အပိုင်း (၆) uni

Background color
Font
Font size
Line height

စစ်သွင် ဒီနေ့ အလုပ်ရှုပ်နေသည်။ လူဆိုးကောင် လေးက မနက်စာကို အုန်းနို့ခေါက်ဆွဲစားချင်သည်ဟုဆို၍ ကျောင်းချိန်၈ နာရီအမှီပြင်နေရလေသည်။ ဆိုင်ကဝယ်ထားပေးမည်ဆိုတော့လဲမဟုတ် ၊ သူကိုယ်ချက်ရမည်ဟု အမိန့်ထုတ် လေသဖြင့် စစ်သွင်မှာ ချက်နေရသည်။ ဒီနေ့နဲ့ဆို လူဆိုကောင်လေး ကျောင်းပြန်တက်ရတာ ၁ပတ်ပြည့်လို့ တနလာ်နေ့ ကျောင်းတက်ရက်ပင် ရောက်ပြီ စစ်သွင်လဲ ကောင်လေးဆီမှအနိုင်ကျင့်ရတာတွေ ကျင့်သားကျလေပြီလို့တောင် ပြောရမည်၊ သူ့ကို bar မှာထားခဲ့တဲ့ ကိစ္စကြောင့် အလုပ်ထွက် ပြီထင်နေသော ကောင်လေးက စစ်သွင်အလုပ်မထွက်တော့ " ခဗျားကတော်တော်အကြောတင်းတဲ့သူပဲ " ဆိုပီးအပြောခံလိုက်ရသေးသည်။

စစ်သွင်ပြင်ဆင်ပြီးသည်နှင့် စားပွံပေါ်တွင် လူ၃ယောက်စာ ချထားလိုက်သည်။ အကိုကြီးနဲ့ အမက မနေ့က ပြန်ရောက်လာသဖြင့် သူတို့အတွက်ပါ မနက်စာပြင်ထားလိုက်သည်။ အချိန်ကလဲ ၇ နာရီထိုးပြီမို့ စစ်သွင်ကောင်လေးကိုပြင်ဆင်ပေးဖို့ အပေါ်တက်ခဲ့လိုက်သည်။သူအခန်းထဲ
ဝင်လိုက်တော့ ရေချိုးခန်းမှကောင်လေးကထွက် လာသည်။ စစ်သွင်လဲအမြန်ပင် dressing room ထဲဝင်၍ ကျောင်းဝတ်ဆုံထုတ်ကာကောင်လေး
ဝတ်သည်ကိုကူညီပေးလိုက်သည်။အကုန်ပြင် ဆင်ပြီးသည်နှင့်

" ကောင်လေး အောက်မှာပဲစားမယ်မို့လား "

" အင်း .... ရော့ "

ဆက်နောင်ကပြောပြီးသည် နှင့်လွယ်အိတ်ကို ပစ်ပေးကာ အခန်းထဲမှအရင်ထွက်သွား
သည်။ စစ်သွင်လဲ နောက်က လိုက်ရသည်။
အောက်ရောက်တော့ ဦးကောင်းခန့်နောင် နှင့်ဒေါ်နှောင်းဝတီ တို့က ရောက်နှင့်နေကြပြီ။
ဦးကောင့်ခန့်နောင်က အလယ်ဝင်ထိုင်နေခြင်းဖြစ်ကာ ဒေါ်နှောင်းဝတီက ဘယ်ဘက်ခြမ်းတွင်ထိုင်လေသည်။ ဆက်နောင်လဲ ညာဘက် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လျက် စစ်သွင်ထည့်ပေးသော အုန်းနို့ခေါက်ဆွဲကိုသာထိုင်စားနေလိုက်သည်။

(A/N - ဒီနေရာမှာတစ်ခုပြောချင်တာက
ရေးစစ်သွင်က အိမ်အကူမဟုတ်ပါဘူးနော် ၊ ဆက်နောင်အတွက် သီးသန့် အထိန်းတော်ပါ ၊ မြင်သာအောင်ပြောရရင် အတွေးရေးမှူးသဘောမျိုးပါ ၊ ဆက်နောင်အတွက်ပဲ အလုပ်လုပ်ပေးရတာပါ ၊ ခုလဲ အစားစာထည့်ပေးရတာက ဆက်နောင်အတွက်ပါပဲ၊ သူ့မိဘတွေကိုက အိမ်အကူတွေထည့်ပေးတာပါ )

ဒေါ်နှောင်းဝတီက စားနေရင်းဖြင့် ဆက်နောင်ကို စကားစလေသည်။

" သားငယ် မင်းမာမီတို့ သွားနေတုန်းအတော် လေးဆိုးထားတာပါလား စစ်သွင်ကိုလဲ bar မှာထားခဲ့သေးတယ်ဆို တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ "

ဆက်နောင်က ဒေါ်နှောင်းဝတီအပြောကို မဲ့ပြုံးပြုံးကာ ခေါက်ဆွဲပန်းကန်အား မွှေလျက်

" ကျုပ်ဆိုးတာက မာမီတို့ရှိခြင်းမရှိခြင်းနဲ့
မဆိုင်ပါဘူး ဆိုးချင်လို့ကို ဆိုးတာ ၊ ပီးတော့
ရေးစစ်သွင်က ကျုပ်အပိုင်လေ မာမီတို့ကိုယ်တိုင်ဝယ်ပေးထားတာမို့လား ၊ အဲတော့ သူကလဲ
ပိုက်ဆံလိုချင်တဲ့အတွက်ကျုပ်ခိုင်းတာလုပ်ရမှာပဲ မကျေနပ်ရင်ထွက်"

ဖန်ခွက်ထဲရေထည့်၍ ချပေးနေသည့် စစ်သွင်
လှုပ်ရှားမှုများ ဆက်နောက်အပြောကြောင့် ခတ္တရပ်သွားရလေသည်။ ထို့နောက် အကိုကြီးတို့ကို
ကြည့်ကာ

" ကျွန်တော်အဆင်ပြေပါတယ် ဖြစ်သွားတဲ့ကိစ္စက ကောင်လေးအမှားမဟုတ်ပါဘူး ၊ ကျွန်တော် ကိုယ်တိုင်က အကြီးတစ်ယောက်ဖြစ်ပြီး သူ့ကို့စောက်ရှောက်ရမဲ့အစား ကျွန်တော်ကြောင့် အလုပ်ပိုသွားကြရလို့သာ အားနာနေရတာပါ ၊ ပီးတော့ ကောင်လေးက လိမ္မာလာပါတယ် အမတို့ စိတ်မပူကြပါနဲ့နော်"

စစ်သွင်အပြောကို ဦးကောင်းခန့်နောင်တို့ကတော့ ခေါင်းငြိမ့်ပြလျက်သာ ဘာမှထပ်မပြောတော့ပဲ မနက်စာဆက်စားနေလေသည်။ ဆက်နောင်ကတော့ ခနဲ့ ပြုံးပြုံး၍ စားပွဲဝိုင်းမှ ထထွက်သွားလေသည်။ စစ်သွင်လဲ လွယ်အိတ် ကိုင်၍ နောက်ကလိုက်ရပြန်သည်။ အိမ်ရှေ့
ရောက်တော့ ဆက်နောင်၏ body guard

ရှိုင်းထက်မြတ်က စစ်သွင်လက်ထဲမှ လွယ်အိတ် ကိုလွဲပြောင်းယူပီး ကားနားကိုတူတူလျှောက်လာခဲ့လိုက်သည်။ ကားပေါ်တက်ခါနီး ဆက်နောင်က စစ်သွင်ကိုလှည့်ကြည့်ပြီးအနားတိုးလာသဖြင့် စစ်သွင်နောက်သို့ အနဲငယ်တောင်ယိုင်သွား ရ သည်။

" ရေးစစ်သွင် ခဗျားက သူရဲကောင်းတော်တော် လုပ်ချင်တာပဲ "

" ဘာကိုလဲ ကောင်လေး "

" ကျုပ်မိဘတွေရှေ့မှာ ကျုပ်ကို ကာပြောပေးနေတဲ့ ကိစ္စလေ "

" ကိုယ်က အမှန်ကိုပြောတာပါ ၊ ကောင်လေးကို အထင်လွဲပြီး ဆိုးတယ်ထင်နေမှာစိုးလို့ပါ "

ဆက်နောင်က မျက်နှာကြီးတည်တင်းလာကာ
စစ်သွင်၏ ရင်ဘက်အား လက်ညှိးဖြင့် ထောက် ထားပြီး

" ဒီမှာ ကျုပ်တစ်ခါတည်းပြောထားမယ် ခဗျားနေရာ ခဗျားသိ ၊ နေရာတကာ ဆရာကြီးဝယ်မလုပ်ချင်နဲ့ ခဗျားကို ပိုက်ဆံပေးထားတာ ကျုပ်
ခိုင်းတာလုပ်ဖို့ ကိုယ်တဲ့မဆိုင်တဲ့ကိစ္စဝင်မပါနဲ့"

ဆက်နောင်က ရင်ဘက်အား လက်ညှိးနဲ့ဆောင့်ထိုးလျက် ကားပေါ်တက်သွားသည်။ထွက်သွားသောကားလေးအား သက်ပြင်းချကာ ငေးကြည့်ရင်းကျန်ခဲ့ရသည်။ စစ်သွင်လဲအိမ်ထဲမဝင်ချင် သေး၍ ပန်းခြံထဲက ကံ့ကော်ပင် လေးများကို ရေလောင်းနေလိုက်သည် ။ရေလောင်းပြီးသည်နှင့် ဘေးရှိခုံတန်းလေးတွင် ဝင်ထိုင်ကာ ဆက်နောင်သူ့ကို သဘောကျလာအောင် ဘယ်လို လုပ်ရမလဲတွေးတောနေလိုက်သည်။

..................❤️❤️❤️..........

မိုးစက်တွေ စင်ထားသော အခန်းတွင်းမှန်ပြတင်းပေါက်မ တစ်ဆင့် မိုးရေတို့ကို စစ်သွင်ငေးကြည့်နေသည်။မိုးရာသီက စစ်သွင်အတွက်တော့ လွမ်းဆွတ်ဖွယ် အလွန်ကောင်းလှသော ရာသီ
ဖြစ်သည်။စစ်သွင်လဲအလုပ်ဝင်နေသည်မှာ ၄ လပင်ကျော်ပြီခုချိန်ထိကောင်လေးနှင့် ဆက်ဆံရေးက အဆင်မပြေလှပါ။

ဒုန်း ..... အုန်း.....

စစ်သွင်မိုးရေစက်တို့အားကြည့်ကာ တွေးတောနေစဉ် အပေါ်ထပ်မှကျယ်လောင်သော အသံအားကြားလိုက်ရနှင့်တစ်ပြိုက်နဲ့ အခန်းအပြင်
ဘက်မှလဲ လှေကားပြေးတက်သံများ ၊ စကားပြောသံများဆူညံနေသည်။

" အမလေး လုပ်ကြပါအုံး အကိုလေး ဒီလိုမသောင်းကျန်းတာ ကြာပီမို့လား "

" အေးဟယ် ဘယ်သူဘာလုပ်လိုက်လဲမသိဘူး အကို စစ်သွင်ကို ခေါ်ကြပါအုံး အကိုလေးကို သူပဲထိန်းနိုင်မှာ "

ဒေါက်ဒေါက်

" အကိုစစ်သွင်ရေ "

စစ်သွင်လဲ ဆူညံသံများကြောင့်ထွက်မလို့ပြင်
တုန်း တံခါးလာခေါက်သဖြင့်ဖွင့်လိုက်ရာ အခန်းရှေ့တွင် ကောင်မလေး နှစ်ယောက်ရပ်နေသည်။

" ဘာဖြစ်ကြတာလဲ "

" လုပ်ပါအုံးအကိုရယ် အကိုလေးသောင်းကျန်းနေပြန်ပီ အကိုရောက်လာပြီးနောက်ပိုင်း ခုလို မသောင်းကျန်းတာကြာပီကို ဘာဖြစ်တာလဲမသိဘူးလိုက်ကြည့်ပါအုံး "

" ဟုတ်ပြီ "

စစ်သွင်လဲကောင်မလေးနှစ်ယောက်နဲ့ အတူ အပေါ်သို့ပြေးတက်လာပြီး ဆက်နောင်အခန်းသို့သွားလေရာ အခန်းတံခါးက ပွင့်လျက်သားနှင့်အတူ ဆက်နောင်က ကုတင်ပေါ်တွင်ထိုင်ကာ အလွန်ဒေါသ ထွက်နေသော မျက်နှာထားနှင့် သူ့ရှေ့တွင် ဒူးထောက်ထိုင်နေသောကောင်မလေးအားစိုက်ကြည့်နေသည်။ထိုကောင်မလေးက ကြောက်လန့်တကြား တောင်းပန်စကားအား အထပ်ထပ်ဆိုနေ၏။

"တောင်းပန်ပါတယ် အကိုလေးရယ် နောက်မ
ဖြစ်စေရပါဘူး။အခုကလည်းမတော်တဆ
ဖြစ်သွားတာပါ "

"တောက်........မင်းကို့ စောက်လုပ်ကို သေချာမလုပ်တတ်ဘူးလားဟမ်ပြောစမ်း တောက်
... ငါကွာ"

ဒေါသတကြီး စားပွဲပေါ်က ပန်းအိုးအား ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။စစ်သွင်လည်း အခန်းထဲပြေးဝင်လာပြီး

"ကောင်လေးဘာဖြစ်တာလဲ စိတ်လျော့ပါအုန်းကွာ"

"ဒီမှာကြည့်လေ ဒီမိန်းမ လုပ်လိုက်လို့ ကျူပ်နဲ့အဖွားဓာတ်ပုံကွဲသွားပြီ စောက်သုံးကိုမကျတဲ့ဟာတွေ"

ဆက်နောင်လက်ညှိုးထိုးပြရာကိုကြည့်လိုက် တော့ ကွဲကြေနေသော မှန်ဘောင်ဓာတ်ပုံအား တွေ့လိုက်ရသည်။စစ်သွင်ဒီအိမ်ရောက်ကတည်းက သတိထားမိသောအရာသည်
ဆက်နောင်ကသူ့အဖွားနဲ့ပတ်သက်လျှင်အထိ မခံဒေါသထွက်တတ်သည်ဓာတ်ပုံနေရာရွှေ့လျှင် တောင် ဒေါသထွက်တတ်ခဲ့ကောင်လေးက ခုလို ပုံပါကွဲသွားတဲ့အထိ ဖြစ်သွားသည်ကြောင့် ဒေါသထွက်နေသည်မှာ အဆန်းတော့မဟုတ်

"ကျမ တောင်းပန်ပါတယ်အကိုလေးရယ်
နောက်မဖြစ်စေရပါဘူး ဒီတစ်ကြိမ်တော့
ခွင့်လွှတ်ပေးပါနော်"

"နောက်ဆိုတာ မင်းအတွက်မရှိတော့ဘူး
ခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွား"

ကောင်မလေးလည်း ဆက်နောင်အားကြောက် ကာ ပြေးထွက်သွားလေတော့သည်။စစ်သွင်လည်း အခန်းတံခါးသွားပိတ်လျက် ဆက်နောင်ထံ ပြန်အလာတွင် မှန်ကွဲစများ ဖယ်ကာဓာတ်ပုံလေးအား တယုတရ ပြန်ကောက်နေသည်မှာ ခုနက ငရဲမီးလို ပေါက်ကွဲဒေါသထွက်နေသော သူမ

ဟုတ်တော့ပြန် မျက်ရည်များဝဲကာ ဓာတ်ပုံလေးအားစိုက်ကြည့်နေသည့်ဆက်နောင် မှာ သနားစရာကလေးတစ်ယောက်သဖွယ် ၊စစ်သွင်လည်း ကုတင်နားလျှောက်လာလိုက်ပြီး သတ်ပြင်းချကာ မှန်ကွဲစများအား ကောက်သိမ်းရန် ထိုင်လိုက်သည်နဲ့ ဆက်နောင်ခြေထောက်မှ သွေးစများကိုမြင်လိုက်ရလေသည်။မှန်ကွဲစများရှသွားတာဖြစ်မည် ။

" ကောင်လေး မင်းခြေထောက်ကိုဆေးထည့်မှ ဖြစ်မယ်။မဟုတ်ရင်အနာရင်းပြီး နေမကောင်း
ဖြစ်မယ်"

စစ်သွင်ပြောပြီးသည်နဲ့ ဆေးသေတ္တာအားထယူကာ ကုတင်တွင်တစ်ခြမ်းစောင်းဝင်ထိုက်လျက် ဆက်နောင်ခြေထောက်အားဆွဲယူ၍ သူ့ပေါင် ပေါ်တွင် တင်လိုက်လေသည်။

" ကျုပ် ဘာသာ လုပ်မယ် "

ဆက်နောင်က သူ့ခြေထောက်အား စစ်သွင်လက် ထဲမှ ရုန်းထွက်လေရာ စစ်သွင်ကလဲ ခပ်ကြမ်းကြမ်းလေးဆွဲကာ လေသံအနဲငယ်မာလျက်ပြောလိုက်လေသည်။

" ကောင်လေး ငြိမ်ငြိမ်​နေစမ်းကွာ "

ဆက်နောင်လဲ ဘာမှဆက်ပြောချင်စိတ်မရှိတော့သောကြောင့်ငြိမ်နေလိုက်တော့သည်။ စစ်သွင် လဲ အနဲငယ်ခြောက်နေပီဖြစ်သော သွေးများကို wet tissue ဖြင့်သန့်ရှင်းလိုက်တော့ ခြေဖဝါးအလယ်တွင် ပြတ်ရှရာက အရမ်းမနက်ပေမဲ့ ကြီးတော့ကြီးသည်။

" အရက်ပြန် နဲ့ အရင်သန့်ရှင်းမှရမယ် နဲနဲတော့
စပ်မယ်နော် "

" ခဗျား လုပ်စရာရှိတာသာလုပ်စမ်းပါ "

စစ်သွင်လဲ အရက်ပြန်ဖြင့် ပွတ်သပ်လိုက်တာ့ ခြေထောက်က တွန့်သွားကာ မျက်နှာကလဲ အံ့ကျိတ်ထားလေသည်။

" အရမ်းနာသွားလား အုံဖွအုံဖွ .. ပျောက်ပီနော်
ခနပဲသည်းခံပေး "

ဆက်နောင် သည် သူ့ကို ယခုလို တယုတယ ပြုလုပ်ပေးနေသော စစ်သွင်ကို ကြည့်ကာ ရင်ထဲနွေးထွေးမှုလျှပ်စီးလေးဖြတ်သန်းသွားလေသည်။ ခုလို သူဂရုမစိုက်ခံရတာ အတော်ပင်ကြာပီမို့လား။ ဒီလူရဲ့ ဂရုစိုက်မှုတွေကရော အစစ်အမှန်တွေရောဟုတ်ရဲ့လား ။ ဆက်နောင်တွေးကာ ခေါင်းရှုပ်လာရသည်။ သူအရင်တုန်းက ခင်ခဲ့ဖူးတဲ့ သူငယ်ချင်း ၂ယောက်ရှိသည်။ သူအထီးကျန်နေချိန်ထိုသူငယ်ချင်းတွေနဲ့အချိန် တွေဖြုန်းကာပျော်ရွှင်ခဲ့ရဖူးသည်။ နေသူရိန်က ၁တန်းကြီးတဲ့အတွက် အိမ်မှာသာတွေ့ဖြစ်ကြသည်။ ထို့ကြောင့် သူ့အတန်းဖော် ၂ယောက်ဖြင့်သာသွားအတူစားအတူဖြင့်အတွဲညီခဲ့ကြရသည်။

အဲချိန်က ဆက်နောင် ၇ တန်းဖြစ်သည်။ ၈ တန်းနှစ်လည်လောက်ကျ ထိုသူငယ်ချင်းနှစ်ယောက် သည် ဆက်နောင်အားစိတ်ရင်းနှင့်ပေါင်းသင်းခြင်းမဟုတ်ပဲ သူတို့ တစ်နှစ်တစ်တန်း တက်နိုင်ရန် ဆက်နောင်၏ မိသားစု အရှိန်အဝါကြောင့်
ပေါင်းသင်းနေကြောင်းသိခဲ့ရလေသည်။ ဆက်နောင်တို့ကျောင်းက အတန်းတင်အမှတ်စရင်းဖြင့် ကျောင်းဆက်တက်ခွင့်ရမရ ဆုံးဖြတ်ကြတာပင်။ အဲကိစ္စတွေဖြစ်ပြီးနောကိပိုင်းဆက်နောင်တစ်ယောက်ထဲသာနေဖြစ်သည်။သူအတော် လေးခံစားခဲ့ရသေးသည်။ ဖွားဖွားမရှိတဲ့နောက်
ပိုင်း သံယောဇဉ်ရှိခဲ့သူမှာ သူရိန်ပီးလျှင်သူတို့ ၂ယောက်ဖြစ်သောကြောင့်ပင် ။ ထိုမှစ၍အတုယောင်တွေကို မုန်းတီးလာသည်။ ဒီငွေကြောင့် သူ့အပေါ်ကောင်းပြနေခြင်းတွေကို ဟားတိုက်ချင်လာသည်။ ဘယ်သူ့ကိုမှမယုံတော့ပေ ၊ သူ့နားလာသူတိုင်းက ငွေအတွက်ကြောင့်ဟုသာသူ
သတ်မှတ်ခဲ့သည်။ စစ်သွင်က လစာ ၃ဆယူပီးတောင် နှစ်ချုပ်လုပ်ခဲ့တာကြောင့် ဆက်နောင် လုံးဝမယုံကြည်တဲ့အတွက်ကြောင့် စစ်သွင်ကို သူ့အနားကထွက်သွားစေချင်သည်။

" ကောင်လေးပြီးပြီနော် နေမကောင်းဖြစ်မှာစိုးလို့ အနာကျက်ဆေးလေး နဲ့ အကိုက်အခဲပျောက် ဆေးလေးတော့သောက်ရမယ်နော် ကိုယ်သွားယူလိုက်အုံးမယ် "

စစ်သွင်အပြောကြောင့် ဆက်နောင်အတွေးစများပျောက်တောက်သွားတော့သည်။သူ့ခြေထောက် ကိုလှမ်းကြည့်တော့ပတ်တီးစီးပြီးသားဖြစ်နေပြီ စစ်သွင်ပေါင်ပင်တွင်သာရှိသေး၍ ခြေထောက် ကို သူ့ဘက်သို့ပြန်ရုတ်လိုက်သည်။ပြီးသည်နှင့်

"ဘာဆေးမှမသောက်ဘူး ခင်ဗျားလည်းသွားတော့ "

" ကောင်လေးရယ် ကိုယ့်စကားလေးဘာလေးလဲတစ်ခါတစ်လေလေးနားထောင်ပါအုံး "

"ခဗျားကဘာကောင်မို့ကျုပ်ကနားထောင်ရမှာလဲ"

"ဒီလတွေအတွင်းကိုဂရုစိုက်ခဲ့တဲ့ စေတနာတွေကောင်လေးတကယ်မခံစားရဘူးလား"

"ခင်ဗျားက ပိုက်ဆံရလို့လုပ်နေတဲ့ဟာကို
ကျူပ်က ဘာကိုခံစားရမှာလဲ"

"ကောင်လေးရယ်တကယ်ပိုက်ဆံအတွက်
ကြောင့်လို့ပဲ ထင်နေတာလား၊ကိုယ် ပိုက်ဆံရလို့လုပ်တာမှန်ပေမဲ့ ကောင်လေးအပေါ် ကိုယ်ဂရု
စိုက်ပေးနေတာတွေကတော့ တကယ်အစစ်မှန် တွေပါ"

"ကျူပ်ကို drama လာခင်းမနေနဲ့၊ကျူပ်တစ် ယောက်ထဲနေချင်တယ် ခင်ဗျားထွက်သွားတော့"

"ကောင်းပါပြီ၊လိုရင်ခေါ်လိုက်ပါ"

စစ်သွင်လဲဘာမှဆက်မပြောချင်တော့ပေ၊ဒီ
ထက်ပိုလာရင် စကားတွေများရတော့မည်ဖြစ် တာကြောင့် အခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။

.................................

ည၈ နာရီထိုးသည်အထိ ကောင်လေးကလှမ်းမခေါ်သဖြင့် စစ်သွင် ညစာကျွေးရန် အိမ်ပေါ်သို့
တတ်ခဲ့လိုက်လေသည်

"ဒေါက်ဒေါက်

"ကောင်လေး"

ဒေါက်ဒေါက်.....

"ကောင်လေးကြားလား ကိုယ်ဝင်ခဲ့မယ်နော်"

စစ်သွင်အခန်းထဲရောက်တော့ စောင်ကို ခေါင်းမူးခြုံအိပ်နေသော ဆက်နောင်ထံသွား၍ နိုးလိုက် လေသည်။

"ကောင်လေးထတော့လေ ဘယ်ချိန်ကတည်း အိပ်နေတာလဲ ညစာစားရအောင်"

ဆက်နောင်နှိုးနေသော်လည်း တုတ်တုတ် မှ
မလှုပ်သဖြင့် ခေါင်းမူးခြုံထားသောစောင်ကို

ဖယ်လိုက်လေရာ ညည်းသံသဲ့သဲ့ကိုကြားရသ
ဖြင့် နဖူးကို စမ်းကြည့်လိုက်တော့ကိုယ်တွေပူ
ကျပ်တောက်နေလေသည်။

"ဟာ ဖျားနေပြီ ကောင်လေးသတိထားပါအုန်း"

စစ်သွင်လဲကိုယ်အပူချိန်အမြန်ကျရန်အတွက်ရေပတ်တိုက်ရန်ရေချိူးခန်းထဲပြေးဝင်၍ လိုအပ်သည်များကိုယူကာ ကုတင်တွင် ဘေးတစ်စောင်းဝင်ထိုင်လိုက်သည်။ ဆက်နောင်မှာ ကိုယ်အပူရှိန် များလွန်းသဖြင့် သတိပင်ကောင်းကောင်းမလည်။ တချက်တချက်ညည်းညူနေသေးသည်။စစ်သွင်သည် ဆက်နောင်ကိုဆွဲထူ၍ အကျီချွတ် ရန်လုပ်လေသည်။ ဆက်နောင်က စစ်သွင်ပခုံးပေါ်တွင်ခေါင်းမှီကာလက်များကလဲ ခါးကိုဖက် တွယ်လျက်

"ဖွားဖွား ......သားကိုမထားခဲ့ပါနဲ့ သားတစ်
ယောက်ထဲမနေခဲ့ချင်ဘူး သားဆီပြန်လာခဲ့ပါ"

ဆက်နောင်သည် ပခုံးတောင်တုန်သည်အထိ
ရှိုက်ငိုနေလေသည်။

" ကောင်လေး ကိုယ်ရှိတယ်နော် "

စစ်သွင်သည် ဆက်နောင်အားပြန်လည်ပွေ့ဖက် ကာ ကျောပြင်ကိုခပ်ဖွဖွပုပ်ပေးလျက်ချော့မြူနေလေသည်။

" အဟင့် သားကိုမထားခဲ့ပါနဲ့ "

ဆက်နောင်က ပိုတိုး၍ ခါးကိုတင်းကျပ်နေ
အောင်ဖက်ထားလေသည်။

" မထားခဲ့ဘူး ကိုယ်မင်းကို မထားခဲ့ဘူးနော် .. တိတ်တိတ် "

စစ်သွင်သည် ဆံပင်တွေအား ပွတ်သပ်ချော့မြူ
လိုက်ရာငြိမ်သွားခါမှ အကျီကို ခေါင်းမှလျှိုချွတ် ကာ အိပ်ယာတွင်ပြန်ချပေးလိုက်သည်။
ပြီးသည်နှင့် ခန္ဓာကိုယ်အနှံ့ရေပတ်တိုက်ပေးပြီး family doctor ကိုဖုန်းဆက်ခေါ်ရ၏။ ဆရာဝန် ရောက်လာသည်နှင့် ဆေး၁လုံးထိုးပေးကာ သောက်ဆေးများလဲပေးသွားသည်။စစ်သွင်လဲ ဆရာဝန်ကိုပြန်လိုက်ပို့ပေးပြီးသည်နှင့်
ကောင်လေးနိုးရင်စားဖို့ ပုဇွန်ဆန်ပြုတ်လေး
ပြုတ်ပြီးမှ အပေါ်သို့ပြန်တက်ခဲ့လိုက်သည်။

ခုထိအိပ်ပျော်နေသောကောင်လေးကိုကြည့်ပြီးကုတင်ဘေးက ခုံတွင်ဝင်ထိုင်လျက် နဖူးမှဆံဆများအားသပ်တင်ပေးကာ ခပ်ဖွဖွ ပွတ်သပ်ပေးနေလိုက်သည်။

" ကလေးရယ် မြန်မြန်သက်သာပါတော့ကွာ ညနေက ဆေးရအောင်မတိုက်မိတာ ကိုယ့်အမှားပါ"

စစ်သွင်အတော်လေးစိတ်မကောင်းဖြစ်နေရသလို၊ကိုယ့်ကိုယ်ကိုလဲ အပြစ်တင်မိသည်။ ကောင်လေးအကြောင်းသိရဲ့နဲ့ စကားတွေအခြေအတင်ပြေမိခဲ့ခြင်းပင်။ ခုတော့အဖျားကြီး၍ သတိလစ်သည်မထိပင်ဖြစ်သွားရသည်။ ဆေးထိုးသွားသော လက်ဖမိုးမှ ပလစ်စတာလေးကို ခပ်ဖွဖွ ပွတ်သပ်မိကာ သက်ပြင်းချမိပြန်သည်။ ဆေးသောက်ရမှာတောင်ကြောက်တဲ့ကောင်လေးက ခုဆေးထိုးရလေသည်။ လက်ဖမိုးပေါ်မှ စစ်သွင် လက်ပြန်ဖယ်မည်အပြု စစ်သွင် လက်အား ဆက်နောင်က ဆုပ်ကိုင်လိုက်သည်။

" မထားခဲ့ပါနဲ့ "

" အင်း ကိုယ်မထားခဲ့ဘူးနော် "

စစ်သွင်လဲလက်ကိုပြန်လည်ဆုတ်ကိုင်လျက် သားဖြင့်သာထိုင်နေလိုက်တော့သည်။

" ဟင်းးးး"

ဆက်နောင်ခြောက်ကပ်နေသောအာခေါင်နှင့်အတူခေါင်းများမူးဝေကာနိုးလာလေသည်။ မျက်လုံးများဖြည်းဖြည်းဖွင့်ကြည့်လိုက်တော့ ကုတင်ဘေးကို ခေါင်းတင်လျက် သူလက်ကို
ကိုင်ကာအိပ်နေသောရေးစစ်သွင်ကိုတွေ့လိုက်ရလေသည်။ သေချာကြည့်လိုက်တော့ ဆက်နောင်က ရေးစစ် သွင်လက်ကိုကိုင်ထားခြင်းသာ ၊ ဆက်နောင်ညနေလည်က အနာဒဏ်ကြောင့်
အိပ်နေရာကနေအဖျားဝင်သွားတာဖြစ်ရမည်။ စစ်သွင်လာနိုးတော့ သူအသံသဲ့သဲ့သာကြားနိုင် ပြီးပြန်လည်မတုန့်ပြန်နိုင်ပေ၊ အိမ်မက်လိုလို အပြင်ကလိုလိုနှင့်သူ့အသိစိတ်ကအပြည့်မကပ် နိုင်၊ စစ်သွင်ကို ဖက်၍ငိုခဲ့သည်ကိုရေးတေးတေးမှတ်မိပြီးနောက် ပိုင်းအရာတွေကိုတော့သူမသိတော့ချေ။

သူကိုင်ထားသော လက်နဲ့အတူ သူ့ဘက်သို့တစ် စောင်းအိပ်နေသော မျက်နှာအားကြည့်ကာ ဆက်နောင် ရင်ထဲနွေးထွေးလာရပြန်သည်။ မနက်ကစစ်သွင်ပြောသလို သူ့စေတနာတွေကို ခံစားလာမိပေမဲ့ ဆက်နောင်မယုံရဲပါ ၊ သူလူတစ် ယောက်ကို ထပ်၍ သံယောဇဉ်မဖြစ်ချင်၊ သူကသိပ်အစွဲအလမ်းကြီးပြီး သူ့ဆီရောက်လာပြီးရင် ထွက်ခွါသွားမည်ကိုအရမ်းစိုးရိမ်လွန်းသည်။
ထို့ကြောင့် ဒီလူကို အပြည့်အဝမယုံရဲပေမဲ့ ခုလက်ရှိတော့ ဆက်နောင် ကိုင်ထားသောလက်တို့အားမလွတ်ခဲ့သလို ထိုလူနိုးသွားမှာစိုးသဖြင့် သူလဲတစ်ဖန်အိပ်စက်ခြင်းဆီသို့ပင်။

.........❤️❤️❤️..........

18.4.2024
Vote လေး ပေးခဲ့ကြပါအုံးရှင် ❤️

Up တာကြာသွားလို့အများကြီးတောင်းပန်ပါတယ် ။ emma က ညာဘက်ပခုံးကြီးပေါင်းဖြစ်နေတော့ လက်က လှုပ်ရှားတာတွေ လုပ်ရင်အရမ်းကိုက်လို့ပါ စာရိုက်ရတာ နားနားရိုက်ရလို့ပါ ။ ၂ရက်ကို ၁ပိုင်းတော့ရအောင် up ပေးပါမယ်


You are reading the story above: TeenFic.Net