ရှေ့တွင် အလုပ်ရှုပ်နေသော သက်ထား၏မေမေ စီစဥ်၍ ပြီးလို့အိမ်ထဲဝင်လာချိန်

"ဟယ် တို့လည်းပါမယ်"
ဟူ၍နှင့်

သက်ထားတို့အား ဖတ်လာသည်။သားအဖသုံးယောက် ပျော်ရွှင်ကြည်နူးကာ ပြုံးပျော်နေကြသည်။အပျော်သည်ကူးစက်စေသော ကြောင့် kitchen ထဲတွင် ရှိနေသော အိမ်တော်ထိန်းနှင့် အခြားအခိုင်းဖော်များမှာ ထိုမြင်ကွင်းကိုမြင်ရ၍ အပြုံးကိုယ်စီနှင့်ပင်။

🎀🎀🎀🎀🎀🎀🎀

ထူးမြတ်ရောင်ခြည်သည်လည်း သက်ထားကဲ့သို့ ယနေ့စောစောထကာ ရေချိုး၍ မနက်စာစားနေပြီဖြစ်သည်။မှန်ကန်သော အချစ်တစ်ယောက်ပေါ်တစ်ယောက်ရှိသော လူနှစ်ဦး သည် စိတ်ချင်းဆက်နွယ်ကြ၍ လုပ်ရပ်များတူတတ်ကြသည်။ထိုသို့ ချိုမြိုန်သောဖြစ်ရပ်မျိုးကို တစ်ကိုယ်တည်း နေ၍ ချစ်သူမရှိသူများအဖို့တော့ လောကကြီးက မဖန်တီးပေးထားပေ။

(Luky be like: ဟေး ယူဘီထရိန်းမီ!!?)

ထူးမြတ် မနက်စာစားနေချိန် အခန်းထဲမှ မာမီနှင့် ဒယ်ဒီ breakfast စားရန်ထွက်လာကြသည်။ဒယ်ဒီသည် သူ့အားမြင်သည်နှင့်

"ကြားသားမိုးကြိုး အစောရီးထပြီး breakfastစားနေပါလား my son"

ထူးမြတ် ပုခုံးသာပင့်ပြလိုက်သည်။

"သားက အခုတလော ပြောင်းလဲနေတာလေ မွေးထားတဲ့ အမေပြောတာကြမရဘဲ ဟင်း ဟင်းး ဘယ်သူပြောလို့ ပြောင်းလဲနေလဲမှမသိတာ"

သက်ထားကိုပြောချင်တာဖြစ်သည်။သို့သော် ထူးဆန်းသည် က ထူးမြတ်ကသာ သက်ထားနှင့် လက်ထက်ရန်စီစဥ်ပြီးနောက်ပိုင်း လိမ္မာလာသလိုရှိပေမဲ့ သက်ထားပြော၍တော့မဟုတ် သူ့အသိစိတ်ကိုက လိမ္မာ ချင်လာ၍ပင်။လက်ထက်ပြီးလည်း သူဝင်ပြောလို့ မရဘူး ချစ်တာက ချစ်တာဘဲ ဒါမဲ့ ငါ့ကိုဘယ်သူမှ ဟိုလိုနေ ဒီလိုနေ လာပြောလို့ ရမယ်မထင်နဲ့ ဝေးသေး။

"မာမီရာ ကျွန်တော့်ကို မစစမ်းပါနဲ့"

"ဟုတ်ပါပီရှင်"

"အင်း တစ်လက်စတည်း သားကို ဒယ်ဒီပြောလိုက်ဦးမယ် မနက်ဖြန် သက်ထားလေးနဲ့ လူကြီးမိဘစုံရာနဲ့ တရားဝင် စေ့စပ်ပွဲ လုပ်ရမယ် "

" okey! ဘယ်အချိန် ? မနက်လား ညနေလား"

ထူးထူးမာမီမှ ကြာဖြတ်ဝင်ကာ "အမယ်လေး မူပါဦးကိုယ်တော်လေးရယ်"

"ဟား ဟားး ဒီလိုမှပေါ့ငါ့သားရာ ညနေဘဲ စီစဥ်ဖြစ်မယ် အချိန်ကညမှ ပြန်ပြောမယ် "

"ပြောလို့ပြီးပြီဆို ကျွန်တော် သွားတော့မယ်"

"To where?"

"Haha to my future wife"

ဟူ၍ ဆိုကာထွက်သွားသော သားဖြစ်သူအားကြည့်ကာ ပြောစရာစကားပင် မရှိတော့ပေ။

"မင်းသား က တကယ်ကို ချစ်နေတာပါ သမီးကို"

"သိတာပေါ့ အစ်ကိုရယ် အစ်ကိုက အခုမှသိတာ နောက်ကျတယ်"

"ဟုတ်ပါပြီ ဟုတ်ပါပြီ မင်းဦးပါတယ်"

နှစ်ယောက်လုံးရီမောကာ တစ်ယောက်အားတစ်ယောက်ကြည့်လိုက်ကြကာ စိတ်ကျေနပ်သွားသည့်ရုပ်များဖြင့်။

ယနေ့တွင် တော့ မိသားစုနှစ်စုလုံး ပြုံးပျော်ရွှင်ကြသော နေ့ဟုဆိုလျှင်လည်း မမှားပါ။

🎀🎀🎀🎀🎀🎀🎀

သက်ထားခင်မေမေတို့နှင့် စကားပြောပြီးကာ အခန်းသို့ပြန်လာခဲ့ပြီး မေသံစဥ်အား ဖုန်းခေါ်နေလေသည်။

အကြောင်းမှာ မနက်ဖြန် စေ့စပ်ရမည်ဖြစ်၍ make up,dress, ring, စသည့် ပစ္စည်းများအားပြင်ဆင်ရမည်ဖြစ်၍ အကသွားလို့ မဖြစ်တော့ပေ။

"အမ ဒီနေ့ သက်သက်မလာနိုင်လောက်တော့ဘူး မနက်ဖြန်စေ့စပ်ပွဲရှိလို့အဲ့ဒါ"

"အာရတယ်ရတယ် နောက်မှပေါ့ ပြီးတော့ စေ့စပ်ပွဲအတွက် ဂုဏ်ယူပါတယ် girl!"

"Thanks sis"

"အင်းပါ ဒါဆို ဖုန်းချတော့မယ် နော်"

"ဟုတ်အမ"

အမနဲ့ စကားပြောအပြီး အိမ်ရှေ့စင်ဝင်အောက် လာရပ်သော ကားသံသည် ဘယ်သူ့ကားသံလည်း သက်ထားသိလိုက်သည်။ စံအိမ်ကဲ့သို့ သော အိမ်ကြီးကိုတောင် အောက်ထပ်မှ အသံကို အပေါ်ထပ်ထိရောက်ကတည်းက အစ်ကို ရဲ့ Lamborghini လေးပဲဖြစ်လိမ့်မည်။သက်ထားခင် ရေးရေးကလေးပြုံးကာ အခန်းထဲမှထွက်လာခဲ့သည်။

🎀🎀🎀🎀🎀🎀🎀

7.4.2024

1131 words

Luky

Note:ထူးမြတ်ရောင်ခြည်က ပြောထားခဲ့တာ လက်ထက်ပြီးလည်း သူ့ကိုသက်ထားခင် ထိန်းချုပ်လို့ မရဘူးတဲ့ ဟင်း ဟင်းး ပရိသတ်ကြီးရော ဘယ်လိုထင်လဲ ရေးပေးသွားကြပါဦး🙌


You are reading the story above: TeenFic.Net